Thursday, August 30, 2012

အမေပြောတဲ့ သူ့ အကိုကြီး ..(သို့) .. လူတွေမသိတဲ့ ကိုချိုကြီး (ခ) ဖရယ်ဒီ အောင်သန်း - (၁)

by Linn Pyi Thar on Thursday, August 30, 2012 at 1:04am ·

မြောက်ပိုင်း ABSDF အကြောင်းတွေ အင်တာနက်စာမျက်နှာထက်မှာ နေရာယူချိန်ကစလို့ တငိုငို တမှိုင်မှိုင် ဖြစ်နေတဲ့ အမေ... ၊ အရိုးတွန်သံများ အခန်းဆက် နဲ့ အခြားအခြားသော ရင်နှင့်စရာတွေဖတ်ပြီး ဆုံးဖြတ်ချက်ချလိုက်တာက ရေးမယ်.. ဦးချိုအကြောင်းကို ရေးမယ်တဲ့ .. တစ်ခါတစ်ခါ တစ်ရေးနိုးလို့ ကြည့်မိရင် စာအုပ်တစ်အုပ် ဘောပင်တစ်ချောင်းနဲ့ မျက်ရည် ရွှဲနေတဲ့ အမေ့ မျက်နှာ.. အခု ကျနော် အမေရေးသမျှတင်ပေးပါတော့မယ်...

သူရဲကောင်းဆိုတာ.... အဿပြာ မလိုဘူး

သူရဲကောင်းဆိုတာ.... နေရာ မလိုဘူး

သူရဲကောင်းဆိုတာ.... အာဏာ မလိုဘူး

ဘယ်မှာလဲ သူ့ရဲ့ .... အကြောင်း

ဘယ်မှာလဲ သူ့ရဲ့ .... ဒေါင်း

ဘယ်မှာလဲ သူ့ရဲ့ .... ကျောင်း

ဘယ်မှာလဲ သူ့ရဲ့ .... အလောင်း

ဘယ်မှာလဲ သူ့ရဲ့ .... ခေါင်း

အဲဒါ အားလုံးရဲ့ အညတြ သူရဲကောင်း....

၁ မတ်လ ၂၀၁၁

သင်းသင်းဝင်း

ကျမသည် ဤဖြစ်စဉ်ကို ရင်နာနာနှင့် ရေးရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပါသော်လည်း နင့်နဲစွာ ခံစားရလွန်း၍ စာတစ်မျက်နှာထက်ပိုမရေးနိုင်ခဲ့ပါ.. ။ ဆက်ရေးဖို့ကြိုးစားရင်း နာကြင်ကြေကွဲစွာနှင့် စာအုပ်ကို ပိတ်ပစ်ခဲ့တာလဲ အကြိမ်ကြိမ်..။

အတိတ် ၏ဖြစ်စဉ်များကိုပြန်လည်တွေးတာမိတိုင်း၊ တိုက်ဆိုင်မှုရှိတိုင်း နှလုံးသွေးပျက်ခဲ့ရသော ကျမအဖို့ လက်တွေ့ရင်ဆိုင်ခံစားခဲ့ရသော ကာယကံရှင်များ ၊ အသက်ပေးဆပ်ခဲ့ရသူများအနေနှင့် မည်သို့ ကြုံတွေ့ ခံစား ဖြတ်သန်းသွားခဲ့ကြရမည်ကို မတွေးတောဝံ့ မစဉ်းစားဝံ့ ဖြစ်ခဲ့ရပါသည်။ သို့သော် အမှန်တရားအတွက်အသက်ပေးခဲ့ရသူများ၏ သမိုင်းအမှန်ပေါ်ပေါက်စေရန်အချိန်မကျန်ပြီမို့ ... နှလုံးသွေးနဲ့ ပေးဆပ်ပြီးဖော်ထုတ်တော့မယ်၊ ကိုကြီးရေ.. နောက်ကျတဲ့ ညီမကို ခွင့်မလွှတ်ပါနဲ့... ညံ့ဖျင်းတဲ့ ညီမကို ခွင့်မလွှတ်ပါနဲ့ စိတ်ဓါတ်မကြံခိုင်သော ညီမကို ခွင့်မလွှတ်ပါနဲ့ စိတ်ဓါတ်မကြံခိုင်သောညီမကို အပြစ်တင်ပါတော့ ကိုကြီးရေ..


· · Share

  • You, Nicky Shein, Pyi Aye, Soe Thein and 27 others like this.
  • 35 shares
    • Kyaw Gyi AB မမသင်း ရဲ့ ခံစားချက်ကို နားအလည်ဆုံးသူတစ်ယောက်အနေနဲ့  ရင်နာနာနဲ့ ပဲ ......
      16 hours ago · · 2
    • Kyaw Than လိုက် လုပ်ရတာတွေထဲမှာ အင်မတန်စိတ်မသက်မသာကောင်းစရာတွေကအများသား။
      15 hours ago · · 1
    • UZa Wana မသင်းသင်းစာဆက်ရေးပါ အားလုံးကမျှော်လင့်နေပါတယ်
      15 hours ago · · 3
    • Min Naing Myo မမသင်းနှင့်အတူတူ ကိုယ်ချင်းစာပေးကြ ပါ။ ကိုချိုကြီးဟာ တို့အားလုံးရဲ့ လေးစားခဲ့တဲ့ ရဲဘော်အကိုကြီးပါ။
      15 hours ago via mobile · · 3
    • Ko Lin Wai Aung ထပ်တူပါ အမရေ မနက်တွေ့ပါမယ်
      9 hours ago via mobile ·
    • Nang Aung Htwe Kyi မသင်းရေ .. ဝမ်းနည်းပါတယ် .. မိသားစုဘက်မှ ရပ်တည်ခွင့် ပြုတာ ကျေးဇူးပါ
      9 hours ago · · 3
    • Soe Thein please upload this tragic documents ( do not dare to say story) as soon as possible, it is a good timing now....
      3 hours ago ·

No comments:

Post a Comment