Thursday, August 30, 2012

Eleven ပေးတဲ့ သတင်း ၂

ယနေ့ နံနက် ၁၀နာရီခွဲခန့်မှ စတင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပနေသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မြန်မာပြည်မြောက်ပိုင်း-ပါဂျောင်) ဒေသတွင် ၁၉၉၁-၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ကြေညာချက်တွင် "၁၉၉၂ အောက်တိုဘာလအတွင်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပါဂျောင်ဒေသရှိ ABSDF(NB) စခန်းအကျဉ်းထောင်၌ ထောက်လှမ်းရေးဟု မတရားစွပ်စွဲခံရကာ ညှဉ်းပန်းနှိပ်စက်ခံရပြီး ကျဆုံးသွားသော ဦးစိန်၏ သမီးဖြစ်သူ မစန်းစန်းအေးက ၄င်း၏ ဖခင်သေဆုံးမှုကို မြောက်ဥက္ကလာပ ရဲစခန်း၌ သြဂုတ်လ (၁၉)ရက်နေ့တွင် ပ/၈၆၉/၁၂/၃၀၂ဖြင့် အမှုဖွင့်တိုင်ကြားခြင်းကို မြန်မာပြည် မြောက်ပိုင်း ရဲဘော်ဟောင်းများ အနေဖြင့် တာဝန်ရှိစိတ်ဖြင့် ထောက်ခံကြောင်း၊ ၁၉၉၂ ခုနှစ် မြန်မာပြည်မြောက်ပိုင်း၌ မတရားညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် ကျဆုံးခဲ့သူများ၏ မိသားစုဝင်များမှ တရားဥပဒေရေးရာ လမ်းကြောင်းများဖြင့် ဖြေရှင်းမှုများ ဆောင်ရွက်လုပ်ကိုင်ခဲ့သော် မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများ အနေဖြင့် မိသားစုများနှင့်အတူ လက်တွဲကူညီရန် အဆင်သင့်ရှိနေမည် ဖြစ်ကြောင်း၊ မြန်မာပြည်မြောက်ပိုင်း အမှုနှင့် စပ်လျဉ်း၍ အတိတ်ကာလ၌ ကြုံတွေ့ခဲ့ရသည့် ခါးသီးသော အတွေ့အကြုံများ ဆုံးရှုံးနစ်နာမှုများအပေါ် အခြေပြုပြီး အမုန်းတရား အငြှိုးအာဃာတတရားများ မွေးဖွားနေခြင်းထက် ယနေ့ အချိန်အခါတွင် နောင်မျိုးဆက်သို့ သမိုင်းသင်ခန်းစာ မျှဝေရန်နှင့် တရားရေးမဏ္ဍိုင် ခိုင်မာ တောင့်တင်းစေရန်အတွက် မြန်မာပြည်မြောက်ပိုင်း အမှုနှင့် ဆက်နွှယ်တာဝန်ရှိသော သက်ဆိုင်သူများ အနေဖြင့် မိမိတို့ မြောက်ပိုင်း ကျောင်းသား ရဲဘော်ဟောင်းများနှင့်အတူ လက်တွဲဆောင်ရွက်ရန် လေးစားစွာတိုက်တွန်းကြောင်း" ဖေါ်ပြပါရှိခဲ့ပါသည်။
· · · about a minute ago ·

No comments:

Post a Comment