Sunday, September 2, 2012

Udp Myanmar ၏ မှတ်ချက်

  • မြန်မာပြည်ကို ဒီကနေ. လူသတ်တရားခံတချို. ပြန်လာပြီး။ ခံရသူတွေ နစ်နာသူတွေက ဘာလုပ်ရမည်ဆိုတာ အားလုံး သိကျပါသည်။

    လွန်ခဲ့သည့် ၁ နှစ်ကျော်က ဒီကောင်တွေပဲ အထူးသဖြင့် ကိုနိုင်အောင်တို.ပဲ ၂၀၀၈ နာဂစ် ဖွဲ.စည်းပုံသာ အတည်ဖြစ်သွားလျင် ၂၀၁၀ ရွေးကောက်ပွဲသာ စစ်အစိုးရက အောင်မြင်စွာ ကျင်းပသွားနိုင်မယ်ဆိုရင် မြန်မာပြည်ဟာ စစ်ကျွန်ဘ၀က ရာသက်ပန် ရုန်းထွက်လို. ရတော့မှာ မဟုတ်ဖူး။

    ၂၀၀၉ ခုနှစ်က အခြေအနေထက် ပိုပြီး စိုးသွားမယ်။ စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်အောင် " သူများ ဘိတ်သိတ်ခံမည့်ပွဲကို ကိုယ့်က လက်ခုပ်တီးပြီး အားပေးချီူမြှောက်ရာ ရောက်မယ်လို." ကိုနိုင်အောင် ကိုယ်တိုင် VOA, BBC, RFA စတဲ့ အသံလွှင့်ဌာနတွေ မြန်မာ့အရေး ဆွေးနွေးခန်းတွေကနေ အာဘော် အာရင်းနဲ. မစားရ ၀ ခမှန်း ပြောခဲ့သူပါ။ ။

    ပြောသူက မေ့ချင် မေ့ပေမယ့် နားထောင်ရသူ ကြားရသူတွေက မမေ့ပါ။ အခု ၂၀၀၈ ဖွဲ.စည်းပုံလည်း အတည်ဖြစ်သွားပြီ။ ၂၀၁၀ ရွေးကောက်ပွဲရော ကြားဖြတ် ရွေးကောက်ပွဲရော အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ဒီရဲ့ အကျိုးရလာဒ်အဖြစ် တိုးတက်မှုတွေ ဖြစ်နေပြီ။

    ဒီနေရာမှာ ကိုနိုင်အောင်ကို မေးချင်တာ=== ခင်ဗျား အခု ပြည်တော် ပြန်လာတာဟာ သူများ ဘိတ်သိတ်ခံမည့်ပွဲကို လက်ခုပ်တီးဖို.လား။ ခရုသင်း မှုတ်ဖို.လား။ ဒါမှမဟုတ် အောင်သပြေနဲ. ညောင်ရေ လောင်းပြီး ပေါက်ပေါက် ကျဲ ပေးဖို.လား အခု ပြန်လာခဲ့တာ။ ။

    ကိုယ့်ပြောတာတွေကို ကိုယ်တာဝန်ယူမယ်။ ကိုယ့်ပြောတာတွေကို ကိုယ့် မှတ်မိမယ်ဆိုရင်===တော့ ခင်းဗျား မရှက်ဖူးလား---ဆိုတာ မေးရမလိုပါ။

    သို.မဟုတ် လူတွေကို အစုလိုက် အပြုံလိုက် သတ်ထားတဲ့ လူသတ်မှုအတွက် လာပြီး အဖမ်းခံတာလား သို.မဟုတ် မကျေနပ်သူတွေ နစ်နာသူတွေ မျက်စိ ဆံပင်မွှေစူးအောင် လာ လုပ်တာလား။ ။ ဒါဆိုရင်တော့ဖြင့်-----

    လူဆိုတာ ကိုယ့်သမိုင်းကိုယ် ရေးသူဖြစ်ပြီး ကိုယ်ပြုသမျှ ကိုယ်ပြန် ခံရတတ်တယ်။ ၀ိဘတ်ဆိုတာ လှည်တတ်တယ်ဆိုတာ မမေ့ဖို. အကြံပြုလိုပါသည်။

    သင်ပြုသမျှ သင်.ထံ ပြန်လာကြလိမ့်မည်။
    21 · ·
      • ဟမ်း လော့ မိုးသီးဇွန်ကိုအရေခွံနွှာချင်တာ...
        Friday at 6:18am · · 1
      • Jame Thu သူ့အကုသိုလ်နဲ့သူသွားပါလိမ့်မယ်။။။။။။do or die ဆိုပြီးကိုယ်လွတ်၇ုန်းသွားကြတဲ့သူတွေမြန်မာနိုင်ငံမှာပိုပိုပြီးများလာတာကတော့။အလွန်၇ှက်ဖို့ကောင်းပါတယ်။။။။
        Friday at 7:34am via mobile · · 1
      • Zin Yaw ကိုယ့်ပြောတာတွေကို ကိုယ်တာဝန်ယူမယ်။ ကိုယ့်ပြောတာတွေကို ကိုယ့် မှတ်မိမယ်ဆိုရင်===တော့ ခင်းဗျား မရှက်ဖူးလား---ဆိုတာ မေးရမလိုပါ။

No comments:

Post a Comment