Sunday, September 16, 2012

Bertil Lintner သတင်း


Like This Page · 10 hours ago 

နာမည်ကျော် သတင်းစာဆရာ ဘာတေးလစ်တနာ မြန်မာနိုင်ငံ ပြည်ဝင်ခွင့်အတွက် ခက်ခဲနေဟုဆို

SUNDAY, 16 SEPTEMBER 2012 14:07

ထိုင်းနိုင်ငံအခြေစိုက် ဆွီဒင်နိုင်ငံသား နာမည်ကျော် သတင်းစာ ဆရာဘာတေးလစ်တနာသည် မြန်မာ နိုင်ငံပြည်ဝင်ခွင့်အတွက် ခက်ခဲမှုများ ရှိနေကြောင်း Eleven Media Group သို့ ပြောကြားခဲ့ပါသည်။ ဘာတေးလစ်တနာမှာ ၁၉၈၅ခုနှစ် အချိန်ကပင် မြန်မာနိုင်ငံသို့ လာရောက်ခွင့် ပိတ်ပင်ခံခဲ့ရသူ တစ်ဦးဖြစ်ပြီး မကြာသေးမီအချိ
န်က အစိုးရမှ ပယ်ဖျက်ပေးလိုက်သော အမည်ပျက်စာရင်းဝင် သတင်းစာဆရာ တစ်ဦးလည်း ဖြစ်ပါသည်။

“မြန်မာနိုင်ငံကို လာရောက်နိုင်ဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။ အကြိမ်ကြိမ် ပယ်ချခံရတာချည်းပါပဲ။ ဒါပေမဲ့ အစိုးရအဖွဲ့ က ကျွန်တော့်နာမည်ကို သူတို့သတ်မှတ်ထားတဲ့ အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးပြီးတဲ့နောက် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် ပြည်ဝင်ခွင့်အတွက် ထပ်ပြီး လျှောက်လွှာတင်ခဲ့ပါတယ်။ မြန်မာသံရုံးမှာ ကျွန်တော့်လျှောက်လွှာကို လက်မှတ်ထိုးပေးမယ့်သူ အခုချိန် အထိ ပေါ်မလာသေးပါဘူး။ မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ရဖို့ ဆက်ပြီး ကြိုးစားနေရတုန်းပါပဲ”ဟု ဘာတေးလစ်တနာက ပြောပါသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဘာတေးလစ်တနာ ရေးသားခဲ့သော စာအုပ်အချို့မွှာThe Rise and Fall of the Communist Party of Burma (CPB) စာအုပ်၊ Outrage: Burma's Struggle for Democracy စာအုပ်၊ The Kachin: Lords of Burma's Northern Frontier စာအုပ်၊ Land of Jade: A Journey from India through Northern Burma to China စာအုပ်၊ Merchants of Madness: The Methamphetamine Explosion in the Golden Triangle စာအုပ်တို့ ဖြစ်ကြပါသည်။

လက်ရှိအချိန်တွင် Wall Street Journal နှင့် Asia Times အစရှိသည်တို့တွင် ဆောင်းပါးများ ရေးသားလျက်ရှိနေပါသည်။ နောက်ဆုံး ထွက်ရှိထားသော စာအုပ်မှာ Great Game East - India, China and the struggle for Asia's most volatile frontier စာအုပ်ဖြစ်ပါသည်။

REF: EMG
Posted by Admin-HWH

၁၉၈၆ ခုနှစ်က ဘာတေးလစ်တနာကို KIO ဥက္ကဋ္ဌ
ဘရန်ဆိုင်းနှင့် အတူ တွေ့ရစဉ်


1 comment:

  1. သူ၏ဖေ့စ်ဘွတ်ခ်လင့်ခ် - http://www.facebook.com/bertil.lintner

    ReplyDelete