Tuesday, September 11, 2012

သွေးဆာနေကြသလားတဲ့

  • ‎(Messenger ဂျာနယ်ပါ အောင်အောင်-IR၏ မြန်မာတွေသွေးဆာကြသလား ဆောင်းပါးမှကောက်နုတ်ချက်အချို့ )

    မြန်မာတွေ သွေးဆာကြသလား........

    ABSDF မြောက်ပိုင်းမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ကျောင်းသားချင်း လူသတ်ပွဲတွေကိုစဉ်းစားရင်း အမေရိကန်မှာ၂၀၁၀ခုနှစ်ကဖြစ်ခဲ့တဲ့ 9/11 ကိုသွားသတိရမိတယ်။ 9/11 ကိုကာယကံမြောက်လုပ်သွားတာ ပညာတတ်တွေပါ။ အခု ABSDF မြောက်ပိုင်းကိစ္စမှာအဓိကတာဝန်ရှိသူလိုစွပ်စွဲခံရသူတွေထဲကတချို့ ကလည်း စက်မှုကျောင်းသား၊ ဆေးကျောင်းသားတွေပါ။ကျွန်တော်တို့ပာာမကြာခဏဆိုသလို ဆိုးဝါးတဲ့အပြုအမူ၊ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ဆင်းရဲပြီးပညာနည်းသူတွေကိုသာပုံချလေ့ရှိကြတယ်။ အမေရိကန်မှာ 9/11 လုပ်ခဲ့သူတွေပာာပညာမဲ့သူတွေမပာုတ်ကြပါဘူး။ဘာသာရေးအစွန်းရောက်ပြီးတိုက်ခဲ့ကြတာပါ။ကျွန်တော်တို့ဆီမှာကတော့ဇာတ်သူသားချင်းစားခဲ့ကြတာပါ။ ကျောင်းသားအချင်းချင်းညှင်းဆဲပြီးသတ်ခဲ့ကြတာပါ။ 
    မြန်မာ့သမိုင်းဘယ်လောက်ရိုင်းခဲ့သလဲ။ မြန်မာ့သမိုင်းမှာအချင်းချင်းသတ်ကြရင်းသွေးစွန်းခဲ့တာတွေအများကြီးပါ။ ဒါပေမဲ့တရားခံရယ်လို့တော့တိတိကျကျပေါ်ခဲပါတယ်။သီပေါမင်းခေတ်မှာမင်းညီမင်းသား တွေအသတ်ခံခဲ့ရတယ်။ ဘယ်သူအမိန့်ပေးခဲ့မှန်းကိုတိတိကျကျမသိခဲ့ရဘူး။ လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်းပုဂ္ဂိုလ်ရေးအညိုးနဲ့လုပ်ကြံခံခဲ့ရတယ်။ ၁၉၆၂မှာကျောင်းသားသမဂ္ဂကြီးဗုံးခွဲခံရတယ်။ တာဝန်ရှိသူစစ်ခေါင်းဆောင်ကြိးကသူမသိလိုက်ဘူး။ပိာုလူတွေလုပ်တာ။ပိာုလူတွေကလည်း သူတို့မသိလိုက်ဘူး။ ဒီလိုနဲ့ အဖြစ်မှန်မပေါ်ခဲ့ဘူး။ ဆိုရှယ်လှစ်အစိုးရလက်ထက်မှာ အလုပ်သမားအရေးအခင်း၊ ကျွန်းဆွယအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ အရေးအခင်းပေါင်းမြောက်များစွာကိုသွေးမြေကျဖြတ်ကျော်ခံရတယ်။ ၈၈၈၈ မှာကိုဖုန်းမော်ကျဆုံးတာ၊ အချုပ်ကားထဲမှာ လူတွေမွန်းကျပ်ပြီးအတုံးအရုံးသေကြရတာရောခေါင်းဆောင်ပိုင်းကအချိန်မှီမသိလို့ပါဆိုပြီး ပိာုပုတ်ဒီပုတ်လုပ်သွားခဲ့တာပါ။
    ၈၈၈၈အလွန်မှာစစ်တပ်ကအာဏာသိမ်းပြီး ၂၀၁၀ခုနှစ်ထိအုပ်ချုပ်၊အဲဒီတလျောက်မှာလည်းပဍိပက္ခတွေ၊ဒဏ်ရာဒဏ်ချက်တွေချည်းဘဲဖြစ်ခဲ့ကြတာပါ။
    7Unlike ·  · 

No comments:

Post a Comment