Sunday, September 2, 2012

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် ပတ်သက်၍။


Subscribe · Yesterday

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် ပတ်သက်၍။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးသည် ၁၉၈၈ ခုနှစ် ရဟန်းရှင်လူပြည်သူ့ တစ်ရပ်လုံး၏ ရှစ်လေးလုံးပြည်သူ့ အရေးတော်ကြီးမှ အခြေခံကာ မွေးဖွားလာခဲ့သော လူထုလူတန်းစားအားလုံး ပါဝင်ဖွဲ့ စည်းခဲ့သည့်၊ အာဏာရှင်အား အသက်သွေးများ ပေးဆပ်ပြီး လက်နက်ကိုင် တော်လှန်ခဲ့သည့်၊ ရှစ်လေးလုံးကျောင်းသားအများစုပါဝင်သည့် သမိုင
်းဝင် တော်လှန်ရေးအဖွဲ့ အစည်း ဖြစ်သည်။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးနှင့် ပတ်သက်၍ အာဏာရှင်များသည် န၀တခေတ် နအဖခေတ် ယခုခေတ်အထိတိုင်အောင် အမျိုးမျိုးသောနည်းလမ်းများဖြင့် အပုတ်ချ သွေးခွဲဖန်တီးနေဆဲ ဖြစ်သည်။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဖြတ်သန်းမှု အချိန်ကာလတစ်လျှောက်တွင် အားနည်းချက်များ လိုအပ်ချက်များသည် အခြားသော တော်လှန်ရေးအဖွဲ့ အစည်းများကဲ့သို့  ရှိနိုင်ပါသည်။ သို့ သော် ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးသည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့သော ကျောင်းသားသမိုင်း ကျောင်းသားအပေါင်းတို့ ၏ ကျောင်းသားစိတ်ဓါတ်ကို စွဲစွဲမြဲမြဲ လက်ကိုင်ထားဆဲဖြစ်ကြောင်း ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး အဖွဲ့ ဝင်အဖြစ် ခံယူသူတိုင်း ရဲရဲကြီး သစ္စာဆို ပြောရဲမှု ဖြစ်သည်။

ယနေ့  ယခု ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ သမိုင်းအစဉ်အလာအား ထိခိုက်နစ်နာစေရန် ဖြစ်ပျက်ခဲ့သည့် ဖြစ်ပျက်နေသည့် ဖြစ်ပျက်အောင်လုပ်နေကြသည့် ကိစ္စများနှင့်ပတ်သက်၍ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တစ်ခုလုံးအား သိမ်းကျုံးပြီး စော်ကားထိခိုက်စေသော ပြောဆိုရေးသား ဖန်တီးဆောင်ရွက်မှုများကို လက်သင့်ခံမည် မဟုတ်ပါ။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ တပ်ဖွဲ့ ဝင်များ အဖွဲ့ ဝင်များသည် တိုင်းပြည်နှင့် လူမျိုးအတွက် အာဏာရှင်စနစ်ချူပ်ငြိမ်းရေး ယုံကြည်ခံယူချက်ဖြင့် ဘ၀အသက်များ စွန့် လွှတ်ပေးဆပ်ခဲ့ကြသည်များကိုABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ပကတိစတင်မွေးဖွားသည့် အချိန်မှစ၍ လက်ရှိကာလတိုင်အောင် သမိုင်းအစဉ်အလာအား ဂဃနဏ သေချာစွာ လေ့လာသိရှိမှုဖြင့်သာ သိသာသုံးသပ်နိုင်မည် ဖြစ်သည်။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးအပေါ် အများပြည်သူအပေါင်းမှ ဝေဖန်ထင်မြင်နိုင်သည့် ABSDF မြောက်ပိုင်း ကချင်ပြည်နယ်ဒေသကိစ္စနှင့် ပတ်သက်၍ ထုတ်ဖေါ်ပြောဆိုနေမှုများ ရှိလျက် ရှိသည်။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဂုဏ်သိက္ခာအား ထိပါးစေသည့် အဆိုပါ ABSDF မြောက်ပိုင်း ကချင်ပြည်နယ်ဒေသကိစ္စ ပေါ်ပေါက်ချိန်၌ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတွင် တာဝန်ယူထမ်းဆောင်နေခဲ့ကြသော ဥက္ကဋ္ဌများ ယခုအခါတွင် မြန်မာနိုင်ငံအတွင်းသို့  ပြန်လည်ရောက်ရှိနေချိန် ဖြစ်သဖြင့် ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဂုဏ်သိက္ခာအား ထိပါးနေသော အဆိုပါ ABSDF (မြောက်ပိုင်း) ကိစ္စနှင့် ပတ်သက်၍ အဖြစ်မှန်အတိုင်း သိရှိရစေရန် တိုက်ရိုက်ပြောဆိုကြရန် ဖြစ်သည်။

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဂုဏ်သိက္ခာအား ဆက်လက်၍ ထိပါးစေသည့် ABSDF မြောက်ပိုင်းကိစ္စနှင့် ပတ်သက်၍ ပြောဆိုမှုများ ဆက်လက်ပေါ်ပေါက်ပါက ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတစ်ခုလုံးအား သိမ်းကျုံးစော်ကားမှုဖြစ်သည်ဟု သတ်မှတ်မည် ဖြစ်ပါသဖြင့် ထိခိုက်ပြောဆိုသူ မည်သူကိုမဆို ပြင်းထန်စွာ ဆန့် ကျင်သွားမည် ဖြစ်ပါသည်။



    • Minn Myatt phit ma phit ya lay
      dagal kaw ma lote kat loz ler ???
    • Ko Soe Kyaw Thu ကောင်းပါတယ်ဗျား
    • Aye Aye Soe Win the issue of inferiority complex or lame defense for taking sides with the murderers...
    • Ven Ravika မြောက်ပိုင်းကိစ္စနဲ့ လက်ရှိ ABSDF စည်းခြားထားယင် အကောင်းဆုံး။ ရောယင် ပိုရှုပ်တယ်။ အဲဒီအကြောင်း မပြောရမဟုတ်ဘဲ ပြောတော့ ပြောပါ၊ ဒါပေမယ့် လက်ရှိ ABSDF နဲ့ မပတ်သက်စေရဆို ပိုကောင်းမလား။
    • HM SoeMinn မြောက်ပိုင်းကိစ္စက တကယ်ဖြစ်ခဲ့တာပဲ၊ ဖြစ်ခဲ့တာကို ဖြစ်ခဲ့တယ်ပြောတာ ဘာ နာစရာရှိလဲ။။။
    • Aye Aye Soe Win It is a lame defense for some of them do not want the public to expose Naing Aung...Again, they blur two topics---crimes of Naing Aung and absdf...
    • Mg Thant အဲ လို ပြောကြေးဆို ဒီပဲယင်း ကိစ္စ လဲ ခု ABSDF ကို case reopen လုပ် သလို လုပ်ပေါ့ ---- ရေးလေ media တွေ၊ဒိထက် မကတဲ့ case တွေ အများ ကြီး ၊ပြည် သူ က စိတ် ဝင် တစား ကြည့်  နေတာ ၊လုပ်စမ်းပါ
      Media တွေစောင် ရေ တောင် မလောက် ဖြစ် အုံးမယ်
    • HM SoeMinn ဘာလို့ ဆန့်ကျင်ဘက်အရာ နှစ်ခုကို နှိုင်းယှဉ်နေတာလဲ... စစ်အစိုးရက အာဏာရှင် လူဆိုးလူမိုက်လူရမ်းကား ဒါကို လူတိုင်း သိတယ်... အဲဒါကြောင့်လည်း ဒီအာဏာရှင်တွေကို တိုက်ထုတ်မယ်ဆိုပြီး တိုက်ခဲ့ကြတာ မဟုတ်ဘူးလား။ အဲဒီလို လူကောင်းလူတော်တွေက မြောက်ပိုင်းကိစ္စမှာ ယုတ်မာပက်စက် လူမဆန်လို့ ၀ိုင်းပြောနေကြတာလေ။။။ ဒါလေးတောင် နားမလည်ဘူးလား။။။ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူတွေ၊ အဖွဲ့အစည်းတွေဟာ စစ်အာဏာရှင်တွေရဲ့ စရိုက်လက္ခဏာနဲ့ အတူတူပဲဆိုရင်တော့ ဘာမှ ပြောစရာမရှိဘူး။ ဟုတ်ပြီနော်...
    • Kyawnaing Oo ကျောင်း သား ဆို ဒါ ဖြူ စင် ရ တယ် ရိုး သား ရမယ် အ မှန် တရား ကို မြတ် နိုး တယ် ဒါ မှ ကျောင်း သား
    • John Kyaw မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ပြောဆိုမှုများကို ကန့် ကွက်ပါက ခေတ်အဆက်ဆက်အမှန်တရားနှင့် တရားမျှတမှုကိုစွဲကိုင်၍အာဏာရှင်အဆက်ဆက် ကိုတော်လှန်ခဲ့သော ကျောင်းသားထုတရပ်လုံး၏ သမိုင်းကိုသိမ်းကျုံးစော်ကားမှုဖြစ်သည်ဟု သတ်မှတ်မည် ဖြစ်ပါသဖြင့် ကန့်ကွက်လာသူမည်သူကိုမဆို ပြင်းထန်စွာ ဆန့် ကျင်သွားမည် ဖြစ်ပါသည်
    • Nge Naing ကိုနစ်ရေ Share သွားလိုက်တယ်။
    • Myint Aung ရှယ်သွားတယ်ဗျာ
    • Than Htut ရှယ်သွားပါတယ် ကိုနစ်နေမန်း
    • Burmer Aung မတရားမူ့ မှန်သမျှကို လက်ခံပြီး ရုပ်ရှင်ကြည့်သလိုနေတာမဟုတ်ပါ -ုကားရတာတွေကို ဇာတ်လမ်းတပုဒ်လို နားထောင်နေတာမဟုတ်ပါ ကိုယ်တိုင်သိ ကိုတိုင်မြင်ကြားမဟုတ်တော့ ဘယ်သူကိုမှ မရုံသေးလို့  ဘာမှမဆုံးဖြတ်သေးပါ အလုပ်တခုကို သတ်တိရှိရှိ ထင်ထင်ရှားရှား ဖြေရှင်းကြရင် ကောင်းပါတယ် လုပ်ရဲရင်ခံ မမှန်တာကိုတော့ မခံနိုင်ပါဘူးဆိုပြီး ဝါဒပျံ့ အောင်တော့ မလုပ်ုကပါနဲ့  မြန်မာတွေဟာ ဇာတ်တူသားစားချင်ကြတာ အစဉ်အလာဖြစ်နေပြီ ဒီရာဇဝင်မျိုး ဖျက်ကြပါတော့၊ ရန်သူကိုငြိမ်းချမ်းလုပ်နေကြတယ် ညီအကိုတွေ ဘာေုကာင့် သွေးဆာနေတာလဲ၊ ကျုပ်ကတော့ ရန်သူသက်သက်ဆိုရင် မည်သူကိုမဆို ခွင့်လွတ်ဘို့ စဉ်းစားနိုင်တယ် ၊သစွ့ာဖေါက်တာ ကျုပ်တို့ သမိုင်းကိုဖျက်စည်တာ ။အုပ်စု ဖွဲ့ မတရားအနိုင်ကျင့်တာ စစ်တပ်နဲ့ တကွ ဘယ်သူမဆို လက်နှက်ကိုင်ပြီးမှ လူမိုက်လုပ် ရက်စက်တတ်တာတွေကို ရွန့် မုန်းတယ်။ ကျုပ်ကတော့ ၈၈၈၈ မှာလက်နှက်ကိုင်စစ်သားသုံးဆယ်ကျော်ကို အနိုင်ရအောင်ယူပြီး လက်နှက်တွေကို စသိမ်းနိုင်ခဲ့တယ် ဒေါ်အောင်ဆန်စုကြည် ဦးတင်ဦးတို့ ကိုမေး နိုင်တယ် ။ုကွားတာမဟုတ်လုပ်တာပြောပြတာပါ - ကိုယ်အချင်းချင်းဆိုရင် လက်နဲ့ တောင်မရွယ်ချင်ပါ။ဒီနေ့ အထိကျနော် ထင်ပေါ်စွာမနေခဲ့ပါ ၊ မှန်အောင်လုပ် ဟုတ်တာပြော သတ်တိမေုကာင်နဲ အမှန်အတိုင်း တရားနည်းအတိုင်းလုပ်ုကပါ၊ နောက်ထပ်ဆိုးကျိုးမဖြစ်အောင်ကါကွယ်ကြပါ ပြည်သူတွေကို သနားပါ။
    • အိုးဝေအောင် အိုးဘားမား မြောက်ပိုင်းပြန် ရဲဘော်များ ဆောင်ရွက်နေသော အမှုမှန်ပေါ်ပေါက်ရေးသည် ယခု နစ်နေမန်း ဆိုသူ နာမည်ဝှက် ပုံဝှက်ထားသော သူ၏ စွပ်စွဲစိန်ခေါ်ချက်ထဲကလို ခင်ဗျားတို့၏ လုပ်ဆောင်ချက်များသည် ကျောင်းသားတပ်မတော် တခုလုံးကို တကယ် ထိခိုက်နေသလား ဆိုတာကို ပြန်စဉ်းစားပေးပါ။နစ်နေမန်း၏ စွပ်စွဲချက်ကို လက်မခံဘူးလား။လက်ခံပါသလား။ပြန်လည်ဆွေးနွေးပေးပါ။((ကျနော့်သဘောထားကတော့ မြောက်ပိုင်းပြန် မဟုတ်သော်လည်း ထိုသူများဘက်က ထိုသူတို့၏ မိသားစုဝင်များဘက်က စာနာလျှက် နစ်နေမန်း၏ စွပ်စွဲစိန်ခေါ်ချက်ကို လုံးဝ လက်မခံနိုင်ကြောင်း သိစေအပ်ပါတယ်။)) ဒီစာကို မကြိုက်လို့ နစ်နေမန်းက block လုပ်လျှင်လည်း လုပ်နိုင်ပါသည်။
    • ဘရာဇီး ငှက်ရိုး အိမ်အောက်မှာ ကြွက်သေပုပ်နေတာကို ဆွဲမထုတ်ပဲ အိမ်မီးနဲ့ ရှို့ချင်တာ ဒီလို အေဘီအရိပ်ခိုပြီး ဘဝမေ့နေတဲ့သူတွေရဲ့ လက်သုံးစကားပါ... တနေ့က ရော်နယ်အောင်နိုင်ရဲ့ အင်တာဗျူးကို ဒီစာရေးတင်တဲ့ နစ်ခ်နေမန်း ဖတ်ပြီးပြီလား မေးလိုက်ပါဦး... ပေါရင်လဲ ဇာဂနာလို အပြတ်အသတ်သာပေါကွာ...
    • Kkm Tun ဒီကိစ္စမှာတာဝန်ရှိတဲ့သူကိုသိဖို့လိုပါသည်ထိုသူအားတိုင်းပြည်၏ခေါင်းဆောင်နေရာများတွင်မပါဝင်စေလိုပါ
    • Bamar Gyi နိုင်ငံရေးဆိုတာ ရှောင်ပြေးတာ တာဝန်မယူရဲတာ နိုင်ငံရေးသမားကောင်းတွေခေါင်းဆောင်ကောင်းတွေမဟုတ်ဘူး.....တာဝန်ယူရဲ ဖြေရှင်းရဲတာမှခေါင်းဆောင်ကောင်းဘဲ.....ဗိုလ်ချုပ်အောင်ဆန်း ပြည်သူ့ရဲဘော်ဖွဲ့တာကို နယ်ချဲ့လက်ပါးစေလို့ သခင်စိုးကပြောတယ် အဲလိုပြောတာထက်နာစရာကောင်းတာဘာ၇ှိသေးလဲ....ပြောတိုင်းဖြစ်ရင်တော့ ကိုယ့်ကိုကိုယ်ပြန်စဉ်းစားပါ.....သူများပြောတိုင်းဖြစ်ရမယ်ဆိုရင် ဒေါ်စုတောင် ရစရာမ၇ှိဖြစ်နေပြီ....ငါလဲ အေဘီမဖွဲ့ခင် ၉ဦးကော်မတိထဲကရှိနေတာပါ.....အေဘီဆိုတာ ခြောက်တိုင်းလဲမကြောက်ဘူး မြောက်တိုင်းလဲမမြောက်ဘူး(အဲဒါငါ့သူငယ်ချင်းရဲဘော်ကြီး ရဲဘော်ထက်မိုး(မြင့်လွင်) ဗဟိုကော်မတီပြောခဲ့တာဘဲ......
    • Nyi Hmwe ပြည်ပက နိုင်ငံရေးနဲ့လုပ်စားတွေ ပြန်လာတာ အထင်မကြီးပါ
      ပြည်တွင်းမှာ နှစ်ရှည်ထောင်ထဲနေရတဲ့သူတွေကိုသာ လေးစား
      တန်ဖိုးထားဂုဏ်ယူမိပါတယ်
      23 hours ago · · 2
    • Burmer Aung တော်လှန်ရေးမှာ ခံယူချက် ယုံကည်ချက်ရှိဘို့  သစွ့ာရှိဘိုကအဓိက ထောင်ကျတာ မကျတာအဓိကမဟုတ် ရဲရင့်တဲ့စိတ်နဲ့ လုပ်ရင် အားလုံးကိုလေးစားပါတယ်
      22 hours ago ·
    • Win Kyaing i cant like moe thee z
      22 hours ago ·
    • Min Thit အောက်ဆုံးအပိုဒ်ကကြောက်စရာဘ
      သိတ်လဲကြိမ်းမနေပါနဲ့ဗျာ ကြောက်လွန်လို့
      ကော့မက်တွေထဲမှာ
      Bamar Gyi ရေးထားတဲ့
      နိုင်ငံရေးဆိုတာ ရှောင်ပြေးတာ တာဝန်မယူရဲတာ နိုင်ငံရေးသမားကောင်းတွေခေါင်းဆောင်ကောင်းတွေမဟုတ်ဘူး.....
      တာဝန်ယူရဲ ဖြေရှင်းရဲတာမှခေါင်းဆောင်ကောင်းဘဲ.... ဆိုသဟာလေး
      မဆိုးဘူး။ ကြိုက်ဒယ်
      အေဘီမှာ အဲ့ဒီလိုခေါင်းဆောင်မျိုးဘယ်နှစ်ယောက်ရှိခဲ့ဘူးလဲ
      လို့မေးချင်လှဘာဘိတော့တောင်
      22 hours ago ·
    • AungKyaw Min စစ်အာဏာရှင်အဆက်ဆက် အသတ်ခံခဲ့ရတဲ့ လက်နက်မဲ့ ရဟန်းသံဃာနဲ့ ပြည်သူတွေ ကျောင်းသားတွေ ကို ဘယ်သူသတ်တယ်ဆိုတာ သိရဲ့သားနဲ့ ဒါကိုလည်း တရားစွဲဘို့ နည်းလမ်းရှာကြပါဦး
      21 hours ago · · 1
    • Marlu San ABSDF ကို စဖွဲ့ကတည်းက အစဉ်တဆက် ထောက်ခံအားပေးခဲ့ပါတယ်။ အေဘီထဲမှာလဲ နီးနီးစပ်စပ် ရင်းနှီးသူတွေ အများကြီးပါ။ အေဘီမှ ခေါင်းဆောင်များ၊ တာဝန်ရှိသူများ ကျွန်မတို့အိမ်မှာ တည်းခို နေထိုင်ဘူးလို့ ရင်းနှီးစွာ သိတယ် ပြောနိုင်ပါတယ်။ ဒါပေမယ့် မြောက်ပိုင်းကိစ္စက ရှင်းကို ရှင်းရမယ့် ကိစ္စလို့ ထင်ပါတယ်။ ထောက်လှမ်းရေး ဆိုပြီး ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်ခဲ့တာတွေကို မေးသူရှိရင် ဖြေရမှာ ခေါင်းဆောင်တွေ တာဝန်ပါ။ ဒီမေးခွန်းမေးတာနဲ့ အေဘီကို သိက္ခာကျစေတယ် မမြင်ပါဘူး။ နောက်ပြီး သည်ကိစ္စကို ဘာကြောင့် လုပ်ခဲ့တယ် ဆိုတာ ရှင်းလိုက်ရင် အေဘီတခုလုံးနဲ့ မြောက်ပိုင်း တပ်မတော်ကို အမြင်ရှင်းသွားကြမှာပါ။ သည်အဖြစ်မှာ ပါဝင် ပတ်သက်ခဲ့ သူတွေပဲ ရှင်းရမှာပါ။ ကျန်တဲ့ အေဘီ အဖွဲ့သား အားလုံးနဲ့ ဘာမှ မဆိုင်တာ သိကြပါတယ်။ အေဘီ ခေါင်းဆောင် ဆိုတာတောင် ၁၉၉၁ နဲ့ ၁၉၉၂ က ခေါင်းဆောင်တွေသာ ရှင်းရမှာပါ။ ၁၉၉၁ အရှေ့ပိုင်းနဲ့ ၁၉၉၂ ကနေ လက်ရှိ ခေါင်းဆောင်တွေက သည်ကိစ္စနဲ့ မဆိုင်ဘူး မြင်ပါတယ်။ ကျွန်မက အေဘီအဖွဲ့ဝင် မဟုတ်လို့ လာမပြောနဲ့ ဆိုရင်တော့ သေသွားသူတွေ လက်တွဲ မှားခဲ့မိတာ စိတ်မကောင်းစွာနဲ့ ကိုယ်လဲ လူပေါင်း မမှားအောင် သတိထားပါတော့မယ်။
      21 hours ago · Edited · · 4
    • Kyawnaing Oo Nik Nayman ABSDF မှာ တာ ၀န် ထမ်း ဆောင် ဘူး ပါ သလါး ဘယ် လေါက် ပေး ဆပ် ခဲ့ ပြီ လဲ ရပ် တည် ချက် သ ဘော ထား တွေ ကော သိ ပါ သလါး ABSDF ပေါ် ထား နေ တဲ့ သ ဘော ထား ချင်း လါ တိုင်း ရင် တော့ တူ ခဲ့ ရင် တောင် အရှုံး ပေး လိုက် မယ် မပ ပြန် တွေ AB အပေါ် အဲ ဒီ ထက် ပို ချစ်တယ်
      20 hours ago ·
    • Hmone Shwe Yiရေးထားတာကိုသေချာဖတ်ကြည်.ပါ-ဆိုလိုရင်းကတာဝန်ရှိသူတွေပြည်ထဲမှာရှိနေချိန်မှာဖြေရှင်းကြဖို.ဆိုလိုတာ-နောက်တခုမြောက်ပိုင်းနဲ.A Bတခုလုံးနဲ.ကွဲပြားစေချင်ပုံပါ-မြောက်ပိုင်းကျောင်းသားတွေသေဆုံးမှု.နဲ.ပတ်သက်လို.A b အဖွဲ.၀င်တိုင်းစိတ်မချမ်းသာရပါ-မြန်မြန်ရှင်းစချင်တ
      18 hours ago · · 1
    • Myat Thu
      မင်းကအေဘိကဆိုရင်မင်းကိုမင်း ဘယ်လိုတာဝန်ခံဆိုတာအရင်လဲဒီမှာရှိတဲ့ကျောင်းသား တွေနဲ့ မိတ်ဆက်အုန်းမှပေါ့ကွ အခုမင်းဟာ က အေဘီ အမည်ခံပြီး တောတွင်းကျောင်းသားစန်းခဘဲ တရားဝင်စာထုတ်ထားသလိုလိုနဲ့  ဆွဲတင်ထားတဲ့အလံကလည်းအေဘီကအလံအတုနဲ့ လိပ်ပြီး
      ချိန်းခြောက်နေသလိုလိုဘဲကွ သိပ်ပြီး မင်းဘာတွေ မြန်မာပြည်စစ်အစိုးရကခိုင်ုးကံ့ဖွတ်က ခိုင်းလို့ ထမင်းစားရဘို့ ရှောက်လုပ်နေတာလား ကွာ ဒါမှမဟုတ် မင်းဆရာ ဟိုခွေးသဲုံးကောင်က လုပ်ခိုင်းလို့ လားကွ ပြောလိုက်အုန်း အကိုတို့ အားလုံးရဲဘော် ရဲမေသူငယ်ချင်းတွေ အခုဆို ဒီသေချင်းဆိုး မင်းတို့ ဆရာ ခွေးသီးဇွန်တို့  နိုင်အောင်(ုကာကူလီ) ဇဂနာ ဒုတိယယောက်ဖ တို့  ဟိုတစ်ကောင် အချောင်သမား ထွန်းအောင်ကျော်တို့ အားလုံးမရှိမှ ပိုတောင် စုစည်ုးပြီးနေပြီကွ ပိုတောင်ပျော်ဖို့ ကောင်းသေး မင်းတို့ ကတောု့ကံ့ဖွတ်ရဲ့  လက်ဆွဲ ဒီခွေးသုံးကောင်ရဲ့  ခွေးပြချီးတောင်းပွဲမှာ မင်းအလုပ်လုပ်က ခွေးစောင့်လားကွ Nik Nayman
      16 hours ago ·
    • Myat Thu မင်းက အေဘီကိုကာကွယ်သလိုလိုနဲ့ တကယ်တော့ မင်းရေးထားတာတွေက ခွေးကိုရိုက်မှာဆိုးလို့ ကာနေတဲ့ ခွေးစောင့် အဆင့်ဘဲ ရှိတယ်ကွ မင်း ၈၈ မှာ မွေးပြီလား
      15 hours ago ·
    • Myat Thu အမှန်တရားကို ဘာနဲ့ မှဖုံးထားလို့ မရဘူး ကွ နောက်တခုက အေဘီမှာ ဟိုတုန်းကတည်းက လွတ်လပ်စွာရေးသားပြောဆိုခွင့်ရှိတယ်ကွမှတ်ထား မင်းအေဘီနေဘူးတယ်ဆိုရင်ပေါ့မသိရင်လည်းလိုက်မေုးကည့်အုန်း ဟေ့ကောင် ကျောင်းသားတပ်မတော် အေုကာင်းဘယ်လောက်သိလဲပြေစမ်းကွာ မင်းကိုနားထောင်ပေးမယ် ညီညီမျှမျှပေါ့လေ မင်းသိသလောက် စခန်းတခုအေုကာင်းနဲ့ မင်းသိတဲ့သူငယ်ချင်းရဲဘော်ရဲဘက်တွေအေုကာင်းလေးပြောပြလို့ ဖြစ်ရင်ပြောပြစမ်းကွာ
      15 hours ago ·

No comments:

Post a Comment