Saturday, September 1, 2012

ABSDF ဗဟို ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံသို့ ရောက်ရှိ


Eleven Media Group
· 106,877 like this
Yesterday at 1:27am ·
  • ABSDF ဗဟို ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံသို့ ရောက်ရှိ


    ABSDF ဗဟို ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်အပါအ၀င် ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့မွန်လွဲ (၂)နာရီခန့်တွင် ရောက်ရှိလာခဲ့ကြောင်းသိရသည်။

    ဒေါက်တာနိုင်အောင် အပါအ၀င်သုံးဦးသည် သမ္မတ၏ ဖိတ်ကြားချက်အပေါ် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ စီစဉ်ပေးချက်အရ နိုင်ငံတော်သမ္မတ အပါအ၀င် အခြားတွေ့သင့်တွေ့ထိုက်သော ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလေ့လာရေး ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

    ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ခရီးစဉ်နှင့်ပတ်သက်သော သဘောထားကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ထုတ်ချက်တွင် "မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ထောက်ခံအားပေးသူ ပုဂ္ဂိုလ်အရေအတွက် အများအပြားရဲ့ နိုင်ငံတော်အစိုးရရဲ့ အမည်မဲစာရင်း (Black List) ပယ်ဖျက်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီအချက်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းပဲ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့အချိန် ဖြစ်တဲ့အလျှောက် အစိုရနဲ့ မတူညီတဲ့ မိမိရဲ့ သဘောထားကို ထုတ်ဖေါ်ပြောဆိုတာတွေကြောင့် ပြည်ပမှာရှိနေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အမည်းရောင် စာရင်းထဲ မရှိသင့်သလို အကျဉ်းထောင်ထဲတွေ ရောက်ရှိနေသူတွေ မရှိသင့်တော့ပါ။ "ကျွန်တော်အနေနဲက မြန်မာပြည်မှာ အမည်းစာရင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့တဲ့နေကို မျှော်လင့်နေပြီး အဲ့ဒီနေ့ မကြာခင်ရောက်ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်အခုလာတာဟာ တစ်ဦးချင်းဖိတ်လို့ တစ်သီးပုဂလအနေနဲက လာတာ ဖြစ်ပေမယ့် ကျွန်တော်ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီအရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးအမြင် မူသဘောထားဘောင်အတွင်းကသာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြောင်းလဲမှု ဖြစ်ဖို့အတွက် ပြည်တွင်းပြည်ပ အင်အားစုအားလုံးပါဝင်တဲ့ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး သဘောတူညီချက်တွေ ဖေါ်ထုတ်မယ့် တွေ့ဆုံဆွေးနွေးရေး အဖြေရှာရေး ဖြစ်စဉ်တစ်ခုကို ၂၀၁၅ မတိုင်ခင်မှာ ပေါ်ပေါက်လာဖို့ လိုပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် မျှော်လင့်ချက်အလင်းရောင်တွေ မြင်စပြုလာတဲ့ ဒီအချိန်မှာ ပြည်သူပြည်သား အားလုံး တောင့်တတဲ့ ရေရည်တည်တံ့နိုင်တဲ့ ငြိမ်းချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ပြီး ဦးတည် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရတို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ နိင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို အကောင်အထည် ဖေါ်ဆောင်ရွက်သွားမယ်လို့ ရိုးသားစွာ ယုံကြည်မိပါတယ်။ အဲ့ဒီလိုဆွေးနွေးမှုကို အဓိပ္ပါယ်ရှိရှိ ယုံယုံကြည်ကြည်ဆောင်ရွက်ရအောင် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တိုင်းရင်းသား နယ်မြေမှာ ထိုးစစ်တွေ ရပ်ပေးဖို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရပ်ပေးဖို့၊ စစ်မှန်တဲ့ မီဒီယာလွတ်လပ်ခွင့် ပြုဖို့၊ နယ်စပ်အခြေစိုက် ဒီမိုကရေစီ အင်အားစုများအနေဖြင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ဖို့၊ ပြည်ပရောက်အင်အားစု နိုင်ငံရေးလွတ်လပ်ခွင့် ရှိစွာဖြင့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စိတ်ချလုံခြုံစွာ ဆောင်ရွက်နိုင်ဖို့ သမ္မတနှင့်တကွ အစိုးရအပါအ၀င် နိုင်ငံတော် အဖွဲ့အစည်းအားလုံးကို အလေးအနက် ဆန္ဒပြုပါတယ်။ " ဟု ပါရှိကြောင်း သိရသည်။

    ABSDF မြောက်ပိုင်ကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းမှုများအပေါ် "တရားဥပဒေစိုးမိုးမှု ပွင့်လင်ထင်သာမြင်သာမှု ဖြစ်တဲ့အခြေအနေရောက်ရင် အဲ့ဒီကိစ္စနှင့်ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေလုပ်ဆောင်ချင်ပါတယ်။ အဲ့ဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော်ပြောလိုပါတယ်။ နောက်ပြီးတော့ အဲ့ဒီအချိန်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်ခံနေတယ်ဆိုတဲ့ ကိစ္စတွေအပေါ် ကျွန်တော်ဝမ်းနည်းပါတယ်။ စိတ်မကောင်းပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့သည်။

    ဒေါက်တာနိုင်အောင်သည် နိုင်ငံတော်သမ္မတရုံမှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Blacklist စာရင်းမှ ပျယ်ဖျက်ခံရသူများ စာရင်းတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။
    68 · ·
      • Stw Thu ကျောင်းသားအချင်းချင်း ရက်ရက်စက်စက် သတ်ခဲ့တဲ့လူယုတ်မာက မင်းသားခေါင်းဆောင်းပြီးလာပြီပေါ့။မင်းကိုယ်တိုင်သတ်ခဲ့တဲ့ကိစ္စတွေကို အပြည့်အဝပူးပေါင်းဆောင်ရွက်မယ်လို့ မင်းပါးစပ်က ထွက်ဝံ့တာအံ့သြတယ်။ သေသွားတဲ့ကျောင်းသားတွေ အရိုးတွန်မှာပါ။ မင်းရဲ့ဇာတ်သိမ်းလဲ မဝေးတော့ပါဘူး။
      • Nant Thar Phwe ကြိုဆိုပါတယ်-အားပေးထောက်ခံပါသည်။
      • Zaw Moe Hlaing သိုးရေချုံ တဲ့ဝံပလွေ မင်းဘာတွေမကောင်း ကြံ ဦးမလဲ ဒီနိုင်ငံမှာမင်းအတွက် သေမိန့်ပဲ
      • Wai Kun လူသတ်သမားတွေ ပြန်လာပြီ။ ........
      • Ye Wint Naing လူသတ်သမားတွေ ပြန်လာပြီ
      • Phyo Mg Mg Win မြောက်ပိုင်းကိစ္စကိုဘာမှအသေးစိတ်မသိပဲမဝေဖန်ချင်ပါဘူး
        stakeholderတစ်ယောက်ပြန်လာတာကို
        တော့ကြိုဆိုပါတယ်
      • Thi Ha ဘာဆောက်သုံးကျလို့ သူတို့က နိုင်ငံတွင်းက ခေါင်းဆောင်တွေနဲ့ တွေ့မှာလဲ.....????? တရားမျှတမှုတွေ၊ လူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီတွေ မပြောစမ်းပါနဲ့ဦးကွာ.... အရင်ဆုံး ပါချောင်ကိစ္စ အမည်းစက်ကို ဘယ်ကောင် ပြန်ရှင်းပေးမှာလဲ...... ရူးသလိုလို ပေါသလိုလိုနဲ့ နိုင်ငံလှည့် တောင်းစားနေတဲ့ ကောင်တွေ..... @#&%$!*&@#
      • Minn Thant Shinn
        တခုတော့ ပြောမယ်နော်..ပြည်ပကပြန်လာကြတာ ပညာရှင်ဆရာကြီးတွေပြန်လာတာကိုတော့ကြိုဆိုပါတယ်....ဒါပေမဲ့ အလကားနေရင်း ဒီမိုကရေစီအရေးအော် ၊ ကိုယ့်အဖွဲ့ အစည်းကိုယ့် လူတွေမှမလွတ်မြောက်သေးရင်ဘဲ မြန်မာပြည် ကလူ့အခွင့်အရေး ချိုးဖောက်တယ် ဒီမိုကရေစီ စံမရှိဘူးဘ...See More
      • Zar Ni Than Win ဟား ဟား ဟား လူသတ်သမား ဦးသန်းရွှေ ရှိသေးတယ် တရားမစွဲကျဘူးလား မြောက်ပိုင်းမှာထက် အဆအများကြီးပဲဗျ မေ့နေတာလား
      • Tint Naing Htoon မသိတာကိုသိအောင်လုပ်ရမယ် မသိပဲနဲ့ကြိုဆိုတာတော့မဖြစ်သင့်ဘူးထင်တယ်ဒီလောက်ဆိုးဝါးလှတဲ့သူကိုတော့သိသင့်ပါတယ် သေဆုံးသွားကြတဲ့ ကျောင်းသားတွေ ကိုကိုယ်ချင်းမစာရင်တောင် လေးစားသင့်တယ် ကို Phyo Mg Mg Win.
      • Kozaw Kokozaw တရားသောလက်တွေချိတ်ဆက်ထားနိုင်သမျှ မတရားခြင်းဆိုတာနိဂုံးချုပ်ရမှာပါ
      • Thuba Yar Zar သမ္မတကြီးက လူသတ်ကောင်တွေ ခေါ်နေပါလား။ ဒီကောင်တွေလာတာနိုင်ငံ ညစ်ပတ်တယ်။ အလကား သစ္စာဖောက် ပြည်ဖျက်ကောင်တွေ။
      • Htin Moe U Than Shwe Laid the foundation of Democracy in Myanmar. U Than Shwe draw the road map to democracy. U Than Shwe build the bridge to freedom. U Than Shwe build the road to peace.
      • Hein Naung ကိုနိုင်အောင်ခင်ဗျားဆွေနွေးမဲ့ခေါင်းစဉ်တွေကခင်ဗျားလိုပြည်ပမှာ၂၄နှစ်နေခဲ့တဲ့သူမပြောနဲ့ပြည်တွင်းလွှတ်တော်တက်နေသူတွေတောင်ဘာမှမလုပ်နိုင်ဘူးအဲဒီကိစ္စတွေအတွက်ဆိုရင်တော့မလာပါနဲ့
      • Kozaw Kokozaw ကျွန်တော်နေထိုင်အလုပ်လုပ်နေတဲ့မလေးရှားနိုင်ငံမှာ နိုင်ငံရေးကိုခုတုံးလုပ်ပြီး မိမိအကြိုးစီးပွားအတွက်လုပ်စားနေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဒုက္ခသည်အရောင်ဆောင်ပြီးတတိယနိုင်ငံထွက်ဖို့ တိုင်းပြည်ကိုဒေဝါလီနိုင်ငံဖြစ်အောင်အပုတ်ချတဲ့သူတွေ အများကြီးရှိပါသေးတယ် အခွင့်ကြုံရင်တင်ပြပေးပါဦးမယ်
      • Phyo Mg Mg Win ခက်ပါပြီကိုယ့်အယူအဆနဲ့ကိုလေခက်ပါလသဘောညဏ်ထက်မာနအပြောသန်လိုက်
        တာကိုယ်အယူဆနဲ့ကိုဆိုတာကိုနမလည်
        သေးဘူး
      • Phyo Mg Mg Win သက်နိုင်ထွန်းရေမင်းလဲမင်းအယူဆနဲ့မင်း
        ငါလည်းငါ့အယူဆနဲ့ငါလေကွာ
      • ဇင်မာ မြင့် ဒီလူအုပ်စု သကျိင်္ုင်းမှန်လို့ ပြန်လာတာ လုပ်ကြံခံရသူမိသားစုဝင်များမှ အထောက်အထားစုံလင်စွာစုဆောင်းပြီးတင်ပြတိုင်တန်းသင့်ပါတယ်၊၈၈ အဖွဲ့ ရှိတယ်
      • Robert Mgmg Dr Naing Aung get-out.
      • Aung Naing Oo နိုင်အောင် ကိုဉပဒေအရအရေးယူပေးပါ
      • Myohtet Aung မဇင်မာမြင့် ...ဒီမိုကရေစီတကယ်လိုလားသူဆိုရင် ကျေးဇူးပြု ရန်မတိုက်ပေးသင့်ပါဘူး
      • Myohtet Aung တရားဥပဒေ ကအရင် အရေးယူလို့ မရပါဘူး..အရင်ဆုံး မှန်ကန်တဲ့အတိုင်း ဆုံးဖြတ်ရမှာပါ
      • Myohtet Aung ဘယ်သူတွေဆုံးဖြတ်မလဲ?//ဘယ်လို ဆုံးဖြတ်မလဲ??ဘာနဲ့ ဆုံးဖြတ်မလဲ??လုပ်ကြပါ အမှန်ပေါ်အောင်လုပ်တာတော့ကောင်းပါတယ်
      • Htein Win
        ABSDF know him well and they know themselves. But we don't know anything. Please forget it, let us try to set up our harmonious society.In our neighboring line and inside Myanmar, to grip the security measurement and to develop peace and s...See More
      • Ba Lay Htet Naing စာနာသလို သနားသလိုနဲ. ကျောင်းသားထုအင်အားကိုထပ်ဖြိုခွဲမဲ. အန္တရယ်ကောင်တွေကို အသိတရားနဲ.သတိထားကြပါအုံးဗျို. ။. လက်သီးပုန်းတွေမြင်နိုင်ကြပါစေ ။။
      • Maung Thara Thara ဝံပုလွေကြီးတွေဗျို့ အကျင့်ကိုမကောင်းဘူး။
      • Mya Soe သူတောင်းစားတွေ ဘာလာလုပ်တာလဲ ဝန်ကြီးလုပ်ချင်တာလား မင်းတို့ကြောင့်ပြောင်းလဲမှုဖြစ်တာမဟုတ်ဘူး ထောင်ကျမှာကြောက်လို့ ထွက်ပြေးတဲ့ကောင်တွေ
      • Smart Boy Leo အကြီးမားဆုံးလူသတ်မှူ့ တရားခံ ခေါင်းဆောင်တွေ ရောက်လာပြီ အဆင်သင့် ဖမ်းထည့်လိုက်တော့ ဇမရှိ့တဲ့ကောင်တွေ မင်းကိုနိုင် ချီးကျွေးလိုက်
      • Phyomin Thu ပာုတ်တယ်ပော့
      • ကို သန်းထွန်း
        ဒေါက်တာနိုင်အောင်နဲ့ မိုးသီးဇွန်တို့ ဟာ အဲဒီ အချိန်က စားခွက်လုကြရာကနေ မြောက်ပိုင်းမှာ ရှိတဲ့ ရဲဘော်တွေရဲ့ မဲကို ရဖို့ အတွက် ဒေါက်တာနိုင်အောင် က အကွက်ကျကျစီစဉ်ပြီး ကိုယ်ရဲဘော်အချင်းချင်း သွေးထိုးပေးပြီး ဖြတ်ထုတ်သတ် လုပ်ခဲ့ တာအားလုံးအသိပါေ...See More
      • Aung Myoswe စစ်သားစကားနဲ့ပြောရရင်မင်းတို့ပြန်မလာလဲဒီမှာဒီမိုကရေစီကိုသွားနေပြီ။
      • Mya Soe ငဇင်ကာ ကို သတ်သလို ကွပ်မျက်ပေးပါ
      • Nyinyi Lwin when we faced the worst , u all went away. When we get a little chance , u all come back to participate as a leader. Our real national leader,Daw Aung Sann Su Kyi , never leave our country when we felt the worst.
      • Ko Tint တိုင်းပြည်ရှေ့ရေးတော့ ရင်လေးတယ်။ ကုလားပိုက်ဆံစားပြီး ချောက်တွန်းမဲ့ ကောင်တွေ ပြန်လာပြီ။
      • Kyaw Aung ကောင်းပါတယ်..အရမ်း.ကောင်းတဲ့အမြင်ပါဘဲ.။
      • Soe Moe သမတကြီးရေ တရားဥပဒေစိုးမိုးမူ ပွင့်လင်းမြင်သာထင်သာမူအခြေအနေ ရောက်ရင်ဆိုပြီး လက်ရှိတိုးတက်မူတွေကို ဒီလ
      • Phyuhnin Aung Htin Moe ဆိုတဲ့တယောက်က စိတ်မှမှန်ရဲ့လားမသိဘူး ဟာသတွေလာပြောနေတယ်
      • Soe Moe ဒီလူကစော်ကားလိုက်ပြန်ပြီ တကယ်သတိရှိရင် အနီးဆုံးတရားဥပဒေရှိတဲ့ နေရာမှာ ရင်ဆိုင်လိုက်ပါ မင်းသတ်တိရှိရဲ့လား
      • Coral Koko မိုးသီးဇွန်ဆိုတဲ့ကောင်လည်းပြန်လာရင်ဖမ်းရမှာ၊မလေးရှားမှာမြန်မာနိုင်ကလာတဲ့ရိုဟင်ဂျာတွေရဲ့အစည်းအဝေးမှာရရာလက်နက်စုဆောင်းဖို့တိုက်ခိုက်ဖို့ပြောတဲ့ကောင်သွေးထိုးလှုံ့ဆော်တဲ့ကောင်ရခိုင်တွေကိုအန္တရယ်ပေးတဲ့ကောင်ပြန်လာရင်ဖမ်းပြီးဉပဒေအရအပြစ်ပေးပါ
      • Wai Mar Soe Lwin ဒီလူတွေ နိုင်ငံအတွက် ဘယ်လောက်များ အနစ်နာခံပေးခဲ့လို့လဲ ၈၈ကျောင်းသားတွေ သံဃာတော်တွေ ဗကသကကျောင်းသားတွေ အားလုံးရဲ့ခြေဖျားတောင် မမှီပါဘူး ဘာအန္တရယ်မှ မရှိတဲ့နေရာက နေပြီးလေနဲ့အော်နေရုံကတော့ လူတိုင်းလုပ်နှိုင်တဲ့အလုပ်ပါ တကယ်တန်းထောင်တွေထဲမှာ ဒုက္ခမျိုးစုံခံပြီ နေလာကြတာဘယ်သူတွေလဲ နိုင်ငံ အခုလိုအကောင်းဘက်ကို ဦးတည်လာတာ အန်တီစုနဲ့ ပြည်တွင်းက အပင်ပန်း အဆင်းရဲခံခဲ့တဲ့ ပြည်သူတွေကြောင့်ပါ
      • Kyaw Oo ကိုယ်မှန်ကြောင်း ၊ သူများတွေ အလွန်ညံ့ဖျင်းကြောင်း ၊ တိုင်းပြည်အတွက် ဘယ်လို လုပ်ကိုင်ခဲ့ကြောင်း၊ ......... ဒါကြောင့် ၂၀၁၅ မှာ လုပ်ခွင့်ကလေးများ ပေးကြပါ ၊ ကျောင်းသူတွေ -ာ ဖြစ်စေတာ ဒီလူတွေ ၊ အာဏာရှင် က အဘ ခေါ်ရမဲ့ အာဏာရူးတွေပါ
      • Mee Nge ဘယ်လိုမှနားမလည်နိုင်တော့ဘူ
        23 hours ago via mobile ·

No comments:

Post a Comment