Monday, August 6, 2012

ကိုအောင်မိုးဝင်း၏အရိုးတွန်သံများ - ၈ မှကွန်မန်းများ

· · Share

  • 49 shares
  • 100 of 107
    • Gypsy Moethain မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်မှုဟာ အမျိုးသားရေးပါ။ မတရားမှုကို ဆန့်ကျင်သူ၊ ယဉ်ကျေးမှု ရှိသူအားလုံး ပါဝင်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တို့လည်း မတရားမှုကိုတော့ ဘယ်လိုမှသမိုင်းထဲမှာ မေ့လျော့ပျောက်ပျက်မသွားစေချင်ပါ အဖြစ်မှန်မမြန်ဆုံး ပေါ်လာပါစေ ။
    • Min Tharr အောင်မိုးဝင်းရာ မင်းကတော့လုပ်ချလိုက်ပြန်ပြီ ဒီလောက်ကြီးကျယ်တဲံ ဧရာမကျောင်းသားခေါင်းဆောင်ကြိး ၂ ယေါက် မြန်မာပြည်အနာဂတ်နိုင်ငံရေးမှာ ပြည်သူတွေအတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ဖို. ကြိုးစားနေချိန်မှာမှ ဒီလိုလုပ်လိုက်တယ်ဆိုတော့ သူတို.ပြောတဲံစကားအရ သမိုင်းအမှိုက်ခြင်းထဲ ရောက်သွားတာပေါ့ကွာ။ ငါတို.တော့ လက်ညှိုးထိုးပွဲကြီး ကြည့်ရတော့မှာပေါ့ ပျင်းနေတာနဲ. အတော်ပဲ။ ဘယ်သူက ဘယ်သူ.ကို ဘယ်လိုစွပ်စွဲတော့မလဲဆိုတာ ပြည်ပနိုင်ငံရေး ပိတ်ကားပေါ်မှာ စောင့်ကြည့်ကြပါစို.
    • Aung Khin Myint ဆေးမှူးကိုသိန်းထွန်းကို ဒေါက်တာ နိုင်အောင် ကိုယ်တိုင် ဖိနပ်နဲ့ ရိုက်တယ်ဆိုတာရော စာဖတ်သူက ဘယ်လို နားလည်ရမလဲ အကိုရေ ....
    • Nang Kham Mhom အမှန်တရားကိုမြတ်နိုးတဲ့ပြည်သူတွေအားလုံးဒီမြောက်ပိုင်းကိစ္စမှာပါဝင်ဆွေးနွေးပြောဆိုခွင့်ရှိပါတယ်..ကိုအောင်မိုးဝင်းပြောသလိုပဲဒါဟာအမျိုးသားရေးပါ..
    • Zaw Thura အားလုံးမှာ တာဝန်ရှိပါတယ်...မျက်မမြင်ပုဏ္ဍားခြောက်ယောက် ဆင် ကို စမ်းသလိုမျိုး မဖြစ်စေချင်ပါ...မြောက်ပိုင်းAB လူ၃၀၀ကျော်ထဲမှာ လူ၁၀၀ကျော် ထောက်လှန်းရေးလို့ စွတ်စွဲဖမ်းဆီးခံခဲ့ရတယ်...လူ၃၀ကျော်က ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတယ်...တိုက်ပွဲမှာတောင်ဒီလောက်မကျဆုံးခဲ့ပါ...ကိုယ့်ရဲဘော်ရဲဖက်အချင်းချင်း လူမဆန်စွာ သတ်ဖြတ်ခဲ့ကြတာပါ...ဘယ်သူတွေက တာဝန်ယူမလဲ..?ဘယ်လိုတာဝန်ယူမှာလဲ..?။
    • Aung Khin Myint လောလောဆယ်တော့ စာဖတ်သူတွေ မျက်စိလည်နေပြီ၊ အော့ဖ်လိုက်မက်ဆေ့ခ်ျတွေ ပို့နေတယ် အကို ကိုအောင်မိုးဝင်း ခင်ဗျာ ... ၁၂.၂.၉၂ မတိုင်ခင် ဒေါက်တာနိုင်အောင် ပါဂျောင်ကို ကိုယ်တိုင် လာခဲ့ကြောင်းနဲ့ ဆေးမှူး ကိုသိန်းထွန်းကို စစ်ဆေးရာမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြောင်း၊ ကိုထိန်းလင်းနဲ့ ကိုသိုက် စကားပြောဖိုင်မှာလည်း ကိုနိုင်အောင် ပါဂျောင် ရောက်ခဲ့ကြောင်း သိထားရပြီး၊ ဗဟို ကွဲပြီတဲ့ နောက် မြောက်ပိုင်းတစ်ခုလုံး ဒေါက်တာနိုင်အောင်ဖက်မှာ ရပ်တည်ခဲ့ကြောင်း၊ မြောက်ပိုင်းကို ကိုမိုးသီး တစ်ခါမှ မရောက်ခဲ့ဖူးကြောင်း၊ ဗဟို ကွဲခဲ့တဲ့ နောက်ပိုင်းမှာလည်း ဒီအမှုကို ကိုင်တွယ်ပုံမှာလည်း မတရား စွပ်စွဲထားသလို နည်းနည်းမှ မလျှော့ခဲ့ကြောင်း ကျနော့်ထံ (ရေးသူ- ဖတ်သူ) နှစ်ဦးသာ သိနိုင်တဲ့ မက်ဆေ့ခ်ျတွေ ပို့ပြီး မေးနေပါတယ်၊ မေးနေသူတွေကလည်း ပြောပါတယ်၊ သူတို့က ကိုနိုင်အောင်ကို မှန်းပြီး ကိုမိုးသီးကို ချစ်နေသူ တွေ မဟုတ်ပါဘူး၊ မျက်စိ လည်နေလို့ပါတဲ့ ... အကိုရေ ...
    • Zaw Thura ပြည်တွင်းမှာရှိနေတဲ့ ထွက်ပြေးလွှတ်မြောက်လာသူတွေကAB ဗဟို၊ AB မြောက်ပိုင်း၊ သတ်ဖြတ်နှိပ်စက်ခဲ့သူတွေ၊ သတ်ဖြတ်နှိပ်စက်ခံခဲ့သူတွေနဲ့  K I A နယ်မြေထဲမှာဖြစ်ခဲ့တဲ့အတွက် K I Aမှာပါ တာဝန်ရှိတယ်လို့ ဆိုပါတယ်...လာမယ့် ၁၂ ရက်နေ့ ကျရင် ကြေငြာချက်ထုတ်ပြန်မယ်လို့ သိရပါတယ်...။
    • အိုးဝေအောင် အိုးဘားမား ‎((အောင်နိုင်ရဲ့ကက်ကင်း- နိုင်အောင်သို့ ရှယ်လိုက်ခြင်း))ပြီးခဲ့တဲ့ အပိုင်း(၇)ကို ရော်နယ်အောင်နိုင် ဖေ့စ်ဘွတ်ခ်သို့ ရှယ်ခဲ့ပြီး မကျေနပ်ရင် ကျနော့်ကို ဘလောက်ခ် လုပ်ဖို့ မှာခဲ့တယ်။အခု အပိုင်း(၈)ကို ရှယ်ဖို့လုပ်တာ ရှယ်မရတော့ဘူး။ကျနော့ကို ဘလော့ခ် block လုပ်လိုက်လို့။အခု အပိုင်း၈ကို ဒေါက်တာနိုင်အောင်ရဲ့ ဖဘ ကို သွားရှယ်လိုက်တယ်။(( အောင်နိုင်ရဲ့ကက်ကင်း ကိုနိုင်အောင်လည်း မကျေနပ်ရင် ကျနော့ကို blockလုပ်နိုင်ပါတယ် ))လို့ အတိအလင်း ကြေငြာခဲ့လိုက်တယ်။(အိုးဝေအောင်)
    • Naing N Naing ကာယကံရှင်ဆိုတာ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ အသတ်ခံရသူတွေကိုမှ ကာယကံရှင်လို့ခေါ်တာ မဟုတ်ပါဘူး။ လုပ်ဖေါ်ကိုင်ဘက် ဗကသ( အထက်ဗမာပြည်) ရဲဘော်များကလည်း၊ သူတို့ရဲဘော်တွေဟာ ရန်သူ့သူလျှိုမဟုတ်ကြောင်း ပြတ်ပြတ်သားသား ရပ်တည်ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ ကျနော်တို့ဟာ အဖွဲ့အစည်းနဲ့ လုပ်တဲ့အခါတိုင်း ကိုယ့်ရဲ့ရဲဘော်တွေဘက်က တာဝန်ယူ ရပ်တည်လေ့ ရှိပါတယ်။ မျက်နှာလွှဲခဲပစ်လုပ်လေ့မရှိပါဘူး။ ဒါမှာလည်း ရဲဘော်ရဲဘက်စိတ် ရှိတယ်ခေါ်မှာပါ။
    • Ko Baloi AB ကို အဓိကဖြိုခွင်းခဲ့တဲ့ ဇတ်ကောင်နှစ်ကောင်က.....ပထမ- မိုးသီး....ဒုတိယ...နိုင်အောင်ပါပဲ..။ AB အောက်ခြေတပ်ရင်းတွေမှာ....ခေါင်းဆောင်ရှူး- ရှူးတဲ့ ပြဿတွကြောင့်- ခေါင်းဆောင်တွေဟာ အုပ်စုဖွဲ့ကာ...အပြစ်အတင်း နှောကြရာမှ... တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယုံထင်- ကြောင်ထင်ကာ တပ်ရင်းများတွင်...အာဏာသိမ်းခြင်းများဖြစ်ပေါ်လာခြင်း....တပ်ရင်းအစည်းဝေးများတွင်- တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ရန်သူတဖွယ် ဆွေးနွေးခြင်းကအစပြုပြီး....ဒီပြဿတွေဟာ ကြီးမားလာပြီး ထိမ်းမနိုင်သိမ်းမရ ဖြစ်လာရပါတယ်..။ မိုးသီးဟာ ပထမ....ဖြိုခွင်းသူ တရားခံ- ဒုတိယက- ဒေါက်တာ နိုင်အောင်ပါပဲ..။ မိုးသီးဟာ...ဘုရားသုံးဆူဒေသ (၁၀၁) တပ်ရင်းကို အရင်ထိုးခွဲလိုက်တဲ့....တရားခံပါ..။ ဒေါက်တာ နိုင်အောင်က တပြည့်မွေး အတွင်းကောက် စိတ်ရှိတဲ့လူ..။ နိုင်အောင်တပြည့်ဆို နိုင်အောင်ရဲ့ ဘောပဲ ရက်ရ- ရက်ရ...ကိုင်ပဲကိုင်ရ ကြေနပ်နေသူတွေကြောင့်....ဟိုကောင်က အရှူးဘုံမြောက်ပြီး ထင်တိုင်း ကြဲခဲ့တာပဲ..။ ဒီကောင်တွေကို ကာဘာပေးတဲ့ ဆရာမွေးသူတွေကိုပါ တခါထဲ နှိပ့်ကွပ်ထားရမယ်..။
    • Aye Aye Soe Win မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စဟာ အဲဒီဒေသမှာရောက်နေတဲ့ ကျောင်းသားတွေနဲ.ပဲဆိုင်တဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒိမိုကရေစီလိုလားတဲ့ ကျောင်းသားပြည်သူတစ်ခုလုံးနဲ.သက်ဆိုင်တယ်။ အမှန်တရားကို ဖေါ်ထုတ်တဲ့နေရာမှာ တိုင်းပြည်အတွက် စတေးခံသွားရတဲ့ သူရဲကေါင်းတွေ နေရာမှာ ဒီကိစ္စဟာ အသိတရားရှိသူအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို. ခံယူတယ်။ ကျောင်းသားထုတစ်ခုလုံး ပြည်သူတစ်ရပ်လုံး လုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ်။
    • Khin Nyein Thit Ma Ma ......I like this comment.
    • Zaw Myo Lwin I'm sharing. Thanks!
    • Poe Ziwa ‎(ကျနော်ဖိုးသက်) ABSDF ဆိုတာ ဘယ်သူ့ ကြောင့် ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့  အဖွဲ့ ဝင်ဖြစ်ခဲ့သူတွေ အားလုံးနဲ့  သက်ဆိုင်ပါတယ်။ ဟုတ်ပါတယ်။။။တာဝန်ယူခဲ့သူတွေက တာဝန်အရှိဆုံးပါ။ ဒီကိစ္စက အရေးမကြီးဘူးလို့  ကျနော်ဆိုလိုတာ မဟုတ်ပါ။ ကျနော်သည် ကိုမိုးသီး။ ကိုနိုင်အောင်--မည်သူ့ ဘက်မှ မလိုက်ပါ။ ကျောင်းသား stand ပဲရှိပါသည်၊
    • Poe Ziwa ‎(၁) ကျနော်သိချင်တာ တခုရှိပါတယ် ကိုအောင်မိုးဝင်း --ဘာဖြစ်လို့  ကချင်မြောက်ပိုင်းကိစ္စကို အခုမှ ဆွဲတင်ရတာလဲ ခင်ဗျာ။
    • Poe Ziwa ‎(၂) တိုင်းပြည်အတွက် ပြည်တွင်းမှာ အရေးကြီးနေသောအချိန်နှင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသောအချိန်ဖြစ်ပါသည်။
    • ဘရာဇီး ငှက်ရိုး အခြေအနေမပေလို့ပေါ့ ခုတောင်အေဘီကအောက်ခြေ ရဲဘော်တွေ အခုကေ့စ်ကိုသိလို့လား.....
    • Poe Ziwa ‎(၃) ကိုနိုင်အောင်။ ကိုမိုးသီးတို့ အား ပြည်တွင်းတွင် ခေါင်းဆောင်မှုပိုင်းနေရာတွင် သွားရှုပ်မည်စိုးသောကြောင့်လား။
    • ဘရာဇီး ငှက်ရိုး ကချင်တိုက်ပွဲတဲ့လား တိုင်း၇င်သားသားတွေနဲ့ တိုက်လာတာ နှစ်ပေါင်းလေးဆယ်တောင် ကျော်နေပေါ့...ခုမှတိုက်နေတာမှမဟုတ်တာ
      ဒီမိုကရေစီရဖို့ နောက်အနှစ်ငါးဆယ်တရာ စောင့်ဦး ဒီစိတ်ဓါတ်တွေ ရှိနေသရွှေ့ မရသေးဘူးသာမှတ်ပါ
    • Poe Ziwa နိုင်ငံတကာတွင် ရောက်နေသော ABSDF အဖွဲ့ ဝင်တိုင်း တနေ့  ABSDF သမိုင်းအားရှင်းလင်းရမည်ကို လူတိုင်းရင်ထဲတွင် ရှိသည်ဟုထင်ပါသည်။
    • Poe Ziwa ကျနော်တို့  (၁၀၂)စခန်းမှ သူများလည်း ဒီအကြောင်းကို နားစွန်နားဖျားသာ ကြားသိရ၍ ကျေနပ်ခဲ့ကြသည် မဟုတ်ပါ။ ABSDF အဖွဲ့ ဝင်တိုင်း သိချင်ကြပါလိမ့်မည်။ သို့ သော် အချိန်အခါ မဟုတ်သည့် အချိန် ဆွဲဆွဲတင်နေသည်ဟု ကျနော် ထင်မိပါသည်။ အမှန်တရားကို ဖော်ထုတ်ခြင်းဆိုလျင် ယခုအချိန်တွင် ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်းရေးဘ၀တွင် နိုင်ငံရေးတက်ကြွသူများအား မည်ကဲ့သို့  ပြုလုပ်ခဲ့သည်ကို တိကျစွာ စာရင်းပြုလုပ်သင့်ပြီး ပြည်သူများ ထင်ယောင်ထင်မှားအဖြစ်ရန် တင်ပြသင့်သည်ဟု ကျနော်ထင်မြင်မိပါသည်။
    • Poe Ziwa ကိုအောင်မိုးဝင်းနှင့် ကျနော်တို့  ကဗျာစာအုပ်ထုတ်ခဲ့သည့်နှစ်များကို မမေ့ပါ။ ကျနော် --အမေရကိန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်တွင် နေပါသည်။ cell phone: (301)785-5887 ဖြစ်ပါသည်။ ကျနော်တို့ ကျောင်းသား နိုင်ငံရေးနယ်ပယ်တွင် အသေးစား (သို့ ) ငမျောက် ငခြောက်လေးများမှလည်း မိမိတို့ ၏ မေးခွန်းများနှင့် ယုံကြည်မှုများအား လွတ်လပ်စွာ တင်ပြနိုင်ခွင့်ရှိပါသည်။ (ဖိုးသက်)
    • Poe Ziwa အကို (ဘရာဇီးငှက်ရိုး) ဘယ်သူလည်း ကျနော် မသိပါ။ ကျနော်လည်း အောက်ခြေက ရဲဘော်တယောက်ပါ။ ဗဟိုကော်မတီတို့  စခန်းကော်မတီတို့ ဆိုတာ ကျနော် ယောင်လို့ တောင် အိပ်မက်ထဲ ထည့်မက်ခဲ့တဲ့သူ မဟုတ်ပါ။ အဖြစ်မှန်ကို အမှန်အတိုင်း ဖြစ်စေချင်သူထဲမှာ ပါဝင်သူပါ၊
    • ဘရာဇီး ငှက်ရိုး အခြေအနေက သူ့ဟာသူဖန်တီးပြီး ပေါ်လာတာပါ ကိုထိန်လင်းစပြီး ရေးလိုက်ကတည်းက ကျနော့်လိုအပြင်လူတောင် Heat တက်သွားတယ်ဆိုတာတော့ ယုံပါ အကိုတို့အေဘီကလူတွေဆိုရင်တော့ ဆိုဖွယ်မရှိ ပေါက်ကွဲနေမှာပဲ... အခြေအနေက ဖန်တီးလာတာ...
    • Poe Ziwa မသေမချာပဲ အဖမ်းခံခဲ့ရတယ် အသတ်ခံခဲ့ရတယ် စွဲချက်တွေ တပုံကြီးနဲ့ ဆိုတဲ့ သတင်းဆိုးကြီးက ကျနော်တို့  ပါသါ ဘာမှမရှိတဲ့  အောက်ခြေရဲဘော်ရဲမေတွေ နားထဲရောက်ခဲ့ ရတယ်။ ပြီးတော့ refugees ဆိုတဲ့  ဘ၀ကို အဲဒီမြောက်ပိုင်း တစ္တေခြောက်လှန့် မှုကြောင့် တချို့  စခန်းထဲမှာ မနေရဲတော့ပဲ ရောက်လာကြရတယ်။ ထောက်လှမ်းရေးဗိုလ်ခင်ညွန့် တို့  လုပ်တာ မလုပ်တာ ကျနော်တို့  မသိပါဘူး။ ဒါပေမယ့် ကျနော်တို့ လို အောက်ဖြေရဲဘော်တွေ ခြောက်ခြားခဲ့ရတာတော့ အမှန်ပါ။ ဒါဟာ ညာလို့ မရတဲ့  ABSDF ရဲ့  သမိုင်းပါပဲ။
    • ဘရာဇီး ငှက်ရိုး ဒီကေ့စ်ကို အေဘီတပ်ဖွဲ့သိက္ခာကြောင့် ရေငုံနေခဲ့ကြတာ ဖြစ်မယ် မထင်မှတ်ပဲ ကိုထိန်လင်း သန်းကြွယ်သူဌေးမှာ ချရေးလိုက်တာ တော်တော်လေး ပက်စက်ခဲ့ပြီး တချို့ကွန်မန့် ပိုင်ရှင်တွေက တစ်တစ်ခွခွရေးထားတယ်လို့ တောင်ဆိုကြသေးတယ် တကယ်ခံခဲ့ရသူတွေ တိတိကျကျ ရေးပြထားတာ ကိုယ်တိုင်ခံရတာထက်တောင် ကြောက်ဖို့ကောင်းသေးတယ် ရက်စက်တာ လုံးဝလူမဆန်ဘူးဗျ ... သေချာလားမသေချာလားကတော့ ရော်နယ်အောင်နိုင် ကိုယ်တိုင်တောင် ငြင်းမှ မငြင်းတာ...
    • Aung Moe Win ဖိုးသက်- တိုင်းပြည်အတွက် အရေးကြီးတယ် ဆိုတာ အချိန်တိုင်းမှာ အရေးကြီးတယ် ဆိုတာ နိုင်ငံရေး (က) (ခ) ကို သင်ဘူးသူတိုင်းသိပါတယ်။ ကျနော်ဘာကြောင့် ခုမှဆွဲတင်ရတာလဲ လို့ မေးကတည်းက ခင်ဗျား ကျနော့်ဆောင်းပါးအားလုံး မဖတ်ခဲ့ဘူး ဆိုတာ ထင်ရှားနေပါတယ်။ ဆောင်းပါး (၁) မှ စဖတ်ပါ။
    • Aung Moe Win ခင်ဗျားမေးခွန်းကို မဖြေခင် ကျနော်ကလည်း ခင်ဗျားကို မေးခွန်းတခုမေးပါမည်။ ခေါင်းဖြတ်သတ်ခံရတဲ့သူ၊ မုဒိမ်းကျင့်သတ်ခံရသူဟာ ခင်ဗျားညီမ၊ ခင်ဗျားအမ ဖြစ်ခဲ့မယ်ဆိုရင်၊ လူ့အခွင့်အရေးဆိုတာကို ပြည်ပဒီမိုကရေစီအင်အားစုတွေ အော်နေသလိုမျိုး ခင်ဗျားနားလည်နိုင်ပါသလား။
    • Poe Ziwa အကို့ ဆောင်းပါးတွေ မဖတ်တာ မဟုတ်ပါဘူး။ ကျနော်စွပ်စွဲချင်တာ မဟုတ်ပေမယ့် အကိုက မန္တလေးတို့  (ဗကသ)တို့  အစွဲကြီးတယ်လို့  ကျနော် ညီအကိုလို ပြောကြည့်ချင်တယ်ဗျာ။ အကိုတို့ က စကားအကြီးကြီးတွေ သိပ်ပြောတတ်တယ်ဗျာ။ ကျနော်ကတော့ (၁)ချက်လေးပဲတွေးလိုက်တယ်။ အဲဒါ ကိုဇာဂနာလည်း မနေ့ ကပြောသွားတယ်။ ကျနော်တို့ ကိုယ်တိုယ် ပရုပ်ဆီအကွင်းခံရတဲ့ ပုရွက်ဆိပ်တွေဖြစ်နေတယ်ဆိုတာပါပဲ။
    • Aung Moe Win မန္တလေး ဗကသ အစွဲကြီးတယ်ပြောရအောင် ကျနော့ပါးစပ်က ဘယ်နှစ်ခါထွက်ဘူးပြီး ခင်ဗျားကရော ကျနော်တို့ ညီလာခံအကြောင်း ဘာတွေသိထားပါသလဲ
    • Poe Ziwa ခင်ဗျားညီမ၊ ခင်ဗျားအမ ဆိုတဲ့ စကားမျိုးကတော့ အဲဒီစကားတောင် မသုံးသင့်ပါဘူးဗျာ။ ကျနော်ဘယ်သူလဲဆိုတာ ခင်ဗျားလည်း သိပါတယ်။ ကျနော်တို့  မမြင်ဘူးတဲ့သူတွေ လွတ်မြောက်ရေးအတွက်တောင် တောင်းဆိုနေသေးတယ်ဗျာ။ ခင်ဗျားလည်း ခင်ဗျားအတိုင်းအတာနဲ့  ခင်ဗျားလုပ်နိုင်သလောက်လုပ်နေတာလို့  ကျနော်မြင်ပါတယ်။ ဒါပေမယ့်ဗျာ ငါကမှ (ဗကသ) အကြောင်းသိတယ် မပြောပါနဲ့ ဗျာ။ ကျနော်သိတဲ့ (ဗကသ ) ခင်ဗျားသိတဲ့ (ဗကသ) ကွာချင်ကွာမှာပေါ့ဗျာ။ ကျနော်တို့ လည်း လူမဆန်စွာ သတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်ရမယ်ဆိုတာ ထောက်ခံတဲ့သူပါ။
    • Aung Moe Win နေပါအုံး ခင်ဗျားကို ကျနော်က ဗကသ အကြောင်းအားလုံးသိတယ် လို့ပြောခဲ့လို့လား။ မန္တလေး (ဗကသ) ကို မိုးသီးကိုယ်တိုင်က အစ မသိခဲ့ဘူး ဆိုလို့ မိတ်ဆက်ပေးနေတာလေ။ ထွန်းအောင်ကျော်ဟာ ဗကသ ညီလာခံက တင်မြှောက်ခဲ့တဲ့ ဒုဥက္ကဋ္ဌလေ။ သမိုင်းမသိပဲနဲ့ ထောက်လှမ်းရေး စွပ်စွဲသတ်တာလည်းပြောကြအုံးလေ
    • Poe Ziwa ကျနော့် ပါဝါနဲ့  ခင်ဗျားပါဝါနဲ့  ကွာချင်ကွာမယ်ဗျာ။ သေချာတာကတော့ ခင်ဗျားတို့  Newyork ကို ကိုဇာဂနာလာမှာပါ။ သူနဲ့ တွေ့ ပြီး ဆွေးနွေးလိုက်ပါ။ သူတို့ စကားက ကျနော့်ထက် ပိုပြီး ပါဝါပိုရှိပါတယ်။ သူတို့ က ပိုထိစပ်မှုများတော့ ကျနော့်ထက် ပိုဆွေးနွေးနိုင်ပါတယ်လေ။
    • Aung Moe Win ကျနော့ဆောင်းပါးကိစ္စ နဲ့ ဇာဂနာ နဲ့ ဘာဆိုင်လို့လဲ။ သေချာတာက ဇာဂနာက ဇာဂနာပဲ။ ကျနော်တို့ ရှင်းနေတဲ့ ကိစ္စကို သူမှာ ဘာမှ ပါဝါမရှိဘူး။
    • Poe Ziwa ကိုအောင်မိုးဝင်း--ခင်ဗျားကို သမိုင်းမှားတယ် မှန်တယ် ငြင်းနေတာ မဟုတ်ဘူး။ ဗကသ အကြောင်းလည်း ငြင်းနေတာ မဟုတ်ဘူး။ ကျနော် ဆွေးနွေးရတာက ဒီအချိန်မှာ ပွထလာရတဲ့အကြောင်းကို ပြောတာပါဗျာ။ ကိုမိုးသီး ဘယ်လိုလူဆိုတာ သူနဲ့  ထိစပ်ခဲ့သူတိုင်း သိပါတယ်။
    • Aung Moe Win ခင်ဗျားက မေးခွန်းမေးချင်ရင် သူများရေးတဲ့ဆောင်းပါးအားလုံးကို သေချာဖတ်လေ။ ခင်ဗျားက စာလည်းမဖတ်ပဲနဲ့ သံသယနဲ့မေးခွန်းထုတ်တာမျိုးတွေ ရှောင်စေချင်တယ်။
    • Poe Ziwa အေးလေဗျာ--ခင်ဗျားလည်း ခင်ဗျားလုပ်ချင်တာသာ ဆက်လုပ် ဆက်ရှင်းပါ။ ကျနော်ကလည်း ကျနော့်အမြင်နဲ့ ကျနော်တင်ပြတာပဲရှိပါတယ်။ ကျနော်လည်း ကျနော်တင်ပြပိုင်ခွင့်ရှိပါတယ်။ ခင်ဗျားနဲ့  ကျနော်လည်း ရန်သူဖြစ်စရာအကြောင်းမရှိပါဘူး။ သေချာတာက တော်လှန်ရေးမှာ ခင်ဗျားက တောင်တတောင်ဖြစ်မယ်ဆိုခဲ့ရင် ကျနော်တို့ က ကျောက်တုံးနေရာကပါ။
    • Poe Ziwa ခင်ဗျားအပေါ်ကို သံသယနဲ့ မေးနေတာ မဟုတ်ဘူး.။ ခင်ဗျားကို မေးမိတာကိုက ကျနော်မှားတယ်ဗျာ----
    • Aung Moe Win စိတ်ချပါ။ ကျနော်က မိတ်ဆွေတွေအပေါ် အခင်အမင်မပျက်သလို၊ ကျနော်ယုံကြည်ရာလမ်းကြောင်းကိုလည်း ခေါင်းမာမာ တစိုက်မတ်မတ်လုပ်လေ့ရှိသူပါ။ ဘယ်သူမှ တားဆီးလို့မရပါဘူး။ အမှန်တရားအတွက် ဆက်လုပ်သွားမယ်။ ယုတ်မာရက်စက်မှုကို ဘယ်သူက လုပ်လုပ် အချိန်မရွေး၊ နေရာမရွေး ဆန့်ကျင်သွားမယ်။
    • Poe Ziwa ကိုယ့်အချင်းချင်း ပြန်ကိုက်နေတာကိုပဲ စိတ်ပျက်မိတာ။။။ ကျနော်လည်း ခင်ဗျားကို မတိုက်ဘူး မကိုက်ဘူး။ ဒါကြောင့် e-mail ပေါ်တောင် မတက်ပဲ ခင်ဗျား FB မှာလာရေးနေတာပေါ့ဗျာ။ ခင်ဗျား ပေါက်ကွဲမှုများ ဆက်လက်ရှင်သန်နိုင်ပါစေ။ ကျနော့်ဆွေးနွေးမှု ဒီနေရာမှာပဲ ရပ်လိုက်တယ်ဗျာ။
    • Poe Ziwa ခင်မင်စွာဖြင့် (ဖိုးသက်)
    • Aung Moe Win ဘယ်သူတွေက ကိုယ့်အချင်းချင်းလဲ။ ယုတ်မာရက်စက်သူတွေနဲ့ ဘယ်တုံးကမှ အချင်းချင်းမဖြစ်ခဲ့ဘူး။ ပေါက်ကွဲနေတယ် လို့ ထင်ကတည်းက ခင်ဗျားမှားနေပြီ ကျနော်က ယုတ်မာရက်စက်သူတွေ၊ မြေခွေးတွေကို သွေးအေးအေးနဲ့ အမဲလိုက်နေတာ။ ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားကို ဆက်လက် ခင်မင်ရင်းနဲ့ပဲ၊ ကျနော်လည်း အမဲဆက်လိုက်ပါရစေ။
    • Poe Ziwa ခင်ဗျား အမဲကောင်းရတဲ့ မုဆိုးကောင်းဖြစ်ပါစေ။ အမှုမှန်ပေါ်ပေါက်ပါစေလို့  ကျနော် သေဆုံးသွားသူများကိုယ်စား ဆုတောင်းပါတယ်။
    • Aung Moe Win ကျေးဇူးတင်ပါတယ် ကိုဖိုးသက်- အစစအရာရာ အဆင်ပြေပါစေဗျာ
    • Poe Ziwa ကျနော့်နှမ မပါပေမယ့် ကျနော့် အမတွေနေရာမှာ ခံစားပြီး နာကျင်ရပါတယ်။
    • Aung Moe Win ယုံပါတယ်။ ခင်ဗျားလည်း ကဗျာဆရာပဲ။ ကဗျာဆရာဆိုတာ သူများထက် ပိုခံစားတတ်ပါတယ်
    • ဘရာဇီး ငှက်ရိုး ကျနော်ပထမဆုံး စဖတ်ဖူးတာ ကိုညီညီ(ဆမားညီညီ ) ရေးထားတာထင်ပါရဲ့ ရေးသား တင်ပြပုံက မော်ဒန်ဝတ္တု့ဖတ်ရသလို ကျနော့်ကိုမျက်စေ့လည်သွားစေတယ် သူတင်ပြနိုင်သလောက် အင်္ဂလိပ်လိုလေး ရေးထားတာကို စဖတ်မိတယ် နောက်တော်တော်ကြာကြာမှ ကိုထိန်လင်း(ပန်းချီ)က ရေးတယ် နောက်ကိုအောင်မိုးဝင်းရေးတယ် ကိုကျော်ကြီး(ကိုညီညီကျော်)ရေးတယ် ကိုလင်းဝေအောင်လဲ ရေးနေတယ် ကိုမောင်မောင်(ရွှေကရဝိတ်) လဲရေးတယ် လူတွေအများကြီး ဝိုင်းရေးလာကြတယ် နောက်ဆုံး ဘလော့ဂါရွှေစင်ဦး တောင်ရေးတယ် ကာယကံရှင်(ခံရသူ)တွေ အကုန်လုံး ပေါ်တင်ထွက်ပေါ်လာကြတာ ဒီအချိန်က အချိန်ကောင်းလို့ ကျနော်တော့မြင်တယ် အေဘီက အဖတ်ဆည်လို့ ရနေသေးတဲ့အချိန်ပါ နောက်ကြာလာမှဆိုရင် အေဘီမြောင်းထဲရောက်ပြီးမှ အဖတ်ဆည်သလိုဖြစ်မယ် ပြည်တွင်းက ညီငယ်တွေကို ဒီအကြောင်းအရာကို ချပြမှ သင့်တော်မယ်လို့ ကျနော်ကတော့ထင်တယ် ချပြသင့်တယ်လို့လဲ ထင်တယ် ဒါကြောင့်ကျနော် အပြင်လူဖြစ်နေပေမဲ့ ဒီကေ့စ်ကို လိုက်နေတာ နောင်မှာ သမိုင်းစာအုပ်ထဲ ထည့်မှာ အဲ့လူတွေကို သွေးကြွေးမဆပ်ပါဘူး ထောင်ထဲပဲပို့မှာ တသက်ပြန်မထွက်စတမ်း..... သံချောင်းကိစ္စလဲ ရှင်းရဦးမယ် နိုင်/ကျဉ်းထဲပါနေတာ မသင့်တော်ဘူး ရဲဘော်ကြီးတွေနဲ့တွဲဖက်မဟုတ်ပေမဲ့ လက်တွဲလုပ်စရာတွေများတယ် လက်တွဲဖို့ သင့်တော်တဲ့ အခိုက်မှာ လက်တွဲထားပါ.....
    • Zaw Thura ကိုအောင်မိုးဝင်းရေ...ABမြောက်ပိုင်းက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး သိချင်တာတွေရှိလို့ အကို့ ကို ကျွန်တော်အပ်လိုက်တာပါ...သေဆုံးခဲ့သူတွေထဲမှာ ကျွန်တော်နဲ့ ခင်မင်ရင်းနှီးသူတွေပါနေလို့ ဒီကိစ္စအတွက် လိုက်လံစုံစမ်းမေးမြန်းခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ ၊မြောက်ပိုင်းကနေ ထွက်ပြေးလွတ်မြာက်ခဲ့တဲ့ ပြည်တွင်းကAB အဖွဲ့ ဝင် ၁၀ ဦးလောက်နဲ့ တွေ့ ခဲ့ ပြီးပါပြီ..ကျန်ရှိနေသူတွေနဲ့ လည်း တွေ့ ဆုံနိုင်ဖို့ ကြိုးစားဦးမှာပါ...၊တစ်ချို့ ကလည်း စိတ်နာပြီး နိုင်ငံရေးနဲ့ ခပ်ဝေးဝေးနေတဲ့သူတွေကို တွေ့ ခဲ့ ရသလို တစ်ချို့ ကြတော့ ပြန်လည်ပြောပြရင်း ရှော့ခ် ရသွားတဲ့သူတွေလည်း တွေ့ ခဲ့ရပါတယ်...ကိုထိန်လင်းရေးထားတာတောင် တော်တော်လျှော့ပြီး ဖော့ရေးထားတာလို့ ပြောပြသူတွေလည်းရှိပါတယ် ၊ကျောင်းသားခေါင်းဆောင်လို့ အမည်ခံနေတဲ့သူတစ်ချို့ နိုင်ငံရေးမှာမြောင်းထဲရောက်တာလောက်နဲ့ တော့ ဘာမှစာဖွဲ့ စရာအကြောင်းမရှိပါဘူး.. ဆက်သာလုပ်ပါ အားပေးနေပါတယ်၊ကျွန်တော့မှာလည်း အချက်အလက်တစ်ချို့ ရှိနေပါတယ် ၊ကာယကံရှင်တွေကိုယ်တိုင် ထုတ်ဖော်အသိပေးတာမျိုး ဖြစ်တဲ့အချိန်အထိ စောင့်နေတာပါ..။
    • Khin Nyein Thit ကိုအောင်မိုးဝင်း..........မိုးသီးက ဘယ်လိုပါလာတာလဲ
    • Sithu Myo မသေမချင်း ဆက်လက်အားပေးနေပါတယ် ခင်ဗျ ။
    • Nge Naing ဒီတခါတော့ ကိုအောင်မိုးဝင်း မ tag ထားလို့ ကိုယ့်ဖါသာကိုယ်ပဲ Share လိုက်ပါတယ်။ ကျွန်မ fb မ၀င်ဖြစ်တာ နှစ်ပတ်လောက် ရှိနေပြီ။ fb နိုင်ငံရေး ဘာတွေ ပြောင်းလဲနေလဲဆိုတာ အခုမှ လေ့လာရဦးမယ်။
    • Nge Naing
      Nge Naing ဒီမှတ်ချက်က ကျွန်မဘလော့ဂ်က ဒီပို့စ်မှာ http://nge-naing.blogspot.com.au/2009/10/blog-post.html မြောက်ပိုင်းအကြောင်း သူများလာမေးထားသူတွေကို ကျွန်မ ပြန်ဖြေခဲ့တဲ့မှတ်ချက်ပါ။ တောင်ပိုင်းဗဟိုက မြောက်ပိုင်းကို သွားတဲ့အချိန်နဲ့ ပတ်သက်ပြီ
း ကျွန်မသိထားတာနဲ့ ကွဲလွဲနေလို့ ဒီမှာပါ တင်ပေးလိုက်ပါတယ်။ ((((မြောက်ပိုင်းမှာ ဖြစ်သွားတဲ့ ကိစ္စကို ပြေလည်အောင် ဖြေရှင်းဖို့ လက်ရှိ ABSDF ဗဟိုက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ABSDF မြောက်ပိုင်းက ပထ၀ီအနေအတားအရ နယ်စပ်ဆိုလို့ တရုတ်နိုင်ငံ တခုသာ ဆက်စပ်မှုရှိပြီး လမ်းပမ်းဆက်သွယ်ရေးအရရော ကြေးနန်းအဆက်အသွယ်အရပါ၊ ပြင်ပကမ္ဘာာနဲ့ သီးခြားလို ဖြစ်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က တတိယအကြိမ် ညီလာခံ ကျင်းပပြီးတဲ့အချိန်အထိ ABSDF မြောက်ပိုင်းဆိုတာ ဖွဲ့စည်းပုံအရ လုပ်ငန်းလည်ပတ်မှုအရ၊ တောင်ပိုင်းနဲ့ သီးခြားစီ ဖြစ်နေပြီး ၉၂ ဖေါ်ဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ဒီမြောက်ပိုင်းသတ်ဖြတ်မှုမှုတွေ ဖြစ်ပြီးသွားခဲ့တာကို တောင်ပိုင်းဗဟိုက သိရတာ မတ်လမှာမှ The Nations သတင်းစာမှာပါလို့ သိရတယ်လို့ အဲဒီတုန်းက ဗဟိုကော်မတီက ပြောပါတယ်။

      ဧပြီလမှာ တောင်ပိုင်းဗဟိုက ဥက္ကဌနဲ့ အဖွဲ့ရောက်သွားပြီးမှ တောင်ပိုင်းဗဟိုနဲ့ မြောက်ပိုင်းဗဟို လုပ်ငန်းစီးဆင်းမှုကို စတင် ဆက်စပ်လုပ်ဆောင်ခဲ့တယ်ဆိုတာ သိရတယ်။ တောင်ပိုင်းဗဟို ရောက်သွားပြီးနောက်ပိုင်းမှာ သလျှိုလို့သတ်မှတ်ပြီး သံကွင်းတွေစွပ်ထားတာကို ဖြုတ်လိုက်တယ်၊ သူလျှိုတယောက်မှ သေဒဏ်ဆက်မပေးဖို့ ညှဉ်းဆဲတာအပါအ၀င် လူ့အခွင့်အရေး ချိုးဖေါက်တာတွေ ထပ်မလုပ်ဖို့ တောင်ပိုင်းဗဟိုက တောင်းဆိုချက်ကို မြောက်ပိုင်းဗဟိုက သဘောတူခဲ့တယ်လို့သိရတယ်။ ICRC နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်ဆိုတာ သိရပါတယ်။ ဒါဆိုရင် မြောက်ပိုင်း ABSDF ဟာ တောင်ပိုင်းအပေါအ၀င် ပြင်ပနဲ့ စတင်ဆက်စပ် အလုပ်လုပ်တာ ၉၂ ဧပြီနောက်ပိုင်းမှ စတယ်လို့ ပြောလို့ရပါတယ်။ (ဆက်ရန်)
      nge-naing.blogspot.com
      စာတွေလာဖတ်သွားတယ် အမ၊ အမတို့ တပ်ရင်းမှာတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ သူတွေနဲ့ ကျနော်ကလ
      က်ရှိမှာ တစ်မြို့တည်း နေတော့ ဒီအကြောင်းတွေတခါတလေ သူတို့ပြောပြရင် ကြားဘူးပါတယ်၊အခုလို သေသေချာချာ ရေးပြတော့ ပိုပြီး ဖတ်လို့ကောင်းပါတယ်၊ အားပေးလျက်ပါ အမ။
    • Nge Naing
      အခုချိန်မှာ အဲဒီတုန်းက ရန်သူလူမဟုတ်ဘဲ အညှဉ်းဆဲခံခဲ့ရတဲ့ ကာယကံရှင်တချို့က ထုတ်ဖေါ်ရေးသားဖေါ်ပြလိုက်မှ ဒီလောက်အထိ ဆိုးဆိုးရွားရွား ဖြစ်သွားတယ်ဆိုတာ ကျွန်မလည်း အခုမှပဲ သိရတယ်။ အစကတော့ ရန်သူသလျှိုဆိုပြီး သေဒဏ်ပေးခဲ့တယ်ဆိုတာပဲ သိထားတယ်။ ဒါကိုလည်းပ
ဲ လူ့အခွင့်အရေးကို တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတခုအနေနဲ့ မဖြစ်သင့်ဘူးဆိုတာ အားလုံးကလက်ခံထားပါတယ်။ အဲဒီတုန်းက တောင်ပိုင်း ဗဟိုကိုယ်တိုင်ကလည်း ဒီကိစ္စအပေါ် မြောက်ပိုင်းဗဟိုက အစီရင်ခံတဲ့အတိုင်းပဲ ရန်သူသလျှို ဖေါ်ထုတ်အရေးယူမှုအဖြစ် လက်ခံထားလိုက်ပုံရပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ မဖြစ်သင့်မဖြစ်ထိုက်ဘူး၊ ABSDF သမိုင်းမှာ အမဲစက်ကြီးတခု ဖြစ်တယ်၊ တချိန်ချိန်မှာ တာဝန်ယူဖြေရှင်းရမယ်ဆိုတာ ဗဟိုကော်မတီအဆက်ဆက်က အမြဲတမ်း နှလုံးသွင်း လက်ခံထားပြီး အခုချိန်မှာ မဟုတ်ဘဲနဲ့ ခံရတဲ့သူတွေဆီက အသံတွေထွက်လာချိန်မှာ ဒီကိစ္စကို အမှန်တရားဖေါ်ထုတ်ဖို့အတွက် လောလောဆယ် လုပ်နိုင်စရာဆိုလို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့ပြီး စဆင်ဆောင်ရွက်နေတဲ့အကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက်သော်လည်းကောင်း၊ ဘယ်လိုအကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းသင့်တယ်ဆိုတာအပါအ၀င် ကာယကံရှင်တွေ ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အထူးလိုအပ်ကြောင်း ABSDF ဥက္ကဌ ကိုသံခဲက ၂၉-၁-၁၂ ရက်နေ့က ဆစ်ဒနီမှာ ကျင်းပတဲ့ Public Meeting မှာ မေးခွန်းမေးသူတဦးကို ဖြေရင်း ပြောသွားခဲ့ပါတယ်။ အမှန်တရားကတော့ ဖုံးကွယ်လို့မရပါဘူး မဟုတ်ရင်မဟုတ်တဲ့အတိုင်း အဖြေမှန်က ပေါ်မှာပါ။ ABSDF ဟာ တိုင်းပြည်အတွက် လိုအပ်ချက်တွေ အများကြီးကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီအမဲစက်ကြောင့်တော့ ABSDF ဟာ ပြည်သူလူထုအတွက် ပေးဆပ်လာတဲ့ သမိုင်းကို ဖျောက်ဖျက်လို့ မရပါဘူး။
    • Zaw Thura
      Nge Naing@အစ်မပြောသလို ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ပြည်တွင်းကလူတစ်ချို့ လည်းပြောပါတယ်၊လွဲနေတာက မြောက်ပိုင်းကို ဘာတီးလင့်တနာနဲ့ သတင်းထောက်အချို့ ရောက်ခဲ့လို့ ဒီသတင်းထောက်တွေက ဆက်မသတ်ဖို့ တောင်းဆိုတာကို မြောက်ပိုင်းကခေါင်းဆောင်တွေက သဘောတူခဲ့ကြတ
ာလို့ သိထားပါတယ် တောင်ပိုင်းဗဟိုက သွားပြောတာမဟုတ်ပါဘူး ၊The Nations သတင်းစာမှာပါလို့ ဖုံးမရဖိမရဖြစ်ခဲ့တာလို့ သိထားပါတယ် ။တောင်ပိုင်းမှာလည်း သူလျှိုလို့ စွတ်စွဲပြီး သတ်ခဲ့ကြပါသေးတယ်...အသတ်ခံရတဲ့သူကလည်း မြောက်ပိုင်းကလူလို့ သိထားပါတယ်။
    • Aye Aye Soe Win ဆ မား ညီညီ ရဲ့ မှတ် တမ်း မှာ လဲ Dr. နိုင် အောင် မြောက် ပိုင်း စ ခန်း လာသွား တာ ပါ ပါ တယ်။ မျက် နှာ ပြောင်ကြီး ခု ထိ တိုင် အောင် တိုက် နေ သူ တွေ လူ သတ် သ မား တွေ ရဲ့ ဂိုဏ်း သား များ ၏ တန် ပြန် မေး ပုံ က လဲ ဗြောင် စော်ကာ: လွန်: ပါ တယ်။
    • Aye Aye Soe Win <င်းကိုရောက်လာတယ်ဆိုတာကို ကျနော်တို့ သက်သေပြနိုင်ပါတယ်။၁၉၉၂ ကေအိုင်အေ ရဲ့ ဧည့်သည်တော်မှတ်တမ်း မှာ သက်သေခံနိုင်ပါတယ်>>
    • Aye Aye Soe Win
      <ာရေးခန်းထဲကို ၀င်လာတယ် ။ အစစ်ခံနေရတဲ့သူက ရင်း ၄၀၁ က ကျော်စွာဝင်းမောင်( ရန်ကုန် ၊ မင်္ဂလာတောင်ညွန့် သစ္စာလမ်း အိမ်အမှတ် ၂၁) စစ်နေတဲ့သူက သက်ထွန်း ( ဒု အရာခံဗိုလ် ခွဲမှုး မိုးညှင်း ) ။ အဲဒီအချိန်မှာ ဒေါက်တာနိုင်အောင်က ကိုကျော်စွာဝင်းမောင်ကို မေးတယ်။ မိုးသီးဇွန်ရော ..ထောက်လှမ်းရေးဘဲမလား .ိလို့ ။ ကိုကျော်စွာက မဟုတ်ကြောင်း ပြန်ေါ်ပြားတော့ ၊ ကိုသက်ထွန်းက " မင်းမဟုတ်ကြောင်းပြောတာ တအားမြန်ပါလား " လို့ပြောရင်းး ကိုကျော်စွာ ပေါင်ကို ဓါးနဲ့ ထိုးတယ်လို့ သိရပါတယ်။ ဆိုလိုချင်တာက( ဒေါက်တာနိုင်အောင်အနေနဲ့ ကာယကံရှင်ကိုယ်တိုင် ကိုယ်ထိလက်ရော် ကျူးလွန်ါခဲံ့တာတွေကို တော့ ၅၀၁ က လူတွေ ပြန်ပြောတာ ပိုကောင်းမှာပါ)ဒေါက်တာနိုင်အောင် က ဘာကြောင့်ပါဝင်ပါသက်သလဲဆို ရင် သူ့ ရ ရှိထားတဲ့နေရာခိုင်မြဲရေးအတွက်လို့ ယူဆပါတယ်။သူမြောက်ပိုင်းက ပြန်သွားချိန်မှာ သူ့ ကို အေဘီမြောက်ပိုင်းက ထောက်ခံကြောင်း ဆိုတဲ့ သဘောထားကို သူရရှီသွားတယ်လေ။>>
    • Aye Aye Soe Win <.ခံရဲရမှာပေါ့...နိုင်အောင်က မြောက်ပိုင်းမလာဘူးလေးဘာနဲ့...မိုးကြိုးပစ် ထန်းလက်နဲ့ကာ...စကားတွေပြောနေတာ....ဒီကောင်တွေ...စစ်အစိုးရ နဲ့ တတန်းထဲကောင်တွေ....မိတ်ဆွေမဟုတ်ဘူး...ရဲဘော်မဟုတ်ဘူး...သတိထားကြ ကိုယ့်လူတို့...လူထုကို ဒုက္ခပေးမဲ့ကောင်....အခုလည်း ပြည်တွင်းကို ၀င်ဘို့ကြံနေပြန်ပြီ....ပြည်တွင်းက တို့တတွေ....ဒီကောင့်ကို..တရားစွဲဘို့သာပြင်ထားကြပေတော့။>>
    • Aye Aye Soe Win I still do not understand why Ko Moe Thee does not have a show-down with DNA, regarding DNA's email to Ko Than Win...I am waiting...
    • Ko Baloi
      AB မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး လူတချို့က ဘာကြောင့် အခုမှ ထုတ်ဖော်ရသလဲ....ရန်သူအားပေးသလို ဖြစ်နေမယ်ဆိုပြီး....နောက်မှဖော်ပြသင့်တယ်လို့....ဘာညာ- ကွီကွပြောဆိုသံတွေကြားရပါတယ်။ ကျနော်ကတော့....အဲဒီလူတွေနဲ့ ဆန့်ကျင်ဘက်မှာရှိနေပါတယ်....ကျနော်က
      ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းဖြစ်စဉ်မှန်ကို သိချင်တာ ကြာခဲ့ပါပြီး....မမှော်လင့်ပဲ ဒီသတင်းဟာပေါ်လာတော့ အငမ်းမရဖတ်မိပါတယ်....ဖတ်နေရင်းကနေ ဒေါသကြီးကြီးတွေဟာ မကြာ- မကြာ ငယ်ထိပ်ဆီကို ပြေး- ပြေးတက်နေတော့ စာဆုံးသွားတိုင်း တော်တော်ကြေကြေကွဲကွဲခံစားခဲ့ရပါတယ်....ဒေါသလည်းအရမ်းထွက်ခဲ့ပါတယ်...ဒီလောက် လူမဆန်စွာရက်ရက်စက်စက်သတ်ဖြတ်ခဲ့သူတွေကို ကျေရာကျေကြောင်း...ဘယ်သူက စကားဆိုနိုင်မှာတဲ့လဲ...ဗျာ။ အမှန်တရားကို ချိန်ခါရောက်ပြီး- ကျော်လွန်နေရဲ့သားကိုသိလျှက်နဲ့ သက်မဲ့ရုပ်ကြွင်းလို...ဘာမှမခံစားရသလို....ချိန်ခါဆွဲဆန့်နေသူတွေကို ကျနော်အံ့သြမိတာအမှန်ပါ..။ ကဲ- အချိန်ခါမကျသေး ရင် ဒီကိစ္စကို ဘယ်အချိန်ကြမှ အကောင်ထည်ဖော်စေချင်ကြသလဲ....အမှန်တရားကိုဖော်ထုတ်ပေးတဲ့လူတွေကရော...တရားသဘောနဲ့ပြောရရင်...နေ့မြင်- ညပျောက်သွားရင်ကော ဘယ်လိုလုပ်မလဲ..။ အချိန်ကျရဲ့သားနဲ့ အချိန်ကို နေ့ရွေ့- ညရွေ့ ပြောင်းလဲအောင်လုပ်နေသူများသည် ကြံဂာပါတွေနဲ့ အလားသဏ္ဍန်တူနေတယ်လို့...ပွင့်လင်းရိုးသားစွာ တင်ပြလိုက်ပါသည်။ (မည်သူ့ကိုမှ မရည်ရွယ်ပါ....တိုက်ဆိုင်သူများအတွက်သာဖြစ်သည်)
    • Ko Baloi ကြံရာပါလို့....ဖတ်ရှုပေးပါရန်။
    • Nge Naing
      ဒီပို့စ်တွေ တင်လာတာ အခု နံပါတ် ၈ ထိဖြစ်လာပါပြီ၊ ဒေါက်တာနိုင်အောင် မြောက်ပိုင်း မသွားဘူးလိုံ့ ဘယ်သူမှ ပြောထားတာ ကျွန်မ မတွေ့ဘူး၊ သတ်ဖြတ်တဲ့သတင်းတွေကို မတ်လမှာ ကြားပြီး ဧပြီလမှာ ဖြစ်ပြီး ဧပြီလမှာ မြောက်ပိုင်းကို သွားတယ်လို့ ABSDF မှတ်တမ်းအရ သ
ိရပါတယ်။ ဒီထဲမှာတော့ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ ခေါင်းဖြတ်မသတ်ခင်လို့ ပြောနေကြတယ်။ နောက်တခုက ဒီထဲမှာ ပြောနေကြသလို ဒေါက်တာနိုင်အောင်ကိုယ်တိုင် မြောက်ပိုင်းသွားပြီး သွားစည်းရုံးလိုက်မှ မြောက်ပိုင်းက ရပ်တာ မဟုတ်ဘူး။ မကဒတကွဲပြီးတာနဲ့ မြောက်ပိုင်းကိုယ်စားလှယ်တွေက အားလုံးက ရပ်ကြတယ်။ ကျွန်မ ပြောနေတာ Fact ကို ပြောနေတာ၊ ဘယ်လိုပဲ အငြင်းပွားနေပွားနေ အမှန်တရားကတော့ ဖုံးကွယ်လို့ မရဘူး။ ဒါဟာ အမှန်ဆုံးစကားပဲ။
    • ဘရာဇီး ငှက်ရိုး
      အေဘီလူဟောင်း အကုန်လုံး ဝိုင်းဝန်းရှင်းလင်းပေး ကြရမှာပါ ဒါအမှန်တရားပါ ရဲဘော်ဟောင်းတွေဆီက ကျနော်သိရတာက သူတို့ ဘာမှမသိကြဘူးတဲ့ သိသလောက် ဖော်ထုတ်ပေးကြပါ အမှန်တရားအတွက် ရပ်တည်ပေးကြပါ ရဲဘော်ကြီးတို့သိသလောက်ပဲပြောပေးကြပါ အပြင်လူတွေဖြစ်တဲ့ ကျနော်တိ
ု့တောင် ခံစားရတယ် နာကျင်ရတယ် ကြေကွဲရတယ် လုပ်ဖော်ကိုင်ဖက်နဲ့ မိသားစုဝင်တွေဆို ဘယ်လိုဖြစ်နေမလဲ စဥ်းစားကြည့်ပေးကြပါ . . . အခုရေးနေကြသူ တော်တော်များများက အဝေးမှာ ရုန်းကန်နေရသူတွေပါ ကိုယ့်တိုင်းပြည်ကို ခေါင်းမော့ ရင်ကော့ပြီး ပြန်ချင်ကြမယ်ဆိုတာလဲ ယုံကြည်ပြီးသား.. ပူးပေါင်းဖော်ထုတ်ကြပါ.....
    • Sliv Mmc I just wanna say 'They should die' . Unbelievable. No wonder why the revolution failed. I don't like Moe Thee Zun and Dr. Naing Aung. I do oppose those for their return to Myanmar. If necessary , I will write a letter to U Aung Min not to accept their return to Myanmar as a Myanmar citizen.They are thick , shameless and have two faces.
    • Sliv Mmc အောင်ပွဲရခါနီးပြီ လို. မတန်မရာပြောထွက်ရက်ပါပေ့ ။ ဒီလိုပြောလို. ဦးမိုးသီးဇွန်တို. ဒေါက်တာ နိုင်အောင်ဖက်က နာတဲ့သူရှိလဲ ဂရုမစိုက်ဘူးလို. အခုထဲက ကြိုပြောထားလိုက်ပါရစေ ။ အာဏာရူုးကြတဲ့ ဦးသန်းရွှေနဲ.တဂိုဏ်းတည်း ပါပဲ ။ တကယ်ဖြေရှင်းရတဲ့အချိန်ရောက်ခဲ့ရင် အမှန်တရားလိုလားသော ABSDF အဖွဲ.ဝင်ဟောင်းများ မည်သူ.ကိုမှ ကြောက်စရာ မလိုပဲ ရဲရဲဝံ့ဝံ့ ရပ်တည်ဖော်ထုတ်ပေးကြစေလိုပါသည် ။ What goes around, comes around . ဆိုတဲ့စကားပုံဟာ အလကားမဟုတ်ပါ ။
    • Sliv Mmc
      ကိုအောင်မိုးဝင်းဆိုသူကို တခုတော့ပြောချင်ပါတယ် ။ ဒီလို အမှန်တရားကိုရေးတဲ့အခါ ဟက်ထိပြီးအနာပေါ်တုတ်ကျ ဖြစ်သူတွေရှိလိမ့်မယ် ။ ဂရုမစိုက်ပါနဲ. ။ ဒါဟာ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးနဲ.လည်း ဘာမှ မဆိုင်ပါဘူး ။ မတရားကြွေလွင့်ခဲ့ရတဲ့ ကျောင်းသားရဲဘော်မျ
ားအတွက် သာ ဖြစ်တာကြောင့် ရဲရဲဆက်လုပ်ပါ ။ ကျောင်းသားအရေးကို ခံခဲ့ရသူ ၊ ကိုယ်တိုင်တွေ.သူ၊ သက်သေများကသာ ရဲရဲဝံ့ဝံ့ ညီညီညွတ်ညွတ်နဲ. တရားခံတွေကို ဖော်ထုတ်ကြရမယ့် အချိန်ပါ ။ ဦးဇာဂနာနဲ.ဘာမှ မဆိုင်ပါ ။ သူဝင်ပါစရာလဲ မလိုပါ ။ ပိုပြီးရောရှုပ်သွားမှာကို မလိုလားပါကြောင်း ..
    • Ko Baloi
      ဒေါက်တာနိုင်အောင်ရဲ့ သဘောထားထုတ်ပြန်ကျေညာချက်မှာ....သူဟာမြောက်ပိုင်း AB ကိုရောက်ရှိသွားမှ ရန်သူကို ပိုပြီးနားကျည်းခဲ့တယ်...ဆိုပဲ။ အဲဒီလိုပြောပြီး သတ်ဖြတ်မှုဖြစ်တာ ရန်သူရဲ့ပရောဂလို့ ဆိုလိုပုံရပါတယ်... သူ့ကိုလည်း AB မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ြ
      ပီး လူတွေ နားလည်ပေးစွမ်းနိုင်လိမ့်မယ်လို့ ယူဆပုံရပါတယ်..။ ဒီနေရာမှာ...နိုင်အောင်နားလည်အောင်ရှင်းရှင်းပဲပြောလိုက်မယ်...ရန်သူဟာ ဘယ်တော့မှ တနေရာထဲမှာ အစုလိုက်အပြုံလိုက် ခိုမအောင်းနေဘူးကွ...ဖြန့်ကျက်ပြီး ရန်သူတွေဟာ ထိပ့်ပိုင်းနေရာတော်တော်များများမှာ နေရာယူတတ်ပါတယ်..။ အခုဟာက....အာဏာလွန်ဆွဲပွဲမှာ ပါဝါတွေထုတ်သုံးပြီး လူသတ်ပွဲကျင်းပခဲ့ တာပဲလို့....ရိုးရိုးရှင်းရှင်းပဲ မြင်မိပါတယ်။
    • Aye Aye Soe Win
      Leave alone U Zarganar..Even if Daw Aung San Su Kyi ever asked anyone to prevent us from speaking the truth about the murders at the north camp in 1992 and pursuing justice which is long overdue for twenty years, no one would see the end o
      f this discussion and this very quest for justice and truth (in this particular case). It seems there is a moral question for everyone. Big names are not going to help anyone answer that question correctly. Unless each and everyone of you gets familiar with the concept of justice and earnestly lives a life based on its values, it would be pointless of anyone to ask for the opinions of another person...
    • Aye Aye Soe Win
      Feb 6, 2012 at the meeting with U Aung Min...
      "အပြင်မှာ ရောက်နေတဲ့သူတွေကော၊ တောထဲမှာ ရောက်နေတဲ့သူတွေကော ပြည်တွင်းထဲကလူတွေကော စိတ်ချမ်းသာ ကြည်ကြည်နူးနူးနဲ့ နေနိုင်မယ့် အခြခံအုတ်မြစ်တွေကို ချဖို့လိုတယ်။ အဲဒါတွေ ရှိပြီဆိုရင် ဘယ်သူမှလည်း လက်နက်
      ကိုင် တိုက်မနေတော့ဘူး။ အဲဒါမျိုးဖြစ်ဖို့ အဓိက ကျတယ်ပေါ့။ အဲဒါမျိုး ဆောင်ရွက်စေချင်တယ်"
      ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။

      ထို့ပြင် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ရပ်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရပ်ပေးရန်နှင့် ကျန်ရှိနေသေး သည့် နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးရန် FDB က တင်ပြတောင်းဆိုခဲ့သည်ဟုလည်း သိရသည်။
    • Aye Aye Soe Win Why did not he talk about လူ့အခွင့်အရေး ချိုးဖေါက်မှုများ at the north camp in 1992?
    • Aye Aye Soe Win http://www.facebook.com/note.php?note_id=236502236433813
      ဒီနေရာမှာရက်ရက်စက်စက်စစ်ဆေးခဲ့ကြတယ်…. ( ၁ ) ကိုကျော်ဝေ၏လက်ကို ဒစ်တိုနေတာတပ်ကာဝါယာရှော့ဖြင့် ဖေါက်ခွဲခဲ့သည်...
    • Tun Tun Lwin အဲ့ ချိန်ကဟာတွေလဲ ဘာမှမသိဘူးဗျာ..ခုမှ သိရဖတ်ရတဲ့  လူတယောက်အနေနဲ့တော့  အင်း ၈၈ လဲ အဖျားခတ်လောက်မှီလိုက်တယ်ပေါ့ ဗျာ...ဘေးကကြည့် တာတော့  ချက်ပွဲတပွဲ ကြည့် ရသလိုဘဲ အကွက်တွေ ကြိုမြင်နေတယ်....အော် သုခ ..သုခ
    • Phome Maung
      ကိုသန်းဝင်းဆီကို၊ကိုနိုင်အောင်ကန့်လာကာနောက်ကွယ်ကပေးတဲ့စာဟာလုံးဝမရိုးသားဘူးလို့ထင်ပါတယ်၊တကယ်တန်းခေါင်းဆောင်လုပ်တဲ့သူတွေဟာခေါင်းဆောင်ပီသခဲ့ရင်မင်းနဲ့ပါရှင်းကြရအောင်လို့လူသိရှင်ကြားပြောသင့်တယ်၊အခုတစ်ယောက်မှထုတ်မပြောသေးဘူး။နှစ်ယောက်စလုံးသတ္တိနည်
းနေကြတယ်၊ကိုမီုးသီးကမှပျပန်မှာနည်းနည်းပြောသေးတယ်၊ကိုနိုင်အောင်ကဘာဆိုဘာမှမပြောတာဆိုတာအကြောက်လွန်နေလို့လားမှမသိတာ၊အဲဒီလိုလူတွေငါတို့ဘာလို့ကိုးကွယ်နေရမှာလည်း၊သူတို့ကြောင့်လှပတဲ့ကျောင်းသားတပ်မတော်သမိုင်း၊ကျောင်းသားသမိုင်းအမဲစက်ဖြစ်ခဲ့ရတယ်၊ကျနော်အရမ်းစိတ်နာတယ်ဗျာ၊ခေါင်းဆောင်ဆိုပြီး၊ဖါးနေကြတဲ့သူတွေကိုလည်းလုံးဝကြည့်လို့မရဘူး၊မှားတဲ့ဘက်မှဘယ်တော့မှမနေကြပါနဲ့ဗျာ
    • Aung Moe Win စဉ်းစား-- စဉ်းစား--- ကိုယ်ဥာဏ်မှီသလောက် စဉ်းစား။ အခုချိန်ထိ သူများကို သံသယ ထားတယ်ဆိုတာ ကိုယ်ကိုယ်တိုင် ကိုယ်ခံအား သိတ်မကောင်းသေးဘူး ဆိုတာလည်း သဘောပေါက် ငါ့ညီ။
    • Udp Myanmar
      မြောက်ပိုင်းက ကျောင်းသားတွေ အသတ်ခံရတဲ့ကိစ္စနဲ. ပတ်သက်ပြီး မိသားစုတွေ နစ်နာသူ ခံရယူ ကာယကံရှင်တွေက အမှန်တရားနဲ. တရားဥပဒေ၏ အဆုံးအဖြတ်ကို လိုချင် ရချင် တောင်းဆိုနေတာ ဖြစ်ပါသည်။

      ဒါပေမယ့် ဒီကိစ္စကို တချို.ကတော့ နိုင်ငံရေး ကစားပြီး--- ဒါဟာ
      နိုင်အောင်အုပ်စုဖြစ်တယ်။ ဒါဟာ မိုးသီးလက်ချက် ဖြစ်တယ်ဆိုပြီး--- အုပ်စုဖွဲ.ကာ သူ.လူ ကိုယ်လူဆိုပြီး လူသတ်မှုကနေ လွတ်လာလွတ်ကြောင်းအတွက် ကိုယ့်ခေါင်းဆောင်ကို ကာကွယ်။ တခြား တဖက်ကို ထိုးချတဲ့ ခပ်ညံ့ညံ့နဲ. အုပ်စုတွေအကြား နိုင်ငံရေး ကစားတာ မျိုး လုပ်ချင်ပုံရပါသည်။

      တကယ်တော့ မိသားစုတွေနဲ. နစ်နာသူတွေ လိုချင်တာက ဘယ်သူ လက်ချက် ဒီလူလက်ချက် ဟိုလူလက်ချက်ဆိုတဲ့ စွပ်စွဲချက်တွေနဲ. လွဲချ ပုတ်ချတာတွေ အုပ်စုဖွဲ.ပြီး ကာနေတာတွေကို လိုချင်တာ တောင်းဆိုတာ မဟုတ်ပါ။ ။ ဒီလူသတ်မှုတွေအတွက် အပစ်ရှိတဲ့သူတွေကို တရားဥပဒေအရ ဥပဒေ၏ အဆုံးအဖြတ်ကို ရရှိအောင် ယူဆို.သာ ဆန္ဒရှိတာပါ----

      ဒါကြောင့် နိုင်အောင် မိုးသီး စတဲ့ အုပ်စုတွေ နောက်လိုက်တွေ၏ ဆုံးဖြတ်မှု ထောက်ခံမှု ကန်.ကွက်မှုနဲ. ခွင့်လွတ်မှုတွေကို တောင်းဆိုနေတာ မဟုတ်ပါ--မိသားစုတွေ လိုချင်တာက ဥပဒေ၏ အဆုံးအဖြတ်ပါ။ ။

      ဒါကြောင့် ခေါင်းဆောင်လုပ်သူတွေက ဒီကိစ္စကို နောက်ကွယ်ကနေ တိုးတိုးတိတ်တိတ်နဲ. ကိုယ့် နောက်လိုက် အူကြောင်ကြားတွေကို မြောက်ပေးပြီး လူထုဆန္ဒခံယူကာ အင်တာနက်နဲ. နိုင်ငံရေး အစည်းအဝေးပွဲတွေမှာ အဖြေရှာဖို. အမှန်တရားကို ရှင်းလင်းဖို.---ဆိုပြီး အုပ်စုတိုက်ပွဲတွေနဲ. ခြေဦးမှု လက်ဦးမှု ရရှိအောင် ကစားနေတာ ကုလားဖန် ထိုးနေတာတွေ မြင်တော့--- အတော်ကို တရားကျဖို. ကောင်းပါသည်။--- အနှစ် ၂၀ ကြာပြီးသည်အထိ အရင်အကျင့်ဆိုးတွေ အရင်စရိုက်တွေ မဖျောက်ပဲ မပျောက်ပဲ မိုက်မဲတဲ့ အတွေးအခေါ် အယူအဆတွေနဲ. အမှန်တရားကို ရှေ.တန်းမထားပဲ--- ကိုယ့်လူ ကိုယ့်အုပ်စု မထိရင် မညှိရင် ပြီးရောဆိုတဲ့ စိတ်ဓာတ် လက်ခုစုပ် လက်နှီးသုပ် စိတ်ဓာတ်တွေနဲ. ပေကျန်ညစ်ပတ်နေကြပါတကား။ ။
    • Udp Myanmar
      စေတနာရှိတဲ့သူတွေကို ခံရသူ မိသားစုတွေအတွက် စိတ်မကောင်းဖူး။ ဘ၀ကူး ကောင်းအောင် ကုသိုလ်ကောင်းမှု လုပ်ပြီး အမျှဝေဖို. ရေစက်ချဖို. ၀ိုင်းဝန်းကူညီ လုပ်ဆောင် အားပေးနေတဲ့အချိန်မှာ----ရဲဘော်ကြီးတွေ တော်လှန်ရေး ရဲဘော်ကြီးတွေ ကျောင်းသား ခေါင်းေ
      ဆာင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေကတော့ ကိုယ့်အစုလေးတွေနဲ. ကိုယ် ခြေပုန်းခုတ်ပြီး ကုတ်ကုတ်နဲ. အမှန်တရားကို လက်ခုသုပ်လက်ကာ--- ဖုန်းကွယ်ဖို.--- ကျိုးစားနေတာ သနားစရာပါ--- ရန်ကုန် မန္တလေး ပြည်တွင်း ပြည်ပ ရှိသမျှ အစွမ်းအစနဲ. အဆက်အသွယ်တွေကို အသုံးချပြီး-- ကိုထွန်းအောင်ကျော်တို. အုပ်စုကို သတ်ခဲ့တဲ့အမှုတွေ မပေါ်အောင် မဖော်ထုတ်နိုင်အောင် ဆက်ပြီး နှုတ်ပိတ်ဖို. တိတ်တဆိတ် လုပ်နေတာ--- ဠင်းတတို.၏ ကြီးမားတဲ့ မဟာ တော်လှန်ရေး မဟာအမျိုးသား နိုင်ငံရေးပါလားလို.=== အောချမိပါသည်။---

      သို.သော် မိသားစုတွေ၏ အမှန်တရား ဖော်ထုတ်ရေးနဲ. လူသတ်မှုမှာ အပစ်ရှိပြီး တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူပြီး အပစ်ပေးနိုင်အောင် ဥပဒေ၏ အဆုံးအဖြတ်ကို ရယူနိုင်ဖို. ကျိုးစားမှုတွေဟာ----ဘယ်သူ တားတား ဘယ်သူ ဖျက်ဖျက် ဘယ်သူ ကာကာ ရတော့မည် မဟုတ်ပါဆိုတာ--- ဠင်းတ အုပ်စုတွေ သိစေချင်ပါသည်။ ။

      ပြည်သူတွေကလဲ သင်တို.ဟာ ခွပ်ဒေါင်းလား အသားစားတဲ့ ဠင်းတ တွေလာ ဆိုတာ အခုတော့ ကွဲကွဲပြားပြား ခြားခြားနားနား သိနေပါပြီ။-- ဠင်းတနဲ. ခွပ်ဒေါင်းဆိုတာ ပြည်သူတွေ ကွဲပါသည်။

      ဒါကြောင့် ဠင်းတတွေက ခွပ်ဒေါင်းတွေဆိုပြီး အရောင်ပြောင်းဖို. မျက်နှာဖုံးစွပ်ပြီး ပြည်တော် ပြန်ဖို.---မစဉ်းစားပါနဲ။ ။ မြန်မာပြည်သူတွေဟာ အဲဒီလောက်တော့ မအပါ။ မညံ့ပါ။ ခေတ်နောက် မကျပါ--- ခွပ်ဒေါင်းတွေ အိုးဝေလို. တေးသံတွေ ရင့်ကျူးတဲ့အချိန် သင်တို.လို. ဠင်းတတွေဟာ---- ဘာဖြစ်နေမလဲ---- စဉ်းစားသာ နေပေတော့--- အသင် မောင်မင်း ဠင်းတ အုပ်စုတွေ---အပုတ်အနံ. တစ်ထောင်ထောင်းနဲ. သူတို.၏ အနံဆိုး သတင်းဆိုးတွေလဲ တစ်တိုင်းပြည်လုံး--- သိကုန်နေပါပြီ---

      ဒါကြောင့် သူတို.ဆီက အမှန်တရားတွေ ရှင်းလင်းချက်တွေ မလိုပါ----တရားဥပဒေက အချိန်ကျတာနဲ. ဥပဒေ၏ အဆုံးအဖြတ်ကို ပေးပါလိမ့်မည်။
    • မိုး စဲ အမှန်တရားရဲ့နွေဦးကိုရောက်တော့မှာပါ ဘယ်သူတွေ ဘာကြောင့်လုပ်ခဲ့တယ် ဘယ်သူတွေက အားပေးကူညီခဲ့တယ် ဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင်သိမှာပါ..ကိုယ့်အလှည့်မှာ ဘယ်လိုလဲ ကဲ..ကြည့်မယ်..ဗျာ
    • Saw Min Htike Kyaw
ိအေး။ sai maw ဆိုတဲ့ကိုယ့်လူကို ပြောချင်တာ က ကျောင်းသားတပ်မတော်မှတ်တမ်းမှာ ကိုထွန်းအောင်ကျော်တို့ ကိုခုချိန်ထိ သူလျှိုလို့ သတ်မှတ်ထားတုန်းပဲ။ ပြန်လွတ်လာပြီး စစ်အစိုးရရဲ့ ထောင်ထဲမှာ ထပ်ပြီးကျခံခဲ့ကြရတဲ့ သူတွေကိုလည်း ခုချိန်ထိ ကျောင်းသားတပ်မေ
      တာ် မှတ်တမ်းမှာ သူလျှိုလို့  သတ်မှတ်ထားတုန်းပဲ။ ဒီမိုကရေစီအရေးကြိုးပမ်းကြတဲ့သမိုင်းမှာ ဒီလောက်ပက်ပက်စက်စက် စတေးခံခဲ့ကြရပြီး၊ ခုချိန်ထိ သူလျှိုအဖြစ် အေဘီအက်စ်ဒီအက် မှတ်တမ်းကနေ ပယ်ဖျက်ခြင်းမခံကြရသေးသူတွေအတွက် ဒီလောက်ကြိုးစားပမ်းစားလုပ်တာတောင် နည်းနေပါသေးတယ်။ဒီလောက်ကြိုးစားပမ်းစားလုပ်တာတောင် ကျောင်းသား တပ်မတော်ဟာ တုတ်တုတ်မလှုပ်ဘူး။ ဘာမှမလုပ်ပဲနေရင် ကိုထွန်းအောင်ကျော် တို့ သမိုင်းဟာ သူလျှိုအဖြစ် မှတ်တမ်းမှာ ကျန်ရစ်ခဲ့ရတော့မယ်။ ခုပဲ အနှစ် ၂၀ ကြာခဲ့ပြီ။ ကိုယ်မခံခဲ့ရအတွက် ကိုယ်ချင်းမစာနာတတ်တဲ့ ကွန်မင့်တွေပေးမယ် လို့ စိတ်ကကြံစည်လိုက်တိုင်း အဲဒီလက်ကို ပင်အပ်နဲ့ တချက် အရင်ထိုးကြည့်ပြီးမှ ပေးဖို့  အကြံပြုတယ်။ အဲဒီထက် ကိုယ့်လူကသွေးရဲတယ်ဆိုရင်တော့ လက်သန်းတချောင်းလောက် ခုတ်ဖြတ်လိုက်ပြီးမှ ကွန်မင့်တွေ ပေးဖို့ အကြံပြုတယ်။
    • အိုးဝေအောင် အိုးဘားမား
      ကိုအောင်မိုးဝင်းက ((ကိုနိုင်အောင်က မြောက်ပိုင်းကိစ္စမှာ ကိုမိုးသီး အမိန့်ပေးတာ ဆိုတဲ့ ပေးစာတစောင်ရှိတယ်။ ကိုမိုးသီးက ဘာကြောင့် ကိုနိုင်အောင် ကို တိုက်ရိုက်မရှင်းတာလဲ။ တခုခုတော့ တခုခုပဲ။ ကိုနိုင်အောင်ရဲ့စာကို တင်ပေးပါမယ်။)) တဲ့။ ကိုအောင်မိုးဝ
      င်း...ကျနော် တမျိုးတွေးမိတယ်နော်။ (ကိုနိုင်အောင်အစစ်ဖြစ်စေ၊အတုဖြစ်စေ ..အဲဒီ နာမည်နဲ့အီးမေးလ် အကောင့်ဖွင့်ပြီး ကိုမိုးသီးကို အပြစ်လွှဲချတာမျိုးရော မဖြစ်နိုင်ဘူးလား။)း( (ကျနော် သုံးသပ်နေရသလောက် မြောက်ပိုင်းလူသတ်မှုက အောင်နိုင်နဲ့နိုင်အောင်=ကက်ကင်း နှစ်ကောင်မှာ အဓိက ကျနေတယ်လို့ပဲ မြင်နေမိတယ်။) အမှားပါရင် ဆက်ကြိုးစားကာ သုံးသပ်ပါဦးမယ်။(အိုးဝေအောင်)
    • Aung Moe Win စာက အတုဘယ်ဖြစ်နိုင်ပါ့မလဲ ကိုအိုးဝေအောင် ရယ်။ ကျနော့အိမ်ကို ကိုနိုင်အောင်လာလည်တဲ့အချိန်က အဲ့ဒီစာရေးပြီးမှ၊ လာလည်တာလေ။ အဲ့ဒီစာလေးအကြောင်းတောင် ဆွေးနွေးဖြစ်ကြသေးတယ်။ ဘယ်သူလိမ်သလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ။
    • အိုးဝေအောင် အိုးဘားမား
      အခုလို ရှင်းပြတာ ရှင်းနေပါတယ်။ အဲဒီရှင်းပြတဲ့အပိုဒ်ကိုလည်း-ဆရာရေးမယ့် နောက်အပိုင်းတွေမှာ ပေါ်လွင်အောင် ဖြည့်သင့်တယ်။(နို့မို့ရင် ကိုမိုးသီးက သူပြန်မဖြေရှင်းတာဟာ စာအတုထင်လို့။ပစ်စာထင်လို့ ..မရှင်းဘဲနေတာဆိုတဲ့ ဆင်ခြေမျိုး ပေးနေတာ ရှိမှာစိုးလို
့ ..စာအစစ်ဖြစ်ကြောင်း ခိုင်လုံတဲ့အခါ သူဘယ်လိုမှ ထပ် ငြိမ်လို့မရ-သူ အမိန့်ပေးတာ မဟုတ်ရင် မဟုတ်ကြောင်း ဖြေရှင်းပေးရမယ့်ကိန်း ဆိုက်စေပါတယ်။(အဲဒီအထိ တွန်းပို့တာတောင် ပြန်မရှင်းလည်း သူ့ကို ကယ်လို့ မရနိုင်တဲ့ သူထဲ ထားခဲ့ရတော့မှာပေါ့။)း( နေရစ်ခဲ့ ငရမန်ကန်း ရေ..လို့)း
    • Nge Naing
      ကိုအောင်မိုးဝင်း တင်တဲ့ပို့စ် ၈ ခုရှိပြီ အခုဒီပို့စ်တခုပဲ ကျွန်မ Like ပေးတာ ရှိသေးတယ်။ အရင်ပို့စ်တွေကို မပေးတာက မကြိုက်လို့မဟုတ်ဘူး ကြေကွဲရလွန်းလို့ like မပေးရက်တာ သက်သက်ပါ။ အခု ကိုအောင်မိုးဝင်းရဲ့ အပိုဒ် (၈) ကိုဖတ်ပြီး အဖြေကို အဖြေကို မျက
်စိထဲမှာ မြင်နေရလို့ Like ပေးလိုက်ပါတယ်။ ဒါနဲ့ အပေါ်မှာ Zaw Thura က ကျွန်မကို ရည်ညွန်းပြီး ပြောထားတဲ့ မှတ်ချက်ကို အခုမှ သတိထားမိပါတယ်။ သတင်းထောက်က ဆက်မသတ်ဖို့ တောင်းဆိုတယ်ဆိုတာ ချွင်းချက်မရှိ ယုံပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ သတင်းထောက် အဲလို ပြောတာနဲ့ပဲ ကျွန်မ ပြောတဲ့ တောင်ပိုင်းဗဟိုက တောင်းဆိုတာကို မြောက်ပိုင်းက လိုက်လျောခဲ့တယ် ဆိုတဲ့ အချက်ကို လွဲနေတယ်လို့ ဘာကြောင့် ပြောရလဲဆိုတာ ကျွန်မ နားမလည်ဘူး။ ကျွန်မ ပြောတာ ကျွန်မ လေ့လာပြီးသိထားတဲ့အချက်အလက် (Fact not opinion) ကိုပဲ ပြန်ပြောတာ ဖြစ်ပြီး ကိုယ်ထင်တာကိုလည်း အရမ်းပြောတတ်သူ မဟုတ်ဘူး။ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ဖမ်းနေဆီးနေ ညဉ်းဆဲနေတဲ့ ကိစ္စတွေအားလုံးဟာ ဒုတိယအကြိမ် ညီလာခံသက်တမ်းထဲမှာ ဖြစ်ခဲ့ပြီး တတိယအကြိမ် ညီလာခံမှာ ဗဟိုကွဲတော့ မြောက်ပိုင်း ရပ်လိုက်တဲ့ဘက်က ဒီကိစ္စကို ခေါင်းခံလိုက်ရပါတယ်။ မိမိအဖွဲ့အစည်းထဲမှာ ဖြစ်သွားတဲ့ ကောင်းမွေဆိုးမွေနှစ်ခုစလုံးကို တာဝန်ခံရမယ်ဆိုတဲ့ Responsibility and accountability အရ တာဝန်ယူပြီး တာဝန်ခံလိုက်တာသာ ဖြစ်ပေမဲ့ တကယ်က ခေါင်းခံလိုက်ရတဲ့ ဗဟိုဟာ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်း လုံးဝမရှိခဲ့ဘူး။ ကိုထွန်းအောင်ကျော်တို့ကို အသတ်ခံရတာ ၉၁ ဖေါ်ဖေါ်ဝါရီလဆိုတော့ ကွဲပြီးစစချင်းမှာ ဖြစ်ပြီး ဗဟိုက ဒါကို မတ်လ ၁ ရက်နေ့ The nation သတင်းစာထဲပါလာမှ သိတယ်။ သိပြီးမှ ဧပြီလမှာ မြောက်ပိုင်းကို သွားပါတယ်။ ဒီထဲမှာ ခေါင်းဖြတ်မသတ်ခင် သွားတယ်လို့ ပြောနေကြတာ အမှတ်မှားပြီး တကယ်ထင်လို့ ပြောတာလား၊ မဟုတ်မှန်း သိလျှက်နဲ့ တမင်ပြောနေတာလားဆိုတာ ကျွန်မ တကယ်ကို နားမလည်ဘူး။ ဒေါက်တာနိုင်အောင် မြောက်ပိုင်းသွားတာ ဧပြီလမှာသွားတယ် ခြေခြင်းတွေ ဖြုတ်ဖို့၊ ဆက်မသတ်ဖို့ မညဉ်ဆဲဖို့ ဗဟိုကတောင်းဆိုတာကို မြောက်ပိုင်းက သဘောတူခဲ့ပါတယ်။ အဲဒါ ကျွန်မ ကိုအောင်မိုးဝင်းနဲ့ ပန်းချီထိန်လင်းတို့ရဲ့ ပထမဦးဆုံး ပို့စ်တွေကို ဖတ်ရကတည်းက မခံစားနိုင်လို့ ဒီအဖြစ်အပျက်တွေ ဟုတ်လား ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင် မဟုတ်ဘူး ကျေးဇူးပြုပြီး ပြောပြကြပါလို့ မေးသင့်မေးထိုက်တဲ့သူတွေကို မေးမြန်းလေ့လာပြီးမှ သိရတဲ့အချက်အလက် (Fact not opinion) ယုံထင်ကြောင်ထင် အခြေအမြစ်မရှိ တောပြောတောင်ပြော ပြောခြင်း မဟုတ်ပါ။ အပေါ်မှာ ကျွန်မ လာရေးထားတဲ့ မှတ်ချက်ဟာ ကျွန်မဘလော့ဂ်မှာ သူများလာမေးလို့ ဖြေထားတာကို ကူးယူလာတာ ဖြစ်ပြီး။ အဲဒီလောက်တောင် မသိခင်ကလည်း ဒီပို့စ်မှာပဲ သူများလာမေးတာကို မသိတာကို ကျွန်မ မသိတော့ မသိတဲ့အကြောင်းပဲ ကျွန်မဖြေထားတာ ဒီပို့စ်အောက်မှာပဲ ရှိပါတယ် http://nge-naing.blogspot.com.au/2009/10/blog-post.html ဆိုလိုတာက ကျွန်မ မသိဘဲနဲ့ အရမ်းကိုယ်ထင်ရာ စွပ်မပြောတတ်ဘူးဆိုတာပါပဲ။ ဒါကြောင့် အခုကိစ္စမှာ လွဲနေတာက ကျွန်မဟုတ်ဘူး ကျွန်မကို လွဲနေတယ်လို့ ပြောတဲ့သူနဲ့ အဲဒီပြောထားတာကို Like ပေးထားသူတွေသာ ဖြစ်မယ်လို့ သတ်မှတ်လို့ရပါတယ်။ ကျွန်မပြောနေသလို မဟုတ်ဘူးဆိုရင်လည်း ဘာကြောင့် ဘယ်လိုဆိုတာ ကျွန်မကို တိတိကျကျ ခိုင်ခိုင်လုံလုံ ပြန်ဆွေးနွေးနိုင်ပါတယ်။ "အမှန်တရားဆိုတာ ဖုံးကွယ်လို့မရဘူး" ဒါကျွန်မ စကား မဟုတ် တရားစကားပါ။ မနက်ဖြန် အစောကြီး အလုပ်သွားရမှာမို့ အခုတော့ အားလုံးပဲ good night!
      nge-naing.blogspot.com
      စာတွေလာဖတ်သွားတယ် အမ၊ အမတို့ တပ်ရင်းမှာတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ သူတွေနဲ့ ကျနော်ကလ...See More
    • Htun Aung Gyaw ကိုသန်းဝင်းကိုဒေါက်တာနိုင်အောင်ရေးတဲ့စာဟာကိုသန်းဝင်းလုပ်ကြံရေးတဲ့ အ တုဖြစ်တယ်လိုဒေါက်တာနိုင်အောင်ကဆိုတယ်ဆိုတာ ဘယ်မှာကြည့်လို့ရမလဲ? အထောက်အထားရှိရင်ပေးစေချင်တယ်၊ ဒါ မှဘယ်သူတွေကလိမ်နေတယ်ဆို တာ အဖြေထုတ်လို့ရမှာ။ နိုင်အောင်ကဒီစာသူရေးတာမဟုတ်ဘူးဆိုတာဘယ်
    • Htun Aung Gyaw သူ့ကိုပြောလဲ၊ ဘယ်သူသက်သေရှိလဲ? တိတိကျကျသိသူရှိရင်ပြောစေချင်တယ်။
    • Nge Naing ဆောရီး ခုနှစ်မှားသွားတယ်။ ၉၁ မဟုတ်ပါ ၉၂ ပါ။
    • Aye Aye Soe Winြ<< Sai Maw said: မန်မာတနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရစ်တစ်တပ်ဦး (မကဒတ) ဆိုတာ သေနကဗျူဟာအရ ရန်သူကိုဓား ဓားချင်း လှံလှံချင်းပြန်လည်တုန့် ပြန်ဖို့ ဖြစ်တယ်။ မကဒတ ဟာ အနှစ်နာခံတဲ့နေရာ မှာပဲဖြစ်ဖြစ် အသေခံရာမှာပဲဖြစ်ဖြစ် အရှေ့ ဆုံးကပါ>> This air is too much...but quite entertaining though...
    • Min Tharr
      စိုင်းမော်ဆိုတဲ့ လေမဟာဗျူဟာ ပိုင်နိုင်တဲ့ ဆရာကြီးရေ မကဒတရဲ. ဒါးဒါးချင်း လှံလှံချင်းတုံ.ပြန်မယ်ဆိုတာ ရန်သူကိုပါ။ ကိုယ့်တပ်ဖွဲ.၀င် အချင်းချင်းကို မတရားစွပ်စွဲ လူမဆန်ယုတ်မာတဲ့ နည်းတွေနဲ. နှိပ်စက်ပြီး သူလျှိုပါလို. အတင်းအဓမ္မ၀န်ခံခိုင်းပြီး သ
      တ်ဖြတ်ဖို.အတွက် မဟုတ်ပါဘူး။ ဒိကိစ္စကို ဖေါ်ထုတ်နေတဲ့သူတွေကို စပိုင်ဆိုပြီးတော့ထပ်ပြီးလဲ စွပ်စွဲလိုက်သေးတယ်။ ခင်ဗျား မကဒတမှာ ဘယ်လောက်လုပ်ခဲ့ပြီး ဘယ်လောက်အနစ်နာခံခဲ့လဲ ကျနော်မသိပါဘူး။ ခင်ဗျားကွန်မင့်ကို ကြည့်လိုက်တာနဲ.တင် အဖါးကြမ်းပြိးတော့ အနေချောင်အောင် နေခဲ့တဲ့ သူမျိုးဆိုတာ သိသာပါတယ်။ ယခု ခြေအေးဝမ်းယေါင်ဖြစ်နေတဲ့ ခင်ဗျားဆရာ မယားခိုးကြိးကိုလဲ ပြောလိုက်ပါ။ ခင်ဗျားတို.ရဲ. MARKETING က တော်တော်ကိုညံ့နေတယ်လို. လုပ်လေမှားလေဖြစ်နေတယ်လို. ကျနော်ပြောတယ်လို. ပြောလိုက်ပါ။ ရယ်ရတယ်ဗျာ ဟာသလေးတွေ ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    • Zaw Thura Nge Naing @အမ မေးသင့်မေးထိုက်တဲ့သူတွေဆိုတာကို မေးရုံနဲ့ အဖြေမှန်မရနိုင်သလို ကျွန်တော်သိသလောက်နဲ့ လည်း မမှန်နိုင်ပါဘူး၊အဲ့ဒါကြောင့် ကျွန်တော်အခုထိ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မစွတ်စွဲသေးသလို ဘယ်သူ့ ကိုမှလည်း ကာကွယ်ပြီးပြောမနေပါဘူး၊ကိုယ်သိသလောက်နဲ့ ပြောရင် မျက်မမြင်ပုဏ္ဍားခြောက်ယောက်လို ဖြစ်နေမယ်ဆိုတာ အထက်မှာကျွန်တော်ပြောပြီးသားပါ၊လွဲနေတာတွေကိုလည်း အဓိကတာဝန်ရှိသူတွေ ကာယကံရှင်တွေကိုယ်တိုင် ဖြေရှင်းစေချင်ပါတယ်။
    • Ko Baloi ကျနော်ကတော့ AB ရဲဘော်ဆန်ဆန်ပဲပြောလိုက်မယ်...ရိုင်းတယ်ထင်ရင်လဲ မတတ်နိုင်ဘူး။ မိုးသီးက နိုင်အောင်အမိန့်ပေးတယ်ပြောတယ်- နိုင်အောင်က မိုးသီးအမိန့် ပေးတယ်လို့...ဆိုတယ်....ဒီကောင်နှစ်ကောင် တစ်ယောက်ကို တစ်ယောက် အပြစ်ဖို့ စွတ်စွဲပြီး.... အပြစ်လွတ်ဖို့ ပတ်ရှောင်နေကြပြီး။ ဒီကောင်နှစ်ကောင်ကိုတေ့ပြီး...တိုက်ရိုက်ဖြေရှင်းခိုင်းရမယ်။ ခွေးမသားတွေ လုပ်တုန်းကလုပ်ပြီး အခုမှပတ်ရှောင်နေတယ်...ထွီး..။
    • Nge Naing
      ဇော်သူရ ဇော်သူရပြောတာကို ကျွန်မ ငြင်းထားတာ မဟုတ်ဘူးလေ။ အခုလို ရှည်ရှည် ဝေးဝေးပြန်ရှင်းပြရတဲ့ အကြောင်းရင်းက ဇော်သူရက ကျွန်မ ပြောတဲ့အချက်ကို " တောင်ပိုင်းဗဟိုက သွားပြောတာမဟုတ်ပါဘူး" ငြင်းနေလို့ ကျွန်မက တောင်ပိုင်းဗဟိုက ဧပြီလမှာ တကယ်သွားပြီး ဒ
ီကိစ္စတွေကို သွားပြောခဲ့တယ်။ ခြေမှာတပ်ထားတဲ့ သံကွင်းတွေဖြုတ်ဖို့၊ ထပ်ပြီးမညဉ်းဆဲ၊ သေဒဏ်ထပ်မပေးဖို့ သဘောတူညီချက်တွေကို ရခဲ့တယ်ဆိုတဲ့ အချက်အလက်ဟာ အမှန်ပဲ ဖြစ်တယ် ဆိုတာ ပြောပြတာ။ ဘာမှမသိ ဘာမှမလေ့လာဘဲ ဒီထဲမှာ လျှောက်ပြောနေသူတွေလို ပေါက်လွတ်ပဲစား လျှောက်ပြောနေတယ်ထင်နေမှာစိုးလို့ အချိန်ကုန်ခံပြီး မေးမြန်းစုံစမ်းခဲ့ လေ့လာခဲ့တယ်ဆိုတာ ပြောပြတာ ဖြစ်တယ်။ ပြန်ဝင်သွားတဲ့သူတွေက ဒီလိုပြောလို့ ကျွန်မ ပြောတာမှားတယ် ထင်ရင် ပြန်ဝင်သွားတဲ့သူတွေက သူတို့ကို ငြင်းဆဲတာကိုပဲ သူတို့ အတိအကျ ပြောနိုင်မှာပေါ့ အချုပ်ခံနေရာ ကျန်တာ သူတို့ ဘယ်လို အတိအကျ သိနိုင်မလဲ။ ပြန်ဝင်သွာတဲ့သူတွေ ပြောတာ အကုန်လုံး မှန်မမှန်ဆိုတာ ထင်လင်းအောင် အစီရင်ခံစာဆိုပြီး ထွက်လာပြီးမှ ကျန်တဲ့သူ တချို့နဲ့ ကွဲလွဲနေလို့ ပြန်ဖြုတ်လိုက်ရတာကိုပဲ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ကျွန်မ မေးတယ်ဆိုတာ ကိုယ်နဲ့ နီးစပ်သူကိုပဲ မေးတာ မဟုတ်ဘူး၊ ခံရသူ၊ ကျူးလွန်သူ၊ အစွပ်အစွဲခံရသူ သုံးမျိုးစလုံးပါပါတယ်။
    • Sai Win Kyaw
      ကဲ ရဲဘော်မိုးသီး နဲ့  ရဲဘော်နိုင်အောင် ရဲဘော်အောင်နိုင် တို့ ခင်ဗျား အားလုံးရှင်းသွားအောင် မေးနေသူတွေအတွက် အဖြေ တခုပေးလိုက်ပါ။ မငယ် ၁၉၈၉ အစောပိုင်းကာလကတည်းက မကဒတ မြောက်ပိုင်း နဲ့  မကဒတ ဗဟိုကြားမှာ ကြေးနန်းဆက်သွယ်မှု ရှိနေပြီဖြစ်ပါတယ်။ ၁၉၈၉
      ခုဒုတိယအကြိမ်ညီလာခံ မတိုင်မီကတည်းက ကိုလှဌေး(ဗန်းမော်) ကိုကျော်ကျော်(မြစ်ကြီးနား)ကိုတက်ထွန်း(မိုးညင်း)နှင့်အခြားရဲဘော်နှစ်ဦးကျနော်တို့ ဆီကတဆင့် ဗဟိုရောက်ပြီး နိုဝင်ဘာမှာ မင်သမီးမှာလုပ်တဲ့ဒုတိယအကြိမ်ညီလာခံကိုတောင်တက်ခဲ့ပါတယ်။ကြေးနန်းဆက်သွယ်ရေးအတွက်လောကွားလူမကဒတ(ဗဟို)နဲ့ မြောက်ပိုင်း မကဒတဆက်သွယ်မှုအတွက် ကေအိုင်အို ဆက်သွယ်ရေးစက်ကိုတဆင့်ခံသုံးပါတယ်။ ပထမဦးဆုံး(၁၄)ယောက်သတ်တဲ့ကိစ္စမှာမကဒတဗဟိုအမိန့် မပေးပါဘူး။ သတ်ဖို့ အမိန့် တောင်းခံတဲ့ကြေးနန်းရတော့ကိုမိုးသီးဥက္ကဌလက်ထက်ပါ ကေအိုင်အို(မယ်နာပလော)မှာမကဒတဗဟိုတာဝန်ရှိသူတွေတွေ့ နေစဉ် (၁၄)ယောက် ကိုသတ်လိုက်ပြီဆိုတဲ့ကြေးနန်းမကဒတဗဟိုကကေအိုင်အိုကနေတဆင့်လက်ခံရရှိပါတယ်။ ကျနော်တို့ ဒီိကိစ္စပေါ်မှာအလေးအနက်ထားပါတယ်။ ခုသတ်မိန်ပေးသူ သတ်သူ တွေသိရင်ကော ခင်ဗျားတို့ ဘယ်ဥပဒေ နဲ့ သွားမှာလည်း နိုင်ငံတကာခုံရုံး ကိုသွားမှာလား စဉ်းစားကြစေချင်ပါတယ်။ ကျနော်တို့ ရဲဘော်တွေအသက်ပေးခဲ့တာမနည်းပါ။ ကရင်ပြည်နယ်အတွင်းမှာလည်းအသတ်ခံရတွေမနည်းပါ။ အခုလိုပြောနေရတာကိုက ကျနော်တို့ အဖွဲ့အစည်း ကျနော်တို့ ဂုဏ်သိက္ခာကျနေပါပြီ။မြောက်ပိုင်းကအသတ်ခံရတဲ့ရဲဘော်တွေအတွက်ကျနော်တို့  ကြေကွဲဝမ်းနည်းရပါတယ်။ အမှန်ပေါ်ဖို့ ကျနော်တို့ အချက်အလက်တွေစုဆာင်းနေပါတယ်။ မကဒတ ရဲ့ သမိုင်းကောင်းစေချင်ပါတယ်။ လက်ရှိမကဒတမှာခင်ဗျားစွတ်စွဲနေသူတွေမရှိကြတော့သလောက်ရှိနေပါပြီ။ လက်ရှိမကဒတရေရှည်ပန်းတိုင်ရောက်တဲ့အထိတိုက်ပွဲဝင်နိုင်ရေးကိုဝိုင်းဝန်းပံ့ပိုးစေချင်ပါတယ်။ဒါဟာအသက်ပေးသွားခဲ့ကြတဲ့ကျနော်တို့ ရဲဘော်အာဇာနည်တွေအလိုချင်ဆုံးအတောင့်တဆုံးအရာပါ။ အားလုံးကိုလေးစားပါတယ်။
    • Aye Aye Soe Win
      For those who mentioned the name of Ko Zargana in the comments above, let me share this. < ငါတို့ လူရွှင်တော်ကြီးကမြောက်ပိုင်းဒေသလူသတ်တာကို ဟုတ်လေလား.မဟုတ်လေလားလို့ ပြောသွားတယ်..သူ့ သမီးဖင်ထဲဒုတ်ထည့် မွှေအစစ်ခံရရင်ဘယ်လိုနေမလဲ...See More
    • Zaw Thura
      Nge Naing@ လွဲနေတဲ့အချက်ကို အထက်မှာSai Win Kyaw@ ကိုစိုင်းဝင်းကျော် က၀င်ရောက်ဖြေဆိုသွားပါပြီ...မြောက်ပိုင်းAB နဲ့ တောင်ပိုင်းဗဟိုနဲ့ ကေအိုင်အိုရဲ့ ဆက်သွယ်ရေးစက်ကနေ အဆက်အသွယ်ရှိပါတယ်၊ဒီကိစ္စကို ဗဟိုက သိတယ် မသိဘူးဆိုတာ မငြင်းချင်ဘူး၊တာဝန်မယူဘူ
း ယူတယ်ဆိုတာဘဲ သိချင်ပါတယ်...တာဝန်ယူတတ်တဲ့စိတ် တာဝန်ယူရဲတဲ့စိတ်ရှိမယ်ဆိုရင် ဒီလောက်နှစ်တွေအများကြီး ကြာစရာမလိုပါဘူး၊ ကျွန်တော်ဟာ မတရားစွတ်စွဲပြီး သေဆုံးခဲ့ရတဲ့သူတွေဘက်က နာလို့ အဖြစ်မှန်ပေါပေါ်က်စေဖို့ ဝင်ရောက်ရေးသားနေတာဖြစ်တယ်..ဒါကြောင်မို့ တစ်ချို့ အကြောင်းအရာတွေကို သိထားသော်လည်း ချရေးပြဖို့ လက်တွန့် နေမိတာအမှန်ပါ....ဒါပေမယ့် ဒီအတွက်ကြောင့် ဘယ်သူ့ ကိုမှ အကာအကွယ်ပေးတဲ့ပုံစံမျိုးတော့ ပြောဆိုရေးသားမှာမဟုတ်ပါဘူး ၊ကျွန်တော်တောင် ဒီအဖြစ်အပျက်တွေကို လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကတည်းက သိနေတာ အေဘီအဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ အမအနေနဲ့ အခုမှသိတယ်ဆိုလို့ အံ့သြမိပါတယ်။
    • Nge Naing
      Zaw Thura အပေါ်မှာ ပြောထားတဲ့ လွဲနေတယ်ဆိုတဲ့ အချက်က Sai Win Kyaw ပြောတဲ့အချက် မဟုတ်ပါဘူး။ ဖမ်းထားသူတွေကို ဆက်ပြီးမသတ်တော့ မညှဉ်းဆဲတော့တာ သတင်းထောက်က ပြောလို့ ရပ်လိုက်တယ် တောင်ပိုင်းဗဟိုက ပြောလို့မဟုတ်ဘူးလို့ Zaw Thura က ပြောပြီး ကျွန်မက သတင်
းထောက် ပြောတာမပြောတာ ဘာမှ မရည်ညွန်းထားဘူး တောင်ပိုင်းက သွားတဲ့ဗဟိုနဲ့ သဘောတူညီမှု ရလို့ရပ်လိုက်တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်တယ်။ Sai Win Kyaw ပြောတာက တောင်ပိုင်းနဲ့ မြောက်ပိုင်း အရင်တုန်းကတောင် အဆက်အသွယ် ရှိတယ်ဆိုတာကို ပြောထားတာဖြစ်ပြီး ကျွန်မလည်း အဆက်အသွယ် မရှိဘူးလို့ မပါဘူး သူ့စုဖွဲ့မှုနဲ့သူ ဗဟိုသီးသန့် ဖြစ်နေတယ် လုပ်ငန်းကို အမိန့်ပုံစံ စီးဆင်းမှု တိတိကျကျ မရှိသေးဘူးဆိုတာကိုပဲ ပြောတာ ဖြစ်တယ်။ ဒုတိအကြိမ် ညီလာခံကို ကျွန်မတို့ တပ်ရင်းမှာပဲ လာလုပ်ပြီး ညီလာခံအထောက်အကူပြုအဖွဲ့မှာလည်း ပါခဲ့တော့ ကျွန်မ မသိဘဲနေပါ့မလား။ လမ်းပမ်းဆက်သွယ်ရေးအရ အာဏြာရှင် တရုတ်နိုင်ငံကြီးက နယ်နမိတ်ထိစပ်နေတဲ့ နိုင်ငံဖြစ်နေတော့ ထိုင်းဘက်က စခန်းတွေမှာ တခုနဲ့တခု သွားရင် ထိုင်းထောက်လှန်းရေးဆီမှာ နယ်မြေဖြတ်သန်းခွင့်လက်မှတ် သွားတောင်းပြီး သွားသလို သွားတောင်းလို့ မလွယ်တော့ တောလမ်းကနေ သွားရတာလမ်းပမ်းဆက်သွယ်ရေးက တော်တော်လေး ခက်ခဲတယ်။ သွားရေးလာရေးတင်မဟုတ်ဘူး ကြေးနန်းပို့ရင်လည်း ကျွန်မတို့ တောင်ပိုင်းတပ်ရင်းတွေကနေ ဗဟိုကို ကြေးနန်းပို့ရင် မိမိတပ်ရင်း ဆက်သွယ်ရေးဌာနကနေ တိုက်ရိုက် အချိန်မရွေး ပို့ရတာမျိုး မဟုတ်ဘဲ KIO ကတဆင့် သွားပို့ရတော့ ကြေးနန်းလည်း တဆင့်ခံပြီး ပို့ရပါတယ်။ အဲဒါကြောင့် ဗဟိုအပါအ၀င် တခြားဒေသက တပ်ရင်းတွေနဲ့ ဆက်စပ်မှု အမိန့်စီးဆင်းမှု လုပ်ဖို့မလွယ်ဖို မလွယ်ဘူး။ အကယ်၍ အများထင်သလို အမိန့်ကို တောင်ပိုင်းဗဟိုက စီးဆင်းတယ်ပဲ ထားပါတော့ သူလျှိုလို့ စွပ်စွဲပြီး သတ်ဖြတ်ခံရတဲ့ လူ ၃၀ ကျော်မှာ ခေါင်းဖြတ်ခံရတဲ့ ၁၅ ယောက်ကိုတော့ တတိယအကြိမ် ညီလာခံ ပြီးပြီးချင်းမှာ ဖြစ်သွားလို့ ဘယ်သူအမိန့်ပေးတယ်ဆိုတာ ငြင်းပွာနေးဆဲဖြစ်တယ်။ ကျန်တဲ့ သူတွေအားလုံးက ဒုတိယအကြိ ညီလာခံသက်တမ်းမှာ အသတ်ခံရသူတွေချည်းပဲ ဖြစ်တယ်ဆိုတာ အဲဒီမှာ တင်ထားတဲ့ စာရင်းထဲက နေ့စွဲကို ကြည့်ရင် သိနိုင်ပါတယ်။ ကျွန်မအနေနဲ့ ဒါကို ဒုတိယအကြိမ် ညီလာခံသက်တမ်းက ဗဟိုကော်မတီ အမိန့်ပေးတယ်လို့ မဆိုလိုဘူး။ ဖြစ်သွားတဲ့ အခြေအနေကို ဥပမာပေးတာ ဖြစ်တယ်။
    • Zaw Thura
      ဟုတ်ကဲ့အစ်မ...ကျွန်တော်စဉ်းစားတာက သတင်းထောက်တွေကြောင့် မတရားဖမ်းဆီးနှိပ်စက်ခံထားရတဲ့သူတွေကိုယ်တိုင် မသေတော့ဘူးဆိုတာသိလိုက်ရတယ်၊ ဒါကို တောင်ပိုင်းဗဟိုက ထပ်ပြီးမညဉ်းဆဲ၊ သေဒဏ်ထပ်မပေးဖို့လောက်ပဲ သွားပြောတာကို တာဝန်မဲ့တယ်လို့ ခံစားရပါတယ်... ဒီလ
ိုအဖမ်းခံ အနှိပ်စက်ခံ အသတ်ခံရတဲ့သူတွေရဲ့ အကြောင်း တကယ်မသိတာလား၊ မသိချင်ယောင်ဆောင်တာလား၊ စွတ်စွဲချက်တွေ စစ်ဆေးချက်တွေဟာ မှန်လား မှားလား မဆွေးနွေးမဆုံးဖြတ်ကြတော့ဘူးလား ၊ တောင်ပိုင်းဗဟိုက ဒီလိုပြောတာဟာလည်း မပြောမဖြစ်တော့တဲ့အခြေအနေကြောင့် လူကြားကောင်းအောင်ပြောတာကော မဖြစ်နိုင်ဘူးလား၊သေချာတာကတော့ တောင်ပိုင်းဗဟိုကနေ ဒီလူတွေကို ကယ်တင်ခဲ့တာမဟုတ်ပါဘူး သူတို့ ဖာ့သာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြတာဖြစ်တယ် ၊ဒါကျွန်တော့်အမြင်ပါ ။
    • Nge Naing
      ‎(((.ကျွန်တော်စဉ်းစားတာက သတင်းထောက်တွေကြောင့် မတရားဖမ်းဆီးနှိပ်စက်ခံထားရတဲ့သူတွေကိုယ်တိုင် မသေတော့ဘူးဆိုတာသိလိုက်ရတယ်၊ ဒါကို တောင်ပိုင်းဗဟိုက ထပ်ပြီးမညဉ်းဆဲ၊ သေဒဏ်ထပ်မပေးဖို့လောက်ပဲ သွားပြောတာကို တာဝန်မဲ့တယ်လို့ ခံစားရပါတယ်))) Zaw Thura က အ
      ချက်အလက် (Information) နဲ့ သုံးသပ်ချက် (Analysis) မကွဲဘဲဖြစ်နေတယ်။ အပေါ်မှာ ကျွန်မ လိုက်မေးတော့ သိလာရတာကို ပြန်ပြောပြထားတာ (Information) ကျွန်မကတော့ ဒီအပေါ်မှာ ဘာကြောင့် ဘယ်လိုမြင်တယ်ဆိုတဲ့ သုံးသပ်ချက် မပါဘူး။ ဒါကြောင့် ကျွန်မနဲ့ မတွေ့တဲ့သတင်းထောက်အကြောင်း မပါဘူး။
    • Zaw Thura အစ်မရယ်...ကျွန်တော်က သိချင်တာကိုး၊ အချက်အလက်တွေကို ဒီအတိုင်းမထားပဲ ဆွေးနွေးသုံးသပ်အဖြေရှာနေတာပါ၊ ဒါမှလည်း အမှန်တရားနဲ့ အနီးစပ်ဆုံးအဖြေကို ရရှိမယ်ထင်ပါတယ်၊ ပြန်လည်ဖြေကြားပေးတဲ့အတွက်လည်း ကျေးဇူးပါဗျာ။
    • Nge Naing ကျွန်မ ပြောထားတဲ့ အချက်အလက်တွေ ဒီထဲမှာ ပါတယ်။ http://soundcloud.com/kohtike-1/rfa-interviews-with-ex-absdf?utm_source=soundcloud&utm_campaign=widgetshare&utm_medium=facebook&utm_content=http%3A%2F%2Fsoundcloud.com%2Fkohtike-1%2Frfa-interviews-with-ex-absdf
      soundcloud.com
      RFA interview with Ex-ABSDF & ABSDF members about 1992 massacre in ABSDF (NB)
    • Nge Naing
      Ko Baloi ကို ပြောခဲ့တာ ကို Baloi ကို ABSDF တပ်ဖွဲ့ဝင်ဟောင်း တယောက်ဆိုတာ မသိခဲ့ဘူး။ ပြီးတော့ ABSDF တပ်ဖွဲ့ဝင်တွေကို စော်ကားပြီး ပြောခဲ့တာ ထင်လို့ ပေးခဲ့တဲ့ မှတ်ချက်ဖြစ်တယ်။ ABSDF ဆိုတာ မြန်မာ့သမိုင်းမှာ အမျိုးသားနိုင်ငံရေးလမ်းစဉ်ကို ကိုင်စွ
ဲပြီး အသက်သွေးချွေးတွေ များစွာ ပေးဆပ်ထားပြီးတဲ့ တနိုင်ငံလုံး အတိုင်းအတာ (Nationwide)နဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲဝင်လာခဲ့ တိုက်ပွဲဝင်နေဆဲ မြန်မာပြည်မှာ တခုတည်းသော ကျောင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တခုဖြစ်ပြီး မြောက်ပိုင်းမှာ မှားယွင်းမှုတခုကြောင့် တခုလုံးကို သုံးစားမရအောင် နေရာတိုင်းမှာ ပြောခံနေရတာနဲ့ ပတ်သက်ပြီး ကျွန်မ ဘယ်လိုမှ မခံမရပ်နိုင်လို့ အဖွဲ့အစည်းကို စော်ကားတယ် ထင်ပြီး ပြောလိုက်တာ ဖြစ်တယ်။ ကျွန်မဟာ ကျွန်မကိုယ်တိုင်ကို အပါအ၀င် လူပုဂ္ဂိုလ်ကို ပြောတာ ဒီလောက် ဂရုစိုက်သူမဟုတ် သီးခံနိုင်သူ ဖြစ်ပေမဲ့ ငှက်ပျောအူပြုတ်နဲ့ မျှစ်ပြုတ်ကို ပဲဟင်းရည်ကျဲနဲ့ ပြည်တွင်းမှာ မြေသြဇာလုပ်တဲ့ ငပိရေကျိုတို့ကို ဟင်းလုပ်ပြီး ဆန်းပြီးစားကာ ပြည်သူလူထုအတွက် တိုက်ပွဲဝင်လာတဲ့ ABSDF ကို မဟုတ်တာ ပြောရင် လုံးဝ လက်မခံနိုင်သူ ဖြစ်လို့ အခုလို ဖြစ်သွားပါတယ်။ ကိုBaloi ဆိုလိုတာ ကျွန်မ ထင်သလို မဟုတ်ဘူးဆိုတာကို သိသွားတဲ့အခါမှာ ကျွန်မ တကယ်ကို စိတ်မကောင်းဘူး။ ဒါကို အကြောင်းပြုပြီး ကို Baloi မဆိုင်တာတွေ ပြန်ရေးထားတာတွေက ကို Baloi ကျွန်မကို တကယ်ထင်လို့ ရေးတာ မဟုတ်ဘူး ကျွန်မကို မခံချိ မခံသာဖြစ်အောင် ခံရခက်အောင် အရွဲ့တိုက်ပြီး ရေးထားတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါကြောင့် ကျွန်မကို သုံးစားမရအောင် ပြောထားတာတွေနဲ့ ပတ်သက်ပြီး ကျွန်မ ဘာမှစိတ်ထဲ ဘမှ မထည့်ဘူး။ ကျွန်မက စမှားတဲ့ သူဆိုတော့ ကို Baloi ကျွန်မကြောင့် စိတ်ထိခိုက်ရတာနဲ့ ပတ်သက်ပြီး ကျွန်မကပဲ တောင်းပန်ပါတယ်။ ကို Baloi နဲ့ အပြန်လှန် ပြောထားတဲ့မှတ်ချက်တွေ အကုန်ဖျက်လိုက်ပြီ။
    • Ko Baloi
      ငယ်နာမ်မည် AB ဖြစ်သူတိုင်း အများစုက AB ကိုချစ်တဲ့စိတ် လူတိုင်းမှာရှိ ပါတယ်။ မြောက်ပိုင်းကိစ္စနဲ့ AB တစ်ခုလုံးကို သုံးမစားလို့မအောင် နေရာ တိုင်းမှာ အပြောခံနေရတယ်...ဆိုတဲ့ တစ်ချက်ကို Nge Naing နဲ့ အမြင်မတူ တာလေးတွေ ကျနော်လည်း...မှတ်ချက်လေးတ
      စ်ခု ရေးထားချင်တယ်..။ ငယ်နိုင်ပြောသလို... AB ကို ရစရာမရှိအောင်ပြောတဲ့လူ ဘယ်သူလဲ...အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရစရာမရှိအာင်ပြောတဲ့လူတွေကိုပြောလိုက်ပါ...သူ့အမြင်ကိုယ့်အမြင် အပြုသဘောဘောင်အတွင်းကနေ အချိန်မရွေးဆွေးနွေမယ်လို့ပြောလိုက်..။ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ လူမဆန်တဲ့ ရက်စက်ညှင်းပန်းနှိပ့်စက်သူတွေကို အချိန်မရွေး ဖော်ထုတ်ပိုင်ခွင့်ရှိတယ်။ နှိပ့်စက်ပုံက မသေခင်ကတည်းက ပုပ်နေပြီးတဲ့...မိန်းခလေးအဂါင်္ကို ဒုတ်နဲ့မွှေတယ်ဆိုတဲ့ နှိပ့်စက်မှုတွေအပြင် အခြားနှိပ်စက်မှုမျိုးစုံတို့နဲ့ လူမဆန်စွာ ရက်စက်မှုအပေါ်ကို တချက်လောက်ပဲဖြစ်ဖြစ် ကိုယ်ချင်းစာတရားထားပြီး ဝင်ခံစားကြည့်လိုက်ပါ..။ ပြန်မြင်ရောင် ကြည့်လိုက်ပါ..။ တကယ့်ရန်သူတွေတောင် ဒီလောက်လူမဆန်တဲ့ ညှင်းပမ်းနှိပ့်စက်မှုမျိုးမလုပ်ဘူး...အခုလို ညှင်းပမ်းနှိပ့်စက်မှုမျိုးလုပ်တာ ကျနော့်တစ်သက် ဒီတခါပဲ ကြားဘူးတယ်..။ Comment ရေးသူတချို့ လောက်တာ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်မရှင်းတာပါ... လူသိရှင်ကြားမဟုတ်ပဲ ကွယ်ရာမှာပြောတဲ့စကားတွေက အကြုံးမဝင်ဘူး... မကျေနပ်ရင် ကိုအောင်မိုးဝင်း သိထားသလောက်ကနေ ကျနော်တို့ကို အခုတင်ပြထားတဲ့နေရာမှာ....ဗြောင်...လာပြီး Comment လာရေးပိုင်ခွင့်ရှိတာပဲ..။ သူ့အမြင်ကိုယ့်အမြင် တင်ပြခွင့်ရှိနေတာပဲ..။ အခုဖြစ်ပွါးခဲ့တဲ့ AB မြောက်ပိုင်း ဖြစ်တဲ့ကိစ္စကို AB တစ်ခုလုံးကို သိမ်းကြုံးမြင်လို့မရဘူး..။ အဲဒီလိုထင်- အဲဒီလိုမြင်နေရင်...ထင်မြင်သူတွေရဲ့အမှားပဲ..။ အခုကိစ္စကိုဖော်ထုတ်တာဟာ AB သမိုင်းရေးနေတာမဟုတ်ဘူး...ုမတရားမှုကို လုပ်ထားတဲ့သူတွေကို ဖော်ပြတာပါ..။ ကျနော်လည်းခင်ဗျားလိုပဲ AB ကို မဟုတ်တာပြောရင် ဆတ်ဆတ်မခံတဲ့ စိတ် ရှိတယ်..။ ကျနော်တို့ ဘန်ကောက်မှာရှိစဉ်က AB ရဲဘော်ဟောင်းတွေက AB မှာ မဟုတ်တာလုပ်ထားသူတွေကို ပုံစံပေးတယ်။ ဒီလောက်ပါပဲ..။ ကျနော်လည်း ကျနော် ရေးထားတာတွေ ဖျက်လိုက်ပါပြီး..။

No comments:

Post a Comment