ABSDF မြောက်ပိုင်းကိစ္စ၊ ထွန်းအောင်ကျော်၊ အောင်နိုင်၊ စိုးလင်းနဲ့ ကျွန်တော်
(Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ Facebook မှ ကူးယူဖေါ်ပြပါသည်။)
လွန်ခဲ့တဲ့ ၃-၄ နှစ်က စိုးလင်း(အနကလ ဒုဥက္ကဋ္ဌ)က ပြောတယ်။ အောင်နိုင်(အနကလ ဥက္ကဋ္ဌ)က ထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ) ကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ပစ်ခဲ့တယ်။ ကျွန်တော့်ကိုလည်း ကိုနိုင်အောင်(ဒေါက်တာနိုင်အောင်)က ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖို့ ကြိုးစားတယ်ဆိုတော့ ကြားစက ယုံတောင် မယုံဘူး။
ဟုတ်တယ်လေ။ ထွန်းအောင်ကျော်၊ ကိုလတ်၊ ဇော်ရဲတို့က ညီအစ်ကိုတွေ၊ သူတို့က ကျွန်တော်တို့နဲ့ စီဗွီလိုင်း တစ်ရပ်ကွက်ထဲ၊ ကိုနိုင်အောင်နဲ့ ကျွန်တော်က တစ်လမ်းထဲ(အရေးအခင်းမှာ မော်လမြိုင်ကနေပါသွားတာ)။ အောင်နိုင်(စီလမ်းထဲမှာ နေတယ်)ရဲ့ အဖေက ခွဲစိပ်ဆရာဝန်ကြီး။ သူက Final Part I ၊ သူနဲ့ ဇော်မြင့်၊ ဇော်ရဲ၊ အောင်မြင့်ထွန်းတို့က အတွဲတွေ။ ကျွန်တော် ကိုဇာနည်အောင်(မနတ)၊ ထွန်းအောင်ကျော်(ဗကသ)၊ အောင်နိုင်၊ စိုးလင်း၊ မင်းလွင်(အနကလ) အားလုံး စားအတူ၊ သွားအတူ၊ လုပ်ဖော်ကိုင်ဖက်တွေ။ ကျွန်တော်က အားလုံးထဲမှာ အသက်အကြီးဆုံးနဲ့တူတယ်။ အဲဒီတုန်းက မန္တလေးဆိုတာက အကျယ်ကြီးလည်းမဟုတ်ဘူး။ ယုံကြည်ချက်တူတာ အများကြီးမဟုတ်ဘူး။ တစ်ယောက်အကြောင်း၊ တစ်ယောက် မသိစရာ မရှိဘူး။ ပေါင်းကြည့်လို့ကတော့ မိဘ၊ ဆွေစဉ်မျိုးဆက်ကအစက သိနိုင်တယ်။ ထောက်လှမ်းရေးဆိုပြီး အောင်နိုင်က ထွန်းအောင်ကျော်ကို ဘယ်လိုစွပ်စွဲတာလဲ။ အောင်နိုင်က ရမ်းရမ်းကားကား လူမိုက်မဟုတ်သလို၊ စိတ်ဓါတ်မနိမ့်ကျဘူး။ ထွန်းအောင်ကျော်က ခေါင်းမာပေမယ့်၊ ရန်လိုသူမဟုတ်ဘူး။ အေးဆေးတယ်။ လူချစ်လူခင်ပေါတယ်။ ကျွန်တော် စိုးလင်းကို ပြောမိတယ်။ အောင်နိုင် ရူးသွားတာပဲဖြစ်ရမယ်။ ကျွန်တော်စိုးလင်းပြောသမျှကို ယုံတယ်။ သူက အေးတယ်။ အားနာတတ်တယ်။ သူများကို ထိခိုက်အောင်မလုပ်တတ်ဘူး။ သူကပြောတယ် သံချောင်း၊ မျိုးဝင်း၊ အောင်နိုင်တို့က အဓိက တရားခံတဲ့။ ABSDF မှာ ဒေါက်တာနိုင်အောင်နဲ့ ကိုအောင်ထူး(ရှေ့နေကောင်စီ)က အဓိကပဲတဲ့။ ဒါဟာ အမှန်တကယ်ဆိုရင် ကျွန်တော်နားလည်တာက သူတို့အားလုံးရဲ့ နိုင်ငံရေးက ပြီးသွားပြီ။ ဗိုလ်ချုပ်ကြီးခင်ညွန့်လိုပေါ့။
အခု တရားစွဲကြမယ်ကြားတော့ ၁၉၊ ၉ ၊ ၁၉၈၈ နေ့ မနက်မှာ မြို့တော်ခန်းမနဲ့ ပြည်ထောင်စုဘဏ်ဘက် ပစ်ခတ်တာလေးကို ကိုယ်တိုင်ကြုံထားရတော့ အမြဲမှတ်မိနေတယ်။ မ၀င်းမော်ဦး၊ ၀င်းဇော်နဲ့ စောနိုင်တို့ရဲ့ နာမည်ကျော် ဓါတ်ပုံလေးရဲ့ ရာဇ၀င်ပေါ့။ အဲဒီတုန်းက ဆန္ဒပြသူတွေကို ပစ်တာကတော့ War Game တွေအတိုင်းပဲ။ ရက်ရက်စက်စက်ပဲ။ စက်သေနတ်နဲ့ ပစ်တယ်။ အကာအကွယ်ယူနေတဲ့သူကို လောင်ချာနဲ့ပါပစ်တယ်။ ဂျူတီကုတ်နဲ့ တက်ဆွဲသူကိုလည်း ပစ်တယ်။ လူနာတင်ကားတောင် မသွားရဲဘူး။ ပစ်တယ်။ သေလိုက်ကြတာ သောက်သောက်လဲပဲ။ လိုအပ်တာတွေထက် အင်အားကို သုံးတယ်။ အဲဒီတုန်းက အဲဒီမှာ နေရာယူတာက တပ်မ ၃၃(ကျွန်တော်မမေ့ဘူး။ အရမ်းနာကျည်းတယ်) တပ်မမှူး (မြို့တော်ခန်းမှာတာဝန်ကျတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူး)တွေ နာမည်လိုက်ရှာ မှတ်ထားမိတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီစိတ်တွေ မရှိချင်တော့ဘူး။ တိုင်းပြည်ကို ရှေ့ဆက်သွားစေချင်ပြီ။
အခုလို ဒီကိစ္စနဲ့ယှဉ်ရင် ဒီ့ထက်ဆိုးခဲ့တဲ့ ကိစ္စတွေကို ဘယ်လိုလုပ်ကြမလဲ။ ပြီးတာတွေ မပြီးတာလဲ နားလည်ပါတယ်။ တရားဥပဒေဆိုတာလည်း နားလည်ပါတယ်။ လုပ်နိုင်တဲ့သူကိုပဲ လုပ်မှာလား။ ဘယ်လောက်ဝေးဝေးသွားချင်တာလဲ… စဉ်းစားကြဖို့ပါပဲ။ ခံခဲရတာတွေ၊ နာကျည်းတာတွေကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေနဲ့ အချိန်အခါကိုတော့ နားလည်ရပါမယ်။ ကိုယ်စခဲ့တဲ့ အလုပ်တွေ ကိုယ်အဆုံးသတ်ရဦးမယ်။ ကိုယ်တာဝန်မကျေခဲ့တာတွေ ကိုယ်တာဝန်ကျေအောင် လုပ်ရဦးမယ်။
သေချာတာကတော့ နှစ်ငါးဆယ် စနစ်ဆိုးရဲ့အောက်မှာ နေခဲ့ရတဲ့ ကျွန်တော်တို့မှာ ပြသနာတွေက အများကြီး။ အနာဂတ်က ဘာမှ မသေချာသေးဘူး။
(ကိုစိုးလင်းအား ဒေါက်တာနိုင်အောင်၏ ABSDF (တောင်ပိုင်း) က ၁၉၉၁ခုနှစ် အောက်တိုဘာလတွင် ဖမ်းဆီးခဲ့ပြီး ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကိုထွန်းအောင်ကျော်အပါအ၀င် ၁၅ ဦးအား လူမဆန်စွာ ညဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည်။ ကိုစိုးလင်းအား ABSDF ဒေါက်တာနိုင်အောင် အဖွဲမှ ညဉ်ပန်းနှိပ်စက်ပြီး ထောက်ဒဏ် ၁၀နှစ် ချမှတ်ခဲ့သည်။ ၁၉၉၅ တွင် ထွက်ပြေးလွတ်မြောက်သည်အထိ ABSDF အကျဉ်းထောင်ထဲ၌ နေထိုင်ခဲ့ရသည်။)
မ၀င်းမော်ဦးနှင့် (ဒေါက်တာ)၀င်းဇော်၊ (ဒေါက်တာ)စောနိုင်
ကိုထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ)
ကိုမင်းလွင်၊ ကိုစိုးလင်း(အနကလ)နှင့် ကိုဇာနည်အောင်တို့ကို Eleven Media Group ၏ ၁၁-၁၁-၁၁ (၁) ခြောက်လုံး ဆုံသည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ်
(၀ဲမှယာသို့) ဒေါက်တာကျော်ရင်လှိုင် (အတွင်းရေးမှုး၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)(နိုင်ငံတော်သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဝင်)၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာနိုင်အောင်၊ ဦးသူရ (ဇာဂနာ)(အဖွဲ့ဝင်၊၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)၊ ဒေါက်တာသောင်းထွန်းနှင့် ဦးလှမောင်ရွှေ (နိုင်ငံတော် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့်လူမှုရေး အကြံပေးကောင်စီဝင်) တို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းတွင် ဒေါက်တာနိုင်အောင်တို့အား ၀င်ရောက်ကြိုဆိုနေသည်ကို တွေ့ရစဉ် (Photo: Hla Maung Shwe Facebook)
- 179 shares
- 50 of 61
- Htar Htar Lwin ဒဏ်ရာရ လူနာကို တွဲခေါ်လာတဲ့ ဆရာဝန် နှစ်ယောက်ကိုတကယ်လေးစားပါတယ
်။ ဒီဓါတ်ပုံကိုခုမှမြင်ဘူးတာပါ။ တကယ့်ကို ဆုတစ်ခုခုပေးသင်တဲ့ အနေအထားပါဘဲ။ သူတို့ခုဘယ်မှာရှိကြသလဲဆိုတာ သိချင်ပါတယ်။ Yesterday at 7:30am · · 6 - Thuta Win မြောက်ပိုင်းAB မှာစတေးခံခဲ့ရသူတွေအတွက်တရာ
းမျှတမှုကိုဝိုင်းရှာပေးကြပါ - Kyi Yu အဲဒီဆရာဝန်နှစ်ယောက်လုံး ဗိုလ်ခင်ညွှန့်ဦးဆောင်တဲ့ MI ကနှိပ်စက်လို့ ၁၉၉ဝ-၉၁ ဝန်းကျင်လောက်မှာဘဲ ဆုံးသွားတယ်။Yesterday at 7:44am · · 7
- Thuta Win ဒီလိုမျိုးယုံကြည်ချက်တူချင
်းလည်ပင်းဖက်ပေါင်းခဲ့ကြသူချင်းပေါ်ဘယ်အကြောင်းတရားတွေရဲ့စေ့ဆော်မှုကြောင့်ဒီလောက် ရက်စက်နိုင်ခဲ့ကြတယ်ဆိုတာကိုပါဆရာရေးပါဦး...ကျဆုံးသွားတဲ့အကိုကြီးများအတွက်ဝမ်းန ည်းကြေကွဲစွာဖြင့်... - Myo Khon Kohအဓိကတရားခံကတော့န၀တစစ်ထောက်
လှမ်းရေးကဗိုလ်ချုပ်ခင်ညွန့် နဲ့သူ့တပည့်တွေပါ တိုင်းပြည်ကိုချောက်ထဲတွန်း ချခဲ့တယ် အခုအချိန်မှာအာဏာရှင်တွေရဲ့ လှည့်ကွက်ထဲဇာာာာာာာာာာာာာာာာာာာာာာာာာာာာာာညီညွတ်ဖို့လိုပါတယ်ပန်း တိုင်ကိုရောက်ပြီဆိုမှစာရင်းရှင်းကြု ယတပပပလ့ဖ တညည တ်လမ်းထဲဝင်ပြီးကပြနေရသလိုပဲတ်လမ်းထဲဝင်ပြီးကပြနေရသလို ပတ်လမ်းထဲဝင်ပြီးကပြနေရသလို တ်လမ်းထဲဝင်ပြီးကပြနေရသလိတ် လမ်းထဲဝင်ပြီးကပြနေရသလတ်လမ်းထဲဝင်ပြီးကပြနေရသတ်လမ်းထဲဝ င်ပြီးကပြနေရတ်လမ်းထဲဝင်ပြီးကပြနေတ်လမ်းထဲဝင်ပြီးကပြတ်ေလမ်းထဲဝင်ပြီးကပြတ်လမ်းထဲဝ င်ပြီးကတ်ြလမ်းထဲဝင်ပြီးကတ် လမ်းထဲဝင်ပြီးတ်လမ်းထဲဝင်ပြီတ်လမ်းထဲဝင်ပြတ်လမ်းထဲဝင်ြ တ်လမ်းထဲဝင်တ်လမ်းထဲဝငတ်လမ်းထဲဝတ်လမ်းထဲတ်လမ်းထတ်လမ်းတ်လမ်တ်လမတ်လတ်တ်တ်ေတ - Myo Khon Koh ဒေါက်တာရေအဓိကရန်သူကဘယ်သူလည
်းဆိုတာလူတိုင်းအသိပါ နိုင်ငံရေးမှာလက်ညိုးထိုးတာ နောက်မကျဖို့လိုတယ်လေ ကိုယ်ကဦးအောင်ထိုးထားမှတရားခံမဖြစ်မှာလေ မြောက်ပိုင်းကိစ္စကိုဘယမသူတွေကများကာယကံရှင်တွေလောက်ထဲထဲဝင်ဝင်ပိာသိမှာလဲ မီဒီယာကိုအသုံးချပြီးလက်ဦး မှုရယူတာမျိုးတော့သတနထားစေချ င်တယ် တခုတော့ရှိတာပေါ့လေ မီဒီယာဖက်ကလည်းဘယ်လောက်များ ရပ်တည်ချက်ခိုင်မာလို့လည်း မြတ်ခိုင်လိုကောင်တွေအမျာြး ကီးပါ Yesterday at 8:34am · · 3 - Win Thaung ဓါတ်ပုံထဲကဆရာဝန်၂ယောက်အကြေ
ာင်းအင်တာနက်မှာဖတ်ဖူးတယ်။စ စ်ထောက်လှမ်းရေးတွေရဲ့ဒဏ်ကိုတော်တော်လေးခံလိုက်ရပြီးစိ တ်ဓါတ်ပျက်းယွင်းပြီးသေသွား ကြရတယ်။သူတို့လဲသူရဲကောင်းေ တွပါ။အရမ်းလေးစားပါတယ်။သမို င်းဆိုတာဖျောက်ဖျက်လို့မရပါ ဘူး။အမှန်တရားကိုရှောင်ပုံး နေသူတွေအိမ်မက်ဆိုးတွေမက်နေ မှာပါ။အရိုးတွန်သံတွေသူတို့ နားထဲညံနေမှာပါ။ခင်ညွန့်ကအစ ပေါ့။ - Ko Thu အမှားတစ်ရာကိုအမှန်တရားကနို
င်ပါစေ။ - Soe Moe ကျောင်းသားအချင်းချင်းလက်ကိ
ုကွန်ပါချွန်နဲ့ထိုးတာဖြစ်ခဲ့ဖူးတယ်ဆိုပြီးဆရာမပြောတြာ ကားဖူးခဲ့တယ် ဒီရက်စက်တတ်တဲ့သူလုပ်ရပ်မှန်း ကိုMaung Maung Oo ပြောမှသူ့ပါလားလို့သိရတော့တ ယ် ကွန်ပါချွန်မကိုင်ရတော့လို့ အပ်ချဉ်နဲ့ခဲတံသုံးမလှပတဲ့စ က်ဝိုင်းလေးတွေစွဲခဲ့ဖူးတြာ ပန်သတိရမိတယ် ဒါတွေကသူကြောင့်ကိုး ကံကံ၏အကျိုး ကိုတော့ယုံတယ် ငွေရောင်ပိတ်ကား ပေါ်စောင့်ကြည့်နေပါမည် ကရဝိတ်ကိုမောင်မောင်စာအုပ်လ ည်းဖတ်ပြီးပါပြီ။ - Mg Naing ကိုဇာဂနာရဲ့ ပုံကိုမြင်ရယုံနဲ့ ပဲLike လုပ်လိုက်ပါတယ်မီဒီယာကလူတစ်
ယောက်မီဒီယာကပျောက်နေတယ်
ကျေးဇူးပြု၍ကိုဇာဂနာကိုမီဒီယာမှာမြင်ချင်ပါတယ်။ Yesterday at 9:09am via mobile · - Uyan Keeအမှန်တရားဆိုတာတစ်နေ့ပေါ်လာမ
ှာပါ။ပြု
လုပ်ခဲ့သည်များကိုဖျောက်ဖျက်မရဆိုတာဆိုနှင့်သက်မှုရောက် မှုတိုင်းမှာတန်ပြန်သက်
ရောက်မှုရှိတယ်ဆိုတာကျောင်းပညာသင်ဘူးသူတိုင်သိကြပါတယ်။ကိုဇာဂနာပြောသလို
ခွင့်လွှတ်တယ်သို့သော်မေ့ပစ်ရန်မဟုတ်ဘူး။
ဗုဒ္ဓဘာသာအများစုဖြစ်မြန်မာလူမျိုးတွေဟာ
လက်စားချေပြီးတော့လက်တုန့်ပြန်ခြင်းဖြင့်သူ့အကုသိုလ်ကိုကိုယ့်အကုသိုလ်ဖြစ်အောင်
မလုပ်လိုကြပါ။သို့သော်လည်းတရားမျှတမှု
ဖြင့်အမှန်တရားကိုဖေါ်ထုပ်ချင်ကြသည်။အ
များအကျိုးအတွက်ကိုယ်ကျိုးစွန့်ပြီးခက်ခဲ
ကြမ်းတန်းတဲ့တောမျက်ကြီးထဲမှာအစားဆင်း
ရဲအနေဆင်းရဲပြီးခုက္ခခံကာစစ်အာဏာရှင်
များကိုဆန့်ကျင်တော်လှန်ရန်အတွက်တော
တွင်းသို့ထွက်လာကြသည့်ကျောင်းသားလူ
ငယ်များကိုသွေးခွဲသပ်လျှိုညှင်းပန်းနှိပ်စက်
ပြီးလူမဆန်စွာရက်ရက်စက်စက်သတ်ခြင်းခံ
ခဲ့ရတာကိုယခုနောက်ပိုင်းသတင်းဂျာနယ်
များတွင်ရေးသားဖေါ်ပြကြ၍မိဘပြည်သူများ
သိရှိရပြီးဝမ်နည်းကျေကွဲခြင်းဖြစ်ရသလိုအမှန်တရားကိုဖေါ် ထုပ်စေချင်သည့်ဆန္ဒများ
လည်းဖြစ်ပေါ်ရပါတယ်။ဒါမှသာမတရားသေ
ဆုံးသွားရသူများအပေါ်ကျန်ရစ်သူများကတာ
ဝန်ကျေပါမည်။ - Soe Moe ဒီနေရာမှာကိုဇာဂနာအရေးမကြီး
ပါ သက်ဆိုင်တဲ့ comment သာပေးကြပါ။ Yesterday at 9:16am · · 4 - Nay Htun နာဇီအကျဉ်းစခန်းတွေထက်ဆိုးဝ
ါးတဲ့နှိပ်စက်နည်းတွေနဲ့ရက် ရက်စက်စက်သတ်တယ်။တပ်မ(၃၃)နှိမ်နင်းခဲ့တာတွေကိုအရေးယူရမ ယ်ဆိုရင်လည်းအဲဒါဟာပေါ်ကိုပေါ်ပေါက်လာမှာပဲ။အခွင့်အရေးရလာမှာပဲ။ဒီလိုလိုမြောက်ပိုင်းလူသတ်မူ့တွေအတွက်ဖော်ထုတ်ရ မယ့်အခွင့်အရေးပဲ။သတ်ဖြတ်သူ တွေကိုအရေးယူပါ။ Yesterday at 9:21am · · 4 - Hlatun Aung PL ဒီအချိန်မှာ အမှန်ပေါ်အောင်လုပ်။ နစ်နာခဲ့တဲ့ ကျောင်းသားတွေအတွက် ရှင်းရမှာဘဲ။ အတိတ်ကဆိုပေမယ့် ဒါဟာ တကယ့်အမှားပါ။ power, အခြေအနေ အတွက် ပေးခဲ့ရတာ ကျောင်းသားတွေ အသက်၊ ဘဝပါ။ မခံချင်စိတ်၊ တော်လှန် ပြောင်းလဲလိုစိတ်များခဲ့တဲ့
အရိုးခံ လူငယ်ဘဝ ကျောင်းသားများပါ။ Yesterday at 9:33am · · 2 - Thin Mar Lar နိုင်ငံတော်ကတော့ ရှေ့ဆက်သွားရမှာပါ။ ဒါပေမဲ့ အဲဒီအတွက်နဲ့ ဥပဒေတိုင်း အရေးမယူရင် လူတွေက လုပချင်ရာလုပ် ပြီးရင်ပြည်ပကိုပြေး နောက်စနစ်ပြောင်းရင်လွတ် လို့ တွေးကုန်မှာပေါ့။
- Nld Maha Aung Myay ခေတ်စနစ်ဆိုးကြောင့်အဖြစ်သန
စ်ဆိုးတွေပေါ်ရတာပါ။နောင်မပေါ်ရအောင်ဝိုင်းကြိုးစား ကြရအောင်လား။ - Min Naing Myo ကိုမောင်မောင်ဦးပြောတဲ့ ကိုအောင်နိုင် ကို gosda တုံးကတွေ့ဖူးခဲ့တယ်။ လူပျော့ ပုံစံနဲ့ တောထဲလိုက် သွားတယ် ဆိုလို့လေးစားမိခဲ့ပါတယ်။ ဒါပေမဲ့ ငါတို့တန်ဘိုးထားရတဲ့ ခေါင်းဆောင် အကိုကြီးနဲ့ တို့တွေရဲ့ ရဲဖော်တွေကို သတ်ခဲ့တာ သူဖြစ်နေမယ်လို့လုံးဝ မမျော်လင့်ခဲ့ပါဘူး။
- Myo Myintကိုသန်းထွန်းအောင်
ကျွန်တော်ကခင်ဗျားညီနိုင်ထွဋ်အောင်။ဇော်ရဲ။ဇော်မြင့်တို့နဲ့အတူအိန္ဒိယဘက်ထွက်ရင်းအ ဖမ်းခံခဲ့ရတဲ့ ဗလပါ ။
ဒီမတိုင်ခင် ခင်ဗျားတို့ရွေးချယ်လွှတ်ခဲ့လို့သန်းနိုင်။ကိုဘရာရင်တို့နဲ့အတူလက်နက်ကိုင်သင်တတ် ဖို့သွားခဲ့ပါသေးတယ်(အရေးအခ င်းကာလတွင်းတုန်းကပေါ့)။ဒါတွေကခင်ဗျားမှတ်မိအောင်ပြောရတာပါ။
ဒပြီးတာတွေပြီးရောဆိုရင်ဖြင့် နောက်ဆက်ရအုံးမယ့်ခရီးမှာ ဒီလိုလူမဆန်တဲ့သူတွေအပါခံဦးမှာလား
မတရားနှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့ကျောင်းသားရဲဘော်တွေရဲ့သ မိုင်းကိုမျက်ကွယ်ပြုထားရတော့မှာလား.....
ကျွန်တော်ဆိုလိုတာကရှေလျှောက်မယ့်လမ်းမှာနောက်ထပ်ဒီလို အမှားမျိုးတွေဘယ်သူမှထပ်မလု ပ်အောင် သင်ခန်းစာတော့ ပေးရမှာပါ
နောက်ပြီးသမိုင်းကိုလည်း အမှန်အတိုင်းဖော်ထုတ်ပေးရင်းပေါ့
ကျွန်တော်တို့အားလုံးဟာအာဏာရှင်ကိုတော်လှန်ခဲ့ကြတာပါ.. .
ကိုယ်အာဏာရဖို့အတွက်ကမ္ဘ္ဘ္ဘ္ဘာမီးလောင်သားကောင်ချနင်းတဲ့လုပ်ရပ်မှန်သမျှအမြဲဆန့်ကျင် နေမှာပါ။နောက်ဆုံးဗျာကိုထွန်းအောင်ကျော်တို့အောင်နိုင် တို့ဆိုတာကျွန်တော်တို့နဲ့တ အိပ်ရာထဲအိပ်။မရှိအတူငတ်အတူ နေခဲ့ကြသူတွေပါ
တယောက်အကြောင်းတယောက်ကောင်းသိပြီးသားလူနွေပါ။
အဲဒီကာလကခင်ဗျားဆိုရင်တောင်ကျုပ်တို့ငတ်နေတာတွေ့တော့ခင်ဗျားမစားပဲကျုပ်တို့ကိုကျွေးခဲ့တာအမြဲအမှတ်ရပါတယ်..
ဒါကြောင့်ရှေလျှောက်မယ့်လမ်းအတွက်ဒီလိုလူတွေကိုပြတ်ပြတ်သားသားချန်ထားခဲ့ပါလို့
တိုက်တွန်းရင်းကိုယ်လမ်းကိုယ်ဆက်လျှောက်နိုင်ပါစေ။ - Min Naing Myoကိုအောင်နိုင်ကလဲခေသူမဟုတ်ဘ
ူး။ သူနည်းသူဟန် သူ့မာယာနဲ့ ဗမာပြည်ထဲမှာ သူပြောသမျှ ယုံနိုင်မဲ့သူ သတင်းပလင်းပြတ်နေသူ မဥမာမြင့် မနတလ ကနေတဆင့် ယုတိမရှိ။ ကလေးကိုသွားပြောရင်တောင်မယုံ နိုင်မဲ့ သူကိုသူကိုယ်ရည်သွေးပြီး ဝါဒဖြန့်ခိုင်းနေတာ။ သူကတဲ့ တတိယနိုင်ငံတွေကိုလာဖို့ကမ်းလှမ်းခံရပေမဲ့ အခူအချိန်ထိ ငြင်းဆန်ပြီးနေလာ ခှဲုတာ နယ်စပ်မှာရှိနေတဲ့ကလေးတွေ။ ဆင်းရဲသူတွေကိုမထားရက်ခဲ့နိုင်လိုတဲ့။ ကိုအောင်နိုင်ဟာသိပ်စိတ်သဘောထား ကောင်းတာတဲ့။ အဲဒီစကားတွေကို ဘယ်လိုမှမထင်နိုင် ခဲ့တဲ့ မမြင့်မြင့်ခိုင် မနတလ နုပ်ကနေတက်ကြွစွာပြောပြနေ တာကို 24; june;2012; 9:30pm မှာ အံသြဝမ်းနည်းစွာကြားခဲ့ရပါတ ယ်။ - Chozin Win ကြားဖူးတာတော့ကြားဖူးတာပေါ့
။တကယ်တန်းဖတ်လိုက်ရတော့မှအေ မှာင်- ခေတ်ဆိုးထဲမှာကျဆုးံသွားသူအ ကြောင်းတွေအများကြီးရှိနေပါ လားလို့သိလိုက်ရတယ်။ဘ၀တွေများစွာကိုစတေးပြီးမှရရှိလာသောဒီမိုကရေစီရေစီးကြောင်းထဲမှာအမှိုက်တွေအများကြီးကျန်ပါသေးတယ်။တရားသဖြင့်ပေါ့။ - Pwint Lin Phyo ဆရာ သန်းထွဋ်အောင် ခင်ဗျား ... မ၀င်းမော်ဦးနှင့် (ဒေါက်တာ)၀င်းဇော်၊ (ဒေါက်တာ)စောနိုင် လို့ စာမှာရော
ဓါတ်ပုံမှာပါ မှားနေလို့ အမှားပြင်ပါရစေ ...ေ - Aung Khaineminn သမိုင်း ကို တော့ မလိမ်စေချင် ပါ ခင်ဗျာ ။ ဒီလို ဇာတ်တူသား စား ရက်သူ တွေ ကိုတော့ ထား ခဲ့ စေချင် ပါ တယ်။
- Royal Hero ဖားကန့်တိုက်ပွဲ တည်နေရာ ဖြစ်ပါသည်။ http://www.facebook.com/
media/set/ ?set=a.116008758546654.2337 1.100004125901519&type=1 - Pwint Lin Phyo ဒေါက်တာ စောနိုင် မဟုတ်ပါ ... ဒေါက်တာ စောလွင် ပါ .. သုဝဏ သားပါ ... suicide လုပ်သွားတာပါ ... ၁၉၉၅ လောက်မှာ ထင်ပါတယ် ... သူ့ညီမကလဲ ဆရာဝန်ပါဘဲ .. Dr ဝင်းဝင်းသန်း OG ပါ ... ခုတော့ မလေး မှာပါ ... သူတို့ ဖခင် ဦးမောင်မောင်ဆင့် က အရေးအခင်းတုံးက မြန်မာ့အသံက ညွှန်မှူးပါ ... ကိုစောလွင် ပုံ Newsweek မှာ ပါလာလို့ forced to retire ပေးခံခဲ့ရပါတယ် ...
- De Par ကိုဗလပြောတာမှန်တယ်။ အမှားကိုအမှားလို့ မမြင်ဘဲ အထက်စီးနေ ကိုယ်ဘဲမှန်နေသရောင်ဆက်လုပ်
နေတဲ့ အယောင်ဆောင်ထာဝရခေါင်းဆောင် လုပ်နေသူတွေကိုကျနော်တို့ ကဒီအတိုင်းသမိုင်းမှာထားရမှာလား?နောင်မျိုးဆက်တွေအတွက်ဘာသင်ခန်းစာထားခဲ့မှာလဲ? စစ်ခေါင်းဆောင်တွေကိုလည်းတရားစွဲရမှာဘဲ။ဥပဒေချုးဖောက်သူတွေကိုဆက်ပြီးလက်တွဲရဲသူတွေဟာမရိုးသားဘူး၊သူတို့ ဆီကအခွင့်အရေးတစုံတရာ ရမယ်ထင်လို့ ပေါင်းနေတာ။ဟန်ဆောင်နေတာ။ - Htet Naing Lin Please Let Me Share!!!!!Thank You!!!
- Pwint Lin Phyo ကိုစောလွင် က in service ကို ၁၉၉၄ လောက်မှ ရပါတယ် .. အဲဒီ့ ရှေ့ပိုင်းမှာ လပွတ္တာ ဘက်က ကန်ဘက်ရွာမှာ GP သွားဖွင့်ခဲ့ပါတယ် ... အငြိမ်းစား ဖခင်က သားနဲ့ အတူလိုက်နေပေးရင်း တောမှာဘဲ heart attack နဲ့ ရုတ်တရက် ဆုံးသွားခံ့ပါတယ် ... အဖေ ဆုံးပြီးမှ in service ပေးဝင်ခဲ့တာပါ ... ကျနော် နဲ့ တရပ်ထဲသား အကိုလိုရင်းနှီးပါတယ် ..
- Nay Oo@Htar Htar Lwin
@Kyi Yu
@Win Thaung
သမိုင်းဝင် နာမည်ကျော် ဓါတ်ပုံထဲက တစ်ယောက် ဒေါက်တာဝင်းဇော်ဟာ ယနေ့အချိန်ထိ ရန်ကုန်မှာ ဆရာဝန်အဖြစ်ရှိနေပါတယ်။ အင်တာနက်ပေါ်က ဇတ်လမ်းထဲက ကျန်တစ်ယောက်အကြောင်း မှန်မမှန် မသိပေမယ့် ဒေါက်တာဝင်းဇော်ကို မှားရေးထားတာကတော့ သေချာပါတယ်။ ကိုဝင်းဇော် တစ်ယောက်က ဒီနာမည်ကျော်ဓါတ်ပုံကြောင့်ပတ်စ်ပို့မရပဲ ပြည်တွင်း ဘလက်ခ်လစ်စ် နဲ့ မြန်မာနိုင်ငံဆရာဝန်အသင်း အမှုဆောင်အဖြစ် ကိုယ်စားပြု တက်ရောက်ရမယ့် နိုင်ငံခြား အလုပ်ရုံဆွေးနွေးပွဲတွေတောင် မတက်နိုင်ရှာခဲ့ ပါဘူး။ အခု ပြောင်းနေပါပြီဆိုတဲ့ခေတ်မှာတော့ နိုင်ငံကူးလက်မှတ်ရပိုင်ခွင့် ဆိုတဲ့ အခြေခံလူ့အခွင့်အရေးလေး ရလောက်ပါစေလို့ ဆုတောင်းပါတယ်။
ပစ်ခတ်နေတဲ့ သတ်ကွင်းထဲမှာ ဒဏ်ရာရ ကျောင်းသူ လူနာလေးကို အဖြူရောင် ဂျူတီကုတ်နဲ့ တက်သယ်ခဲ့တာ ပြစ်မှု မဖြစ်သင့်ဘူးထင်ပါတယ်။ - အသင်္ခ ရာ ကောင်းတယ်ဗျာ။ မသိရတာတွေလဲသိရ။ကျေးဇူးလည်း
တင်ပါတယ် ။အမှန်တရားပေါ်ပေါက်ပါစေ။ Yesterday at 4:37pm via mobile · - Tour Aungကျနော် တောထဲမှာနေစဉ်တုံးက တိုက်ပွဲ ထဲအထိ မုန့် ဘိုးပေးဘူးတဲ့ ဆရာနေ၀င်းအောင် ဆိုတာ ကျောင်းသားဘ၀ကတည်းက ထောက်လှမ်းရေးလုပ်နေတာတဲ့ ကျောင်းပိတ်ရက်တွေမှာ မွမ်းမံ သင်တန်း ပြန်ပြန်တက်ရတယ်တဲ့ တောမခိုခင်ကျောင်းတက်နေတုံး
က ကျနော်တို့ ကျောင်းမှာ ဆရာလုပ်ေ နတာ သူထောက်လှမ်းရေးမှန်း သိကိုမသိတာ သူလည်းတောခိုလာတယ် စိုးလင်းထောက်လှမ်းရေးကမှန်း သူပဲ သိတာတဲ့ ဘယ်လို ဘယ်လိုအချိတ်အဆက် လုပ်ခဲ့ တယ်ဆိုတာလဲ သူပဲ ပြောခဲ့တာ သူ့ ဇာတ်လမ်းကို သူကိုယ်တိုင်ပြောမှ သိရတာ - Ko Gyi Kyaw ကိုထွန်းအောင်ကျော်တို့အတွက
် တရားမျှတမှုပြန်ရစေချင်တ ယ်ဗျာ - Maung Dan Yar ကိုယ်ချင်းစာ နိုင်တဲ့ အခြေအနေ တွေမှာ ကိုယ်ချင်းစာကြပါ။ နစ်နာသူတွေကို ဘယ်တော့လစ်လျူမရှုလိုက်ကြပါန
ဲ့၊ မမေ့လိုက်ကြပါနဲ့ - Sayar Gyiကိုယ့်ကိုကိုယ်တိုင်းပြည်အတ
ွက်လုပ်နေတယ်ဆိုပြီးသိပ်ဘ၀င်မြင့်မနေပါနဲ့ ခင်းဗျားတို.တတွေဟာဘုရားလော င်းတွေမဟုတ်ဘူဆိုတာကိုလည်းသ တိ ရကြပါ။တိုင်းပြည်အတွက်လုပ်တာကိုတော့ကျေးဇူးတင်ပါတယ်ဒါေ ပမယ့် တခါတလေကိုယ်အနိုင်ရဖို.အတွက်ကိုယ်နေရာရဖို.အတွ က်ကိုယ်နာမည် ရဖို.အဓိကလိုပုံစံဖြစ်နေတာကိုလည်းကိုယ့်ကိုကိုယ်သိနေပေးပါအုံး တိုင်းပြည်ကိုပြန်လာတာကိုလက်ခံနားလည်ပေးလို.ရပါတယ်တိုင်းပြည်ကို ဖျက်စီးဖို.ပြန်ချင်တယ်ဆိုရ င်တော့ပြည်သူတစ်ယောက်အနေနဲ. မလာခဲ့ပါနဲ. လို.ပြောချင်ပါတယ် ။သမတကြီးကိုအခက်တွေ.အောင်မလုပ်ပါနဲ. ပူပေါင်း ပါဝင်ဖို.အတွက်ကိုသာခင်ဗျား တို.ကိုကြိုဆိုတာပါ Yesterday at 7:43pm · · 1 - Myo Myintစကားတွေအများကြီးပြောပြီးစိ
တ်ဝမ်းကွဲရမယ့်အချိန်မဟုတ်ပါဘူး
အပြစ်ရှိသူအပြစ်အတိုင်သွား
နောက်လူတွေသင်ခန်းစာယူ
ရှင်းရှင်းလေးပါ
တစိတ်ကိုတအိပ်လညပ်မနေကြပါနဲ့ ရှေလျှောက်ရမယ့်လမ်းမှာရိုးသားကြဖို့ပဲလိုတယ်...
လုပ်သင့်တယ်ထင်တဲ့သူဆက်လုပ်
သမိုင်းကိုအမှန်အတိုင်းမဖော်ထုတ်ရဲတဲ့
သစ္စာဖောက်တော့အဖြစ်မခံနဲ့ - Saw Kyinsein All our fellows I would like to request if we are really wants to develop our country don’t live the past .live for the factures. Please learn from the Cambodia. Our history is not worst than Khmer rouge history. Why we are doing politic? Revenge or rebuild. Let make thing better.
- Myo MyintRevenge (ဂလဲ့စား) ဆိုတဲ့ အသုံးအနှုန်းကတော့ ရင့်သီးလွန်းပါတယ်....
ခုကိစ္စက ဘယ်သူအပေါ်မှမတရားနိုင့်ထက်စီးနင်းလုပ်နေတာမဟုတ်ပါဘူး.. .
ချောင်ပိတ်ပြီးရိုက်ဖော်ခိုင်းနေတာလဲမဟုတ်ဘူး...
နာကျည်းချက်နဲ့ အတင်းအဓ္ဓမ လက်တုန့်ပြန်နေတာလဲမဟုတ်ဘူး
သူတို့ကိုလည်းဖြေရှင်းချက်ပေးထားတာပါ...
ကိုယ့်လိပ်ပြာကိုယ်လုံရင်ရဲရဲဝံ့ဝံ့ဖြေရှင်းနိုင်ရမှာပါ...
ဘယ်သူမှန်လို့ဘယ်သူတရားခံဆိုတာ
ပေါ်လာမှာပါ...
တိုင်းပြည်ပြန်လည်တည်ဆောက်ရာမှာဒီလိုအာဏာယစ်မူးနေတဲ့လူ တွေကို
ဦးစီးဦးဆောင်လုပ်ခိုင်းကြအုံးမလို့လား
ကျွန်တော်ခံယူတာတော့ ဒါဟာအားလုံးအတွက်အနာဂက်သင်ခန်းစာတခုပဲ....
အငြိုးအတေးနဲ့ ဂလဲ့စားချေလိုမှုလုံးဝမပါဘူး..... - Moe Kay Khamm ဆရာ့စာအုပ်ကိုဖတ်ထားလို့ ဆရာ့စိတ်ဓာတ်ကို သိရတဲ့ကျွန်တော့်လို လူငယ်အတွက်တော့ ဘာမှ ဝင်မပြောနိုင်ပါဘူး ဆရာ..။ ဆရာတို့ချင်း အဆင်ပြေကြရင် ကျေနပ်ပါတယ်..။
- Maungmaung Skwဒေါက်တာကြီး ခင်ဗျားလဲတော်လှန်ရေးတခုမှာ
တက်တက်ကြွကြွပါဝင်ခဲ့-ပါဝင် နေဆဲဘဲ
ဆိုတာ ယုံကြည်နေပါတယ်။
နိုင်အောင်တို့ အောင်နိုင်လုပ်ခဲ့တယ်
ဆိုတဲ့အလုပ်မျိုး ခင်ဗျားလုပ်ခဲ့မိနိုင်ပါသ
လား။သေချာပါတယ် သူတို့ကျူးလွန်ခဲ့တဲ့ပစ်မှုမျိုးကို ဘယ်လူစိတ်ရှိတဲ့သူမှ စိတ်နဲ့တောင်
ကျူးလွန်ကြမှာမဟုတ်ပါဘူး။
ခင်ဗျားရေးထားသလိုဘဲ စိုးလင်းကို
ကျွန်တော်လဲယုံကြည်စိတ်ချပါတယ်။
အလွန်အေးချမ်းတဲ့သူပါ။
ကံတရား၊ဝဋ်တရားကိုယုံကြည်ပြီး
ဘယ်သူ့ကိုဖြစ်ဖြစ်အမြဲခွင့်လွှတ်ဖို့
အဆင်သင့်ဖြစ်နေတဲ့သူပါ။
ဒါပေမဲ့ သူခွင့်လွှတ်လို့ရတာက သူ့အပိုင်းဘဲလေ-သူ့အပေါ်မှာနိုင်အောင်
တို့လုပ်ခဲ့ကြတာနဲ့ပတ်သက်ပြီး
ခင်ဗျားကခွင့်လွှတ်တယ်ဆိုရင်တော့
ခင်ဗျားဟာ တာဝန်မဲ့တဲ့သူ မိတ်ဆွေကောင်းမပီသတဲ့သူလို့
ကျွန်တော်ကတော့သတ်မှတ်ရမှာဘဲ။
ခင်ဗျားရေးထားတဲ့စာထဲမှာ နိုင်ငံတော်
ရှေ့ဆက်သွားရမဲ့ကိစ္စတွေကြောင့်
မတရားမှုတွေကိုခွင့်လွှတ်စေချင်တဲ့
စကားကို မြို့တော်ခန်းမရှေ့ကကိစ္စနဲ့
နှိုင်းယှဉ်ရေးပြသွားတာတွေ့ရလို့ပါ။
စဉ်းစားပါဗျာ-တခြားသူတွေအပေါ်မှာ
အထူးသဖြင့် သေတူရှင်မကွာရဲဘော်
ရဲဘက်တွေအပေါ်မှာ မတရားသဖြင့် နိုင့်ထက်စီးနင်း ပက်ပက်စက်စက်လုပ်ခဲ့ပြီးတော့ အားလုံးက ခွင့်လွှတ်ပြီးနေလိုက်ကြတယ် ဆိုရင် အဲ့ဒီလူက နောက်နောင်လဲ မတရားတာ
လုပ်ဖို့ဝန်လေးနေမှာမဟုတ်ဘူး။
ကျွန်တော်ပြောနေတာ လက်စားခြေရေး
မဟုတ်ဘူးနော်။အမှန်တရားပေါ်ပေါက် ရေးကိုပြောနေတာ။
အမှန်တရားပေါ်ပေါက်ရေးအတွက်
လောက်ကလေးတောင် ခင်ဗျားစိတ်မဝင်စားတော့ဘူးလားဗျာ။
အများဆန္ဒ-ပြည်သူ့ဆန္ဒကိုမလေးစားဘဲ
ကိုယ်ဖြစ်ချင်တာကိုယ်လုပ်ကြမယ်ဆိုရင်
တော့-ကျွန်တော်တို့တိုင်းပြည်မှာ ကြံ့တွေ-တပ်တွေ-ဗိုလ်ချုပ်ေ တွ နဲ့တင်
လုံလောက်ပါတယ်-ဘယ်တော်လှန်ရေး
နာမည်ခံသမားမှမလိုအပ်ပါဘူး။
လေးစားပါတယ်-
ဒေါက်တာသန်းထွဋ်အောင်။ - Htar Htar Lwin ဒေါက်တာစောလွင်ဆိုရင် ကျမသိပါပြီ ကျမတို့ အမက ၁၆ သုဝဏ္ဏက ဆရာမဒေါ်ညွန့်ညွန့်ရဲ့သားပါ သူ့ကိုယ်သူ သတ်သေသွာားတယ်လို့သိရပါတယ် သူ့အဖေ ရာထူးကအနားပေးခံရတာလည်းသိထာ
းပါတယ် သူတို့အိမ်ကိုလည်း ရောက်ဘူလို့ ဒေါက်တာစောလွင် ကျောင်းသားဘ၀ထဲက မြင်ဘူးခဲ့တာပါ မိသားစုအားလုံး အင်မတန် အေးဆေးတဲ့သူတွေပါ အမည်မှန်တင်ပြပေးခဲ့တဲ့သူကိုလည်းကျေးဇူးတင်ပါတယ် 15 hours ago · · 2 - Si Thu Htet အဓိကတရားခံကထောက်လှမ်းရေးသူ
လျှိုဆိုပြီးသတ်တဲ့သူပဲ။ နိုင်အောင်ဘာကောင်လည်းဆိုတာ ABSDFကချင်ပြည်နယ်ရော၊ကရင်ြ ပည်နယ်ကပါသိတယ် - Little Phoeshote http://www.youtube.com/
watch?v=ZrB1yXeGb-k&feature for watch rohingya to be polite and peace=related - Kyaw Kyaw Mgဒေါက်တာ ကျွန် တော်အကြိုက်ဆုံး အပိုဒ်ပါ >>>>အခု တရားစွဲကြမယ်ကြားတော့ ၁၉၊ ၉ ၊ ၁၉၈၈ နေ့ မနက်မှာ မြို့တော်ခန်းမနဲ့ ပြည်ထောင်စုဘဏ်ဘက် ပစ်ခတ်တာလေးကို ကိုယ်တိုင်ကြုံထားရတော့ အမြဲမှတ်မိနေတယ်။ မ၀င်းမော်ဦး၊ ၀င်းဇော်နဲ့ စောနိုင်တို့ရဲ့ နာမည်ကျော် ဓါတ်ပုံလေးရဲ့ ရာဇ၀င်ပေါ့။ အဲဒီတုန်းက ဆန္ဒပြသူတွေကို ပစ်တာကတော့ War Game တွေအတိုင်းပဲ။ ရက်ရက်စက်စက်ပဲ။ စက်သေနတ်နဲ့ ပစ်တယ်။ အကာအကွယ်ယူနေတဲ့သူကို လောင်ချာနဲ့ပါပစ်တယ်။ ဂျူတီကုတ်နဲ့ တက်ဆွဲသူကိုလည်း ပစ်တယ်။ လူနာတင်ကားတောင် မသွားရဲဘူး။ ပစ်တယ်။ သေလိုက်ကြတာ သောက်သောက်လဲပဲ။ လိုအပ်တာတွေထက် အင်အားကို သုံးတယ်။ အဲဒီတုန်းက အဲဒီမှာ နေရာယူတာက တပ်မ ၃၃(ကျွန်တော်မမေ့ဘူး။ အရမ်းနာကျည်းတယ်) တပ်မမှူး (မြို့တော်ခန်းမှာတာဝန်ကျတဲ
့ ဗျူဟာမှူး၊ တပ်ရင်းမှူး)တွေ နာမည်လိုက်ရှာ မှတ်ထားမိတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီစိတ်တွေ မရှိချင်တော့ဘူး။ တိုင်းပြည်ကို ရှေ့ဆက်သွားစေချင်ပြီ။
အခုလို ဒီကိစ္စနဲ့ယှဉ်ရင် ဒီ့ထက်ဆိုးခဲ့တဲ့ ကိစ္စတွေကို ဘယ်လိုလုပ်ကြမလဲ။ ပြီးတာတွေ မပြီးတာလဲ နားလည်ပါတယ်။ တရားဥပဒေဆိုတာလည်း နားလည်ပါတယ်။ လုပ်နိုင်တဲ့သူကိုပဲ လုပ်မှာလား။ ဘယ်လောက်ဝေးဝေးသွားချင်တာလဲ… စဉ်းစားကြဖို့ပါပဲ။ ခံခဲရတာတွေ၊ နာကျည်းတာတွေကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေနဲ့ အချိန်အခါကိုတော့ နားလည်ရပါမယ်။ ကိုယ်စခဲ့တဲ့ အလုပ်တွေ ကိုယ်အဆုံးသတ်ရဦးမယ်။ ကိုယ်တာဝန်မကျေခဲ့တာတွေ ကိုယ်တာဝန်ကျေအောင် လုပ်ရဦးမယ်။
သေချာတာကတော့ နှစ်ငါးဆယ် စနစ်ဆိုးရဲ့အောက်မှာ နေခဲ့ရတဲ့ ကျွန်တော်တို့မှာ ပြသနာတွေက အများကြီး။ အနာဂတ်က ဘာမှ မသေချာသေးဘူး။ - Ah Mar Ni ဂ တုံး ကြီး က ကျောင်းသားရဲ ဘော် တွေ ကို သတ်တဲ့ တရာခံ အာ ဏာ ရှုးကို သွာဖြဲ ပြီး ကြို လာတယ်14 hours ago · · 2
- Uyan Keeမကောင်းမှုလုပ်ခဲ့တဲ့သူနှင့်
အပေါင်းအပါပု
လင်းတူဘူးဆို့တွေကတော့ဖြစ်ပြီးသွားပြီဒါ
တွေဟာပြန်ဖြစ်လာမည့်ဟာတွေမဟုတ်ဘူး
ဒါကြောင့်သင်ပုန်းချေပစ်ရမယ်။တဖက်ကခံ
စားနစ်နာရတဲ့သူတွေနှင့်မိသားစုအပေါင်းအ သင်းသူငယ်ချင်းများကတရားမျှတမှုနဲ့အမှန်
ကိုဖေါ်ထုပ်စေချင်ကြတယ်။ကျွန်တော်က
တော့ဖြစ်ပြီးတာတွေဖြစ်ခဲ့ပြီးပြီဆိုကြသဖြင့်
ထောင်အသီးသီးမှာပြစ်ဒဏ်ကျခံနေရတဲ့သူ
ခိုးလူသတ်မုဒိန်းကောင်။နိုင်ငံရေးအကျဉ်း
သားနိုင်ငံပိုင်ပစ္စည်းခိုးယူအလွဲသုံးစားလုပ်စား၍ထောင်ကျနေသူတွေ။ကာစတန်တွေ။
ထောက်လှမ်းရေးထောင်ကျတွေအားလုံးကို
ပြစ်ဒဏ်ကသင်ပုန်းချေလွတ်ပေးချင်ပါသည်။မိတ်ဆွေတို့ကရောဘ ယ်လိုသဘောရကြပါ
သလဲ။
်13 hours ago via mobile · - Kyawmyo Lin ဆရာမန်းရဲ့ facebook ကိုသိချင်ပါတယ်ဖော်ပြပေးပါလ
ား - Nicky Sheinသမိုင်းတခုကို ဖြတ်သန်းကြတိုင်းမှာ၊ လူသားအကျိုးဖြစ်ထွန်းစေတဲ့ လှပတဲ့သမိုင်းတွေလဲပါသလို၊ ဆိုးရွားပြင်းထန်ခါးသီးလှတဲ
့ သမိုင်းအမှိုက်တွေလဲ ထုနဲ့ဒေး ပါလာစမြဲပါပဲ၊ ခါးသီး ရိုင်းစိုင်းတဲ့သမိုင်းအမှိုက်တွေကိုပယ်၊ လှပကောင်းမွန်တဲ့ လူသားအကျိုးပြုတာတွေကို အနာဂါတ်လူသားတွေအတွက်ချန်ခဲ့ကြရတာ လူပီသသူတွေရဲ့ ဓမ္မတရားပါပဲ၊ ဒါ့ကြောင့် သမိုင်းဆိုးထဲက လူသား အကျိုးကို မဖြစ်စေခဲ့တဲ့အပြင် ယုတ်မာလွန်းလှတဲ့ သမိုင်းထဲက အမှိုက်ဆိုးများကို ဖယ်ရှားပြီး လှပတဲ့ အနာဂါတ်သမိုင်းတခုကို ဆက်လက်လျှောက်လှမ်းရမဲ့ နောင်အနာဂါတ်မျိုးဆက်သစ်များအတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်၊ ဝေ့လည်ကြောင်ပါတ်သမိုင်းကို တော့ နောင်လာနောက်သားတွေအတွက်ချန်ခဲ့ရင် ချန်သူကိုယ်တိုင်လဲ သမိုင်းရဲ့အမှိုက်နဲ့အတူ ဖယ်ရှင်းခြင်းကို ခံရပါလိမ္မယ်။ - Kyaw Mgn ဖ2 hours ago via mobile ·
- Kyaw Zin အမှန်ကိုဝန်ခံဘို.အရေးကြီးတ
ယ်၊ - Zar Ni ဓါတ်ပုံတွေအောက် မှာရေးတဲ့စာချေို့လွဲနေတယ်.
.။(၁၂၊၉၊၁၉၈၈) လမ်းမတော်ဆေးတက္ကသိုလ်(၁)က အစည်းဝေးက..(၁၃၊၉၊၂၀၁၂) - Zar Ni အစည်းဝေးက မြန်မာနိုင်ငံလုံးဆိုင်ရာကေ
ျာင်းသမဂ္ဂဖွဲ့စည်းတဲ့အစည်းေ ၀းမဟုတ်ပါ.....မ ရော ဗ ရောပါတဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးအ စည်းဝေးဖြစ်ပါတယ်...။
No comments:
Post a Comment