Wednesday, September 5, 2012

သူ့အမြင်သူ့အပြော

  • ယနေ့ထုတ် ပြည်သူ့ခေတ် (တွေ့ဆုံမေးမြန်း)ခန်းထဲက စာမျက်နှာ ၂၄ မှာ ပါတဲ့ အမေးအဖြေလေးတစ်ခုကို ထုတ်နှုတ်ထားတာပါ။

    မေး - ၈၈ အရေးအခင်း နောက်ပိုင်းမှာ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့အ ဖွဲ့က ပြည်သူနဲ့အတူ ပြည်တွင်းကနေပြီး ငြိမ်းချမ်းစွာ ဒီမိုကရေစီရရှိရေး တိုက်တယ်။ ဦးကိုကိုလေးတို့က လက်နက်စွဲကိုင်ပြီး၊ ပြည်ပ ကနေတိုက် တယ်။ အဲဒီအပေါ်မှာ အောင်မြင်မှုချင်း အကျိုးရလဒ် ကို နှိုင်းယှဉ်ပြလို့ရမ လား။

    ကိုကိုလေး - အတိုချုပ်ပြောရရင် အကြမ်းဖက်တဲ့နည်းနဲ့ အကြမ်းမဖက်တဲ့ နည်းနဲ့ပေါ့။ ကျွန်တော်တို့က အကြမ်းဖက်တဲ့ လမ်းကိုရွေးခဲ့တယ်။ ရန်သူနဲ့
    တိုက်တဲ့အခါ မျိုးစုံတိုက်ရပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကတော့ လက်
    နက်အဖြေရှာလို့ အဖြေမထွက်ပါဘူး။

    လက်နက်ကိုင်တိုက်ပြီး ဖိအားမပေးဘဲ၊ ဒီလို အပြောင်းအလဲတွေ ဖြစ်မလာ
    ပါဘူး။

    အပြည့်အစုံကိုတော့ ၀ယ်ဖတ်ကြပေတော့။ လက်စသတ်တော့ ၈၈က အကို အမတွေရဲ့ ပေးဆပ်ခဲ့တာတွေ၊ အခြားအခြားသော ကျောင်းသား၊ ပြည်သူ
    တွေ ရဟန်းရှင် လူတွေရဲ့ ပေးဆပ်ခဲ့ရတာတွေကြောင့် အပြောင်းအလဲ
    တွေဖြစ်ခဲ့ တာမှမဟုတ်ဘဲ။ လက်နက်ကိုင် တိုက်ပြီး ဖိအားပေးခဲ့လို့ကိုး။

    နောက် ကျောင်းသားတွေရဲ့လက်နက်ကိုင်တော်လှန်ရေးလို့ ကျွန်တော်တို့
    တွေအထင်ကြီးလေးစားခဲ့ရတာ ခုမှသိတယ် အကြမ်းဖက်တဲ့လမ်းကိုး။ အင်း
    ဒါဆိုရင် အကြမ်းဖက်သမားဟောင်းအကိုကြီးများလို့ ခေါ်ရတော့မှပေါ့...။
    စဉ်းစားကြပါဦးဗျာ။ ကျောင်းသားတပ်မတော်လို့ ကမ္ဘာကျော်ခဲ့တဲ့အဖွဲ့ကြီး
    ဟာ အခုတော့ အကြမ်းဖက်လမ်းကိုရွေးတဲ့ အဖွဲ့ကြီးဖြစ်သွားပေါ့..။

    (စိမ်းခက်စိုး)

      • Zaw Naing ဒီလူတွေပြောတာ ဒီလူတွေ စကားသက်သက်ပါ။ဘယ်အဖွဲ့ ကိုမှ ကိုယ်စားပြုသွားတာ မဟုတ်ကြောင်း သူတို့ ကိုယ်တိုင်ပြောထားပြီးပါပြီ။ဒီလိုဘဲ ပေါသွပ်သွပ် ပြောနေကြတဲ့  လူတစုပါ။ ဥပမာဗျာ ကွမ်းစား သူတို့ အမြင်အရ လူနေမှုနိမ့် နေတယ်။
        18 hours ago · · 2
      • ဘရာဇီး ငှက်ရိုး ဒီလို အပြောလေးတွေက ခံရခက်တယ်အကို... ရှေ့နောက်မဆင်မခြင်ပြောတာ...
        18 hours ago ·
      • Zaw Naing မြန်မာလူထုက ဒီလူတွေထက် ပိုသိပါတယ်။ စကား ပြောပါများတော့ စကားထဲက ဇာတိပြလာလိမ့်မယ်။ ကိုယ့်ကို ကို အထင်ကြီးတယ်။ပြည်တွင်းလူတွေကို အထင်သေးတဲ့ အသုံးအနှုံးတွေ ဆက်ကြားရပါဦးမယ်။
        18 hours ago · · 2
      • Khin Aye Aye Mar မချိလို့ သွားဖြဲတာ ရီတယ်လို့ မထင်ပါဘူး
        18 hours ago ·
      • K Ki Ki icon ကောင်းခဲ့သော တော်လှန်ရေး ဟီးရိုး ပြည်တော်ပြန်ကြီးများ သို့  ပန်ကြားချက် .....မြန်မာပြည်သားများ ကွမ်းမစားပဲ ဟမ်ဘာဂါ စားတတ် ..စားနိုင်ကြစေရန် ဖန်တီးပေးခဲ့ကြပါ .. နှစ်ပေါင်း ၅၀ ကျော် တာရှည်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးကို ၂၁ ရက် အတွင်း ရပ်စဲစေရန် ဆောင်ရွက်ပေးခဲ့ကြပါ... ( ကွမ်းယာသည်တွေ ဆန္ဒထွက်ပြ ကြ ရင်တော့ ဒုက္ခ ).. ကျန်တာ တွေ ဆက် ပြော.. မော ရုံ ပဲ ရှိ တယ် .. ၂ ချက်ပဲ အရင်လုပ်ပြလိုက် ..
        18 hours ago · · 1
      • Ko Kyaw Tun ကိုကိုလေးရေ လက်နက်ကိုင်အကြမ်းဖက်နည်းသုံးလို့
        ဒီအခြေရောက်ရတယ်ဆိုရင် ကေအိုင်အေ
        ကေအန်ယူ ဝ တို့ပြည်တွင်းရောက်တာကြာပေါ့။
        14 hours ago via mobile ·
      • Myint Naing
        လက်နက်ကိုင်အကြမ်းဖက်နည်းသုံး
        လို့ဒီအခြေရောက်ရသတဲ့လား၊
        သွားပါပြီကွာ၊
        ဗမာပြည်ရဲ့သောင်းကျန်းမှူသမိုင်းကို
        လေ့လာကြပါအုံး၊
        အလံနီ၊ဗကပ၊ပြည်ပြေးအဖွဲ့လက်ကျန်
        တွေသိသွားရင်ခြုံးပွဲချငိုနေပါအုံးမယ်။
        ဒီလိုတော်လှန်ရေးပေါက္ကယသွေးနထင်
        ရောက်မှူတွေကြောင့်တော်လှန်ခဲ့တဲ့
        ကျောင်းသားတွေရဲ့သမိုင်းဟာမိုင်းမူံ
        ဝေဝါးခဲ့ရပြီ၊
        မှတ်ချက်။
        ပိုက်ဆံအိပ်နဲ့ပါးစပ်ကိုသတိဖြင့်ဖွင့်ကြပါ။
        8 hours ago via mobile · Edited ·
    3 · · ·
      • Aung Gyi Gsc ကျောင်းသာတပ်မတော်ဟာအကြမ်းဖတ်တဲ့အဖွဲ့ဆိုရင်လက်ရှိတပ်မတော်ကဘာအဖွဲ့လဲ..ပြန်တော်ပြန်အဖွဲ့နဲ့လက်ရှိကျောင်းသားအဖွဲ့နဲ့မတူတာတွေရှိပါတယ်
        18 hours ago ·
      • Aung Gyi Gsc မင်းကိုနိုင်တို့ကိုကိုကြီးတို့ကိုထေးကြွယ်တို့ထောင်ကနေလွတ်ဖို့...ဇာဂနာ..နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့ဖိအားပေးတာတွေကပြည်ပကအဖွဲ့အစည်းတွေပါ
        18 hours ago ·
      • Aung Gyi Gsc ပြည်သူ့ခေတ်ဂျာနယ်သမားတွေပြည်တွင်းကသတင်းတွေသာဖော်ပြပြီးပြည်ပသတင်းတွေတွေနိုင်ငံတကာသတင်းသမားတွေကိုစိတ်မဝင်စားဘူးလို့ထင်ပါတယ်မိမိဂျာနယ်ရောင်းရဖို့အတွက်ပြည်တွင်းမှာဘဲသတင်းယူမနေပါနဲ့
        18 hours ago ·
      • Win Min
        I agree on that and I am sure that people from Myanmar acknowledge that they have worked in some parts to support the change in Burma but the change what is happening in Myanmar centrally come from the people of Myanmar. They worked for som...See More
        18 hours ago ·
      • ဘရာဇီး ငှက်ရိုး သိပ်မကြာခင် ဒီမိုကရေစီနဲ့ ဗလွတ်ရွှတ်တ အဖွဲ့တို့၊ ဒီမိုကရေစီနဲ့ သောက်တလွဲများပါတီတို့ မြင်ရပါဦးမယ်... နဂိုအခံကိုက တပါတီစနစ်ကို မြင်ပြင်းကပ်လာတာကိုး... ၅မိနစ်ပဲစောင့်...။
        18 hours ago · · 3
      • Win Thaung
        လက်နက်ကိုင်တိုက်ပြီးဖိအားပေးလို့ဒီလိုအပြောင်းအလဲတွေဖြစ်လာတယ်ဆိုတာလုံးဝလက်မခံပါဘူး။ဒါဆိုလက်နက်ကိုင်တိုက်ခိုက်မှုတွေအခုထိဘာကြောင့်ဆက်ရှိနေရတာလဲ။ပြည်ပအဖွဲ့အစီးတွေဖိအားပေးလို့ဆိုတဲ့တစ်ချက်ထဲကြောင့်မင်းကိုနိုင်တို့လွတ်လာတယ်ဆိုတာလဲတဖက်သတ်ဆန်နေပါတယ...See More
        8 hours ago · · 2
      • Aung Gyi Gsc ဘာဖြစ်လို့လက်နက်ကိုင်ရတာလဲဆိုတာအရင်ဆုံးအဖြေရှာကြည့်ပါ-------ပြည်ပအဖွဲ့တွေဖိအားမပေးရင်မင်းကိုနိုင်တို့လွတ်လာဖို့ဘယ်သူတွေကဖိအားပေးတာလဲ...........ငါတို့ဆိုတာ(တဦးတယောက်ကိုရည်ညွန်းနေပါတယ်)ကျနော်ပြောတာအဖွဲ့အစည်းတွေလို့သုံးထာပါတယ်ခင်ဗျာပြောတာမှ(ရယ်စရာ)ဖြစ်နေတယ်--အော်နှမ်းစေ့လေးတစေ့ကနေအားလုံးပေါင်းမှနှမ်းစေ့အများကြီးဖြစ်လာတာပါ ခင်ဗျားရေးတာတွေပြန်ပြီးတော့ဖတ်သင့်တယ်ပြီးတော့မှတင်ရတယ်စဉ်းစားပြီးမှသုံးသပ်ပါခင်ဗျာ
        7 hours ago · · 1
      • Uzayarwin Boarder အကြမ်းဖက်သမားတွေကိုသိပ်မုန်းတယ်။
        5 hours ago via mobile ·
      • ဘရာဇီး ငှက်ရိုး ပြည်တွင်းပြည်ပ ညီညာလို့ပါ... အခုလဲ ညီညွတ်ဆဲပါ... အပုပ်ကောင်တွေတော့ မပါဘူးပေါ့... အစကတည်းက ဒါတွေ ကြိုမြင်လို့ မဟုတ်တရုတ်တွေ ရှင်းပါလို့ ပြောခဲ့သားပဲ... ဒါကို ငြိမ်နေခဲ့ကြတယ်...
        5 hours ago · · 2

No comments:

Post a Comment