မြောက်ပိုင်းကိစ္စကို ကျနော့်အနေနဲ့ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စလိုပဲ
သဘောထားပါတယ်... ဘယ်သူပဲ ပါဝင်ပတ်သတ်နေခဲ့ပါစေ
အဖြစ်မှန်ပေါ်စေချင်တယ်... ပေါ်အောင်လဲ ဖော်ပါမယ်...
ဒီပြသနာကို ကိုထိန်လင်းရေးစတုန်းက လုံးဝ မယုံပါဘူး...
ဒီလောက်အထိ ယုတ်မာမယ်လို့လဲ ထင်မထားမိဘူး...
ဓားနဲ့ လက်ကိုခုတ်ဖြတ် ညီတော်သူကို ကိုက်ခိုင်းထားပြီး
သွေးတွေကို မျိုချခိုင်းတယ်တဲ့... တခါမှ မကြားဖူးဘူးဗျာ...
အဲ့ဒါနဲ့ ဘေးမှာ ချထားတဲ့ ခဲတံချွန်ဓားက

ို ယူပြီး လက်ကို
ထိုးစိုက်လိုက်တယ်... ကိုယ်တိုင် စပါးလုံးတထောက်ထက်
ပိုအောင် မထိုးသွင်းနိုင်ပါဘူး နာတယ် သွေးတွေထွက်တယ်
တအားနာတယ်... ခံစားလို့ ရသွားတယ်... စမ်းကြည့်ပါ...
လက်ကိုမိုင်းကပ်ပြီး ခွဲတယ်ဆိုလို့ ဗျောက်အိုးတလုံး လက်ထဲမှာ
ကိုင်ပြီး ဖောက်ပစ်လိုက်တယ်ဗျာ... လက်ညိုးလက်မလက်ခလယ်
သုံးချောင်းလုံး ထူပူပြီး ပြတ်ကျသွားပြီတောင် ထင်ရတယ်...
နှစ်ရက်လောက် ယမ်းနံ့မပြယ်ပါဘူး... သီတင်းလဲ ကျွတ်ခါနီးပြီ
လက်တွေ့သာ ရဲရဲကြီး စမ်းသပ်လိုက်ပါ... ပြီးမှပဲ ဒီကေ့စ်ကို ယုံကြပါ။

No comments:
Post a Comment