Tuesday, September 11, 2012

သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန်များ အချည်းနှီးဖြစ်

Nay_Win_007q



သမ္မတ၏ ဖိတ်ကြားချက်ဟု အကြောင်းပြပြီး ပြည်တွင်းသို့ သွားရောက် ခဲ့သော ပြည်ပ အတိုက်အခံ အုပ်စုကို သမ္မတက တွေ့ဆုံရန် ငြင်းပယ် ခဲ့သည်ဟု ပြည်တော်ပြန် အဖွဲ့ဝင် တဦးက ဆိုပါသည်။
“ ကျနော် တို့ဗျာ သမ္မတနဲ့ တွေ့ဖို့ ဆိုပြီးတော့ မနေ့ကနေ ပြည်တော်မှာ သွားစောင့်ပါတယ်။ ဦးအောင်မင်း၊ ဦးစိုသိန်း၊ အလုပ် သမား ၀န်ကြီး ဦးမောင်မြင့်တို့နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမဲ့ သမ္မတက သူမအား တော့ပါဘူး ဆိုပြီး မတွေ့ လိုက်ရဘဲ ရန်ကုန်ကို ပြန်ခဲ့ရ တယ်လေ” ဟု ဆိုပါသည်။
သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန် အဖွဲ့တွင် ၊ လူ့ဘောင်သစ် ပါတီဥက္ကဌ ကိုအောင်မိုးဇော်၊ ကျောင်းသား တပ်မတော် (ABSDF) ဥက္ကဌဟောင်း ကိုမိုးသီးဇွန် ကိုနိုင်အောင်နှင့် ကိုထွန်းအောင်ကျော်၊ အန်အယ်ဒီ(LA)မှ ကိုညိုအုန်းမြင့်၊ မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင် နှင့် တခြား အဖွဲ့ဝင်များက သွားရောက် ခဲ့ခြင်းဖြစ်ပါ သည်။
သမ္မတ၏ ဖိတ်ကြားချက်ဟု ဆိုသော်လည်း သမ္မတနှင့် တွေ့ခွင့် မရဘဲ သမ္မတရုံး၏ ၀န်ကြီး များနှင့်သာ တွေ့ခွင့်ရလိုက်ခြင်း ဖြစ်ပါသည်။ ပြည်တော်ပြန်ထဲမှ ကိုနိုင်အောင် အပါဝင် အဖွဲ့ဝင် (၇) ဦးကိုလည်း ကချင် ပြည်နယ်၌ ဖြစ်ပွားခဲ့သော ကျောင်း သား တပ်မတော် လူသတ်မှုကိစ္စ၌ သေဆုံး သွားခဲ့သော ရဲဘော်များ၏ မိသားစုများက တရားစွဲရန် ဖြစ်လာခဲ့ပေသည်။
ထို့အပြင်၊ တော်လှန်ရေး ကာလ၌ ဆောင်ရွက်ခဲ့သော လိမ်လည်မှုများ၊ နစ်နာမှုများ၊ ကိုယ်ကျိုးရှာမှုကြောင့် ထိခိုက်ခဲ့မှုများကို တရားစွဲရန် ပြင်ဆင်နေသူများလည်း ရှိသည်ဟု တရားစွဲရန် စောင့်စား နေသူ တဦးက ပြောပါသည်။
“ ဒီလိုပါဗျ၊ ၈၈ ကြောင့် တောခိုသွားတဲ့ ခေါင်းဆောင်တွေကို သိပ်လေးစား ခဲ့တယ်။ ယုံတယ်။ ပုံလည်း ပုံအပ်ခဲ့ဘူး ပါတယ်။ အဲဒီ ယုံကြည်ချက်ကို ခုတုံး လုပ်ပြီးတော့ လိမ်ကြတယ်ဗျ၊ နာမည် မပြောချင်သေးဘူး။ တရားစွဲဖို့ အခွင့်အလမ်း ကိုဘဲ စောင့် နေမယ်။ ဘ၀ ပျက်သွားတဲ့ သူတွေလဲ အများကြီးဘဲ လုပ်ဖေါ် ကိုင်ဖက်တွေ၊ ဒီတော့ ဘုရား မဟုတ်မှန်းတော့ ပြည်သူကိုဖွင့် ချဖို့ အချိန်တန် ပြီးလို့ ယူဆတယ်။ ကိုးကွယ်မှု မမှားအောင်လို့ပါ။ ဘုရားမဟုတ်ဘူး တောင်ပို့ပါဗျာ။ တခုတော့ပြောထား မယ် စစ်မှန်တဲ့ တော်လှန်ရေး သမား အားလုံးကို ပြောတာ မဟုတ်ဘူးနော်”ဟု ရန်ကုန်ကို ရောက်ရှိနေတဲ့ ၈၈ အရေးအခင်းမှ တောခို ကျောင်းသားဟောင်း တဦးက ဆိုပါသည်။
_Labour_Ministry_ghပြည်တော်ပြန်များနှင့် သမ္မတရုံး ၀န်ကြီးများ တွေ့ဆုံစဉ်
အစိုးရသည် ပြည်တော်ပြန် များကို ပုဂ္ဂိုလ်အရ တဦးချင်း ဖိတ်ကြား ခဲ့ခြင်းသာ ဖြစ်ပါသည်။ ၄င်းတို့ကိုလည်း နာမည်ပျက်စာ ရင်းမှ ပယ်ဖျက် ပေးခဲ့ပါသည်။ သို့သော် ၄င်းတို့ ပါဝင် ပတ်သက် နေသော အဖွဲ့အစည်းကို ဥပဒေ အရ မတရား အသင်းကနေ လွတ်ငြိမ်းချမ်း သာခွင့် ပေးနေခြင်း မဟုတ်ပေ။ ဥပမာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင်ကို ပုဂ္ဂိုလ်အရ ဖိတ်ကြား ခဲ့သော်လည်း ၄င်း၏ အဖွဲ့ကိုမူ တရားမ၀င် အသင်းမှ ပယ်ဖျက် ပေးခဲ့ခြင်း မဟုတ်ပေ။
ဤသို့ကြောင့် ပြည်တော်ပြန် များနှင့် ပါဝင် ပါတ်သက် နေသော အဖွဲ့အစည်း ၀င်များက ဤအခြေအနေကို သတိထားကြရန် ဖြစ်သည်ဟု ၈၈ တောခိုကျောင်း သားဟောင်းများက သတိပေးနေပါသည်။
၁၉၆၃ ခုနှစ်တွင် အိမ်စောင့် အစိုးရ ဦးနေ၀င်းသည်၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို တော တွင်း အတိုက်အခံအဖွဲ့ မှန် သမျှကို ဖိတ်ကြားခဲ့ပါသည်။ တောမှ မြို့ပေါ် တက်လာသော ခေါင်းဆောင် များသည် မြို့ပေါ်ရှိ ၄င်းတို့၏ မြေအောက် အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံကြပါသည်။ အချိန် ကာလ တခုကို ပေးထားပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၊ သဘော တူညီချက် မရပါဟု အကြောင်းပြကာ တွေ့ဆုံ ဆွေးနွေးရေးကို ဖျက်ပြီး လိုက်လံ တိုက်ခိုက် ခဲ့ပါသည်။
ဤအထဲတွင် တွေ့ဆုံ ဆွေးနွေးရေး ကာလ၌ မျက်နှာပြခဲ့ကြသော မြေအောက် အုပ်စုဝင် အားလုံးနီးပါးသည် ထောင်နန်းစံရ ခြင်း၊ သတ်ပစ်ခံရခြင်း၊ ဘ၀ပေါင်းများစွာ နှိပ်စက်ခံရပြီး ဘ၀ ပျက်ခဲ့ကြရသည်ဟု လက်တွေ့ဖြစ်ခဲ့ သူများက ဆိုပါသည်။ ဤအဖြစ် အပျက်ကို ယခုအချိန်ထိ သမိုင်းမှီသူများ ဒုနဲ့ဒေး ရှိနေဆဲဖြစ်ပါသည်။
ယခု ၌လည်း ပြည်တော်ပြန် များသည်၊ မိမိတို့ ဆိုင်ရာဆိုင်ရာ အုပ်စုများနှင့် တွေ့ဆုံ ဆွေးနွေး နေကြပါသည်။ ဘယ်သူက ဘယ်သူ့ကို ဘာကိစ္စ ဆွေးနွေးခဲ့သည်မှာ မိမိတို့အပြင် အပြင်လူလည်း သိရှိနိုင်ပါ လိမ့်မည်။ ဤကိစ္စ အတွက် ပြည်တွင်း လှုပ်ရှား နေသူများ သတိထား ကြရန် လိုအပ်ကြောင်း ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့စဉ်က ပါဝင် ခဲ့သူများမှ သတိပေး နေပါသည်။ 

Comments  

 
+1#9 phadu 2012-09-11 04:03
Don't believe moothee zon he always flying .
Quote
 
 
+1#8 saimaung 2012-09-10 19:02
နိုင်ငံရေး လုပ်စားပြီး တောင်းစားနေတဲ့ သူတောင်းစားတွေကို သတိရှိရှိနဲ့ ဆက်ဆံကြဟေ့
Quote
 
 
0#7 I am zero 2012-09-10 18:54
Haha, president is not your relative , I don't believe in this 7 f**ker who just came back to Myanmar and claim like the most royalist to nation... You guys better go back where you just came back from. We don't need you lousy begger
Quote
 
 
-4#6 Min Min 2012-09-10 15:29
When he goes to the US, U Thein Sein needs to show "they have good relationship with these activists" for requesting total lifting of sanctios. He also thought "they will feel shy to criticize his govt", and invited them. 

But, the group pointed out ALL wrong doings, including attacking Kachin. Therefore, he dare not meeting them and giving non-sense excuse. Because, he knows he will be asked why govt doesn't stop the Kachin conflict. He knows well his bully doesn't work anymore.

One should bear in mind that without U Thein Sein's invitation how these group was able to go to Myanmar?
Quote
 
 
-3#5 မောင်မောင်တုတ် 2012-09-10 14:01
@ Min Soe Aung ... အချိန်ကုန်ရင်လည်း မဖတ် နဲ့  ပေါ့ကွာ ... မင်းကို ဘယ်သူက ဖတ်ခိုင်းနေလို့ လဲ .. အမှန်တွေေ၇းထားတာကို ဖတ်ရလို့  အချိန်ကုန်တယ် ထင်ရင်လဲ ကိုယ့် (ဂဂဂဂ) ကိုယ်စုပ်ပြီး နေပါ့လား (ဂဂဂဂဂ) ရ ... ထွီ ..
Quote
 
 
+17#4 ဖိုးထောင် 2012-09-10 07:08
နိုင်ငံတော် သမ္မတကြီးက ဖိတ်ကြားလို့ ပြန်လာတာ ဟုတ်လား 
ဟာ..ဟ စကား အသုံးအနှုံးနဲ့တင် ဒီကောင်တွေ စလုပ်စားနေပြီ တွေ့လား
မိုးသီး လိုကောင်ကို ဝင်ခွင့်ပေးတာ တိုင်းပြည်အတွက် နမိတ်မကောင်းပါ
ရခိုင်ပြည်ကို အစ္စလာမ် မူဆလင်ဒေသလုပ်ဖို့ ကြံ့စည်နေသူပါ 
Black List စာရင်းကနေ စီစစ်ပါယ်ဖျက်ပေးပြီး 
တိုင်းပြည်ထဲကို ပြန်လာခွင့်ပြုတ  
အေး ရုတ်ရုတ် လုပ်ရင်တော့ အကုန် ဆွဲစိခံရမယ်မှတ်
Quote
 
 
+4#3 ကြာအင်းမောင်မောင် 2012-09-10 01:29
ပြည်သစ်ညွန့်ဝေ( ခ)မောင်မောင် ၊ junction 8 ဇာတ်ညွှန်း ဒါရိုက်တာ ဖြစ်ပါသလား သိလိုပါသည်။
Quote
 
 
+3#2 ဖိုးပြောချင် 2012-09-09 23:50
ပြည်တွင်းနေ မြေပေါ်မြေအောက် အတိုက်အခံတွေ ပိုပြီး သတိထားရန် လိုပြီး
Quote
 
 
+4#1 minsoeaung 2012-09-09 23:04
သစ်ထူးလွင်နဲ့ လွမ်းဆွေ ဖတ်ရတာ အချိန်ကုန်လိုက် တာ။ မြန်မာအင်တာနက်က နှေးရတဲ့ အထဲ ဟိုနှိပ် ဒီနှိပ် လုပ်ရ 
commment ပေးရတောာ့လည်းခက် ခင်ဗျားတို့ ပြင်ကြပါ။
ပိုက်ဆံ ကုန်တာများတော့ မဖတ်ချင်တော့ဘူး ဗျာ။ 
မြန်ကောင်း သက်သာ လုပ်ပေးပါ။
Quote

No comments:

Post a Comment