Tuesday, September 11, 2012

ဘယ်သူ မဆို မင်းသားဖြစ်ချင်တယ်. . .


Cho Tu Zal · 5,588 subscribers
Saturday at 12:47pm · 


  • ပြည်တော်ပြန် ABSDF ခေါင်းဆောင်ဟောင်း နှစ်ယောက်နဲ့ ပါတ်သက်ပြီး ရေးသားဖေါ်ထုတ်မှုတွေ ကို လုပ်တာဟာ ခုချိန်မှာ လုပ်သင့်ရဲ့လား၊ သူတို့နဲ့ ညီညွတ်ရေး မလိုဘူးလား လို့ မိတ်ဆွေတယောက်က စာပို့ပါတယ်။ 
    ကျနော်က သူတို့နိုင်ငံရေး ဇာတ်ခုံပေါ်ပြန်တက်လာ၊ အခွင့်ရေး ယူလာမှာစိုးလို့ လို့ ပြန်ဖြေခဲ့တယ်။ 
    တကယ်တော့ ကျနော် ကိုနိုင်အောင် နဲ့ မဆုံဖူးပါဘူး။ ကိုမိုးသီးနဲ့ကတော့ ၈၈-၈၉ ကာလမှာလည်း အလုပ်လုပ်ခဲ့ဖူးတယ်။ ခုလည်း ပြန်ဆုံတယ်။ ခင်မင်ရင်းစွဲလေးလည်း ရှိပါတယ်။
    ဒါပေမယ့် သမိုင်းဆိုတာ ခင်မင်ရင်းစွဲနဲ့ သာစေ၊ နာစေ ရေး ရတာ မဟုတ်ဘူး လို့ ကျနော် ခံယူထားပါတယ်။

    သူတို့ဟာ ဒီမိုကရေစီ သမားတွေ မဟုတ်ဘူးလား၊ သူတို့ကို တိုက်ရင် ကြံ့ဖွံ့က အမြတ်ထုတ်သွားမှာပေါ့ လို့ တယောက်က ထောက်ပါတယ်။
    ကျနော့်အမြင်မှာ ကြံ့ဖွံ့ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီသမားပဲ ဖြစ်ဖြစ် တိုင်းပြည်
    ကို အန္တရာယ်ပေးနိုင်တာ လူတဦးချင်းတယောက်ချင်းရဲ့ စိတ်ဓါတ်၊ အကျင့်
    စာရိတ္တ၊ ခံယူချက်၊ လုပ်ဆောင်ချက်တွေနဲ့ပဲ ဆိုင်ပါတယ်။
    ကျနော်အကြောက်ဆုံးကလည်း မြန်မာ့သမိုင်းစာမျက်နှာမှာ တိုင်းပြည်လွတ်
    လပ်ရေးအတွက် ရွေးချယ်ခဲ့တဲ့ လူငယ် ၃၀ ထဲ ဗိုလ်နေ၀င်းလို့ အခွင့်အရေး
    သမား တယောက်ပါသွားတဲ့အတွက် ခုချိန်ထိ မဆုံးနိုင်တဲ့ ဆိုးသံသရာမျိုး
    ထပ်ဖြစ်မှာကိုပါပဲ။

    တကယ်တော့ ကျနော်က သမိုင်းကို စိတ်ဝင်စားလေ့လာသူသာဖြစ်ပြီး၊
    သမိုင်းပညာရှင်လည်း မဟုတ်၊ သုတေသီလည်း မဟုတ်ပါဘူး။ ဒီကိစ္စတွေ
    မှာ ဘာကြောင့် ၀င်ပါဖြစ်သလဲ ဆိုရင် အနုပညာသမားတယောက်အနေနဲ့
    ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ဆွမ်းခံရင်း ငှက်သင့်တယ် ပဲ ထင်ပါတယ်။

    ကျနော် ဒီရောက်ပြီး တနိုင်ငံလုံး အနှံ့လျှောက်သွား၊ တောထဲက ဖြတ်သန်း
    လာခဲ့တဲ့ သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဘက်ဟောင်းတွေ၊ ရဲဘော်ရဲဘက်တွေ နဲ့ ဆုံဆည်း စကားပြောရင်း သူတို့ဖြတ်သန်းလာခဲ့တာ
    တွေကို အခြေခံပြီး နောက်တချိန် ကားရိုက်နိုင်ဖို့ပဲ ရည်ရွယ် အချက်အလက်
    တွေ စုစောင်းခဲ့တယ်။ 
    ဒါပေမယ့် တကယ်တမ်းကျတော့ နားထောင်ရင်း ရွှေလိုတောက်ပနေတဲ့ 
    အေဘီအက်စ်ဒီအက်ဖ် သမိုင်း ရဲ့ နောက်ကွယ်က အကျည်းတန်ဖြစ်ရပ်
    တွေကို ကျနော်သိလာ၊ မြင်လာရတယ်။ 

    မတရားမှုတွေဗျာ
    အဓမ္မတွေဗျာ...
    ရက်စက်လိုက်ကြတာဗျာ။

    နောက် ဒီဖြစ်ရပ်တွေ သာ မက၊ ဘာကြောင့် အေဘီအက်စ်ဒီအက်ဖ် နှစ်ခြမ်းကွဲ ခဲ့ရတယ်၊ နိုင်ငံရေး ကို ဖြောင့်မတ်သန့်ရှင်းစွာ လုပ်ကိုင်ခြင်းမရှိဘဲ နည်းမျိုးစုံနဲ့ကလိမ်ကကျစ် လုပ်တတ်တာ ဒါတွေဟာ မြန်မာ့သမိုင်းမှာ ဖြစ်ခဲ့ပြီး၊ ဒါတွေကြောင့် ခုချိန်ထိ
    သမိုင်းရဲ့ အမွေဆိုးကို ရင်ဆိုင်နေရတာ။ ဒါကြောင့် ဒီလိုလူတွေရဲ့ လုပ်ရပ်
    တွေကို ကျနော် ဖေါ်ထုတ်ဖို့ကို လိုပါတယ်။

    ကျနော်လေ့လာထားသမျှကို ပြတ်ပြတ်သားသားပြောရမယ် ဆိုရင် 
    မြောက်ပိုင်း၊ တောင်ပိုင်း လူသတ်မှုတွေ မတရားဖမ်းဆီးနှိပ်စက်မှုတွေ နဲ့ ပါတ်သက်ပြီး ဒေါက်တာနိုင်အောင် တို့ ဘက်က အဲဒီကာလဗဟိုကော်မီတီတွေ တာဝန်ယူဖြေရှင်းရမှာ ဖြစ်ပါတယ်။
    တောင်ပိုင်း ဖမ်းဆီးမှုတွေဟာ တကယ့်ကို အာဏာလုပွဲတွေလို့ပဲ ကျနော်သုံးသပ်မိသလောက် ပြတ်ပြတ်သားသား ရေးပါတယ်။
    မကြာခင် ဆရာကိုနေ၀င်းအောင် နဲ့ ကိုထင်ကျော်တို့ရဲ့ အင်တာဗျူးမှတ်တမ်းတွေကို ဆက်တင်ပါ့မယ်။
    အဲဒီထဲမှာ လူမဆန်ဆုံးက တဦးတည်းသော အကျဉ်းသူ မမီမီခိုင်ကို အကြိမ်ပေါင်းများစွာ အဓမ္မကျင့် စော်ကားခဲ့တာ။ နှိပ်စက်ခဲ့တာ။ နောက်တော့ မှားလို့ဆိုပြီး အန်န်အယ်လ်ဒီက ပြန်ခေါ်ထုတ်သွားခဲ့တာ။. .
    မမီမီခိုင်ကို ခုချိန်ထိ ကျနော် မမြင်ဖူးသေးဘူး။ ဒါပေမယ့် သူနေခဲ့၊ သွားခဲ့ တဲ့
    နေရာတွေက ကြားရသလောက် လပြည့်လကွယ်တွေမှာ စိတ်တွေ ဂယောင်ချောက်ခြား ဖြစ်ရတာ၊ တွေ့ရာယောက်ျားတွေ ခြေတော်တင်ခံရတာ
    ဟာ စိတ်နာစရာကြီးဗျာ။ ပညာတတ်အမျိုးကောင်းသမီးလေး တဦး ဒီမိုကရေစီ တော်လှန်ရေးသမားတွေ လို့ နာမည်ခံထားတဲ့ သူတွေ ဖျက်ဆီးတာကြောင့် ဘ၀ ပျက်သွားရတာ။ 
    ဒီလိုပဲ ကိုမြင့်ဦးဆိုတဲ့ လူငယ်လေးဟာ ထိုင်းကို နွားတွေ ကျောင်းပို့ရင်း ကျောင်းသားတပ်မတော် ဆိုတဲ့ နာမည်ကြီး နဲ့ ၀င်လာခဲ့တာပါ။ သူဟာ မြန်မာစာတောင် ရေးတတ်၊ ဖတ်တတ်တဲ့ သူမဟုတ်ပဘူး။ ဒါပေမယ့် သူ့ကိုလည်း ထောက်လှန်းရေး လို့ စွပ်စွဲ ဖမ်းဆီး နှိပ်စက်ခဲ့တယ်။ ဒါတွေကို ဒေါက်တာနိုင်အောင်တို့ အနေနဲ့ မသိဘူး၊ ငြင်းလို့မရဘူး။ ရှင်းကို ရှင်းဖို့လိုပါတယ်။

    အဲဒီလိုပဲ အေဘီအက်စ်ဒီအက်ဖ် နှစ်ခြမ်းကွဲ ရတဲ့ ဖြစ်ရပ်တွေနဲ့
    ကိုဌေးနိုင်သေဆုံးမှုကိုပါ တာဝန်ယူဖြေရှင်းရမှာ ကိုမိုးသီးဇွန် ရဲ့ တာဝန်တွေပါ။ 
    ကိုမိုးသီးဇွန်ဟာ နိုင်ငံရေး လုပ်တဲ့အခါမှာ အင်မတန်မှာ မဖြောင့်မတ်တဲ့
    သူတယောက်ပါ။ အစည်းအဝေးတွေမှာ စည်းမျည်းစည်းကမ်း ကို လိုက်နာ
    တာ၊ အများသဘောရဲ့ ဆန္ဒကို လေးစားတာ လည်း နည်းပါးသလို၊ သူ့ ကို ဆန့်ကျင်ပြီ ဆိုတာနဲ့၊ သူမနိုင်လောက်ဘူး ဆိုတာနဲ့ အဲဒီပွဲ ကို ဖျက်တတ်
    တဲ့ အကျင့် ရှိတယ်။ 
    ပြောရရင် ညစ်တတ်တဲ့နိုင်ငံရေး သမား စစ်စစ် ပါ။ အစည်းအဝေး တခုမှာ 
    သူမနိုင်လောက်တော့ဘူး ဆိုရင် ဒီအစည်းအဝေးက ဘယ်လောက် လုံခြုံရေး
    ရှိသလဲ၊ ထောက်လှန်းရေး မပါဘူး ပြောနိုင်လား ဆိုပြီး ပွဲ ဖျက်တတ်တာ၊
    ၈၈-၈၉ နိုင်ငံရေးပါတီအနေနဲ့ ကျောင်းသားပါတီတွေ ထောင် လုပ်ခဲ့ဖူးတဲ့
    သူတွေ အားလုံး တွေ့ကြုံခဲ့ရတဲ့ ပြဿနာတွေပါ။ 
    အဲဒီ ပြဿနာမျိုးတွေဟာ လက်နက်ကိုင်တဲ့ တောထဲကိုရောက်သွားတာပါပဲ။
    ညီလာခံကွဲ ရ တာ ဘာကြောင့်လဲ ဆိုတာ အသေးစိတ် ဆရာကိုနေ၀င်းအောင် က ဆွေးနွေးတင်ပြထားပါတယ်။
    ဆရာကိုနေ၀င်းအောင် ဟာ ပြောရရင် မိုးသီးဇွန်ရဲ့ လူရင်းပါ။ မိုးသီး တာဝန်ပေးမှုအရ မြေပေါ်တာဝန်ခံအနေနဲ့လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် ညီလာခံမှာ မိုးသီးရဲ့ စည်းမျည်းစည်းကမ်း ကို မထေမဲ့မြင်လုပ်မှုတွေကို စိတ်ပျက်လွန်းလို့ အေဘီ အကွဲမှာ နိုင်အောင် ဘက် အခြမ်းကို ရပ်ခဲ့တယ် တဲ့။ 
    မိုးသီးဇွန်ဟာ လူတဘက်သားကို မဟုတ်က ဟုတ်ကလုပ်ကြံတိုက်ခိုက်တတ်တယ်။ နောက် သူနိုင်ဖို့ ရိုးရိုးသားသား မကြိုးစားဘဲ အောက်လမ်း၊ အထက်လမ်း လမ်းပေါင်းစုံနဲ့ လုပ်တတ်တယ်။ 
    ညီလာခံမှာ ဗိုလ်ချုပ်မြ ကိုပါ ခေါ်ပြီး သူ ဥက္ကဌ ဖြစ်ရေး ကြိုးပမ်းခဲ့တယ်။

    ညီလာခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စ အောင်မြင်ခဲ့တယ်။
    နိုင်ငံရေးလမ်းစဉ် ဆွေးနွေးမှုအောင်မြင်ခဲ့တယ်။
    စစ်ရေးလမ်းစဉ်ဆွေးနွေးမှု အောင်မြင်ခဲ့တယ်။
    နောက်ဆုံး အဆင့် ရွေးချယ်နေရာချထားရေးအခန်းကဏ္ဍမှာ ကွဲကြတာပါ။
    နေရာ.. အတွက် ကွဲကြတာပါ။ 

    ကွဲပြီး ပြန်ညှိတော့လည်း ဘယ်လိုမှ ကို စည်းမျည်းစည်းကမ်းနဲ့မညီတာတွေ
    ပြောပြီး ကို ညှိတဲ့အတွက် ပေါင်းစည်းလို့ကို မရခဲ့တာပါ။ 

    ကဲ. . .ဒါတွေဘယ်လို ဖြစ်ရတယ် ဆိုတာ အသေးစိတ်ကို တင်ပါ့မယ်။ 

    အဓိကပြောချင်တာက ကျနော် က အနုပညာသမားတယောက်အနေနဲ့ သစ္စာ ကိုသာ ကိုးကွယ်ပါတယ်။ အလှ ဟာ သစ္စာမှာပဲ ရှိတယ် လို့ ထင်ပါတယ်။ 
    ကျနော်ကိုယ်တိုင် နိုင်ငံရေးသမား မဟုတ်တဲ့အတွက် ကိုမိုးသီး ကော၊ ကိုနိုင်အောင် ကော ကျနော့် ပြိုင်ဘက်တွေလည်း မဟုတ်၊ ကျနော်ရန်သူလည်း မဟုတ်၊ မိတ်ဆွေ တွေဘဲ ဖြစ်ချင်တာပါ။ 
    ကျနော်အတွက်တော့ ၈၈ ဇာတ်လမ်းထဲ ကိုမိုးသီးဇွန်ဟာ ရယ်စရာကောင်းတဲ့
    ဇာတ်ကောင် တကောင်သာ ဖြစ်ခဲ့တယ်။ တခါတလေ သူ့ရဲ့ လုပ်ကွက်တွေ
    က တခိခိ သဘောကျစရာရယ်ရပါတယ်။ 
    ဒါ သူ့ကို စော်ကားတာမဟုတ်ပါဘူး။ သူဟာ ခင်စရာကောင်းတဲ့လူတယောက်ပါ။ အနီးကပ်ပေါင်းတဲ့သူတိုင်း သူ့ကိုခင်ကြပါတယ်။ 

    ရုပ်ရှင်အနေနဲ့ ဖန်တီးရင် သူ ထွက်လာတိုင်း ပရိတ်သတ် ပွဲကျမယ် ထင်တယ်။

    ကျနော် သူတို့ကို ခေါင်းဆောင်တွေပီပီ၊ မှားခဲ့တာတွေ ကို သူရဲကောင်းစိတ်နဲ့ ၀န်ခံ၊ ၀န်ချ၊ ရင်ဆိုင်ဖြေရှင်းစေချင်တယ်။
    ပြီးမှ တိုင်းပြည်အတွက်ပြန်ပြီး အလုပ်လုပ်စေချင်တယ်။
    ဒါမျိုး လုပ်ပြီး မှားခဲ့တဲ့အမှားတွေ အတွက် ပေးဆပ်ပြီး၊
    တိုင်းပြည်အတွက် တကယ်ကောင်းအောင် လုပ်ရင် ကျနော် ထောက်ခံရေးသားဖို့လည်း ၀န်မလေးပါဘူး။ 
    သူတို့ကို မုန်းတီးစိတ်လည်း မရှိသလို၊ တိုက်ခိုက်လိုလို့ရေးနေတာမဟုတ်ဘူး။ 
    ဒါပေမယ့် ရေးတော့ ရေးရလိမ့်မယ်။ ဒါ သမိုင်းပါ။ ပြည်သူ သိသင့်သိအပ်တဲ့
    သမိုင်းပါ။ ကျနော့်အနေနဲ့တော့ ရေးရမယ်။ ဆုံးဖြတ်တာ ပြည်သူ့အလုပ်ပါ။

    နယူးယောက်ခ် ပွဲမှာ လွမ်းစိမ့် လာကြည့်တော့ လွတ်လပ်တဲ့နယ်မြေမှာ လွတ်လပ်စွာ ကားရိုက်ပါဦး လို့ ကိုမိုးသီး က ပြောရင်း၊ မင်းသားလိုရင်ပြော လို့ အရွှန်းဖေါက်ပါတယ်။ 
    အဲဒီတုန်းက ကျနော်ကလည်း ကိုမိုးသီးရေ. . မင်းသား မဖြစ်ဘဲ၊ လူကြမ်းဖြစ်နေမယ် လို့ ပြောခဲ့ပါတယ်။
    သူနဲ့ကျနော် ဆုံဖို့လည်း ပြောထားပါသေးတယ်။ မအားတာနဲ့ကို မဆုံဖြစ်ပါဘူး။ ဆုံလည်း ဆုံချင် စကားစမြီလည်းပြောချင်ပါသေးတယ်။ 

    လူတိုင်းကတော့ မင်းသားဖြစ်ချင်တယ်။ အနည်းဆုံး ကိုယ့်ဇာတ်လမ်းမှာ။ 
    ဒါပေမယ့် မင်းသား ဆိုတာ မင်းသားကာရိုက်တာ တော့ ရှိရလိမ့်မယ် ဆိုတာ 
    မမေ့စေချင်ဘူး။ 

    ကျနော် ခင်ဗျားတို့အတွက် အကောင်းဆုံး ဇာတ်ညွန်းရေးကြည့်တယ်။

    သမိုင်း လှ ဖို့ဆို
    သတ္တိရှိရှိ သူရဲကောင်းဆန်ဆန် ကိုယ်ကျူးလွန်မိခဲ့တာတွေ ကို ၀န်ချတောင်းပန်၊ ၀န်ခံရင်ဆိုင်၊ ပြီးရင် တိုင်းပြည်အတွက် အလုပ်ပြန်လုပ်ပါ။

    ဒါဆိုရင်တော့ လှ တဲ့ မင်းသားတွေ ဖြစ်ကုန်မယ်။ 
    လှရင် မင်းသား တင်ပါ့မယ်။ 

    ချိုတူးဇော်
    197 ·  · 
    • You, Kyi Yu, Burma Thwe, Angel Ghosh and 254 others like this.
      • Pwint Lin Phyo မျက်နှာမလိုက်ပြောရဲတဲ့ သတ္တိကိုတော့ကြိုက်ပြီ ... သိတာတွေ ဆက်ပြောဖို့ဘဲလိုတယ် ... ပုတ်ရင်ပေါ်ဆိုတဲ့ တရားသူကြီး ကဆုံးဖြတ်တော့မယ် ... အချိန်ဆိုတဲ့ သမားတော်ကတော့ သူမကုနိုင်တော့ပါဘူးတဲ့ ... ရောဂါက အနှစ်၂၀ ကျော်ပြီဆိုတော့ ကျွမ်းပြီတဲ့ ... ဆေးမမှီတော့ဘူးလို့ ပြောသွားလေရဲ့ ဥက္ကဌများခင်ဗျား ...
        Saturday at 1:01pm ·  · 17
      • Wai Linn thz bro ,i praise u for that
      • K Ki Ki အမှန်တရားပေါ်ထွန်းပါစေ.... လူယုတ်မာတွေ ကျဆုံးပါစေ ...
        Saturday at 1:07pm ·  · 4
      • Thet Suye 
        ကောင်းတဲ့  အေ၇း အသားပါ တခုမ၇ှင်းတာက နောက်ကြောင်း ပြန်မလှန် ဘူး ဆိုတဲ့ ဟာက သူတို့နဲ့ကော အကြုံး ၀င်နေမလားလို့ပါ နိုင်ငံတော် အစိုး၇ ကတောင် black list စာ၇င်း ကိုဖျက်ပေး ထာတယ် ဆိုလို့ မ၇ှင်းလို့ မေးကြည့်တာပါ ...သိတဲ့ သူများ ဆွေးနွေးပေးကြစေလိုပ
ါတယ် (မိုးသီး စကားအ၇ တော့ absdf အဖွဲ ထဲက နာမည်ပျက် တနည်းထောက်လှမ်းေ၇း လို့စွပ်ဆွဲ ခံ၇ပီး ကျဆုံးသူတွေ၇ဲ မိသားစုနဲ့တွေ့မယ် မှတ်တမ်းတင်းအသိ အမှတ်ပြုမယ်သမိုင်မှာ နာမည် အဖတ်ပြန်ဆယ်ပေးမယ် လို့ဆိုတော့ သူတို့မှားယွင်းစွာ ဆုံးဖြတ်ခဲ့တယ်လို့ ၀ံခံ သလို ပဲလို့ ထင်မိလို့ပါ)
        Saturday at 1:08pm ·  · 3
      • Witt Hmon Thin I really appreciate ur talent in writing. Thks bro... Go ahead.
        Saturday at 1:09pm via mobile ·  · 3
      • Cho Tu Zal နောက်ကြောင်းပြန်မလှည့်ရေး ကိုပဲ ကျနော်တော့လက်ခံနိုင်ပါတယ်။ နောက်ကြောင်းပြန်မလှည့်ဖို့၊ နောက်ကြောင်းရှင်းဖို့လို၊ နောက်ကြောင်းပြန်လှန်ပြီး ကျေစေ၊ အေးစေ၊ ငြိမ်းစေ၊ ချမ်းစေ ဖြေရှင်းဖို့လိုပါတယ်။ စစ်အုပ်စု ကိုလည်း ဒါကိုပဲ တချိန်လုံးတောင်းဆို ရေးသားခဲ့တာပါပဲ။ အတူတူပါပဲ။ အကုန်လုံးကိုယ်လုပ်ခဲ့တာတွေ၊ ကျူးလွန်ခဲ့တာတွေကို ဖြေရှင်းပြီးမှ ရှေ့ဆက်လို့ကောင်းမယ် ထင်ပါတယ်။
        Saturday at 1:11pm ·  · 30
      • Aung Moe တိုင်းပြည်မှာ သူတို့မရှိလည်း ဘာမှမဖြစ်ပါဘူးဗျာ၊အချင်းချင်းမညီညွတ် ဟိုလိုအော် ဒီလိုအော် နိုင်ငံတကာလှည့်တောင်းစားနေတဲ့ လုပ်စား ဒီမိုအရေခြုံ သူတောင်းစားတွေပါ၊ကျောင်းသားလူငယ်တွေ အခုလို ကြောက်မက်ဖွယ်ရာအဖြစ်ဆိုးတွေနဲ့သတ်ခံရတာ သမိုင်းအမှန်ပါ၊ဒါကို မသိပါဘူးလို့ငြင်းနေတာ ခေါင်းရှောင်တာပေါ့၊ဒေါ်လာရမဲ့နေရာကျတော့ ကျနော်သာ ခေါင်းဆောင်ပါ တာဝန်ရှိပါတယ် ဆိုတာတွေကျတော့ရော ....
        Saturday at 1:16pm ·  · 11
      • Mie Nge အင်းးးးးး အာဏာရှင် ဒီမို ဘက်သားတွေဆီကနေတော့ မတရားမှု တွေ ရက်စက်မှုတွေ သိခွင့်ရပြီ အာဏာရှင် စစ်ဗိုလ်ချုပ်တွေ ရဲ့  လူသတ်ရက်စက်မှု တွေပါ ထုတ်ဖော်ပေးမယ့်သူ ရှိလာရင် သိပ်ကောင်းမှာ ....
        Saturday at 1:21pm ·  · 6
      • Cho Tu Zal ရှိပါတယ်။ ဖေါ်ထုတ်နေတာပါပဲ။ တောင်းလည်း တောင်းဆိုနေတာပါပဲဗျာ။
        Saturday at 1:23pm ·  · 9
      • Mie Nge ဒါမှ ရှိသမျှ အာဏာရှင်လုပ်ချင်တဲ့သူတွေ သင်ခန်းစာ ယူတတ်မှာ
        Saturday at 1:25pm ·  · 2
      • Fuyuan Ke မိုးသီးကအစဉ်အလာရှိသေးတယ်။လာရင်းဇစ်မြစ်ကိုလူတော်တော်များများသိကျတယ်။ဒေါက်တာနိုင်အောင်ကိုတော့ လူတော်တော်များများသိပ်မသိကျဘူး။သူ့လုပ်ရပ်မှာလူသိများတာကလည်းမြောက်ပိုင်းလူသတ်မှုတစ်ခုဘဲရှိတယ်။နိုင်အောင်ဟာ အခုချိန်မှာ အင်မတန်ချမ်းသာတဲ့ လူတစ်ယောက်လည်းဖြစ်နေတယ်။သူဘာတွေလုပ်ခဲ့လဲ။သူဘယ်လိုရောက်သွားလဲ ဆိုတာပိုစိတ်ဝင်စားမိပါတယ်။
        Saturday at 1:39pm via mobile · Edited ·  · 9
      • Mie Nge တရားခံ လို့ ယူဆခံထားရတဲ့ သူတွေ အားလုံး ပြစ်ဒဏ် ကျမကျတော့ လမ်းသိပ်မမြင်ဘူး ဒါပေမယ့် သူတို့ သွေး နဲ့ သူတို့ ခြောက်ခြားနေမှာတော့ အမှန်ဘဲ ...
        Saturday at 1:31pm ·  · 11
      • Kyaw Win Tun very good Ko cho too
        Saturday at 6:29pm via mobile · 
      • John Kyaw်ဖတ်ဖူးသမျှဒါရိုက်တာချိုတူးဇော်ဆောင်းပါးတွေထဲမှာ အကောင်းဆုံးလို့ ထင်ပါတယ်။ မိုးသီးဇွန်အကြောင်းဖတ်ပြီးတကယ်ပဲ တခိခိ ရီနေရတယ်။ ဆက်ပါဦးဗျာ။
        Saturday at 7:05pm ·  · 2
      • Moet Ei လူတွေက နည်းနည်းကောင်းတာလုပ်ပြီး များများ နာမည်ယူဖို့ ၀န်မလေးတတ်ကြဘူး။ ဒါပေမယ့် မဟုတ်တာလုပ်ထားရင်တော့ သေးသေးဖြစ်ပါစေ ... ကြီးကြီးဖြစ်ပါစေ ၀န်ခံဖို့ အင်မတန်မှ ခက်ခဲတတ်ကြတယ်။ အဓိကက သူတော်ကောင်းလုပ်ချင်တာပေါ့လေ။ နောက်ကြောင်းပြန်မလှည့်ကြေးဆိုပေမယ့် ကိုယ်တိုင်ခံစားခဲ့ရသူတွေ၊ ခံစားခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအတွက် ကျူးလွန်သူတွေဘက်က တခုခုလုပ်ပေးစေချင်တာပါပဲ။ လုပ်ပေးတာ မပေးတာကတော့ သူတို့အပိုင်းပေါ့လေ။
        Saturday at 7:32pm ·  · 1
      • Ba Nyar U 
        ဒီ ABSDF ခေါင်းဆောင်နှစ်ယောက်ကိစ္စကို ဥာဏ်မှီသလောက်ပြောရရင် ပြည်သူတွေက သူတို့ နိုင်ငံရေးဒီမှာလာလုပ်မှာကို စိုးရိမ်နေကြတယ်လို့ ထင်ပါတယ် ကျွန်တော်အပါအ၀င်ပေါ့ .. သူတို့ နှစ်ယောက် ကိုယ့်ဟာကိုယ် ကိုယ့်တိုင်းပြည် ပြန်လာပြီး ကောင်းကောင်းမွန်မွန်နဲ 
့သူ့ ဟာသူနေရင် ပြည်သူတွေက ကျေအေးနိုင်ပါတယ် ... သူတို့ ပါးစပ်က ကျွန်တော်တို့  နိုင်ငံရေး ဒီမှာ မလုပ်တော့ပါဘူးလို့  ပြောကြည့်ပါလား ... အသံတွေဒီလောက်ဆူညံမှာ မဟုတ်တော့ပါဘူး ... တစ်ခြားသူတွေကို ကျေအေးနိုင်ပြီး သူတို့ ကို ပြောနေရတာကအကြောင်း ၂ ခုရှိပါတယ် .. သူတို့ နှစ်ယောက်ဟာ အပေါ်ကပြောခဲ့သလို နိုင်ငံရေးလာလုပ်မှာကို စိုးရိမ်နေတာပါ ... ဦးခင်ညွန့် လဲ သူတို့ လို နိုင်ငံရေးလုပ်မဲ့ပုံ ရှိရင် မကျေအေးနိုင်ပါ ... ဦးသန်းရွှေနိုင်ငံရေးပြန်လုပ်ရင်လဲ မကျေအေးနိုင်ပါ ... နောက်တစ်ခုက သူတို့ တွေဟာ ဒီမိုကရေစီခေါင်းဆောင်တွေဆိုတဲ့ တံဆိပ်နဲ့ လာတာပါဘဲ အဲဒါကိုလည်းပြည်သူက မကျေနပ်နိုင်ပါ .... ရှင်းလင်းတဲ့အယူအဆပါ .. တိုငးပြည်အတွက် အနစ်နာခံတယ် တိုင်းပြည်အတွက် လုပ်ခဲ့တယ် ဒီမိုကရေစီအရေးမှာ သက်စွန့် ဆံဖြားကြိုးစားခဲ့တယ် ဆိုပြီး လုပ်ချင်တာလုပ်ခွင့်မရှိပါ .... အဲဒီ့အသံတွေတိတ်သွားအောင် သူတို့ ဘာလုပ်ရမလဲ သူတို့ ဟာသူတို့ သိပါတယ် .. အမလေး .. ဆရာကြီးနှစ်ယောက်ကို ဘာမှ ဘယ်သူမှ သင်ပြနေစရာ မလိုပါ .. မသိချင်ယောင်ဆောင်နေလို့ သာ လူတွေက ၀ိုင်းပြောနေရခြင်း ဖြစ်ပါသည် .....
        Saturday at 7:38pm ·  · 17
      • Than Lwin Oo ဘာမှရေရေရာရာမရှိသေးတဲ့အချိန်မှာသူတို့တွေရောက်လာတာဟာ
        ဘူးလေးရာဖရုံဆင့်တယ်ဆိုသလိုကံဆိုးလိုက်တဲ့မြန်မာပြည်ရယ်။
        ထောက်ခံသူများလည်းရှိရဲ့၊သမိုင်းရဲ့တရားခံတွေဖြစ်ကြဦးမယ်။
        Saturday at 7:46pm via mobile · 
      • Nyan Lyn ကြားကလေ့လာသူ သိရှိသူ တွေအသံကပိုမှန်မယ်လို့ ဖတ်ခဲ့ရတဲ့အပေါ်သုံးသပ်မိတယ်။eleven မှာလဲမျှတယ်ထင်တယ်။ဒီနှစ်ဦးလုံးမှာမယုံကြည်စရာတွေများနေလို့  ဖြစ်နိုင်ရင်စင်ပေါ်ကဆင်းသင့်ပါတယ်။အကျင့်စရိုက်ဆိုတာပြင်နိုင်ခဲပါတယ်။
        Saturday at 8:03pm via mobile ·  · 4
      • Tinmg Kyawzaw မင်းသားလိုတယ်ပြောတော့ ...ကိုမိုးသီးက ..လုပ်ပေးနိုင်ပါတယ်လို့ အရွှန်းဖောက်ခဲ့ တာ..အဲဒီတုံးက မင်းသားမဖြစ်ပဲလူကြမ်းဖြစ်သွားမယ်ဆိုတာ..ခုတော့ မှန်နေသလိုပဲ...။
        Saturday at 8:12pm ·  · 1
      • Aungko Oo အစ်ကိုရေ ပြည်သူ့ခေတ်ဂျာနယ်အတွဲ၃၊အမှတ်၁၁၀ကကိုမိုးသီးနဲ့အင်တာဗျူးမှာ ကိုမိုးသီးဖြေသွားတာလေးက သင်းနေတာဘဲဗျာ၊သူကမြန်မာပြည်ကို လာကူတာတဲ့၊လေဆိပ်က ထွက်ကတည်း ကမြန်မာပြည်ရဲ့အခြေနေကို တန်းသိနေတယ်တဲ့၊မနုသ၁ပညာရှင်တွေက အရိုးကိုကြည့်ပြီး အဲဒီအရိုးရဲ့သမိုင်းကို သိသလိုဘဲတဲ့၊အော်အမြင်စူးရှပါပေရဲ့လို့၊မပြုံးဘဲ ၀ါးလုံးကွဲးသာ ရယ်လိုက်ချင်တော့တယ်ဗျာ.....။
        Saturday at 8:37pm ·  · 3
      • Win Myat Myat ကျေးဇူးပါ. ရှယ်ပါရစေ
        Saturday at 8:51pm via mobile · 
      • Bamar Gyi အသစ်တွေပါလား မကြားဖူးတာတွေပါနေပါလား....ဒေါက်တာဇော်မင်းညီ ဗဟိုကော်မတီဇော်ထွန်း တော်လှန်သော်စာရေးဆရာ နိုင်ဝင်းဆွေ သံရုံးစီးတဲ့သူရဲကောင်း ဂျော်နီ တို့ကိုရောဘယ်သူသတ်တာတဲ့လဲဗျာ....တပ်မင်းကြီးဗိုလ်ချုပ်ရွှေဆိုင်းနဲ့တူတူတိုက်ခဲ့တဲ့ အတီးတယောက်ကပြောဖူးတယ်....ရန်သူနဲ့တိုက်လို့ကျတာထက် ကိုယ့်အချင်းချင်းပြန်သတ်လို့သေတာက အပုံကြီးများတယ်တဲ့.....
        Saturday at 9:16pm ·  · 3
      • ကို ထက် 
        နှစ်ဆန်းပိုင်းက မောင်မောင်ဝမ်းပြောတာ သတိရလို့ မြောက်ပိုင်းကိစ္စ မိုးသီးနဲ့နိုင်အောင် နှစ်ယောက်လုံးကိုဆွဲချနိုင်တဲ့ သက်သေခံပစ္စည်း သေချာစုဆောင်းထားတယ်၊ သက်သေထွက်ပေးမယ့်သူလည်း အဆင့်သင့်ပဲတဲ့။ သူပဲရေးလိုက်တဲ့ဆောင်းပါးတွေ။ ပြောခဲ့တာ မြောက်ပိုင်းက
ိစ္စ သူ့အပြင်သိသူနှစ်ယောက်မရှိ။ တကယ့်ခုနေခါကျတော့ မောင်မောင်ဝမ်းတယောက် အင်္ဂလိပ်စာဆရာယောင်ယောင် အသံတိတ်နေပါလား။ သူ့ကိုပါးစပ်ပိတ်လိုက်တာ ငွေလား? အကြောက်တရားလား? တယောက်ယောက်က မြောက်ပိုင်းလူသတ်မှုကို သူဖော်ရင် သူ့အကြောင်းအကုန်ပြန်ဖော်မယ်လို့ ချိန်းခြောက်ခံရလို့ ပါးစပ်ပိတ်သွားတာလား? သူ့ကို အဲ့လောက်စိတ်မဝင်စားဘူး။ သူစုထားတယ်ဆိုတဲ့ သက်သေနဲ့သက်သေခံပစ္စည်းဆိုတာတွေတော့ အဲ့တိုင်းတိမ်မြုပ်မသွားသင့်ဘူး။ ဒါမှမပာုတ် မောင်မောင်ဝမ်းဆိုတာ အချိန်မရောက်သေးလို့ အကွက်ချောင်းနေတာလား? အမေရိကန်ရောက် ကိုချိုတယောက် အဲ့ဒီလူမောင်မောင်ဝမ်းနဲ့ ဗျုးလေးတခုလောက်ဗျာ တောင်းဆိုပါရစေ။ ကျေးဇူးပါ။
        Saturday at 9:45pm via mobile ·  · 9
      • Phyuphyu Khin dad ta ghi ri thwe par byar
      • Than Htitepoem ကြိုက်တယ်ဗျာ...ဆက်ပြီး တင်ပါဦး ကိုချိုတူးဇော်ရေ...ခွင့်ပြုပါဗျာ၊ share ပါရစေ...
      • Kyaw Thet Swe Mmcp Thanks Bro Cho Tu Zal
      • Ko Kwaika ကျနော် က အနုပညာသမားတယောက်အနေနဲ့ သစ္စာ ကိုသာ ကိုးကွယ်ပါတယ်။ အလှ ဟာ သစ္စာမှာပဲ ရှိတယ် လို့ ထင်ပါတယ်။
        Sunday at 1:14am ·  · 1
      • Soe Hlaing Bro cho tu zal သမိုင်းအမှန်ကို လူငယ်တွေသိအောင်များများရေးပါ မိုးသီးရေမင်းရေးထားတဲ့စာအုပ်တွေဖတ်မိခဲ့တာရင်နာတယ်ကွာ မင်းရဲ့စိတ်နေစိတ်ထားဒီအတိုင်းဘဲဆိုရင် ရီး ပဲ ကွာ . . . .
        Sunday at 2:07am via mobile · 
      • Tun Zaw လူတိုင်းကတော့ မင်းသားဖြစ်ချင်တယ်။ အနည်းဆုံး ကိုယ့်ဇာတ်လမ်းမှာ။
        ဒါပေမယ့် မင်းသား ဆိုတာ မင်းသားကာရိုက်တာ တော့ ရှိရလိမ့်မယ် ဆိုတာ
        မမေ့စေချင်ဘူး။
        Sunday at 2:51am · 
      • Lin Htein Share pyi !!
        Sunday at 4:13am · 
      • Lin Htein သမိုင်း လှ ဖို့ဆို
        သတ္တိရှိရှိ သူရဲကောင်းဆန်ဆန် ကိုယ်ကျူးလွန်မိခဲ့တာတွေ ကို ၀န်ချတောင်းပန်၊ ၀န်ခံရင်ဆိုင်၊ ပြီးရင် တိုင်းပြည်အတွက် အလုပ်ပြန်လုပ်ပါ။ဒါမှနည်းနည်းနားထောင်လို့ကောင်းသေးတယ်
        Sunday at 4:17am · 
      • Hein Htike Zan 
        ကျွန်တော်က (ကို)မိုးသီးဇွန်ပုံတွေကိုတွေ့တိုင်း The good, The bad and The ugly ထဲမှာ Ugly နေရာမှာ သရုပ်ဆောင်တဲ့သူကို ပြေးပြေး မြင်မိပါတယ်. ။ ပြီးရင် (ဦး)ကျော်ဟိန်းပေါ့..။ အဲဒီကားကိုပဲ မြန်မာမှုပြုပြီး ဗွီဒီယို ခေတ်ဦးက နေအောင်၊ ကျော်ဟိန်း၊ေ
        နာက်တစ်ဦးက ကျော်ရဲအောင်လား မသိဘူး ပြန်ရိုက်ဖူးပါတယ်။ ကိုချိုပြောသလို ကိုမိုးသီးဇွန်ကိုဇာတ်ကောင်ထားရိုက်ရင် သူထွက်လာတိုင်း ပရိသတ်ပွဲကျစေမှာ အသေအချာပါပဲ.:P (ရိုးရိုးသားသားပြောခြင်းဖြစ်ပါတယ်...။ ကိုမိုးသီးဇွန်က ခင်ဖို့ကောင်းတဲ့သူဆိုတာ သူနဲ့ ဆက်ဆံဖူးသူတိုင်း ပြောကြပါတယ်.။ )
        Sunday at 9:22am · 
      • Thu Rein Tinwinn ကိုမင်းကိုနိုင်တို့လိုအဖြူထည်ဆွမ်းဆန်ထဲကြွက်ချေးတွေပစ်ထည့်ပေးလိုက်တယ်ထင်တယ်။
        Sunday at 9:45am via mobile ·  · 1
      • Ko Oo 
        ABSDF ကွဲတဲ့သမိုင်းကို ကျနော်ကိုယ်တိုင်လုပ်ခဲ့သူတွေကပိုသိမယ်လို့ထင်ပါတယ်၊ မိုးသီးဇွန်မကြိုက်တာနဲ့ဟိုလူ့ဆီကရတာလေးနည်းနည်း အစထုတ်ပြီးရေးရင် ပိုရှုပ်သွားနိုင်ပါတယ် ကိုချိုတူးဇော်။ ကိုနေ၀င်းအောင်ဟာ နောက်မှာရောက်လာတဲ့သူဆိုတော့ သူအပြည့်အစုံဒေါင့်ဆ
ိုမပြောနိုင်သေးဘူး၊ ဒီအပေါ်မှာ အယူအဆကိုတင်ပြီး ရေးရင် မိုးသီးဖက်ကိုပါသွားတဲ့သူတွေအကုန်လုံးကိုထိခိုက်နိုင်တယ်ဆိုတာသတိထားစေချင်တယ်၊ ကျနော်ကိုရိုးရိုးလေးပဲပြောလိုက်ချင်တာက၊ မကဒတမှာထားရှိခဲ့တဲ့အစည်းအဝေးမှတ်တန်းကို လူသိရှင်ကြားဖွင့်ပြခိုင်းလိုက်ကြပါ၊ မိုးသီးမှားတာရှိသလိုနိုင်အောင်တို့မှားတာတွေလည်းရှိတယ်။ ဘယ်သူပိုမှားခဲ့သလည်းဆိုတာခံခဲ့ရသူတွေပိုသိပါတယ်၊ ကျနော်တို့ကမိုးသီးနောက်လိုကခဲ့တာမဟုတ်ဘူး၊ အခြားတဖက်ကလုပ်တဲ့လုပ်ရပ်တော်တော်များများကိုမကြိုက်လို့ တူသူချင်းတွေ စုမိသွားတာပါ၊ မိုးသီးလူနိုင်အောင်လူဆိုတဲ့အတွေးအခေါ်ကျနော်တို့မှာမရှိဘူး၊ မှားခဲ့သူကိုမှားတဲ့နေရာမှာထားခဲ့မှာပဲ။ တခုပဲပြောချင်တာက ABSDF အကြောင်းကို မသိတဲ့လူတွေမရေးမိတာပိုကောင်းပါလိမ့်မယ်လို့ထင်ပါတယ်၊ ဖတ်တဲ့လူတွေအတွက် သူတို့မှတ်မိထဲအမှားပါသွားခဲ့ရင် ပြန်ပြင်ဖို့မလွယ်ဘူး၊ ဒီလောက်ပါပဲ
        Sunday at 12:50pm ·  · 6
      • Cho Tu Zal 
        Ko Oo ကျနော်က ကျနော့်ဆီမှာ ရှိတဲ့မှတ်တမ်းတွေအတိုင်းပဲ ဖေါ်ပြပေးပါ့မယ်။ ဒါပေမယ့် အဲဒီ အကွဲအပြဲကို ဘယ်သူကမှန်တယ်၊ ဘယ်လို ဆိုတာ သူ့အမြင်၊ သူ့အပြောအတိုင်း သူပြောတဲ့အတိုင်းပဲ ထွက်လာမှာပဲ။ ရှင်းစေလိုတာက ကျနော်က ဘယ်သူ့လူမှ မဟုတ်ဘူးဗျ။ ခင်ဗျားလိုပဲ 
        ကျနော်လည်း မိုးသီးလူ နိုင်အောင်လူ အတွေးအခေါ်မရှိဘူး။ ရင်းချင်းရင်း၊ ခင်ချင်းခင် ကိုမိုးသီး နဲ့ ပိုရင်း ပိုခင်တယ်ဆိုတောင် မမှားဘူး။ ကောင်းတာက အဲဒီ အင်တာဗျူး မှတ်တမ်းတက်လာရင် ကြည့်ပြီး ခင်ဗျားတို့လို လူတွေက
        ပြန်လည် ဆွေးနွေးရေးသားသင့်တယ် ထင်ပါတယ်။
        Sunday at 1:06pm ·  · 1
      • Ko Oo 
        ရှင်းရှင်းပြောရရင် ကျနော်တို့တယောက်ကိုတယောက်ကပြန်ရှင်းနေတာနဲ့အချိန်ကုန်နေရင် ရန်သူကိုတိုက်ဖို့အချိန်တွေအထဲကဖဲ့ပေးရမယ်။ ပြီးတော့ဒီကိစ္စတွေဆိုတာကတထောင့်တညပုံပြင်ဖြစ်နေလို့ အကွဲအပြဲဇတ်လမ်းကိုအစဆွဲထုတ်နေရင် လူ့အခွင့်အရေးချိုးဖေါက်ခံရမှုတွေက အရော
        င်မှိန်သွားနိုင်တယ်။ ကျနော်က လူ့အခွင့်အရေးချိုးဖေါက်ခံရမှုတွေကို အရင်ဖေါ်ထုတ်ပြီးမှ အကွဲတွေအပြဲတွေ မှန်တာတွေမမှန်တာတွေကို နောက်မှသွားချင်တဲ့သဘောပါ၊ တကယ်လို့ ခင်ဗျားတို့ အကွဲအပြဲဇတ်လမ်းကိုအချိန်ပေးပြီးရေးမယ်ဆိုရင်လည်း ခင်ဗျားတို့သဘောပါပဲ၊ ကျနော်က မုန့်လုံးစက္ကူကပ်ဖြစ်နေပြီးအဓိကပြသနာတွေအတွက် ကျနော်အချိန်တွေကိုပေးရမှာစိုးလို့ပါ၊တထောင့်တညပုံပြင်က လွယ်လွယ်နဲ့မပြီးနိုင်ဘူးကိုချိုတူးဇော်၊
        Sunday at 1:35pm ·  · 1
      • Cho Tu Zal အကွဲအပြဲဇာတ်လမ်း က သူ့အလိုလိုပါလာတာဗျ။ လူ့အခွင့်အရေးချိုးဖေါက်ခံရသူတွေရဲ့ အင်တာဗျူးတွေထဲမှာ သူ့အလိုလိုကို ပါလာတာကိုကိုဦးရေ။ ကျနော့်အမြင်မှာတော့ သူက သမိုင်းနောက်ခံလိုပဲ နောက်ခံကားချပ်တခုအနေနဲ့ ပါလာတာပါ။ အဲဒါကိုဇောင်းပေးပြောထား၊ ရေးထားခြင်းတော့ မရှိဘူး။ ဒါပေမယ့် ထောက်လှန်းရေး လို့ လူတယောက် က စွတ်စွဲခံရပြီ ဆိုတဲ့အခါမှာ သူ့ရဲ့ စ လယ် ဆုံး ကို သူက ပြန်ခင်းတော့တဲ့သဘောပဲ။ အဲဒီမှာကိုပါလာတာဗျ။
        Sunday at 1:42pm · 
      • Cho Tu Zal 
        ကျနော့်အထင်တော့ ရှောင်လွှဲလို့တော့မရလောက်ဘူး။ ပါလာမှာပါပဲ။ ခုနက ခင်ဗျားပြောခဲ့သလို ဘယ်သူ့ဘယ်သူနောက်လိုက်ခဲ့တာ မဟုတ်ဘဲ တူရာစုကြတယ် ဆိုတာကို ကျနော်လက်ခံပါတယ်။ နောက် ဟိုဘက် ဒီဘက် ကိုယ့်အမြင် ကိုယ့်အစွဲနဲ့ ရပ်တည်ခဲ့ကြတာလည်း သဘာဝပါပဲ။ ဒီအချိန်မှာ
         ဒီအကွဲအပြဲ ကို ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတဲ့ အမြင်တွေ၊ အဆိုတွေ ထက် အဲဒီသမိုင်းကို သမိုင်းလိုသုံးသပ်ပြီး သင်ခန်းစာယူနိုင်ဖို့၊ ဟိုဘက် ဒီဘက် အမြင်တွေကို တကယ်ဖြတ်သန်းကြသူတွေက ရေးကြရင်လည်း ကောင်းမယ်ထင်ပါတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေ မပါဘဲနဲ့ပေါ့ဗျာ။ ဘာကြောင့် ဒီလိုမြင်၊ ဘာကြောင့် ဒီလိုရပ်တည်ရတယ် ဆိုတာမျိုးပါ။ ဒါမှ ပဲ တန်ဖိုးရှိမယ်ထင်ပါတယ်။ 
        ကျနော်ကတော့ အစွဲတွေ၊ အမြင်တွေနဲ့ မှားခဲ့တာတွေ ရှိနိုင်တာကိုလက်ခံတယ်။ မှားခဲ့တာကို ရဲရဲဝန်ခံဖို့နဲ့ ရင်ဆိုင်ဖို့ပဲ ဒီလူတွေကို တောင်းဆိုနေတာပါ။ ကျူးလွန်ခဲ့တာတွေကိုလည်း ပေးဆပ်ဖို့တော့လိုတာပေါ့လေ။ ဒါမှ ရှေ့ဆက်လို့ရပါလိမ့်မယ်။ 

        နောက် ၈၈ သမိုင်းကို ပြန်လည် ခြယ်မှုန်းရာမှာ ဒီလို ဖြတ်သန်းခဲ့တာတွေကို တဦးချင်းပြောတာတွေနဲ့ ပေါင်းစပ်ပြီး ရေးဖွဲ့နေတော့ ဟိုဘက် ဒီဘက် အပြောတွေကလည်းပါလာမှာပဲဗျ။ 

        ကျနော်ခင်ဗျားနဲ့လည်း ဆုံချင်ပါသေးတယ်။ ဖို့ဝိန်းကိုလည်း အဆင်ပြေနိုင်ရင် လာခဲ့ချင်ပါသေးတယ်။ ခင်ဗျားရဲ့ လုပ်ဖေါ်ကိုင်ဘက် တချို့နဲ့ NIDF ကိစ္စတွေ၊ ဗကသ၊ မကသ ကိစ္စတွေကို ပြန်လည်ပြောရင်းနဲ့ ခင်ဗျားရဲ့ ဖြတ်သန်းမှုတွေကိုလည်း အင်တာဗျူးတွေမှာပါနေပါတယ်။ ခု ကိုနေ၀င်းအောင် ရဲ့ အင်တာဗျူးမှာကို ညီလာခံအကြောင်းမှာ ခင်ဗျား က တစိတ်တဒေသ ပါနေပါတယ်။ 

        သမိုင်းဆိုတာ လူတယောက်ထဲ ပြောတာ၊ ရေးတာ၊ မဟုတ်လေတော့၊ လူအများပြောဆိုချက်တွေနဲ့ချိန်ညှိ မှတ်သားရမှာပါပဲ။
        သူပြောတိုင်းလည်း တင်ချင်မှ တင်မှာပါ။ အချက်အလက်မှန်ကန်မှု အမြင်တည့်မှုပေါ်မှာပဲ တင်မှု၊ မတင်မှု တည်ပါလိမ့်မယ်။
        Sunday at 1:52pm ·  · 3
      • Ko Oo 
        အဲဒီသမိုင်းနောက်ခံကိုပြောတဲ့လူက သူရပ်တည်ချက်အတွက်ပြောရင်း ငြင်းစရာတွေဖက်နှစ်ဖက်မှာအများကြီးရှိနေခဲ့တယ်.. အဲဒါကိုငြင်းနေလို့မပြီးနိုင်ဘူးထင်တယ်၊ ပြီးတော့ကိုနိုင်အောင်တို့ဖက်က ကျနော်ညီလာခံကအခွေတွေကို NDD ကယူသွားတယ်လို့ပြေနေကြတယ်၊ ပြီးတော့ကိုေ
        န၀င်းအောင်တာတွေက မှန်တာတွေအများကြီးဆိုပေမဲ့ငြင်းစရာတွေကအများကြီးပဲ သေချာတာတစ်ခုက သူမရောက်ခင်က ကိုနိုင်အောင်ဖက်ကလူတွေအကြောင်း သူကောင်းကောင်းမသိသေးတာကိုပဲ၊ဗဟိုကော်မီတီအစည်းအဝေးမှာ ငွေရေးကြေးရေးကွာခြားမှုတွေကအစ သူတို့ဖက်မှာဖေါက်ပြန်မငတွေအများကြီးရှိနေတဲ့အခံနဲ့ အုပ်စုဖွဲ့ပြီး အုပ်ကြီးအုပ်ငယ်ဖြစ်လာရတဲ့အခြေခံပါ။ ပြီးတော့ ကိုနိုင်အောင်တို့ဖက်က ကျောင်းသားလှုပ်ရှားမှုကပါလာတ့ခေါင်းဆောင်တွေကို လုံးဝဂျဲလက်jealousဖြစ်တာကအစ လူအရေအတွက်များတဲ့ တလွဲဒီမိုကရေစီကိုအသုံးချပြီး မိုးသီးဇွန်ရဲ့တော်လှန်ကော်မီတီလုပ်ရပ်အမှားကိုစောင့်ပြီး သမိုင်းပြောင်းပြန်ရေးဖို့လုပ်ခဲ့တာပဲ၊ ပြီးတော့ ကချင်လူသတ်မှုမဖြစ်ခင် ဘုရားသုံးဆူလူသတ်မှုကိုအရေးယူလို့မရအောင် လူများတဲ့ဒီမိုကရေစီဆုံးဖြတ်ချက်နဲ့ သူတို့လူတွေကိုလွတ်အောင်လုပ်ပြီး အဲဒီကတည်းက ပေါင်းစားတဲ့ဒီမိုကရေစီကိုသူတို့လုပ်ခဲ့ကြတာပါ၊ ညီလာခံမှာအဲဒီလူသတ်သမားတွေကို အရေးလည်းမဟူနိုင် ငွေကြေးဖေါက်လွဲဖေါက်ပြန်တဲ့လူတွေကိုလည်းအရေးမဟူနိုင်ဘူးဆိုတော့ အုပ်ကြီးအုပ်ငယ်ကွဲတာကိုအခြေခံအားဖြင့် သိအောင်နည်းနည်းရေးပေးလိုက်ပါတယ်၊ အသေးစိတ်သချင်ရင်တော့ ကျနော်မြို့ကိုခင်ဗျားမတော်လို့ ရောက်ခဲ့ရင် ကျနော်ပြောပြပါမယ်၊ အခုလည်းခေါင်းဆောင်တွေလုပ်ခဲ့တဲ့ လူသတ်မှုတွေကို လုံးသဖေါ်ထုတ်ဖို့အတွက် အမာခံရပ်နေတုန်းပါပဲ၊ အဓိကကတော့သမိုင်းအမှားကို မသိသေးတဲ့လူတွေဖတ်ပြီးမှတ်သွားမှာစိုးလို့ပါ
        Sunday at 2:12pm ·  · 5
      • Ko Oo ဖုန်းနံပါတ်ပေးလိုက်တယ် 260-443-2087 ခင်မင်စွာဖြင့်
        Sunday at 2:13pm ·  · 4
      • Ko Phyo မိုးသီးကိုပြောလိုက်ပါဗျ။ မြန်မာပြည်ကို လာကူတာပါဆိုပြီး ကယ်တင်ရှင်လုပ်၊လုပ်စားပေါက်ထပ်မထွင်ပါနဲ့။သွေးညှီနံမကင်းတဲ့လက်တွေနဲ့ ကျုပ်တို့ နိုင်ငံကို ကူသူတွေ၊ကယ်သူတွေများလွန်းလို့ပါ။ မြန်မာပြည်နိုင်ငံရေးမှာ ဝင်ပါချင်ရင် သွေးညှီနံ့ကိုအရင်ဖျောက်ပါဦး ဗိုလ်မိုးသီး၊ဂွေဗားယားရူးရေ၊ ချေဆိုတဲ့စကားတော့ထည့်မသုံးတော့ဘူးအဓိပ္ပာယ်က သူနဲ့မတန်လို့ဗျို့။
        Sunday at 2:20pm · Edited ·  · 1
      • Cho Tu Zal 
        ကောင်းတယ်ဗျ ကိုကိုဦးရေ..။

        ကိုနေ၀င်းအောင် က အဲဒါတွေလည်း ပြောထားတယ်။ ကိုကိုဦးပြောသလို သူမရောက်ခင် က ကိစ္စတွေကို အသေးစိတ်တော့ မပြောနိုင်ဘူး။
        ကိုနေ၀င်းအောင် အင်တာဗျူး ကို ကြည့်ဖြစ်အောင်ကြည့်ပါဦး။ သူက နိုင်အောင် ဘက် ကို ရပ်ခဲ့ပေမယ့် နိုင်အေ
ာင်ရဲ့ အဲဒီကိစ္စ တချို့ကိုလည်း ဖေါ်ထုတ်ခဲ့တယ်။ နောက် အဲဒီ အကျိုးဆက် သူ့ကို နိုင်အောင် က မြောက်ပိုင်းကိစ္စ နဲ့ ဆက်စပ်ပြီး သူလျှိုစွပ်စွဲ ဖမ်းတော့တာပါပဲလေ။ 

        ကျနော် ဖုန်းနံပါတ်မှတ်ထားတယ်။ အဆင်ပြေတဲ့အချိန်ခေါ်ပါ့မယ်။ ဖို့ဝိန်းဘက်လည်း လာနိုင်အောင် ကြိုးစားပါဦးမယ်။
        Sunday at 2:25pm ·  · 1
      • Zaw Zaw Hlaing 
        ကျနော်တခုတော့ပြောချင်ပါတယ် ကိုချိုတူးဇော်... အကိုအနေနဲ့ ကိုနိုင်အောင်နဲ့ ကိုမိုးသီးအကြောင်းကို တကယ်အရှိအတိုင်းရေးမယ်ဆိုရင်တော့.. ကိုနိုင်အောင်နဲ့ ကိုမိုးသီးကို အမြင်မရှင်းတဲ့လူတွေကိုမေးမြန်းစုံစမ်းလေ့လာပြီးရေးရင်တော့ ဆောင်းပါးတခုလုံးဟာ အဆို

းတရားတွေနဲ့ဘဲပြည့်နေပါမယ်.. ဒီတော့ သူကို ယနေ့အထိ နားလည်နေသူတွေကိုလဲ မေးမြန်းပြီး သူတို့အမြင်တွေကိုပေါ်လွင်အောင် ထင်ဟပ်ရေးသားရင် .. ဒီနေ့မှာ အဆိုးမြင်နဲ့ရေးသားထားတဲ့ဆောင်းပါးတွေ.. အကောင်းမြင်ဘက်က ရေးသားထားတဲ့ဆောင်းပါးတွေထက်သာလွန်ပြီး..ကိုချိုတူးဇော် ဆောင်းပါးဟာ အစွန်းနှစ်ဖက်လွတ်တဲ့ ပကတိအဖြစ်မှန်ဆောင်းပါးအဖြစ် ပေါ်ထွက်လာမယ်လို့ ထင်ပါတယ်..ကိုချိုတူးဇော်ရေးသားတဲ့ စာမှန်သမျှကို ကျနော်နေ့တိုင်းဖတ်နေတာပါ.. ဘယ်တော့မှ ဘာမှ ဝေဖန်မှု့မပေးခဲ့ပါ..။ အခုကိစ္စမှာတော့ ဆရာကြီး လူထု ဦးလှပြောတဲ့ ပုံပြင်(ဘယ်သူထုတာလဲ) လိုဖြစ်မှာစိုးလို့ပါ။ ခင်မင်စွာဖြင့်..။
        Sunday at 7:20pm ·  · 4
      • Cho Tu Zal Zaw Zaw Hlaing မေးထားတယ်ဗျ။ အဆင်ပြေရင် ကာယကံရှင်တွေကိုတောင် မေးနိုင်ပြောပြတာတွေရိုက်နိုင်အောင် ကြိုးစားပါဦးမယ်။ ကိုမိုးသီးဇွန်နဲ့လည်း ဆုံ ဖို့ ချိန်းရင်း ကို မဆုံဖြစ်တာပါလေ။
        22 hours ago ·  · 2
      • Immortal Roulette ကိုချိုရေးတဲ့ ပို့စ်တွေထဲမှာ ဒီပို့စ်က အချိုဆုံးပဲ။ လေးစားပါတယ် ကိုချို
        22 hours ago ·  · 1
      • Kyi Kyi Soe Rule of Law ဆိုတာ မြေပေါ်မြေအောက်မကျန် ရှိဖို့လိုပါတယ်.. ကိုချိုတူးဇော်ကို လေးစားပါတယ်.. ခွင့်လွှတ်နားလည်ပေးဖို့ ဆိုတာကတော့ ကျမတို့ပြောရင် ပေါ့ပါမယ်.. ကာယကံရှင်တွေရဲ့ မိသားစုတွေက ပိုလို့အဓိက ကျပါမယ်။ ခမြာများမှာ နာလည်းနာသေး နံလည်းနံသေး ဆိုတဲ့ခံစားချက်နဲ့ ရူးမတတ်ဖြစ်နေတာ မြင်တွေ့နေရတာမို့လား..။
        17 hours ago · 
      • Zaw Zaw Hlaing 
        ကိုချိုတူးဇော်... ကျနော်ပြောတာကို ပြန်လည်တုံ့ပြန်တဲ့အတွက် ကျေးဇူးပါ.. ဒီနေ့အထိ ကျနော်သူတို့အကြောင်းဖတ်မိသလောက် ဆောင်းပါးတွေ စာတွေမှာ.. အကောင်းတွေကြီးဘဲရေးထားတဲ့စာတွေ.. အဆိုးတွေကြီးဘဲ ရေးထားတဲ့စာတွေသာ ဖတ်နေရပါတယ်.. သူတို့ဟာ ဘာတွေဆိုးပြီး.. ဘ
ာတွေလဲ ကောင်းပါသေးတယ်ဆိုတာကို သဘာဝကျကျ အရှိတရားအတိုင်း ချစ်ခြင်း မုန်းခြင်းကင်းစွာနဲ့ ရေးထားတဲ့ သူတို့အကြောင်းကို ဖတ်ချင်တာလဲပါပါတယ်..။ ဆိုးဆိုး ကောင်းကောင်း ဘာဘဲဖြစ်ဖြစ် သူတို့နှစ်ယောက်ဟာ အခုအချိန်မှာ လူအများစိတ်ဝင်စားခံရတဲ့သူတွေဖြစ်နေလို့ပါ။ သူတို့နာမည်ကိုသာ ကြားဖူးပြီး သူတို့အကြောင်း တစေ့တစောင်းတောင် မသိသေးတဲ့လူတွေကို .. အဆိုးမြင်နဲ့ အကောင်းမြင် ဘက်နှစ်ဖက်ကြားမှာေ၀၀ါးမနေဘဲ.. ပကတိဖြစ်ရပ်အမှန်တွေကို သိစေချင်တာလဲပါပါတယ်. . ကျေးဇူးပါ ကိုချို..။
        14 hours ago · 
      • Burma Thwe အခုလို အများသိအောင် ဖော်ပြပေးလို့ အထူးကျေးဇူးတင်ပါတယ် အစ်ကိုရေ ။
        8 hours ago · 
      • Laynuaye Mya ABSDFဟာ တောင်ပိုင်းရော မြောက်ပိုင်းမှာ လူ့အခွင့်အရေးတွေကို လူ့ဂုဏ်ရည် လူ့ဖြစ်မှုပျောက်ဆုံးသည်အထိ ချိုးဖောက်ခဲ့ကြတယ်။ိုဆိုးယုတ်တဲ့နေရာမှာ အာဏာရှင်တပ်မတော်ထက်တောင် သာတာတွေရှိပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီမိုကရေစီကို သွားလို့မရပါဘူး။ အားလုံး တရားဥပဒေစိုးမိုးရေးကော်မီတီရှေ့မှောက် ရောက်သင့်ပါပြီ။ အမှုမှန်ပေါ်သည်အထိ၊ တရားဥပဒေအတိုင်းစီရင်နိုင်တဲ့အထိ သွားသင့်ပါတယ်။
        6 hours ago · 

No comments:

Post a Comment