Sunday, August 19, 2012

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ပေါ်ပေါက်လာပုံနှင့် ကျမ၏ အစောပိုင်းကာလ ဒိုင်ယာယီ (အပိုင်း ၃) ရိုဘီနာ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးပေါ်ပေါက်လာပုံ ဒိုင်ယာရီ
နိုဝင်ဘာလ ၁ ရက် ၂၀၁၂ သည်ကျောင်းသားတပ်မတော် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) စတင်တည်ထောင်သည့် ၂၄ နှစ်ပြည့်ငွေရတုအကြိုအတွက် ရသမျှ အချက်အလက်ကလေးကို တင်ပေးလိုက်ပါတယ်...

by Yeyint Kyaw on Friday, February 17, 2012 at 8:23am ·

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အစောပိုင်းကာလနှင့်ပက်သက်သော ကျမ၏၊ ကိုယ်တွေ့ မှတ်တမ်း ဒိုင်ယာယီ အပိုင်း ( ၁ ) နှင့် အပိုင်း( ၂ ) ကိုရေးသားခဲ့ပြီးနောက်၊ ယခု အပိုင် (၃ ) ကို ဆက်လက်တင်ပြခြင်း ဖြစ်ပါသည် ။ အပိုင်း (၃ )ပြီးပါက ရပ်နားလိုက်မည်ဖြစ်ပါသည်။

အစောပိုင်းကျောင်းသားများထွက်လာခါစက ၊ ရှုပ်ရှက်ခက်နေသောအခြေအနေများနှင့်၊ (မကဒတ) ဗဟိုကော်မတီ ဖွဲ့ စည်းပြီးစ အခြေအနေများတွင် စံနစ်တကျ မလုပ်ဆောင်နိုင် ကြသေးသော်လည်း၊ နောက်ပိုင်းတွင် တဖြည်းဖြည်း ဗဟိုကော်မတီနှင့် စခန်းများအားလုံး ညှိနှိုင်း လုပ်ဆောင်မှုကြောင့်၊ ကျစ်လစ်ခိုင်မာသောအဖွဲ့ အစည်းတခု အသွင်ပြောင်းလဲ လုပ်ဆောင်နိုင်ပြီ ဖြစ်သောကြောင့်၊ နောက်ပိုင်းသမိုင်းမှတ်တမ်းများမှာလည်း ၊ (မကဒတ) ဗဟိုကောင်မတီမှ စုဆောင်းတင်ပြထားသော ၊ မှတ်တမ်းများနှင့် ဆက်စပ်တူညီနေမည်သာ ဖြစ်သည်။

ယခုရေးသားထားသော မှတ်တမ်းများမှာ .. စီစီမာ . ရိုဘီနာ နှင့် ကဗျာဆရာအောင်သာငယ် တို့ ၏ ကိုယ်တွေ့ မှတ်တမ်းများကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။

၁၉၈၈ ခု ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင် ပထမဦးဆုံးအကြိမ် မြန်မာကျောင်းသား အယောက် ၈၀ ကို၊ ထိုင်းအာဏာပိုင်များက (repatriation center ) မှတဆင့် မြန်မာပြည်သို့ ပြန်ပို့ ခဲ့ပြီးနောက် ၊

၁၉၈၉ ခု ဇန္န၀ါရီလ ၇ ရက်နေ့ တွင် နောက်ထပ်ကျောင်းသား ၂၆ ယောက်အား ပြန်ပို့ ရန် ပြင်ဆင်နေသဖြင့် ၄င်းကျောင်းသား ၂၆ ယောက်က မြန်မာပြည် ပြန်မပို့ ရန်အတွက်၊ (repatriation center ) မှာပင် ငုတ်တုပ် ထိုင်ကာ အစာငတ်ခံဆန္ဒ ပြကြသည်။ သို့ သော်ထိုင်းအစိုးရက အတင်းအားဓမ္မ ရန်ကုန်သို့ ပြန်ပို့ လိုက်ကြသည်။

၁၉၈၉ ခု ဇန္န၀ါရီလ ၁၀ ရက် နေ့ တွင် Amnesty International က ကျောင်းသားများကို မြန်မာပြည်သို့ ပြန်မပို့ ရန် ပြောဆိုတင်ပြခဲ့သော်လည်း ၊ ထိုင်းအစိုးရက လက်မခံသည့်အပြင် မြန်မာကျောင်းသားအားလုံး ၁၉၈၉ ခု ဖေဖေါ်ဝါရီလ ၂၈ ရက် နေ့  နောက်ဆုံး ပြန်ရမည်ဖြစ်ကြောင်း ၊ မပြန်ပါက ထိုင်နိုင်ငံသို့ တရားမ၀င် ၀င်ရောက်မှုဖြင့် စွဲချက်တင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

သေဘောဘိုးစခန်းသို့  အမေရိကန်လွတ်တော်အမတ် လာရန်အတွက် ရှေ့ ပြေးစီစဉ်သူ G Shate သည် သေဘောဘိုးစခန်း ဥက္ကဌ အက်စအောင်လွင်နှင့် ၁၉၇၉ ခုနှစ်ကစ မြို့ ပြကျေးရွာဖွံ့ ဖြိုးရေး အတူတွဲလုပ်ခဲ့သူ အမေရိကန်လူမျိုး Max E နှင့် အဆက်အသွယ်ပြန်ရရန် စီစဉ်ပေးခဲ့သဖြင့် Max E က ဆေးများ၊ First Aid Kid များပေးအပ်ကူညီ၍ စခန်းသို့ မကြာခဏရောက်လာသည်။ ထိုင်းကျောင်းသားခေါင်းဆောင်ဟောင်း (Sam Kalayanee) အားခေါ်လာပြီး ထိုင်းကျောင်းသားနှင့် မြန်မာကျောင်းသားများ အတူတွဲလုပ်ဆောင်နိုင်ကြောင်း အကြံပေးခဲ့သည်။

Max E က မြန်မာကျောင်းသားများ နယ်စပ်ဒေသများသို့ ရောက်နေကြောင်း ကမ္ဘာ သိစေရန်အတွက်၊ Canal စာစောင်မှ၊ A Call to Action ဆောင်းပါးကို ရေးသားထုတ်ဝေလိုက်သဖြင့် ဘန်ကောက်ရှိ အဖွဲ့ အစည်းအသီးသီးက ဆက်သွယ်လာကြသည်။ ပထမဦးဆုံး (JRS) မှ ထရီးစ် ဆိုသူ အမေရိကန်အမျိုးသမီး တဦးရောက်လာပြီး ၊ ပထမပိုင်းတွင် စခန်းအလိုက် အကူညီများ ပေးခဲ့ပြီး ၊ နောက်ပိုင်းတွင် မြန်မာပြည်ထောက်ပံ့ရေးကော်မတီ အဖွဲ့ ဖွဲ့ ကာ၊ ဗဟိုကော်မတီ ၊ ဒေသကော်မတီ ၊

စခန်းကော်မတီအသီးသီး ကို လစဉ်ပုံမှန် စံနစ်တကျ ပံ့ပိုးကူညီခဲ့ကြသည်။

ဤ ကဲ့သို့ ဖြစ်မြောက်လာရေးအတွက် ၊ စွမ်းဆောင်ခဲ့သူများအနက် Max E, ထရီးစ် , ပီပါတို့ သည်၊ အဓိကကြိုးပမ်း ကုညီပေးခဲ့ကြ သူများဖြစ်သည်။

ထို့ အပြင် Max E က တောတွင်းရောက် ကျောင်းသားများအကြောင်း ကို ကဗျာ၊ ဆောင်းပါး များနှင့်မှတ်တမ်းတင်ကာ Voices from the Jungle အမည်ဖြင့် ဂျပန်အဖွဲ့ ၏ အကူညီကိုယူကာ ထုတ်ဝေခဲ့သည်။

ကျောင်းသားများ တောတွင်းဘ၀ကို၊ A Cry from Shwedagon အမည်ဖြင့် ၊ နောက်ခံအသံနှင့် ရုပ်သေဇာတ် လမ်းထုတ်ဝေခဲ့သည်။ ( မကဒတ ) Dawn အင်္ဂလိပ် စာစောင် နှင့် ဒေါင်းအိုးဝေမြန်မာ စာစောင်ကို Max ရုံးခန်းမှာပင် ပထမဦးဆုံး စတင်ထုတ်ဝေနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ Max အိမ်သည်၊ မြန်မာကျောင်းသားများအတွက် စည်းရုံးရေးသင်တန်း၊ ကွန်ပျူတာသင်တန်း ၊ ပြန်ကြားရေးသင်တန်း နှင့် ဓါတ်ပုံသင်တန်း ပေးသော နေရာတခုပါဖြစ်လာခဲ့သည်။

၁၉၈၉ ခု ဧဗြီလ ၃ ရက် နေ့ တွင် သေဘောဘိုး စခန်းမှ ပထမဦးဆုံး Community Organizing Training (CO) သင်တန်းကို ။ ကိုအောင်သန်း၊ ရိုဘီနာ နှင့် စီစီမာ တို့ က ဘန်ကောက်တွင်တက်ရောက်ခဲ့ကြသည်။

( မကဒတ ) စစ်ရေးဘက်၌လည်း နယ်စပ်တလျှောက် စခန်းပေါင်း ( ၁၃) ခု နှင့် တပ်ရင်းပေါင်း ( ၁၇ ) ရင်း ဖြစ်လာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) စီမံခန့် ခွဲမှုအောက်က၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ ထိန်းချုပ်ရာ ဒေသတွေမှာ ရှိတဲ့ တပ်မဟာ နံပါတ်တွေကိုလိုက်ပြီး မကဒတ (ABSDF) တပ်ရင်းများကိုဖွဲ့ စည်းခဲ့ပါတယ်။

တပ်မဟာ (၄ ) မှာရှိတဲ့ မင်းသမီးစခန်း ၊ မိုးတောင်စခန်းရဲ့ တပ်ရင်း ( ၂၀၁ ) (၂၀၂ ) ( ၂၀၃ ) ၊ တပ်မဟာ ( ၆ ) မှာ ရှိတဲ့ သေဘောဘိုးစခန်းရဲ့ တပ်ရင်း (၂၀၄ ) (၂၀၅ ) ၊ မိုးကဲစခန်းရဲ့  တပ်ရင်း (၂၀၆ ) ၊ တပ်မဟာ ( ရ ) မှာရှိတဲ့၊ ရေကျော် စခန်း၊ စောထ စခန်း ၊ သံလွင် စခန်း ၊ ၀မ်းခ စခန်းတွေဖြစ်တဲ့ (၂၀၇ ) (၂၀၈ ) (၂၀၉ ) (၂၁၀ ) ။

မွန်ပြည်သစ်ပါတီ ( New Mon State Party - NMSP ) ထိန်းချုပ်မှုအောက် ၊ ဘုရားသုံးဆူစခန်းမှာရှိတဲ့ မကဒတ တပ်ရင်းတွေကို (၁၀၁ ) (၁၀၂ ) ဆိုပြီးဖွဲ့ ခဲ့ပါတယ် ။

ကရင်နီပြည်တိုးတက်ရေးပါတီ (Karenni People Progressive Party- KNPP ) ထိန်းချုပ်ရာဒေသမှာ ရှိတဲ့ မကဒတ အင်အားစုတွေကို တပ်ရင်း (၃၀၁ ) (၃၀၃ ) ဆိုပြီးဖွဲ့ စည်းခဲ့ပါတယ်။

ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့  ( Kachin Independent Organization - KIO ) ထိန်းချုပ်ရာအောက်မှာ ရှိတဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( Kachin Independent Army - KIA ) ဒေသတွင် မကဒတ တပ်ရင်း( ၄၀၁ ) ဆိုပြီး ဖွဲ့ ခဲ့ပါသည်။

ဗမာပြည် အလယ်ပိုင်း အလွန်ရှုပ်ထွေးသည့် နေရာဖြစ်သော ပအို့ ပ် နယ်မြေတွင် ပအို့ ပ်အမျိုးသားအစည်းအရုံး( Pa-Oh National Organization - PNO ) ထိန်းချုပ်ရာနယ်မြေ၌ မကဒတ တပ်ရင်း ( ၆၀၁ ) ဆိုပြီး မကဒတ တပ်ရင်းများကိုဖွဲ့ စည်းနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ သဘောထားကြေငြာချက်

ရည်မှန်းချက် -

( က ) အဖိနှိပ်ခံ တိုင်းရင်း သားများနှင့်ပြည်သူတရပ်လုံး၏ဘ၀ လွတ်မြောက်ရေး ။

( ခ ) စစ်မှန်သော ဒီမိုကရေစီ ရရှိရေး ။

( ဂ ) ပြည်တွင်းစစ်ရပ်စဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး စည်းလုံးညီညွတ်ရေး။

( ဃ) ကမ္ဘာ အဆင့်မှီ ရင်ဘောင်တန်း၊ တိုးတက်သာယာဝပြောသော ပြည်ထောင်စု တည်ဆောက်ရေး ။

ယုံကြည်ချက် -

ပြည်သူလူထုမှ အမှန်တကယ် ရွှေးချယ်တင်မြောက်ခြင်း မရှိသော ၊ တိုင်းပြည်၏ အာဏာအား ပြည်သူလူထုလက်

မှ မတရား အားဓမ္မ လုယူ အုပ်စိုးသော အစိုးရသည်၊ နိုင်ငံနှင့်လူမျိုးအားဆုတ်ယုတ်မှု ဆိုးကျိုးနှင့် အနိဋ္ဌါရုံများကိုသာ ဖြစ်ပေါ်စေ

မည်ဟု ယုံကြည်သည်။

ဒီမိုကရေစီ ၀ါဒနှင့်လူ့ အခွင့်အရေးကို အခြေခံ၍ ပြည်သူလူထုမှ ကြည်ညိုလေးစားသော ခေါင်းဆောင်နှင့် အစိုးရသည်သာ တိုင်းပြည်၏ အနာဂါတ်ဘ၀ကို ဦးဆောင်နိုင်မည်ဟု ယုံကြည်သည်၊

ထိုယုံကြည်ချက်အတိုင်း ကြိုးပမ်းသော ၊ကျွန်ပ်တို့ နှင့်ထိုက်တန်သော၊ တိုင်းပြု ပြည်ပြု အစိုးရ တရပ်မုချပေါ်ထွန်းလာမည်ဟု၊ ကျွန်ပ်တို့ အကြွင်းမဲ့ယုံကြည်သည်။

ဦးတည်ချက် -

နိုင်ငံ၏အုပ်ချုပ်မှု အာဏာအား ပြည်သူလူထု အကျိုးစီးပွားအတွက် ၊ အမှန်တကယ် ရှေ့ရှုအသုံးချသောမူလ အရင်းအမြစ် မှန်ကန်သည့် တိုင်းပြု ပြည်ပြု ဒီမိုကရေစီအစိုးရ တရပ်ပေါ်ထွန်းလာရေးသို့ ဦးတည်သည်၊

ပြည်ထောင်စုအတွင်းတိုင်းရင်းသားအားလုံး ညီညွတ်စွာဖြင့် တန်းတူညီတူ ယှဉ်တွဲနေထိုင်ရေး သို့ ဦးတည်သည်၊

ဒီမိုကရေစီဝါဒ ကို အခြေခံ၍ တည်ဆောက်ထားသော ကမ္ဘာအဆင့်မှီ ဖွဲ့ ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်ရေးသို့ ဦးတည်သည်။

ခံယူချက် -

ကျွန်ပ်တို့ သည် အမိနိုင်ငံအတွက် ဘ၀ပေးအသိဖြင့် တိုက်ပွဲဝင်နေသည့် တော်လှန်ရေး သမားများ အဖြစ်ခံယူသည်၊

ပြည်သူအတွင်းမှ ပေါက်ဖွားလာသည့် ပြည်သူ့ ရင်နှစ်သည်းချာများဖြစ်သည့် ကျွန်ပ်တို့ သည် ပြည်သူအကျိုးစီးပွားကို ထာဝရ စောင့်သိလျှက် ပြည်သူ့ ဘက်မှသာအစဉ် ရပ်တည်ရမည်ဟု ခံယူသည်၊

တိုင်းပြည်နှင့်လူမျိုးဂုဏ်သိင်္က္ခာ ကျဆင်းစေမည့် ၊ နိုင်ငံတိုးတက်မှုကို ဆုတ်ယုတ် ပျက်စီးစေမည့်၊ ပြည်သူလူထုအား ဘ၀အနိဋ္ဌါရုံအမျိုးမျိုးကို ဖြစ်ပေါ်စေမည့်၊ မည်သည့်ပါတီ ၊ မည်သည့် အစိုးရ အဖွဲ့ ကိုမဆို ဆန့် ကျင်တိုက်ဖျက်သွားမည်ဟုခံယူသည်။

ရိုဘီနာ

(မူရင်း စာရေးသူ၏အာဘော်သာဖြစ်ပါကြောင်း- ကိုဝိုင်ဝိုင်ကေ)

· · Share

  • You and San Pan like this.
  • 4 shares
    • Nang Saw ABSDF တပ် ရင်း (၄၀၁) က နယ်မြေ ဒေသအရ ရှမ်းပြည်မြောက် ပိုင်းမှာဖြစ်ပြီး မုံးကိုးဒေသ တ၀ိုက် မှာပါ။ကချင်ပြည်နယ်မှာတပ်ရင်း (၇၀၁) ဖြစ်ပါ တယ်။နောက်ပိုင်းမှာ(၇၀၂) ကိုတိုးချဲ့ ခဲ့ ပါ တယ်။ကျမသိသလောက် ကိုပြောပြတာပါ။
    • Yeyint Kyaw ‎(မူရင်း စာရေးသူ၏အာဘော်သာဖြစ်ပါကြောင်း- ကိုဝိုင်ဝိုင်ကေ)
    • Flygon Thapyay ခေါင်းထဲမှာ အတွေးတစ်ခု ဖြတ်ကနဲဝင်လာလို့ ဟီးး ... ရှေးလူကြီးတွေပြောတာသွားသတိရလို့ပါ .. ( ပုဂံရာဇ၀င်ပြောရင် ဒုတ်ထမ်းဓါးထမ်းပြောရလိမ့်မယ်ဆို )လို့ အေဘီရာဇာဝင် ပြောတဲ့အခါ စံပါယ်ပွင့် ခရေပွင့် လေးတွေ သီပြီး ပြောမှ ကောင်းမယ် ... ဟီးး
    • Robina Lwin
      ‎@Nang Saw>ဟုတ်ကဲ့ နန်းစောပြောတာ မှန်ပါတယ်..အေဘီ..ရဲ့ ပထမပိုင်းကာလမှာ..တောင်ပိုင်းနဲ့ မြောက်ပိုင်းက ဝေးတဲ့အတွက်..သိခွင့်မရရှိခဲ့ကြပါဘူး ရှမ်းပြည်ဘက်နဲ့  ကချင်နယ်မြေဘက်ကို ..တောင်ပိုင်းက ကျောင်းသားတွေက ..မြောက်ပိုင်းကချင်ဘက်လိုဘဲ့ြေ
      ပာခဲ့ကြပါတယ်..ဒီနေ့  အေဘီ.....သမိုင်း တာဝန်ခံတွေကတော့..ကိုယ်တိုင်ရောက်သွားကြပြီ ဖြစ်တဲ့အတွက်..အားလုံး ပြင်ဆင် ရေးသားထားပြီးဖြစ်ပါတယ်..ဖြည့်စွက်ပြောဆို ပြင်ဆင်ပေးတဲ့ အတွက်..ကျေးဇူးတင်ပါတယ်..ကျမတို့ လည်း တတိယ နိုင်ငံတွေကို ရောက် သွားတော့ နောက်ပိုင်း ဗဟိုကော်မတီ အသစ်တွေနဲ့ ဆက်သွယ်ရအုံးမှာဖြစ်ပါတယ်..ကျမနဲ့  ရဲဘော်တချို့ ရဲ့ ဒိုင်ယာယီ မှတ်မိသလောက် ပြန်တင်ပြပေးခြင်းသာဖြစ်ပါတယ်ရှင်..ကျေးဇူးပါ၊
      April 20 at 10:56am · · 1

No comments:

Post a Comment