Friday, September 7, 2012

(ကိုသီဟသွေး ဆီမှ တိုက်ရိုက်ကူးချဖော်ပြပါသည်။)ဒီမိုဖက်တီး




ကိုမိုးသီးတို့ ပြန်ဝင်လာပြီး မြောက်ပိုင်းကိစ္စတွေ ပိုမိုဆူပွက်လာတဲ့ အချိန်မှာ ဒီဓါတ်ပုံလေး သွားတွေ့ပါတယ်။

ကိုကိုကြီးနဲ့ ကိုမိုးသီးတို့ အမေရိကန်သံအရာရှိရဲ့ အိမ်ကနေ ထွက်လာတုန်း ထောက်လှမ်းရေးက ရိုက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြထားတာပါ။ ၁၉၈၉ လောက်က ဖြစ်မယ်ထင်ပါတယ်။
ထောက်လှမ်းရေးလို့ စွပ်စွဲတဲ့ကိစ္စတွေ အမှတ်ရလို့ပါ။ အဲဒီအချိန်က ထောက်လှမ်းရေးလို့ စွပ်စွဲပြီး အရှုပ်အထွေး ဖြစ်စေတဲ့နည်းကို နိုင်
ငံရေး လှုပ်ရှားသူတွေ ဘက်မှာရော၊ ထောက်လှမ်းရေး ဘက်မှာပါ အသုံးပြုခဲ့ ကြတာပါ။ နိင်ငံရေးဖက်မှာတော့ အုပ်စုဖွဲ့ အားပြိုင်မှုတွေမှာ ကွန်ယက်အား ကောင်းတဲ့အုပ်စုက တဖက်လူကို စည်းရုံးရေး အားကျသွားအောင် Smear Campaign လုပ်တဲ့ သဘောပါ။ အဲဒီတုန်းက ကိုကိုကြီးတို့ ၊ ကိုမင်းဇေယာတို့ အများဆုံး အပြောခံခဲ့ရတာပေါ့။ ထောက်လှမ်းရေး က လုပ်တဲ့နည်းကတော့ အားပြိုင်နေတဲ့ သဘောထားကွဲနေတဲ့ နိုင်ငံရေးလှုပ်ရှားတဲ့ ခေါင်းဆောင်ပိုင်းတွေကို ဖမ်းလိုက်ပြီး အဲဒီထဲက သဘောထား ပျော့ပျောင်းတဲ့သူ၊ Liberal ဖြစ်တဲ့ သူကို ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီမှာ သူ့ကိုကျတော့ ဘာကြောင့်လွှတ် ပေးလိုက်တာလဲ ဆိုပြီး သံသယဖြစ်ကြပြီး မယုံကြည်မှုတွေ တိုးပွားလာတဲ့ နောက်အဖွဲ့အစည်းတွေမှာ အားနည်း ပြိုကွဲကြရတယ်။ အရင်ထဲက အချင်းချင်း စွပ်စွဲလက်စရှိသူ ဆိုပြီးရောပဲ။ ထောက်လှမ်းရေးက ဒီနည်းကို မြေပေါ်မှာကော တောတွင်းမှာပါသုံးခဲ့ပုံရတယ်၊ မြောက်ပိုင်းပြဿနာက သာမာန်စွပ်စွဲတဲ့ ကိစ္စမဟုတ်ဖူး၊ သမိုင်းမှာ ဗကပရဲ့သွေးချောင်းစီးဖြုတ်ထုတ်သတ်ပွဲ ပုံစံမျိုး၊ ကျောင်းသား လက်နှက်ကိုင် တော်လှန်ရေးသမိုင်းမှာ ကြီးမားတဲ့ အမည်းစက်ဖြစ်စေပြီး နောက်မျိုးဆက်တွေ နှာခေါင်းရှုံ့ကြမယ့် ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ နောက်ပြီး တကယ်ပဲ တောခိုကြတဲ့ အချိန်မှာ ထောက်လှမ်းရေးတွေ လိုက်သွားကြပါတယ်။ ဒီအချိန်ဟာ သူတို့အတွက် အကောင်ဆုံး တိုင်းရင်းသားသူပုန်တွေထဲကို ထိုးဖေါက်ဝင်ရောက်ဖို့အကောင်းဆုံးပါ။ အဲဒီတော့ မြောက်ပိုင်းကိစ္စမှာ သူတို့ မွှေထားခဲ့တာ မဟုတ်ဖူးလို့လဲ မပြောနိင်ပါဖူးပေါ့။

(ကိုသီဟသွေး ဆီမှ တိုက်ရိုက်ကူးချဖော်ပြပါသည်။)
 — with Wai Yan De Mo, Thida သီတာ, Thiha Thwe,Aungmyo Tun, Kyaw Thuya Ko Ko, Sun Ny, Thein Win, Tun Wai and Bun Ny.



    • Khaing Leh သတ်လျှိုသွေးခွဲသော အတတ်ကို နယ်ချဲ့ဆီက ဦးခင်ညွှန့် အမွေရတာ
      Yesterday at 3:09am ·  · 7

    • Pho Cho ထောက်လှန်းရေးဆိုတာ ချို (ဂြို) ပါတာမှမဟုတ်တာ။
      Yesterday at 3:26am ·  · 1

    • Yin Tun ‎"သပ်"ကိုယ်တိုင်က သပ်ဖြစ်လို့ဖြစ်နေမှန်းမသိတာလား၊သိသိကြီးနဲ့ ပတ်မကိုထိုးခွဲချင်နေတာလား။
      Yesterday at 3:46am ·  · 1

    • Htay Tint ၁၉၈၈ ကာလမှာ အစိုးရ အုပ်ချုပ်မှုမရှိတဲ့ကာလတခုဖြစ်တယ် ။ တပ်တွေကို အမိန့် ပေးလို့ မရတော့ တပ်မတွေပါ နေရာလဲပြီး ပစ်ခတ်ပြီး အာဏာသိမ်းခဲ့ကြရတာ ။ 
      တော်ခိုသွားတဲ့ ကျောင်းသားတွေ နဲ့  ထောက်လှမ်းရေးတွေပါသွားခဲ့ရင်ဆိုတာ အိမ်မက်လိုပါဘဲ ။ ၁၉၈၈ တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှုတွေ သတင်းကို တိတိကျကျ မတက်နိုင်ခဲ့လို့  နေဝင်း အာဏာလက်လွတ်ခဲ့ရတာ ထည့်စဉ်းစားသင့်ပါတယ် ။ နောက်တချက်က တိုင်းရင်းသား အဖွဲ့ တွေ ဒိအကွက်ကို မြင်လို့  ကျောင်းသားတွေကို အရေးကြီးတဲ့ နေရာတွေမှာ စခန်းဆောက်ခွင့်မပြုခဲ့ပါဖူး ။ ဒါကြောင့် ပြည်မကို ပြန်ဝင်တဲ့ ကျောင်းသားတွေနဲ့  မြက်ခင်းသစ်မှာ ရေးတာတွေ တော်တော်များများလွဲနေတာ ဖတ်ခဲ့ရပါတယ် ။
      Yesterday at 5:56am ·  · 5

    • Ni Ni Zaw အဲဒီအချိန်တုန်းက ကျောင်းသားတွေကိုဖမ်းမိရင်..အချင်းချင်းလှည့်တိုက်ပေးတဲ့စနစ်ကို..အစိုးရက ကောင်းကောင်းအသုံးချခဲ့တာလေ..ဘယ်သူကဖေါ်ကောင်လုပ်လို့ ဘယ်လိုဖမ်းမိတယ် ဆိုပြီး ညစ်နည်းမျိုးစုံနဲ့..လှည့်ပတ်သွေးခွဲနေခဲ့တာ..တချို့လည်း အဲဒီထောင်ချောက်ထဲမိရင်း..အချင်းချင်း ခုထိ အထင်လွဲကြတာ မုန်းကြတာတွေလည်း ရှိနေပါသေးတယ်..
      Yesterday at 6:00am ·  · 2

    • Nu Nu Win Tin ထောက်လှမ်းရေးအချင်းချင်းဆိုလဲ ပြန်လွှတ်မှာပေါ့ /
      Yesterday at 6:36am ·  · 2

    • Htay Hlaing Attention;
      Yesterday at 7:13am ·  · 1

    • Aung Zin Yangon မြက်ခင်းသစ်ကို နွားစားကျက်လို့ NLD ကထုတ်တဲ့စာစောင်မှာ ကာတွန်းဆွဲလိုက်လို့ အဲဒီကောင်တွေ အီးပိတ်သွားတယ်
      Yesterday at 8:33am ·  · 6

    • Fuyuan Ke သူတို့နှစ်ယောက်က တချိန်ထဲမှာအတူတူမွေးဖွားလာကျတာပေါ့။ရေရှညိကျတော့ မိမိရဲ့ရပ်တည်မှုနဲ့ရွေးတဲ့လမ်းကွဲသွားတယ်။ဘယ်သူတွေဘာလုပ်ခဲ့လဲ သမိုင်းမှာကျန်ခဲ့မှာပါ။
      Yesterday at 9:44am ·  · 1

    • Moon Angel တချိန်က ကိုကိုကြီးနဲ့ ကိုမိုးသီး အခုလက်ရှိအချိန်မှာ ကိုမိုးသီးကိုကြိုဆိုဖို့ မဲခွဲ ဆုံးဖြတ်တဲ့ ၈၈ ....ဘာတွေလဲ....ကြိုဆိုရေးကို မဲခွဲ ဆုံးဖြတ်ရသတဲ့လား?
      Yesterday at 10:33am ·  · 1

    • Win Soe RFA ကအရင်နှစ်ပါတ်လောက် ဗုဒ္ဓဟူးနေ့တိုင်းလား ? ထုတ်လွှတ်တဲ့ ထိုးဖောက် ထောက်လှမ်းရေးသမား လှဌေး အကြောင်းကို နားထောင်ကြည့်ပါ။ ကံကောင်း၊ ပေါက်စ ဆိုတဲ့ ဆောင်းပါးသမား၊ တောထဲက အတိုက်အခံသမားတွေကြားထဲ ဘယ်လိုထိုးဖောက်တယ်၊ ဘယ်သူတွေ အဖမ်းခံရတယ်၊ ဘယ်လို သရုပ်ဆောင်တယ်ဆိုတာတွေပါတယ်
      Yesterday at 11:53am ·  · 3

    • Win Soe 
      ကိုအေးလွင်တို့၊ ငါးမင်းဆွေတို့လဲ ဒီလိုနည်းနဲ့ဘဲ အတိုက်အခံ ကျောင်းသားအုပ်စုကို ခွဲခဲ့တာဘဲ။ အခု ပြည်တော်ပြန်အဖွဲ့တွေကိုလည်း စစ်အုပ်စုနဲ့ ကြံ့ဖွတ်အဖွဲ့တွေ အများစုက တက်ဖွတဲ့သဘောဘဲ။ ဆနးတော့မဆန်းဘူး။ ကြံ့ကြံ့ခိုင်နိုင်ဘို့ဘဲလိုတယ်။ DASSK ဆိုရင် က...See More
      Yesterday at 12:04pm ·  · 3

    • Win Bo Credit to - Win Soe
      ဒီလိုနည်းနဲ့ဘဲ အတိုက်အခံ ကျောင်းသားအုပ်စုကို ခွဲခဲ့တာဘဲ။ အခု ပြည်တော်ပြန်အဖွဲ့တွေကိုလည်း စစ်အုပ်စုနဲ့ ကြံ့ဖွတ်အဖွဲ့တွေ အများစုက တက်ဖွတဲ့သဘောဘဲ။ ဆနးတော့မဆန်းဘူး။ ကြံ့ကြံ့ခိုင်နိုင်ဘို့ဘဲလိုတယ်
      18 hours ago ·  · 2

No comments:

Post a Comment