“ယုံကြည်မှုတွေ ခဏတာ မှောက်လျက်လဲတဲ့နေ့”
ငွေများတော့ တရားနိုင်လား အကို
လေမများဘဲ
ကြွေသွားတဲ့ ကြယ်များကိုတော့ အားနာပါရဲ့
ခံရတယ်ဆိုသူတွေလည်း
ငယ်ကြောက်စိတ်မပြေသလား
ဝါးအစည်းပဲ ပြေလေသလား
ချိန်းခဲ့မိုးတွေမရွာခဲ့တော့
ထီးမိုးဖို့ပြေးခဲ့ရသူတွေ လေမိတယ် အကို။
ငွေများတော့ တရားနိုင်လား အကို
ပြည်တော်ဝင် ငမိုက်သားကို
ဗိုက်သားကြွေးပြီး ကြိုဆိုပုံကဲလေတော့
ခဲလေသမျှ ခင်ဗျားတို့ဇွဲတွေ သဲရေလည်းကျပြီပေါ့..။
ငွေများတော့ တရားနိုင်လား အကို
တချိန်က သွေးချွေးတွေကို ထွေခင်းကစားခဲ့သူက
ငွေကြေးကို ထွေခင်းလာတော့လည်း
ပလ္လင်အစားပေးလို့ ကြိုချင်သူနဲ့
သခင်အစားပေး ကြိုချင်သူနဲ့
အမှန်တရားဖြစ်ရေး အရေးဆိုချင်သူတွေ
အပြန်လာမှာ မတွေ့လိုက်ရတာလည်း
ဘ၀င်များမအေးစရာပေါ့ အကို။
ဘာဘဲဖြစ်ဖြစ်
ဒီနေ့နေ့ခင်းမှာ ဒီခေတ်ရဲ့ဓမ္မတစ်ခုကို
အထူးမပြုဘဲ မြင်လိုက်ရတယ်
ငွေများတော့ မတရားသူတွေနိုင်သွားပြီ အကို။
(စိမ်းခက်စိုး)
အကြမ်းနော် အကြမ်း...
No comments:
Post a Comment