Thursday, August 30, 2012

တော်ဝင်နှင်းဆီမှာ တွေ့ဆုံဆွေးနွေးကြမည်...

Yesterday

မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်ဟောင်းများမှ ဖိတ်ကြားအပ်ပါသည်ခင်ဗျား.....



  • The Voice Weekly · 57,963 like this
    10 hours ago ·

    by ကိုဝိုင် ဝိုင်ကေ on Thursday, August 30, 2012 at 7:37am ·

    ABSDF ခေါင်းဆောင်ဟောင်း ပြန်တော်ပြန်စဉ် အနှိပ်စက်ခံ ကျောင်းသားဟောင်းများ

    ရှင်းလင်းပွဲ ပြုလုပ်မည် ။

    ရန်ကုန်၊ သြဂုတ် ၃၀

    မြန်မာ တစ်နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ခေါင်းဆောင်များ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာ နိုင်အောင်နှင့် အဖွဲ့ဝင် အချို့ မနက်ဖြန် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်တွင် ညှပ်ပမ်းနှိပ်စက်ခံခဲ့ရသည်ဆိုသော မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများ အကြောင်းရှင်းလင်းမည်ဖြစ်သည်။ အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါက်တာနိုင်အောင် အပါအ၀င် အခြားအဖွဲ့ဝင် နှစ်ဦး နိုင်ငံအတွင်း ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး မိုးသီးဇွန်က သန်ဘက်ခါတွင် အသီးသီး ရန်ကုန်မြို့တော်သို့ ရောက်ရှိမည် ဖြစ်သည်။ ထို့အတူ မနက်ဖြန်တွင် မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများကို သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ် ရန်ကုန်မြို့တော်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အစိုးရ သူလျှိုဟု စွပ်စွဲခံရပြီး တောတွင်းရောက် ကျောင်းသားဒါဇင်ပေါင်းများစွာ သတ်ဖြတ်မှုခဲ့မှု ဖြစ်ပွားချိန်တွင် ဒေါက်တာနိုင်အောင်သည ABSDF ဗဟို ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ရော်နယ်အောင်နိုင်က မြောက်ပိုင်း ABSDF ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ “တရားစွဲတာတို့ကတော့ သက်ဆိုင်ရာ မိသားစုဝင်တွေရဲ့ ဆန္ဒပါပဲ။ ကျွန်တော်တို့ကတော့ ဘယ်လိုနေရာ အမည်းရောင်နယ်မြေ၊ အညိုနယ်မြေတွေမှာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ တရားရေးမဏ္ဍိုင်ရဲ့ မျှတမှု၊ မှန်ကန်မှု၊ တောင့်တင်းမှုလိုအပ်ပါတယ်”ဟု မြောက်ပိုင်း ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးညီညီကျော်က The Voice Weekly သို့ပြောကြားသည်။ ယင်းအချိန်သတ်ဖြတ်ခံရသော ကျောင်းသားဟောင်းတစ်ဦး၏ သမီးဖြစ်သူမှာ ယင်းကိစ္စနှင့်ပတ်သက်၍ ယင်းအချိန် မြောက်ပိုင်း ဥက္ကဋ္ဌ ရော်နယ်အောင်နိုင်နှင့် အခြားသူများကို မြောက်ဥက္ကလာရဲစခန်းတွင် သြဂုတ်လ ၁၉ ရက်နေ့ညက တရားဝင် အမှုဖွင့်ထားပြီးဖြစ်ကြောင်း ကာယကံရှင် ဒေါ်စိမ့်စိမ့်သူက ပြောကြားသည်။ နိုင်ငံအတွင်း ပြန်ရောက်သည်နှင့် တပြိုက်နက် ရန်ုကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရှင်းလင်းပြောကြားလိုကြောင်း ဒေါက်တာ နိုင်အောင်က The Voice Weekly သို့ ပြောကြားသည်။

    “ကျွန်တော်ဥက္ကဋ္ဌဖြစ်နေချိန်မှာ ကျွန်တော်ကိုယ်တိုင်သိတာ၊ နောက်ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်တာ ဘာတစ်ခုမှမရှိပါဘူး။နောက်တစ်ခုက မြောက်ပိုင်းကိစ္စလိုဟာမျိုးက လူ့အခွင့်အရေးချိုး ဖောက်မှုတွေရှိတယ်ဆိုတာတွေကို တရားဥပဒေစိုးမိုးချိန်မှာ လွတ်လပ်တဲ့ စုံစမ်း ကော်မရှင်တွေ ဖွဲ့စည်းပြီး ပြန်လည် ဖော်ထုတ်သင့် တယ်လို့ယူဆပါတယ်”ဟု ၄င်းကဆိုသည်။ ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်သည်။

· ·
  • You, Win Chit Khine and 87 others like this.
    • Htun Naywynn အရိုးတွန်သံတွေ စကြားရပြီ။
      10 hours ago via mobile · · 11
    • Zaw Moe Hlaing ဟင်္သာကိုးသောင်း ပုံပြင် ဖြစ်ရပ်မှန် သိ့ခွင့်ရတော့မယ်
      10 hours ago via mobile · · 7
    • M Zar NI အကုန် ဖမ်းချုပ်ပြစ်ကွာ ကြာလို့
      10 hours ago · · 4
    • Sun Moon အဲဒီကိစ္စရဲ့ တရားခံအစစ်တွေကို သိချင်လိုက်တာ ဗျာ သံချောင်းကထိပ်ဆုံးပဲ
      10 hours ago via mobile · · 4
    • Aung Paing Oo တိုင်းပြည်က တိုးတက်မယ် မကြံသေးဘူး အချင်းချင်း စကိုက် ကုန်ပါပြီ ခင်ဗျားးးးးးးးး လွတ်တော် နဲ. ခုံ၇ုံးလဲ ကိုက်နေပါပြီ ခင်ဗျားးးးးးး အခု ထပ်ကိုက်မဲ. ကောင်တွေလဲ ပြည်တော်ပြန် လာကြပါပြီ
      10 hours ago · · 8
    • Min Kyaw မိုးသီးဇွန်(ရခိုင်အရေးအဓိကတရားခံ)ကိုအလိုမရှိပါ။
      10 hours ago · · 16
    • Htar Htar Lwin ‎"ကျွန်တော်ဥက္ကဋ္ဌဖြစ်နေချိန်မှာ ကျွန်တော်ကိုယ်တိုင်သိတာ၊ နောက်ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်တာ ဘာတစ်ခုမှမရှိပါဘူး" (ဘာဘာ ဘာမှ မသိဘူး)။ တားတားဘာမှတိဘူး။ တားတားက အဲဒီတုန်းက ငယ်ငယ်လေးရှိတေးဒါပါရှိုနေမှဘဲဂျာ..............
      10 hours ago · · 11
    • Ko Wun Tho အစိုးရ အသိအမှတ် ပြု အသင်းမှမဟုတ်တာ ၊၊ ကိုယ့်လုပ်ဘူး ရင် ပြန်လုပ်ပေါ့ ရှင်းနေတာကို။။ လာရှုပ်နေကြတယ်
      10 hours ago · · 1
    • Tun Tun Win သမိုင်းကို အမှန်အတိုင်းသိချင်တယ်ဗျာ
      9 hours ago via mobile · · 2
    • Thar Htaw Eu သူလည်း သမတကြီးအတိုင်းပါပဲလား။
      9 hours ago · · 1
    • U Thein Win ဒီအချိန်မှာ အနာဟောင်းတွေ ဆွဆွနေဖို့ မကောင်ဘူးထင်တယ်။စဉ်းစဉ်းစားစားလုပ်ကြဖို့သင့်မယ့်ထင်တယ်နော် တက်ခေတ်လူငယ်တို့။
      9 hours ago · · 2
    • Moe Kyaw Thu nobody is above the law, right?
      9 hours ago · · 1
    • Nyan Linn ကျွန်တော်ပြောပါရစေသတင်းများကိုအမြဲတန်နားထောင်နေပါတယ်တိုင်းပြည်ကောင်းဖိုbbc voa rfa ကိုသိသလောက်ပြောရရင်အရင်က စအဖ န၀တ ယခုဘယ်သူဖြစ်မလဲအရှက်ရှိရှိ နဲ့အကြိုးရှိနေထိုင်ကြရင်အကောင်းဆုံးဖြစ်လိပ်မယ်လို့ယုံကြည်ပါတယ်။ရပ်ကွက်အျတွင်းမှာလဲငါ့နိုင်ငံတိုးတက်ဖို့ဘာတွေလိုအပ်သလဲဘာတွေလုပ်ရမလဲအမှိုက်တစဘယ်နေရာကိုပြစ်ရမလဲဘယ်မှာထားသင့်သလဲငါနိုင်ငံမှာသူများနိုင်ငံထက်တိုးတက်အောင်ဘာတွေလုပ်၇မလဲလို့တွေးဆနေရင်ကျေနပ်ပါတယ်။
      9 hours ago · · 1
    • Zaw Lin Myint သိပ်ရှုပ်သွားအောင်လုပ်လိုက်ရင် Direction ပြောက်သွားမှာစိုးရတယ်
      9 hours ago via mobile ·
    • Koko Ngel ငါတို့ တိုင်းပြည် တိုးတက်ဖို့ အတွက် စတင်ခြေလှမ်းနေချိန်မှာ တိုင်းပြည်တိုးတက်အောင် တစ်ဖက်တစ်လမ်းက ငါဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို မစဉ်းစာဘဲ ၀င်လာ ကတဲက စောက်တလွဲနဲ့ ရောက်လာပြီ...ဒီလို လူတွေကိုသာ နိုင်ငံအုပ်ချုပ်ခွင့်ပေးလိုက်ရင် နိုင်ငံဘာဖြစ် သွားမယ်ဆိုတာ အားလုံး နားလည်သဘောပေါက်သင့်တယ်....
      9 hours ago · · 1
    • Khin Than may i know date and time of their meeting to be held at taw win nhin si ,yankone to ask some questions upon them.
      8 hours ago via mobile · Edited · · 1
    • Htar Htar Lwin
      တိုင်းပြည်တစ်ပြည်မှာအရေးပေါင်းစုံရှိပါတယ်။ အရေးပေါင်းစုံကို သူ့အကန့်နဲ့သူဖြေရှင်းရမှာပါ။ အခုမှဟိုဟာလုပ်နေတုန်းမို့ ဒီဟာကိုခနနေပါဦး ဆိုတာတွေက လက်တွေ့မှာသဘာဝမကျပါဘူး။ အခုကိစ္စကို ကျူးလွန်းသူနဲ့ ကျူးလွန်ခံရသူတွေ တရားရေးအဖွဲ့အစည်းတွေကရှင်းသွား
      ပါလိမ့်မယ်။ ကျန်သူတွေက ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေရုံပါဘဲ။ ဒီကိစ္စကို ဖြေရှင်းလိုက်လို့ တိုင်းပြည်တိုးတက်ရေးမှာ ဘာမှ အနှောက်အယှက်ဖြစ်မသွားနိုင်ပါဘူး။ သူ့အလုပ်သူလုပ်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေကြရုံပါဘဲ။
      8 hours ago · · 5
    • Thiha Lada commet အားလုံးကိုထောက်ခံပါသည်
      8 hours ago via mobile ·
    • Taw Tharဲမြန်မာပြည်ပြန်ခွင့်ပေးလို့ပြန်လာပီး.ပြန်ဆဲလို့ရတယ်ဆိုတာမျိုးတော့မဖြစ်စေချင်ပါဘူး..ငြိမ်းချမ်းချင်ရင်.အာဂတဖျောက်မှရမယ်.
      8 hours ago ·
    • Ko Gyi Kyaw ခံ ရ တဲ့ လူ တွေ ဘက် က လည် နာ ကျည ကြ မှာ ပဲ။်
      8 hours ago via mobile ·
    • Khin Maung Lwin ကျွန်တော် တို့ ကသာ က ကျောင်းသား (၄)ယောက် ခေါင်းဖြတ်သတ်ခံရပြီး (၄)ယောက်ရက်ရက်စက်စက်အနှိပ်စက်ခံရတယ်။ ကသာ ဆိုတာ ရန်ကုန် က ရပ် ကွက် (၁) ကွက် စာလောက် ဘဲ ရှိ တဲ့ ဒေသ ပါ။ ခေတ်ပြိုင် လူ တစ် ယောက် အကြောင်းမေးရင် အဲဒီ လူ ရဲ့ ဘိုးဘွား အဖေ အမေ ညီ ကို ဘာလုပ်တယ် ဘာလုပ်စား တယ် ။ ဘယ် နိုင်ငံရေး အုပ်စု ဘယ်လို အရောင် အား လုံး ကို တမြို့ လုံး က သိ ကြ တဲ့ မြို့လေး ပါ။ ထောက်လှန်းရေး ဟုတ်မဟုတ် အလွယ် တကူ စုံစမ်းလို့ ရ တဲ့ နေရာပါ။
      7 hours ago · · 5
    • Aung Than ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ဒေါက်တာနိုင်အောင် မှာအပြည့်အဝတာဝန်ရှိတယ် လုပ်ရဲရင်ခံရဲရမယ်...နို့မဟုတ်ရင်..Get out...go to hell.
      6 hours ago · · 1
    • Wunna Han Get out . Go to hell. If u love ur mother land , know ur responsibility.
      6 hours ago via mobile · · 1
    • Ks Thwin အလွန်ရက်စက်အကျည်းတန်တဲ.ဖြစ်ရပ်ဆိုးကြီးပါ ခေါင်းဆောင်လုပ်ခဲ.သူမှာလုံးဝတာဝန်ရှိပါတယ် မသိဘူးပြောလို.မရပါ အမှန်တရားကိုရင်ဆိုင်ဖြေရှင်းပါ စောင်.ကြည်.နေပါတယ်
      6 hours ago · · 1
    • ဘရာဇီး ငှက်ရိုး
      ဒေါက်တာနိုင်အောင်ပြောတဲ့ နိုင်ငံရေးအရ ဒီမြောက်ပိုင်းပြသနာကို ခေါင်းခံလိုက်ရတယ်ဆိုလို့ ဥပမာလေးတခုပေးချင်တယ်... ရွာထိပ်ဇရပ်ပျက်မှာနေတဲ့ စိတ်မနှံ့တဲ့ အမျိုးသမီးကို အရက်သမားတစုက မဟားဒယား ပြုကျင့်လိုက်တယ် ဆိုပါစို့... ဒါကို သူကြီးလုပ်သူက လူမှုရေး
      အရ ဒီအဖြစ်မျိုး ရွာနာတယ်ဆိုပြီး လက်ထပ်ယူလိုက်တယ်ဆိုတာ ကြားဖူးလို့လား... အကို Thein Htunကို ဒေါက်တာနိုင်အောင် ရောက်လာပြီး ရိုက်နှက်သွားလို့ နားကောင်းကောင်းမကြားတော့တာ... အကို Kyawzwar Winmgကို ဒေါက်တာနိုင်အောင်ကိုယ်တိုင် စစ်မေးစဉ်မှာ ပေါင်ကို ဒါးနဲ့ထိုးခိုင်းခဲ့လို့ ဒဏ်ရာ ကြီးကြီးမားမား ရခဲ့တာ... ဖေဖော်ဝါရီလ၁၂ရက်နေ့လို ပြည်ထောင်စုနေ့ကြီးမှာ ၁၅ယောက် ခေါင်းဖြတ်သတ်နေစဉ် အလံတိုင်ကုန်းလေးကနေ ကြည့်နေခဲ့တာ(Bossiniအကျီလေးနဲ့)... ကိုကိုကြီး(ကေကျု့)ကို စစ်အစိုးရ သူလျိုဆိုပြီး စာရင်းသွင်းထားတာ... ရှက်တတ်ရင် သေလို့ရနေပြီ...
      6 hours ago · · 1
    • Ko Naing
      အသေခြာဆုံးကတော. ဥပဒေလမ်းကြောင်းအတိုင်း အမှုဖွင်.တာကို ရင်ဆိုင်လိုက်ရင် အဖြေမျန်ပေါ်မှာပါ လုပ်တုန်းကလုပ်ခဲ.ပီးမှ ကိုအလှည်.ကျ ဟိုရှောင်ဒီရှောင် ဟိုလူ.ပုံချ ဒီလူ.ပုံချ နဲ. ပီးသွားရမှာလား သေသွားတဲ. လူတွေအတွက် ပြည်ဖုံးကားချလိုက်ရမှာလား အမ...See More
      6 hours ago · · 2
    • Kyaw Lay အားလုံးကောင်းတယ်။ဆက်လုပ်။
      5 hours ago via mobile ·
    • Thiha Win Thu Ko Naing ပြောတာမှန်ပါတယ်။ အဖြစ်မှန်တွေကို ရှင်းရှင်းလင်းလင်းသိချင်ပါတယ်။ ကျွန်တော်ကတော့ ဒီဘဲတွေရဲ့ သောက်ကျင့် တွေကို လုံးဝ မကြိုက်ဘူး။ သာကူးတွေလို့ မြင်ပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းတာတို့ ဖြေရှင်းချက်တောင်းတာတို့ မလုပ်ဘူးဆိုရင် တကယ်ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အသက်ပေးသွားတဲ့ ကျောင်းသားတွေ အတွက် မျှတမှုမရှိဘဲနေပါလိမ့်မယ်။
      2 hours ago via mobile · · 1
    • Myo Khon Koh နဝတအစိုးရမှာတာဝန်အရှိဆုံးပါပဲ အဲဒီထဲမှာမှ အရင်စစ်ထောက်လှမ်းရေးဗိုလ်ချုပ်ခင်ညွန့်ကအဓိကတာဝန်အရှိဆုံးပါ သူ့စနက်သူ့ရဲ့ကြိုးကိုင်မှုတွေကြောင့်ပျက်စီးခြင်းတွေဖြစ်ရတာပါ
      2 hours ago ·
    • Star Emerald အသတ်ခံရတဲ့ကျောင်းသားတွေကခေါင်းဆောင်မူအားနည်းလို့ဖြစ်ရတာ။နိုင်အောင်ရော။မိုးသီးေ၇ာအခုအချိန်မှာမရှင်းရင်ကျောင်းသားသမိုင်းမှာကျောင်းသားကိုကျောင်းသားပြန်သတ်တဲ့လူသတ်သမားတွေအဖြစ်ရာဇ၀င်တွင်ကြရလိမ့်မယ်။လနဲ့ချီပြီဖမ်းထားတဲ့ကျောင်းသား၁၀၀ကျော်အကြောင်းမသိဘူးမတားနိုင်ခဲ့ဘူးဆိုဘယ်လိုမှမဖြစ်နိုင်ဘူး။ရှင်းလိုက်ပါ.
    • Star Emerald အသတ်ခံရတဲ့ကျောင်းသားမိဘ၊မိသားစုများခင်ဗျား။ နိုင်အောင်၊မိုးသီး ၂ယောက်စလုံးကိုဥပဒေကြောင်းအရတ၇ားစွဲလိုရပါတယ်။စစ်ပွဲတိုက်ပွဲတွင်းကျဆုံးရသူတွေအတွက်တာဝန်မရှိပေမဲ့၊အခုလိုကျောင်းသားတွေမတရားဖမ်းဆီးညင်းပန်းသွေးအေးအေးနဲ့မသေမချင်းခေါင်းဖြတ်သတ်ကြတဲ့အမူတွေကိုတော့အရေးယူအပြစ်ပေးလို့ရပါတယ်။ဥပဒေနားလည်သူတွေနဲ့တိုင်ပင်ပြီးသေဆုံးသူများအတွက်တာဝန်ကျေပေးကြစေလိုပါတယ်။

No comments:

Post a Comment