Sunday, August 12, 2012

လင်္ကာဆိုဒ်မှ အမှတ်တရ ဓါတ်ပုံများ - ၁


Kyi Kyi Khin ၈လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် လိုင်ဇာတွင် ကျင်းပ။ အေဘီမြောက်ပိုင်းနှင့် ကေအိုင်အို ခေါင်းဆောင်များ တက်ရောက်ကြည့်ရှုနေစဉ်။( ကိုမင်းဌေးအစား စာတမ်းတင်ပေးလိုက်ပါတယ်)

၈၈၈၈ အခမ်းနားသို့ တက်ရောက်လာကြသော ပြည်သူများ

လိုင်ဇာ ၈၈၈၈ အခမ်းအနား

Kayin Lay ဆေးဆရာ ကိုနိုင်ဝင်းပါလား
ရဲဘော် ကျော်ကျော်(ကချင်)

ကဗျာ ဆရာ ဟိန်းနိုင်(မန္တလေး)
Kayin Lay ကျနော်တို့ ကိုဆိုင်းနဲ့ တွဲရပ်နေသူက ကေအိုင်အေဒုဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ဖြစ်ပါတယ်... ကျနော်တို့  ကေအိုင်အေကပေးတဲ့ အပတ်စဉ်(၅) ကွန်မင်ဒိုသင်တန်းတက်တော့ သူက မနက်ပိုင်းကာရာတေးနည်းပြလုပ်ပါတယ်...အဲဒီတုံးက သူက တပ်ကြပ်အဆင့်ပါ..အလွန်အေးပြီး သဘောကောင်းသူဖြစ်ပါတယ်...
Kayin Lay ကေအိုင်အေ ဒုဦးစီးချုပ်က ကာရာတေးခါးပတ်နက်သလိုပဲ ဒီပုံထဲကို ကျနော်တို့ ကိုကျော်ကျော်ကလည်း ကာရာတေးခါးပတ်နက်ပါပဲ..နစ်ယောက်စလုံး မြစ်ကြီးနားကပါ.

Untitled Post

posted Jun 6, 2012 7:23 PM by sh it


KIO မှာရှိတဲ့တပ်တွေ ဦးစီးချုပ်ဖလား လုပွဲမှာကျောင်းသားတွေလဲဝင်
ပါပြီ

KIO ရဲ့ဦးစီးချုပ်ဒိုင်းကို မောင်ကျောင်းသားကယူလိုက်ပြန်ပြီ
Kayin Lay ဒီဖိုင်နယ်ပွဲမှာတို့ ကျောင်းသားတပ်မတော်အသင်းက မိုင်၈ျာယံ ပညာရေးအသင်းကို ၅ ဂိုး၁ဂိုးနဲ့ နိုင်ခဲ့ပါတယ်. ၅ ဂိုးမြောက်ဂိုးကို ကျနော်သွင်းယူခဲ့တာပါ...ကျနော်ဂိုးသွင်းပြီးတော့ အသင်းခေါင်းဆောင် ကိုဖုန်း golden foot ဆိုပြီးလာရောက် နုတ်ဆက်တာကိုမမေ့ဘူး..
  • Sai Leik ကိုမောင်ညွန့် က ဒိုင်းကြီးကိုင်လို့ .... ကျနော်တို့ တွေ ပြောင်းရတော့ အဲဒိုင်းကြီး ဘယ်မှာ ထားရမှန်း မသိဘူး ဖြစ်နေတာ...ဟဲ
  • SuuAung ET အခု အဲဒီ ဒိုင်းကြီးကို လေလံတင်ဖို့ စဉ်းစားနေကြတယ်။
  • Saw Soe Soe ကေအိုင်အေမောင်းထုတ်လို့  မပြောင်း၇သေးခင် ကျနော်အဲဒီဒိုင်းရဲ့  ကြယ်တပွင့်ပေါ်မှာ ABSDF(NB) လို့  သံချွန်လေးနဲ့ ရေးခဲ့သေးတယ်.. နေရာကတော့ သချိုင်းကုန်းအောက်က ကိုအောင်မောင်းနေခဲ့သေးတဲ့ မိသားစုတန်းလျားကအိမ်မှာပါ...
  • Saw Soe Soe အဲဒီဒိုင်းကို ကေအိုင်အိုက ပြန်တောင်းလို့ ပေးလိုက်တယ်လို့ ပဲ နောက်ဆုံးသိထားမိတယ်..သူတို့ ရဲ့ ဦးစီးချုပ်ဒိုငးလေ
  • Kayin Lay ဒိုင်းကိုင်ထားတဲ့ မောင်ညွန့် ဘေးနားက ကျနော်ပဲဖြစ်ပါတယ်
SuuAung ET Dr သံခဲနှင့် သူ့ တပည့်များ။

Kayin Lay ဒီပုံဟာ မိုးမောက်ခရိုင် ကေအိုင်အေတပ်မဟာ(၃) ဌာနချုပ်ပေါ်မှာရှိတဲ့  ကျောင်းသားတပ်မတော် (ဗန်းမော်ခရိုင်)ရဲ့ တပ်ခွဲသုံးတည်ရှိရာပါပဲ..ဒီပုံဟာ အဲဒီနေရာရဲ့ နောက်ဆုံးကာလပါပဲ...အဲဒီနစ်သင်္ကြန်မှာ စစ်အစိုးရတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်...တို့ တပ်ကရဲဘော်ကျော်မိုးနိုင် (မြို့ သစ်) ကျဆုံးခဲ့တယ်

Kayin Lay ဒါကတော့ မူလအစ ကနဥိးရဲမေ အဘောက်ပါ...မိုးကောင်းမှာပဲထင်ပါတယ်..ပိန်သွားတယ်ဆိုပဲ
Kayin Lay ထက်ထက်ရဲ့ ဒီပုံနဲ့  ဘိုဘိုရဲ့ fb ထဲကပုံတွေက အတော်ကိုခြားသွားပြီနော်..ဟိုပုံမှာ လုံးလုံးလျားလျား မိန်းမကြိးတယောက်ဖြစ်နေပြီ

Kayin Lay အဘောက်နဲ့ သင်းသင်းရီ

Kayin Lay ဒီပုံက နောင်ရာပါသင်တန်းကွင်း (ရေမကြီးမှီ)တုံးက လာရောက်ဖျော်ဖြေတုံးကပါ..စိတ်ဓာတ်မြင့်တင်ရေး အဖွဲ့ ရဲ့ ကနီးခြေလှမ်းများဖြစ်ပါတယ်Kayin Lay သင်းသင်း..အမ်း...မလေး..မငယ်(နအထက)

Untitled Post

posted Jun 6, 2012 6:35 PM by sh it [ updated Jun 6, 2012 6:41 PM ]

အလံတိုင်ကုန်းအောက်က ဆေးခန်းလေး.

Kayin Lay ရှေ့ ကခေါင်းငိုက်စိုက်ချနေတာ လူရွင်တော် ကိုဝင့်ဝါပါ....တော်လှန်ရေးကို တတတ်တအားပါဝင်ခဲ့သူများပါ..သူတို့ ကိုဂုဏ်ပြုတဲ့အနေနဲ့ အညတရစွန့် လွတ်သူများဆောင်းပါးကို ခေတ်ပြိုင်မှာရေးခဲ့သေးတယ်... ပွဲအပြီး ရွာအပြန်လိုင်ဇာကျော်တာနဲ့ အဖမ်းခံရတဲ့အဖွဲ့ ပါ။
Kayin Lay နောင်ရာပါဌာနချုပ်မှာဖြစ်ပါတယ်... ကေအိုင်အေ အပစ်အခတ်ရပ်စဲရေးယူပြီးသွားပါပြီ

Kayin Lay အဲဒီတုံးက ၀ါဒဖြန့် ချီရေးတပ်ဖွဲ..နောက်ပိုင်း စိတ်ဓာတ်မြင့်တင်ရေးနဲ့ လူထုဆက်ဆံးရေးဖြစ်လာတာ...လှထွန်းကိုသေသေချာချာကြည့်ပါ..သတိကိုကျစ်ကျစ်ပါအောင်ဆုတ်ထားတာတခြားမဟုတ်ဘူး..သူ့ လက်ညိုးတိုလေးကို ပရိသတ်မြင်မှာစိုးလို့ 

Kayin Lay မအူပင်ရွာ အငြိမ့်က ကျောင်းသားတပ်မတော်ရဲ့  မိုးမောက်ခရိုင် ပြည်သူ့ စစ်ရဲမေများ

Kayin Lay ဒုံးယိမ်းညနဲ့ ဒီကချင်သီချင်းလေးဟာ မြောက်ပိုင်းရဲ့ ဖျော်ဖြေပွဲတိုင်း မပါရင်မပြီးသလောက်ပါ

Kayin Lay အားယမ်တီးကတော့ တောက်ပြောင်စွာနဲ့ သီဆိုပါတယ်...ကချင်ဝတ်စုံကြီးတောက်နေတာ

Kayin Lay ကိုအောင်မြင့် (ရွှေသွေး) ရဲ့ စစ်ဘင်ခရာတီးဝိုင်းသင်တန်းဆင်းပွဲ...ညာဘက်ဆုံး စိုးနိုင်ဦး (၀က်ကြီး) ဘယ်ဘက်ဆုံးက အေကေ (အောင်ကို)

Kayin Lay စစ်သင်တန်းဆင့်းပွဲပါ.. အဲဒီတုံးက ရွှေကူက နေအောင်ရှိသေးတယ်..အခုဘယ်မှာလဲမသိဘူး..သိတဲ့သူများရှိပါသလား

စစ်တီးဝိုင်းသန်တန်းဆင်းပွဲ
အမှတ်တရ



Min Htay ရှေးတန်းရဲမေများ- ခင်လေးငယ်၊ ၀င်းခိုင် ၊မိုးသီးတာ၊ ခေါင်းငုံ့နေတာ သီတာခိုင်



exchange department ကရဲမေလေးတွေပါ...လိုင်စင်ဌာနချုပ်တုံးပုံလေးပါ...မိုးညှင်းမြို့ နယ်ထဲက ရဲမေလေးတွေ.

အီးတီ ၊ ထက်ထက် ၊ မငွေ၊ မအေး၊ မနွယ် ၊ မစိန်၊ အေးမိစံ၊ အစွန် ဆုံး ကနန်းစောဟိုဘက် လှည့် နေ တာနန်းစော။အီး တီ နောက် က ဒေါ် လှိုင်

Kayin Lay လမ (၂) ။ နိုင်ငံရေးနဲ့ စစ်ရေးလေ့ကျင့်မွမ်းမံသင်တန်း အမှတ်စဉ် (၂) အပြီး bum Rum ကို Field Camp မထွက်ခင် roll call မှာပါ။ ကိုမျိုးဝင်းမကျသေးပါဘူး..သူလည်းပါတယ်.

Kayin Lay ကျနော်တို့ ရဲ့ အချစ်တော်ကြီး စခန်းမှူး ဒူဝါရဲစိုး စစ်ကြောင်းမထွက်ခင် စစ်ကြောင်းစည်းကမ်းရှင်းပြနေတာပါ

Saw Soe Soe ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း) မှ တပ်ဖွဲဝင်များ ရှေ့ တန်းစစ်ဆင်ရေးအထွက် လိုင်စင်တောင်တန်းကို ကျော်တက်နေတဲ့ ပုံပါ

Kayin Lay ဒါက bum rum ပေါ်မှာဖြစ်ပါတယ်..ကေအိုင်အေက ဒူဂျွန် လဂေါတန် စစ်ရေးလက်ချာပေးနေတာဖြစ်ပါတယ်

Saw Soe Soe ကိုလတ်အဲဒါမင်းမရှိဘူး....ဒီပုံက ဗဟိုလေ့ကျင့်မွမ်းမံ(၂)အပြီး field ထွက်တုံးကပုံ။

Kayin Lay ဒီပုံကို ကိုမောင်မောင်သန်းမြင်သလားမသိဘူး... ပစ္စတိုကိုင်ရိုက်တဲ့တယောက်လည်းသူပါပဲ..ချစ်လဘက်ရည်ဆိုင်က ရှမ်းမလေးပါ...

ရဲဘော် အေင်ခိုင်စိုးနဲ့ ဆေးမှူး ရဲမေ သီတာခိုင်(ယခုအိန္ဃိယ)

ရှေ့တန်းတနေရာ


ကျောင်းသားတပ်မတော် (မပ) ကွန်မန်ဒို တပ်ခွဲ မှ ကိုယ်ခံပညာ တုတ်သိုင်းလေ့ကျင့်စဉ်


၁၉၉၈ ခုနှစ်က ကျနော်တက်ခဲ့ရတဲ့ လက်နက်ကြီး သင်တန်း လက်တွေ့လေ့ကျင့်စဉ်

Kayin Lay ၇၅နဲ့ ၅၇ မီလီမီတာ နောက်ပွင့်ရိုင်ဖယ်နဲ့ ၈၁နဲ့ ၆၀ မီလီမီတာ စိန်ပြောင်း ပစ်ခတ်နည်းသင်တန်းဆင်းပွဲဖြစ်ပါတယ်..အဲဒီသင်တန်းကို ကျနော်တို့ (မပ) က ကိုမင်းဌေးအပါအ၀င်..ကိုထိန်..ဒူးဒူတိုရယ် နောက်ပြီး မြစ်ကြိးနားက တယောက်လည်းတက်ခဲ့ကြပါတယ်..လက်နက်ကြီးသင်တန်းဆိုပြီး ကျောင်းသားတပ်မတော်က အရပ်ရှည်ရှည် ဗလကြီးသူများကို စေလွတ်ခဲ့တာ

ကျောင်းသားတပ်မတော် ကွန်မန်ဒို တပ်ခွဲ လေ့ကျင့်ရေး

Kayin Lay တတိယမြောက်က ရဲဘော်လက်သီးပါ..ကွန်မန်ဒိုတပ်စုစဖွဲ့ တော့ လက်သီးက ကျနော့်တပ်စိတ်ကဖြစ်ပါတယ်.. အဲဒီတုံးက ဗိုလ်မှူးပန်းအောင်ရဲ့ format အရ တစိတ်မှာ သုံးယောက်ပါ..ကျနော် ကိုခင်မောင်လွင်နဲ့ ကိုလက်သီးတို့ ဖြစ်ပါတယ်... ကိုခင်မောင်လွင်ကတော့ ခြေထောက်ပြတ်တယ်..ဆုံးသွားတယ်ဆိုသလို ကြားမိပါတယ်
Kyawnaing Oo ခင် မောင် လွင် ခြေ ထောက် မပြတ် ပါ မြစ် ကြီး နား မှာ တွေ့ ခဲ့ပါ တယ်



ရဲဘော် ၀င်းမြင့် ရဲ့ အန္တိမ ဈာပန


ရဲဘော် အောင်ရဲစိုး ရဲ့ အန္တိမ ဈာပန

Kayin Lay ဒါကတော့ ကိုရဲစိုးအလှည့်ပါ.. ထိပ်ဆုံးကအခေါင်းမသူဟာ ကျနော်တို့ ရဲ့ ကိုကြီးဖုံးပါ

ရဲဘော် အောင်ရဲစိုး ဈာပန မှာ သေနတ်ဖောက် ဂုဏ်ပြုခြင်း



၁၉၉၂ ဆားမှော် တိုက်ပွဲတွင် ရဲဘော် ၀င်းရွှေ နဲ့ရဲဘော်မျိုးဝင်းကျဆုံးတဲ့တိုက်ပွဲပါ အဲဒီတိုက်ပွဲမှာ ကျနော်နဲ့ ရဲဘော် ဗညားက ဒဏ်ရရပါတယ်။
Kayin Lay ကိုမင်းဌေးခေါင်းမှာထိတာပါ..အဲဒီအချိန်မှာကျနော်တို့ စစ်ကြောင်းက ၀ိုင်းမော်ခရိုင်ထဲမှာလှုပ်ရှားနေပါပြီ... ခင်ရွေလိုင်ရေးတဲ့  ဆောင်းပါးတနေရာမှာ ဒီစစ်ဆင်ရေးအကြောင်းပါပါတယ်...ကိုမျိုးဝင်း ဧရာဝတီအနောက်ပိုင်း စစ်ကြောင်း..ကိုသံချောင်း ဧရာဝတီအရှေ့ ပိုင်းစစ်ကြောင်း။ ကိုအောင်ဆွေဥိး ဗျူဟာသုံးနယ်မြေစစ်ကြောင်း တွေထွက်ခဲ့ပါတယ်..ဧရာဝတီရှေ့ နောက် စစ်ကြောင်းနစ်ခုကတော့ မင်းတို့ ငါတို့ .သေနတ်ဘယ်နလက်ရပြီကွဆိုပြီး ပြိုင်တိုက်ခဲ့စဉ်ကပါ...

Min Htay ပန်းခွေကိုင်ထားတာ Rambo 4 ထဲက ဓါးပြ ဗိုလ် စိုင်းသိန်းမောင်ပေါ့ မှတ်မိကြပါလား

ဒီမိုကရေစီတော်လှန်ရေးအတွက်
အသက်ပေးသွားတဲ့ ရဲဘော်များ


အားတီစိုးက ပြုံးပြုံးကြီားကည့်နေတာနော


တရုတ်နယ်စပ်က တချိန်တုန်းက လိုင်ဇာဈေး(ယခုမီးလောင်သောဈေး)
Saw Soe Soe ဒီထဲက သုံးယောက်ဖြစ်တဲ့ ..မမူ..သန်းဌေးတို့ ကို အမှတ်ရတယ်..ရှေတန်း ambush သွားတုံးကမျ စ်တွေကိုနံမည်မျိုးစုံပြောင်းပြီး မရိုးအောင်ချက်ကြွေးခဲ့ကြတယ်၊ သိချင်လား။။မျှစ်ရေစိမ်..မျှစ်ပိန်ပိန်..မျှစ်ငါးချင်..မျှစ်စိမ့်..မျှစ်သိုး..မျှစ်သုပ်...စိတ်ရှုတ်အောင်စားခဲ့ဘူးတယ်..သတိရတယ်ဗျာ...

SuuAung ET နန်းစောနဲ့  မှိုင်းဝေကြားမှာ ငါ့အရပ်က တော်တော်ထွားပါလား။




မုန်းဆိုင်ယန်သင်တန်းကွင်း





တရုတ်နယ် စပ်မြောက်ပိုင်း ကျောင်းသားဌာနချုပ်



SuuAung ET ချစ်နု။ ခင်ဦး (ခ) ချာတိတ်။ တိန့် ဆွေ(ခ) အားယမ်တီး။ မေမြင့် ။ ဒါ ဗန်းမော်တပ်ရင်းမှာ။ ချာတိတ် ဆုံးတာ (၅) နှစ်လောက်ရှိရော့မယ်။

၁၉၉၂ ခု တရုတ်နယ်စပ် ပါဂျောင်ဘွန်မှာ နှင်းမှုံကြားမှရဲမေများ

၁၉၉၄ ခုနှစ် စိတ်ဓါတ်မြှင့်တင်ရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနမှ ရဲမေများ


၁၉၉၃ မှာ ကံကောင်းအောင်ဆိုပြီး ငါးကန်တူးနေတဲ့ ရဲမေများ



၁၉၉၅ နိုဝင်ဘာ BWU စတင်ဖွဲ့ကြသောအခါ

Kayin Lay ကလေးချီထားတာ ခေါထန်ပါ..ဗန်းမော်ကရဲဘော်နဲ့ အိမ်ထောင်ကျတယ်..ကိုယ်ဝန်နဲ့ တင်စန်းဥိးကတော့ အောင်မျိုးလွင်နဲ့ အိမ်ထောင်ကျပြီး မကြာခင်ပေါက်တော့မဲ့ဆဲဆဲပါ..အဲဒီကလေးက လိုင်စဉ်မှာဆုံးသွားတယ်..နင်နေခဲ့တဲ့ တဲအနောက်က သချိုင်းမှာပဲသဂြိုလ်ခဲ့တာ...သူအမျိုးသားက ဒ၀ိ(အောင်မျိုးလွင်) မော်ဟန်ပါ

နောက်တန်း- လွန်းညွယ်၊ မငွေ၊ မနှောင်း၊ သန်းဌေး
ရှေ့တန်း × ဂျူးဂျူး၊ နန်ဘေး၊ မအေး ၊နိုးနိုးထက်စံ၊ တင်စန်းဦး

No comments:

Post a Comment