Monday, August 6, 2012

ဝန်ကြီးဦးဝင်းကိုနဲ.ဝန်ကြီးဦးလှဖေတို.အကြောင်း မှတ်ချက်-ဖြည်.စွက်တင်ပြခြင်း

by Baydar Lam on Monday, August 6, 2012 at 1:44am ·

ဒီ post ကတင်ပြီးသားပါ။ဆရာဦးဝင်းကိုရဲ.ဓါတ်ပုံရလို.ထပ်တင်လိုက်တာပါ။ဒါပေမဲ့ထပ်ဖြည့်ထားပါတယ်။အမျိုးသားညွန်.ပေါင်းအစိုးရအဖွဲ.ကနေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ဝန်ကြီး ၂ ဦးရှိပါတယ်။တယောက်က ဦးဝင်းကို(ရေဦး)ဖြစ်ပြီးနောက်တဦးကဦးလှဖေ (ပျော်ဘွယ်)ဖြစ်ပါတယ်။ဒါပေမဲ့ NCGUB ကဒီကိစ္စတွေကိုသိပ်ပြောတာမတွေ.ရပါဘူး။တာဝန်ယူဖြေရှင်းတာလည်းလုပ်တာမတွေ.ရပါဘူး။ဦးဝင်းကိုက ရေဦးမြို.နယ်မဲဆန္ဒနယ် အမှတ် ၂ က ရွေးကောက်ခံရတဲ့လွတ်တော်ကိုယ်စားလှယ်ပါ။အဖ ဦးသီဝံ(ပါလီမန်အမတ်ဟောင်း)နဲ.ဒေါ်မြတင်တို.ရဲ.သားဖြစ်ပြီး ၁၉၄၅ ခု ဧပြီလ ၁၁ ရက်နေ.ဖွားပါ။ရေဦးမြို.အစိုးရအထက်တန်းကျောင်းအမှတ် ၁ ၊မန္တလေးတက္ကသိုလ်နှင့်ပညာရေးတက္ကသိုလ်(ရန်ကုန်)ကနေပညာရေးဘွဲ. (B၊E၊D)ဘွဲ.ကိုရရှိခဲ့ပြီး ၁၉၆၈ ကနေ ၁၉၈၅ ခုထိရေဦးမြိုးအစိုးရအထက်တန်းကျောင်းအမှတ် ၁ မှာအထက်တန်းပြဆရာလုပ်ခဲ့ပါတယ်။သူ.ကိုကိုယ်စားလှယ်အဖြစ်ကနေပယ်ဖျက်ကြောင်းကိုရွေးကောက်ပွဲကော်မရှင်ကကျေငြာချက်အမှတ်(၉၀၃)ကို ၁၉၉၀ ဒီဇင်ဘာ ၂၆ ရက်နေ.မှာထုတ်ပြန်ပြီးကိုယ်စားလှယ်အဖြစ်ကနေပယ်ဖျက်ခဲ့ပါတယ်။၁၉၉၀ ဒီဇင်ဘာလ ၁၈ ရက်နေ. မာနယ်ပလောမှာဖွဲ.စည်းခဲ့တဲ့အမျိုးသားညွန်.ပေါင်းအစိုးရအဖွဲ.မှာ ဘဏ္ဍရေးနဲ.အခွန်ဝန်ကြီးအဖြစ်တာဝန်ပေးအပ်ခြင်းခံရပါတယ်။၁၉၉၃ ခု ဖေဖော်ဝါရီလ ၂၈ ရက်နေ.ကူမင်းမြို.က တီးဂါးဒမ်း ဟိုတယ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။သူလုပ်ကြံခံခဲ့ရတဲ့နေ.စွဲနဲ.ပက်သက်လို. NCGUB ရဲ.ဝက်ဆိုဒ်မှာ ၁၉၉၂ နိုဝင်ဘာလ ၁ ရက်နေ. လို.လွဲမှားစွာရေးသားထားပါတယ်။နောက်တယောက်ဖြစ်တဲ့ ဦးလှဖေကတော့ ပျော်ဘွယ်မြို.နယ်မဲဆန္ဒနယ်အမှတ် ၂ ကရွေးကောက်ခံခဲ့ရတဲ့ကိုယ်စားလှယ်ဖြစ်ပြီး ဇာတိကဇီးကုန်းကပါ။အဖ ဦးဘိုးခင်-ဒေါ်စောမြတို.ရဲ.သားဖြစ်ပြီး ၁၉၄၉-ဇွန်လ ၆ ရက်နေ.ဖွားပါ။၁၉၆၉ မှာအစိုးရအထက်တန်းကျောင်းကနေ ၁၀ တန်းအောင်ပြီး ၁၉၇၂ မန္တလေးတက္ကသိုလ်ကနေ( ရူပဗေဒ အဓိက) နဲ.ကျောင်းပြီးခဲ့ပါတယ်။၁၉၈၂ ကနေ ၁၉၈၈ ထိရွှေပြည်ရန်အောင်သမဝါယမအသင်းဥက္ကဌလုပ်ခဲ့ပြီး ၁၉၉၀ ဒီဇင်ဘာ ၁၈ရက်နေ. မာနယ်ပလောမှာဖွဲ.စည်းခဲ့တဲ့အမျိုးသားညွန်.ပေါင်းအစိုးရအဖွဲ.မှာပညာရေး။ကျန်းမာရေးနဲ.ပြန်ကြားရေးဝန်ကြီးတာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ၁၉၉၃ ဇွန်လ ၁၆ ရက်နေ.မှာထိုင်းနိုင်ငံဘန်ကောက်မြို.မှာလုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

NCGUB ကဝန်ကြီးဦးဝင်းကိုနဲ. NLD (LA) ကစည်းရုံးရေးမှုးဦးကျော်မြတို.လုပ်ကြံသတ်ဖြတ်ခံရပုံများ

၁၉၉၂သြဂုတ်-စက်တင်ဘာလလောက်မှာ NCGUB ကဝန်ကြီးဦးဝင်းကို(ရေဦး)နဲ. NLD (LA) ကဒုဥက္ကဌ ဦးတင်အောင်တို.မြောက်ပိုင်းလွက်မြောက်နယ်မြဖြစ်တဲ့ KIA ထိန်းချုပ်နယ်မြေပါဂျောင်ဌာနချုပ်ကိုတရုပ်ပြည်ကနေတဆင့်ရောက်ရှိလာပါတယ်။ကျောင်းသားတပ်ဖွဲ.ကဂုဏ်ပြုတပ်ဖွဲ.နဲ.ကြိုဆိုပြီး ပါဂျောင်ဒေသက NLD(LA)ရုံးမှာအဲဒီပုဂ္ဂုလ် ၂ ဦးရုံးထိုင်ခဲ့တယ်။ ၁၉၉၂ -နိုဝင်ဘာလမှာ ကျနော်ဆမားညီညီ၊ကျောင်းသားတပ်အကျယ်ချုပ်ကနေပြီး KIA စစ်ရုံးချုပ်ကိုအင်္ဂလိပ်စာသင်ဖို.ရောက်သွားခဲ့ပါတယ်။(ကျနော်ရောက်သွားပုံအကျဉ်းကိုအရင်ပို.စ်တွေမှာရေးထားခဲ့ပြီးပါပြီ)။ ၁၉၉၂ -ဒီဇင်ဘာလဆန်းမှာ NLD LA က HOME CHRISTMAS ပွဲလုပ်တာ KIA စစ်ရုံးချုပ်ကိုဖိတ်တော့ G3 လိုင်စမ်း၊G3 လွမ်းခေါင် နဲ.အတူနန်းအောင်ထွေးကြည်နဲ.ကျနော်တို.ပွဲသွားတက်ခဲ့ပါတယ်။အဲဒီပွဲမှာ ဝန်ကြီးဦးဝင်းကိုနဲ.ခင်မင်ခွင့်ရပြီးသူကမန္တလေးဈေးချို G ရုံမှာအမြဲတန်းသွားလာရောင်းဝယ်ဖောက်ကားခဲ့သူဆိုတာသိခဲ့ရတယ်။ကျနော်က G ရုံထဲက ကျနော်နဲ.ရင်းနှီးတဲ့ဂရိတ်ဝေါအသင်းမှာ ဘတ်စကက်ဘောကစားတဲ့ကိုလှရွှေတို.နောက်တခါ မ-န-တ ကကျနော့်သူငယ်ချင်း ထွန်းဝင်းတို.အကြောင်းပြောပြတော့သူသိတဲ့သူတွေဖြစ်နေတယ်။သူကနောက်နေ.မှာသူ.ရုံးကိုတယောက်တည်းလာပါလို.ဖိတ်ခဲ့တယ်။ကျနော်သူနဲ.တွေ.တော့ သူက သူ.လာရင်းအကြောင်းက ABSDF(NB) အတွင်းသတ်ဖြတ်မှုတွေကိုစုံစမ်းဖို.လာတယ်ဆိုတဲ့အကြောင်းကိုပြောပြတယ်။သူခိုင်းလို. NCGUB က ကုလသမဂ္ဂမှာတင်တဲ့အင်္ဂလိပ်ဘာသာနဲ.ရေးထားတဲ့စာတမ်းတွေကိုမြန်မာဘာသာပြန်ပေးခဲ့ရတယ်။

ကျောင်းသားတပ်အတွင်းကိုလည်းဖြန်.ဝေခဲ့ရပါသေးတယ်။ဝန်ကြီးနဲ.ကျနော်နေ.စဉ်လိုတရက်ခြားလိုစကားပြောဖြစ်တော့အဲဒီစကားဝိုင်းမှာမိုးညှင်း NLD ကစည်းရုံးရေးမှုးဦးကျော်မြအမြဲလိုလိုဝင်နားထောင်လေ့ရှိတယ်။အဲဒီရုံးထဲကျန်တဲ့သူတွေထဲကအမတ်(ဆရာ)ဦးကျော်မောင်ရယ်၊နမ္မတီးကခပ်ပျော်ပျော်နေတက်တဲ့ဦးသာညွန်.ရယ်ပဲကျနော့်ကိုလိုလားကြောင်းပြပြီးခင်ခင်မင်မင်ရှိပါတယ်။တခြားသူတွေအဓိကအားဖြင့်ဦးတင်အောင်နဲ.အမတ်ဦးကြာမြတို.ကတော့မလိုလားကြောင်းထင်ထင်ရှားရှားပြသခဲ့ကြပါတယ်။ဒီဇင်ဘာလလောက်မှာဝန်ကြီးဦးဝင်းကိုက သူ NCGUB ရုံးချုပ်ကိုပြန်တော့မှာဖြစ်တဲ့အကြောင်းပြောပြီးကျနော်ကိုနှုတ်ဆက်ပါတယ်။ သူ.ရဲ.အပြန်ခရီးစဉ်ကို NLD LA ဒုဥက္ကဌ ဦးတင်အောင်ကစီစဉ်ပါတယ်။ဦးဝင်းကိုနဲ.သူ.အဖေါ်အဖြစ် NLD (NL) ပါဂျောင်ရုံးကဦးရန်နောင်မြင့်ကိုထည့်လွှတ်လိုက်ပါတယ်။ဝန်ကြီးကိုစောင့်ရှောက်ရန်အတွက်ကျောင်းသားတပ်က သံချောင်း၊တာတီး၊အိုက်လျှံ၊ကျော်မြင့်(ရာကေး)နဲ.အောင်ကြီးတို.လိုက်သွားကြတယ်။သူတို.အဖွဲ.တွေဟာရင်ကျန်းကတဆင့်ရွှေလီ၊ပြီးတော့မန်စီ၊နောက်ခွေးမှင်(ကူမင်း)ကိုသွားခဲ့ပါတယ်။ကူမင်းမြို. Tea Garden ဟိုတယ်မှာတည်းခိုနေတုန်း အထပ် ၁၁ အခန်းနံပါတ် ၆ မှာဝန်ကြီးလုပ်ကြံခံခဲ့ရတယ်။တရုပ်ရဲ ရဲ.အဆိုအရရုန်းရင်းဆန်ခတ်လက္ခဏာမရှိဘူး၊ခေါင်းအုံးပေါ်မှာတွင်အသက်ပျောက်နေတာ။ရင်ဘက်မှာထိုးသွင်းဒဏ်ရာတချက်နဲ.လည်ပင်းကိုဓါးနဲ.လှီးထားတယ်လို.ဆိုပါတယ်။အဲဒီကိစ္စကို KIA ကဗိုလ်ချုပ်ဇော်မိုင်က ရန်နောင်မြင့်ကိုခေါ်စစ်တော့ သူ မန်စီ ကနေလေယာဉ်ကွင်းအထိပဲလိုက်ပို.ပြီးပြန်လာခဲ့တာပါလို.ပြောပြီး ခွေးမှင်ကိုကြိုတင်ပြီးသွားခဲ့တဲ့ကျောင်းသားတပ်ကဝန်ကြီးလုံခြုံရေးတွေအကြောင်းကိုလုံးဝထည့်မပြောခဲ့ပါဘူး

ဦးကျော်မြ

ဝန်ကြီးဦးဝင်းကိုအသတ်ခံရတာကိုစုံစမ်းစစ်ဆေးပေးဖို.ကို ဦးကျော်မြကဆူဆူညံညံတောင်းဆိုခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုလုပ်ဖို.တရားဝင်တိုင်ကြားစာရေးမယ်လို.ခြီမ်းချောက်ခဲ့ပါတယ်။အဲဒီအချိန်မှာဦးတင်အောင်ကမာနယ်ပလောကိုရောက်သွားပါပြီ။ဦးတင်အောင်က မာနယ်ပလော ကနေပြီးဦးကျော်မြကိုအရေးယူလိုက်လို.လှမ်းပြီးပြောပါတယ်။အဲဒီညွှန်ကြားချက်အရ ကိုသာညွှန်.(နမ္မတီး)ကဦးကျော်မြကိုသတ်မိန်.ထုတ်ခဲ့ပါတယ်။ဦးကျော်မြကိုသတ်ဖို. ကျင်းအဆင်သင့်တူးထားပြီး ကိုအောင်သိန်းနဲ. ကိုစံငြီမ်းတို.ကတုတ်နဲ.ရိုက်သတ်ပါတယ်။ကျင်းထဲထည့်ပြီးမြေဖို.နေချိန်မှာသတိပြန်လည်လာလို. လည်ပင်းကိုဓါးနဲ.လှီးဖြတ်ခဲ့ပါတယ်။ဦးကျော်မြပျောက်နေပါတယ်ဆိုပြီး KIA စစ်ရုံးချုပ်ကိုအကြောင်းကြားတော့ KIA ကစစ်ဆေးချက်အရ ဒီအမှုပေါ်လာပါတယ်။အလောင်းကို NLD LA ရုံးထဲကထမင်းစားဆောင်ရဲ.မြေစိုက်စားပွဲအောက်မှာမြှပ်ထားတာတွေ.ရပါတယ်။ အဲဒီမှာနယ်ကပြန်လာတဲ့ ဆရာဦးကျော်မောင်အပါအဝင် ၅ ဦးပါတဲ့တရားသူကြီးအဖွဲ.ကနေလူသတ်မှုအတွက်စီရင်ချက်ချခဲ့ပါတယ်။

တရားခံ သာညွှန်. အလုပ်ကြမ်းနဲ.ထောင် ရ နှစ်

တရားခံ မင်းအောင် အလုပ်ကြမ်းနဲ.ထောင် ၄ နှစ်

။ ပြေးအောင်မြင့်သန်း ။ ။ ။ ၄ နှစ်

။ အောင်သိန်း ။ ။။ ။ ၁ နှစ်

။ စံငြမ်း ။ ။ ။ ၁ နှစ် ဖြစ်ပါတယ်။

KIO, KIA က ငြမ်းချမ်းရေးလုပ်ချိန်မှာ ဆရာဦးကျော်မောင်တို.အဖွဲ.မာနယ်ပလော ကိုသွားခဲ့ပါတယ်။အဲဒီအချိန်မှာ ဦးတင်အောင်ဟာ မာနယ်ပလောကနေ ပြန်လာပြီး တရားခံအားလုံးကိုပြန်လွတ်ပေးခဲ့ပါတယ်။ ဒီအချက်တွေကပါဝင်ခဲ့တဲ့ တရားသူကြီးတွေရဲ.လက်ထဲမှာသတ်သေခံဖိုင်တွဲတွေရှိပါတယ်။ NLD (LA) ကဒေါက်တာစိန်ဝင်းတို.အနေနဲ.စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူဖို.အချိန်တောင်လွန်နေပါပြီ။ဝန်ကြီးခရီးစဉ်မှာပါသွားတဲ့တာတီးဟာ မျိုးဝင်း နောက်ကျည်နဲ.အရှင်းခံရချိန်မှာ မျိုးဝင်း နဲ.အတူရှိနေခဲ့ပါတယ်။မျိုးဝင်း ကနောက်ဆုံးစကားအဖြစ် တာ…တီး ဆိုပြီးအသံအကျယ်ကြီးအော်ခဲ့ကြောင်းသတ်သေခံမဲ့သူတွေရှိပါတယ်။(အသေးစိတ်သိလိုတဲ့လူရင်းများရန်ကုန်က ကိုကျော်ဇွာဝင်းမောင်ကို ဆက်သွယ်မေးမြန်းကြပါ)။မျိုးဝင်းသေကြောင်း ABSDF (NB) ဗဟိုကို သတင်းရောက်လာတော့ အဲဒီညမှာ သံချောင်းက (တခြားအကြောင်းပြချက်နဲ.)စတိတ်ရှိုးပွဲလုပ်ပေးခဲ့ပါတယ်။ဒီနေရာမှာကျနော်မေးချင်တဲ့မေးခွန်းတခုကအမှုဖြစ်ပွါးတဲ့ေ ရာမှာသေဒဏ်စီရင်ချက်ကိုချမှတ်ခဲံတဲ့ဦးသာညွှန်.ကိုအလုပ်ကြမ်းနဲ.ထောင်ဒဏ် ရ နှစ်ချခံခဲ့ရပြီးဒီစီရင်ချက်ကိုအဝေးကနေချခဲ့တဲ့ အမှုရဲ.ရေသောက်မြစ်လို.ပြောလို.ရတဲ့ ဦးတင်အောင်ကတော့အခုချိန်ထိဘာပြစ်ဒဏ်မှစီရင်မခံရသေးပဲလွတ်နေပါတယ်။ဒါ NCGUB ကဒေါက်တာစိန်ဝင်းကိုမေးချင်တဲ့အဓိကမေးခွန်းပါ။

ကျနော်ဟာအခင်းဖြစ်ပွါးတဲ့အချိန်မှာကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ရတဲ့အတွက်လိုက်လံစုံစမ်းပြီးမှဒီပိုစ်.ကို တင်တဲ့အတွက်အရင်တင်ထားတဲ့ပိုစ့်နဲ.နာမည်နဲ.အချက်အလက်အချို.ကွဲပြားမှုရှိနေပါတယ်။ဒါကြောင့်အရင်ပိုစ့်ကိုပြင်ဆင်ဖတ်ရှုပေးပါရန် တောင်းပန်ပါတယ်။ယခုပိုစ့်ဟာဒီအမှုကိုတရားစီရင်ခဲ့တဲ့တရားသူကြီးများထဲမှတဦးကဒီအတိုင်းဖြစ်ခဲ့ပါတယ်။လိုအပ်တဲ့အချိန်မှာဘယ်တရားရုံးမှာမဆိုသက်သေထွက်ဆိုပေးပါမယ်ဆိုတဲ့အခိုင်အမာပြောဆိုချက်ဖြစ်ပါတယ်။

ညီညီ(မြောက်ပိုင်းရဲဘော်ဟောင်း) ၁၇-၆-၂၀၁၂

လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော NCGUB မှ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးဝင်းကို (၁၀-၄-၁၉၈၁)ကပုံ
· ·

No comments:

Post a Comment