Sunday, August 12, 2012

ကျနော်သန်းကြွယ်သူဌေးမှ ကွန်မန့်များ(ကောင်းကင်)

#1မင်းဒင်2011-12-19 01:32
တကယ့်ကို စာရေးကောင်းပါပဲ ဗျာ။ သန်းဂျီးမတွေအချ င်းချင်း ကတော့ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြောက်လုပ်နေကြတုန်းပါပဲ။သန်းဂျီမဇာတ်လမ်းကို ဒိထက်ပြည့်စုံအောင် ရေးပြစေချင်ပါတယ် ။
နောက်ဆုံး အလင်းဝင်ဘ၀နဲ့ ကြက်ခြေနီအဖွဲ့က ပေးတဲ့ အ၀တ်အစားသစ်တွေကို ပြောင်းလဲခွင့် ရချိန်မှာ သန်းဂျီးမတွေနဲ့ ကတ္တီပါ လမ်းခွဲပေါ့ခင်ဗျာ။ အမှန်တော့ ကိုခင်ဝမ်းရဲ့ နုတ်ဆက်ခဲ့ပါတယ် ဆိုတဲ့ သီချင်းလေးနဲ့ နုတ်ဆက်ချင်ပေမယ့် သန်းဂျီးမဆိုတာ့ လည်း အနုပညာတွေဘာတွေ နားလည် ခံစားနိုင်မှာမဟုတ်တော့ မဆိုပြဖြစ်ခဲ့ တော့ပါဘူး။အခုတော့ သန်းဂျီးမတွေက တော်လှန်ရေးအဓွန့်ရှည်ပါစေ ဆိုတဲ့ တေးကို ညည်းနေကြ လေရဲ့ ဗျာ ။
လေးစားစွာဖြင့်
မင်းဒင် :sad:

#2ဖိုးတေ2011-12-19 09:05
ကိုထိန်လင်းရေ- ကျနော်တို့လည်း ဆက်ရေးပါအုံး၊ စစ်ထောက်လှမ်းရေးတင် ရက်စက်တာမဟုတ်၊ ကျောင်းသားလည်း ရက်စက်တတ်တယ်၊ လက်နက်ကိုင်တဲ့ လူတိုင်း အတူတူပဲ၊ မြန်မာတွေ ယူနီဖောင်းဝတ်မိ ရင်ပိုဆိုးတယ်၊ ခင်ဗျားတို့ လွတ်လာလေးရေးပါ၊ ထိုင်းဘက်မှာတော့  အောင်နိုင်လေးတို့က ခေတ်ကောင်းနေတယ်

#3Nan Saw Wah2011-12-19 14:05
How did you escape from such brutal place? Please write the adventure of true story. So interesting.

#4 အရီး 2011-12-19 15:51
:-? ကိုထိန်လင်းရေ..........မဲဆောက်ရောက်နေတဲ့ နိုင်အောင်၊ ရောနယ်အောင်နိုင်လို့ခေါ်တဲ့ ကြာကူလီကောင်တွေ အဲဒီကိစ္စကိုဘယ်လိုပတ်သက်သလဲ။ဆက် ရေးပါသိချင်တယ်။ မောင်မောင်ကြွယ် ရဲ့ အကြောင်းလည်းသိချင်ပါတယ်။ မောင်မောင်ကြွယ် အကြောင်းကိုသူ့မိဘတွေကြားတော့ ကျွန်တော်တို့ကိုပြောတာက ဘာတော်လှန်ရေးလဲ တဲ့။ ဘယ်လိုလူတွေတော် လှန်ရေးလုပ်ကြတာ လဲတဲ့။ စစ်ထောက်လှမ်းရေးတွေတောင် အဲဒီလောက်မရက်စက်ဘူးတဲ့။

#5
ထွန်းကျော် 2011-12-19 17:42
အဲဒီလောက် ရက်စက်တဲ့ ဖြစ်ရပ်မျိုးတွေ ဒုတိယ ကမ္ဘာစစ်အတွင်းက ဖက်ဆစ် ဂျပန်တွေနဲ့အတူ ဇာတ်သိမ်းသွားပြီ ထင်နေခဲ့တာ .. မြန်မာ နိုင်ငံမှာ ဒီနေ့အထိ သက်ရှိထင်ရှား ရှိနေကြသေးပါလား ။ အခု လုပ်ရပ်ကို လုပ်ခဲ့တဲ့ တာဝန်ရှိသူ သက်ရှိထင်ရှား ရှိနေသူ အားလုံး ကိုယ့်အပြစ် ကိုယ်ဝန်ခံပြီး .. ကာယကံရှင်နဲ့ သေဆုံးသွားတဲ့ လူတွေရဲ့ ဆွေမျိုး မိဘတွေကို လူသိရှင်ကြား တောင်းပန်ဖို့ တောင်းဆိုလိုက်ပါတယ်။

#6
ကိုညို2011-12-19 19:56
ဖြစ်ရလေ။တနေ့ကျ နအဖ စစ်တရားခံတွေလို မြောက်ပိုင်း သတ်ဖြတ်ပွဲမှာတာ ၀န်ရှိသူတွေကိုလ ည်းခုံရုံးတင်ရမ ယ်။တရားမစီရင်ခင်သေ သွားလည်း ဒင်းတို့အ၀တ်တွေ ကို အကျဉ်းချ။သားစဉ်မြေးဆက်ထိ ဒီအကြောင်းတွေဖွ င့်ချ

#7
ဒီပါ 2011-12-19 21:50
ဘိုထိန်၊ ဆောင်းပါးဖတ်ပြီး ထပ်ဖတ်ချင်စိတ် မရှိတော့ဘူး၊တခါ တုံးက ၀သုန္ဒရီလက်ရေး ၀တ္တုတိုပေါင်းချုပ်(တရုတ်များမန်း၌့ လွှမ်းမိုးမှုများ)ထဲက ညီပုလေးရဲ့ စပါးကြီးမြွေဖတ် တုံးကလည်းအဲလိုခံစားဘူးတယ်။ ခုထိ ထပိမဖတ်ရဲဘူး။ ဒါပဲကွာ၊ ဒေါသသင့်လွန်းလို့ ပါ။

#8
သက် 2011-12-20 00:15
ကိုထိန်လင်း ရေးတော့မှ မျက်စိလည်တော့တယ်။ ဟို အမေရိက ရောက်နေတဲ့ အသက် ၅၀ ပါတ်ဝန်းကျင်လော က် ထွန်းအောင်ကျော် ကဘာလဲ။ ကျောင်းသားခေါင်းဆောင် မဟုတ်ဘူးလား.... နည်းနည်းရှင်းပါ အုန်း

#9
နန်း 2011-12-20 09:47
အင်း အရမ်း မခံ စား ကြ ပါနဲ့ အုံး ကို ထိန်လင်း ရေး ထား တဲ့ အထဲ မှာ နှိပ် စက် ခန်းတွေ ဘယ် လောက် မှ မပါ ပါ ဘူး။ အကု န် လုံး သာ သူရေး ရင်ခံစား ဖို့ ချန် ထားကြပါ အုံး။ သတ် ပြစ် မဲ့ လူ ကို ဒီအတိုင်း မသတ် ဘဲ တကိုယ် လုံး ရေ နွေး ပူ လောင်း ပြီး မှ မချိမဆံ့ သတ်တယ် ဆို တာ လေးတွေ မပါပါဘူး။လက်ချောင်းလေးတွေဖြတ် ပြီး တော့ အပ်ချည်ကြိုးလေး နဲ့ ဖောက် လည်ပင်းမှာ ဆွဲ ပြီး ချိုလိမ်လေး လိုငုံထားခိုင်း လို့ ပုတ်တဲ့အထိငုံထား ရ သူလည်း ရှိ တယ်။

#10
kk 2011-12-20 10:35
တော်တော်ရက်စက်ြ ကတာပဲ။ နောက်ထပ် ထပ်မဖတ်နိုင်လော က်အောင်ပဲ စိတ်ဆင်းရဲမိတယ်

#11
ksn 2011-12-20 12:26
မကြာခင် ဖြစ်ရပ်မှန် အိမ်မက်ဆိုးများ ဆက်တိုက် ထွက်လာမယ်လို့ မျှော်လင့်ပါတယ် ။ အာဏာရူးတွေ ကျဆုံးပါစေ။

#12
ညွန့်ရွှေ 2011-12-20 18:14
ကျနော် လွန်ခဲ့တဲ့လအနည်းငယ်လောက်က မိတ်ဆွေတစ်ယောက် ဆီကနေ အဲဒီ သတ်ဖြတ်မှုကြီးကို ကြားသိခဲ့ရပါတယ် ။ မိန်းခလေး ၂ ဦးကို ဘယ်ပုံသတ်တယ်၊ မုဒိန်းကျင့်တယ် ဆိုတဲ့အပိုင်းမှာ ကျနော်သည်းသည်းထ န်ထန် ငိုမိပါတယ်။ သနားလိုက်တာ၊ ကျနော့်သမီးကြီး သေတုန်းက ငိုသလိုကို ကျနော် ငိုမိပါတယ်။ ကိုထိန်လင်းကို တောင်းပန်ပါတယ်၊ နှိပ်စက်ပုံ၊ မိန်းခလေးတစ်ဦး ရဲ့ အင်္ဂါအစိပ်အပိုင်းတွေကို လှီးဖြတ်ပြီး သတ်ပုံနဲ့ ကျန်ခလေးမကို အလှည့်ကျ မုဒိန်းကျင့်ပြီး နားထင်ကို ပစ္စတိုနဲ့ပစ်သတ် ပုံတွေကို သိသလောက် ရေးပြပေးပါ။ အဲဒီ သတ်ဖြတ်မှုကြီးရဲ့  အဓိကတရားခံလို့ ထင်သူတွေကိုလဲ တန်းစီပြီး ရေးပြစေချင်ပါတယ်။ တောင်းပန်ပါတယ် ခင်ဗျား။

#13
မောင်ကျောင်းသား 2011-12-21 01:22
ပြည့်ပြည့်စုံစုံလေးဖတ်ချင်ပါတယ်ခင်ဗျား။
ဒီအဖြစ်အပျက်ကြီးကိုသမိုင်း မှတ်တမ်းတခုလို
ဖြစ်သွားအောင် အချက်အလက်တွေ၊လူ ပုဂ္ဂိုလ်တွေ တတ်နိုင်သလောက်ထ ည့်သွင်းရေးသားေ စချင်ပါတယ်။
ဒီအဖြစ်အပျက်ကြီးကနေလွတ်မြောက်လာခဲ့သူတွေ
သက်ရှိထင်ရှားရှိနေသူတွေရဲ့ စကားသံတွေကိုလည်း
စုဆောင်းပေးနိုင် ရင်တော့ အတိုင်းထက်အလွန် ပါပဲ။
အခုကကိုထိန်လင်း ပါးပါးလေးပဲပုတ် ထားတယ်လို့ ယူဆပါတယ်။

#14 မောင်ကျောင်းသား 2011-12-21 02:26
ပါးပါးလေးပဲပုတ် ထားတော့ ကိုထိန်လင်းအယား မပြေသလို
ကျနော်တို့ လည်းအယားမပြေပါ ဘူး။ ကျဆုံးခဲ့တဲ့ကို ထွန်းအောင်ကျော် နဲ့ကျောင်းသားရဲ ဘော်တွေ အတွက်
ပါးပါးလေးပုတ်ယုံနဲ့ တော့ မလုံလောက်ပါလို့ 
ဖြည့်စွက်ပါတယ်။

#15
မောင်ဒေါင်း 2011-12-21 08:46
ထိန်းလင်းဆိုတာ အာဏာသိမ်းတော့ အိန္ဒိယဘက်ရောက်၊ အဲဒီက ပြန်ဝင်ပြီး
ထိုင်းနယ်စပ်ဘက် ရောက်၊ ကေအိုင်အေဘက်ပြန်ရောက်သွားတဲ့သူ ။ မြောက်ပိုင်းက ထောက်လှမ်းရေးဆိုပြီး
ဖမ်းဆီးထား၊ အဲဒီက ပြန်လွတ် လာသူပါ။ ထောက်လှမ်းရေးတွေကြီးစိုးတဲ့ခေတ်မှာ ဟို၊ဒီ တောခိုရဲ
သူတယောက်၊ တောပြန်တယောက်က ထောက်လှမ်းရေးတွေ အမြဲမပြတ် စောင့်ကြည့် နေပါတယ်ဆိုတဲ့ ယူကေသံရုံးကို အဝင်အထွက်ကြိမ်ဖ န်လုပ်ဝံ့ပါတယ်။ သံ အဖြူမကို ရအောင်ယူ၊ ပြည်ပထွက်သွားပြီး
ဇတ်မြုပ်နေရာမှ ထောက်လှမ်းရေးတွေ (၂ဝဝ၄)မှာ အမြစ်ဖြတ်ချေမှုန်းခံလိုက်ရမှ မိုးဦးကျ ဖားတွေလို အသံ ပြန်ထွက်လာတယ်။ မြောက်ပိုင်းမှာ အသတ်မခံရဘဲ လွတ်သွားတဲ့ ထောက်လှမ်းရေးတွေ သူတို့ရဲ့ အစီအမံမအောင်မြင်တော့ အချို့ ပြည်ပထွက်သွား၊ အချို့ ပြည်တွင်း ဇာတ်မြုပ် နေတာ အများကြီးရှိနေတ ယ်။
ဦးသိန်းစိန် လက်ထက်မှာတော့ ပြည်ပလူတွေ ပြည်တော်ဝင်နေချိန်မှာ အသံပို ကျယ်လာတာမို့ သတိထားသင့်ပါတယ် ။ လွတ်လပ်ရေးကြိုး ပမ်းစဉ်ကာလက ဗိုလ်နေဝင်း ကို သေဒဏ်မပေးဖို့ ဗိုလ်အောင်ဆန်းကို တားမြစ်ဘူးလို့ အဲဒါ သူ့အမှားပါဆိုပြီး သခင်သန်းထွန်း နောင်တရဘူးတယ်။ အခုလည်း မြောက်ပိုင်းက ခေါင်းဆောင်တွေ နောင်တရလောက်ပြီ

#16
လေးလေး 2011-12-21 11:12
ကိုထိန် လင်း တောထဲ မှာ အသတ် မခံ ရ လို့ ပြန် လွတ် လာ ပြီး ပြည်တွင်းက နအဖထောင် ထဲ မှာ ၇နှစ် လောက် နေ ခဲ့ ပြီး ထောက် လှမ်း ရေး တွေ ပြို ချိန် မှ ပြန် လွတ် တယ် ဆို တာ လေး ရော မောင် ဒေါင်းသိ ပါ လေ

#17
ထွန်းကျော် 2011-12-21 11:46
မောင်ဒေါင်း ဆိုတဲ့ လူက တရုတ်ပြည်ကနေပြီး သေသေချာချာ မသိဘဲ .. ခပ်တည်တည်နဲ့ သိသလိုလို .. ဒေါင်းနာမည် ခံပြီး ရွီးနေသေးတယ်။ .. စာရေးပြန်တော့လည်း ဟိုလိုလို ဒီလိုလို .. နအဖ လက်ကျန်ခေတ်က ဖော်လံဖား ဝါဒဖြန့် ဆောင်းပါးရေးတဲ့ စတိုင်လ်နဲ့။ မဟုတ်တာ လုပ်ခဲ့တဲ့ လူတွေကို အကာအကွယ်ပေးလိုရ င် (သို့) ခင်ဗျားကိုယ်တို င် အဲဒီ လူသတ်မှုတွေထဲ ကိုယ်ထိလက်ရောက် ပါဝင်သူ ဖြစ်နေလို့ ခင်ဗျား အပြစ်တွေကိုယ် ဖုံးဖို့ ထိန်လင်းက မဟုတ်တာတွေ လုပ်ခဲ့သလိုလို လျှောက်ရေးနေတာလား။ ထိန်လင်းက မဟုတ်တာ လုပ်ခဲ့ရင်တောင် .. ကျောင်းသားခေါင်းဆောင်တွေကို လူမဆန်တဲ့ နည်းနဲ့ ရက်ရက်စက်စက် သက်ခဲ့တဲ့ လူသတ်သမားတွေဟာ .. သွေးဆာနေတဲ့ လူသတ်သမားတွေသာ ဖြစ်တယ်။ စစ်ပွဲမှာ သေနတ်ချင်း ယှဉ်ပစ်ရင်း သေတာ ကိစ္စမရှိဘူး သတ်ရဲ သေရဲလို့ စစ်ထဲ ဝင်ကြတာ။ အခုက လူ တစ်စုကို ဖမ်းပြီး တထိထိနဲ့ နည်းမျိုးမျိုးစုံ ရက်ရက်စက်စက် ၁ နှစ် နီးပါး နှိပ်စက်ခဲ့ကြတာ ။ .. ထွီ .. မြောက်ပိုင်း ခေါင်းဆောင်းတွေ နောင်တ ရလောက်ပြီတဲ့။ ရွံဖို့ ကောင်းလိုက်တာ။ အဲဒီ ကောင်တွေက ခေါင်းဆောင်တွေ မဟုတ်ဘူး။ သွေးဆာနေတဲ့ လူမဆန်တဲ့ လူသတ်သမားတွေ။ ခင်ဗျား ရော မချနဲ့။

#18 ထွန်းကျော် 2011-12-21 13:00
မောင်ဒေါင်းဆိုတာ အဲဒီ အဖြစ်ထဲက ကိုယ်တိုင် ပါဝင်ခဲ့ပြီး လွတ်နေတဲ့ လူသတ်သမား (သို့) လူသတ်သမား အပေါင်းအပါ တစ်ယောက်ယောက်လား မသိဘူး။ သူအခု ယူနန်နယ်ဘက်ကနေ ရေးနေတာ ဖြစ်တယ်။ အဲဒီဘက်မှာ လူသတ် သမားတွေထဲက တစ်ယောက် နေတယ်လို့ သိရတယ်။

#
19 သက် 2011-12-21 15:42
မောင်ဒေါင်း အမည်ခံထားသူသို့
ကိုထိန်လင်း ကို မသတ်လိုက်တာ မှားတယ်လို့ ဆိုတာဟာ ကျောင်းသားတပ်ဟာ စစ်အစိုးရရဲ့ လက်ကိုင်တုပ် စစ်တပ်လိုပဲ လူသတ်ဝါဒကို အားပေးတယ်လို့ ခင်ဗျားဆိုလို ချင်တာလား.ခင်ဗျားသိသလောက် ခင်ဗျား အပေါင်းအပါတွေ ဘာလုပ်ခဲ့တယ်။ ဘယ်သူတွေကို ဘယ်လို သတ်ခဲ့တယ်။ ဘယ်တွေရောက်ပြီး ဘာလုပ်စားနေတယ် ဆိုတာ ရေးစမ်းပါ။ သိချင်လှပါဘိ. ခင်ဗျား ဒီလောက်နဲ့ အူကြောင်ကြားလု ပ်ပြီး ရှောင်ပြေးဘို့ မကြိုးစားနဲ့။

#20
Saw Naung 2011-12-21 15:50
မန္တလေးညီလာခံမှာ တွေ့ဘူးတဲ့ ကို ထွန်းအောင်ကျော် ဟာ လေးစားစရာခေါင်း ဆောင်တစ်ယောက်ပါ ။ ဒီအဖြစ်တွေ ကျွန်တော်တို့ (မိုးညှင်း အင်းတော်ကို လွတ်ပြေးလာတဲ့ သူငယ်ချင်းတွေ ဆီက) ကြားခဲ့ရပြီး အတော့်ကို စိတ်မကောင်းဖြစ် ခဲ့ရတယ်။ ကိုထိန်လင်း ပြန်ရေးပြ မှ ပိုသိရ၊ အသစ်ဖြစ်ပြီးလည်း ခံစားရတယ်။ တရားခံတွေကို ထည့် ရေးပြပါခင်ဗျား။ ကိုအောင်မိုးဝင်း လည်း တခြား နေရာမှာ ရေးနေပြီ ဆိုတာ တွေ့ရပါတယ်။ ဖော်ထုတ်သင့်ချိ န်လည်း ရောက် ပါပြီ။

#
21 Nan 2011-12-21 16:14
ကိုထိန်လင်း ရဲ့ကိုယ်တွေ့ အဖြစ်အပျက်တင်မက ပါဘူး၊ တခြားABSDFဟောင်းတွေရဲ့ မျက်မြင်တွေ့တွေ အများကြီးရှိပါတ ယ်။ ဟိုဘက်ဒီဘက် အကုန်ဖတ်ကြည့် နားထောင်ကြည့်ရင် ပိုသိနိုင်ပါတယ် ။ ဒီလင့်က myanmargeneva.org/.../... - မြန်မာအလင်းမှာ ဖော်ပြခဲ့တဲ့ အစိုးရဘက်က သတင်းစာ အကျယ်ရှင်းလင်းပွဲပါ။ တခြားABSDFဟောင်းတွေ ရေးထားတာတွေလည်း ရှိပါသေးတယ်။ အမှန်တရားဆိုတာ ဖျောက်ဖျက်လို့ မရပါး)

#
22 ရဲရင့် 2011-12-21 17:07
တော်လှန်ရေးအတွက် ကျဆုံးရတာမဟုတ်ဘဲ အချင်းချင်း ပြန်သတ်လို့သေရတာက အလွန်ရင်နာစရာပါ ဗျာ.. တာဝန်ရှိသူတွေက တာဝန်ယူဖို့ လိုမယ်ထင်တယ်ဗျာ .

#23
မောင်ကျောင်းသား 2011-12-21 23:22
ကိုအောင်မိုးဝင်းရဲ့ မြောက်ပိုင်းဒေ သမှအရိုးတွန်သံများအပိုင်း(၁)ကိုအောက်ကလင့်မှာဖ တ်ပါ။ freedomnewsgroup.com/.../...ဒီအဖြစ်အပျက်ကြီးထဲမှာပါဝင်ခဲ့သူများအားလုံး ကိုယ် ကြုံခဲ့ရတာတွေကိုရေးပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ဒီမိုကရေစီရေးအတွက် စတေးလိုက်ရတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်တို့ ရဲ့ သမိုင်း မပျောက်ပျက်စကော င်းပါဘူး။ ဒီကိုယ်တွေ့ တွေဖတ်ပြီး ဒီလူတွေလောက်မြန်မာပြည်ဒီမိုကရေ စီရေးအတွက်ပေးဆပ်ခဲ့ရသူတွေရှိမှရှိပါလေ စလို့ တွေးနေမိပါတယ်။
ဗွီဒီယိုမှတ်တမ်းရိုက်ကူးထားနို င်မယ်ဆိုရင်ပိုေ ကာင်းပါလိမ့်မယ် ။ ကိုထိန်လင်းကိုေ ရာ၊ကိုအောင်မိုး ၀င်းကိုရော ကျေးဇူး တင်ပါတယ်။

#24
အောင်လတ် 2011-12-22 20:54
မောင်ဒေါင်းရေ
ထိန်လင်းက ထိန်းလင်းဆိုပြီး နာမည်ရဲရဲတပ်ပြီး ရဲရဲရေးရဲတယ်။ သူဘယ်သူ ဘယ်ဝါဖြစ်တယ်ဆို တာကို သမိုင်းနဲ့ ချီပြီး သက်သေပြတယ်။ မင်းက တော့ မောင်ဒေါင်းဆြို ပီး ကိုယ့်ကိုကိုယ် ဘယ်သူဘယ်ဝါဆိုတာ မပြောရဲ့ပဲ ကိုထိန်လင်းကို ထောက်လှန်ရေးဟုတ်သယောင်ယောင် ထင်ရောင်ထင်မှား ဝင်ရေးတယ်။ ပါဂျောင်မှာ ဒေါင်းကို ကျီးသတ်တာ သမိုင်းက သက်သေရှိတယ်ကွ။ မင်းက ဒေါင်းလား ဒေါင်းယောင်ဆောင်သောကျီးလား လူသိရှင်ကြား ကိုယ်နာမည်ကို ထုပ်ရေးလိုက်ပါ။ ငါ့နာမည်အောင်လတ် ကိုထိန်နဲ့ မန္တလေးထောင်မှာ အတူနေခဲ့ဖူးတယ်။ ကိုထိန်လင်းက ဒေါင်းစစ်စစ် ဖြစ်တယ်။

#
25 Moe Myint Myat Aung 2011-12-22 21:13
ပြည်တွင်းမှာမနေ ဘူးတဲ့ပုဂ္ဂိုလ်များကတော့ဖြင့်ရင် ကိုထိန်လင်း ဘာကောင်လဲဆိုတာ ဘယ်လိုလုပ်သိနို င်မှာလဲဗျာ။ ကျနော်တို့သူ့ကိုသိပုံကတော့ အတော်အတန်လူသိများတဲ့၊ လူပြောများတဲ့ မြန်မာပြည်ရဲ့ခတ်ပြိုင်ပန်းချီအ နုပညာသ္မား၊ အဲဒီအတန်းမှာ သူ့ကိုလေးစားချင်ခင်ကြတဲ့သူတွေအ ပုံကြီး။ (အဲ . . တောပြန်နိုင်ငံေ ရးသ္မား၊ နိုင်ငံရေးမှုနဲ့ နှစ်ရှည်ထောင်ကျ ဖူးတယ်။ ဒါကအချင်းချင်းတိုးတိုးကျိတ်ပြောကြတာ။ သိတဲ့အတိုင်း ဒါမျိုးကခပ်ကျယ် ကျယ်ပြောလို့မကောင်းဘူး။ အစိုးရဆိုတာမျိုးက သူမျက်စိနောက်ရင် တအုံတမကြီးသိမ်း ကျုံးပြီးအားလုံးကိုတထိုင်တည်းဖ မ်းတတ်တာမလား) ဘယ်ကလာထောက်လှမ်းရေးရမှာလဲ။ သူသာထောက်လှမ်းေ ရးဆိုရင် ကျုပ်တို့တွေခွေးဖြစ်သွားတာကြာ ပီပေါ့။ ဟိုပုဂ္ဂိုလ်တယော က်စွပ်စွဲသလို သံရုံးတွေကို ကဒီးကဒီးဝင်ထွက် သွားလာနေတာမျိုး လည်းမရှိပါဘူး။ (တကယ်တမ်းကြတော့ အဲသလိုဝင်ထွက်သွားလာနေရဖို့ဆိုတာက ပြောသလောက်လည်းမ လွယ်လှပါဘူးဗျာ။ သံရုံးဆိုတာမျိုးက ဇရပ်မှမဟုတ်ပဲလေ ။) ရမ်းတာလည်း ရမ်းပေါ့ဗျာ၊ ဒါပင်မယ့် အပတ်လည်အောင်ရမ်းပါ။

#26
oway88 2011-12-23 00:00
တခေါက်ဖတ်ပြီး မဖတ်ချင်လောက်အောင်ကို ဆွံ့ အ အေးခဲနေမိတယ် ကိုထိန်လင်း။ :sad:
မိုးသည်း ညတညမှာ ပါဂျောင်စခန်းက စွန့်ခွါ ထွက်ပြေးခဲ့ပုံေ လး နောက်တခါရေးရင် ထည့်ရေးပေးပါ ကိုထိန်လင်း။

#
27မောင်ဒေါင်း2011-12-23 05:41
ကျောင်းသားအချင်းချင်း သတ်တဲ့ကိစ္စကို လွန်ခဲ့တဲ့ အနှစ်(၂ဝ)လောက်က တည်းက ကြားခဲ့တယ်။ အဲဒီ ထောင်ကနေ မသေဘဲ ပြေးလာတဲ့ အတော်ရင်းနှီးတဲ့  တရုတ်တယောက်ပြော ပြချက်အရ လူအင်အား ငါးရာလောက်ရှိတဲ့ အဖွဲ့မှာ လူတရာ လောက်ကို ထောက်လှမ်းရေးဆိုပြီး ဖမ်းတယ်ဆိုကတည်း က အာဏာလုပွဲလား၊ ဒေသစွဲ၊ ဂိုဏ်းဂနစွဲပြီး သတ်တာလား ဆိုတာ နားမလည်နိုင်ဘူး ။ သူက ကျောက်စိမ်းတွင်းကနေ ပါဂျောင်ကို ပြန်ရောက်ရောက်ချင်း အဖမ်းခံရတဲ့သူ၊ သာမန် ရဲဘော်၊ အထက်ပိုင်းသားဘဲ ။ ထောင်ကျခံနေရတဲ့ သူတွေက သူ့ကို ဆွဲထည့်လို့ ရောယောင် ခံလိုက်ရတာ။ သုံးသပ်မိတာကတော့  အဖမ်းခံရတဲ့ ထောက်လှမ်းရေးတွေက ကျန်တဲ့ ကျောင်းသားရဲဘော်တွေကိုပါ ဆွဲထည့်ခဲ့တဲ့ပုံစံဘဲ။

#28
မောင်ဒေါင်း2011-12-23 05:43
ခင်ဗျားတို့ ဗမာတွေပြောနေတဲ့ အမေစု အကျယ်ချုပ်ဘဝမှာ နိုင်ငံရေးဖြစ်စ ဉ်က ရွေ့လျားမှုမရှိ သေနေချိန်မှာ၊ အင်တာနက်တွေပေါ်မှာ ဟိုလူအပုပ်ချ၊ ဒီလူအပုပ်ချ ရေးနေချိန်မှာ အခုလို လူသတ်ပွဲကိစ္စကို မဖေါ်ထုတ်ခဲ့ဘဲ နိုင်ငံရေးပွင့် လင်းလာနေပါတယ်၊ နောက်ပြန်မလည့်ဘူး၊ အနောက်အုပ်စုနဲ့ ပြန်လည်ဆက်ဆံနေချိန် နိုင်ငံရေး အပြောင်းအလဲ မျော်လင့်နေချိန်မှာ ဘာကြောင့် အပုပ်အပွတွေကို ဖေါ်ထုတ်နေရလဲ။ လူသတ်တရားခံ ဆိုပြီး သတ်မှတ် ထားတဲ့သူတွေ ဗမာပြည်ထဲရောက်တဲ့ခါကျမှ ဖေါ်ထုတ်အရေးယူလို့ မရတော့ဘူးလား။

#29
မောင်ဒေါင်း 2011-12-23 05:45
ကျနော်က အင်ခွန် ကျစ်ပူဒေါင်းပါ။ အခုလောလောဆယ် ဒို့လူမျိုးကို ဗမာစစ်တပ်က နေ့စဉ်နဲ့အမျှ အနိုင်ကျင့်၊ နှိပ်စက်ခံနေရတာ ၊ ကေအိုင်အေက အင်အားများတဲ့ ဗမာစစ်တပ်ရဲ့ကျူးကျော်စစ်ကို ခုခံနေရတာတွေကို မေ့နေ ကြပြီလား။ တရုတ်နယ်စပ်မှာ စစ်ပြေးလာပြီး စားစရာမရှိ၊ ဆောင်းတွင်းအေးေ အးမှာ စောင်မရှိ၊ မီးလှုံစရာ ထင်းခုတ်မရ၊ ဒီကလူတွေ မဆို့မပို့သွားေ ပးတာ မလောက်လို့ သူတို့ရွာပြန်ပြီး စားစရာနဲ့ပစ္စည်း တွေ ပြန်ယူတုန်း ဗမာစစ်တပ်က အဖမ်းခံ၊ အသတ်ခံရတာလည်း မနည်းတော့ဘူး။ အဲဒီအကြောင်းကို ဗမာတွေ ကြီးစိုးထားတဲ့ ပြည်ပရေဒီယိုဌာန တွေပို့တော့လည်း အသံလွင့်ပေးချင် မှ လွင့်ပေးတာ။ အဲဒါတွေကို မှေးမိန်အောင် အပုပ်အပွတွေကို မဖွပေးကြပါနဲ့။ တကယ်အရေးယူလို့ရ တဲ့ခါ လုပ်ကြပါ။

#30
မောင်ဒေါင်း 2011-12-23 05:46
၁၉၉၇ ဝန်းကျင်ဘဲထင်တယ်။ ဒွေးရဲ့ ဇာတ်ကားတခုမှာ ထိန်လင်းဆိုတာ သူဘဲဆိုပြီး ထောင်ဖောက် ထွက်ပြေးလာတဲ့သူ ပြဖူးတယ်။ အခုတော့ သူ့ရုပ်ကို မေ့နေပြီ။ လွန်ခဲ့တဲ့ (၃)(၄)နှစ်လောက် ကတော့ ဘီဘီစီရဲ့ ခရစ်စမတ်ပြဇတ်မှာ ထိန်လင်းလည်းပါတ ယ်ဆိုတာ ပြောရင်း ယူကေသံအမတ်နဲ့ အိမ်ထောင် ကျ သွား တယ်ဆိုတာ သိရတယ်။ နိုင်ငံခြားသား တယောက်ကို တွေ့ဆုံစကားပြော ဖို့ ခက်ခဲတဲ့ ဗမာပြည်မှာ တောပြန်ဆိုတဲ့ ထိန်လင်းက ရအောင်ယူ လိုက်တယ်ဆိုတော့ တကယ့် လူစွမ်းကောင်းလို့ စိတ်ထဲမှာ စွဲနေခဲ့တယ်။ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်နေချိန်မှာ ထိန်လင်းအပါအဝင် လူအချို့က အင်တာနက်ပေါ်မှာ အချိန်ကိုက် ဖွလာကြတော့ သံသယဝင်မိတယ်။

#31
မောင်ဒေါင်း 2011-12-23 05:48
တရုတ်ပြည်၊ ရွှေလီမြို့က ကျောက်ဝိုင်းမှာ ပွဲရုံဖွင့်ထားတ ယ်။ ကချင် ကိုဒေါင်း ဆိုရင် သိကြတယ်။ ကျနော်ကို လူသတ်သမားအပေါင်းပါဆိုပြီး ရမ်းပြီး မစွပ်စွဲပါနဲ့။ သခင်အောင်ဆန်းတို့ လူပေါင်း(၃ဝ) ပြည်ပ ထွက်ပြီး (၃)နှစ်နဲ့ အင်္ဂလိပ်ကို မောင်းထုတ်နိုင် တယ်။ အခုတော့ လူပေါင်း သုံးသောင်းမက သုံးသိန်းတောင် ရှိတော့မယ်။ အနှစ်(၃ဝ) တောင် ဒီမိုကရေစီရမှာ မဟုတ်ဘူး။ အချင်းချင်း တိုက်ခိုက်နေ၊ သတ်ဖြတ်နေကြလို့ ဘဲ။ တယောက်ကို တယောက် မသိဘဲ အင်တာနက်ကနေ သဘောထားမတူတာနဲ့ ဆဲဆိုနေကြရင် သေနတ်ကိုင်ထားကြ သူတွေ သတ်ဖြတ်တာ မဆန်းဘူး။ ဒါလား ဒီမိုကရေစီတောင်းနေတဲ့ ကျောင်းသားစိတ်ဓာတ်။ ဗမာပြည်နိုင်ငံေ ရး ပြောင်းလဲအောင် ဒီလိုကျောင်းသား တွေက လုပ်နိုင်မှာမဟု တ်ဘူးလို့ ရဲရဲပြောရဲတယ်။

#32 ထွန်းကျော် 2011-12-23 23:04
မောင်ဒေါင်း .. ဒါဟာ ဖွတာ မဟုတ်ဘူး။ ဖွတာဆိုတာက ဘာမှ အရေးမပါတာကို အရေးပါသလို လုပ်ပြီး လူတွေ စိတ်ဝင်စားလာအော င် တမင်လုပ်ယူတာကို ဖွ တယ်လို့ ခေါ်တယ်။ ဒါဟာ သေသွားတဲ့ လူတွေကိုရဲ့ ပေးဆပ်မှုကို လူသိအောင် ဖွင့်ပြတာ ဖြစ်တယ်။ မင်းပြောတဲ့ နိုင်ငံရေး သေနေချိန်ဆိုတာ ကာလမှာလည်း ပြောကြတယ်။ ရေးကြတယ်။ ၂၀၀၂ ခုနှစ် ဇွန်လမှာ ဧရာဝတီ မဂ္ဂဇင်းမှာ တစ်ခါ www.irrawaddy.org/.../ ဆန်းဦးမောင်ရဲ့ ဘလော့မှာ ၂၀၀၉ ခုနှစ် ဇူလိုင်၊ သြဂတ်လတွေတုန်းမှာ တစ်ခါ sanooaung.wordpress.com/.../... အခုလိုပဲ ပြောကြတာပဲ။ ကိစ္စတစ်ခုကို သေချာ မသိဘဲ မလေ့လာဘဲ မျက်စိမှိတ် စိတ်ကူးယဉ်ပြီး သူများတာကာတွေကို သံသယ ပွားမနေနဲ့။ အဲဒီ သံသယတွေကြောင့် ABSDF မြောက်ပိုင်း အိမ်မက်ဆိုးကြီး စတင်လာခဲ့တာ။

#33
ထွန်းကျော် 2011-12-23 23:06
ဝေဖန်ချင်ရင် .. အပြစ်တင်ချင်ရင် သေချာ သိအောင် ကြိုးစားပြီးမှ အပြစ်တင်။ မျက်စိမှိတ် စိတ်ကူးယဉ် ယောင်ဝါးဝါး မလုပ်နဲ့။ အခု ၂၀၁၁ မှာ လူတွေ ပိုစိတ်ဝင်စားလာ တာက အင်တာနက်၊ မီဒီယာနဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေး နှိုးကြားမှုကြောင့် ဖြစ်တယ်။ ခင်ဗျား စိတ်ကူးယဉ်သလို တစ်ယောက်ယောက်၊ တဖွဲ့ဖွဲ့က ဖွ လို့ ဖြစ်လာတာ မဟုတ်ဘူး။ ခင်ဗျား ပြောတဲ့ တိုင်းရင်းသား ဒေသက တိုင်းရင်းသားတွေ နှိပ်စက် သတ်ဖြတ်ခံနေရတာ ခင်ဗျားမှာ အထောက်အထား ခိုင်လုံရင် ခင်ဗျားပြော။ ဘယ်သူမှ မတားဘူး။ အဲဒီ ကိစ္စတွေကို ပြောနေတဲ့ အဖွဲ့တွေလည်း အများကြီးပဲ။ နားထောင် ဖတ်ရှုတဲ့ ပြည်သူလူထုက သူ့ဘာသာ ဆုံးဖြတ်လိမ့်မယ်။ ဖွတိုင်း ယုံပြီးလိုက် ပြောတယ် ထင်ရအောင် ခင်ဗျားက ပြည်သူတွေကို ငအ တွေ ထင်နေလား။ သေသေချာချာ တွေးပြီး၊ လေ့လာပြီးမှ ပြောပါ။

#34
မောင်ဒေါင်း 2011-12-24 09:01
ထွန်းကျော်ရေ- အခုလိုကာလမှာ လူသတ်ပွဲ ဖေါ်ထုတ်သင့်၊ မသင့်ဆွေးနွေးနေ တာပါ။ တာဝန်ရှိတယ်ဆိုတဲ့ ဒေါက်တာနိုင်အော င် မီးရထားဝန်ကြီးနဲ့ တွေ့တယ်။ သူတို့ ပြည်တွင်းဝင်သွားမှ ဖေါ်ထုတ်လို့ မရဘူးလား။ ပြည်တွင်းထဲမှာ သေဆုံးသူကျောင်း သားတွေရဲ့ မိဘဆွေမျိုးတွေ တရားစွဲဆိုပါလိမ့်မယ်။ ခေတ်ကောင်းချိန် မှာ ပါဂျောင် အာသံကုန်းမှာ တွန်နေတဲ့ အရိုးတွေကောက်ပြီး ရန်ကုန်တက္ကသိုလ် ရှေ့မှာ ဗိမာန်ဘဲဆောက်ဆောက် အဲဒါ မင်းတို့ကျောင်း သားရဲ့ ကိစ္စဖြစ်တယ်။ အခုချိန်ခါ ပြောတော့ ဘယ်လို အရေးယူနိုင်မလဲ။ ဂီတ၊ ရုပ်ရှင်၊စာပေ အနုပညာရှင်တွေ ဒေါ်စုကြည်နားမှာ ဝန်းရံလာနေချိန် မှာ အနုပညာရှင်သမား ထိန်လင်းက နိုင်ငံရေးနိုြး ကားစေတဲ့ ရေးသားမှုအစား လူထုတွေ သွေးပျက်စေတဲ့အေ ကြာင်းအရာတွေကို ဖေါ်ထုတ်နေတာက ဘာသဘောလဲ။ နေပြည်တော်အစိုး ရ ဝမ်းသာအောင် လုပ်ပြတာလား

#35
အောင်လတ် 2011-12-24 11:11
ကိုဒေါင်းရေ ခင်ဗျားဘယ်သူဘယ် ဝါဆိုတာပြောပြလာ တဲ့အတွက် လေးစားပါတယ်။ ကိုဒေါင်း ပထမပြောထားတာတွေ က ထိန်လင်းနဲ့ပတ်သ က်ပြီးသေသေချာချာမသိဘူး သူများပြောပြတာကိုပဲ ပြန်ပြောပြတာဆို တော့ ဖတ်ကြည့်တဲ့အခါမှာ ထင်ရောင်းထင်မှားဖြစ်စေပါတယ်။ ကိုဒေါင်း ထိန်လင်းရုပ်တော င်မမှတ်မိဘူးလို့ ပြောခဲ့တယ်။ ကိုဒေါင်းရေးတာကိုဖတ်ကြည့်တော့ ထိန်လင်းက ထောက်လှန်းရေး(သို့)သတင်းပေးဟုတ်တယောင်ယောင်လို ဖြစ်နေတယ်။ နာမည် အတိအကျမဟုတ်ပဲ ခုလိုဝင်ဝင်ရေးတ တ်တာက နေပြည်တော်ဘက်တော်သားတွေ လုပ်တတ်တဲ့အလုပ် ဖြစ်နေလို့။ ခတ်ပြတ်ပြတ်ပြန် ရေးလိုက်တာပါ။ ခုတော့ ကိုဒေါင်းလည်းကိုယ်ကိုကိုယ် ဖော်ပြခဲ့ပြီး ဆိုတော့ လေးလေးစားစားပဲေ ပြာပါမယ်။
#36 အောင်လတ် 2011-12-24 11:25
ထိန်လင်းက တောထဲကမြို့ပေါ်ြ ပန်ရောက်ပြီး အနုပညာအလုပ်နဲ့ အသက်မွေးတယ်။ ကိုဇာဂနာတို့နဲ့ ဝမ်းရေးအတွက် ဗွီဒီယိုသရုပ်ဆောင်လုပ်တယ်။၁၉၉၈ မှာတောပြန်အများ စုနဲ့ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင်(၇) နှစ်ကျတယ်။ မန္တလေးထောင်မှာ အကျဉ်းသားအခွင့် ရေးအတွက် တောင်းဆိုခဲ့တာေ တွကြောင့် ခေါင်းစွတ်ပြီးဝိုင်းရိုက်တာခံရ တယ်။ ခေါင်းကွဲတယ်။ ထောင်ပြောင်း နိုက်ပိတ်ခံရတယ် ။ပြန်လွတ်တော့ သူဝါသနာပါတဲ့ ပန်းချီဆွဲတဲ့အလုပ်တွေဆက်လုပ်တယ်။ နောက် ကံပါလို့ အင်္ဂလန်သူနဲ့ အကြောင်းပါတယ်။ သူဖြတ်သန်းမှုတလျှောက်မှာ စစ်အစိုးရကို နဲနဲလေးတောင်ပတ် သက်ခဲ့တာမရှိခဲ့ ပါဘူး။

#37 အောင်လတ် 2011-12-24 11:26
သူထောင်ကနေလွတ်ြ ပီး ရပ်တည်ရေးအတွက် ဗွီဒီယို သရုပ်ဆောင်ပြန်လုပ်ခဲ့ပေမဲ့ ဆင်ဆာက ပိတ်ခဲ့လို့။ သူဆက်လုပ်လို့မရ တော့ဘူး။ သူဘဝ စိတ်ဓါတ်ရာအပြည့် နဲ့ ကြမ်းခဲ့ပါတယ်။ စွမ်းအားရှင်လို့  ရပ်ကွက်ထဲက ပျံကျကောင်းတွေ ဘီယာသောက်နေတဲ့ အချိန်မှာ နိုင်ငံရေးလုပ်ခဲ့သူ အနုပညာသမား ထိန်လင်းဟာ ကျူးကျော်ရပ်ကွက်လေးတခုက ၂၅ ကျပ်တန် ထမင်းဆိုင်လေးမှာ ဝယ်ဝယ်စားပြီး အနုပညာ အလုပ်တွေ ကိုလုပ်ရင်း ဘဝကိုဖြတ်သန်းခဲ့ သူပါ။ ဒီလောက်ဆို ကိုထိန်လင်းဟာ ကိုဒေါင်း အနေနဲ့ ရှင်းလောက်မယ်လို့ ထင်ပါတယ်။ သူဟာ စစ်အာဏာရှင်တွေနဲ့ နဲနဲလေးလောက် ပတ်သက်ခဲ့တာမရှိ ပါဘူး။

#38 အောင်လတ် 2011-12-24 11:46
ကိုဒေါင်းပြောသလို သူအနေနဲ့ ဒီစာကို ဖွပြီးရေးလိုက်တာမဟုတ်ပါဘူး။ သူ့အနုပညာကို သူဘာသူပုံဖော်တာ ပါ။ အနုပညာသမားတိုင်းဟာ သူဘဝဖြတ်သန်းမှု၊ လေ့လာခဲ့မှုတွေကေ နပဲ သူဖန်တီးမှုတွေဖြ စ်လာတာပါ။ ခုလဲ သူစိတ်ခံစားမှုကို သူစာတပုဒ်အဖြစ် ဖန်တီးလိုက်တာပါ ။ သူရေးတဲ့ထဲမှာ ဘယ်သူတွေက လုပ်ပါတယ်။ လုပ်ခဲ့တဲ့သူတွေ က ခုဘာလုပ်နေကြပါတ ယ်ဆိုတာမျိုး မပါပါဘူး။ အနုပညာသမားတယောက်ဟာ သူစိတ်ကို ထိမှန်လာရင် သူဖန်တီးမှုဆိုတာ ဖြစ်လာတာပါပဲ။ အချိန်အခါနဲ့ လုပ်ရတာမှမဟုတ်ပဲ။ သူ့စာကို ဖတ်ပြီး ဖွတဲ့သူတွေလည်းရှိသလို၊ စိတ်မကောင်းဖြစ် ပြီး ရေးတဲ့သူတွေလည်း ရှိတာပါပဲ။ အဲဒါ သူနဲ့ မဆိုင်းဘူးလေ။

#39 အောင်လတ် 2011-12-24 11:46
ကိုဒေါင်းရေ ကျွန်တော် တို့ ဘဝတွေထဲမှာ ကိုက်ကိုက်နေတတ် တဲ့ သန်းကြီးမတွေ အများကြီး ရှိခဲ့တယ်ဆိုတာကို ဒီစာလေးဖတ်ပြီး အသိလေးတွေရ ရမှာပါ။ နောက်ပြီး ကိုဒေါင်းအနေနဲ့ ကချင်ဒေသ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ခံစားမှု ပြင်းထန်သလို့ ကျွန်တော်တို့လဲ ထပ်တူပါပဲ။ ခုဖြစ်နေတာ ဗမာနဲ့ ကချင်မဟုတ်ဘူးလေ ဒီမိုကရေစီအရေခြုံအာဏာရှင်လက်ကိုင်တုတ် စစ်တပ်နဲ့ တိုင်းရင်သားတွေ ဖြစ်နေကြတာပါ။ တကယ်တော့ ဗမာဆိုတာလည်း တိုင်းရင်းသားလူ မျိုးစုတခုပါပဲ။ ဒီထိုးစစ်စဉ်တာေ တွရပ်ဖို့ ကျွန်တော်တို့လည်း ကိုတတ်နိုင်တဲ့ဘ က်က ဝိုင်းပြီး လုပ်နေကြပါတယ်။ ဆက်ပြီးလည်း လုပ်ကြမှာပါ။ အဲဒါ ဗမာရယ်၊ကချင်ရယ် လို့ ခွဲခြားတဲ့ စိတ်နဲ့မဟုတ်ပဲ ငါတို့ လူမျိုးတွေ ဆိုတဲ့ စိတ်နဲပါ။

#
40 လင်္ကာ 2011-12-24 20:07
အရိုးက သူတွန်ချင်တဲ့အချိန်တွန်မှာပေါ့ ကွမောင်ဒေါင်းရ ဟိုအချိန်ရောက်မှတွန် ။ အခုမတွန်ပါနဲ့ ဦးဗျာ လို့ တားထားလို့ ရတဲ့အမျိုးမှမဟုတ်တာ တားလို့ ရမယ်ထင်ရင်မင်း သွားတားကြည့်ပေါ့ မင်းကချင်မှာနေတာပဲ အဲဒီပါဂျောင်အာသံကုန်းကိုသွားပြီး အခုမတွန်ကြပါနဲ့ ဦးဗျာ အချိန်မကျသေးလို့ ။ ခဏစောင့်ပါဦးလို့ သွားတားကြည့်ပေါ့


#41
သံဒုတ် 2011-12-25 13:37
ထိန်လင်းရေ --- မင်းရေးသင့်ပါတယ်။ မှန်တယ်လို့လည်း သဘောထားပေးပါတယ် ။ ထောက်ခံတယ်။
ငါတို့ဟာ ကျောင်းသားအစစ်ေ တွဖြစ်တယ်ကွ။ သူများကို လူမဆန်စွာ မသတ်ရဲပေမဲ့ တော်လှန်ရေးမှာ ဘယ်လို ပုန်သဏ္ဍန်နဲ့ သေရသေရ သေရဲပါတယ်။ သေရဲလို့ လူထုကို ချစ်လို့ အဖိနှိပ်ခံဘ၀က လွတ်မြောက်ချင်လို့ တော်လှန်ရေးလုပ် နေတာပါ။ ငါမှာ အုပ်စုမရှိဘူး ဂိုဏ်မရှိဘူး၊
ငါတို့ ရန်သူနဲ့ စေ့စပ်တဲ့ သမိုင်းမရှိပါဘူးကွ။ မြောက်ပိုင်းမှာ လူမဆန်စွာ အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေကို သံဒုတ် အနေနဲ့ အလေးပြုပါတယ်။ ငါဟာကျောင်းသား အစစ်ဖြစ်ပါတယ်။
သံဒုတ် ( RIT ဒုတိယနှစ် ၁၉၈၄ -၁၉၈၈ )

#42 Moe Myint Myat Aung 2011-12-27 03:45 အသာနေစပ်းပါ ကိုလှဆိုင် (သို့) ကိုလှဆောင်ခေါ် မောင်ဒေါင်းရယ်။ မင်းလို အနုပညာကိုနားမလည်တတ်တဲ့ သားသတ်သ္မား၊ ထိန်လင်းလိုအနုပ ညာသ္မားကို အာဃာတထားတာ ငါမအံ့သြောပါဘူး ။ တခုပြောချင်တာက ငါတို့နဲ့တဆိတ်ေ လာက် ခပ်ဝေးဝေးနေစမ်း ပါ။ ညှီစော်နံလို့ . . .

#43 သက် 2011-12-27 04:02 ကိုထိန်လင်းရဲ့ ဒုတိယ ဆောင်းပါး ပေါ်ထွက်လာပါပြီ ဘယ်သူတွေမှာ တာဝန်ရှိတယ်။ ဘာတွေ လုပ်ခဲ့တယ် ဆိုတာ ဟောဒီဆိုဒ်မှာ ဖတ်နိုင်ပါတယ်။

#44 ABSDF အဖွဲ့ဝင်ဟောင် 2011-12-27 05:13 ကိုထွန်းအောင်ကျော်က ခုထိ New York State မှာနေထိုင်နေတယ် လေ
ဘာကြောင့်ဒီဆောင်းပါးကိုလုပ်ကြံ ရေးရတာလဲ

#45 မောင်ဒေါင်း 2011-12-28 11:23 မိုးမြင့်မြတ်အောင်ရေ
လှဆိုင် (သို)လှဆောင်နဲ့ ငါနဲ့ ဘာဆိုင်လဲ၊ မင်းကော အနုပညာဘယ်လောက်ရှိလဲ။ ငါ့ရဲ့ တူရိယာ mangye ဆိုတာကိုကော မြင်ဘူး။ မူတ်ဘူးလား။

#46 CanadaMyanmar 2012-01-07 08:43
ဒီဖြစ်ရပ်တွေအား လုံးဟာ တောထဲမှာ တကယ်နေခဲ့ ဘူးသူတွေအ
တွက်ဖြစ်နိုင်မြ ဖစ်နိုင်ဆိုတာ သိဖို့ လွယ်ကြပေမဲ့ ၊ ယနေ့ နိုင်ငံအသီး
သီးမှာ ရောက်နေတဲ့ သူတွေ၊ပြည်တွင်းထဲကအမှန်တရားလိုလားသူ
တွေအတွက်တော့ သို့ လောသို့ လောဖြစ်နိုင်ပါ တယ်၊ ဒါတွေဟာတ
ကယ်ဖြစ်ခဲ့ ယုံမကပဲ ကိုထိန်လင်းတယော က်ထဲရေးခြင်းသည် အကင်းမျှသာရှိပါ သေးသည် ၊ သိသော ကြုံဖူးသောသူများအားလုံး
နာမည်ဖေါ်သည်ဖြစ် စေ မဖေါ်သည်ဖြစ်စေ တနေရာတည်း တွင်ဝိုင်းဝန်းေ ရးသားလို့ ရသည့် အခြေအနေမျိုး အခန်းဆက် သီး
သန့် ဝက်ဆိုက် ၊ ဘလော့ တခု ရှိလာပါက တောထဲမရောက်ဖူးသ
များ ၊ လူငယ်များ ပို၍ နားလည်ခံစား ဖေါ်ထုတ်နိုင်ကြပါလိမ့် 
မည် ၊ ထိုကြုံတွေ့ ခဲ့ ရသူများ မသေခင် ၊ မမေ့ ခင်ရေးနိုင်ဖို့ အ
ရေးကြီးသည်မို့ စောသေးသည်ဟူ၍ မရှိပါ ၊ အမှန်တရား အတွက်
သေဆုံးသွးခဲ့ သူများ အတွက် ၊ အရိုးတွန်ချိန်ေ ရာက်ပါပြီ ၊ တပ်
နိုင်သမျှ ၀ိုင်းဝန်း စုစည်း ဖေါ်ပြ ကြပါ.

No comments:

Post a Comment