Wednesday, September 5, 2012

ပါချောင်စခန်းကိစ္စ(ဦး)မိုးသီးဇွန်၊ဦးထွန်းအောင်ကျော်တို့၏ရှင်းလင်းချက်


8 hours ago

7 Days News သတင်းစာပါ

ပါချောင်စခန်းကိစ္စ(ဦး)မိုးသီးဇွန်၊ဦးထွန်းအောင်ကျော်တို့၏ရှင်းလင်းချက်

ABSDF(မြောက်ပိုင်း)တွင် ၁၉၉၂ခုနှစ်ဝန်းကျင်တွင် ဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး
ABSDF(ဗဟို)၏ ဥက္ကဌဟောင်းနှစ်ဦးဖြစ်သူ ဦးထွန်းအောင်ကျော်နှင့် ဦးမိုးသီးဇွန်တို့အား
စက်တင်ဘာ(၃)ရက်တွင် ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားချက်များအနက်အချို့ကိုကောက်နှုတ်ဖော်ပြလိုက်ပါသည်။
မေးသူ-ထွန်းခိုင်

မေး-မြောက်ပိုင်းကိစ္စကိုစွပ်စွဲချက်တွေရှိတယ်။ အဲဒီ့ကိစ္စကိုရောဖြေရှင်းချက် ဒါမှမဟုတ်
ကြေငြာချက်တစုံတရာ ထုတ်ပေးခဲ့ဖို့ရှိပါသလား။

ဦးထွန်းအောင်ကျော် - မြောက်ပိုင်းနဲ့ပတ်သက်လို့ကABSDF ကို ပထမဆုံးတည်ထောင်ခဲ့တဲ့
ဥက္ကဌတယောက်အနေနဲ့ ရှင်းရှင်းလင်းလင်းပြောရရင်အင်မတန်ကြေကွဲဝမ်းနည်းခဲ့ရတယ်။ ခံပြင်းဒေါသထွက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ABSDF ဟာ ကျောင်းသားတပ်မတော်ဖြစ်တယ်။ကျောင်းသားတပ်မတော်ဟာ ခွပ်ဒေါင်းစိတ်ဓါတ်နဲ့
ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့ ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ဖြစ်
တယ်။ အဲဒီ့တပ်မတော်ဟာ လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ တချို့လွဲမှားတဲ့ခေါင်းဆောင်တွေ
ရဲ့အာဏာရူးမှု၊ နောက်ပြီးတော့ အတွေ့အကြုံမရင့်ကျက်မှုတွေကြောင့် ကျွန်တော်တို့ ABSDF ဟာအမည်းစက်စွန်းထင်းခဲ့ရတယ်။ ဒါကြောင့် မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး အမှန်တရားပေါ်
ပေါက်ရေးကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီးတော့ပါဝင်တယ်။ အမှန်တရားပေါ်ပေါက်ရေး
အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှကျွန်တော်တို့လုပ်နေတယ်။ မြောက်ပိုင်းကိစ္စနဲ့ပတ်သက်လို့
ခံခဲ့ရတဲ့ အသက်မသေပဲကျန်ခဲ့ရတဲ့လူတွေနဲ့လည်း ကျွန်တော်တို့ထဲထဲဝင်ဝင် အဆက်အသွယ်
ရှိပါတယ်။ သူတို့မိဘတွေအတွက်လည်း ကျွန်တော်တို့ဝမ်းနည်းတယ်။ မိဘတွေကသူတို့
သားသမီးတွေရဲ့ ဂုဏ်သရေပြန်ဆယ်နိုင်ဖို့ ပြည်သူတွေကြားထဲမှာ သူတို့သားသမီးတွေဟာ
ဒီမိုကရေစီတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေဖြစ်တယ်ဆိုတာမျိုး ဖြစ်နိုင်ဖို့၊
အသိအမှတ်ပြုခံနိုင်ဖို့ ကျွန်တော်တို့ကြိုးစားပြီး လုပ်ဆောင်သွားမှာဖြစ်တယ်။

မေး-အဲဒီ့ကိစ္စကိုသမ္မတနဲ့တွေ့တဲ့အခါဘယ်လိုဖြေရှင်းမလဲဆိုတာသိချင်ပါတယ်။

ဦးမိုးသီးဇွန်- ကျွန်တော့်အနေနဲ့တော့ မြောက်ပိုင်းရဲဘော်တွေကို မေးစေချင်တယ်။ သူတို့ရဲ့
ခံစားချက်တွေကို ကျွန်တော်တို့နားထောင်ချင်တယ်။ သူတို့ကိုဖြေစေချင်တယ်။ အဓိကကတော့
မြောက်ပိုင်းရဲဘော်တွေအားလုံး ပြန်လာဖို့ ဖိတ်ခေါ်တယ်။ အမှုမှန်ပေါ်ပေါက်နိုင်ဖို့အတွက် ကျွန်တော်သမ္မတနဲ့တွေ့လည်း ဆွေးနွေးပါ့မယ်။ ဒီမှာဥပဒေရှိပါတယ်။

အခု ABSDF ရဲ့ဥက္ကဌဟောင်းတွေ မြန်မာနိုင်ငံကို ရောက်နေကြပါတယ်။ အကိုတို့အနေနဲ့ သမိုင်း
အမှန်ကိုဖော်ထုတ်ဖို့အားလုံးညှိုနှိုင်းပြီးများ သမိုင်းအမှန်ကိုချန်ခဲ့နိုင်မလား။

ဦးမိုးသီးဇွန်- မြောက်ပိုင်းရဲဘော်တွေအားလုံးကို ကျွန်တော်တို့ ရဲဘော်တွေအဖြစ်နဲ့ အသိအမှတ်
ပြုပါတယ်။ အဲဒါလည်း ဒီသတင်းစာရှင်းလင်းပွဲမှာ တခါတည်းရှင်းရှင်းလင်းလင်းသိစေချင်တယ်။
မဲဆောက်နယ်စပ်မှာတုန်းက မနန်းထွေးအောင်ကြည်၊ ကိုထိန်လင်း၊ မနန်းစောတို့နဲ့တွေ့တယ်။
သူတို့လည်း ကိုယ်တွေ့အိပ်မက်ဆိုးကြီးကြုံလာခဲ့ရတာကိုး။ ကြုံလာခဲ့ကြတဲ့အခါကျတော့
ကျွန်တော်တို့ငိုကြတယ်။ သူတို့်ခံစားချက်တွေ၊ သူတို့လွတ်ဖို့အတွက် အစွမ်းကုန်ကြိုးစားပေးခဲ့
ကြတယ်။ ခွပ်ဒေါင်းအလံတလက်စီပြန်ပြီးတော့ Honor လုပ်ပေးခဲ့တယ်။ အဓိပ္ပယ်က မင်းတို့
အားလုံးကငါတို့ရဲ့ရဲဘော်တွေပါလို့။ အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ခေါင်းဆောင်တေ
အကုန်လုံးက။ သူတို့ကရန်သူ့လူတွေမဟုတ်ဘူး။ သူတို့က ကျွန်တော်တို့ရဲ့ညီငယ်ညီမငယ်တွေ၊
ရဲဘ်ာရဲဘက်တွေ။ စနစ်ဆိုးကြီးအောက်မှာ ကျွန်တော်တို့က တရားခံတွေဖြစ်သွားရတာ။ သူတို့
မိသားစုတွေနဲ့ ကျွန်တော်တို့သွားတွေ့မယ်။ ကွယ်လွန်သွားတဲ့ သေဆုံးသွားတဲ့ ရဲဘော်တွေရဲ့
မိသားစုတွေနဲ့သွားတွေ့မယ်၊အားပေးမယ်။ သွားပြီးတော့ဂုဏ်ပြုပါမယ်။ အဲဒါအစီအစဉ်ရှိပါတယ်။

မေး-သမိုင်းကလွဲနေတော့ ၂၁ရက်အတွင်း(နေထိုင်ခွင့်ရသည့်ရက်) မှာအဖြေထုတ်ပေးဖို့အစီအစဉ်
များရှိပါသလား။

အဖြေထုတ်စရာလာလိုတော့လဲ။ ဒါရှင်းနေပြီ။ ဒါကျွန်တော်တို့ရဲ့ဘော်တွေ။ ဒါကျွန်တော်တို့ရဲ့ ညီတွေ၊ညီမငယ်တွေ။ ဒီ့ထက်အဖြေကောင်းတာဘာရှိတော့မလဲ။ ပြည်သူလူထုဘက်ကျွန်တော်
ပြောပေးပါ့မယ်။ ကျွန်တော်တို့ဆက်ပြီးတော့ အခုခင်ဗျားတို့က မီဒီယာတွေ ခင်ဗျားတို့ကို အား
ကိုးပါတယ်၊ ယုံကြည်ပါတယ်။ ဒီသတင်းစကားကို ပို့ပေးပါ။ ဒီရဲဘော်တွေကို အထူးသဖြင့် သေဆုံး
သွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေဆီပို့ပေးပါ။ ကျွန်တော်တို့ရဲ့ ရဲဘော်တွေ ဂုဏ်ပြုရမယ်။
အဲဒီ့အတွက် ကျွန်တော်တို့အချက်အလက်တွေ လျှောက်မေးနေရင် ပြီးမှာမဟုတ်ဘူး။ ဒါကျွန်တော်
တို့ရဲ့ ရဲဘော်တွေ၊ ကျွန်တော်တို့ရဲ့ညီအကိုတွေ Part of our body ပဲ။

မေး- မြောက်ပိုင်းမှာကျန်ခဲ့တဲ့ကျောင်းသားတွေအကုန်လုံးကရော မီဒီယာတွေကို အလယ်မှာထားပြီး
နှစ်ဖက်သတင်းစာရှင်းလင်းပွဲလုပ်ချင်တယ်လို့ ဟိုနေ့ကသွားမေးတော့ပြောဖူးပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးလုပ်ဖို့ရှိလား။

ဦးမိုးသီးဇွန်- ကျွန်တော်ဒီကိစ္စကိုဒီမှာရှင်းပါမယ်။ ကျွန်တော်သူတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး
တော့ ဟိုဘက်ဒီဘက်ကြားနာဖို့ အစီအစဉ်မရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လာခဲ့ရတဲ့ အချိန်အကန့်အသတ်ကြောင့်။အခုဆွေးနွေးချက်တွေအရ စက်တင်ဘာ ၁၇ရက်နေ့ဆို ကျွန်တော်အမေရိကန်ကိုပြန်ရမဲ့ပုံစံတောင်ရှိပါတယ်။ အလုပ်တာဝန်တွေပေါ့။ သမ္မတရဲ့ခရီးစဉ်
အတွက် ချောမွေ့ဖို့အတွက်ကို အမေရိကန်အစိုးရနဲ့ဆွေးနွေးပေးဖို့။ ဒါတွေကရဲဘော်တို့အတွက်
ညီအကိုမောင်နှမတွေအတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်တဲ့ကိစ္စတွေအားလုံးက သူတို့ကို
ကျွန်တော်တို့ အပြန်အလှန်ဆွေးနွေးနေဖို့ ဒီတခေါက်မှာမရှိပါဘူး။ ဒါပေမဲ့ ဒီတခေါက်မှာ ကျွန်တော်အလုပ်ချင်ဆုံးဆန္ဒက သူတို့ကိုကျွန်တော် ဂုဏ်ပြုချင်တဲ့ဟာပဲ။ အဲလိုအခမ်းအနား
ကိုကျွန်တော်လုပ်ချင်တယ်။ သူတို့နဲ့ဆွေးနွေးမယ်။ကျွန်တော်တို့ရဲ့ ရဲဘော်တွေအဖြစ်နဲ့ ပြန်လည်ဂုဏ်ပြုမယ်။ အခုဥက္ကဌ ၂ယောက်ရောက်နေတယ်။ သူ(ကိုထွန်းအောင်ကျော်)က ပထမဦးဆုံးအကြိမ်ဥက္ကဌ၊ ကျွန်တော်ကဒုတိယအကြိမ်မြောက် ရဲဘော်တယောက်။ အဲဒါ ဘာလို့ပြန်လည်ဆွေးနွေးပြီး အဖြစ်မှန်ဖော်ထုတ်မလဲ။ ကျွန်တော်တို့
သိနိုင်ခဲ့ပြီပဲ။ ကျွန်တော်တို့သိသွားပြီ။ ဒီကိစ္စကြီးကို ကျွန်တော်တို့သိနေကြပြီ။ ဒါဟာ အမှန်တရား
ကို ဘာလဲဆိုတာဂုဏ်ပဲပြုချင်တယ် ကျွန်တော်က။
ဦးထွန်းအောင်ကျော်- မြောက်ပိုင်းကရဲဘော်တွေနဲ့ကျွန်တော်တွေ့ချင်တယ်ဗျ။ တွေ့ဖို့လည်းအခွင့်အရေးပေးမယ်ဆိုရင်တွေ့မယ်။သပ်သပ် ကျွန်တော်တွေ့ချင်တယ်။နောက်ပြီးတော့ တပွဲ သပ်သပ်ကျွန်တော်တွေ့ချင်တယ်

(7 days news ဂျာနယ်ပါသတင်းအားကူးယူဖော်ပြပါသည်။)
Photo- Internet



    • ဘယ်သန် ဘမှန် ဒီလူတွေကို ယုံဖို့ ခက်သွားပါပြီ ခေါင်းဆောင်ကောင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့  လုံးဝမထိုက်တန်တော့ပါဘူး ခေါင်းဆောင်ဆိုတာထက် ပေးဆပ်တဲ့နေရာကနေ မိုက်ကြွေးတွေကို ပြန်ပေးဆပ်သင့်ပါတယ်
      8 hours ago · · 2
    • ကိုဝိုင် ဝိုင်ကေ သတင်းအတွက်ကျေးဇူးပါ ။ တပ်ခ် ကိုတော့ ဖြုတ်လိုက်ပါတယ်။ ပုံကြီး စာမျက်နှာမှာ တည်နေလို့ပါ ။
      8 hours ago · · 4
    • Pearl Phyu စာချည်းသက်သက်ပြန်လုပ်ပေးပါ့မယ်....:)
      8 hours ago · · 4
    • Soe Paing ခွေးမသားမင်းဘာမှလုပ်ပေးဘိုမလိုဘူးကလားဆီဖင်ပဲခံ
      6 hours ago ·
    • Khin Yu Yu ဘာဖြစ်လို့ သူကမီဒီယာတွေအလယ်မှာဖိတ်ထားပြိးရှင်းမယ်ဆိုတာလက်မခံနိုင်ရတာလဲ။ လုပ်သေချင်တယ်။ဒါမှအားလုံးရှင်းသွားမှာ ။ သူမလုပ်ရဲဘူးလေ။
      4 hours ago · · 3
    • Kyaw Mgmgsoe ဝေ့လည်ကြောင်ပါတ်နဲ့ ဒီကောင်လူလိမ်ပါကွာ။

No comments:

Post a Comment