Tuesday, September 11, 2012

ငရဲ ညတည


by Nang Aung Htwe Kyi on Sunday, September 9, 2012 at 4:42am ·
AB မြောက်ပိုင်းပြန်တွေ ..သူမတူ ခံစားခဲ့ရတဲ့ဒဏ်တွေနဲ့ 

အသက် ၉ဝ .. မထင်ပေါင်

၇ဝ နေ၇လျှင်ကံကောင်း ..

ဒါတောင် မှတ်ဥဏ် တဝက်နဲ့

Notes ခေါ်တဲ့ မှတ်စုတိုတွေရေးခဲ့မိလို့

တော်သေးရဲ့လို့ဆိုခြင် ..။

မဟုတ်လို့တော့  မောင်မင်းကြီးသားများ

ရက်စက်မှု့ သတ်ဖြတ်မှု့များမှ

ကင်းလွတ်သွားမှာလား ..။

သမိုင်းရဲ့ ဖြစ်စဉ် ပြန်အတွေးနက်

အမေ ရေ .. သမီးတို့အဖြစ်တွေခံရခက်

ကိုယ့်သမိုင်းစစ်ကို ရိုက်ချိုးချေဖျက်

ရက်ပေါင်းကြာရှည် .. သူတို့နှိပ်စက်

အော် ...  Electric shock ၂ လုံး နဲ့

ခေါင်းမှာတခု ခြေမှာတခု… စစ်ကြောစဉ် ပြုခဲ့

တယောက်တချက် ရိုက်နှက်ကန်ကြောက်

ဒီဒဏ်ကို ခံစားရင်းနဲ့ 

အသက်ရှုမရ .. အမှောင်အတိကျ ..

ဘာမှ အသိ သတိမရ ..။

လင်းတဝက် မှောင်တဝက်

သိတချက် မသိတချက် .. 

ထိုည အဲ့ဒီည တသက်လုံးအတွက်မေ့မရ ..

ချရေးပေးတဲ့ နာမည် .. တန်းစီနေသည် ..

မှားကုန်ပါပြီ .. ကျမကြောက်ပါသည်..

ငိုကြွေးကာ တောင်းပန်လဲမရ .

မျိုးဝင်းမှပြောတဲ့စကား

မင်းသူတို့ကိုမကြောက်နဲ့ ..မင်းကြောက်ရမှာကငါ..တဲ့ ။

မလုပ်ပါနဲ့ ကျမလဲမဟုတ် .. ဘယ်သူမှမဟုတ်..

စဉ်းစားကြပါ .. တောင်းပန်ပါသည် .. မှားကုန်ပါပြီ ..

ဆိုသော်ငြားလည်း ..

နှိပ်စက်မှု့တွေ တကြော့ပြန်ဝင် ..

ဟုတ်တယ်..ဟုတ်တယ် ..ဟုတ်တယ် ..

မဟုတ်ဘူး..မဟုတ်ဘူး ..မဟုတ်ဘူး ..

ကယောင်ကတမ်း ထွက်ချက်

အသက်ရှုရတချက် မရှုရတချက်

လည်စပ်နားက electric shock ရဲ့ပြင်းထန်ချက် ..

ဇော်ဇော်မင်း ရဲ့ကန်ချက်ကပြင်း ..

လှဆိုင်းရဲ့ ရိုက်ချက်ကစင်း ..

တော်ပါတော့ .. ရပ်ပါတော့ ..

လိုင်းတင်ပေးတဲ့ နာမည်တွေကို .. အဆုံးမတော့ .. 

ဟုတ်ပါသည်.. မှန်ပါသည် ..

သူတို့တတွေ ထောက်လှမ်းရေး ဖြစ်ကြပါသည် ..

နန်းအောင်ထွေးကြည် .. NIB ဟု ..

လက်မှတ်ရေးထိုးခဲ့ရပါသည် ..။


( ABSDF-NB အတွင်း ဖြတ်သန်းခဲ့ရသော ငရဲ နေ့ပေါင်းများစွာမှ စက်တင်ဘာလ ညတည၏ဖြစ်စဉ် )

ကျေးဇူးတင်ပါသည်
နန်းအောင်ထွေးကြည် ။


ဝဲ မှ ယာ 
ABSDF-NB မြောက်ပိုင်း ဥက္ကဌ အောင်နိုင် ခေါ် ရော်နယ်အောင်နိုင် နှင့်                                                                               ABSDF တောင်ပိုင်း ဥက္ကဌ ဒေါက်တာနိုင်အောင် ( ၁၉၉၂ ခုနှစ်) 
ပါဂျောင်ဒေသ လိုင်စင်စခန်း ။

 ဝဲ မှ ယာ
ထက်ထက် ။ ခါးတောင် ။ သင်းသင်းညီ ။ စိုးစိုးလွင် ။ နန်းအောင်ထွေးကြည် ။ နန်းစော ။ ( ၁၉၉၀ ခုနှစ် )

 နောင်ရာပါ ကြိုးတံတား ။
 ·  · Share

  • You, Aye Thu San, Nyi Nyi Yu, Nicky Shein and 32 others like this.
  • 24 shares
    • Ko Lin Wai Aung ဝေဒနာ အမှတ်တရများစွာ
      Sunday at 6:17am via mobile ·  · 1
    • Nang Aung Htwe Kyi အဲ့ဒါကိုရဲတို့ကို ဖမ်းပြီးတဲ့ညလေ ။တညလုံးခံစားလိုက်ရတယ် ။
      Sunday at 6:19am ·  · 1
    • Ko Lin Wai Aung သူတို့ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ကြတယ်
      Sunday at 6:49am via mobile ·  · 3
    • Nang Aung Htwe Kyi ဒါဘဲလေ .. တရားရေးပြီးရင် သမိုင်းအရေးလာမယ် ..
      Sunday at 6:56am ·  · 5
    • Kyawnaing Oo အဲ ဒီ အိမ် မက် က နိုး ပြီ လါး ကျွန် တော် တော့ တလ တခါ လေါက် မက် တယ် အိပ် ရာ နိုး တော့ မှ အိမ် ပြန် ရောက် တယ် ဒါ ပေ မဲ့နှိပ် စက် တဲ့ အပိုင်း မပါ ဘဲ (မကဒတ) ရဲ ဘော် ဘ၀ ထပ် ခါ တလဲ လဲ ပြန် မက် ချင် နေတဲ့ ဆန္ဒ က လဲ ခဏ ခဏ
      Sunday at 7:28am ·  · 3
    • Phyo Myint Thu ယောက်ကျားဖြစ်ပြီး ကိုယ်လုပ်တာကိုယ်မခံရဲတဲ့ကောင်တွေ။ ဒီကောင်တွေအတွက် ငါကတော့ ဟန်မူရာဘီ ဘုရင်ရဲ့ ကိုဓဥပဒေနဲ့ ပြဒါန်းချင်တယ်။
      Sunday at 7:54am ·  · 3
    • Maung Shin ရင်ဘတ်ကြီးနဲ့ ဖတ်ပြီး နှလုံးသားနဲ့ ခံစားရသလို ကြည်သီးများတောင်ထမိပါတယ်အမရေ..
      Sunday at 9:18am · 
    • Ye Myint I want to cry... Ma Nge yay.. :((((((
      Sunday at 9:21am ·  · 1
    • Ye Myint Hamurabi's Code: "An Eye for An Eye, A Tooth for A Tooth".. !!!!
      Sunday at 9:22am ·  · 3
    • Nan Athinkhayar အန်တီရေးတဲ့ ကဗျာလေးဖတ်ပြီး ကျမ ၀မ်းနည်းမိပါတယ်။ ရှေ့ဆက်မဲ့ဘ၀ခရီးမှာ ပျော်ရွှင်ကြည်နူးစွာ အချိန်များကို ကုန်ဆုံးနိုင်ပါစေ ...။
      Sunday at 9:22am ·  · 3
    • Sun Moon အမရေ ဖြူစင်တဲ့မေတ္တာသာ ပို့ပေးပါ
      Sunday at 9:54am via mobile ·  · 1
    • Ye Myint အမိုက်တွေကို သန်.ရှင်းပစ်မဲ့ လမ်းမတော် ဖိုးတုတ်လို လူကြမ်းအုပ်စုတွေ-- ထွက်ပေါ်လာဖို. အချိန်နဲ. အခြေအနေတွေက တွန်းပို.လာနေပြီ ထင်ပါသည်။ ။
      Sunday at 4:58pm · 
    • Kyaw Soe Win ဒီလုပ်ရပ်တွေကိုကြည့်ရင်
      ဘိုနေဝင်းရဲ့ ၂၆ နှစ် ယုတ်မာမှုနဲ့
      စစ်အုပ်စုရဲ့ ဒီနေ့အထိ ရက်စက်မှုတွေဟာ
      ဖြစ်ရိုးဖြစ်စဉ် လိုလို
      လုပ်ရိုးလုပ်စဉ် လိုလိုတောင်ထင်စရာဖြစ်လာတယ်
      ဪ---- လုပ်ရဲ၊ လုပ်ရက်လိုက်တာဗျာ။
      Sunday at 7:35pm ·  · 1

No comments:

Post a Comment