Saturday, September 1, 2012

ရွှေရည်စိမ် . . .



Cho Tu Zal
· 5,291 subscribers
Yesterday at 1:00pm ·
  • ရွှေရည်စိမ် . . .

    ABSDF တွင်း မြောက်ပိုင်းတောင်ပိုင်း လူသတ်မှုတွေကို အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်ခဲ့ပြီး၊ လုံလောက်လောက်တဲ့အချိန်မှာ အဲဒီကာလ ABSDF ခေါင်းဆောင်များဖြစ်ကြတဲ့၊ ကိုထွန်းအောင်ကျော်ကြီး၊ ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင် တို့ကို ပြည်ဝင်ခွင့် တပြိုင်နက်ပေးလိုက်သလို၊ ဖမ်းဆီးထိန်းသိမ်းခံပုဂ္ဂိုလ် တို့ကိုလည်း တချိန်တည်း ချိန်ကိုက်ပြည်တွင်းကို ရောက်နေစေတာ၊
    တရားစွဲဆိုမှုတွေ ပြုလုပ်လာတာ တွေဟာ တိုက်ဆိုက်မှု သက်သက် လို့ ထင်ရင်တော့ မှားလိမ့်မယ်။

    ဒါတွေဟာ မြန်မာ့နိုင်ငံရေး ကို ရှုပ်ထွေးအောင် တမင်ဖန်တီးနေတဲ့ အာဏာရှင်ရဲ့ အကွက်ကျလှတဲ့ ကစားကွက်တွေပါ။
    ကိုယ့်အချင်းချင်း တိုက်ကြစေဖို့အတွက် ABSDF အကွဲအပြဲ ရဲ့ အဓိက ဇာတ်ကောင် ၂ ဦးကို တချိန်တည်း၊ တပြိုင်နက် ပြည်ဝင်ခွင့်ပေးခဲ့တာကအစ၊
    ပြည်တွင်းမှာ အင်အားကောင်းနေတဲ့ ၈၈ မျိုးဆက်အဖွဲ့ကိုပါ ရှုပ်ထွေးစေဖို့
    ရည်ရွယ်ဟန်တူပါတယ်။

    ပုဂ္ဂိုလ်စွဲတွေ မကုန်သေးတဲ့ ၈၈ မျိုးဆက် ဆိုင်းဘုတ်အောက်က လူတချို့ဟာ
    သူတို့ရဲ့ ခေါင်းဆောင်ဟောင်းတွေနဲ့ သွားရောက်ပူးပေါင်းရင်း၊
    ၈၈ အင်အားတွေရဲ့ အကွဲ အပြဲ ကိုလည်း ရည်ရွယ်ဟန်တူတယ်။

    နောက် ဒီ လူတွေမှာ ပြဿနာ တွေ ကိုယ်စီနဲ့ ဖြစ်တဲ့အတွက် သူတို့ဇာတ်သူတို့သိမ်းသွားမှာလို့ ပါးပါးနပ်နပ်ကလေး ကို လွှတ်ပေးထားမယ့် ပုံလည်းရတယ်။

    ဒီ ABSDF တွင်းက ပြဿနာတွေကို ရှင်းတော့ ရှင်းရမှာပါပဲ။ ဒါပေမယ့် ဒီအချိန်မှာ မအောင့်နိုင်မအဉ်းနိုင် အလုအယက်ပြည်တော်ဝင်ချင်လှတဲ့
    သူတွေကိုပဲ စိတ်ပျက်လက်ပျက် ကြည့်နေမိပါတယ်။

    ပြောင်းလဲပါတယ် လို့ တွင်တွင်အော် နေတဲ့
    လက်ရှိ ဦးသိန်းစိန်အစိုးရ ဟာ ကလိန်ကကျစ်နိုင်ငံရေး ကစားပုံကတော့၊
    ဟိုး အစဉ်အဆက် ဦးနေ၀င်းလက်ထက် က လက်ရာတွေ၊ ဗိုလ်ခင်ညွန့် လုပ်ခဲ့တဲ့ လက်စ လက်န တွေ အတိုင်းပဲ ရှိနေပါသေးတယ်။

    ဒါ့ထက်ကြောက်စရာကောင်းတာကို သတိထားမိတာက ကိုယ့်လူ လို့ ထင်ရတဲ့ သူတို့လူတွေပါ ကိုယ့်ထဲမှာ ၀င်ရောနှောနေတာ ပါပဲ။

    ဒီလိုလူတွေကို ဒီလို တစုတဝေး တည်း ဖြစ်အောင် စီစဉ်ခဲ့ကြတဲ့သူတွေကို
    မျက်ခြေမပြတ်ဖို့ပဲ သတိပေးချင်ပါတယ်။

    စစ်တပ်က ပြောင်းလဲချင်တယ် ဆိုတာအမှန်ပဲ ဖြစ်မယ် ဆိုရင်တောင်
    သူတို့စိတ်တိုင်းကျ ပုံစံ၊ စိတ်တိုင်းကျ ချုပ်ကိုင်မှုတွေနဲ့ စိတ်တိုင်းကျ ပြောင်းလဲပါလိမ့်မယ်။

    လက်ရှိတိုင်းပြည် တပြည်လုံးရဲ့ မြေပုံအနှံ စီးပွားရေး လုပ်ကွက်တွေ၊ ဓါတ်သတ္တုတူးဖေါ်မှု၊ ရွှေငွေကျောက်သံပတ္တမြား တူးဖေါ်မှုတွေ မှန်သမျှ၊
    ဘယ်သူတွေ က ချုပ်ကိုင်လုပ်ဆောင်နေပါသလဲ။
    ဒါတွေကို စနစ်တကျ လုပ်ပိုင်ခွင့်ရဖို့ ဘယ်လို ဥပဒေတွေနဲ့ ဘယ်လို ပြဋ္ဌာန်း ဘယ်လို ချုပ်ကိုင်ပြီးမှ ပြည်သူကို ပြောင်းလဲပါပြီလို့ လွတ်လပ်ခွင့်အနည်းအကျဉ်းကို ပေးပါသလဲ။

    လက်ရှိ ကချင်ပြည်က ကေအိုင်အေ တပ်ဖွဲ့တွေကို ဘာကြောင့် တလကြမ်း ထိုးစစ်တွေ ဆင်နေပါသလဲ။
    အဲဒါဟာ နိုင်ငံရေး အရ ညှိနှိုင်းခြင်း မရှိဘဲ၊ စစ်ရေးနဲ့ နယ်မြေစိုးမိုးရေး ကို အဓိက ထားနေတာ စီးပွားရေး အကျိုးအမြတ်များအတွက် ဆိုတာ က အစ မြင်အောင်ကြည့်ရင်တွေ့လာပါလိမ့်မယ်။

    တိုင်းပြည်တပြည်ဟာ အမည်ခံအားဖြင့် လွတ်လပ်တယ် ဆိုပေမယ့်၊
    စီးပွားရေးအရ၊ ချုပ်ကိုင်ထားခံရဆဲဆိုရင် အမှန်တကယ် လွတ်လပ်တာ မဟုတ်ဘူး လို့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့ဖူး တာကို သတိရမိပါတယ်။

    လက်ရှိ မြန်မာပြည်ရဲ့ စီးပွားရေး အပါအ၀င် လယ်ယာကဏ္ဍ က အစ နယ်ပယ် အသီးသီးကို ချုပ်ကိုင်ထားတာတွေကို စာရင်းပြုစုပါ။
    အံ့သြစရာ လူတစုထဲရဲ့ လက်ထဲမှာဆိုတာကို တွေ့ရပါလိမ့်မယ်။

    ဒါဆိုရင် ကျနော်တို့ကို ပြောင်းလဲပါပြီ လို့ ပြသနေတဲ့ အပြောင်းအလဲတွေဟာ
    ရွှေရည်စိမ်အပြောင်းအလဲတွေနဲ့၊
    ရွှေရည်စိမ် ဒီမိုကရေစီ တွေ ဆိုတာကို မြင်အောင်ကြည့် မြင်သိ လာပါလိမ့်မယ်။
    ရခိုင်အရေးမှာလည်း ပက်ပက်စက်စက် လုပ်ပြီးပြီ။
    ခုလည်း ဘာတွေ လုပ်ဦးမယ် မသိဘူး။
    ၂၀၁၅ မတိုင်မီ တခုပြီးတခု လာပါလိမ့်ဦးမယ်။

    ချိုတူးဇော်
    135 · ·
      • Yee Yee Mon Share သွားတယ် ဦးချို :)
      • Fuyuan Ke နောက်ခံအားကောင်းလို့ ဒီလိုအချိန်မှာပြန်လာရဲတာပေါ့။လေဆိပ်မှာတောင် သတင်းစာရှင်းလင်းပွဲ လုပ်ခွင့်ပေးလိုက်သေးတယ်။ကောင်းသော လက္ခဏာတော့မဟုတ်ဘူး။
      • Htay Thanhtwaykyu ရှယ်သွားပါတယ်
      • Sandy Thin Mar Oo သတိဆိုတာ မရှိပါ။
      • Aung Lin ကျွန်တော်လည်း အဲဒါစဉ်းစားနေတာဗျ။ ကိုယ့်ဝေါ်ပေါ် ကိုယ်ရေးမလို့ လုပ်နေတာ။ ကိုချိုရေးလိုက်တော့ ရှယ်လိုက်ရုံပဲ။
      • Cho Tu Zal အားလုံး က သူတို့ဆင်တဲ့ နိုင်ငံရေး ထောက်ချောက်ထဲ ကို သိသိကြီးနဲ့ ၀င်နေကြတယ်။ တဆင့်ချင်းပဲ။ ရခိုင်အရေးတုန်းကလည်း ဒီအတိုင်းပဲ။ ခုလည်း ခံစားချက်တွေနဲ့ ၀င်ကြဦးမယ် ကိုအောင်လင်းရေ
      • Aye Min very very good. you are right.
      • Mie Nge ကြည့်သောသူမြင်ဧ်။
      • Aung Lin ယာလည်းညက်စေ ကြက်လည်းမောစေလောက်တော့ မဟုတ်ဘူးဆိုတာကို သူတို့ သိယင်ကောင်းပါတယ်ဗျာ။ ကြက်တွေ မောရုံတင်မက ဟင်းအိုးထဲပါ ရောက်သွားမှာ။ ဒါပေမယ့် အဲဒီ့ကြက်တွေကလည်း မလွမ်းလောက်ပါဘူး။
      • မသန်း သန်း Thanks, I have shared it.
      • Thant Zin ရှယ်ပါတယ်ဗျိုး.........................
      • Ko Htay Aung Gyi လုံးဝ (လုံးဝ) ကို အံ့ဩ လောက်တဲ့ လူတွေ--- အထဲဝင်ပြီး ကပျက် ယပျက် လုပ်ကြအုန်းမှာ... ။။ဪ... သာကူးတွေဘဲ (ရှယ်သွားပါတယ်ဗျာ။ )
      • Nyi Myat ၈၈ တွေ အချင်းချင်းကတော့ မြွေမြွေချင်း ခြေ မြင်ကြမယ် ထင်ပါတယ် ၊ နောက် တက်လာတဲ့ ကလေးတွေကြားထဲ ၀င်မရှုပ်ရင်ပဲ ကြေနပ်ပါပြီ၊
      • May Thu pls let me share !
      • Closing Flower
        တော်သပွတ်အူလိုဂှုပ်ထွေးလှပါလားနော်တကယ်ဒီဇာတ်လမ်း၇ဲ့ဒါဂိုက်တာကဘယ်သူဖြစ်မလဲကိုကြီးတို့ ရယ်တကယ်လဲတရားခံအစစ်ကဘယ်သူဖြစ်မလဲဘယ်သူ့ မှာတာဝန်ဂှိမလဲအန်မြန်မာ့ နိုင်ငံေ၇းအဂှုပ်တော်ပုံထဲကတော်တော်ဂှုပ်ထွေးလွန်းတဲ့အရာတစ်ခုအဖြစ်ကျန်ရစ်မှာတော့ မဟုတ်နိုင်ပါ...See More
      • Closing Flower ကျွန်တော်တို့ ၇ဲ့အဓိကပြသနာဟာဘာဖြစ်နိုင်လဲအရင်ဂှာဖွေတွေ့ဂှိနိုင်ပါကွယ်....ကြံစည်ခဲ့သောလူတွေလဲမကြံကောင်းမစည်ရာအပ်သောအရာတွေကိုနောင်တရကြပါစို့
      • Closing Flower ကျွန်တော်တို့ ၇ဲ့အဓိကပြသနာဟာဘာဖြစ်နိုင်လဲအရင်ဂှာဖွေတွေ့ဂှိနိုင်ပါစေကွယ်......
      • Ti Ti Lay ရခိုင်လိုမျိုး နောက်တမျိုးသွေးခွဲမဲ့အကြံပ
      • Closing Flower NzpfEdkifw,fq&ma&;
      • Closing Flower ဖြစ်နိုင်တာပေါ့
      • Closing Flower ဒီအကွက်ကလဲလှတယ်လေ
      • Closing Flower ရခိုင်မှာတောင်တော်တော်အကွက်ကတော်တော်လှနေတာ
      • Closing Flower နောက်တစ်ကွက်ထပ်ဂွေ့တာပေါ့ကွဲ့
      • Ti Ti Lay အမေစုရယ် ၈၈တွေရယ် ကို ပြည်သူတွေနဲ့နောက်တမျိုးသွေးခွဲဖို့
      • Closing Flower အဲဒီမှာအကွက်တွေအေ၈ွ့မှားတာနဲ့ဘုရင်မကိုချက်မဲ့သဘောနော်..အမေ့ ကိုအထူးစိုးရိမ်မကင်းဖြစ်မိပေမယ့် အမေဒါတွေကျော်ဖြတ်နိုင်မှာပါ..အားကောင်းတဲ့အရာတွေကိုသူတို့ ဖြိုချင်တဲ့အလားအလာတွေတွေ့နေရတယ်..မဟုတ်ရင်သူတို့ ၇ဲ့၂၀၁၅အတွက်သူတို့ ကြေက်လန့် နေကြတယ်လေ...အော်လူတွေ..လူတွေကိုယ့် ဘ၀ရပ်တည်နိုင်ဖို့ လူလူအချင်းချင်းသဟဇာတမဂှိအောင်လုပ်ရက်နိုင်ကြတယ်..လူလူအချင်းလှည့် ပတ်ခြင်းကင်းဂှင်းကြပါစေ......
      • Closing Flower အမေအကွက်တွေကွှရမ်းကိုတစ်ချက်မှားတာနဲ့တည်ဆောက်ထားတဲ့အရာတွေမျက်စိတစ်မိတ်အတွင်းမှာပျက်စီးသွားနိုင်တဲ့အကွက်တွေဆိုတာအမေသိနိုင်ပါစေ..အမေလဲသိမှာပါ...ရန်သူနဲ့အတူနေထိုင်ခြင်းကလဲကိုယ့် အတွက်အမြဲသတိတော့ ဂှိစေတဲ့အရာတွေပါ....
      • Closing Flower ငယ်ငယ်ကအိမ်မှာဂှိတဲ့ကြက်တွေအချင်းချင်းအိုးမဲ့သူတ်ပြီးသူတို့ ကခွပ်ခိုင်းစေချင်ကြတယ်...အမေ......
      • Closing Flower အမေကျန်းမာပါစေကွယ်.....
      • Closing Flower လက်ဂှိကျင်းပသွားတဲ့ကြားဖြတ်ေ၈ွးကောက်ပွဲမှာတောင်သူတို့ တော်တော်လေးထိန့် လန့် သွားတယ်လေ...သူတို့ ၇ဲ့အခြေအနေကအဖြေထွက်ခဲ့တာပဲလေ
      • Closing Flower
        လူတွေလူတွေ..တစ်ခါတစ်လေကျတော့ ကိုယ့် ငခဉ်မှကိုယ်ချဉ်တတ်ကြပါလားနော်..သားတို့ကတောသားတွေဆိုတော့ ....အဘခေတ်လဲကုန်ပါစေတော့ ကွယ်..ဥပဒေအထက်မှာဂှိနေတဲ့သူတွေနဲ့တော့ ပွဲကတော့ လှနေပြီပေါ့...သွားတော့မယ်ဟိုးအဝေးကိုပြန်ကြားနိုင်ရင်ခွင့် လွှတ်ပါစေဆိုတဲ့သားအ...See More
      • Closing Flower အားဂှိပါးဂှိရေးရရင်ဖြင့်ပြီးဆုံးနိုင်မှာမဟုတ်ပါ..အော်...ပြောကိုမပြောချင်ပါဘူးဟယ်တော့ ......
      • Closing Flower ထီးထာကလုန်းအလွန်ပဲစိုးရိမ်မကင်းဖြစ်မိပါတယ်.....
      • Snow Chrissie allow me to share.
      • Aung Khine ပြည်ထဲက ရှစ်လေးလုံးမျိုးဆက် (ကိုကိုကြီးတို့၊ကိုမင်းကိုနိုင်တို့)တွေ အကွဲကွဲဖြစ်သွားမှာစိုးတယ်ဗျာ...။အပြင်ကဝင်သွားတဲ့လူတွေ ဘာတွေ ဂြိုလ်မွေဦးမှာလဲမသိဘူး....ဒီလူတွေက ကောက်ကျစ်တယ်...တစ်ကိုယ်ကောင်းဆန်တယ်...ပစ်ဆံမက်တယ်.....။အထဲက ရှစ်လေူလုံးမျိုးဆက်တွေက ရိုးသားတယ်....၊အများအကျိုးတွက်အနစ်န်ာခံတယ်....ယုံကြည်ချက်ကို ထမင်းတစ်လုပ် နဲ့မလဲဘူး....။
      • Kophone Myg let me share
      • Myat Moe You are right!
      • Thaung Myo Tun ‎"ဒါတွေဟာ မြန်မာ့နိုင်ငံရေး ကို ရှုပ်ထွေးအောင် တမင်ဖန်တီးနေတဲ့ အာဏာရှင်ရဲ့ အကွက်ကျလှတဲ့ ကစားကွက်တွေပါ။
        ကိုယ့်အချင်းချင်း တိုက်ကြစေဖို့အတွက် ABSDF အကွဲအပြဲ ရဲ့ အဓိက ဇာတ်ကောင် ၂ ဦးကို တချိန်တည်း၊ တပြိုင်နက် ပြည်ဝင်ခွင့်ပေးခဲ့တာကအစ၊
        ပြည်တွင်းမှာ အင်အားကောင်းနေတဲ့ ၈၈ မျိုးဆက်အဖွဲ့ကိုပါ ရှုပ်ထွေးစေဖို့
        ရည်ရွယ်ဟန်တူပါတယ်။ "
      • Thaung Myo Tun
        ‎"ဒါတွေဟာ မြန်မာ့နိုင်ငံရေး ကို ရှုပ်ထွေးအောင် တမင်ဖန်တီးနေတဲ့ အာဏာရှင်ရဲ့ အကွက်ကျလှတဲ့ ကစားကွက်တွေပါ။
        ကိုယ့်အချင်းချင်း တိုက်ကြစေဖို့အတွက် ABSDF အကွဲအပြဲ ရဲ့ အဓိက ဇာတ်ကောင် ၂ ဦးကို တချိန်တည်း၊ တပြိုင်နက် ပြည်ဝင်ခွင့်ပေးခဲ့တာကအစ၊
        ပြည်တွင်းမ...See More
      • Tin Moe Lwin အကိုရေရှယ်သွားပြီနော်။
      • မင်း မဟာ ၂၀၁၅ မတိုင်မီ တခုပြီးတခု လာပါလိမ့်ဦးမယ်။....သိပ်မှန်ပေါ့ကိုယ့်ဆရာရေ....
      • Cho Tu Zal Thaung Myo Tun ကျနော် ကိုယ်တိုင် အဲဒီ မြောက်ပိုင်းတောင်ပိုင်း မတရားမှုတွေအတွက် အချက်အလက်တွေ စုစောင်းထားပါတယ်။ တင်ပြပါ့မယ်။ ဒါပေမယ့် တချိန်တည်းမှာ စစ်အုပ်စုတွေက ဖန်တီးနေတဲ့ နိုင်ငံရေးကစားကွက်တွေကိုလည်း မြင်သာအောင် ဖေါ်ပြတာပါ။ ခံစားချက်တွေ ကို ရှေ့တန်းတင်ပြီး အာဏာရှင် ရဲ့ လှည့်ကွက်တွေ ထောင်ချောက်တွေထဲ ၀င်သွားမှာ စိုးရိမ်လို့ မြင်အောင် ရေးပါတယ်။
      • Saiwin Moekha ပါဝါချိန်ခွင်ညိုနေတာပါ။ဒေါ်စုရဲ့ပါဝါကို မင်းကိုနိုင်နဲ့လျှော်တယ်။မင်းကိုနိုင်ကို မိုးသီးဇွန်နဲ့လျှော်တယ်။ဒီအချိန်မှာ ဦးသိန်းစိန်ကိုထောက်ခံတယ်ဆိုပြီ ကားတွေ့နဲ့လည်အော်တယ်။ဒါတွေ့ကိုမသိတာလား။သိရဲ့နဲဖင်ယားတာလား။ဒီလူတွေ့မညီညွှတ်ရင် ဒီဘဝမပြောနဲ့ နောင်ဘုရားပွင့်တောင် ဒီမိုအစစ်မရဘူး။
      • Cho Lay ထပ်ဆင့်ရှယ်လိုက်ပါတယ်..၊ချိုတူးဇော်၊
      • မင်း မဟာ ဒီလူတွေ့မညီညွှတ်ရင် ဒီဘဝမပြောနဲ့ နောင်ဘုရားပွင့်တောင် ဒီမိုအစစ်မရဘူး။..
      • Win Sweet ဟိုနေ့က..သား ဒီငြိမ်းမွေးနေ့မှာအမစကားပြောဖြစ်တယ်...ခလေးတွေက..ဥာဏ်တော့ပြေးတယ်..သူတိုမမီပေမဲ့လဲ..ကိုပေါ်တိုနဲ့အတူ၇ှိနေပါတယ်.စဉ်းစားစ၇ာတော့ဖြစ်လာပြီး.အမတိုလဲကြည့်နေပါတယ်..ဘီးလူးဆိုတာ..ခေါင်းကတော့ပေါ်လာမှာဘဲလေ..
        23 hours ago ·
      • Nge Naing Share သွားပါတယ်။
        21 hours ago ·
      • Ma Hninse plz let me share.
        20 hours ago ·
      • Han Htun ကိုချိုရေ..သတိပေးဖော်ရလို့ အားရကျေနပ်မိတယ်ဗျာ
        20 hours ago ·
      • Closing Flower ကဲကဲအားလုံးသတိတွေနဲ့အဆင်သင့် သာစောင့် ကြည့် ပေတော့ ဇာတ်လမ်းကသူတို့ စကနေပြီဘယ်အကွက်ကအရင်လာမလဲပဲစောင့် ကြည့် ပေါ့....
        18 hours ago ·
      • Naing Aung good point, and I share too.
        17 hours ago ·
      • Ko Badin တေကုန်တော့မှာဘဲ.... ရှယ်လိုက်မယ်....
        17 hours ago ·
      • စနေ သား let me share pls
        15 hours ago ·
      • Min Thu ကျွန်တော်ကတော့ အပေါက အကိုတွေ အမတွေနဲ့တူတူပဲ
        15 hours ago ·
      • San Min LV Tika ဟုတ်ပါတယ် ရေးထါးတါကြိုက်တယ်ဗျာ
        12 hours ago via mobile ·

No comments:

Post a Comment