Monday, September 3, 2012

ကိုသူရ(ဇာဂနာ)နှင့် ဒေါက်တာသန်းထွဋ်အောင်ခင်ဗျား


12 hours ago

ကိုသူရ(ဇာဂနာ)နှင့် ဒေါက်တာသန်းထွဋ်အောင်ခင်ဗျား...........................

ကျောင်းသားတွေ၊ပြည်သူတွေကိုများများသတ်ခဲ့ ဘူးတဲ့အစိုးရကိုလက်ညှိးထိုးပြပြီးနဲနဲသတ်ဖူးတဲ့ သူတွေကိုခွင့် လွှတ်လိုက်ပါလို့ ဆိုလိုခြင်နေတာလားဗျာ။လူနဲနဲသတ်ဖူးတဲ့ သူတွေနဲ့ မှကျွန်တော်တို့ တိုင်းပြည်ကတည်ဆောက်လို့ ရမှာလား။ဒီလိုလူတွေနဲ့ မှခင်ဗျားတို့ ကျွန်တော်တို့ အလုပ်လုပ်လို့ ရမှာလား။
ကျွန်တော်ဘယ်သူ့ ကိုမှပုဂ္ဂိုလ်ရေးမုန်းတည်းလို့ ပြေ
ာတာမဟုတ်ပါဘူး၊တရားမျှတမှူ့ ကိုတော့မြင်ခြင်၊ကြားခြင်ပါတယ်ဗျာ။
ကြေအေးတာတို့ ၊သင်ပုန်းခြေတာတို့ ၊ပြည်ဖုံးကားချတာတို့ ဆိုတာပြဇာတ်ကနေတာမဟုတ်သလိုရပ်ကွက်ထဲမှာကလေးခြင်းရန်ဖြစ်ထားတာမျိုး၊မော်တော်ယာဉ်ခြင်းတိုက်ထားတာမျိုးမဟုတ်ဘူးလေဗျာ။လူသတ်ထားတာဗျ၊ရက်ပေါင်းမြောက်များစွာရက်စက်စွာညှင်းပန်းနိုပ်စက်ချုပ်နှောင်ပြီးလူကိုပါသတ်ထားတာ။

တစ်ချိန်ကတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ သူတွေကုလားထိုင်ပေါ်ကမဆင်းတာကိုမမြင်ရက်၊မရှုရက်လို့ တော်လှန်ရေးလုပ်ပါတယ်ဆိုတဲ့လူတွေကတောထဲရောက်ခါမှဝါးကုလားထိုင်အတွက်လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ အသက်တွေကိုရက်ရက်စက်စက်သတ်ထားတာလေဗျာ။အလုပ်များသူတွေမှိ့ ကိုမောင်မောင်ရွှေကရဝိတ်ရေးတဲ့ ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်ပြီးတဲ့ ထိမဖတ်ဖြစ်သေးဘူးလားဗျာ။

ဒီကိစ္စမှာ သားသေ၊သမီးသေဖြစ်ခဲ့ ရသူတွေရဲ့ မိဖတွေရဲ့ အသက်တွေကြီးလှပြီ၊သူတို့ အတွက်အိုတောင်ဝှေးလို့ ခေါ်လို့ ရမဲ့ ၊သူတို့ ကိုပြုစုနိုင်မဲ့ သားတစ်ယောက်(သို့ )သမီးတစ်ယောက်မရှိတော့ ဘူးလေ။ဒီသက်ကြီးရွယ်အိုတွေကိုသူတို့ သားသမီးကိုယ်စားဘယ်သူတွေစောင့် ရှောက်နေကြလည်း၊ဘယ်သူတွေဖေးမနေကြလည်း။ခင်ဗျားတို့ လား..............
ရက်ရှည်လများဖမ်းစီးနှိပ်စက်ခံထားရလို့ လွတ်လာသည့် တိုင်အောင်စိတ်ကျန်းမာရေး၊ကိုယ်ကာယကျန်းမာရေးတွေချို့ တဲ့ နေကြတဲ့ သူတွေကိုဘယ်သူတွေဖေးမစောင့်ရှောက်ကူညီနေကြပါသလည်း။ခင်ဗျားတို့ လား...................

ခေတ်ဆိုတာ.....ခင်ဗျားတို့ ကျွန်တော်တို့ နဲ့ တင်ပြီးသွားမှာမဟုတ်ဘူးလေ၊ခေတ်အဆက်ဆက်ရှိနေအုံးမှာပါ၊အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူဆိုတာဘယ်တော့ ဖြစ်ဖြစ်ရှိနေရအုံးမှာပါ၊တဖက်နဲ့ တဖက်မကြေလည်မှူ့ ဆိုတာတွေလည်းကြုံကြရအုန်းမှာပါ၊အကယ်ရ်ျများနောက်နောင်၈၈လိုအဖြစ်မျိုးကြုံလာခဲ့ ရင်နောက်လူဖြစ်လာအုံးမဲ့ ကလေးတွေနဲ့ ခုလက်ရှိလူငယ်တွေအမှတ်မှားသွားနိုင်ပါတယ်၊အတတ်ကောင်းတစ်ခုတတ်သွားမှာစိုးရိမ်မိပါတယ်။...တောခိုမယ်....တရားသည်ဖြစ်စေ၊မတရားသည်ဖြစ်စေလူကြီးနေရာခေါင်းဆောင်နေရာရအောင်ယူမယ်၊ဖြုတ်၊ထုပ်၊သတ်လုပ်မယ်၊အခြေအနေပေးလို့ နောက်တက်လာတဲ့ အစိုးရနဲ့ ပေါင်းတတ်ရင်ပြည်သူ့ ခေါင်းဆောင်၊နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးမျိုးကလေးတွေခေါင်းထဲအမှားစွဲသွားခဲ့ ရင်ဘယ်သူတာဝန်ယူမှာလည်း၊ခင်ဗျားတို့ လား.....................
တရားဥအဒေအောက်ကနေမျှမျှတတဖြေရှင်းကြစေလိုတာတော့ ...ကျွန်တော့ ဆန္ဒပါခင်ဗျား။

လေးစားစွာဖြင့် 
အောင်သန်းညွန့် (အောင်နီလိုင်း)


  • Tun Oo Khaingကိုဇာဂနာအပေါ်ရေးထားတဲ့သဘောထားအမြင်ကို ဖတ်ရပါတယ်၊သဘောထားကြီးကြီးနဲ့ရေးထားတာကိုလေးစားပါတယ်ဗျာ။ ထွန်းဦးခိုင်(ABSDF-NB)
    12 hours ago · · 5
  • Aung Than Nyunt Aungnilai ကျေးဇူးပါKoko Myanmarpyithar ခင်ဗျား။
    11 hours ago ·
  • Htet Hay Maan ၈၈တုန်းကအခြေနေတွေက ကြာလေရှုပ်လေပါ တဖြည်းဖြည်းမြင်လာတာက အာဏာလုရင်း လူသတ်၊ ကျန်တဲ့သူ မသေတဲ့သူက ပြောချင်ရာပြောပြီးအမှတ်ယူ၊သမီးတို့လိုသေသေချာချာ မသိ၊မမှီလိုက်သူတွေအဖို့ သူတို့ပြောသမျှ အဟုတ်ထင်ပြီး ပထွေးကို အဖေခေါ်ရတော့မလောက် (ရိုင်းသွားရင် ကန်တော့ပါ...ဦးဦး) သေသေချာချာသိပြီး၊ မတရားမှုတွေ ထပ်ပြီးအသွင်ကူးပြောင်းပြီးကောင်းမွန်တဲ့ဖက်ကိုဦးဆောင်နေတဲ့ သမီးတို့နိုင်ငံမှာ ဒင်းတို့လိုလူမျိုးတွေ ထပ်ပြီးနေရာယူမယ့်အရေးကို ဝိုင်းဝန်းဟန့်တားဖို့ သေသေချာချာကိုလိုနေပါပြီ..ဦးကိုရော၊ အဘ Okkar Ko Ko ကိုရောတကယ်ကျေးဇူးပါ။ မသိ၊ မမှီလိုက်တဲ့ သမိုင်းတခုကို သိခွင့်ပေးကြလို့
    11 hours ago · · 7
  • Suzan Bo ကျွန်တော်ကတော့ လူငယ်တွေ လင့်ပေးထားတဲ့စာအုပ်ကိုဖတ်စေချင်တယ်ဗျာ.....https://www.facebook.com/photo.php?fbid=422472184456018&set=a.394138940622676.77805.100000797218234&type=1&comment_id=871245&ref=notif&notif_t=photo_comment&theater
    11 hours ago · · 2
  • Win Sweet စာသားလေးတွေကလို၇င်းေ၇ာက်ပါတယ်..ကျေးဇူးတင်ပါတယ်ဆ၇ာ.
    11 hours ago · · 1
  • Aung Than Nyunt Aungnilai ဟုတ်ပါတယ် Suzan Bo ရေ။နောက်မျိုးဆက်သစ်တွေအတုယူစရာ၊သင်ခန်းစာယူစရာတွေနဲ့ ပြည့်နေတဲ့ စာအုပ်ပါ။
    11 hours ago · · 1
  • Arr Gyi ခေါင်းမရှိ တဲ့ လူတွေ...သင်ပုန်းခြေလို့ ၇နိုင်စ၇ာ အကြောင်းမရှိ ဘူး..ကျောင်းသားတွေကိုသတ်ခဲ့ တဲ့ ၈၈တုံးက ဖြစ်စဉ်တွေကို စစ်ဆေးအေ၇းယူပြီး....သေဒဏ်ပေးသင့် တဲ့ သူတွေ ဗျ..။
    11 hours ago · · 2
  • Thaw Zin အင်း..
    လူတွေသတ်ပြီး အရေးယူမခံရဘူးဆိုရင်တော့ ....
    11 hours ago · · 1
  • Kyaw Lin ၀ါးကုလားထင်အတွက်လူသတ်တယ်ဆိုရင်
    11 hours ago · · 1
  • Kyaw Lin ဆိုဖာပေါ်ထိုင်ခိုင်းမိရင် ပြန်ဆင်းပါတော့မလား.....။
    11 hours ago · · 1
  • Saw Aung Zay Ya အပြစ်လုပ်တဲ့သူဟာ အပြစ်ရဲ့ အဖိုးအခကိုတော့ ပြန်ပေးရမှာဘဲ..
    11 hours ago ·
  • Min Zaw Aung ဟုတယ် ၈၈ တုံးကဖြစ်ပျက်ခဲ့ တာတွေကို အခုဂျင်နရေးရှင်းတွေက လုံးဝသိအောင်လုပ်သင့်တယ် အဲဒါမင်းတို့ မှာတာဝန်ရှိ
    11 hours ago · · 1
  • Aung Than Nyunt Aungnilai ဘယ်သူ့ မှာတာဝန်ရှိတယ်လို့ ပြောပါသလဲ ကိုမင်းဇော်အောင်။
    10 hours ago ·
  • Aung Than Nyunt Aungnilai ဇီးပင်စိုက်မိခဲ့ ယိုးမှန်ရင်...ဇီးသီးခြင်တာနဲ့ ဆူးပါတာကိုလက်ခံနိုင်သင့် တယ်။
    10 hours ago ·
  • Hlwan Moe ဇာဂနာတို့  လူမျိုးသာ အာဏာရရင် သန်းရွှေထက်တောင်ပိုဆိုးမလားပဲ။ အဟက်...။
    10 hours ago · · 6
  • Naga Linnmaung ha ha ha,your right
    9 hours ago ·
  • Min Min Oo thanlarwaddytimes
    9 hours ago ·
  • Naw Mai ဒီနေ့ကျွန်တော်သိလိုက်ရတဲ့ အသိတစ်ခုအတွက် အစ်ကိုကြီးများကို ကျေးဇူးတင်ပါတယ် ခင်ဗျာ
    8 hours ago · · 1
  • Aung Kyaw Moe ─────────--──░███░
    ───────────────────░█░░░█░
    ──────────────────░█░░░░░█
    ─────────────────░█░░░░░█░
    ──────────░░░───░█░░░░░░█░
    ─────────░███░──░█░░░░░█░
    ───────░██░░░██░█░░░░░█░
    ──────░█░░█░░░░██░░░░░█░
    ────░██░░█░░░░░░█░░░░█░
    ───░█░░░█░░░░░░░██░░░█░
    ──░█░░░░█░░░░░░░░█░░░█░
    ──░█░░░░░█░░░░░░░░█░░░█░
    ──░█░░█░░░█░░░░░░░░█░░█░
    ─░█░░░█░░░░██░░░░░░█░░█░
    ─░█░░░░█░░░░░██░░░█░░░█░
    ─░█░█░░░█░░░░░░███░░░░█░
    ░█░░░█░░░██░░░░░█░░░░░█░
    ░█░░░░█░░░░█████░░░░░█░
    ░█░░░░░█░░░░░░░█░░░░░█░
    ░█░█░░░░██░░░░█░░░░░█░
    ─░█░█░░░░░████░░░░██░
    ─░█░░█░░░░░░░█░░██░█░
    ──░█░░██░░░██░░█░░░█░
    ───░██░░███░░██░█░░█░
    ────░██░░░███░░░█░░░█░
    ──────░███░░░░░░█░░░█░
    ──────░█░░░░░░░░█░░░█░
    ──────░█░░░░░░░░░░░░█░
    ──────░█░░░░░░░░░░░░░█░
    ──────░█░░░░░░░░░░░░░█░
    ████──░█░████░░░░░░░░█░
    █──█──████──████░░░░░█░
    █──█──█──█──█──████████
    █──█──████──█──█──────█
    █──█──█──█────██──██──█
    █──████──█──█──█──────█
    █─────█──█──█──█──█████
    ███████──████──█──────█
    ──────████──██████████
    ★══════════★★══════════★
    8 hours ago · · 1
  • Wonderfool Rock ဒီလိုလူမဆန်တဲ့လုပ်ရပ်တွေကိုလုပ်ခဲ့ကျတဲ့နိုင်အောင်နဲ့သူ့ရဲ့လူအားလုံးဟာဒီအစုလိုက်အပြုံလိုက်လူသတ်ပွဲကြီးအတွက်တာဝန်လုံးဝယူရမှာပါ။ဒီလိုရတ်စတ်ကြမ်းကြုတ်တဲ့သူတွေကိုသာကျနော်တို့ရဲ့နိုင်ငံရေးပြောင်းလဲမှူ့ဖြစ်စဉ်မှာပါဝင်ခွင့်ပေးခဲ့မယ်ဆိုရင်အာဏာရူးတွေဟာနိုင်ငံနဲ့ပြည်သူကိုကောင်းကောင်းကြီးဒုတ်ခပေးမဲ့ကောင်တွေပါ၊အာဏာအတွက်ကို့ရဲ့လုပ်ဖော်ကိုင်ဖတ်ညီအကိုမောင်နှမတွေကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ဒီလိုလူတွေရဲ့လတ်ထဲသာနိုင်ငံကိုအပ်လိုက်ရင်တော့မတွေးဝင့်စရာပါပဲ။ဒီမြောက်ပိုင်းကလူသတ်မှူ့ရဲ့တရာခံတွေကိုအမြန်ဆုံးဖော်ထုက်ပီးသူတို့နဲ့ထိုက်တန်တဲ့အပြစ်ဒဏ်တွေကိုချမှတ်နိုင်အောင်ကျိုးစားရပါမယ်၊၊သင်ပုန်းချေဖို့ပြောနေသူတွေကိုတော့လုံးဝကိုရှုန့်ချပါတယ်။ဒါဟာရာဇဝတ်မှူ့ဖစ်ပြီးရနေ့မြန်မာနိုငံရဲ့ပြောင်းလည်းမှူ့ဖြစ်စဉ်တွေမှာတရားစီရင်မှူ့ဟာလည်းဘယ်လောက်အထိပြောင်းလည်းလာပြီလည်း၊တရားမျှတတဲ့တရားစီရင်ရေးဟာမြန်မာနိုင်ငံမှာဖြစ်ပေါ်လာပီလားဆိုတာကိုစမ်းသက်မဲ့ဖြစ်စဉ်တခုလို့လည်းပြောရမှာပါနိုင်အောင်နဲ့သူ့လူတွေသာတကယ်အပြစ်ရှိတယ်ဆိုရင်တော့မှန်ကန်တဲ့တရားစီရင်မှူ့နဲ့ထိုက်တန်တဲ့အပြစ်ဒဏ်တွေချမှတ်နိုင်မယ်လို့မျှော်လင့်ပါတယ်။မြန်မာနိုင်ငံမှာမှန်ကန်မျှတပြီးအဂတိလိုက်စားမှူ့ကင်းတဲ့တရားစီရင်ရေးပေါ်ပေါက်လာနိုင်ပါစေလို့ဆုတောင်းပါတယ်
    6 hours ago · Edited · · 3
  • Wonderfool Rock ဒီမြောက်ပိုင်းအမှူ့ရဲ့ရိုက်ခိုက်မှူ့ကြောင့်မြန်မာ့နိုင်ငံရေးမှာအကွဲအပြဲတွေဖြစ်ပေါ်လာနိုင်တယ်လို့ကျနော်တော့ထင်မိတယ်။အခူလက်ရှိနိုင်ငံရေးလှုပ်ရှားမှူ့တွေမှာပါဝင်နေကျသူတွေအထဲမှာဒီအမှူ့အပေါ်မှာကိုပဲရပ်တည်မှူ့တွေနဲ့သဘောထားကွဲလွဲမှူ့တွေဖြစ်လာနိုင်ပြီးနောက်ဆုံးနိုင်ငံရေးသဘောထားကွဲလွဲမှူ့တွေအထိဖြစ်လာနိုင်ပါတယ်၊ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်တော့ဒီအပေါ်မှာအခွင့်ကောင်းယူပီးမိုးသီးဇွန်နိုင်အောင်တို့ဟာသူတို့နေရာရအောင်သွေးထိုးမှူ့တွေလုပ်မှာသေခြာပါပဲ။ဒီလိုကွဲလွဲမှူ့တွေဖြစ်လာရင်ကျိတ်ပီးဝမ်းသာနေမဲ့သူတွေကိုလဲမြင်နေရပါတယ်၊ဒီလူတွေကလည်းဒီလိုအကွဲအပြဲတွေဖြစ်လာအောင်ကိုနည်းလမ်းအစုံနဲ့ကိုကြိုးစားလှုံဆော်နိုင်တယ်၊ဒါကိုကျနော်တို့ရဲ့ခေါင်းဆောင်တွေနဲ့အကိုတွေအမတွေဟာလိမ်မာပါးနပ်စွာနဲ့ရှောင်တိမ်းနိုင်မယ်လိုယုံကြည်ပါတယ်။မိုးသီးဇွန်တို့အောင်နိုင်တို့ကိုခုဗီစာပေးတာတွေဒီမြောက်ပိုင်းလူသတ်မှူကိုရဲစခန်းမှာတိုင်ကြားတာကိုလတ်ခံလိုက်တာတွေဟာတိုက်ဆိုင်မှူမဟုတ်သလို၊ဒါတွေရဲ့နောက်မှာဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေကလည်းအများကြီးပါ။ဒီစာပိုဒ်ကျနော်ရဲ့သဘောထားအမြင်သက်သက်မျှသာဖြစ်ပါတယ်၊၊ဒီအပေါ်မှာလွတ်လပ်စွာသဘောထားကွဲလွဲနိုင်ကျပါတတယ်မြန်မာပြည်နဲ့ပြည်သူတွေအတွက်ဘဝနဲ့အသတ်တွေရင်းပီးတိုက်ပွဲဝင်နေတုံးအာဏာရူးဖက်စစ်ဝါဒီလူတစုရဲ့လူမဆန်သတ်ဖြတ်နှိတ်စတ်ချင်းခံခဲ့ရတဲ့ကျနော်တို့ရဲ့သူရဲကောင်းအကိုအမတွေအားလုံးအတွက်အမှန်တရားပေါ်ပေါက်လာပါစေ။အားလုံးကောင်းရာမွန်ရာရောက်ကျပါစေလို့ဆုတောင်းပါတယ်.
    6 hours ago · Edited · · 2
  • Jademan Mandalay လူသတ်တဲ့ကောင် လူသတ်တဲ့ပြစ်မှုအရင်ရှင်းလေ မင်းရဲ့ ပါဝါ မြင့်လို့  တရားစွဲမရတာလား အပြစ်က ကြာရင်ပျောက်သွားလား မဟုတ်လို့ လား မင်းတို့ သတ်တာ သိတဲ့လူတွေ အများကြီးရှိတယ် မင်းဖြစ်ဖြစ် မင်းတို့့ ဖြစ်ဖြစ် သေချင်းဆိုးနဲ့သေပါစေကွာ
    6 hours ago ·
  • Woo Waar လူ နှင့် လူ့ပတ်ဝန်းကျင် တရားမျှတမှု့က အရေးအကြီးဆုံးပါ။
    6 hours ago · · 2
  • Aung Myint Oo ဒီလူတွေအကြောင်းကိုကျနော်တို့လိုသာ
    မန်လူတွေနဲ့မျိုးဆက်သစ်တွေကသေသေ
    ချာချာမသိဘူးဗျ။မယုံနိုင်အောင်ပါဘဲလား။
    6 hours ago · · 1
  • Aung Than Nyunt Aungnilai Wonderfool Roc...ရေညီလေးပြောတာနဲ့ တွေးတာလမ်းကြပါတယ်၊လူတော်တော်များများသတိထားမိနေတဲ့ တစ်ဖက်ရဲ့ လည့်ကွက်တွေကိုတော့ သတိထားကြရမှာပေါ့ ။အကွဲအပြဲတွေဖြစ်လာမှာကိုကြောက်လို့ ဒီလိုရာဇဝတ်မှူ့ ကြီးကိုဘေးဖယ်ထားလိုက်မယ်ဆိုရင်လည်းကောင်းသောပေါင်းစည်းမှူ့ တွေဖြစ်မလာနိုင်ဘူးလို့ အစ်ကိုထင်ပါတယ်။
    6 hours ago · · 1
  • Yu Aung ဒီလူတွေမြနမာပြည်ပြန်လာတာဘယ်သူတွေမှန်းမသိဘူး။
    ကျွန်တောတု့မသိလို့ဆက်ပြောပြပါအုံ်း
    6 hours ago ·
  • Jit Too Lay ဘာပဲဖြစ်ဖြစ်သူတို့ကျူးလွန်ခဲ့တဲ့ပစ်မှုတွေအတွက်သူတို့မျာတာဝန်ရှိတယ်။ဒီလူတွေကိုအပစ်ပေးမှတကယ့်နိုင်င့အတွက်တိုက်ပွဲဝင်ခဲ့တဲ့
    6 hours ago ·
  • Aung Than Nyunt Aungnilaiကိုယုအောင်ရေပြောရရင်တော့အရှည်ကြီးပါဗျာ။အကောင်းဆုံးကတော့ မြန်မာပြည်မှာမကြာသေးခင်ကထွက်တဲ့ (ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်)ဆိုတဲ့ စာအုပ်ကိုရှာဖတ်စေခြင်ပါတယ်။
    6 hours ago ·
  • Jit Too Lay ဘာပဲဖြစ်ဖြစ်သူတို့ကျူးလွန်ခဲ့တဲ့ပစ်မှုတွေအတွက်သူတို့မျာတာဝန်ရှိတယ်။ဒီလူတွေကိုအပစ်ပေးမှတကယ့်နိုင်င့အတွက်တိုက်ပွဲဝင်ခဲ့တျဲ့ကျာင်းသားတပ်မတော်ကြီးဟာသန့်ရှင်းမယ်
    5 hours ago · · 2
  • Aung Myint Oo ကိုAung Than Nyunt ရေ-ဆက်ပါဦးဗျ။
    စောင့်ကြည့်နေပါတယ်။
    5 hours ago · · 1
  • Yu Aung ကျေးဇူးပဲဗျာ။ကျွန်တော်ရှာဝယ်ပြီးနောက်လူတွေအထိလက်ဆင့်ကမ်းလိုက်ပါမယ်
    5 hours ago · · 1
  • Aung Than Nyunt Aungnilai ကိုအောင်မြင့် ဦးခင်ဗျား အစ်ကိုအချိန်ရမယ်ဆိုရင်လင်္ကာnothern ဆိုဒ်မှာဝင်ဖတ်ကြည့် စေခြင်ပါတယ်။ကျွန်တော်ကပြန်ပြောပြရတဲ့ အခါကြတော့ အပိုအလိုတွေဖြစ်မှာစိုးရိမ်လို့ ပါ။
    5 hours ago ·
  • Aung Myint Oo ဟုတ်ကဲ့:၊ကျေးဇူးတင်ပါတယ်ခင်ဗျား။
    5 hours ago · · 1
  • Aung Than Nyunt Aungnilai ABSDF nothern လို့ ရှာရင်လည်းရပါတယ်။
    5 hours ago · · 1
  • Wonderfool Rock
    ako Aung Than Nyunt Aungnilai ရေအကိုပြောတာကိုသဘောတူပါတယ်၊၊ဒီအမှူကြီးကိုဘယ်လိုမှဘေးဖယ်ထားလို့မရပါဘူး၊၊ဒီလိုသာမျြက်ကွယ်ပြူလိုက်မယ်ဆိုရင်မတရားခံခဲ့ရတဲ့ကျနော်တို့ရဲ့အကိုအမတွေအပေါ်မှာရက်စက်ပြီးတာဝန်မဲ့ရာကျပါမယ်ပြီးတော့မလိုလားအပ်တဲ့အထင်အမြင်လွဲမှုတေ
ွနဲ့ရန်ညှိုးဖွဲ့မှုတွေဟာနိုင်ငံရေးမိတ်ဆွေတွေကြားမှာဖြစ်လာနိုင်မယ်ထင်တယ်အကို။ပြီးတော့တရာခံတွေကိုပိုပီးနိုင်ငံရေးမှာဝင်ရှုက်ဖို့အခွင့်ရေးရပီးတော့ပြည်သူတွေကလည်းမြန်မာနိုင်ငံရဲ့တရားရေးကိုအယုံကြည်မဲ့သွားပါမယ်၊၊အမှန်တော့အခုလတ်ရှိကိုပဲယုံကြည်မှုသိပ်မရှိကျပါဘူး၊ကျနော်အပါအဝင်ပေါ့ဒီတော့အစိုးရအတွက်လည်းဒီအချိန်ဟာပြည်သူရဲ့ယုံကြည်မှုကိုယူဖို့မှန်ကန်ပြီးတရားမျှတစွာအဂတိကင်းကင်းနဲ့ဒီအမှုကိုကိုင်တွယ်လိတ်မယ်လို့ထင်ပါတယ်၊မျှော်လည်းမျှော်လင့်နေတယ်အကို။ရှင်းရှင်းပြောရရင်တော့မိုးသီးဇွန်နဲ့နိုင်အောင်တို့ကိုမြန်မာ့နိုင်ငံရေးမှာပါဝင်လာမှာကိုကျနော်တဦးထဲရဲဆဒ္ဓအရဆိုလုံးဝကိုမကြိုက်ပါဘူး၊အယုံအကြည်လဲမရှိတော့ပါဘူး၊.
    4 hours ago · · 1
  • Kyawnainghtun Umaunghlaingအရမ်းစိတ်ဝင်စားလာပြီ မှန်မှန်ကန်ကန်ဆက်ရေးကြပါ
    3 hours ago ·
  • Aung Myint Oo ကိုAung Than Nyuntပေးတဲ့ဆိုဒ်တွေမှာဝင်ကြည့်ပြီးပါပြီ။
    Thank you so much. .
    3 hours ago ·

1 comment:

  1. မင်းတို့ကွာ................................

    ReplyDelete