ဘရာဇီး ငှက်ရိုး shared ငရဲ သား's status.
မွှေးခဲ့ဖူးတဲ့ မီးတော့ တောက်လာပြီ... ကိုင်း တာဝန်ရှိသူတွေကို ဆွဲထုတ်ပေးလိုက်ကြပါ... အဖွဲ့အစည်းကို နာမည် တပ်လာပါပြီ... ငရဲသားလေးတင်တဲ့ သတင်းဖြစ်ပါတယ်...
- အခု ပြည်တွင်းကို မကဒတ (ABSDF) က ခေါင်းဆောင်ဆရာကြီးများ လူစုံတက်စုံနီးပါး ပြန်ရောက်ချိန်မှာ မေးခွန်းငါးခုလောက် မေးချင်ပါတယ်..။
အဲဒီမေးခွန်းတွေကို မေးပေးဖို့ ပြည်တွင်းက မျိုးချစ်စိတ်ရှိတဲ့ တိုင်းရင်းသားသတင်းထောက်များကို တောင်းဆိုပါတယ်..။
၁၉၉၂ ခုနှစ် ဇွန်လ ၇ ရက်နေ့ ရက်စွဲနဲ့ ABSDF-ဗဟို (သုတေသနဌာန) က စာမျက်နှာ ၄၉ မျက်နှာပါတဲ့ Rohingya (Researched by ABSDF) ဆိုတဲ့ စာတမ်းတစ်စောင်ထွက်ပေါ်ခဲ့ပါတယ်.။
အဲဒီစာတမ်းဟာ INGO တွေနဲ့ UNGO တွေဆီ ပျံ့နှံ့သွားပြီး ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဘင်္ဂလီနွယ်တစ်စုဟာ ရိုဟင်ဂျာအဖြစ် ကမ္ဘာက အသိအမှတ်ပြုခံခဲ့ရကာ .. ကမ္ဘာ့အလယ်မှာ မြန်မာပြည်ကဌာနေသနားစရာ လူမျိုးစုအဖြစ် စာရင်းဝင်သွားခဲ့ပါတယ်..။
အဲဒါရဲ့ အကျိုးသက်ရောက်မှုအဖြစ်.. ယခု နှစ်နှစ်ဆယ်တိတိ (၇-၆-၂၀၁၂) အချိန်မှာ ရခိုင်အရေး ကြီးကျယ်စွာ ဖြစ်ပေါ်လာပြီး လူဝင်မှုကိစ္စတွေအပေါ်မှာ ဘာသာရေး/လူမျိုးရေး ရှုထောင့်မှ ထင်မြင်ချက်များ ဖြစ်ပေါ်လာက ရခိုင်ရဲ့ ဘူးသီးတောင်၊ မောင်တောကနေ ရခိုင်တိုင်းရင်းသားများပြောင်းရွှေ့သွားတဲ့ ဖြစ်စဉ်တွေဖြစ်ပေါ်လာနေပါတယ်..။
လူဝင်မှုကိစ္စတွေဟာ အစိုးရရဲ့ အသုံးမကျမှုကြောင့်ဖြစ်ပေမယ့် ဘင်္ဂလီနွယ်ကို ရိုဟင်ဂျာအဖြစ် တဖန်ပြန်အသက်သွင်းခဲ့ပြီး ပြည်ပမှ Push လုပ်ခဲ့တဲ့ကိစ္စဟာလည်း တာဝန်အရှိဆုံးကိစ္စဖြစ်ပါတယ်..။
အဲဒါကြောင့် ပြည်တွင်းရောက်ရှိနေတဲ့ ABSDF ခေါင်းဆောင် ဆိုသူများကို...။
(၁) ထိုစာတမ်းကို ဘယ်သူတွေ ဦးဆောင်ပြီး ရေးသားပြုစုခဲ့ပါသလဲ..။
(၂) ထိုစာတမ်းကို ဘယ်သူတွေက ဖိအားပေး ရေးသားခိုင်းခဲ့ပါသလဲ..။
(၃) ထိုစာတမ်းကို ရေးသားရခြင်း အကျိုးသက်ရောက်မှုအဖြစ် ABSDF အနေဖြင့် မည်သည့်အကူအညီများ ရရှိခဲ့ပါသလဲ..။
(၄) ထိုစာတမ်းကို ရေးသားခဲ့သူများရဲ့ ထိုအချိန်က ခံယူချက်၊
(၅) ထိုအချိန်က ပါဝင်ပတ်သက်နေသူများထဲမှာ ပြည်တွင်းရှိ အတွင်းစည်းအထိ ပေါက်ရောက်နေသော ABSDF အဖွဲ့ဝင်ဟောင်းများ ပါဝင်ခဲ့ခြင်းရှိ/မရှိ။
အစရှိသည်တို့ကို ရဲရဲဝံ့ဝံ့ မေးမြန်းပေးကြပါလို့..... ပြည်တွင်း သတင်းထောက်များကို တောင်းဆိုပါတယ်..။
ကိုယ့်နိုင်ငံအရေး၊ ကိုယ့်တိုင်းရင်းသားများအရေးအတွက် ကိုယ့်အမှားကိုယ် တာဝန်ယူနိုင်ကြပါလို့
ဆန္ဒပြုရင်း...။- Aung Than Nyunt Aungnilai (၁၉၉၂ ခုနှစ် ဇွန်လ ၇ ရက်နေ့ ရက်စွဲနဲ့ ABSDF-ဗဟို (သုတေသနဌာန) က စာမျက်နှာ ၄၉ မျက်နှာ
ပါတဲ့ Rohingya (Researched by ABSDF) ဆိုတဲ့ စာတမ်းတစ်စောင်ထွက်ပေါ်ခဲ့ပါတယ်.။)ကိုငရဲသားလေးခင်ဗျား. ..အပန်းမကြီးဘူးဆိုရင်အဲဒီမူရင်းလေးဘယ်မှာရှာကြည့်လို့ ရနိုင်မှာလည်းဆိုတာညွန်းပါ လားခင်ဗျာ။စိတ်ဝင်စားမိလို့ ပါ။ - ဘရာဇီး ငှက်ရိုးဒီသတင်း သိပ်ပွက်ပွက်ထ လာခဲ့ရင်တော့ ရှင်းလင်းစွာ တင်ပေးမဲ့သူ ရှိပါတယ်... စာရွက်ထုပ်က ဂုံနီအိပ် သုံးလုံးစာလောက်ရှိပါသတဲ့..
. ယခုရှေ့နေများကောင်စီက ကမ္ဘာကျော် ရှေ့နေကြီး ဦးအောင်ထူးတို့ အဖွဲ့က ကမ္ဘာကျော် ဒေါက်တာနိုင်အောင့် လက်အောက်ကနေ ထုတ်ခဲ့တာပါ ဆိုတဲ့ အကြောင်း... သူတို့တွေတော့ မြွေအကြီးကြီး ခါးပိုက်ထဲ ပိုက်မိနေပါပြီ... မြွေက ငြိမ်သက်နေရာကနေ ရုတ်တရက် သေစေနိုင်တဲ့ အဆိပ်တွေနဲ့ လျှပ်တပြတ် ပေါက်သတ်တတ်တဲ့ အဆိပ် အပြင်းစား မြွေပွေး ဖြစ်နေတာပေါ့ကွယ်... လို့ ဆိုရမလားပဲ အကိုအောင်ရေ... မြန်မြန်မှ မရှင်းရင်တော့ သူတို့ပြောသလို မြောင်းထဲရောက်ဖို့ ရှိသွားပါပြီ...
No comments:
Post a Comment