ဒီကနေ့ မက်ဆင်ဂျာ ဂျာနယ်ထဲမှာ ဒေါက်တာအောင်နိုင်
နဲ့ အင်တာဗျူးဖတ်လိုက်ရတယ်။
အင်တာဗျူးသူကိုသူပြန်ဖြေထားတဲ့ အကြောင်းအရာ
အများအပြားထဲက "ကျွန်တော်တို့ ရဲဘော်တစ်ယောက်
က ရွာသားရဲ့ဝက်ကို သတ်စားလိုက်တယ် ဆိုပါတော့၊
အဲဒါကတော့မင်းကိစ္စပဲဆိုပြီး ကျွန်တော်တို့နေလို့မရဘူး၊
အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ တာဝန်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။" ဆိုတဲ့အပိုဒ်ကလေးဖတ်မိတော့
ABSDF(NB) မှာလူသတ်ပွဲတွေ-နှိပ်စက်ပွဲတွေကို အဓိက
ဦးဆောင်ပြီးလုပ်ခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့
ABSDF(NB) ဒုတိယစစ်ရေးတာဝန်ခံ မျိုးဝင်းက
၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ လလယ်ပိုင်းလောက်တုန်းက
ကျွန်တော့ကို ပြောခဲ့တဲ့စကားသွားသတိရမိတယ်-
သူပြောခဲ့တဲ့စကားက "တော်လှန်ရေးလုပ်တယ်ဆိုတာ
လူသတ်တာဗျ။ဒီအရပ် ဒီဒေသမှာ ကျွဲတစ်ကောင်၊ဝက်
တစ်ကောင် မှားသတ်မိလို့ ပိုင်ရှင်ပေါ်လာရင် အလျော်
ပေးရတဲ့ထုံးစံရှိတယ်။လူတစ်ယောက် မှားသတ်မိလို့
မကျေနပ်တဲ့သူပေါ်လာရင်တော့ အလျော်ပေးစရာ မလို ဘူးဗျ။မသကာ နောက်တစ်ယောက် ထပ်သတ်ယုံပဲ ရှိတယ်။ဒါတော်လှန်ရေးပဲ။ခင်ဗျား သေသေချာချာ မှတ်
ထားလိုက်။" တဲ့ဗျာ။
အဲ့ဒီတော့ ကျွန်တော်စဉ်းစားမိတယ်-တော်လှန်ရေးသမား
ရဲဘော်ရဲဘက်တွေဆိုတော့ ခင်ဗျားနဲ့ မျိုးဝင်း တော်လှန်
ရေးခံယူချက်ခြင်းအတူတူပဲလားလို့ပါ။
No comments:
Post a Comment