Showing posts with label ကိုချိုကြီး. Show all posts
Showing posts with label ကိုချိုကြီး. Show all posts

Tuesday, September 11, 2012

အမေ့လျှော့ခံသူရဲကောင်း(သို.)ကိုချိုကြီး


Saturday 


အမေ့လျှော့ခံသူရဲကောင်း(သို.)ကိုချိုကြီး
by Baydar Lam on Thursday, March 29, 2012 at 1:24am ·

"အမေ့လျှော့ခံသူရဲကောင်း(သို.) ချိုကြီး"

ညာခြေမြှောက်၊ခြင်းပေါက်ကစား…ဝင့်ဝင့်ကြွားနဲ.လေပေါ်ခုန်ဝိုက်

ပီတိတွေမျိုသိပ်၊ကျေနပ်စိတ်နဲ.ရောင်ရဲ ..အနှီ ကြံ့ခိုင်မာကြောတဲ့ ဘယ်ခြေရဲ.ရင်ထဲ

ဆူးရိုင်းတွေဆိုပြီး ခုတ်ထစ်၊အမာဆုံးဆူးအဖြစ် ရှေ.ဆုံးကရင်ဆိုင်

သမိုင်းတကွေ.မှာ ရဲရဲကြီးအချိုးခံရဲတဲ့ သူငါတွေရှေ.က သံမဏိဆူးသွား

သူရဲကောင်းဆူးသွားတို.ကို ဂုဏ်မြှောက်..တို.သမိုင်းရဲ.ဂုဏ်နဲ.အတူ

အားလုံးကိုဂုဏ်မြှောက်ကြတဲ့ပွဲ….စာရင်းမသွင်းချင် စာမတင်လိုသူတွေရဲ.

ဘိဿိတ်ခံတဲ့ပွဲမှာ လူသစ်လို.သာ စာရင်းတင်ခံရပေမဲ့

သူငယ်ချင်း မင်းဟာ မန်းကျောင်းသားတွေရဲ.ရင်ထဲမှာ

ထာဝစဉ်ရဲ.ထာဝစဉ် သူရဲကောင်းတဦး ဖြစ်နေဆဲပါ သူငယ်ချင်း……..

ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း)
 — with Yemin Nyinyi,Maungmaung Skw, ဘရာဇီး ငှက်ရိုး and 24 others.



    • Nyunt Shwe ကိုညီညီနဲ့ မြောက်ပိုင်းက အမှန်တရားနဲ့တရားမျှတမှုကို တောင်းဆိုကြတဲ့ မိတ်ဆွေရဲဘော်များခင်ဗျား၊ ခင်ဗျားတို့သိသမျှ အေဘီထဲက တစ်ဦးခြင်းရဲ့ ကောက်ကြောင်းကို ရေးပြီး ကျနော်တို့ကို မျှဝေပါလို့ မေတ္တာရပ်ခံပါတယ်။
      Saturday at 3:49am ·  · 5
    • Zaw Min အဲလောက်ထိမလိုအပ်ပါဘူးနော်
    • Nang Kham Mhom လကာင်္ nothern မှာတစ်ဦးခြင်းအကြောင်းတွေပါတယ်...
    • Nyunt Shwe တွေ့တယ်။ ဒါပေမဲ့ လူများများကရေးရင် ပိုပြီးစုံမယ်။ အဲဒါတွေကို တစ်နေ့မှာ စုပေါင်း တည်းဖြတ်ပြီး သူတို့တတွေအတွက် အမှတ်တရ ဘဝတစ်ကွေ့ ဆိုတဲ့ စာအုပ်မျိုးထုတ်လို့ရတယ်။ မှတ်ဉာဏ်ဆိုတာ တဖြည်းဖြည်း ကျသွားတယ်၊ ရောသွားတယ်၊ မေ့သွားတယ်၊ ဒါ့ကြောင့် ရေးဖို့တိုင်တွန်းတာဖြစ်တယ်။ မောင်ဇော်မင်း အတွက် လိုကောင်းမှလိုမယ်၊ ဒါပေမဲ့ လိုတဲ့သူတွေ တပုံကြီးရှိနိုင်တယ်။
    • Nang Kham Mhomဟုတ်တယ်နော်..ဒီထဲမှာကအကြာကြီးမရှိနိုင်ဘူး စာအုပ်ဆိုတော့ပိုကောင်းတယ်..ဒါတွေဟာသမိုင်းရဲ.အမှန်တရားတွေပဲ...
    • Nyo Chit Lwin သူ့အကြောင်း အကျဉ်းတော့ရေးပေးပါ....အလားကားနေရင်တော့..သူရဲကောင်းဘယ်ဖြစ်မလဲ

Thursday, August 30, 2012

အမေပြောတဲ့ သူ့ အကိုကြီး ..(သို့) .. လူတွေမသိတဲ့ ကိုချိုကြီး (ခ) ဖရယ်ဒီ အောင်သန်း - (၁)

by Linn Pyi Thar on Thursday, August 30, 2012 at 1:04am ·

မြောက်ပိုင်း ABSDF အကြောင်းတွေ အင်တာနက်စာမျက်နှာထက်မှာ နေရာယူချိန်ကစလို့ တငိုငို တမှိုင်မှိုင် ဖြစ်နေတဲ့ အမေ... ၊ အရိုးတွန်သံများ အခန်းဆက် နဲ့ အခြားအခြားသော ရင်နှင့်စရာတွေဖတ်ပြီး ဆုံးဖြတ်ချက်ချလိုက်တာက ရေးမယ်.. ဦးချိုအကြောင်းကို ရေးမယ်တဲ့ .. တစ်ခါတစ်ခါ တစ်ရေးနိုးလို့ ကြည့်မိရင် စာအုပ်တစ်အုပ် ဘောပင်တစ်ချောင်းနဲ့ မျက်ရည် ရွှဲနေတဲ့ အမေ့ မျက်နှာ.. အခု ကျနော် အမေရေးသမျှတင်ပေးပါတော့မယ်...

သူရဲကောင်းဆိုတာ.... အဿပြာ မလိုဘူး

သူရဲကောင်းဆိုတာ.... နေရာ မလိုဘူး

သူရဲကောင်းဆိုတာ.... အာဏာ မလိုဘူး

ဘယ်မှာလဲ သူ့ရဲ့ .... အကြောင်း

ဘယ်မှာလဲ သူ့ရဲ့ .... ဒေါင်း

ဘယ်မှာလဲ သူ့ရဲ့ .... ကျောင်း

ဘယ်မှာလဲ သူ့ရဲ့ .... အလောင်း

ဘယ်မှာလဲ သူ့ရဲ့ .... ခေါင်း

အဲဒါ အားလုံးရဲ့ အညတြ သူရဲကောင်း....

၁ မတ်လ ၂၀၁၁

သင်းသင်းဝင်း

ကျမသည် ဤဖြစ်စဉ်ကို ရင်နာနာနှင့် ရေးရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပါသော်လည်း နင့်နဲစွာ ခံစားရလွန်း၍ စာတစ်မျက်နှာထက်ပိုမရေးနိုင်ခဲ့ပါ.. ။ ဆက်ရေးဖို့ကြိုးစားရင်း နာကြင်ကြေကွဲစွာနှင့် စာအုပ်ကို ပိတ်ပစ်ခဲ့တာလဲ အကြိမ်ကြိမ်..။

အတိတ် ၏ဖြစ်စဉ်များကိုပြန်လည်တွေးတာမိတိုင်း၊ တိုက်ဆိုင်မှုရှိတိုင်း နှလုံးသွေးပျက်ခဲ့ရသော ကျမအဖို့ လက်တွေ့ရင်ဆိုင်ခံစားခဲ့ရသော ကာယကံရှင်များ ၊ အသက်ပေးဆပ်ခဲ့ရသူများအနေနှင့် မည်သို့ ကြုံတွေ့ ခံစား ဖြတ်သန်းသွားခဲ့ကြရမည်ကို မတွေးတောဝံ့ မစဉ်းစားဝံ့ ဖြစ်ခဲ့ရပါသည်။ သို့သော် အမှန်တရားအတွက်အသက်ပေးခဲ့ရသူများ၏ သမိုင်းအမှန်ပေါ်ပေါက်စေရန်အချိန်မကျန်ပြီမို့ ... နှလုံးသွေးနဲ့ ပေးဆပ်ပြီးဖော်ထုတ်တော့မယ်၊ ကိုကြီးရေ.. နောက်ကျတဲ့ ညီမကို ခွင့်မလွှတ်ပါနဲ့... ညံ့ဖျင်းတဲ့ ညီမကို ခွင့်မလွှတ်ပါနဲ့ စိတ်ဓါတ်မကြံခိုင်သော ညီမကို ခွင့်မလွှတ်ပါနဲ့ စိတ်ဓါတ်မကြံခိုင်သောညီမကို အပြစ်တင်ပါတော့ ကိုကြီးရေ..


· · Share

  • You, Nicky Shein, Pyi Aye, Soe Thein and 27 others like this.
  • 35 shares
    • Kyaw Gyi AB မမသင်း ရဲ့ ခံစားချက်ကို နားအလည်ဆုံးသူတစ်ယောက်အနေနဲ့  ရင်နာနာနဲ့ ပဲ ......
      16 hours ago · · 2
    • Kyaw Than လိုက် လုပ်ရတာတွေထဲမှာ အင်မတန်စိတ်မသက်မသာကောင်းစရာတွေကအများသား။
      15 hours ago · · 1
    • UZa Wana မသင်းသင်းစာဆက်ရေးပါ အားလုံးကမျှော်လင့်နေပါတယ်
      15 hours ago · · 3
    • Min Naing Myo မမသင်းနှင့်အတူတူ ကိုယ်ချင်းစာပေးကြ ပါ။ ကိုချိုကြီးဟာ တို့အားလုံးရဲ့ လေးစားခဲ့တဲ့ ရဲဘော်အကိုကြီးပါ။
      15 hours ago via mobile · · 3
    • Ko Lin Wai Aung ထပ်တူပါ အမရေ မနက်တွေ့ပါမယ်
      9 hours ago via mobile ·
    • Nang Aung Htwe Kyi မသင်းရေ .. ဝမ်းနည်းပါတယ် .. မိသားစုဘက်မှ ရပ်တည်ခွင့် ပြုတာ ကျေးဇူးပါ
      9 hours ago · · 3
    • Soe Thein please upload this tragic documents ( do not dare to say story) as soon as possible, it is a good timing now....
      3 hours ago ·

Friday, July 6, 2012

ကိုချိုကြီး၏ မိသားစုပုံ

February 6

ဖခင် ၊ ဖရက်ဒီအောင်သန်း(ခ)ကိုအောင်သန်း(ရင်းနှီးသူတချို့ က ချိုကြီး)၊ဦးလေး၊ညီ-ကိုကျော်ကျော်၊ရှေ့က ညီမ မသင်း ( မောင်နှမ သုံးယောက်ပဲရှိတာပါ)


UG တာဝန်ခံကိုချိုကြီး(ခ)ဖရက်ဒီအောင်သန်း

by Ko Lin Wai Aung on Friday, April 6, 2012 at 3:18am ·

ABSDF ( မြောက်ပိုင်း ) တွင်စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟု မတရားစွပ်စွဲကာ
ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံခဲ့ရသော
ဖရက်ဒီ အောင်သန်း ( ခ ) ကိုချိုကြီး ၏ ဘ၀ပုံရိပ်တစ်ခု

( ၄.၀၂.၁၉၈၈ ) နေ့မှာ ကိုချိုကြီး၏ ညီမဖြစ်သူ ကမွေးဖွား ခဲ့တဲ့ တူလေး “လင်းပြည်သာ”
နဲ့အတူတွေ့ရတာဖြစ်ပါတယ်……လင်းပြည်သာ ရဲ့ ( ၁ ) နှစ်ပြည့်မွေးနေ့မှာ ကိုချိုကြီးကသူ့တူလေးကို
ပုခက်တွင်းငုံ့ကြည့်ပြီး…… ဒီမိုကရေစီအလင်းရောင်ဝင်လာပြီ… ပြည်ထောင်စုကြီး သာယာတော့မယ်…. လို့ဆိုပြီး“ လင်းပြည်သာ ” လို့အမည်ပေးလိုက်ပါတယ်…. မိသားစုဝင်တွေအားလုံးကလည်း….နှစ်ခြိုက်သဘောကျပြီး“ လင်းပြည်သာ ” အမည်ကို တစ်ညီတစ်ညွတ်တည်း လက္ခံ ခေါ်ဆိုခဲ့ကြပါတယ်….
ယ္ခု အသက်( ၂၅ ) နှစ်ရှိပြီဖြစ်တဲ့ “လင်းပြည်သာ ” နဲ့ တွေ့ဆုံခဲ့ရပြီး သူတို့သားအမိနှစ်ဦးရဲ့
ရင်တွင်း စကားတွေကိုနားထောင်ခဲ့ရပါတယ်…..
စစ်ထောက်လှမ်းရေးဗိုလ်မှူးလား…..ဒီမိုကရေစီအရေး တိုက်ပွဲဝင် ရဲဘော်တစ်ဦးလား…ဆိုတာ…
ပရမ်းပတာစွပ်စွဲနေသူများကို MESSAGE ပေးလိုက်ပါတယ်……

· · Share

  • 15 shares

    • Nicky Shein ကိုချိုကြီး ကို ယုံကြည်လေးစားစွာ အလေးပြုပါသည်၊ လူသတ်ကောင်များ အမြန် ကျရှုံးပါစေ
      April 6 at 11:12am · · 5

    • UZa Wana မပ ဂရု အတွက်ရှယ်ပါတယ်
      April 6 at 12:32pm · · 1

    • Aye Aye Soe Win I want to know more about Ko Cho Gyi...Thoughts of the way he took their cruel act at his final moment haunted me, followed me; at the same time, their tragic story not only caused public outrage but inspired all of us seek truth and justice by all means. Thanks for the post.
      April 7 at 6:38am · · 2

    • Kyaw Gyi AB ကိုချိုကြီး ဟာ မြို့ ပေါ်ကို စွန့် ခွာရမဲ့ အချိန်မှာ ဓါတ်ပုံတွေ ဖျောက်ဖျက်ခဲ့လို့  ထောက်လှမ်းရေးတောင် အိမ်နံရံက မိသားစု အလှူဓါတ်ပုံက ကလေးပုံလေးပဲ ရခဲ့ဘူးပါတယ်၊ အခုလို တင်ပေးနိုင်တဲ့ အတွက် ဖော်မပြနိုင်လောက်အောင် အံ့သြ ဝမ်းသာရပါတယ်။
      April 11 at 4:29pm · · 3

    • အိုးဝေအောင် အိုးဘားမား လင်းပြည်သာတို့ သားအမိရဲ့ အင်တာဗျူး မျှဝေပေးပါ။

    • Ko Lin Wai Aung ကိုချိုကြီးညီမကိုယ်တိုင် ရေးနေပါတယ်....
      April 22 at 6:31am · · 1

    • Baydar Lam
      ‎"အမေ့လျှော့ခံသူရဲကောင်း(သို.) ချိုကြီး"

      ညာခြေမြှောက်၊ခြင်းပေါက်ကစား…ဝင့်ဝင့်ကြွားနဲ.လေပေါ်ခုန်ဝိုက်

      ပီတိတွေမျိုသိပ်၊ကျေနပ်စိတ်နဲ.ရောင်ရဲ ..အနှီ ကြံ့ခိုင်မာကြောတဲ့ ဘယ်ခြေရဲ.ရင်ထဲ

      ဆူးရိုင်းတွေဆိုပြီး ခုတ်ထစ်၊အမာဆုံးဆူးအဖြစ် ရှေ.ဆုံးကရင်ဆိုင်

      သမိုင်းတကွေ.မှာ ရဲရဲကြီးအချိုးခံရဲတဲ့ သူငါတွေရှေ.က သံမဏိဆူးသွား

      သူရဲကောင်းဆူးသွားတို.ကို ဂုဏ်မြှောက်..တို.သမိုင်းရဲ.ဂုဏ်နဲ.အတူ

      အားလုံးကိုဂုဏ်မြှောက်ကြတဲ့ပွဲ….စာရင်းမသွင်းချင် စာမတင်လိုသူတွေရဲ.

      ဘိဿိတ်ခံတဲ့ပွဲမှာ လူသစ်လို.သာ စာရင်းတင်ခံရပေမဲ့

      သူငယ်ချင်း မင်းဟာ မန်းကျောင်းသားတွေရဲ.ရင်ထဲမှာ

      ထာဝစဉ်ရဲ.ထာဝစဉ် သူရဲကောင်းတဦး ဖြစ်နေဆဲပါ သူငယ်ချင်း……..




      ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း)