Sunday, August 19, 2012

Udp Myanmarရဲ့ မြောက်ပိုင်းကေ့စ်အတွက် မှတ်ချက်

  • ကိုယ်ခံရတဲ့အခါ လူတွေဟာ အမှန်တရားတို. တရားမျှတမှုတို. သိပ်ပြီး ပြောချင်တယ်။ ကိုယ်ခံရတဲ့အကြောင်းတွေကို စွေးတမြေ.မြေနဲ. အရသာခံပြီး ဇာတ်ကြောင်းပြန်ပြီး ခဏခဏ အထပ်ထပ် အခါခါ ပြောလေ့ရှိကြပါသည်။ ။ ဒါပေမယ့် သူများတွေ ခံရတဲ့အခါ သူများတွေ ခံရတဲ့အကြောင်းပြောတဲ့အခါ--- အဲဒီလူတွေဟာ သိပ် စိတ် မ၀င်စား မခံစားတော့တဲ့အပြင် တချို.ဆိုရင် သေးသိမ်အောင်တောင် ကိုယ်နှုတ်တွေနဲ. စော်ကားပြောဆိုတာတွေ လုပ်တတ်ပါသည်။ ။ ပိုဆိုးတာကတော့ ခံရတဲ့အချိန်က အော်ခဲ့သော်လဲ ကိုယ်တိုင်က လုပ်ပိုင်ခွင့် တခုခုရရှိသွားတဲ့အခါ စင်ပေါ်က လူတဦးလို ပြောခွင့် ဆိုခွင့်ရရှိတဲ့အချိန်မှာတော့ ခံခဲ့ရသူတွေက သူတို.ခံစားချက်တွေကို ပြန်ပြောရင်တောင် အားပေး ထောက်ခံခြင်း မရှိတဲ့အပြင် အပစ်မြင် ဆန်.ကျင်ကွန်.ကွက်တဲ့ လေသံတွေနဲ. ပြောလာတတ်တွေကို မြင်နေရတော့---- အော် ဒါလားဟဲ့ အမှန်တရားတို. တရားမျှတမှုတို.ကို ချစ်မြတ်နိုးသူတွေတဲ့လား--- ခါးတောင်းကြိုက်ပြီး ပြန် မေးရမလို ဖြစ်နေပါသည်။ ။ လေသံတွေလဲ ပြောင်း သဘောထား အမြင်တွေလဲ ပြောင်း လုပ်ပုံ ကိုင်ပုံတွေလဲ ပြောင်း--- ပြောင်းပြောင်းပြောင်းနဲ. လမ်းကြောင်းဟောင်းက လူတွေ၏ စရိုက်တွေနဲ. ပြန်ဆင်လာတာ တူလာတာမျိုးတွေ တွေ.ရတတ်ပါသည်။ ။
    4 · ·

No comments:

Post a Comment