Wednesday, September 5, 2012

ဒီကနေ့မိုးသီး..မနက်ဖန်ကျနော်တို့လား?


by Ko Nyo on Tuesday, September 4, 2012 at 10:57am ·

ဒီကနေ့မိုးသီး..မနက်ဖန် ကျနော်တို့လား..။

အခုတလော ကြားနေရတဲ့သတင်းတွေ၊ဖတ်နေရတဲ့စာတွေကြောင့်အမျက်တွေစူးတယ်။

သတင်းသမားပီပီစာရေးချင်၊ပြောချင်ပေမဲ့ ကိုယ့်စာကအလိုမကျတာ၊

အမြင်မတူတာကိုချရေးပြီး၊

ဆူးပေါက်နေမှာမို့ဆင်ဆင်ခြင်ခြင်

နေလိုက်သေးတယ်။

ကိုယ့်အတွေ့အကြုံအတွေးအမြင်ကိုမြိုချလို့ရပေမဲ့

အဆိုးဘက်နွယ်တဲ့အတွေးအခေါ်နဲ့

စာတွေပိုပိုများနေတာ

ကျတော့မျက်ကွယ်ပြုထားသလိုစိတ်ထဲခံစားလာရတယ်၊

သတင်းသမားတယောက်တာဝန်မကျေသလိုဖြစ်မှာစိုးလို့

ကိုယ့်စိတ်ထဲရှိတာကွယ်ဝှက်လည်းမနေ၊

ဟန်ဆောင်ပြီးလဲထိမ်းမနေချင်တော့ဘူး၊

ပွင့်ပွင့်လင်းလင်းဘဲရေးလိုက်တော့မယ်။

----------------

ဒီရက်ပိုင်းသတင်းတွေထဲမှာထိတ်ဆုံးကလှုတ်ခတ်တဲ့သတင်းက

ပြည်ပရောက် ABSDFကျောင်းသားခေါင်းဆောင်ဟောင်းတချို့နဲ့

အမေရိကားကနိုင်ငံရေးလှုပ်ရှားသူ

၈၈ကျောင်းသားတချို့ပြည်တော်ပြန်ခရီးဖြစ်တယ်။အမှန်တော့

သူတို့မသွားခင်ကတဲကအပြင်မှာပူညံပူညံအချင်းများနေတာ။

ပြည်ပရောက်ကျောင်းသားအားလုံးကိုကိုယ်စားပြုသွားမှာလား?၊

ဘယ်သူ့ကိုကိုယ်စားပြုပြီး၊ဘယ်သူနဲ့တွေ့၊ဘာတွေဆွေးနွေးမှာလဲ? နိုင်ငံရေးအကျဉ်းသားတွေကိုဆက်ဖမ်းထားသလို၊ပြည်တွင်း၈၈အုပ်စုတွေက

ပြည်ပကျောင်းသားတွေဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရေးလုပ်နေချိန်၊

ဒီလိုခွဲခြားပြီးသွားသင့်သလား?

ကချင်စစ်မီးဟုန်းဟုန်းတောက်နေတဲ့

ဒီလိုကာလသွားသင့်ရဲ့လား?၊အပြင်မှာလုပ်စရာကုန်ပြီလား?

စတဲ့စတဲ့မေးခွန်တွေကို

အင်တာနက်ချပ်တင်တွေ၊အွန်လိုင်းMeetingတွေ၊

Debateတွေနဲ့အချိန်အတော်ကြာလုပ်ခဲ့ကြတယ်လို့သိထားပါတယ်။

ကျနော်ကိုမိုးသီး၊ကိုထွန်းအောင်ကျော်၊

ကိုမူးသာတို့နဲ့မေးမြန်းကြည့်ရသလောက် သူတို့ဟာ

ပြည်ပရောက်၊ဘယ်အဖွဲ့၊ဘယ်သူ့ကိုမှကိုယ်စားမပြုဘူး၊

မိမိကိုယ်ကိုတာဝန်ယူမှု၊ကိုယ်စားပြုမှုနဲ့ဘဲ

သွားမှာလို့ပြောခဲ့ဖူးပါတယ်။

သူတို့ ကိုယ့်ဖာသာကိုယ်တာဝန်ယူမှုနဲ့ပြည်တော်ဝင်ခရီးနှင်တယ်ဆိုပေမဲ့

အားလုံးနီးပါးက ၈၈ကျောင်းသားတွေ၊ပြီးတော့ တချိန်က

၊ကျောင်းသားတပ်မတော်ကိုဦးဆောင်ခဲ့သူတွေပါ။

သူတို့ကပြည်ပအင်အားစုတွေနဲ့မဆိုင်ပါဘူးလို့ဘယ်လိုဘဲပြောပြော၊

မဆိုင်လို့မရပါဘူး။

သူတို့သွားတဲ့ခရီးက တခြားနိုင်ငံကိုလော်ဘီလုပ်ဘို့သွားတဲ့ခရီးမဟုတ်သလို၊

ပုဂ္ဂိုလ်ရေးကိစ္စသွားကြတာမဟုတ်ဘူး၊မိသားစုဝင်တယောက်ယောက်

အသဲအသန်ဖြစ်လို့အရေးပေါ်သွားတွေတာမဟုတ်ဘူး။

၂၄နှစ်လောက်ပြည်ပမှာအကောင်းအဆိုးတွေနဲ့ရောပြွန်းနေထိုင်ပြီး၊

ကိုယ့်နိုင်ငံ၊စစ်ကျွန်ဘ၀ကလွတ်မြောက်ရေး၊ဒီမိုကရေစီရေးအတွက်၊

(အောင်မြင်တာ၊မအောင်မြင်တာအသာထား)လုပ်ခဲ့ကြသူတွေ

ဖြစ်တယ်။မိုးထဲလေထဲမှာတော်လှန်ရေးနဲ့၊နိုင်ငံရေးနဲ့

အင်မတန်တူတဲ့အလုပ်ဘဲဖြစ်ဖြစ်၊အင်မတန်မနီးစပ်တဲ့အလုပ်ဘဲ

ဖြစ်ဖြစ်လုပ်ခဲ့ကောင်းလုပ်ခဲ့

သူတွေဖြစ်တယ်။ မိုးသီးတို့ကိုထွန်းအောင်ကျော်တို့လိုဘဲပြည်ပရောက်

၈၈တောခိုသူတွေနဲ့နောက်ပိုင်းတောခိုလာသူတွေတိုင်းတပါးနဲ့နယ်စပ်ဒေသမှာ အငတ်ငတ်အပြတ်ပြတ်နဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေ

နေ့နေ့ညညတွေးတော၊ပြောဆို၊လုပ်ခဲ့ကြတာပဲမဟုတ်လား?

တတိယနိုင်ငံတွေရောက်တော့လည်းတဘက်က

မိသားစုနဲ့ဝမ်းစာအတွက်(အသက်တွေကြီးပြီး၊မလုပ်ခဲ့ဘူးတဲ့အလုပ်တွေကို)

ပင်ပင်ပမ်းပမ်းလုပ်ရင်းအကြွေးတွေနဲ့ရပ်တည်နေရတယ်။

တဘက်ကကိုယ်ယုံကြည်တဲ့နိုင်ငံရေးအပေါ်ဆက်လုပ်ရင်း

(ကိုယ်မလုပ်တောင်လုပ်နေသူတွေကိုအားပေး၊ထောက်ပံ့)နေခဲ့ကြတယ်။

ဒါဟာဖြစ်စဉ်အမှန်၊တတိယနိုင်ငံရောက်နေသူတိုင်းချမ်းသာသူတွေမဟုတ်သလို၊

ချမ်းသာနေသူတိုင်းကလည်းပြည်တွင်းကအချောင်သမား

ခေတ်ပျက်သူဌေးတွေလိုဗြုန်းစားကြီးကြီးပွားခဲ့ကြတာမဟုတ်ဘူး။

သူတို့ချွေးတွေ၊လေ့လာမှုတွေ၊

သီးခံစိတ်၊လုံ့လ၊၀ီရိယတွေနဲ့အားထုတ်ကျိုးပမ်းခဲ့ကြတာပါ။

ငယ်ရွယ်ပြီး၊ပညာသင်နိုင်တဲ့ပြည်ပ

ရောက်တော်လှန်ရေးကျောင်းသားတွေကဆက်ပြီး

ပညာသင်နိုင်ပေမဲ့၊အသက်အရွယ်ရလာမှ

တတိယနိုင်ငံရောက်သူတွေကမနိုင်ဝန်ထမ်း၊အများတကာမလုပ်ချင်တဲ့၊

ကိုယ်လည်းစိတ်မ၀င်စားတဲ့အလုပ်တွေကိုလုပ်ရင်း

မိသားစုဝမ်းစာနဲ့သားသမီးတွေစနစ်တကျကြီးပြင်းနိုင်ဘို့ပေးဆပ်

နေရတယ်။ဒါကိုယ်တွေ့။ဒီနေရာမှာ၊ နိုင်ငံရေးတက်ကြွသူတွေမဟုတ်တဲ့၊

ပြည်ပမှာအခြေစိုက်နေထိုင်တဲ့သာမန်မြန်မာပြည်ဘွားညီအကိုတွေကို

ဆိုလိုတာမဟုတ်ဘူး။အဲလိုသာမန်ကိုယ့်နိုင်ငံသားပြည်သူတွေတောင်

စစ်အာဏာရှင်ဆန့်ကျင်ရေးကို တတ်စွမ်းသလောက်

အားပေးကူညီပြီးပါဝင်နေတာတွေရှိပါတယ်။

ဆိုလိုတာက ပြည်ပရောက်တိုင်းအချောင်သမားတွေ မဟုတ်ဖူး။

ကိုမိုးသီးတို့၊ကိုထွန်းအောင်ကျော်တို့မှားတာမှန်တာအပထား၊

သူတို့စွန့်လွှတ်ခဲ့တာ၊အနစ်နာခံခဲ့တာ

ကိုယ်နိုင်ငံအတွက်အချိန်တွေပေး၊လေ့လာကြတာ၊ပြောဆိုကြတာ၊

အာရုံနှစ်ပြီးလှုပ်ရှားနေတာကိုတော့အသိအမှတ်ပြုပေးရမယ်။

အတိတ်ကသူတို့မှားခဲ့တာကိုသူတို့ခံရမှာဘဲ။ဒါမငြင်းလိုဘူး။

သူတို့မှားလို့ တစုံလုံးခံခဲ့ရတာတွေလည်းမငြင်းလိုဘူး။

ဒါပေမဲ့၊လူဆိုတာအမြဲတန်းမမှားနိုင်သလို၊

မှန်အောင်ကျိုးစားလုပ်ကိုင်နေသူတွေကိုကိုယ့်အသိုင်းအ၀ိုင်းကနေ

ဆွဲခွါထုတ်ပယ်တာမျိုးမလုပ်သင့်ဘူး။

အပြစ်ရှိရင်လည်းအများကပြစ်ထားမှာမဟုတ်ဘူး။

ကိုမိုးသီးကိုကျနော်စကားပြောဘူးတယ်၊ခင်ပါတယ်၊

ဒီနေ့အထိလူချင်းမဆုံဘူးဖူး။

ကိုမိုးသီးအတွေးအခေါ်တိုင်းလဲကျနော်မကြိုက်ဘူး။

သူ့အတွေးအခေါ်ကြောင့်ကျနော်တို့တတွေဒုက္ခရောက်ဖူးတယ်။

ဥပမာ.သူဥက္ကဌတာဝန်ယူခဲ့စဉ်..ABSDFရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့

“တော်လှန်ရေးသည်

ငါတို့ကျောင်း၊ငါတို့တက္ကသိုလ်” ဆိုတဲ့ကြွေးကြော်သံကိုသဘောကျမိလို့

အရွယ်ကောင်းစဉ်လိုအပ်တဲ့အထောက်အကူပြုပညာတွေမသင်ခဲ့ဘဲ၊

လက်နက်ကိုင်နယ်ပယ်နဲ့၊Activistလှုပ်ရှား

တက်ကြွသူဘ၀ထဲမှာတ၀ဲလည်လည်ဖြစ်ပြီး

ဘ၀တွေမရေမရာဖြစ်သွားကြတာမနည်းဘူး။

အိန္ဒိယနိုင်ငံနယူးဒေလီမှာကျနော်တို့နိုင်ငံရေးလှုပ်ရှားတဲ့

မြန်မာကျောင်းသားတွေအဖြစ်ရပ်တည်

နေထိုင်စဉ်က ကိုယ့်ထက်ငယ်ပြီးပညာသင်ဘို့ကောင်းတဲ့

အသက် ၂၀ကျော် လူငယ်တွေကိုပညာသင်ဘို့တိုက်တွန်းတော့

“တော်လှန်ရေးဟာကျနော်တို့တက္ကသိုလ်ဘဲဗျ”

လို့ထိထိမိမိဆင်ခြေပေးပြီးအတွေးခေါင်သွားသူတွေအမှန်ဘဲရှိခဲ့တယ်။

ကျနော်တို့မှာ

မှန်ကန်တဲ့သဘောတရားတွေတပ်ဆင်ထားတဲ့ပညာတတ်ကေဒါတွေမမွေးထုတ်နိုင်ခဲ့ဘူး။

မှတ်မိတဲ့ဆောင်ပုဒ်တခုရှိသေးတယ်။

“ဗဟိုကော်မတီဝင်တွေကိုမျက်လုံးအိမ်သဖွယ်ကာကွယ်စောင့်ရှောက်ကြ”

ဆိုတဲ့ကြွေးကြော်ဆောင်ပုဒ်။ကျနော်တို့အတော်ရွံခဲ့တဲ့ဆောင်ပုဒ်။

ဒါပေမဲ့

ကျနော်တို့နဲ့ABSDFကဘယ်တုံးကမှမပတ်သက်ခဲ့သူတွေ၊

အိန္ဒိယအခြေစိုက်ABSLအဖွဲ့ကပါ။

အကြမ်းမဖက်နိုင်ငံရေးဘဲလုပ်ခဲ့တယ်။

နယ်မြေဒေသကွဲသလို၊အိုင်ဒီယာလည်းကွာတယ်။

ကိုမိုးသီးတို့အတွေးအခေါ်မကြိုက်ရင်

ကျနော်တို့သူ့နောက်မလိုက်ဖို့ဘဲရှိတယ်။သူ့ကိုပုဂ္ဂိုလ်

ရေးတွေထိုးနှက်တိုက်ခိုက်ပြီးဂုဏ်သရေမဲ့

သိက္ခာကျအောင်စော်ကားစရာမလိုဘူး။

ဒါလူယဉ်ကျေးအလုပ်မဟုတ်ဘူး။

ABSDFမြောက်ပိုင်းသတ်ဖြတ်မှုကိုအကြောင်းပြုပြီး

သူတို့ပြည်တော်ဝင်ချိန်နဲ့အချိန်ကိုက်

သတင်းစာရှင်းပွဲတွေ၊သတင်းဂျာနယ်အင်တာဗျူးတွေလုပ်တာတွေ့ရတယ်။

လုပ်သင့်တာလုပ်တာဘဲလို့ယူဆတယ်။အမှန်တရားဆိုတာတခါတခါ သူ့အလိုလိုပေါ်တတ်တာမဟုတ်၊ပယောဂတွေနဲ့ဖုံးကွယ်နေတတ်တယ်။

ဒါကိုသတိ၊၀ီိရိယနဲ့

အားထုတ်ဖော်ထုတ်ရတာတွေရှိတယ်။ဒါကိုလက်ခံတယ်။ကိုမိုးသီးတို့၊

ကိုနိုင်အောင်တို့ကိုယ်တိုင်လဲဒီကိစ္စကိုရှောင်လွှဲနေတာမဟုတ်ဘူး၊

ရင်ဆိုင်နေတာဘဲ။၁၉၉၃လာက်ထင်တယ်၊ကိုနိုင်အောင်

အနောက်ဘက်ဒေသမှာ ABSDFအလံစိုက်ဘို့ရောက်လာတယ်။

ကျနော်တို့ကမြန်မာကျောင်းသားများအဖွဲ့နာမည်နဲ့

နယူးဒေလီမှာမြေပေါ်နိုင်ငံရေးလုပ်ကြတယ်။အိန္ဒိအစိုးရ၀န်ကြီးတချို့နဲ့၊

အမတ်ဟောင်းတွေ၊နိုင်ငံရေးပါတီတချို့နဲ့NGOအဖွဲ့တချို့၊

သတင်းစာသမားတွေ၊အမျိုးသမီးအဖွဲ့အစည်းတွေက အားပေးတယ်၊

ကျနော်တို့လှုပ်ရှားမှုကိုထောက်ခံကူညီတယ်။

ပြောချင်တာက စစ်ရေးထက် နိုင်ငံရေးကိုအိန္ဒိယပြည်တွေက

အားပေးနေတဲ့အချိန်။မြန်မာအိန္ဒိယနယ်စပ်မှာ

တိုင်းရင်းသားသူပုန်အဖွဲ့တွေ(ချင်း၊ရခိုင်၊ဇိုမီး)အဖွဲ့တွေရှိတယ်။

အိန္ဒိအစိုးရထောက်လှမ်းရေးတို့၊စစ်တပ်တို့နဲ့ အဲဒီတိုင်းရင်းသား

သူပုန်လက်နက်ကိုင်တွေသိတ်ကင်းလို့မရဘူး၊

တနည်းပြောရရင်မလွတ်လပ်ဖူး၊လက်နက်ကိုင်တော်လှန်ရေးဟာ

အိန္ဒိယမှာမကြီးထွားနိုင်ဘူး၊ရေခံမြေခံမဟုတ်ဖူး။အဲ

ဒါကိုနိုင်အောင်လာတော့ရှင်းပြတယ်။သူကလက်မခံဘူး၊

နယ်စပ်(ဒုက္ခသည်စခန်း၊မဏိပူ)

ကိုအခြေခံပူးပေါင်းဘို့သူလာတာ။

ဒေလီနိုင်ငံရေးအင်အားစုနဲ့ပူးပေါင်းနိုင်တာမနိုင်တာက

သူ့အတွက်အရေးမပါဘူး။

သူ့အဓိကလုပ်ငန်းစဉ်ကအနောက်ဘက်ဒေသ(အိန္ဒိယ)

မှာလက်နက်ကိုင်ကျောင်းသားတပ်(ABSDF)ဖွှဲ့နိုင်ဘို့ဘဲ။

ထားပါတော့ ဒီကိစ္စပြောရရင်ရှည်တယ်။

ပြောချင်တာကသူလာတုံးက မြောက်ပိုင်းကချင်မှာထောက်လှမ်းရေး

ဆိုပြီးလုပ်ကြံမှုတွေဖြစ်ပြီးခါစပူပူနွေးနွေး။

နယူးဒေလီကကျနော်တို့ရုံးမှာဘဲကိုနိုင်အောင်နဲ့ကျနော်တို့

ဒီကိစ္စအငြင်းပွားတယ်။

ကျနော်တို့နဲ့နယ်စပ်ဒုက္ခသည်စခန်းမှာတဖွဲ့တည်း

အတူနေခဲ့တဲ့ထိန်လင်း(ပန်းချီထိန်လင်း)

ထောက်လှမ်းရေးစွတ်စွဲခံအုပ်စုထဲပါသွားတာကိုသူထွက်ပြေးလွတ်မြောက်ပြီး

စစ်အစိုးရသတင်းစာမှာပါလာမှကျနော်တို့သိလိုက်တယ်။

ထိန်လင်းကကျနော်တို့နဲ့ဒုက္ခသည်စခန်းမှာရင်းရင်းနှီးနှီးရှိသလို၊

စိတ်တူကိုယ်တူတွေ၊စခန်းထဲက နံရံကပ်တို့၊အနုပညာကိစ္စ

၊ဖြော်ဖြေရေးကိစ္စတွေတူတူလှုပ်ရှာခဲ့ကြတာ။

သူပြည်ထဲဝင်သွားပြီး

မြောက်ပိုင်းဘက်သွားတယ်လို့နောက်ဆုံးကြားတယ်၊အဆက်ကလုံးဝပြတ်နေတာ။

နောက်တော့ ဗြုံးကနဲထောက်လှမ်းရေးအသွင်နဲ့သတင်းထွက်တော့

ကျနော်တို့လုံးဝလက်မခံဘူး။

ကိုနိုင်အောင်ကိုခါးခါးသီးသီးငြင်းတယ်။

မြောက်ပိုင်းသူလျိုကိစ္စဟာမှားယွင်းလုပ်ကြံမှုလို့

ပြောပြတယ်။ကိုနိုင်အောင်ဘက်ကလည်းရေလှိုင်းစစ်ဆင်ရေးတို့၊

စစ်ဆေးဖော်ထုတ်ချက်တို့

ဘာတို့နဲ့အသေအချာရှင်းပြပါတယ်။

ဒါပေမဲ့ကျနော်တို့ကလက်မခံဘူး။နောက်ဆုံးကိုနိုင်အောင်က

“ဒီကိစ္စသမိုင်းကပေးတဲ့အပြစ်ဒါဏ်ကိုကျနော်ခံပ့ါမယ်”လို့ကတိပေးပြီး

အငြင်းအခုန်အဆုံးသပ်သွားတယ်။

နောက်ပိုင်းတော့လည်းကျနော်တို့တတွေရင်းရင်းနှီးနှီးအလုပ်တွဲလုပ်ကြတယ်

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားလူငယ်မျာူးကွန်ဂရက်SYCB

ကိုတောင်တိုင်းရင်းသားတွေနဲ့လက်တွဲပြီး

နယူးဒေလီမှာဘဲ(1996)ကလူငယ်တပ်ပေါင်းစုတရပ်

အနေနဲ့ဖွဲ့ခဲ့ကြတယ်။

မြောက်ပိုင်းကိစ္စမမေ့ပေမဲ့ဘုံရန်သူကိစ္စအရင်ရှင်းကြတယ်။

တချိန်ကကျနော်တို့ရဲ့ဘုံရန်သူရဲ့အမွေကို

ဒီနေ့ကြံ့ဖွတ်အစိုးရကအမွေဆက်ခံထားတာပါ။

န၀တ၊နအဖစစ်အစိုးရခေတ်ရော၊ဒီနေ့ကြံ့ဖွတ်အစိုးရကရော၊

ကျူးလွန်လာခဲ့တဲ့လူသတ်မှု၊မုဒိန်းမှု၊ခြစားမှု၊ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမှု၊

လူ့အခွင့်အရေးချိုးဖောက်မှု၊ဒီပဲရင်းလုပ်ကြံမှု၊စစ်ရာဇ၀တ်မှု၊

နိုင်ငံတော်သစ္စာဖောက်မှု၊နာဂစ်မုန်တိုင်းမှု၊

…ဘာအမှု၊ညာအမှု

နံပါတ်စဉ်တပ်လို့မကုန်နိုင်အောင်

အမှုပေါင်းမြောက်မြားစွာကျူးလွန်ခဲ့ကြတာလည်းမမေ့သင့်ဘူး။

အခုဟာဆန်ရင်းနာနာဖွတ် ဆိုသလို၊နိုင်ရာဖိထောင်းနေတာကတဘက်သတ်ပွဲကြီးလိုဖြစ်နေတယ်။

ဖေ့စ်ဘွတ်စာမျက်နှာတွေက အတော်ရုပ်ပျက်တယ်။ရိုင်းစိုင်းတယ်။

အဆိုးဆုံးက ပြည်တွင်းမီဒီယာတခု(သတင်းရောင်းစားတဲ့မီဒီယာ)က

အယ်ဒီတာအမျိုးသမီးတယောက်က

မိုးသီးဇွန်တို့အဖွှဲ့မြန်မာပြည်ခရီးဆိုပြီးရေးတာကိုဖတ်ရတယ်။မိုးသီးဇွန်အဖွှဲ့

ပြည်တော်ဝင်တာကိုစိတ်အခံမကောင်းစိတ်နဲ့ရိတိတိစော်ကားရေးထားတယ်။

ညီညွတ်ရေးအမြင်နဲ့

မကြည့်ဘူး၊၊နိုင်ငံသားမဟုတ်တော့တာကိုအပြစ်လိုပြောတယ်၊(နအဖလေသံ)

အောက်ကကွန်မင့်တွေကပိုရိုင်းတယ်။

ဦးသိန်းစိန်ရဲ့ကြံ့ဖွတ်အစိုးရအဖွဲ့တွေ

လောက်တောင်စာနာစရာမကောင်းတဲ့ဟန်၊ပြည်ပရောက်တွေက

အသုံးမကျသူတွေလိုမြင်အောင်

ရေးကြတယ်။

ထားပါတော့ စစ်ကျွန်တွေ၊ကြံ့ဖွတ်လူတွေက

ဒီလိုဝင်နှောက်တာလည်းဖြစ်နိုင်တာမို့

ကွန်မင့်တွေအကြောင်းသိတ်မပြောလိုဘူး။

ဒါပေမဲ့ဒီလိုကာလ(အသွင်ကူးနေတဲ့စပ်ကူးမတ်ကူးကာလ)

ထားစေချင်တဲံစိတ်ဓာတ်လေးတော့ လက်တို့ပြောပြချင်တယ်။

ဒီအချိန်မှာပြည်သူတွေညီညွတ်ရေးအသဲအသန်လိုနေတဲ့ကာလပါ။

ဆောငါးပါးဘဲရေးရေး၊သတင်းရေးရေး၊အပြုသဘောနဲ့စိတ်ရင်းမှန်မှန်ထား

ရေးစေလိုတယ်။အခုဟာသမိုင်းမသိ၊ဘာမသိသလိုဘဲ၊

အဆိုးမြင်မျက်မှန်စိမ်းတပ်ပြီးရေးနေ

တော့ဖတ်ရတာစာကကောင်းမလာဘူး။တကယ်တော့

ကိုမိုးသီးတို့အဖွဲ့က ရန်သူမဟုတ်ပါဘူး။

နှိမ့်ချရေးစရာမလိုတဲ့လူတွေပါ။

သူတို့နိုင်ငံခြားသားခံထားတာလည်းအခြေအနေအရပါ။

အချိန်မရွေးကိုယ့်နိုင်ငံသားဖြစ်မဲ့သူတွေပါ။

သူတို့အမေရိကန်နိုင်ငံသားပေမဲ့ မြန်မာပြည်သူတွေကိုသစ္စာမဲ့နေတာမဟုတ်ဖူး။

မြန်မာပြည်ထဲမှာအကောင်းဆုံးတခုခုပေးချင်တဲ့

စေတနာနဲ့လာသူတွေလို့အပြုသဘောနဲ့မြင်သင့်တယ်။

သေချာတာက သူတို့ဟာ NGOတွေ၊ပရောဂျက်တွေ၊

ပရိုပိုဆယ်တွေနဲ့လုံးထွေးပြီးကိုယ်ကျိုးတ၀က်၊

ကိုယ့်အလုပ်တ၀က်နဲ့ဗမာပြည်ထဲဝင်အလုပ်လုပ်နေတဲ့

အရပ်ဘက်လူ့အဖွဲ့အစည်းယောင်ယောင်၊

နိုင်ငံရေးပရောဟိတ်တွေယောင်ယောင်၊

နိုင်ငံရေးပွဲစားယောင်ယောင်၊မီဒီယာယောင်ယောင်၊

အဖွဲ့မဟုတ်ဘူး။မိုးသီးတို့အဖွဲ့ဟာ ကိုယ့်ထမင်းကိုစားပြီးနိုင်ငံရေးလုပ်နေတာပါ။

ပြည်တွင်းမှာတခုခုလုပ်နိုင်အောင်အရဲစွန့်ဝင်ခဲ့သူတွေဖြစ်တယ်။

ဒီခရီးအတွက် သူတို့ဟာလေး၊ငါး၊ခြောက်လလောက်အပြင်ကရဲဘော်ရဲဘက်တွေနဲ့

စကားစစ်ခင်းသွားခဲ့ရတာ၊

တချို့အပြင်ကရဲဘော်တွေကသိတ်ကြည်ကြတာမဟုတ်ဘူး။

ဒါပေမဲ့ကိုယ့်ဘက်က ရှေ့ပြေးကင်းတွေလိုသဘောထားတယ်။

သူတို့ပြန်လာရင် အခြေအနေအားလုံးနားစွင့်ကြအုံးမှာပါ။

မိုးသီးဇွန်တို့က နယ်စပ်မှာကိုယ်ပိုင်ကားတ၀ီဝီစီးပြီး

နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။

NGOအထောက်အပံ့နဲ့ပြည်တော်ဝင်တာမဟုတ်ဘူး။

ကျနော်တို့ကအစောကပြောသလိုမိုသီးဇွန်နောက်လိုက်လည်းမဟုတ်သလို၊

မိုးသီးဇွန်ဘာလုပ်လုပ်ထောက်ခံသူလည်းမဟုတ်ဘူး။

ဒါပေမဲ့လက်သဲဆိတ်ရင်တော့လက်ထိတ်နာတယ်။

သူတို့နဲ့ကျနော်တို့မျိုးဆက်အတူတူဖြစ်တယ်။

သူ့ကိုဆဲရင် ကိုယ့်ကိုလည်းဆဲနေသလိုဘဲ၊

ကိုယ့်မျိုးဆက်ထဲကသိကြသူတွေဆဲတာဆိုတာနားကြားကောင်းနေသေးပေမဲ့၊

ဘုမသိဘမသိ၊သမိုင်းကြောင်းလဲမသိနားမလည်သူတွေက

အသားလွတ်ဝင်သမတာတော့

အတော်စော်ကားတဲ့လုပ်ရပ်ဘဲ။အခုကိုမိုးသီးတို့ပေါ်အဆိုးမြင်တွေနဲ့

ရေးနေသူတွေကရောစစ်အစိုးရအောက်ပြားပြားမှောက်စဉ်ကာလတွေက

ဘာများလုပ်ခဲ့ကြလဲဆိုတာပြန်ဆန်းစစ်သင့်တယ်။

၁၉၈၈ကာလကတပါတီအာဏာရှင်စနစ်က

မျက်ကန်းတစ္ဆေမကြောက်ဗြောက်တိုက်ခဲ့ကြ၊

ဓားဓားချင်းလှံလှံချင်းရင်ဆိုဘို့ဆိုပြီးနယ်စပ်ထွက်ခဲ့ကြ၊ဆင်းရဲကြ၊ငတ်မွတ်ကြ

ရန်သူစစ်တပ်သတ်လို့သေတာကတမျိုး၊ကိုယ့်မဟာမိတ်

တိုင်းရင်းသားသူပုန်ကသတ်လို့သေတာကတဖုံ၊ကိုယ့်အချင်းချင်းသတ်လို့

သေတာကတမှောင့်။

ကြုံလို့ပြောရမယ်။အခုမြောက်ပိုင်းလူသတ်မှုကမှအရိုးတွန်ပြီးပြန်ပေါ်လာသေးတယ်။

ကျနော်တို့တတွေရဲ့မဟာမိတ်ကရင်နဲ့ချင်းတွေသတ်လို့သေတာကြောင့်

အရိုးတွေဆွေးပြီးမတွန်နိုင်၊မကနိုင်တဲ့ခွတ်ဒေါင်းအရိုးတွေအများကြီးရှိသေးတယ်။

ဥပမာ

အိန္ဒိယနယ်စပ်မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်းဒုက္ခသည်စခန်းကိုလာခိုလှုံတဲ့မြန်မာကျောင်းသားတွေထဲက

ကိုကြည်အောင်(ရန်ကုန်)နဲ့ကိုမြသောင်း(ကလေးမြို့)တို့ကိုအဲဒီကချင်းလက်နက်ကိုင်CNFက

၁၉၉၀အစောပိုင်းမှာစပိုင်ထောက်လှမ်းရေးလို့စွတ်စွဲပြီးရက်ရက်စက်စက်မြေမြှုတ်သတ်ဖြတ်ခဲ့ကြတယ်။ ဒီကနေ့အချိန်ထိတောင်မိသားစုတွေသူတို့သားတွေပြန်လာမလားလို့

မျော်နေသလားမသိ။

နောက်တခုကကိုနိုင်အောင်တို့လာဖွဲ့စည်းခဲ့တဲ့ကိုလှဌေးဦးဆောင်တဲ

ABSDF(အနောက်ပိုင်း)

ကဘင်္ဂလားဒေခ်ျမြန်မာနယ်စပ်ကနေ မီဇိုရမ်နယ်ထဲအ၀င်

ကျနော်တို့သူငယ်ချင်းကိုဝင်းထွဋ်

နောက်ကျောကျီဆံမှန်ပြီးကျသွားတယ်။

အချင်းချင်းလုပ်ကြံတာလား၊မဟာမိတ်တိုင်းရင်းသားအဖွဲ့

ကလုပ်ကြံတာလားဒီနေ့ထိမသိရဘူး၊ကိုဝင်းထွဋ်မှာဇနီးနဲ့သမီးလေးကျန်ရစ်ခဲ့တယ်။

ဒီလိုအဖြစ်အပျက်တွေကရင်နယ်မှာအများကြီး၊တောခိုကျောင်းသားတွေ၊

ဆရာဝန်လောင်း၊အင်ဂျင်နီယာလောင်းနဲ့ပညာတတ်တွေတောထဲမှာစစ်မတိုက်ရဘဲ

နောက်ကျီဆံနဲ့ကျဆုံးသွားသူတွေမနည်းဘူး။(ဒါတွေစနစ်တကျမှတ်တမ်းတင်ထားသင့်တယ်)

အဲလို..၈၈ကျောင်းသားတွေဟာတချိန်ကဘ၀တွေစွန့်ပြီးစနစ်တခုရဲ့ပြဌာန်းပေးလိုက်တဲ့

တာဝန်ကိုပုခုံးပေါ်နိုင်သလောက်တင်ထမ်းခဲ့ကြတာပါ။

ဟိုးတချိန်ကတောခိုကျောင်းသား၊ပြည်ပြေးတွေကို

သူရဲကောင်းလို့တောင်ပြည်သူတွေကသတ်မှတ်ခဲ့ကြတာမဟုတ်ဖူးလား။

ဒီနေ့အထိအဲဒီယုံကြည်ချက်နဲ့တောထဲမှာဒုက္ခခံရပ်တည်နေတဲ့

ကျောင်းသားလူငယ်တွေရှိနေပါသေးတယ်။

ဟိုတုံးကသူရဲကောင်းတွေကို

အခုအချိန်ကျမှသစ္စာဖောက်တွေလိုမဆက်ဆံသင့်ပါဘူး။

အခုပြည်တော်ပြန်ကိုမိုးသီးတို့အဖွဲ့ဟာ

တချိန်ကစစ်ခေါင်းဆောင်တွေနဲ့ဒီကနေ့ကြံ့ဖွတ်ပါတီခေါင်းဆောင်တွေလောက်ပြည်သူအပေါ်

ဘိုကျနှိပ်ဆက်မဲ့သူတွေမဟုတ်သလို၊ခေတ်ပျက်သူဌေးတွေလိုလည်းအတ္တလွန်ကဲစီးပွားရှာနေမဲ့

သူတွေမဟုတ်ပါဘူး။

လက်တဆုတ်စာNGOအကြိုက်လုပ်နိုင်ငံရေးအဖွဲ့၊မီဒီယာအဖွဲ့တွေကြောင့်

အမှန်တကယ်ယုံကြည်ချက်နဲ့စွန့်လွှတ်အနစ်နာခံသူတွေဘေးဒုက္ခရောက်ခဲ့တယ်။

တော်လှန်သူတွေနာမည်ပျက်ခဲ့တယ်။

ပိုဆိုးတာက

တော်လှန်ရေးကြီးတခုလုံးအကြော်သည်လက်သုတ်ဖြစ်ခဲ့ရတယ်။

ဒါပေမဲ့ဟိုကတည်းကNGOတွေနဲ့

ပလူပလဲလုပ်သူတွေ၊ငွေကြေးအရင်းအမြစ်ကိုင်ထားသူတွေကိုပဲ

အထည်ကြီးပျက်ကြံ့ဖွတ်အစိုးရက

တော်ကောက်ထားတယ်။မြှောက်စားထားတယ်၊သွေးခွဲထားတယ်။

ဒါကိုအခွင့်အရေးသမား၊နိုင်ငံရေး

ကျပ်မပြည့်တွေကသိရက်နဲ့အချောင်နှိုက်တယ်။

ဒီကနေ့ကျနော်တို့လျှောက်နေတဲ့ခရီးဟာအလွန်သိမ်မွေ့ပါတယ်။

အားပြိုင်မှုတွေရှိနေပါတယ်။

အပြုဝါဒီတွေနဲ့လမ်းဟောင်းဝါဒီတို့လွန်ဆွဲနေပါတယ်။

လွှတ်တော်ထဲမှာလည်းအင်အားပြိုင်နေသလို၊စီးပွားရေးနယ်ပယ်၊NGOလောက၊နိုင်ငံရေး

နယ်ပယ်နဲ့မီဒီယာလောကထဲမှာပါအင်အားပြိုင်တာ၊စားကျက်လုတာ၊ခွက်စောင်းခုတ်

ခြေထိုးကန်ကြောက်တံတောင်နဲ့တွက်နေတာကိုအပြင်ကနေတောင်ကြားရမြင်ရတာပါ။

လတ်လောလေးတင်ဆရာကြီးဒဂုံတာရာက

ကျနော်တို့တိုင်းပြည်၌ ဒီမိုကရေစီပန်းနုရောင်ကလည် သန်းစအချိန်ဖြစ်ပါသည်

ထိုသို့သော ဒီမိုကရေစီပန်းနုရောင်ကာလတင် အချင်းချင်းမေတ္တာဖြင့်

တစ်ဦးနှင့်တစ်ဦး ယုံကြည်ရလောက်သော အနေအထားများဖြင့်

ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေးအတွက်

အလေးထားလုပ်ဆောင်ရန်မေတ္တာရပခံပါသည်။

ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သောအချိန်တင် လှကိုမလှုပ်အောင်

လူးအောင်မလုပ်ဖို့ အားလုံးကိုမေတ္တာရပ်ခံပါသည်။

လွန်ခဲ့သောနှစ်ကာလများအတွေ့အကြုံအရ ယခုကာလကို

စိုးရိမ်စွာစောင့်ကြည့်နေရသာအချိန်ဟု ကျွန်တော်ယူဆပါသည်။

၂၀၁၅ ထိအခြေအနေ တည်ငြိမ်ချောမွေ့အောင်ဝိုးဝန်းထိန်းသိမ်းကြ

လို့ပြည်သူတွေကိုတိုက်တွန်းထားပါတယ်။

ဒီအချိန်မှာကိုမိုးသီးတို့ပြည်တော်ပြန်တာဝမ်းသာအားရ

ကြိုဆိုသင့်ပါတယ်။ရန်သူအားပေးမလုပ်သင့်ပါဘူး။

ပြည်တွင်း၈လေးလုံးနိုင်ငံရေးအင်အားစုထဲမှာတောင်

ကိုမိုးသီးဇွန်ကိုလေဆိပ်သွားကြိုဖို့မဲခွဲဆုံးဖြတ်တယ်ကြားတော့

ကျနော်တို့အတော်လေးအံ့သြသွားတယ်။စိတ်လည်းပျက်သွားတယ်။

ဒီကိစ္စမဲခွဲရမဲ့ကိစ္စလား?အဲလောက်အထိဖြစ်သင့်သလား၊

အထဲကအင်အားစုတွေကိစ္စအပြင်အင်အားစုတွေမျက်စိမှိတ်ထောက်ခံခဲ့တယ်။

ညီအကိုတွေလိုမြင်တယ်။ကျနော်ခိုင်ခိုင်လုံလုံသိရတဲ့သတင်းအရ

ကိုမင်းကိုနိုင်၊ကိုဂျင်မီ၊ကိုမြအေးတို့ကသူငယ်ချင်းတွေအဖြစ်

လေဆိပ်သွားကြိုမဲ့ကိစ္စတောင်မဲရှုံးလို့ငယ်သူငယ်ချင်းကိုတောင်

မကြိုလိုက်ရဘူးတဲ့၊ထူးဆန်းအံ့ဘွယ်သတင်းဘဲ။

လေဆိပ်သွားကြိုဘို့ကိစ္စတောင်မဲခွဲနေရသတဲ့လား?ဘာတွေဖြစ်ကုန်ပြီလဲ?

ကျနော်တို့နွားတွေတော့တကောင်ချင်းကွဲနေပါပြီ။

ကျားဟိန်းသံလည်းကြားနေရတယ်။

တောကလည်းနက်ပါတယ်။

အချိန်ကလည်းညီအကိုမှန်းတောင်မသိတသိ။

ကျနော်တို့ရဲ့ဝါရင့်စစ်ဘိုရှုတ်တွေကအခုဆိုအကွက်ကျကျနဲ့ပြည်ပမီဒီယာတွေ၊

ဒီမိုကရေစီဘန်းပြNGOတွေ၊ပရောဂျက်နိုင်ငံရေးအဖွဲ့အစည်းတွေဆီက

အဆက်အသွယ်နဲ့၊အရင်းအမြစ်တွေအရယူနေပါတယ်။

မုဆိုးစိုင်သင်လုပ်နေပါတယ်။

ပြည်ပဒီမိုကရေစီလှုပ်ရှားမှုကိုခါးလည်ကပိုင်းလိုက်ပါပြီ။

သူတို့က၂၀၀၈ဖွှဲ့စည်းပုံကိုင်ပြီးအပေါ်စီးကနေကစားနေတာပါ။

မင်းသားစရိုက်အမျိဲုးမျိုးကိုတယောက်ပြီးတယောက်

ထုတ်ရှိုးပြီးဒီတကွေ့မာလိုက်ဟောက်လိုက်၊

ဟိုတကွေ့ပျော့လိုက်ချော့လိုက်လုပ်နေပါတယ်။

တချိန်ကကျနော်တို့ဘက်တော်သားတချို့နဲ့ပုလင်းတူဗူးဆို့ဖြစ်နေပါတယ်။

ဒီကနေ့ကိုမိုးသီးတို့ပြည်တော်ပြန်အုပ်စုကိုပင့်လိုက်၊မြှောက်လိုက်၊ရိုက်ချလိုက်နဲ့

လုပ်နေတာ

သိတ်မလှပါဘူး။ကျနော်တို့တတွေညီညွတ်ရေးအမြင်နဲ့ခရီးဆက်ဘို့လိုပါတယ်။

အားလုံးဟာတပင်ကိုတပင်ယှက်နေတာပါ။ကိုမိုးသီးတို့၊ကိုနိုင်အောင်တို့

နဲ့ကချင်မြောက်ပိုင်းကိစ္စလိုဘဲငြိမ်းချမ်းရေးကိစ္စ၊ပြည်ပရောက်ကျောင်းသားတွေဂုဏ်

သိက္ခာရှိရှိပြန်နိုင်ရေးကိစ္စလည်းအရေးကြီးပါတယ်။

ဒီနေ့ကိုမိုးသီးတို့ကိုဆဲနေတယ်။

မနက်ဖန်ကျနော်တို့ပြည်ပရောက်တွေ

ကိုဆဲလိမ့်မယ်။

ဒီကနေ့ကိုမိုးသီးတို့ကိုစော်ကားနိုင်တယ်ဆို၊

မနက်ဖန်ကျနော်တို့ကိုလည်းစော်ကားပါလိမ့်မယ်။

ညီညွတ်ရေးအမြင်၊မဟာမိတ်အမြင်မရှိရင်ကျနော်တို့ကျဆုံးမယ်။

သတင်းထောက်ကိုညို

၎စက်တင်ဘာ၂၀၁၂


Share

  • 200 shares
    • ဂါ မဏိ ပွင့်ပေမဲ့ မလင်းကြတာတွေ
    • Khun Saing မနက်ဖြန်တောင်မနေဘူးထင်ပါတယ် .. ကလောင်တွေက.ဒီနေ့ အကောင့်ဖွင့် ဒီနေ့ကောက်ရေး ။. ဖြတ်သန်းနေခဲ့တာတွေက .. ကြာသေး။ တချို့တွေမှာက ညီညွတ်ရေးအမြင်၊မဟာမိတ်အမြင် ရှိစရာမှ မလိုတာ။
    • Rajiv Chowdhury သစ်ပင်မြင့်လေ လေပိုတိုက်ခံရလေ အများဆုံး၇ ရက်ပေါ့
    • ဂါ မဏိ အွန်လိုင်းမှာ အပြင်းထန်ဆုံး ဆဲဆိုနေတဲ့လူတွေက အပြင်လောကမှာ ဘာမှမလုပ်တဲ့လူတွေ များပါတယ်
    • Aung Way အဝေးရောက်သားတွေကို၊ အမေ့အိမ်က နွေးနွေးထွေးထွေး မကြိုနိုင်ကြပါလား။ ပြည်တွင်းက နိုင်ငံရေးဆိုတာ၊ မိတ်ဆွေကို ရန်သူဖြစ်အောင်လုပ်သလိုဖြစ်နေပါပြီ။
    • ဂါ မဏိ သန်းရွှေကြီးရဲ့ ဆိုက်ဝါးတွေ မိနေကြတယ်လေ

No comments:

Post a Comment