Friday, September 7, 2012
မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ ( မာဃ )
by Mar Ga Luelin on Thursday, September 6, 2012 at 6:34am ·
မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ ( မာဃ )
ခဗျားထွက်သွားတဲ့ အချိန်ကလောက်
ရန်ကုန်ဟာ မထူတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ မအတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ ဆင်းတုတော်မြင်တိုင်း ဘုရားမထင်တော့ဘူး
ဖွတ်ထွက်မှ တောင်ပို့မှန်းသိခဲ့ကြပေမယ့်
အဲ့တောင်ပို့ ကိုထိုင်ကန်တော့ရလောက်အောင်
ရန်ကုန်ဟာ မတုန်း တော့ဘူး . . .
ပြောပြချင်တယ် ကိုအောင်ဝေး
ကျနော်ဟာ ကိုမိုးသီး လို လက်နက်ကိုင်တော်လှန်ရေးသမားမဟုတ်ဘူး
ကျနော်ဟာ ခဗျားလို နိုင်ငံကျော်နိုင်ငံရေးကဗျာဆရာကြီးမဟုတ်ဘူး
လူပိန်းပြောပြောရရင် လက်နက်မကိုင်ဖူးဘူး
လူသိထင်ရှား နိုင်ငံရေးသမားမဟုတ်ဘူး
၈၈ မှာ လူလားမမြောက်သေးဘူး
ခွပ်ဒေါင်းအရှင်လတ်လတ်ကိုတောင် ၂၀၀၇ မှာမှ မြင်ဖူးခဲ့တာ
ဒါပေမယ့် အေဘီမြောက်ပိုင်း အာဏာသံဝေဂ တွေက
ဖတ်ရသမျှ ရင် ကို ဓါးနဲ့ဆွတယ် . . .
ကိုနိုင်အောင် မှာတာဝန်ရှိသလား
ကိုအောင်နိုင်မှာ တာဝန်ရှိသလား
ခဗျားပြောတဲ့ ဥက္ကဌကြီးပါ ဆိုတဲ့ ကိုမိုးသီးကလွဲချ
အဲ့ဒီတုန်းကအသတ်ခံရတဲ့  ကျောင်းသားရဲဘော်တွေဟာ
လမ်းဘေးက ခွေးတွေမဟုတ်
ရက်ရက်စက်စက် ဖိနှိပ်ခြေမွလိုက်ရအောင် ပုရွက်ဆိတ်တွေမဟုတ်
ခဗျားစကားအရဆိုရင် ဒေါင်းတွေဖြစ်တယ်
ဒေါင်းတောင်မှ ရိုးရိုးဒေါင်းမဟုတ်
သတ္တိသွေး စွေးစွေးနီတဲ့ ခွပ်ဒေါင်းတွေ . . .
လူထောင်မချီတဲ့ အေဘီကို အုပ်ချုပ်ခွင့်ရဖို့အတွက်
ဇက်တူသားခြင်းစား
ကျောင်းသား ကျောင်းသားခြင်းပြန်သတ်
ထွီ ရွံစရာကောင်းလိုက်ပုံက
အဖမ်းခံ အနှိပ်စက်ခံရတဲ့ လူတစ်ရာကျော်ဟာ အစိုးရသူလျို တဲ့လား
အသနားခံသူတွေကို ဇက်ဖြတ် လက်ဖြတ် ခြေဖြတ်
ကိုအောင်ဝေး ခဗျားနှယ်
ကိုထွန်းအောင်ကျော်ကိုမှ အားမနာ
ကိုမိုးသီးလိုလူကို တာဝတီသာ ကိုတင်ရက်
ဒီမှာ ကိုယ်လူ ကိုအောင်ဝေး
သေနတ်ကိုင်ရဲတိုင်း သူရဲကောင်းဆို
ဟောဒီလောကမှာ သူရဲကောင်းဆိုတာ ရေတွက် မရဘူး . . .
ဒီကိစ္စနဲ့ ကိုမိုးသီး ဘာမဆိုင်ရင်
မြန်မာနိုင်ငံကို ဘာသာနဲ့ခြေမွဖို့အကွက်ချ
စည်းဝေးကြတဲ့ မုတ်ဆိတ်ဖွားတွေနဲ့
ကျနော်တို့ရဲ့ ဥက္ကဌကြီး ဘာပြောခဲ့သလဲ
ထချ ဖို့ လက်နက်တွေစု ကြပါ ဟုတ်လား
ကိုအောင်ဝေး
ခဗျားလေသံအရဆို ရီးပဲ
အကြီးကြီးရီးပဲ
အဲ့ဒီလို လူမျိုးကိုမှ အက်ဆစ်နဲ့မပက်ရင်
ရန်ကုန်ကလူတွေ ကိုယ့်မျက်နှာကိုယ် ဓါးနဲ့လှီးပစ်မယ် . . .
ကိုအောင်ဝေး ခဗျားပြောသလို
ကိုမိုးသီးပြည်တော်ပြန်တာ အမျိုးသားသင့်မြတ်ရေးအတွက်လား
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်လား
ပြည်တွင်းငြိမ်းချမ်းရေးအတွက်လား
ဒါမှမဟုတ်
လုပ်စားစရာမရှိတော့လို့ ဂွင်သစ်ဖန်တာလား ဆိုတာ
ခဗျားဘယ်လို ခွဲခြားမလဲ
ခဗျား ဘယ်လို အာမခံမလဲ
ရီးပဲ ကိုအောင်ဝေး ရီးပဲ
ကမ္ဘာပါတ်ပြီး အလှူငွေတောင်း
မြန်မာပြည်အတွက်ဆိုတဲ့ အဆင့်မြင့်သူတောင်စားခေတ်က ကုန်သွားပြီ . . .
ရန်ကုန်နိုင်ငံရေး
မြန်မာနိုင်ငံရေး
ဗမာ့နိုင်ငံရေး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်
ပြန်လာမယ်ဆိုရင်
အေဘီက သွေးညှီနံ့တွေကို အရင်ဆေးခဲ့ကြ
ဘန်ကောက်မှာဆေးခဲ့ကြ
မန်ဟက်တန်မှာ ဆေးခဲ့ကြ
ရန်ကုန်ကို သယ်မလာနဲ့
ရန်ကုန်က သွေးညှီနံ့ဖုံးပြီးသား
ထပ်မသယ်နဲ့ . . . ထပ်မသယ်လာခိုင်းနဲ့
ခဗျားရဲ့ အချောင်သမား သူရဲခေါင်းကို
မန်ဟက်တန်သာ ပြန်ခေါ်သွား . . .
 မာဃ
https://www.facebook.com/margaluelin
 ·  · Share
  • 219 shares
    • Renaissance Man ကောင်းတယ်ဗျ အောင်ဝေးကို လေးစားခဲ့သမျှ အခုမှ ခွေးမှန်းသိတယ်။( ခွေးတောင်မှ သိက္ခာကျဦးမယ်)
      Yesterday at 6:49am ·  · 25
    • Renaissance Man အောင်ဝေးရေးတဲ့ ခွေးမိုးသီးဇွန် ဘုန်းတော်ဘွဲ့လင့်ခ်လေး တင်ပေးရင်ပိုကောင်းမယ်ဗျာ
      Yesterday at 6:50am ·  · 6
    • ဘသောင်း ဟိန်း http://freedomnewsgroup.com/2012/09/06/notification-by-aung-way/
      ရန်ကုန်ရောက် မိုးသီးဇွန်သို့  အရေးပေါ် အကြောင်းကြားစာ ( အောင်ဝေး )
      freedomnewsgroup.com
      “ အနှစ်(၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍...
      freedomnewsgroup.com
      “ အနှစ်(၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍...See More
      Yesterday at 6:52am ·  · 4
    • Zarzar Shwehtarpo ဟာ ! အရမ်းကောင်းတယ်။ အဲ့ဒိ အောင်ဝေးလူ ရေးကတည်းက ပြန်ရေးချင် ပြန်ပြောချင်နေတာ ဒီမှာ မရေးတတ်လို့ ဆံ့ငင် ဆံ့ငင် ဖြစ်နေတာ ဒီ ကိုအောင်ဝေးသို့ အရေးပေါ် အကြောင်းကြားစာ အရမ်းကြိုက်တယ်ဗျို့။ ရှယ်သွားမယ်နော်။ ပြန်တင်မယ်။ ခွင့်ပြုပါ။
      Yesterday at 6:53am ·  · 22
    • Bamar Blood ‎@Renaissance Man 
      https://www.facebook.com/la.yaung.12/posts/485618508116476
      ကဲ ကဗျာ ဖတ်ပြီးသွားပြီ ကြည့်စမ်း 
      အမိမြေကို အတော်ချစ်သား နော့....
      တကယ်ဆိုရင်
      စာဖ
      တ်သွားသူကြီးနဲ့ သက်တမ်းအပြိုင်နေခဲ့ကြတာပဲ 
      သူ့ ကိုပြောသလိုပဲပြောရရင် လုပ်တာပဲ မှတ်ကျောက်တင် 
      အလံထောင်ပြစရာ အောင်မှတ်ဘာတွေ များရခဲ့ဖူးလို့ လဲ ???? လို့ ပဲ မျိုးဆက်သစ်တစ်ယောက်အနေနဲ့ မေးပါရစေ 
      (ကျွန်တော်တို့ လဲ ဒီမေးခွန်း တစ်ချိန်မှာ အမေးခံရမှာပါလေ။)...
      ကျွန်တော်တို့ လဲ ကဗျာဆုံးအောင် အနစ်နာခံဖတ်သွားပါတယ် လို့ အမှတ်ဝင်ယူပါရစေဦး
      အခုထိအောင် တောမီးလောင်နေသေးတဲ့
      အေးတိအေးစက်ရန်ကုန်ကို
      နွားရိုင်းသွင်းချိန်မှာ ခွေးလေးခွေးလွင့်လေးတစ်ကောင်လို များ
      ပြန်ရောက်ခွင့်ရလေမလား လို့  
      လိုင်စင်တောင်မှာ ဆုတောင်းသံတွေ ဝေခဲ့ ဖူးပါတယ်
      အများကြီးလုပ်မပေးပါနဲ့ နောင်အမောင်ကျောင်းသားတွေအတွက်
      အရူးပျော်ဘုံနန်းလူသတ်ပွဲလေးအကြောင်း
      သိမှတ်စရာ ညီမျှခြင်းလေးတစ်ချက်ပဲ ထိုးပေးလိုက်စမ်းပါ
      မော်ကွန်းတင် ပြဋာန်းသွားပါ့မယ် 
      မှဲ့ တစ်ပေါက်မစွန်းစေရပါဘူး 
      လက်ရှိဒီကနေ့ အခြေအနေမှာ ဒေါင်းတစ်ကောင်ဖြစ်ဖို့ ဆိုတာ
      တာဝန်ဝတ္တရား တွေ 
      (ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ)
      လိုက်နာကျင့်သုံးစရာတွေ များလွန်လွန်းလို့ 
      ကိုယ့်နိုင်ငံအတွက် ခြံစောင့်ခွေးလေးပဲ လုပ်နေကြတဲ့သူတွေ များတာပါ
      ဒါကြောင့် 'ဒေါင်း' ဆို ဘယ်အဖွဲ့ အစည်းကဒေါင်းပဲဖြစ်ဖြစ်
      နေရာတကာ ကပစ်တင်ပေးလိုက်မယ့်လုပ်စရာတွေ တပုံတပင်မို့ 
      (ပူတတ်ရင်ပြောတာပါ)
      ခြံရှင်က ပိတ်ကန်လဲ ခံ ပေးသလောက်နေရာနေ
      ကျွေးတာလေးပဲစားပြီး ရသလောက်လုပ်နေကြတာ
      (one click two click နဲ့ လိုင်းမကောင်းပဲ ဖြဲနေကြရုံတောင် မဆုတ်မနစ်ပဲ)ဆိုတာ
      ကြားဖူးပါ့မလားတောင်မသိဘူး
      တစ်နိုင်ငံလုံးစုတ်ပြတ်သတ်နေတာ လေဆိပ်ရောက်မှ သိတယ်ဆိုတော့
      အတော်လေ့လာ လိုက်စား ထားလို့ ပေါ့ အားကျတယ်ဗျာ။
      *နိုင်ငံရေးသမားအတွက် ကဗျာ* ဆိုတာ ဒဏ်ရာကို ရင်းမှ ထွက်တတ်တာမျိုးမို့ 
      မင်ဟတ်တန်မြစ်နဘေးမှာ ကဗျာရေးခွင့်မရတာ ၀မ်းနည်းစရာပေပဲ ဗျာ......
      By Linn Yaung
      ရန်ကုန်ရောက် မိုးသီးဇွန်သို့  အရေးပေါ် အကြောင်းကြားစာ ( အောင်ဝေး )
      -------------------------------------------------------------
      “ အနှစ်(၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်
      ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ
      ကြိုးတိုက်ထဲသို့ ရောက်၍နေသည်ကို
      တွေ့ ရလေသည် “
      ( ကာနယ် ချစ်ကောင်း )
      မိုးသီး
      ပြောပြီးသား စကားပဲ
      ပြန်ပြောရတော့မယ်။
      အိမ်လွမ်းစိတ်ဆိုတာလည်း
      ဓားလှံ လက်နက်လိုပဲ
      အမြဲ ထက်နေအောင် သွေးနေရတယ်။
      မင်းဓား ထက်တာလည်း
      အစ်ကို သိတယ်။
      အစ်ကို့ ဓား မတုံးဘူး ဆိုတာလည်း
      မင်းသိတယ်။
      ဒါပေမဲ့
      အခုတော့ တို့ ဓားတွေ
      တံတွေးဆွတ် ခံလိုက်ရပြီ။
      မိုးသီးရေ
      မင်းပြန်ခဲ့တော့။
      မင်းရဲ့ အိမ်ပြန်လမ်းကို
      မင်းပြန်ခဲ့တော့ ။
      ၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့
      အဝေးရောက် သားတစ်ယောက်ရဲ့ 
      အိမ်ပြန်လမ်းဟာ
      အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။
      ဒါပေမဲ့ ခုတော့
      အမုန်းပန်းတွေနဲ့ 
      ငရဲလမ်းကို ပြန်ရသလိုပါလားကွာ။
      ရန်ကုန်မှာ
      ယုံကြည်ရာ မဲ့နေရင်တော့လည်း
      ပြန်ခဲ့တော့ ညီရေ။
      မင်းအိမ်ပြန်လာတာ
      ဒူးထောက် အညံ့ခံဖို့ 
      ပြန်လာတာမှ မဟုတ်တာ။
      မင်းအိမ်ပြန်လာတာ
      တောကြီး မီးရှို့ ဖို့ 
      ပြန်လာတာမှ မဟုတ်တာ။
      ခုတော့
      ရန်မကုန်သေးတဲ့ ရန်ကုန်က
      အေးတိ အေးစက်နဲ့ ပါလား။
      ဒီမှာ မိုးသီး
      ရီးပဲ
      မင်း အခုလို အဆောတလျင်ပြန်ချင်တာ
      မင်းရဲ့ မဟာအမှား။
      မင်းစဉ်းစားရမယ်
      မင်းဟာ
      တောရိုင်းနှင်းဆီ တော်လှန်ရေးသမား။
      တော်လှန်ရေးမှန်ရင်
      ရန်/ငါ ပြတ်ရမယ်
      မိတ်/ရန် စည်းခြားရမယ်။
      ငါတို့ ကိုယ်တွေ့ 
      ရန်/ငါ မပြတ်လို့ 
      သံဃာ အသတ်ခံရတာ။
      မင်းပြန်စဉ်းစား
      ရန်ကုန်လေဆိပ်မှာ
      မိတ်ဆွေလား၊ ရန်သူလား
      နွားရိုင်းသွင်းချိန်လား။
      အခုတော့…
      ရီးပဲ မိုးသီး။
      ဒီကနေ့ 
      မင်း အစော်ကားခံရတယ်။
      မနက်ဖြန်
      ငါတို့ ကို ထပ်စော်ကားကြတော့မယ်။
      ညီလေးရေ
      ပြန်ခဲ့တော့။
      ကိုယ့်ဒဏ်ရာကို
      ကိုယ် လျှာနဲ့ လျက်ပြီး ပြန်ခဲ့တော့။
      ခြင်္သေ့ဟာ
      အစော်ကားခံခဲ့ရ။
      သူရဲကောင်းဟာ
      အစော်ကား ခံခဲ့ရ။
      အမေ့သားဟာ
      အစော်ကား ခံခဲ့ရ။
      ငါတို့ တွေ
      တိုင်းပြည်ကို စွန့် ခွာခဲ့တာ
      တိုင်းပြည်ကို ပြန်လာဖို့ ပါ။
      အခုတော့
      နေပူထဲက လာတဲ့သူကို
      ရေနွေးပူနဲ့ လှမ်းပက်ခဲ့ကြပြီ။
      အခုတော့
      “ရှစ်ဆယ့်ရှစ်“ ဆီ ပြန်တဲ့သူကို
      အက်စစ်နဲ့ လှမ်းပက်ခဲ့ကြပြီ။
      ညီလေးရေ
      ပြန်ခဲ့တော့။
      မင်း ရန်ကုန်သွားတာဟာ
      နိုင်ငံရေးဘ၀င်ကြောင်တွေရဲ့ 
      သရော်လှောင်ပြောင်တာ
      ခံဖို့ မဟုတ်။
      မင်း ရန်ကုန်သွားတာဟာ
      သတင်းရောင်းစားတဲ့
      သတင်းထောက်မ တစ်ယောက်ရဲ့ မေးခွန်းကို
      ဖြေဖို့ မဟုတ်။
      မင်း ရန်ကုန်သွားတာဟာ
      အတုအယောင်ငြိမ်းချမ်းရေးအတွက်
      ခုတုံး အလုပ်ခံဖို့ မဟုတ်။
      မင်း ရန်ကုန်သွားတာဟာ
      ရန်ကုန်သက်သက်သွားတာ မဟုတ်ဘူးလေ။
      မင်းသွားတာ
      အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကိုပဲ။
      မင်းသွားတာ
      ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဆီကိုပဲ။
      မင်းသွားတာ
      ပြည်တွင်းငြိမ်းချမ်းရေးဆီကိုပဲ
      မင်းသွားတာ
      စစ်မှန်တဲ့ပြည်ထောင်စုဆီကိုပဲ။
      အခုတော့
      လူကို ခွေးသတ်လေခြင်း။
      တောမီးမနိုင်
      တောင် မီးနဲ့ ရှို့ လေခြင်း။
      ပြည်တော်ဝင် သီချင်းခမျာ
      မီးခိုးညှော်နံ့ စွဲခဲ့ပြီ။
      ညီလေးရေ
      မင်း ပြန်ခဲ့တော့
      မင်းကို သူတို့ 
      ကြိုးစင် တင်ကြတော့မယ်။
      တို့ ဗမာ့နိုင်ငံရေးကလည်း
      ခွေးဟောင်လှချည်လား။
      ညီမလေးက
      လက်နက်ကိုင်တော်လှန်ရေးကိုကြောက်သတဲ့လား။
      ညီမလေးက
      ပြည်ပြေးတွေကို ရွံသတဲ့လား။
      ခက်တာပဲ မိုးသီးရာ
      မင်းကလည်း ထောင်မကျဖူး
      (ငါကလည်း လက်နက်မကိုင်ဖူး)
      ဒီတော့ကွာ
      မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
      (ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)
      မင်းလို ရှစ်ဆယ့်ရှစ်သူရဲကောင်း
      မင်းလို ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဟောင်း
      ဒေါင်းတစ်ကောင်ကိုတောင်
      စော်ကားရဲမှတော့…။
      ဟေ့ကောင် မိုးသီး
      တကယ်လို့ ငါပြန်သွားရင်
      ငါလို ထိပ်တန်းကဗျာဆရာ(၅၀)စာရင်းမ၀င်တဲ့
      ပါမွှားကောင်ဆို
      ဖိနပ်နဲ့ တောင်ချွတ်ပြီးပေါက်ကြတော့မယ်။
      ငါ မပြန်တော့ဘူး
      မိုးသီးရေ။
      အရူးတွေရဲ့ ရန်ကုန်မှာ
      ငါ မခိုလှုံချင်တော့ဘူး။
      အရူးတွေနဲ့ 
      ရန်ကုန်မှာ
      ငါ မဆုံချင်တော့ဘူး။
      မင်းရဲ့ အိမ်ပြန်လမ်းမှာ
      မုဒိတာပန်းမပွင့်တာ
      ငါ ရင်နာတယ်။
      ပြန်ခဲ့တော့
      ညီလေးရေ။
      ရန်ကုန်ပစ္စန္တရစ်ကို
      ထားခဲ့တော့။
      တို့ ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့ 
      အစဉ်အလာတွေကိုတော့
      မင်း ရိုရိုသေသေ
      အလေးပြုခဲ့။
      မင်းရဲ့ စရိုက်အတိုင်း
      တိုက်ခိုက်စရာရှိရင်လည်း
      တိုက်ခိုက်ပေါ့ ကွာ။
      ဒေါ်အောင်ဆန်းစုကြည်တို့ 
      အဘဦးတင်ဦးတို့ 
      ဆရာဦးဝင်းတင်တို့ ကတော့
      နတ်နေကိုင်းတွေနော် ညီလေး
      ယောင်လို့ တောင်သွားမချိုင်လေနဲ့ ။
      မင်းရဲ့ တချို့ ကောင်တွေလို
      ညောင်အိုးကွဲတွေကိုတော့
      အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။
      ” ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်“
      ဂျူးလိယက်ဆီဇာ ကတော့
      ပြောတာပဲ။
      နောက်ပြီးတော့ သူပဲ
      နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာပဲ။
      သြ- ဘရုတပ်စ်
      မင်းလည်းပါသကိုး။
      သြ- မိုးဟိန်း
      မင်းလည်းပါသကိုး။
      ဟိုတုန်းက
      တိုက်ပွဲဟာ အပြင်မှာမရှိဘူး
      အထဲမှာပဲရှိတယ်လို့ 
      ငါတို့ မြင်ခဲ့ကြတယ်။
      အခုတော့ ငါ့ အမြင်
      (ကဗျာဆရာ အောင်ဝေးအမြင်)
      ဗမာ့ရာဇ၀င်ဟာ ပြောင်းလဲသွား။
      တိုက်ပွဲဟာ
      တကယ်ပဲ အထဲမှာမရှိတော့။
      တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
      အာဏာပြဿနာပဲ။
      ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
      လူ့ အခွင့်အရေးပြဿနာ မဟုတ်ဘူး
      အာဏာပြဿနာပဲ။
      ဒီကနေ့ 
      ဒီမိုကရေစီလောက်
      လူ့ အခွင့်အရေးလောက်
      ပြောတတ် ဆိုတတ်ရင်ပဲ
      ဟုတ်လှပြီထင်နေတဲ့
      ရန်ကုန်နိုင်ငံရေး။
      အာဏာနိုင်ငံရေးကို
      ဘေးဖယ်ထားမှတော့
      ငါတို့ ဓားတွေလည်း
      ဘာ အသုံးကျတော့မှာလဲ ညီလေး။
      ညီလေး
      အိမ်လွမ်းစိတ်ထက်
      သူရဲကောင်းစိတ်က
      အဖိတ်အစင် နည်းပါတယ်ကွာ။
      အချောင်သမားတွေ လူရာဝင်နေတဲ့
      ဒီနေ့ ခေတ်မှာ
      မိုးသီးရေ
      ကိုယ့်မြစ်ကိုပဲ
      ကိုယ် ဆက်စီးကြရုံ။
      ကိုယ့် စစ်ကိုပဲ
      ကိုယ် ဆက်တိုက်ကြရုံ။
      ပြန်ခဲ့တော့
      ညီလေးရေ။
      မင်းကို လက်မခံချင်တဲ့
      အရပ်က
      ပြန်ခဲ့တော့ ညီလေးရေ။
      မိုးသီးဇွန်
      ရှစ်ဆယ့်ရှစ်မှာ
      ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
      အခုလို ရန်ကုန်မှာ စော်ကားခံဖို့ လား။
      မိုးသီးဇွန်
      ကျောင်းသားတပ်မတော်မှာ
      စစ်အစိုးရကိုတိုက်ခဲ့တာ
      အခုလို ရန်ကုန်မှာ လှောင်ပြောင်ခံရဖို့ လား။
      မိုးသီးဇွန်
      လွတ်မြောက်နယ်မြေမှာ
      နိုင်ဝင်းဆွေတို့ ၊ ဖဒိုမန်းရှာတို့ ၊ ဗိုလ်ချုပ်မြတို့ နဲ့ တွေ့ ခဲ့တာ
      အခုလို ရန်ကုန်မှာ နှပ်ပစ်ခံရဖို့ လား။
      ညီလေးရေ
      မင်းစွန့် လွှတ်ခဲ့သမျှဟာ
      ရန်ကုန်က ခွေးအတွေ အူဖို့ မဟုတ်ဘူး။
      ညီလေးရေ
      မင်း အိမ်နဲ့ ဝေးခဲ့သမျှဟာ
      ဖေ့စ်ဘုတ်ပေါ်က ငကြောင်တွေ
      ဖွဖို့ မဟုတ်ဘူး။
      ညီလေးရေ
      မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
      ဂျာနယ်ထဲ လုပ်ကြံခံရဖို့ မဟုတ်။
      ပြန်ခဲ့တော့
      ညီလေးရေ။
      ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
      နှစ်ငါးဆယ်အခမ်းအနား
      မလုပ်ရလည်း ဘာဖြစ်လဲ
      ကုန်ကျမယ့်ငွေတွေ
      တခြားတစ်နေရာ လှူလိုက်ပါလား-တဲ့။
      အဲဒီလို မိန်းမမျိုးက
      ဂျာနယ်လစ်အမည်ခံနေမှတော့
      တို့ ဗမာ့မီဒီယာလောကကြီးလည်း
      ဘာ သောက်သုံးကျတော့မှာလဲ ညီလေးရာ။
      ဂျာနယ်တိုင်းတော့ မဟုတ်
      တချို့ နားလည်တဲ့ဂျာနယ်တွေ
      မင်းရဲ့ အိမ်ပြန်လမ်းကို
      လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်။
      ကျေးဇူးတင်တယ်
      ရဲဘော်တို့ ။
      ကျေးဇူးတင်ပါတယ်
      မိတ်ဆွေတို့ ။
      ခွပ်ဒေါင်းမှန်ရင်
      ဘယ်တော့မှ ကိုယ့်အလံ ကိုယ်ပြန်မနင်းဘူး။
      လူထုဘက်သားမှန်ရင်
      ဘယ်တော့မှ ညီညွတ်ရေးကို မဖြိုခွဲဘူး။
      ဆရာဒဂုန်တာရာကိုတော့
      အားနာတယ်။
      ရန်ကုန်က နိုင်ငံရေးဆိုတာ
      ရန်သူကို ရန်သူဖြစ်အောင်
      မိတ်ဆွေကို ရန်သူဖြစ်အောင်
      လုပ်နေသလိုပဲ။
      ညီလေး။
      အရမ်းလည်း
      သွားမဆဲနဲ့ ညီလေး။
      ကိုယ်ချင်းစာတရားက
      တစ်ခြမ်းပဲ ရှိရဲ့ ။
      ညီမလေးက
      အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။
      ညီမလေးက
      ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။
      တိုက်ပွဲကကော
      အထဲမှာရှိသေးတာ ဟုတ်ရဲ့ လား။
      မိုးသီးရေ
      ရီးပဲ
      မင်းကြောင့် အခုလို စော်ကားခံရတာ။
      အဲဒါ မင်းရဲ့ 
      ငမ်းငမ်းတက် အိမ်ပြန်ချင်စိတ်ကြောင့်ပဲ။
      ခဏတစ်ဖြုတ်တော့
      စောင့်ပါဦးလားကွာ
      အခုတော့
      မင်းရဲ့ သမိုင်းကို ဖျောက်ဖျက်လိုက်ကြပြီ။
      ညီလေးရေ
      ပြန်ခဲ့တော့။
      ရန်ကုန်ကို
      တလိုင်းတို့ လက်ထဲမှာ
      ခွေးသေ ၀က်သေ ထားခဲ့တော့။
      ငါတို့ ညီအစ်ကိုတွေ
      နယူးယောက်မြို့ 
      မင်ဟတ်တန်မြစ်ထဲက
      ဦးသန့် နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
      တစ်သက်လုံး အတူနေသွားကြတာပေါ့ ကွာ။
      မင်းသေတော့လည်း
      ဒေါင်းအလံအုပ်ပြီး
      ငါ ရိုရိုသေသေ သင်္ဂြိုဟ်ပေးမှာပေါ့ ။
      ငါသေရင်လည်း
      ကဗျာတစ်ပုဒ်ရွတ်ပြီး
      မင်း သင်္ဂြိုဟ်ပေးပေါ့ ။
      တိုင်းပြည်ချစ်စိတ်နဲ့ 
      ဆာလောင်လာရင်
      အဲဒီ ဦးသန့် ကျွန်းလေးပေါ်မှာ
      “ ဆဋ္ဌမ ဗမာနိုင်ငံတော် “ ဆိုပြီး
      ဆိုင်းဘုတ်ထောင် နေကြမယ်လေ။
      မိုးသီးရေ
      ညီလေးရေ
      အမြန်ဆုံးပြန်ခဲ့တော့
      မင်းကို
      မလိုသူတို့ 
      ကြိုးစင်တင်ကြတော့မယ်။
      မင်ဟတ်တန်ရေ
      တိုင်းပြည်မဲ့သွားတဲ့
      သားကောင်းတစ်ယောက်ကို
      ကောင်းမွန်စွာ ကြိုဆိုပါတော့။ ။
      အောင်ဝေး
      (စက်တင်ဘာ ၆-၂၀၁၂)
      Yesterday at 6:54am ·  · 6
    • Chawchaw Mirror 
      အဝေးရောက် ၈၈ ကျောင်းသားမျိုးဆက် များ ။
      ABSDF ရဲဘော်ဟောင်းများ။ မြန်မာနိုင်ငံတွင်လက်ရှိရောက်ရှိနေကြသော ခေါင်းဆောင်ဟောင်းများ ဖြစ်ခဲ့သည့်ဒေါက်တာနိုင်အောင်။ ကိုမိုးသီးဇွန် နှင့် တစ်ကွ သက်ဆိုင်သူများ။
      လွတ်လပ်မှု။တရားမျှတမှုကို အလွန်ချစ်မြတ်နိုး
      ပါတယ်။
      စစ်ဆိုရင် ရေတောင် စစ်မသောက်ချင်လောက်အောက် မုန်းတီးပါတယ်။
      ၈၈မှာ နောက်ဆုံးနှစ် ကျောင်းသူတစ်ယောက်ဖြစ်လို့နှလုံးသားမှာ ဝေဒနာများစွာရခဲ့ပြီးပါပြီ။တို့ ၈၈ ကျောင်းသားတွေ ခွပ်ဒေါင်းသမိုင်း မှာ စိတ်ဒါဏ်ရာ တွေ ထပ်မရစေချင်ပါဘူး။
      မြောက်ပိုင်းက အရိုးတွန်သံကို ကြားလာရတဲ့ အခါမှာ ....
      ညှင်းပန်းနှိပ်စက် အနိုင်ကျင့်မှု တွေကို အလွန်စက်ဆုပ်ရွံရှာ မိလို့သာ....
      ပြည်သူတစ်ဦးအနေနဲ့ကော။၈၈ မျိုးဆက် ကျောင်းသူတစ်ဦး အနေနဲ့ကော.....
      အမှန်တရား ကို တကယ်သိချင်မိပါတယ်။
      တောထဲတောင်ထဲ မှာ ဘ၀တူ ရုန်းကန်ပြီး တိုက်ပွဲ ၀င်နေကြတဲ့ အချိန်...
      တကယ်ဘဲ ထောက်လှမ်းရေး ဖြစ်လို့ဘဲဖြစ်ဖြစ်။
      တကယ်မဟုတ်ဘဲ အထင်လွဲတာဘဲဖြစ်ဖြစ်။
      ဒီအဖြစ်အပျက်ကြီးက တကယ်ဖြစ်ပျက်သွားခဲ့ပါပြီ။
      မြောက်ပိုင်းအရိုးတွန်သံ ကို ဖတ်ပြီးတဲ့ အခါ မှာ စဉ်းစားစရာတွေ အများကြီး ဖြစ်လာခဲ့ပါတယ်။မှားယွင်းစွာ စီရင်ခဲ့မိတာလား။
      စစ်အစိုးရက ၈၈ ABSDF ကျောင်းသားတပ်မတော်ပြိုကွဲအောင် သပ်ရှိုတာ ခံလိုက်ရတာလား။အတွေးပေါင်းများစွာ ရှိနေခဲ့ပါတယ်။
      ABSDF ကျောင်းသား တပ်မတော် သောင်းချီ မရှိလောက်ဘူးလို့ ယူဆလို့....
      အဲ့ဒီကိစ္စ တွေ ဖြစ်ပျက်ခဲ့တုံးက ... မသေဘဲ ကျန်နေသေးတဲ့ ရဲဘော်တွေ အခုချိန်ထိ သက်ရှိထင်ရှား......ရှိကိုရှိမှာဖြစ်လို့။သမိုင်းအမှန်ကို တကယ်သိချင်လို့....ခွပ်ဒေါင်းတွေ သမိုင်း အပေါစား အဖြစ်မခံနိုင်လို့...
      လုပ်ငန်းကြီး။လုပ်ငန်းကျယ်တွေဖြစ်တဲ့.....
      မြန်မာပြည် ဒီမိုကရေစီ ရဖို့ ငြိမ်းချမ်းရေးအတွက် ညှိုနှိုင်းတာတွေ။
      သမ္မတနဲ့လက်တွဲလုပ်တာတွေ.... နောက်မှဆက်လုပ်လို့လဲ နောက်မကျသေးပါဘူး။လက်ကျန်လွတ်မြောက်ရဲဘော်တွေရယ်။
      ဒေါက်တာနိုင်အောင်ရယ်။ကိုမိုးသီးဇွန်ရယ်။
      မျက်နှာခြင်းဆိုင်စုံညီပြီး ....
      .ဒီအဖြစ်အပျက်တွေရဲ့ အမှန်တရားကို....
      တာဝန်ရှိသူတွေကို......
      တရားခံ အစစ်တွေကို....
      နောက်ကြောင်းပြန် ဖြေရှင်း ဖေါ်ထုတ်ဖို့ လိုအပ်ပါလိမ့်မည်။
      မြောက်ပိုင်းက အရိုးတွန်သံရဲ့ ......သမိုင်းအမှန်....အဖြစ်မှန်တွေ ကို
      ကာယကံရှင်တွေ သက်ရှိထင်ရှား ရှိနေတုံးမှာ
      အမှန်တရားကို သိရရင်ပြည်သူတစ်ဦး အနေနဲ့ကော။
      ၈၈ မျိုးဆက် ကျောင်းသူတစ်ဦး အနေနဲ့ကော။ကျေနပ်ပါပြီ။
      ဆူးနစ်ဝင်နေတဲ့ ညှောင့်လေးတစ်ခုကို ဖယ်ရှားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
      Yesterday at 6:56am ·  · 35
    • ကိုရင် သာဂိ ရွှီးးးးးး ဖြောင်းဖြောင်းးးးးးး
      Yesterday at 7:04am ·  · 3
    • မင်းခန်.ကိုကို မင်းခန်.ကိုကို ကာလာမသုတ်ခေါ်-သုတ္တံ-ကိုနှလုံးသွင်းသတိရကြပါ။
      Yesterday at 7:18am via mobile ·  · 1
    • Thant Khaing Su ကိုမာဃရေ tagပေးတာကျေးဇူးပဲ တကယ်အာရတယ်ဖတ်ရတာ ဦးအောင်ဝေးပါ တက်လုပ် (tag) လုပ်ပေးရမှာ :D
      Yesterday at 7:19am ·  · 4
    • Sai Nyi ပြန်ပြောချင်တဲ့ စကားတွေကို ပြည့်ပြည့်၀၀ ပြန်ပြောလိုက်ရသလိုဘဲဗျာ ။။။။ အကြိုက်ဆုံးကတော့ အကြီးကြီး -ီးပဲ ။။ အဲ့ထက် နှိုင်းစရာရှိရင် နှိုင်းပြလိုက်ချင်တယ် ကိုမာဃရေ ။။။။
      Yesterday at 7:21am ·  · 3
    • M Zar NI ကိုယ့်ဖာသာ ယာမာဂူချီခင်ဆွေရီ အကြောင်းပဲရေးပါဗျာ ခုမှအဆဲခံရမှာဆရာ ရွေးမြစ်ကြော က မြင်းရိုင်းကဗျာဆရာ
      Yesterday at 7:23am ·  · 1
    • Kyaw Mar Lar It's good
      Yesterday at 7:46am via mobile · 
    • NiNi Htun Linn ကဗျာဆရာအောင်ဝေးရဲ့ စာတွေကို တစ်စွန်းတစ်စတော့ ဖတ်ဖူးပါရဲ့ အခုလို တစ်ရွာလုံးကို ပတ်ပီးဆဲထားတဲ့ စာတော့ ခုမှဖတ်ဖူးတယ် ( ချက်ကျကျ နားရွက်ဆွတ်ပီး မြင်းရိုင်းပေါ်တက်ခွလို့ ပြောနိုင်တဲ့ ကိုမာဃရေ..Cheer !!! )
      Yesterday at 8:12am ·  · 7
    • Tun Gyi Very good we got many knowledge, so we like this
      Yesterday at 8:16am via mobile ·  · 1
    • Thin Thin Htwe အလွန်သဘောကျပါသည်။တော်ပါပေသည်။ရှယ်ပါမည်။
      Yesterday at 8:28am ·  · 3
    • Wise Guy ကိုမာဃရေ ဒီကဗျာအတွက် အထူးအားရ ကျေးဇူးတင်ပါတယ်။ ထပ်ပြီးလဲ ရှယ်ပါရစေ။ အခုပဲ ဟိုဘက်ရပ်ကွက်ထဲမှာ အဲဒီလူကို ဆဲပြီး ပြန်လာတာဗျ။ အားရတယ်ဗျာ။ ဒီသူတောင်းစားတွေနဲ့တော့ ဒို့နိုင်ငံအတွက် ရင်လေးမိတယ် ...
      Yesterday at 8:30am ·  · 5
    • Alex Dono 
      ရီး ပဲ အောင်ဝေး ရီးပဲ ၊ ခုံ ဖိနပ် ကို တံဆိပ်တပ် ၊ မင်းကိုမင်း arosoft တဲ့ လဒ ဆို တာ မိုးသီး လိုပဲ အညှီ နဲ့ လောက်ကြိုက်တယ် ၊ ရီး ပဲ အောင် ဝေး ရီးပဲ ABSDF ဆိုတာ လူမိုက် မျက်ကန်းတွေ နဲ့ ဖွဲ့ စည်း ခဲ့တာ အတောင် တောင် မတက်ရသေးဘူး ဟန်ရေး ပဲ ပြတ
      တ်တယ် ၊ ရီးပဲ အောင်ဝေး ရီးပဲ မာနယ်ပလော ၊မယ်သရော နဲ့ အစိတ်စိတ် အမွှာမွှာ ကွဲစေချင်တဲ့ ကောင်တွေ ရီးပဲ အောင်ဝေး ရီးပဲ ၊ ငါ့ အကို နဲ့ သူ့အဖေ ငါတို့ညီ တွေ နဲ့ သူတို့ အကို တွေ ငါတို့ အမျိုး တိုင်းပြည် အတွက် အသက်ပေးလို့ စတေး ပြီး ပြီး လေပြေ လေညင်းတွေ အတွက် မုန်တိုင်းတွေကို ပေးဆပ် ပြီးပြီ ၊သာယာ ချိန်မှာတော့ မင်းတို့ ကောင်တွေက ရီးပဲ မိုးသီးဇွန် ရီးပဲ။
      Yesterday at 8:34am ·  · 14
    • Wise Guy same to you Alex.
      Yesterday at 8:43am ·  · 1
    • Ko Ba Mg 
      ကိုမာဃေ၇ ဒီကဗျာ ဒီစာသားလေး အတွက် အရမ်း ကျေးဇူးတင်တယ်ဗျာ..ရီးဘဲအောင်ဝေးရေ မင်းအဖေသာ ကိုဌေးနိုင် မင်းအမေဟာ မခင်ချိုဦး များ ဖြစ်နေခဲ့ ရင်မင်းကဗျာလေး မင်းပြန်ဖတ်လိုက် ရန်ကုန်..မြန်မာပြည်...အစရှိတဲ့နေရာတွေဟာ မင်း အဖေအမေ မင်းညီအကို မောင်နှမတွေနဲ
့ မင်းတဆွေလုံး တမျိုးလုံး နေတဲ့ နေရာလေ မင်းပြော သလိုဆို မင်းတမျိုါ်လုံး ခွေးတွေ ဖြစ်မယ် မင်း တဆွေ တမျိုးလုံးနဲ့တော့ လာမနိုင်းနဲ့ မန္တလေးမှာ ဘုန်းကြီးတွေ ကုလားတွေကို ဆန္ဒပြနေတယ် မင်းအမေ့လင် မိုးသီးဇွန်က ကုလားတွေနဲ့ ပေါင်းပြီး ငွေရှာတယ် မင်းတို့ စောက်ကျင့်တွေ အားလုံးက သိ့နေပီမင်းကို ရန်ကုန်က လူတွေကလည်း ခွေးတူ ၀က်တူ မိုးသီးဇွန်နဲ့ ရီးဘဲ အောင်ဝေးခွေးမသား တွေကို ရီး အကြီးကြီး ပေးမယ်ကွ
      Yesterday at 8:55am · Edited ·  · 15
    • Than Htaik ‎" ဒီကနေ့ 
      မင်း အစော်ကားခံရတယ်။
      မနက်ဖြန်
      ငါတို့ကို ထပ်စော်ကားကြတော့မယ်။" ( အောင်ဝေး မှ မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာမှ ) _ ဒီမိုကရေစီဘက်တော်သားများသတိထားနိုင်ကြပါစေ။
      Yesterday at 9:10am ·  · 4
    • Ko Zaw Gyi ကမ္ဘာပါတ်ပြီး အလှူငွေတောင်း
      မြန်မာပြည်အတွက်ဆိုတဲ့ အဆင့်မြင့်သူတောင်စားခေတ်က ကုန်သွားပြီ . . .
      Yesterday at 9:14am ·  · 8
    • Soe Htoo အောင်ဝေးရေငါကတော့
      ဘရာသားလီးနေတတ်တဲ့သူတစ်ယောက်ပါ
      မင်းကိုအထင်းကြီးနေတုံးကတော
      ဘရားသား. ပေါ့
      အခုတော့ကျန်တဲ့ဟာပဲကွာ
      အထင်ကြီးခဲ့တုံးကဘရားသား
      အခုအထင်မကြီးတော့---ပဲကွာ
      Yesterday at 9:18am via mobile ·  · 5
    • Aung Kyaw Phyo ကမ္ဘာပါတ်ပြီး အလှူငွေတောင်း
      မြန်မာပြည်အတွက်ဆိုတဲ့ အဆင့်မြင့်သူတောင်စားခေတ်က ကုန်သွားပြီ . . .
      Yesterday at 9:20am ·  · 6
    • Aung Kyaw Soe မှားပါတယ် ကိုအောင်ဝေးရယ်
      Yesterday at 9:43am ·  · 1
    • Mar Ga Luelin Thant Khaing Su ရေ ကိုအောင်ဝေးလင့်ခ်ကို ကျနော်တကယ်မသိတာပါ ။ သိရင် တက်ခ်ျ့လုပ်ပါတယ် ။ ပြီးတော့ အမှန်အတိုင်းဝန်ခံရရင် ကျနော် ကိုအောင်ဝေး ပရိတ်သတ်ပါ ။ အယူအဆချင်းကွဲပေမယ့် အခုအထိ လေးစားဆဲ ။ ဒါကြောင့် ကျနော့်ကဗျာမှာ ရိုင်းစိုင်းတဲ့ကွန်မန့်တွေ မပေးကြပါနဲ့လို့ တောင်းဆိုချင်ပါတယ်ဗျာ ။ ( မာဃ )
      Yesterday at 9:46am ·  · 4
    • Red Bird Chan မြန်မာအဆင့်မြင့်သူတောင်းစား အောင်ဝေးရေ လီး ပဲဟေ..လောလောဆယ် ကိုမာဃ ကဗျာ ရှယ်သွားပီ
      Yesterday at 9:46am ·  · 4
    • Ashin Issariya ကဗျာကိုအားနာတယ်
    • Moe Sandar GOOD.......... very good,,
    • Yan Shinn ရီးပဲ ကိုအောင်ဝေး ရီးပဲ
      ကမ္ဘာပါတ်ပြီး အလှူငွေတောင်း
      မြန်မာပြည်အတွက်ဆိုတဲ့ အဆင့်မြင့်သူတောင်စားခေတ်က ကုန်သွားပြီ . . .
      Yesterday at 12:56pm ·  · 2
    • Aung Kyaw Moe 
      ─────────--──░███░
      ───────────────────░█░░░█░
      ──────────────────░█░░░░░█
      ─────────────────░█░░░░░█░
      ──────────░░░───░█░░░░░░█░
      ...See More
      Yesterday at 3:12pm ·  · 2
    • Tun Gyi Aung way go to water way( NOKLA)!
      23 hours ago via mobile · 
    • Gu Gu Lay ဟဟဟဟဟ မိုက်တယ်ရီးပဲတဲ့ မာဃရေ အားပေး ချကွ ချကွ
      22 hours ago via mobile ·  · 1
    • Philipo Oo တစ်ချိန်က တိုက်ဖော်တိုက်ဖက် သေဖော်သေဖက် ရဲဘော်ရဲဘက် မို့လို့ ဘာလုပ်လုပ်
      မျက်နှာ လွှဲ ကြေးဆိုရင် အခုအာဏာ ကိုင်ထားတဲ့သူတွေနဲ့ ဘာထူးတော့မှာလည်း။
      အနှစ် ၂၀ တိုင်းပြည်အတွက်ပေးဆက် ခဲ့တယ်ဆိုရင် ကလေးဘဝကထဲ ကတပ်ထဲ
      ဝင်ခဲ့ကြတဲ့ လက်ရှိ မြန်မာတပ်မတော်ထဲက လူတွေ ရော တိုင်းရင်းသားတော်လှန်ရေး
      တပ်တွေထဲက လူတွေရော ဘယ်သွားထားမှာလည်း?
      22 hours ago ·  · 1
    • အိုးဝေအောင် အိုးဘားမား 
      ယခင်က ကိုအောင်ဝေး ဘာရေးရေး ထောက်ခံတယ်။
      အခု မိုးသီးဇွန်အတွက် ရေးတဲ့ ကဗျာကို အတွေးအခေါ်အရရော..
      ရေးတဲ့ ပုံသဏ္ဍာန်ရော မကြိုက်ဘူး။ကန့်ကွက်တယ်။
      အတွေးအခေါ်က ခေတ်နဲ့မညီ ရှေးရိုးဆန် ခေတ်နောက်ပြန်ပြေးခဲ့ပြီ။
      ပုံသဏ္ဍာန်က ယဉ်ကျေးမှုမဲ့ တဘက်သတ် ဆန် အတ္တမာန်တွေ ညံခဲ့ပြီ။
      ဒါ့ကြောင့် ဒီကဗျာကို မကြိုက်တဲ့ ဝေဖန်စာ ကွန်မန့်မှန်သမျှကို ထောက်ခံတယ်။
      မိုးသီးဇွန်အတွက် ရေးတဲ့ ကိုအောင်ဝေးရဲ့ ကဗျာကို မကြိုက်ကြောင်း လွတ်လပ်စွာ တွေးခေါ်ရေးသား ဝေဖန်စာ
      ကွန်မန့်များကို စုစည်းပြီး ကျနော့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြသွားမယ်။
      ကြိုက်သူများ like လုပ်နိုင်တယ်။
      မကြိုက်ရင် လီးပဲ လို့ ပေါ်တင် ဆဲသွားနိုင်တယ်။
      (ဒေါက်တာနိုင်အောင်ကို လာကြိုတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာတောင် လီးပဲ လို့ ပေါ်တင်ဆဲ ပြီးမှ မီဒီယာတွေကို တောင်းပန်လို့ရသေးတာပဲ။
      နာမည်ကျော် ကဗျာဆရာ အောင်ဝေးက ရီးပဲ လို့ သူ့ကဗျာထဲမှာ ထည့်စပ်ရဲသေးတာပဲ။)
      <photo id="3" />
      ကျနော် အိုးဝေအောင်ဆိုတဲ့ =
      နာမည်ကျော် လူရွှင်တော် မဟုတ်သော=
      နာမည်ကျော် ကဗျာဆရာ မဟုတ်သော=
      ၈၈မျိုးဆက် ပမွှားတကောင်က
      လီးပဲ လို့ ဆဲချင်ဆဲနိုင်တယ်လို့
      စာထဲမှာ ထည့်ရေးမိတာ အပြစ်မကြီးဘူးလို့ ယူဆပါတယ်။
      (သက်ကြီးဝါကြီးများအား စော်ကားမိရင် ၀ါတွင်းမှာ အထူးခွင့်လွှတ်ပေးပါလို့ တခါတည်း တောင်းပန်လိုက်ပါတယ်။)
      အိုးဝေအောင် (စက်တင်ဘာ ၆၊ ၂၀၁၂ခု)
      19 hours ago ·  · 3
    • အိုးဝေအောင် အိုးဘားမား ကိုမာဃရေ..ခင်ဗျားကဗျာမှန်း အခုမှ သိ -အသိနောက်ကျ-ခရက်တစ် အမှန် မပေးခဲ့မိတာ ခွင့်လွှတ်ဗျို့...အခု လင့်ခ် အမှန် ကူးသွားပြီဟေ့..
      19 hours ago ·  · 1
    • Ko Thiha ရှယ်ခွင့်ပေးပါ
      19 hours ago · 
    • Oo Thar အိုင်ဆေးကိုအောင်ဝဲ ကျွန်တော်တို့ကတော့ ခင်ဗျားကြေငြာတဲ့ ပထမ ကဗျာစစ်မှာ မပါဝင်လိုတော့ပါ၊ ဒါပေမယ့် တတိယ ကမ္ဘာစစ်ကတော့ ခင်ဗျားတို့ လိုလူတွေဆီက မစပါလာစေလို့ ဆုတောင်းပါတယ်ဗျာ။
      19 hours ago via mobile · 
    • Toegyi Unique share ပါတယ် ကိုမာဃ
      17 hours ago via mobile · 
    • Khaing Leh အခုလို လွတ်လပ်စွာ ဆဲနေကြတဲ့အချိန်မှာ.................မကျေနပ်ရင် ရင်ထဲရှိသည့် အတိုင်း အခွင့်အရေးသမားများအားပို၍လွတ်လပ်စွာ ဆဲနိုင်သည်။
      17 hours ago · 
    • Khaing Leh 
      ဒီကိစ္စနဲ့ ကိုမိုးသီး ဘာမဆိုင်ရင်
      မြန်မာနိုင်ငံကို ဘာသာနဲ့ခြေမွဖို့အကွက်ချ
      စည်းဝေးကြတဲ့ မုတ်ဆိတ်ဖွားတွေနဲ့
      ကျနော်တို့ရဲ့ ဥက္ကဌကြီး ဘာပြောခဲ့သလဲ
      ထချ ဖို့ လက်နက်တွေစု ကြပါ ဟုတ်လား
      ကိုအောင်ဝေး
      ခဗျားလေသံအရဆို ရီးပဲ
      အကြီးကြီးရီးပဲ
      အဲ့ဒီလို လူမျိုးကိုမှ အက်ဆစ်နဲ့မပက်ရင်
      ရန်ကုန်ကလူတွေ ကိုယ့်မျက်နှာကိုယ် ဓါးနဲ့လှီးပစ်မယ် . . . လုံးဝ ကြိုက်သည့်အပိုဒ်
      17 hours ago ·  · 1
    • Minbakri Vana ဝရမ်းပြေး မိုးသီးဇွန်နဲ့ နိုင်အောင်ကို ကြိုးစင်သို့ ဝိုင်းတင်ကြ
      16 hours ago · 
    • Nyo Thant လူသိထင်ရှားနိုင်ငံရေးသမားမဟုတ်တိုင်း၊နာမည်ကြီးတွေနဲ့မသိတိုင်း ငါဟဲ့နိုင်ငံကျော်ကဗျာဆရာ၊ နိုင်ငံကျော်လူရွှင်တော်၊ဆိုပြီး power မသုံးပါနဲ့။သာမန်ပြည်သူတစ်ယောက်ပါ။ကောင်းတာ ၂၀ဖိုးလုပ်ခဲ့ဖူးတာနဲ့ အဆိုး ၈၀ဖိုးကိုလျှော်ပစ်ရမလား။ခင်ဗျားတို့ရဲ့ကျော်ကြားမှုတွေနဲ့သူ့အပြစ်တွေကို ကာချင်နေတာလား။
      15 hours ago · 
    • Ya Tha ဟာခနဲ ဟင်ခနဲ ကွယ်....အားလုံးကောင်းကြပါတယ်...
      14 hours ago · 
    • Ye Min Htut ကြိုက်လို့ ရှယ်သွားပြီဗျို့............................
      9 hours ago · 
    • Ye Min Htut ကိုအောင်ဝေး က သူတောင်းစားသက်တမ်း နုသေးတော့ သက်တမ်းရင့် သူ့ဆရာ သူတောင်းစား တွေကို သူ့အနားပြန်လာစေချင်တာပါ..........
      9 hours ago · 
    • Myo Nyi Nyi ဒီမိုခရိုနီ အောင်ဝေး https://www.facebook.com/pages/People-Development-For-Knowledge/307904635932447
      6 hours ago · 
    • Lay Lay Ko 
      လူမှာ အရေးကြီးဆုံးက မျက်နှာ ...............မိုးသီးမျက်နှာ ....မင်းကိုနိုင်မျက်နှာ................အဲဒီလူနှစ်ယောက်ရဲ့မျက်နှာ နှစ်ခုကို သန်းငါးဆယ်ကျော်သော မြန်မာပြည်သူလူထုကြီးက ကောင်းကောင်းကြည့် ဖတ်တတ်နေကြပြီဗျ ကိုအောင်ဝေး.......ဘယ်လိုလိုကြည့်
      ကြည့် ဘယ်အချိန်ကြည့်ကြည့် ကြည်လင်တောက်ပ သန့်စင်နေသော မျက်နှာပိုင်ရှင် သည် ဘယ်သူလဲ ဆိုတာဟာ အဲဒီလူရဲ့ နောက်ခံသမိုင်းကြောင်းတွေ ဘာတွေ ညာတွေ မလိုပါဘူး.............ရိုးရိုးလေးပါဗျာ....အချိန်တိုင်းရှင်းသန့်ကြည်လင်နေသော မျက်နှာ ပိုင်ရှင်သည် မိုးသီးမျက်နှာ လား................မင်းကိုနိုင် မျက်နှာဖြစ်မလား.......စိတ်ရှင်းရင် မျက်နှာလဲရှင်းနေပါတယ်.........စိတ်က ယုတ်နေရင် မျက်နှာကလဲ ကျက်သရေ ယုတ်နေပါတယ်.........ကျက်သရေယုတ်နေတဲ့ မျက်နှာပိုင်ရှင်သည် မိုးသီးလား ....မင်းကိုနိုင်လား............ကိုအောင်ဝေး ရိုးရိုး ရှင်းရှင်းလေးဘဲ ကြည့်ပါ........မျက်နှာ ကိုမြင်အောင်ကြည့်တတ်ပါစေ ...အထူးမြင်အောင်ကြည့်တတ်ပါစေ.............ကိုအောင်ဝေး ခင်ဗျား ကြမ်းတော့ကျွံသွားပြီ....နှုတ်လို့ မရနိုင်တော့ဘူး...........နှုတ်ဆက်လိုက်ပါတယ်....ကိုအောင်ဝေး
      4 hours ago ·  · 1
1 comment:
  1. မြောက်ပိုင်းက ဧရာမ လူမဆန်တဲ့ သမိုင်းမှာ အကြီးကျယ်ဆုံး လူသတ်မှုကို ဖေါ်ထုတ်ကြ
    ဟုတ်တယ်လေ လူသတ်မှုတွေ အားလုံးကို ဖေါ်ထုတ်ရမယ်
    အထူးသဖြင့် လုပ်လို့ရတာတွေ အရင်လုပ်ရမယ်
    အေဘီလို အဖွဲ့ကတော့ ထိရှအလွယ်ဆုံးမို့ ဦးစားပေးကြ
    စစ်ထောက်လှမ်းရေးက ဖျောင်ပစ်လိုက်တဲ့ ရာထောင်ချီတဲ့ ကောင်တွေကတော့ ကံမကောင်းတာပေါ့ကွာ
    သူတို့ထိုက်နဲ့ သူတို့ကံပေါ့
    ဘယ်လို နှိပ်စက်ခဲ့ နှိပ်စက်ခဲ့ ဘယ်လိုသတ်ခဲ့သတ်ခဲ့ ဘယ်သူသိတာမှတ်လို့ ဟင်း ဟင်း
    ReplyDelete