Tuesday, August 7, 2012

ကိုဝမ်း၏အရိုးတွန်သံများ - ၅မှကွန်မန့်များ


· · Share

  • 93 shares
    • Chan Myae ကံကြမ္မာဟာ တပတ်လည်နေပါပြီ........... အသံတိတ်နေတဲ့ သူတွေကလည်း တိတ်နေဆဲပါ..
    • Naing N Naing ဒီလိုလူတွေကို ကာကွယ်ဖို့ကြိုးစားနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေကိုလည်း သမိုင်းရဲ့ ပုတ်ဟောင်နံစော်နေတဲ့ တွင်းနက်တခုမှာ ချန်ထားပစ်ခဲ့ပါမယ်။ ဘာအဖွဲ့ပဲဖြစ်နေနေ သေချာပေါက် ချန်ထားပြစ်ခဲ့ရမယ်။
    • Maung Maung Wann မနေ့က သူငယ်ချင်း ပန်းချီ ထိန်လင်း ကဖုန်းဆက်ပြောလာတယ်...အရေးကြီးတဲ့ အချက်ပါ....ကိုပေါ်( မင်းကိုနိုင် ) ( ထောင်ထဲမ၀င်ခင် )..ဒီမြောက်ပိုင်း ကိစ္စကို ရှင်းကိုရှင်းရမယ်...ထွန်းအောင်ကျော်ဟာ တို့လူ....ကျောင်းသားသမဂ္ဂခေါင်းဆောင်အစစ်...လို့ပြောတယ်တဲ့....ခု ကျနော်တို့ ရဲဘော်ကြီးတွေ လွတ်လာပြီ...ရှင်းမယ်.....သူလျှိုဟုတ်လား..မဟုတ်လားဆိုတာကို ကမ္ဘာကျော် ကျောင်းသားခေါင်းဆောင်တွေ သက်သေခံလိမ့်မယ်။ လူထုက တခဲနက်ထောက်ခံနေတဲ့ ဒီလူတွေက သူလျှိုမဟုတ်ပါဘူး...ကျောင်းသားခေါင်းဆောင်အစစ်ပါလို့ သက်သေခံတာကို ငြင်းပယ်ပြီး...သူလျှိုပါလို့ ဆက်သတ်မှတ်ချင်သေးရင်...ကိုယ့်လူတို့...လူထုနဲ့ဝေးရာဆီကိုသာလျှောက်ကြပေတော့.....
    • Ko Zayar အစိုးရကလည်း ABSDF နဲ့ငြိမ်းချမ်းရေးလုပ်မယ်တဲ့။ ဒီလောက် ယုတ်ညံ့တဲ့သမိုင်းရှိတဲ့ကောင်တွေကို ငြိမ်းချမ်းရေးမလုပ်သင့်ဘူး။ ဒီကောင်တွေကို မြန်မာပြည်ထဲမှာ လူလို သူလို လက်မခံသင့်ဘူး။အဖွဲ့ကို လုံးဝဖျက်သိမ်းပြီး မြောက်ပိုင်းလူသတ်မှုမှာ ပါတဲ့ တရားခံလူယုတ်မာတွေကို တရားဥပဒေအရ (ပြင်းပြင်းထန်ထန်) အရေးယူသင့်တယ်။ ABSDF ကို နဂိုက နည်းနည်းလေးစားသလိုရှိပေမဲ့ ဒီမြောက်ပိုင်းလူသတ်မှုတွေ ဖတ်ရတော့ ချီးကို ရွံတာထက် ရွံရှာစက်ဆုပ်တယ်။ (ခုလိုရေးတာ ABSDF က တကယ့်ဒီမိုကရေစီလိုလားတဲ့ လူကောင်းရဲဘော်တွေကို မဆိုလိုပါဘူး။ ဒီမိုကရေစီအော်ပြီး အာဏာရှင်ထက်အဆတစ်ရာဆိုးတဲ့ လူသတ်သမားတွေလူယုတ်မာတွေကို ဆိုလိုတာပါ။)
    • ဂါ မဏိ ABSDF ကိုအပြစ်မမြင်သင့်ပါ။ ဒါဟာ AB ခေါင်းဆောင်ပိုင်းထဲစိမ့်ဝင်လာတဲ့ နဝတ မြေအောင်းပွေးတွေ ပဉ္စမံတပ်သားတွေက လုပ်သွားတာပါ။ ဒီလိုပဉ္စမံ ခေါင်းဆောင်တွေစိမ့်ဝင်ခံရတဲ့အတွက် ဒါလောက်အထိ လုပ်နိုင်သွားတဲ့ အတွက် ABSDF ညံ့တယ်လို့တော့ ပြောချင်ပြောနိုင်ပါတယ်။ ကိုယ်တိုင် မြေအောင်းပွေး မဟုတ်ဘဲ အလိုတူအလိုပါဖြစ်မိတဲ့ ကျန်နေတဲ့ခေါင်းဆောင်တွေဟာ တပ်ရင်းမှူး ဗိုလ်သိုက်လို ရဲရဲတာဝန်ယူ အမှားကိုဝန်ခံသင့်ပါတယ်။
    • Thant Zin ကိုဇေယျာခင်ဗျား..ABSDF နဲ့ ငြိမ်းချမ်းရေးလုပ်မယ်လို့ စစ်အစိုးရကပြောတာနဲ့  ယုတ်ညံတဲ့သမိုင်းရှိတဲ့ကောင်တွေလို့ အရမ်းမပြောသင့်ပါဘူးဗျာ။ ခင်ဗျားရင်ထဲမှာ မြောက်ပိုင်းကိစ္စတွေအတွက် ခံစားချက်ရှိမယ်ဆိုတာ ကျုပ်နားလည်လက်ခံနှိင်ပါတယ်။ အဆင်းရဲ အငတ်ပြတ်ခံပြီး ရပ်တည်ချက်မှန်မှန်နဲ့ တိုက်ပွဲဝင်ခဲ့ရတဲ့ရဲဘော်တွေရဲ့  မျက်နှာလေးကိုထောက်ထားပြီး မှားယွင်းသွားတဲ့စာသားလေးကိုပြန်ရုတ်သိမ်းပေးစေချင်ပါတယ်။
    • Myint Zabai very cruel and disguesting ABSDF>
    • Ye Tun Oo အဲသည်အချိန်တုန်းက သတင်းစာရှင်းလင်းပွဲကို ကြည့်ခဲ့ရတယ်။ သတင်းစာမှာလည်း ဖတ်ဖူးခဲ့တယ်။ တကယ်ကြုံခဲ့တဲ့သူက ပြောပြတာတောင် မယုံခဲ့ဘူး။ ဒါပေမယ့် အခုအချိန်မှာ ထပ်တခေါက်ပြန်ဖတ်ရတော့မှသာ ယုံလိုက်ရတယ်။ တကယ်ဖြစ်ခဲ့တာကိုး။ အဲသလောက် ဆိုးဝါးစွာနှိပ်စက်မှုတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအပေါ်မှာ ယုတ်ညံ့စွာ စော်ကားနှိပ်စက်သွားတာတွေ ကို ဘယ်လိုမှ လက်ခံလို့မရဘူး။ အဲသည်အချိန်မှာ တာဝန်ရှိတဲ့သူတွေအနေနဲ့ ရဲရဲဝင့်ဝင့် တာဝန်ယူပြီး ရှင်းဖို့ကောင်းတယ်ဗျာ။ မဟုတ်ရင်တော့ သွားပြီ။
    • Aye Aye Soe Win အစိုးရကလည်း ABSDF နဲ့ငြိမ်းချမ်းရေးလုပ်မယ် ဆို ပေမဲ့ ဒါ က ABSDF ex members အ ချို့ ရဲ့ ရာဇဝတ် မှု တွေ ကို ဖြောက် ပြစ် လို့ မ ရ ပါ။ ဒီ ဟာက တော် တော် ကြီး မား တဲ့ အ မှု ကြီး ပါ။
      ကာ ယကံ ရှင် တွေ က တ ရား ရုံး ကို ဦး တည် ပြီး ရာ ဇ ဝတ် ဆိုင်ရာ အ မှု ဖွင့် ပြီး ရင် သူ တို့ ကို ကြိုး ချည်ပြီး သား ဖြစ် သွား ပါ လိမ့် မယ်။ အဲ ဒီ အခါ ကြ ရင် ရာ ဇ ဝတ် သား တွေ ရဲ့ အ လို တူ အ လို ပါ တွေ ပါ ပေါ် လာ ပါ လိမ့် မယ်။ နိုင်ငံ ခြား မှာ ဆိုရင် technical problems ရှိ ပါတယ်။ မြန်မာ ပြည် မှာ အ မှု ဖြစ် ဖို့ ပဲ ရှိ ပါ တယ်။ ဒီ နည်း က အင်အား အားလုံး ကို စု ပြီး သား ဖြစ် သွား ဘာ လိမ့်မယ်။ အ ခု သူ တို့ ဘာ လို့ လွတ် နေ သ လဲ။ ရှင်း ပါ တယ်။ ရုံး တော် မှာ အ မှု အ ခင်းအ ကျင်း မ တည် ဆောက်ရ သေး လို့ ပါ။ မြန်မာ ပြည် မှာ ပဲ ဒါ ကို လုက် ရ မှာ ပါ။ လူ တွေ အား လုံး က စောင့် နေ ကြ ပါတယ် ။ သူ တို့တ ကယ် တ ရားဥပဒေ ဘောင် ထဲ က ရှင်း ရ မှာ ပါ။ ဒီ လို လမ်း ကြောင်း နဲ့ သွား တဲ့ အ ခါ ခု အ ငြင်း ပွါး စရာ မ ရှိ ပါ ဘူး။ ဘာ ကြောင့် လဲ။ ပြည် သူ လူ ထု ရှေ့ မှာ ဒီ အ တိုင်း တ ဆင့် ပြီး တ ဆင့် ဖြစ် သွား မှာ ပါ။ အစိုးရကလည်း ABSDFနဲ့ငြိမ်းချမ်းရေးလုပ်မယ် ဆို လဲ ပူ စ ရာ မ ရှိ ဘူး။ AbSDF က သပ်သပ် လူ သတ် သမား တွေ က သပ် သပ် ရော သွား စ ရာ မ ရှိ ပါ ဘူး။
    • Zaw Htet Han ရာဇ၀တ်ကြောင်းအရလုပ်မယ်ဆိုရင် ဒီအဖြစ်အပျက်တွေကို တွန်းပို့ခဲ့တဲ့ နောက်ကွယ်က ကောင်တွေကိုအရင် ဖော်ထုတ်ပါ။
    • Aye Aye Soe Win ဒါ ဆို ရင် ဒီ လို တိုင်း ပြည် မှာ ဒီ စ နစ် ဖြစ် စေ တဲ့ တ ရား ခံ အ စစ် ကြီး ပဲ ရှာ ရ အောင်' ။ တွေ့ ပြီ။ ဒါ Japan နဲ့ English ပဲ။ General Auung San ကို လုပ် ကြံ လို့ ဦး နေဝင်း တက် ပြီး တော့ သန်း ရွှေ ။အ ရင်း ကို ပြန် လိုက် ရင် ......... ဒါ ကြောင့် English ကို ပဲ တ ရား စွဲကြ မယ်။ ဪ လော က ကြီး ရီရ တယ်။ ကဲ ကဲ တ မ လွန် ဘ ဝ က ရဲ ဘော် တို့ ရေ။ ဒီ လူ သတ် သ မား တွေ ရေး တဲ့ စာ မျက် နှာ မှာ တည့် တည့် ဆို တာ မ ရှိ။ သွယ် ဝိုက် နေ တာ ချည်း ပဲ။ ရီ ရ တယ် ။ But.......
      .------
      ရာဇ ဝတ် မှု မှာ တိုက် ရိုက်တ ရား ခံ ကို အ ရင် ချည် ပြီး မှ သွယ် ဝိုက် ပြီး ပါဝင် တဲ့ သူ ကို ရ ပါ တယ်။ ဒါ ကို သိ ဖို့ မ ဟာ နည်း ဗျု ဟာ တွေ မ လို ပါ။
    • Tom Soe ကျောင်းသားတပ်မတော်မှာစစ်အစိုးရပြုတ်ကျရေးအတွက်အသက်စွန့် သွားတဲ့သူတွေအများကြီးပါ ဆွမ်းတန်စိမ်းထဲကြွက်ချီရောတာနဲ့အားလုံးဝါးလုံးချီးသုတ်ရမ်းမဲ့အစားလက်ညိုးမကောင်းလက်ညိုးလက်မမကောင်းလက်မဖြတ်ထုတ်လိုက်ပါကျန်တာတွေကအသုံးဝင်သေးတယ်ဆိုတာပြောတဲ့သူနားလည်ပါ မခံစားဘူးရင်ကိုယ်ချင်းစာတတ်ဘို့ မသိပါမတရားလုပ်သူတွေအတွက် ဘဝမကူးပါဘူး ခင်ညွန့်ကိုကြည့်ပါ
    • Uaung Aung မိတ်ဆွေများခင်ဗျာ

      - လူသတ်ကောင်တွေ နဲ့ လက်ရှိတိုက်ပွဲဝင်နေတဲ့ ABSDF ကို ခွဲခြားမြင်ကြပါ။

      - Group ကို secret group လုပ်ထားပါတယ်။
    • Ko Myo We hope best future. So let peace each other.
    • Nge Naing Ko Zayar ABSDF ကို ရွံလွန်းလို့ ဖျက်သိမ်းဖို့ တောင်ပြောထားပြီးမှ ခုလိုရေးတာ ABSDF က တကယ့်ဒီမိုကရေစီလိုလားတဲ့ လူကောင်းရဲဘော်တွေကို မဆိုလိုပါဘူး ဆိုတဲ့စကားက သိပ်တော့ အဓိပ္ပါယ် မရှိဘူး ထင်တယ်။ ။၁၉၉၉ခုနှစ်မှာ ကျွန်မတို့ ထိုင်းနိုင်ငံကနေ ပြည်ပကိုမထွက်လာခင် Camp ထဲမှာ ရှိနေစဉ်ကာလက တပ်ဖွဲ့ဝင်ဟောင်းတွေထဲက မှတ်မိသလောက် ပြုစုထားတဲ့ စာရင်းအရ ABSDF မှာ ကျွန်မတို့ တပ်ရင်း (၂၀၁) မင်းသမီးစခန်း တခုတည်းမှာတင် ၁၉၈၈ ကနေ ၉၉ အထိ သေဆုံးကျဆုံး ဦးရေဟာ ၈၀ ကျော်ပါတယ်။ http://nge-naing.blogspot.com/2010/11/absdf.html ဒါတောင်မှ အကုန်မဟုတ်သေးဘူး မှတ်မိသလောက်ပဲ ရှိသေးတယ်။ တပ်ရင်းတရင်းမှာတောင် ဒီလောက် အသက်ပေးခဲ့ရရင် တခုလုံးဆို ဘယ်လောက်ရှိမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒီတော့ ပြောလိုတာက ကိစ္စတခုကြောင့်တော့ ABSDF တခုလုံးကို ဖျက်သိမ်းဖို့ မလိုပါဘူး။ မြောက်ပိုင်းမှာ ဖြစ်သွားတဲ့ လူမဆန်စွာ ညှင်းဆဲသတ်ဖြတ်တဲ့ သမိုင်းအမဲစက်ကြီးကိ ဖေါ်ထုတ်ဖို့ လိုသလိုအသက်တွေ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပေးဆပ်ပြီး တိုက်ပွဲဝင်လာခဲ့တဲ့ သမိုင်းတခုလုံးကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ မဆိုင်တဲ့အကြောင်းအရာ ၀င်ပြောသလို ဖြစ်နေရင် ဆောရီးပါ ကိုမောင်မောင်ဝမ်း။ Tag ပေးတာ ကျေးဇူးတင်ပါတယ်။ ဒီလိုပို့စ်မျိုးကိုတော့ like မလုပ်ပါရစေနဲ့၊ ကိုအောင်မိုးဝင်းတင်နေတာ အပိုင်း (၅) ရောာက်နေပြီ ကျွန်မ အခုထိ တခုမှ Like မပေးဘူး။ တခုဖတ်တိုင်းဖတ်တိုင်း ပြောစရာစကား မရှိလောက်အောင်ကို ခံစားရတယ်။
      nge-naing.blogspot.com
      အကျယ်တ၀က် ကို အကျယ်တ၀င့် ပြောင်းပြီးရင်ဒီကွန်မန့်ကို ဖျက်ပစ်ပါ မငယ်။
    • Tom Soe ABSDF ကျောင်းသားတပ်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့စိတ်ဓါတ်က စစ်အစိုးရဘယ်လိုမှဖမ်းဆီးချုပ်နောင်လို့ မရပါဘူးဆိုတာလုပ်တဲ့သူတွေသာသိတယ်အဒိအထဲမှာအာဏာရူးအချောင်သမားအယုတ်တမာတွေပါလာတာတော့မတတ်နိုင်ပါ ဒါကိုခွဲခြားသိတတ်အောင်ကြိုးစားကြပါ
    • Hmone Shwe Yi ကိုဇေယျာ-ခင်းဗျားA B အဖွဲ.အကြောင်းသေချာသိလား-ကိုယ်ပိုင်နယ်မြေမရှိဘူး-အစစအရာရာအဲဒီအချိန်အခါကလူမျီုးစုတွေကစောင်.ကြည်.ခံနေရတာ-အဲဒါလဲသူတို.မှာအပြစ်မရှိဘူး-အဖွဲ.ဖျက်သီမ်းလို.ပြောရအောင်ခင်ဗျားကဘာကောင်လဲ-A B S D F အဖွဲ.ကလူမသတ်ဘူး-ခုဖြစ်တာကလူတစုနဲ.ဘဲဆိုင်တယ်-ခင်ဗျားတို.လိုသေချာလေ.လာမှု.မရှိဘဲရမ်းတုတ်တဲ.ကောင်တွေကိုကျုပ်စိန်ခေါ့တယ်
    • Uaung Aung absdf (မြောက်ပိုင်း)ဘာမှ မသိလို့  ဖတ် တယ် မှတ်တယ် ....တာဝန် အရှိဆုံး ဘယ်သူတွေ ဆိုတာ အားလုံး က သိနေတယ် ..
    • Hmone Shwe Yi A B S D F ဆိုတာ၈၈ကနေပေါက်ဖွားလာတာ-ဘ၀တွေ-အသက်တွေ-ခနုာကိုယ်တွေဘ၀တွေပေးဆပ်ခံ.ရတာ-ပေးဆပ်နေဆဲလူတွေလဲရှိတယ်-လူတစုကြောင်.အဖွဲ.ကိုထိခိုက်ပြောဆိုသူတွေကိုပြောပြချင်တယ်သေချာလေ.လာပြီးမှပြောပါ-ဒီပြသနာကြောင်.အနှိပ်စက်ခံရသူတွေအသတ်ခံရသူတွေဟာကျွန်တော်တို.ညီအကို-မောင်နှမတွေပါကိုယ်ချင်းစားပါတယ်
    • Uaung Aung ဘာဆက် လုပ်မှာလည်း စဉ်စားကျဗျာ
    • Hmone Shwe Yi မငယ်တရာဝင်စာရင်းအရကျဆုံး-သေဆုံး၁၀၀၀ကျော်ပါတယ်-လက်ရှိထောင်ထဲမှာလဲA B-စည်းရုံးရေးဆင်းရင်းအဖမ်းခံရသူတွေရှိတယ်
    • Myo Thein Why are they so cruel and barbaric???
    • Myo Thein I mean the killers and responsible persons committing such inhumane crimes!
    • Ye Ni According to organizational theories, organizational behavior is mainly based on top management's philosophy, values, vision and goals. What is it that you sell? If you want your brand to be successful, think about value from the perspective of the customer, or voter. Sadly, value of ABSDF have been decreased since this massacre in Kachin State occured even though many others did sacrificed their lives, bodies, time and energy.
    • Soe Moe လူဆိုတာဟာ လူသားဆန်ရပါတယ်။ ဒါပေမယ်လူမဆန်ဘဲ တိရစ္ဆာန်သာသာ ကျင့်သုံးမယ်ဆိုရင်တော့ တရားဥပဒေရဲ့အဆုံးအဖြတ်ခံရမှာဘဲ။ ဘာကြီးဘယ်ဖြစ်နေ လောကရဲ့အပြစ်ပေးခြင်းခံမယ်
    • Aung Khin Myint စာရိုက်ရင် စပေ့ဘား နည်းနည်းလောက် ခြားပြီး ရိုက်ပေးပါ ... အထက် အောက် ညှိုပေးပါ ... အခု အပိုင်း(၅) ကို ဘလော့ပေါ် တင်ရတာ သိပ်အဆင်မပြေပါ ...
    • Lin Htein ။မြန်မာပြည်တွင်းနိုင်ငံရေးအကျဉ်းသားများ၊နိုင်ငံရေးလုပ်ဆောင်နေသူများအပြင်ပြည်သူလူထု၊ " World Leaders " ကာယကံရှင်ဆွေမျိုး၊မိသားစု၊သူငယ်ချင်းများ၊
      " ၈၈" တွင်ပါဝင်ခဲ့သောပုဂ္ဂိုလ်များ၊နောက်မျိုးဆက်သစ်များ၊" ABSDF " တွင်ယခင်မှန်မှန်ကန်ကန်ယုံကြည်ချက်အတွက်ပါဝင်ခဲ့သောရဲဘော်များ၊လက်ရှိ မှန်မှန်ကန်ကန်ယုံကြည်ချက်အတွက်တိုက်ပွဲဝင်နေသောရဲဘော်များ ၊အသက်သွေးချွေး၊ဘဝပေါင်းများစွာစတေးခဲ့သောအဆုံးမသတ် သေးသော"" သမိုင်းဝင်၈၈" အရေးတော်ပုံကြီး၏သမိုင်း ""ကို ထိန်းသိမ်းသောအာဖြင့် လူသတ်သမား"" Ronald Aung Naing, Dr Naing Aung အာဏာရူး ( နေရာရူး ) ဦးဆောင်ခဲ့သော လက်မရွံ့လူသတ်သမားများ၊ဆက်စပ်ပတ်သက်သူများအားလုံး "" ကို လူမဆန်စွာရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရသော အထက်မြန်မာပြည်ကျောင်းသားခေါင်းဆောင်
      (အစစ်) " ကိုထွန်းအောင်ကျော် ( Chairman of ABSDF ( North ) အပါအဝင်သူရဲကောင်းများကိုလူသားချင်းကိုယ်ချင်းစာသောအားဖြင့် အမှန်တရားအတွက်အ များသိအောင် ရဲရဲဝံ့ဝံ့ဖော်ထုတ်ကျပါ။ သတင်းများဖြန့်ဝေကြပါ။အမှန်တရားအတွက်အ များသိအောင် ရဲရဲဝံ့ဝံ့ဖော်ထုတ်သည့်ထိုဖြစ်စဉ်တွင်ဆရာတပည့်၊လုပ်ဖော်ကိုင်ဖက်၊မျက်နှာနာနေသူများ၊သူငယ်ချင်းများ၊ကျေးဇူးမကင်းရာမကင်းကြောင်းပါဝင်နေသူများ၊ဆွေမျိုးများ၊မလွန်ဆံရဲလို့ ( ကြောက်နေသူများ )" COVER " လိုက်ပေးသူများရှိကောင်းရှိပါလိမ့်မည်။အကောင်းဆုံးက ဘေးထွက်ထိုင်နေတာအကောင်းဆုံးပါပဲ။ယခုကိစ္စဟာ မည်သူမှလက်မခံနိုင်တဲ့ ကိစ္စဖြစ်နေသည့်အတွက်လူသားဆန်စွာ အမှန်တရားအတွက်ဖော်ထုတ်ခြင်းဖြစ်သည်။
      " ယုံကြည်ချက်အတွက်တိုက်ပွဲဝင်နေသော ABSDF ကို တိုက်ခိုက်နေတာ၊ဖျက်သိမ်းခိုင်းနေတာမဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းသိစေချင်သည်။"" " ယောင်္ကျားဆိုတာမမှန်တာကိုကိုယ်လုပ်ပြီးရင် ခံရဲတဲ့သွေးရှိရတယ်။
      လူမိုက်လုပ်ရင်လည်းဒီအတိုင်းပဲ။နောက်မှအရပ်ကူပါ လူဝိုင်းပါမလုပ်နဲ့။"""
    • Naing Myo Naing I heard than koung also already released last 13-01-2012 so should catch him and ask better for that case
    • Nge Naing ကျွန်မတို့လည်း အဲဒီအမှန်တရားကို သိချင်လို့ သိတဲ့သူတွေ ရေးတဲ့ပို့စ်တွေ မလွတ်တမ်း ဖတ်နေပါတယ်။ အမှန်တရားအတွက် ရဲရဲရင့်ရင့် ထုတ်ဖေါ်ဖို့အတွက် ခိုင်လုံတဲ့ အချက်အလက် ဖြစ်ဖို့လိုတယ် မဟုတ်ဘား။ ကိုယ်ထင်ရာ ကိုယ်လျှောက်ပြောတာကိုတော့ အချက်အလက်မဟုတ်လို့ လက်ခံစရာအကြောင်း မရှိဘူး။ ကိုယ်တွေ့မဟုတ်တဲ့အရာတိုင်းမှာ Reference တာ ရှိရမယ်။ ဒီကောင်သတ်တာပဲ ဖြစ်မယ်၊ သူပါတာ ဖြစ်နိုင်တယ် စသည်ဖြစ်ပေါ့ နီးစပ်ဆုံး ဥပမာ ဟိုနေ့က ခင်ဗျားအကြောင်းသိတယ် နိုင်အောင်လခစားလို့ ကို Lin Htein ကျွန်မကို ပြောသလိုမျိုးပေါ့။ ဒါမျိုးကို နောက်ကွယ်မှာ ပြောရင် အတင်းပြောတယ်လို့ ခေါ်တယ်။ ရှေ့တည့်မှာပြောရင် အခြေအမြစ်မရှိ စွပ်စွဲတယ်လို့ ခေါ်တယ်။ ဒီလို အတင်းပြောတာ အခြေအမြစ်မရှိ ပေါက်လွတ်ပဲစား ပါးစပ်စည်းမစောင့် ပေါက်ကရပြောတာဟာ ၀လုံးရေးတဲ့အတန်းတောင် တခါမှ ကျောင်းမတက်ဖူးတဲ့ ပညာလုံးဝမတတ်သူတွေတောင် ပြောလို့တတ်ပါတယ်။ ဒါကြောင့် အမှန်တရာကို ဖေါ်ထုတ်ချင်သူ ပညာတတ် လူယဉ်ကျေး၊ လူကြီးလူကောင်းတွေဆိုရင် အဲလို အခြေအမြစ်မရှိတဲ့ စကားမျိုးကို ဘယ်တော့မှ စည်းလွတ်ဘောင်လွတ် ပေါက်ကရ မပြောသင့်ဘူး ဆိုတာ သင်ခန်းစာ ယူသင့်ပါတယ်။ အဲဒါမှလည်း မျှမျှတတ ရှိတဲ့သူ တရားမျှတမှုကို အမှန်တယ် ဖေါ်ထုတ်မည့်သူလို့ အများယုံကြည်နိုင်မယ် ဆိုတာ ကို Lin Htein နားလည်ထားဖို့ လိုပါတယ်။ နို့မဟုတ်ရင်တော့ ဒီလိုနေရာမှာ ဒီလိုစည်းမရှိကမ်းမရှိ မဟုတ်မဟတ်ပြောတဲ့သူဟာ အဲဒီကိစ္စမှာကော သူပြောတဲ့စကား ဘယ်လောက်မှန်နိုင်မလဲဆိုပြီး ကိုယ်တင်ပြတဲ့ အချက်အလက် မှန်နေရင်တောင်မှ ကိုယ့်ရဲ့ မကောင်းတဲ့ ပါးစပ်စည်းမစောင့်မှုကြောင့် ယုံကြည်မှု ကင်းမဲ့ခံရပြီး နစ်နာတတ်ပါတယ်။ ကျွန်မကတော့ ကျွန်မပြောလိုက်တဲ့ စကားတခွန်းစီကို တာဝန်ယူပါတယ်။ ပြောလိုက်တဲ့စကား မှားနေရင်လည်း မှားတယ်ဆိုတာ တိတိကျကျ ခိုင်လုံတဲ့ အထောအထားတွေ့ရင် မှားကြောင်း ၀န်ခံဖို့အသင့်ရှိပါတယ်။
    • Soe Lwin အိမ်မြှောင် အမြှီးပြတ်တွေလဲ ဒီ Group ထဲ မှာ စိမ့်ဝင်နေတာတွေ့ နေရတယ်. ဘယ်လို အကြောင်းအရာ ရေးတာကို ဘာကြောင့် Like" လဲဆိုတာ တွေ.. Profile wall တွေမှာ လေ့လာကြည့်ကြပါ.။ မလိုလားအပ်တဲ့ စိတ်ဝမ်းကွဲ မှုတွေ ဖြစ်အောင် ဖန်တည်းနေကြတယ်..
    • Ye Kyaw Aung အာဏာရှင်ကို တိုက်ရင်းနဲ့ ကိုယ်တိုင်က အာဏာရှင်ဖြစ်ခဲ့တဲ့သူတွေ...သတ်ခဲ့ဖြတ်ခဲ့သူတွေ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်ရဲ့ တရားမှုကို ပြန်လည်ဖော်ထုတ်ဖို့ တောင်းဆိုတဲ့ သမိုင်း အရိုးတွန်သံပါ.....သတ်ဖြတ်မှုကို အားပေးအားမြောက်လုပ်ခဲ့ကြတဲ့ ဆိုင်တဲ့သူတွေ ရှက်တတ်ရင် ကိုယ့်ကိုယ် ကြိုးဆွဲချပြီး အခါ တရာဘ၀ငါးရာ ခံစားသင့်တယ်...ခံစားကြပါစေ...ဒီကိစ္စကို သိခဲ့တာကြာပြီ....တရားတဲ့ အတိုင်း ဖြစ်ပါစေ....
    • Aye Aye Soe Win <<ရိုင်းစိုင်းကြမ်းကြုတ်တဲ့ ရာဇဝတ်ကောင်တွေကိုတော့ ဆက်လက်စိန်ခေါ် ဖေါ်ထုတ်သွားမယ်မြင့်မြတ်တဲ့ ခွပ်ဒေါင်းအလံတော် အောက်မှာ လူလိမ်၊ လူယုတ်တွေ ကျဆုံးစေရပါမယ်>>
    • Darli Pug လော လော ဆယ် မှာ လူ သတ် သ မား တွေ ရဲ့ အ မဲဆက် ကြီး ကြီး ကို သ ကြား မင်း တောင် ဆင်း ကယ် တောင် ဖုမ်း လို့ မ ရ ဘူး they must face justice.
    • Lin Htein http://www.scribd.com/doc/78421220/Loss-of-Innocence-1992-bertil-lindner
      www.scribd.com
      Loss of Innocence-1992 bertil lindner by peacerunning in students, killing, and humanrights
    • Ko Zayar
      Hmone Shwe Yi ကိုဇေယျာ-ခင်းဗျားA B အဖွဲ.အကြောင်းသေချာသိလား-ကိုယ်ပိုင်နယ်မြေမရှိဘူး-အစစအရာရာအဲဒီအချိန်အခါကလူမျီုးစုတွေကစောင်.ကြည်.ခံနေရတာ-အဲဒါလဲသူတို.မှာအပြစ်မရှိဘူး-အဖွဲ.ဖျက်သီမ်းလို.ပြောရအောင်ခင်ဗျားကဘာကောင်လဲ-A B S D F အဖွဲ.ကလူမသတ်ဘူး-ခြု
      ဖစ်တာကလူတစုနဲ.ဘဲဆိုင်တယ်-ခင်ဗျားတို.လိုသေချာလေ.လာမှု.မရှိဘဲရမ်းတုတ်တဲ.ကောင်တွေကိုကျုပ်စိန်ခေါ့တယ်<<<< ABSDF နဲ့ပတ်သတ်တာ အကောင်းပဲမြင်ခဲ့ပါတယ်။လေးလည်း လေးစားခဲ့ပါတယ်။ ABSDF က ဇာတ်ရှုပ်တွေ ယုတ်မာမိုက်ရိုင်းမှုတွေကိုတော့ ကိုထိန်လင်း ဆောင်းပါးတွေနဲ့ ကိုအောင်မိုးဝင်းနုတ်တွေ ဖတ်ပြီး သိခဲ့ရလို့ ချီးထက်တောင် ရွံခဲ့တယ်။ ခင်ဗျားက ABSDF က လူမသတ်ဘူး ဖင်ပိတ်ငြင်းရအောင် အခုသေသွားသူတွေက KIA ကသတ်တာလား ဗကပကသတ်တာလား။ နောက်တစ်ခါ ကွန်းမန့်ရေးရင် နည်းနည်း ယဉ်ယဉ်ကျေးကျေးေ၇းမှ ကျနော် ပြန်ရေးပါ့မယ်။ငါးစိမ်းသည်ဆန်တဲ့ ကွန်းမန့်ကို စာပြန်မှာ မဟုတ်ပါ။
    • Ko Zayar
      Ye Tun Oo
      အဲသည်အချိန်တုန်းက သတင်းစာရှင်းလင်းပွဲကို ကြည့်ခဲ့ရတယ်။ သတင်းစာမှာလည်း ဖတ်ဖူးခဲ့တယ်။ တကယ်ကြုံခဲ့တဲ့သူက ပြောပြတာတောင် မယုံခဲ့ဘူး။ ဒါပေမယ့် အခုအချိန်မှာ ထပ်တခေါက်ပြန်ဖတ်ရတော့မှသာ ယုံလိုက်ရတယ်။ တကယ်ဖြစ်ခဲ့တာကိုး။ အဲသလောက် ဆိုးဝါးစွာနှ
ိပ်စက်မှုတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအပေါ်မှာ ယုတ်ညံ့စွာ စော်ကားနှိပ်စက်သွားတာတွေ ကို ဘယ်လိုမှ လက်ခံလို့မရဘူး။ အဲသည်အချိန်မှာ တာဝန်ရှိတဲ့သူတွေအနေနဲ့ ရဲရဲဝင့်ဝင့် တာဝန်ယူပြီး ရှင်းဖို့ကောင်းတယ်ဗျာ။ မဟုတ်ရင်တော့ သွားပြီ။
      13 hours ago ...ကို Ye Tun Oo ပြောသလိုပဲ ကျနော်လည်း ငယ်ငယ်က မြက်ခင်းသစ်မှာ ဒီကိစ္စတွေ ဖတ်ဖူးတယ်။ ပြည်ပရောက်တော့ ပြည်ပမီဒီယာတွေ ဖတ်တာများပြီး ဒီကိစ္စကို ထောက်လှမ်းရေးက မြက်ခင်းသစ်မှ လုပ်ကြံဝါဒဖြန့်တာ ထင်ခဲ့တယ်။ ခုမှ ဒါတွေဟာ တကယ်ပါလား ဆိုပြီး သိရတာပါ။ အစိုးရကသာသတင်းထုတ်ပြန်ရင် ညာနေတယ် ထင်ဦးမှာပါ။
    • Ko Zayar
      တခြားသူတွေ ရေးထားတာကို ပြန်ဖြေရရင် အေဘီမှာ လူကောင်းတွေ တကယ့်ရဲဘော်တွေရှိတာကို လေးစားလက်ခံပေမဲ့ လူ ၃၀၀ကျော်ရှိတဲ့ အဖွဲ့လေးမှာ လူ၁၀၀ ကျော် ဖမ်းဆီးနှိပ်စက်ခံရလောက်အောင်ဖြစ်တာ ကြားရတော့ အတော်ကို ရွံမိတာ ကျနော် မမှားပါဘူး။လ ူတစ္စု က လုပ္တာ ဆိုေ
      ပမဲ့ ဒီလောက်ဆိုးတဲ့ ကိစ္စကို မတားနိုင်တဲ့ကျန်တဲ့လူတွေမှာလည်း သွယ်ဝိုက်ပြီး တာဝန်ရှိတယ်ဆိုရင် လက်ခံပါသလား။စစ်တပ်က ရွာတွေ မီးရှို့ လူတွေသတ်တာကို စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တစ်စု မှာပဲ တာဝန်ရှိတာပါ။ တပ်မတော်ကြီးက အရမ်းကောင်းတာပါ ပြောရင် လက်ခံမလား။ အေဘီကို ထိလို့ ကက်ကက်လန်ရန်တွေ့တာထက် ကိုယ့်အဖွဲ့မှားခဲ့တာကို သတ္တိရှိရှိလက်ခံလိုက်တာ သိက္ခာရှိပါတယ်။ အေဘီကို ကျနော်ဝေဖန်တာက ခု ကိုမောင်မောင်ဝမ်းတို့ရေးနေတဲ့ လူယုတ်မာတွေနဲ့ အပေါင်းပါတွေကိုပါ။ အဲဒီ လူယုတ်မာတွေနဲ့ပတ်သတ်နေသူတိုင်း ကျနော်ရေးတာကို အားရပါးရ နာကြပါဗျာ။
    • Thet Naing Maung
      ABSDF ကရဲဘော်များကို သွေးသောက်ညီအကိုအရင်းတွေလို ချစ်ခင်ပါတယ် လေးလည်းလေးစာတယ် အများစုဟာ ၈၈ မှာအာဏာသိမ်းတော့ ပြည်တွင်းမှာမနေသင့်လို့ တိမ်းရှောင်သွားသူတွေဖြစ်တယ် ၈၈အမာခံတွေ တကယ့်လူတော်မျိုးချစ်အာဇာနည်တွေပါတယ်ဆိုတာလည်း ကျွန်တော်သိတယ် သို့ပေမဲ့
      ABSDF မျိုးချစ်ရဲဘော်တို့အနေဖြင့် အမှားနှင့်အမှန်ကိုခွဲပါ ကိုယ့်သမိုင်းကိုဆက်ရေးပါ မြောက်ပိုင်းတောင်ပိုင်း အနောက်မြောက် ဒါတွေပြောနေတာ လုံးဝအဓိပ္ပါယ်မရှိဘူး သဘာဝမကျဘူးလို့မြင်တယ် ဒီပြဿနာဟာ ABSDF ခေါင်းစီးအောက်မှာဖြစ်တယ် ရဲဘော်ညီကိုတို့အားလုံးမှာတာဝန်ရှိတယ်ညီကိုတို့ABSDF ၏ဘုံပြဿနာလို့မြင်တယ် အမှားအမှန်သေခြာခွဲပြီး အဓိကအတွင်းရန်သူတွေကိုချေမုန်းရန် ရဲဘော်တို့အားလုံးမှာတာဝန်ရှိတယ် ဒီမိုကရေစီစစ်ဆင်ရေးက ဘုံရန်သူတနိုင်ငံလုံးအရေးဖြစ်တယ် ယ္ခုအရေးကတော့ ရဲဘော်တို့ ABSDF လက်တွင်းမှာကျဆုံးသွားခဲ့သော ကိုထွန်းအောင်ကျော်နှင့်ရဲဘော်များဟာ တကယ့်ကျောင်းသားသူရဲကောင်းအမှန်တွေဖြစ်တယ်ဆိုလျင် ရဲဘော်တို့မှာတာဝန်တွေသိပ်ကြီးသွားပြီ ဒါကိုကောင်းစွာနားလည်သဘောပေါက်စေလိုတယ် ဒီယ္ခုပြဿနာဟာ ABSDF သူရဲကောင်းတို့၏ သမိုင်းကိုလုံးဝနီးပါးညှိုးနွမ်းသွားစေနိုင်သည် ဒီတော့ လက်ရှိမိမိအဖွဲ့တွင်းနှင့်တိုက်ရိုက်သက်ဆိုင်သော ပြဿနာများကို လက်ငင်းအလျင်ဖြေးရှင်းရန် အထူးသင်းလျော်သည်ဟုမြင်သည် ABSDF ညီကိုတို့ အမှန်တရားအတွက် ရဲ့ဝံ့ရှင်းလင်း ပြတ်သားစွာ တိုက်ပွဲဝင်နိုင်ကြပါစေ။
    • Lily Htut ဒီမိုကရေစီစစ်ဆင်ရေးက ဘုံရန်သူတနိုင်ငံလုံးအရေးဖြစ်တယ် ယ္ခုအရေးကတော့ ရဲဘော်တို့ ABSDF လက်တွင်းမှာကျဆုံးသွားခဲ့သော ကိုထွန်းအောင်ကျော်နှင့်ရဲဘော်များဟာ တကယ့်ကျောင်းသားသူရဲကောင်းအမှန်တွေဖြစ်တယ်ဆိုလျင် ရဲဘော်တို့မှာတာဝန်တွေသိပ်ကြီးသွားပြီ ဒါကိုကောင်းစွာနားလည်သဘောပေါက်စေလိုတယ် ....like
    • Aye Aye Soe Win
      အေဘီကို ထိလို့ ကက်ကက်လန်ရန်တွေ့တာ .............................ဒီ မှာ လဲ ခံ ရ ပါ တယ် ABSDF ၏ statement ကို Tun Aung Kyaw နဲ့ Ko Ko Oo လဲ ဝေ ဖန် တာ ပါ ပဲ ။

      အ ချို့ က ယဉ် ယဉ် ကျေး ကျေး တုန့် ပြန် ပါ တယ်။ အ ချို့ က ရ...See More
    • Nge Naing
      ‎((((((အေဘီကို ထိလို့ ကက်ကက်လန်ရန်တွေ့တာထက် ကိုယ့်အဖွဲ့မှားခဲ့တာကို သတ္တိရှိရှိလက်ခံလိုက်တာ သိက္ခာရှိပါတယ်။ By Ko Zayar))))။ ABSDF ကို ထိလို့ ကက်ကက်လန်အောင် ရန်တွေ့တာ မရှိဘူး။ ယုတ္တိယုတ္တာမရှိ ထင်ရင်ထင်သလို ပြောနေကြာတကို ကောင်းကောင်းဆွေးနွေးတာက
ို လူလိုသူလို ပြန်မဆွေးနွေးပဲ မဆိုင်တာတွေ လျှောက်ပြောလာမှသာ ပြောတဲ့သူနဲ့ တန်ရာတန်ရာ ပြန်ပြောခဲ့တာတွေ ရှိခဲ့ါပတယ်။ ဒါမေပဲ့ ဒီပို့စ်အောက်မှာ ကျွန်မ ကက်ကက်လန်အောင် ရန်တွေ့တဲ့ အသုံးအနှုန်းတွေ့ရင် ထောက်ပြနိုင်ပါတယ်။ မြောက်ပိုင်းမှာ ညှင်းဆဲ သတ်ဖြတ်ခဲ့တာဟာ လုံးဝမှားတယ်ဆိုတာ လက်ခံပြီးသား ဖြစ်လို့သာ ဒီကိစ္စတွေမှာ ဘယ်လိုဖြစ်သွားတယ်ဆိုတာ အကျိုးအကြောင်းကို အမှန်အတိုင်း အချက်အလက် ပိုသိချင်လို့ လိုက်ဆွေးနွေးစုံစမ်း မေးမြန်းနေတာသာ ဖြစ်တယ်။ အချက်အလက်ကို မပြောကြဘဲ ဘယ်တော့ကတည်းက ပုဂ္ဂိုလ်ရေး မကျေနပ်နေမှန်းမသိ မကျေပွဲနွှဲချင်တဲ့သူတွေရဲ့ ပါးစပ်က Fact မဟုတ်တဲ့ Analysis မဟုတ်တဲ့ ပေါက်လွှတ်ပဲစား ပြောတာတွေကို တွေ့နေရလို့ ကျွန်မတို့က ပြောနေရတာ ဖြစ်တယ်။

      (((((ယ္ခုအရေးကတော့ ရဲဘော်တို့ ABSDF လက်တွင်းမှာကျဆုံးသွားခဲ့သော ကိုထွန်းအောင်ကျော်နှင့်ရဲဘော်များဟာ တကယ့်ကျောင်းသားသူရဲကောင်းအမှန်တွေဖြစ်တယ်ဆိုလျင် ရဲဘော်တို့မှာတာဝန်တွေသိပ်ကြီးသွားပြီ ဒါကိုကောင်းစွာနားလည်သဘောပေါက်စေလိုတယ် by Thet Naing Maung )))) ရန်သူလူ ဖြစ်မှ တာဝန်ကြီးတာ မဟုတ်ဘူး ကိုထွန်းအောင်ကျော်နဲ့ ညှင်းဆဲသတ်ဖြတ်ခံရတဲ့သူတွေဟာ ရန်သူလူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီလိုလူမဆန်တဲ့ လူ့ဂုဏ်သိက္ခာနဲ့ လုံးဝမကိုက်ညီတဲ့ လုပ်ရပ်ကို လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကျွန်မဟာ လူ့အခွင့်အရေးကို လုံးဝလေးစားလိုက်နာသူ ဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖေါက်တာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ ဘက်လိုက်မည့်သူ မဟုတ်ဘူး။ အခု ကျွန်မတို့ ပြောနေတာဟာ မြောက်ပိုင်းမှာ ဖြစ်သွားတဲ့ ဖြစ်ရပ်ကို မဟုတ်ဘူးလို့ ငြင်းဆိုနေတာလည်းမဟုတ်ဘူး ခုနက ပြောထားသလို မဟုတ်မဟပ် မဆိုင်တာတွေ အခြေမြစ် မရှိတာတွေကို လျှောက်ပြောနေတာကိုပဲ ပြန်ချေပနေတာ ဖြစ်တယ်။ ကျွန်မတို့ဟာ လူသတ်သမားတွေကို ပြောလို့ ဘာမှ နာစရာအကြောင်း မရှိဘူး ABSDF တခုလုံးကို ၀ါးလုံးရှည်နဲ့ ရမ်းပြီး သုံစားမရအောင် ပြောနေတာကိုပဲ နာတာ။ နာရတာကလည်း ထပ်ပြောမယ် ဒီကိစ္စကြောင့် အမှန်တရားကို တကယ်ဖေါ်ထုတ်ချင်သူကိုပဲ လေးစားနိုင်မယ်၊ လက်ခံနိုင်မယ် ဒီကိစ္စကို အကြောင်းပြုပြီး ABSDF ကို ပျက်စီးရာပျက်စီးကြောင်း လုပ်ပြီး ABSDF တိုက်ပွဲဝင်လာတဲ့ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားတာကို လုံးဝလက်ခံမှာ မဟုတ်ဘူး။
    • Than Win
      ABSDF နှင့် မွန်မြတ်စွာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ဂုဏ်သိက္ခာကိုကာကွယ်ချင်တယ်ဆိုရင် ၊အမှန်တရားဘက်ကရပ်ပါ၊ဖြစ်ပျက်ခဲ့တဲ့အမှန်တရားကိုလက်ခံပါ ၊ဒီအဖြစ်အပျက်ကိုဘယ်သူမှဖုံးကွယ်လို့မရဘူး ၊ရက်စက်စွာဖြစ်ပျက်ခဲ့ပြီးဖြစ်တယ်၊ဒါကိုဘက်လိုက်ပြီး ကာကွယ်ဘို
့မကြိုးစားပါနဲ၊အဖွဲ့အစည်းနဲ့သူရဲကောင်းတွေကိုပိုထိခိုက်စေတယ်သတိထားပါ၊ဒီအဖြစ်အပျက်ဟာ ၊AB ရဲ့ မူ ၊စိတ်ဓါတ် ၊ ယုံကြည်ချက်လုံးမဟုတ်ပါ၊အာဏာရူးတစုကြောင့်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်သာဖြစ်တယ်၊ မှားတာကိုမှားတယ် ၊မှန်တာကိုမှန်တယ်လို့ပကတိအတိုင်းလက်ခံရမှာဖြစ်တယ်၊ ဒါကို ဘလိုင်းကြီးလိုက်စိန်ခေါ်ဘို့မကြိုးစားကြပါနဲ့ ၊ကျောင်းသားသမိုင်း ၊ ABသမိုင်းပိုထိခိုက်တယ်၊ကိုယ့်ဘက်မှာဘာမှမသေချာရင် ၊ငြိမ်ြိငိမ်နားထောင်၊လေ့လာတာကပိုကောင်းမယ်၊ကိုယ့်ကိုလည်းမထိခိုက်ဘူးပေါ့
    • Than Win AB သမိုင်းကိုကောင်းကောင်းသိလို့ ၊တာဝန်ရှိတယ်ယူဆလို့နိုင်သလောက်ကာကွယ်ဘို့ကြိုးစားနေကြတယ်ဆိုတာနားလည်ပါ၊အမှန်တရားပေါ်ထွက်လာတဲ့တနေ့ဟာအရာရာရဲ့အဆုံးအဖြတ်ဖြစ်လိမ်ုမယ်။ အချိန်စောင့်ပြီးနားလည်အောင်ကြိုးစာကြပါ ။
    • Nge Naing
      ကိုသန်းဝင်း ကျွန်မကို ပြောချင်ရင် နာမည်တပ်ပြီး တည့်တည့်ပြောပါ။ ကျွန်မက ဘာကိုငြင်းနေတာလဲ။ တည့်တည့်ပြော မြောက်ပိုင်းမှာ ဖြစ်သွားတဲ့ကိစ္စကို ကျွန်မ ဘယ်နားမှာများ ငြင်းဆိုထားလဲဆိုတာ တိတိကျကျ လေးထောက်ပြပါ။ ကိုယ်ဘယ်နားမှာ ငြင်းထားလဲဆိုတာ ကိုယ်မသိလ
ို့၊ ကျွန်မ အခုပြောနေတာ ABSDF ကို ဖျက်သိမ်းဖို့ ပြောနေလို့ ၀င်ပြောတာ။ ကိုသန်းဝင်းကို ဒီမှတ်ချက်ပေးသူကို ဘာမှပြန်မဆွေးနွေးဘဲ ကျွန်မကို ငြိမ်ငြိမ်နေဖို့ လာပြောနေရတာ ကိုသန်းဝင်းက အလိုတူအလိုပါလားလို့ ပြန်မေးစရာ ရှိပါတယ်။ အမှန်တရားဘက်က မရပ်ဘဲ ဘယ်နားမှာ အမှားဘက်ကရပ်နေလဲ အခုတိတိကျကျ ထောက်ပြပါ။
    • Than Win ဒီအဖြစ်အပျက်ဟာ ကျယ်ကျယ်လောင်လောင်ဖြစ်လာတဲ့အမျှ လူတိုင်းဟာ မိမိ ခံစားရသလိုမျိုးစုံပြောကြမှာဘဲ ၊ဒါကိုတားလို့မရဘူး ၊ဖြေရှင်းလို့လဲကုန်မှာမဟုတ်ဘူး၊ဒါကိုဖြေရှင်းချင်ရင် ကျောင်းသားသမိုင်းရပ်တည်ချက်၊AB ရပ်တည်ချက်နဲ့ ချိန်ထိုး ပြီးဖြေရှင်းစေချင်တယ်၊AB ကိုထားတဲ့မင်းရဲံ့ရပ်တည်ချက်ကို လေးစားနားလည်ပါတယ်၊ဖြေရှင်းပုံဖြေရှင်းနည်းမှားရင်အရာရာကိုထိခိုက်မှာစိုးလို့ပါ ။
    • Nge Naing
      ဖြေရှင်းပုံ ဖြေရှင်းနည်း မှားတယ်လို့ ပြောရလောက်အောင် ကျွန်မဘာမှကို မဖြေရှင်းရသေးဘူး။ သိချင်လွန်းလို့ သတင်းကိုစုံစမ်းရင်းနဲ့ ပေါက်ကရလျှော်ကပြော လျှောက်ရေးနေသူတွေကို အခြေအမြစ်ရှိရှိပြောဖို့ပဲ ကျွန်မ ပြောရသေးတယ်။ ခိုင်လုံတဲ့သတင်းဆို ကျွန်မက ယူ
      မှာဖြစ်တယ်။ အခုတော့ ခိုင်လုံဖို့နေနေသာသာ အဖွဲ့အစည်းကို သုံးစားမရအောင် ပြောနေတာကို ဖေါ်လိုလိုက်ပြီး လက်ခံပေးရမလား။ မဟုတ်တာတွေ ပြောနေတာကို ဖြေရှင်းချက်မှားတယ်လို့ ပြောရလောက်အောင် ကျွန်မ ဘာမှမဖြေရှင်းရသေးဘူး။ ကျွန်မမှာ မဟုတ်ဘူးလို့ ငြင်းတဲ့ဟာတိုင်းမှာ အကြောင်းပြချက်ရှိတယ်။ ကျွန်မကို ဘက်လိုက်တယ် ကာတယ်လို့ ပြောတဲ့လူတိုင်းမှာ ဘာအကြောင်းပြချက်မှ မရှိဘဲ ပြောချင်ရာ ပြောတာပဲ ဖြစ်နေတယ်။ ဒီတော့ ဒါဟာလည်း လူ့အခွင့်အရေး ချိုးဖေါက်တာပဲ။ လူ့အခွင့်အရေး ချိုးဖေါက်တာကို ကာကွယ်ဖို့ ဖေါ်ထုတ်ဖို့ဆိုတဲ့သူတွေက တခြားသူတယောက်ကို ကိုယ်ကိုယ်တိုင် ချိုးဖေါက်တာကို သတိမထားမိဘဲ ဒါမှမဟုတ် နားလည်ဘဲ ဘယ်လိုလုပ် ယုံကြည်ကိုးစားလို့ရမလဲ။ ကျွန်မဟာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ တယောက်ဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ ချိုးဖေါက်တာကို ဘယ်တော့မှ ငြိမ်ငြိမ်နေမည့်သူ မဟုတ်ဘူး။
    • Nge Naing
      ဒါဆိုရင် ရှင်းပုံရှင်းနည်း ဘာမှားနေလဲဆိုတာ ပြန်ဖြေပါ။ ခံစားရလို့ ဆိုပြီး အဖွဲ့အစည်းကို မဟုတ်တာ ပြောနေတာကိုတော့ ဘယ်တော့မှ လက်မခံနိုင်ဘူး။ ကျွန်မမှာ လူပုဂ္ဂိုလ်စွဲလည်း မရှိဘူး။ အုပ်စုစွဲလည်းမရှိဘူး၊ စံထားတာ အမှန်တရားနဲ့ပဲ စံထားတယ်။ လူ့အခွင့်အေ
      ရးနဲ့ပဲ စံထားတယ်။ လူ့အခွင့်အရေးကို အပြောနဲ့မဟုတ် လက်တွေ့ ကာကွယ်စောင့်ရှောက်နေသူဖြစ်တယ်။ အမှန်တရားတနေ့ပေါ်မယ် ဖုံးကွယ်လို့မရဘူးလို့ ကျွန်မကို လာပြောနေသူတွေကလည်း ကျွန်မက ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူဖြစ်လို့ ဒီသဘောတရားတွေကို နားလည်ပြီးသား ဖြစ်တယ် ကိုယ့်ကိုယ်ကိုယ် ပြန်ပြောဖို့ တိုက်တွန်ချင်ပါတယ်။
    • Than Win မင်းတလွဲမြင်နေတာကိုး.. အပေါ်မှာမင်းရေးနေတာတွေဟာခုခံကာကွယ်နေတာဘဲမဟုတ်လား ၊ထားပါတော့လေမင်းကြိုက်သလိုတွေးပါ ၊ဒါ မင်းကိစ္စပါ ၊စေတနာအမှန်နဲ့ပြောတာပါ၊နောက်ငါဘာမှမဖြေရှင်းတော့ဘူး ၊ဒါဘဲနော် ။
    • Nge Naing ဒါကိုရင် ကိုသန်းဝင်းလည်း အခြေအမြစ်မရှိ စွပ်စွဲချင်သလို စွပ်စွဲပြီး ထွက်ပြေးတာပဲ။ ရှောင်ပြေးတာပဲ။ ဘယ်အချက်က ဘယ်လိုလွဲနေတယ်ဆိုတာ တိတိကျကျ မထေက်ပြနိုင်ဘဲ ကိုယ်ထင်ရာ ကိုယ်ပြောတာပဲလို့ သတ်မှတ်ရလိမ်မယ်။
    • Nge Naing ကာကွယ်တာ ဘယ်သူ့ကိုကာကွယ်တာလဲ ဘယ်လိုကာကွယ်လဲ။ တိတိကျကျ ထောက်ပြရမယ်။ ဘာမှမထောက်ပြနိုင်ဘဲ အခြေအမမြစ်မရှိ ပြောရင် စွပ်စွဲတာပဲ။ မကဒတမှာ ခေါင်းဆောင်လုပ်လာဖူးသူတယောက် အဲလို တန်ဖိုးမရှိ အနှစ်သာရမရှိတဲ့စကားကို နောက်ထပ်မပြောစေချင်ဘူး။ မိမိပြောလိုက်တဲ့စကားတိုင်းကို မိမိတာဝန်ယူရတယ်။ ကျွန်မဆွေးနွေးလာတာမှန်သမျှ တခွန်းမကျန် ကျွန်မအကုန်လုံးတာဝန်ယူနိုင်တယ်။
    • Nge Naing
      ကျွန်မဟာ အမှန်တရားကို လိုချင်လို့ အမှန်တရားကို ရှာဖွေနေသူဖြစ်တယ်။ ဒီလို Fact ဖြစ်စဉ်တခုကို Fact ကိုတိတိကျကျ မသိဘဲနဲ့ ကျွန်မဘယ်တော့မှ ရမ်းတုတ်မှာမဟုတ်ဘူး။ တိတိကျကျ သိရပြီးရင်တော့ ကျွန်မ ရေးမှာဖြစ်တယ်။ ကျွန်မကို ပြောချင်ရာပြောပြီး ကျွန်မပြန်ေ
      ဆွးနွေးတော့ ဘာမှပြန်မဖြေရှင်းတဲ့သူတွေ တနေ့ကျွန်မ စာရေးလို့ Evidences အဖြစ် အသုံးချရင်တော့ အဲဒီအချိန်မှ ကျွန်မကို ကွန်ပလိန်းလာမတက်ကြဖို့ အခုကတည်းက ကြိုပြောထားမယ်။ ဒီမြောက်ပိုင်းကိစ္စမှာ ဘယ်တုန်းက ဘယ်သူ့ပို့စ်မှာ ကျွန်မဘာဆွေးနွေးခဲ့တယ်ဆိုတာ မှတ်ထားသလို ကျွန်မကို ဘယ်တုန်းကဘယ်သူက ဘာစွပ်စွဲပြီး ပြန်မေး၊ ပြန်ဆွေးနွေးတော့ ရှောင်ပြေးတယ်ဆိုတာလည်း ပို့စ်နဲ့တကွ အကုန်မှတ်ထားပါတယ်။ ဒီမြေက်ပိုင်းကိစ္စကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ပီပီ ကျွန်မကိုယ်တိုင် အစွဲကင်းကင်းနဲ့ ရှုပ်ချမယ်။ ဘယ်သူ့ကိုမှ ဖါးမှာမဟုတ်ဘူး။ အမှန်တရားနဲ့ ပတ်သက်လာရင် သူများကို ကာဖို့နေနေသာသာ လူဖြစ်အောင် မွေးပေးလိုက်တဲ့ မိဘကိုတောင် မကာဘူး။
    • Ko Zayar
      Nge Naing
      ဖြေရှင်းပုံ ဖြေရှင်းနည်း မှားတယ်လို့ ပြောရလောက်အောင် ကျွန်မဘာမှကို မဖြေရှင်းရသေးဘူး။ သိချင်လွန်းလို့ သတင်းကိုစုံစမ်းရင်းနဲ့ ပေါက်ကရလျှော်ကပြော လျှောက်ရေးနေသူတွေကို အခြေအမြစ်ရှိရှိပြောဖို့ပဲ ကျွန်မ ပြောရသေးတယ်။ <<<<ခင်ဗျားကဘာမှ ခြေ
      ခြေမြစ်မြစ် မရှင်းရသေးဘဲ ငါ့စကားနွားရ တစ်ဖက်သူ ခံစားချက်ကို စော်ကားပြီး ဖင်ပိတ်ငြင်းနေတယ်လို့ ကျနော် မြင်တယ်။ အေဘီသမိုင်းမှာ လေးစားစရာလည်း တကယ်ရှိတာလက်ခံပါတယ်။ ခုလို ကိုယ့်ရဲဘော်ချင်းရက်ရက်စက်စက်မိုက်မိုက်ရိုင်းရိုင်းလုပ်ရက်တဲ့ မြန်မာစစ်ကြောရေးက အဖိုး ခေါ်လောက်တဲ့ ယုတ်မာပက်စက်မိုက်ရိုင်းတဲ့ အေဘီရဲ့ သမိုင်းကြောင်းဟာလည်း အေဘီကို ချစ်တာတစ်ခုတည်းနဲ့ ဖင်ပိတ်ငြင်းလို့ မရဘူးဆိုတာ ခင်ဗျားလက်ခံရမယ်။ ခင်ဗျား ချစ်တဲ့ အဖွဲ့ သိက္ခာကို ထိမ်းချင်ရင် ကောင်းတဲ့သမိုင်းကို ဂုဏ်တင်ချင်သလို အေဘီရဲ့ ငါးပိလို မကောင်းတဲ့ ပုတ်စော်နံတဲ့ အပိုင်းကိုလည်း သိက္ခာရှိရှိလက်ခံရဲတဲ့ သတ္တိမွေးပါလို့ ကျနော် တိုက်တွန်းလိုတယ်။ ခင်ဗျား ဒီ မိုက်ရိုင်းတဲ့ လုပ်ရပ်တွေကို လက်မခံတာဟာ မတရားအသက်ခံရတဲ့ အေဘီရဲဘော်တွေကို ပြင်းထန်စွာ ရိုင်းစိုင်းစွာ စော်ကားလိုက်တာလို့ ကျနော် ယူဆတယ်။
    • Ko Zayar
      မ Nge Naing... ကျနော် အေဘီနဲ့ ပတ်သတ်မှုမရှိပါဘူး ။ အသတ်ခံရတဲ့ အထဲမှာလည်း ကျနော့် အမျိုးမိတ်ဆွေမပါပါဘူး။ ရေးထားတာတွေ ဖတ်ပြီး ဒီနေရာမှာ ငါသာဖြစ်ခဲ့ရင် ငါ့သူငယ်ချင်းသာဖြစ်ခဲ့ရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ မတရားခံရသူတွေဘက်က ဒေါသထွက်ပြီး ရေးတာပါ။
      အေဘီကို စော်ကားချင်စိတ်ထက် မတရားခံရသူတွေဘက်က နာလို့ရေးတယ်ဆိုတာ ရေးသူရဲ့ စေတနာကို မြင်အောင်ကြည့်နိုင်သူတိုင်း သိနိုင်ပါတယ်။ ဒီလောက် ရက်စက်တဲ့ ကိစ္စကို အေဘီမှ မဟုတ်ဘူး ကျနော့် မိဘအမျိုးတွေ လုပ်ရင်လည်း လက်မခံပဲ ပြတ်ပြတ်သားသားဝေဖန်ရှုံ့ချမှာပဲ။ ခင်ဗျားအနေနဲ့ အေဘီကို ချစ်ရိုးမှန်ရင် မတရားခံရသူတွေ ရက်ရက်စက်စက်အသတ်ခံရသူတွေ ဘက်က နာတဲ့စကားတစ်လုံးမှ မပြောပဲ အဲလို အသတ်ခံတဲ့လူတွေဘက်က နာလို့ comment ရေးသူတွေကို ခင်ဗျားက မိန်းမကြမ်းတစ်ယောက်လို ရန်တွေ့နေတာဟာ မတရားအသတ်ခံရတဲ့ အေဘီရဲဘော်တွေရဲ့ ၀ိညာဉ်တွေကိုစော်ကား လှောင်ပြောင်ရာများ ကျနေမလားလို့ စဉ်းစားမိတယ် ။ ခင်ဗျားလုပ်ရပ်တွေ မှန်မမှန် ဆိုတာ အသက်၀၀ရှူ စိတ်အေးအေးထားပြီး နဖူးပေါ်လက်တင်ပြီး သေချာစဉ်းစားကြည့်လိုက်ပါ။ ဒါကိုမှ ကျနော်တို့ မှားသေးတယ် ဆိုရင် အေဘီရဲဘော်တွေ အသတ်ခံရတာ အေဘီ မမှားဘူးဆိုတာကို ခင်ဗျားပြောသလို အချက်အလက်နဲ့ လာရှင်းပါ။
    • Nge Naing
      Ko Zayar ရှင်က ABSDF ကို ဖျက်သိမ်းဖို့ ပြောလို့ ကျမက မှတ်ချက်ဝင်ပေးတာလေ။ ကျွန်မက မြောက်ပိုင်းက ကိစ္စကို ဘယ်နားမှာမှ မငြင်းရပါလား၊ ငြင်းတယ်လို့ ရှင်ဘယ်အချက်ကိုပြောတာလဲ ခုနက ကိုသန်းဝင်းကိုမေးတော့လဲ မဖြေဘဲနဲ့ ထွက်ပြေးသွားတယ်။ ရှင်လည်း အဲလိုပြေ
ာချင်ရာပြောပြီး ထွက်ပြေးဖို့ မစဉ်းစားနဲ့ ဒီပို့စ်ထဲမှာ ဖြစ်လာတဲ့ မှတ်ချက်တွေက tag ပေးလို့ ကျေးဇူးတင်တယ်လို့ ကိုမောင်မောင်ဝမ်းကို ကျေးဇူးတင်စကားပြောတဲ့ မှတ်ချက်က ရှင်က ABSDF ကိုဖျက်သိမ်းဖို့ ပြောလို့ ဖြစ်လာတဲ့ မှတ်ချက်တွေချည်းပဲ။ ကဲပြောပါ ဘယ်နားမှာလဲ ဘယ်ဝေါဟာရ ဘယ်စကားလုံးကို ဆိုလိုတာလဲ မြောက်ပိုင်းမှာ ဖြစ်သွားတဲ့ကိစ္စကို ငြင်းတယ်ဆိုတာ ဒါကိုကျွန်မ မေးနေတယ်။ ရှင်တို့ဖါသာ ရှင်တို့ စိတ်ရူးပေါက်ပြီး ဦးနှောက်မရှိ၊ ယုတ္တိမရှိ၊ အချက်အလက်မရှိ၊ Evidence Based Practice မရှိဘဲ မဟုတ်တာတွေ လျှောက်စွပ်စွဲနေတာ အခုလောလောဆယ် အနေနဲ့ ကျမကို မြောက်ပိုင်းကိစ္စကို ငြင်းနေတယ်လို့ စွပ်စွဲနေတာကိုပဲ ကျမပြောနေတာ။ မြောက်ပိုင်းကိစ္စကို ကျမဘယ်နားမှာမှ ငြင်းနေတာမရှိဘူး ဆိုတာ အခိုင်အမာ ပြောနေတယ်။ အဲဒါကို ငြင်းနေတယ်လို့ စွပ်စွဲတဲ့သူတွေက ဒါကို ဖြေဖို့တာဝန်ရှိတယ်။ ကိုယ့်စကားကိုယ် တာဝန်ခံမှု တာဝန်ယူမှု မရှိ၊ တာဝန်ယူမရဲရင် ကျမကို အစကတည်းကလာမှ လာမပြောနဲ့ ဟုတ်ပြီလး။
    • Nge Naing ဆောရီး tag ပေးလို့ ကျေးဇူးတင်တယ်လို့ ကိုမောင်မောင်ဝမ်းကို ကျေးဇူးတင်စကားပြောတဲ့ မှတ်ချက်ကလွဲရင်လို့ ပြောချင်တာ စာလုံးကျန်ခဲ့လို့။
    • Ko Zayar
      Nge Naing ခင်ဗျား အသတ်ခံရတဲ့ ကျောင်းသားတွေဘက်က ဘာမှမရေးပဲ ကွန်းမန့်ရေးသူတွေကို ရန်တွေ့နေတာ အာရုံလွှဲနေတာလား။ မယောင်ရာဆီလူးနေတာလား။ နုတ်နဲ့ပတ်သတ်တဲ့ကျနော့် အမြင်ရေးတယ်။ ခင်ဗျားအမြင်ကိုရေးရင် ပြီးရောပေါ့။ ကျနော်လည်း ဖတ်ရတဲ့ဟာတွေကို တော်တော်ကို
      ရွံမိလို့ အဲဒီအဖွဲ့ ကို အသံတောင်မကြားချင်တော့တာ။ ဒါ ကိုယ့်အမြင်ပဲ။ ခင်ဗျားလည်း ခင်ဗျားအမြင်ပဲပြော။ ခင်ဗျားရေးသမျှ ထိုင်ရှင်းနေရလောက်အောင် အားအားယားယား အချိန်မပေါဘူး။ခင်ဗျားရေးသင့်တာ အပေါ်က နုတ်က ရေးတာကိုသဘောတူရင်တူတယ် မတူရင် မတူဘူးပေါ့ ဒါပဲရှိတာပဲ။ ဒီနုတ်အောက်မှာ စကားလုံးလောက်ကို ပုံကြီးချဲ့ပြီး တာဝန်ခံတာတွေ ဘာတွေ လာပြောနေတာထက် ဒီယုတ်မာရိုင်းစိုင်းတဲ့အမှုကို တာဝန်ရှိသူတွေ ကို အပြစ် ပေးနိုင်ဖို့ ဖော်ထုတ်နိုင်ဖို့ အဓိကထားပါ။ မယောင်ရာဆီလူး ဆင့်ဖင်အနာလုပ်တာတွေကို မဆိုင်တာကို ပုံကြီးချဲ့တာတွေကို ရပ်လိုက်ပါ။
    • Ko Zayar ကိုသန်းဝင်းကိုမေးတော့လဲ မဖြေဘဲနဲ့ ထွက်ပြေးသွားတယ်။ <<< သူလည်း ခင်ဗျားလို အငြင်းသန်သူနဲ့ ဆက်ငြင်းဖို့ စိတ်ပျက်သွားလို့နေပါလိမ့်မယ်။ ကျနော်လည်း တော်တော်စိတ်ကုန်ပါတယ်။
    • Nge Naing
      အဲလိုကိုယ်ပြောတာ ကိုယ်တာဝန်မယူရင် လာပြီးမစွပ်စွဲနဲ့။ ကျမဘာရေးတယ်ဆိုတာ သိချင်ရင် အရင်ပို့စ် အထူးသဖြင့် ပထမဦဆုံးတင်တဲ့ ကိုအောင်မိုးဝင်းနဲ့ ကိုမောင်မောင်ဝမ်းပို့်စ်တွေမှာ ဖတ်နိုင်တယ်။ ရှင်က ABSDF ကိုဖျက်သိမ်းဖို့ ပြောလို့ မဆိုင်တာပြောလို့ ကျ
      မပြောတယ်။ ရှင်ပြောတာ မဆိုင်တာကိုပြောလို့ ဖြစ်လာတဲ့ Complain ကို ရှင်တာဝန်ခံဖြေရှင်းဖို့လိုတယ်။ ကိုယ့်ခံစားချက်ဆိုပြီး တခြားကို ထိခိုက်နေတဲ့စကားကို ပြောချင်ရာပြောလို့မရဘူး။ ပြောပြီးရင် တာဝန်ယူရမယ်။
    • Nge Naing
      ‎(((((ရန်သူလူ ဖြစ်မှ တာဝန်ကြီးတာ မဟုတ်ဘူး ကိုထွန်းအောင်ကျော်နဲ့ ညှင်းဆဲသတ်ဖြတ်ခံရတဲ့သူတွေဟာ ရန်သူလူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒီလိုလူမဆန်တဲ့ လူ့ဂုဏ်သိက္ခာနဲ့ လုံးဝမကိုက်ညီတဲ့ လုပ်ရပ်ကို လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကျွန်မဟာ လူ့အခွ
      င့်အရေးကို လုံးဝလေးစားလိုက်နာသူ ဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖေါက်တာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ ဘက်လိုက်မည့်သူ မဟုတ်ဘူး))) ဒါ အပေါ်က ပြန်ကူးလာတာ ခံရတဲ့သူတွေဘက်က မဟုတ်ရင် ဘယ်သူ့ဘက်ကလဲ။ ကျွန်မ အငြင်းသန်တာမဟုတ်ဘူး ရှင်တို့က ကျမကို မဟုတ်တာစွပ်စွဲပြီး ကိုယ်စွပ်စွဲရတဲ့အကြောင်းအရင်းကို မရှင်းနိုင်တာ ဘယ်ရှင်းနိုင်မလဲ အသိတရားရှိရှိ ဆင်ခြင်တုံတရား ရှိရှိနဲ့ မပြောကြဘဲ စိတ်မမှန်တဲ့လူနာတွေလို ပြောချင်ရာ စိတ်ထဲပေါ်လာရာ လျှောက်ပြောကြတာကိုး ဒီလိုပဲ ပြေးမှရမှာပေါ့။
    • Ko Zayar
      မ Nge Naing က ကျနော် စိတ်ဆိုးဆိုးနဲ့ အေဘီကို ဖျက်သင့်တယ် ပြောလို့ အသည်းနာသွားတယ် ထင်တယ်။ အဲဒါကိုပြောတာ ရှင်းရရင်ဒါကျနော့် ခံစားချက်ပဲ။ မြောက်ပိုင်းအရိုးတွန်သံတွေ ဖတ်ပြီး ဖြစ်လာတဲ့ ခံစားချက်။ ဒါကို ခင်ဗျား သဘောတူဖို့ မလိုဘူး။ခင်ဗျား သဘောတူအေ
ာင်လည်း ကျနော် ရှင်းစရာမလိုဘူး။ ခင်ဗျားဟာ ကျနော့်တပည့်လည်း မဟုတ် ခင်ဗျားနဲ့ ကျနော် ဘာမှတော်တာလည်း မဟုတ်လို့ ယုံကြည်မှုတွေ နှစ်ကိုယ့်တစ်စိတ် ဖြစ်နေသလို တူနေစရာမလိုဘူးထင်ပါတယ်။
      ကျနော် မြင်တာ မှားရင်မှားမယ် မှန်ရန်မှန်မယ်။ ကျနော့်အမြင်ကြောင့် အေဘီတွေ ခြင်တောင် အကိုက်မခံရဘူး။ ဒီတော့ မြင်ချင်သလို မြင်မယ်။ ကိုယ်မြင်တာကို သူများက အတင်းမေးတိုင်း သူများလက်ခံအောင် ဖြေရအောင်ကလည်း ကျနော်က နိုင်ငံရေးဂုရုလိုလို ကောင်လည်း မဟုတ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းပြပြီး လုပ်စားနေတဲ့ နိုင်ငံရေးလုပ်စားလည်းမဟုတ်တော့ မလိုဘူးထင်တာပဲ။ ဒါကိုမှ စွတ်မေးနေရင်တော့ မင်းသိင်္ခပြောသလို ဖြေလိုက်မယ်။ “မင်းမေးတိုင်း ငါဖြေရမှာလား ” ဘာပဲပြောပြော မငယ်နိုင်ကို ကျေးဇူးတင်ပါတယ်။ နဂိုက နားမလည်ခဲ့တဲ့ နှုတ်သီးကောင်းလျှာပါးဆိုတဲ့ စကားလုံးကိုဒီနေ့ မငယ်နိုင်ကျေးဇူးနဲ့ နားလည်လိုက်လို့ပါ။ မငယ်နိုင်ရေးထားတာတွေကို မငယ်နိုင်ရေးတဲ့ ကွန်းမန့်တွေဖတ်ပြီး ဖတ်ကြည့်ချင်စိတ်ကို မရှိတော့လို့ မဖတ်တော့ပါဘူး။ စိတ်သိပ်မတိုနဲ့နော်။ ဒေါသထွက်ပြီး အသတ်ထွက်သွားရင် ကျနော့် တာဝန်မကင်းပဲနေမယ်။:P အရည်မရ အဖတ်မရ တန်ဖိုးမဲ့တဲ့ စကားတွေ ဆက်မပြောချင်လို့ ဒီနုတ်အတွက် ဒီလောက်ပါပဲ။ မကျေနပ်သေးရင် ရိုးတွန်သံ ၆ မှာ ဆက်တွေ့တာပေါ့။ :D
    • Nge Naing
      အော်ဒုက္ခပဲ ဒါဆိုရင် ကျမအပေါ်မျာ ကောင်းကောင်းဆွေးနွေးတာတာ ကောင်းကောင်းပြန်ပြောလေ အခုဟာက ကောင်းကောင်းပြောထားတာကို မခြေမငန်ပြန်ပြောပြီး ထပ်စွပ်စွဲတော့ စွပ်စွဲသူက ဘာမှမထိပေမဲ့ ခံရသူက ထိတယ်။ ABSDF နဲ့ ကိုဇေယျာနဲ့ ဘာမှမဆိုင်ဘဲနဲ့တောင် ကိုဇေယျာ ဒီေ
      လာက်နာနေရင် ကျမတို့လို ဆယ်စုနှစ်တခုစာ ချီပြီးလုပ်လာတဲ့သူတွေ ဘယ်လိုခံစားရမယ်ဆိုတာကိုကော မတွေးမိဘူးလား။ ကျွန်မ `နှုတ်သီးကောင်းလျှာပါးမဟုတ်ဘူး ကိုဇော်ယျာတို့က အဖွဲ့အစည်းကို စော်ကားလို့ အကျိုးသင့်အကြောင်းသင့် ရှင်းပြတော့ လူကိုထပ်စော်ကားတယ်။ လူကိုထပ်စော်ကားလို့ မဟုတ်ဘူးဆိုတဲ့အကြောင်းကို ကောင်းကောင်းမွန်မွန် ရှင်းပြပြန်တော့လည်း ထပ်ပြီးပိုဆိုးလာတယ်။ ကောင်းကောင်းပြောတာကို မခြေမငန်ပြန်ပြောတော့လည်း ရှင်တို့ပဲစတယ် ကျမနည်းနည်းလေး ပြန်ပြောတာကိုတော့ နှုတ်သီးကောင်းလျှာပါးဆိုတော့ ထင်ချင်သလို ထင်နိုင်တယ်။ ကျမလည်း အချိန်ရတဲ့သူမဟုတ်ဘူး ရှင်တို့ကို အဖက်လုပ်ပြီး ပြောနေဖို့အချိန်မရပေမဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်လာလို့ ပြောရတာသာဖြစ်တယ်။ နောက်တခါ အဲလိုပြန်ပြောတာကို မခံနိုင်ရင် အဖွဲပအစည်းကို ထိခိုက်ပြီး ဘာမှ လာမပြောနဲ့ လာပြောလို့ ကျမကောင်းကောင်းဆွေးနွေးရင် မခြေမငန်ပြန်မလုပ်နဲ့ ကောင်းကောင်းပြန်ဆွေးနွေး ဒါဆိုရင် ဘာပြဿနာမှ ရှိလာစရာအကြောင်းမရှိဘူး ဟုတ်ပြီလား။
    • Lily Htut
      Read pee maw lite ter............ comment payy te` lu twe,,,, ko ko ko .... ta char lu a nay ne`.... pyan khan sarr kyi kya par lar?..... new generations twe ka dar twe ko read mi yin.... lu gyi twe ka.... yen be` phit nay ter be` lo ,,,ht
      in twer mel..... all lone ka,,, ko country ko chit te` lu twe be` har.... kg kg pyaw le` ya per tel .......a myarr kyee pyaw mha..... sa kar tat tine pyaw mha,....a naing ya ter ma hote per buu.......AB myo sat lote pho tg,,,,,,, comment twe read pe.... sait pyat twer p. ......Ko mhan tel htin yin le`.... yin yin kyay kyay,,, cho cho tar tar pyaw so yin..... lu tine po layy sarr tar tg,,, khan ya owne mel .... ko ko layy sarr yin...ko team ko le` .... respect payy yar yaut tel... myanmar font ma type tat lo ,,sorry per..... sait twe shop kya per..... aye sayy pyaw kya per...... facebook mhar cooment pay ter..... ta yarr yone mhar lo.... ma hote buu so ter ....narr lel per.... sayar lote ter ma hote per....ko a ko twe ama twe... yen phit ter ...sait ma kg lo......comment win ma yay le`...ya ter be`... but ma nay naing lo.... time twe arr yarr nay lo ... :D
    • Ko Zayar
      ABSDF နဲ့ ကိုဇေယျာနဲ့ ဘာမှမဆိုင်ဘဲနဲ့တောင် ကိုဇေယျာ ဒီလောက်နာနေရင် ကျမတို့လို ဆယ်စုနှစ်တခုစာ ချီပြီးလုပ်လာတဲ့သူတွေ ဘယ်လိုခံစားရမယ်ဆိုတာကိုကော မတွေးမိဘူးလား။ <<< မ Nge Naing ဒါဆို ဒီနုတ်နဲ့ပတ်သတ်တာ အဓိက အကြောင်းအရာမှာ အမြင်တူတာပဲ။ ဆက်အငြင်းပ
ွားစရာမလိုတော့ဘူးလို့ ယူဆပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်တဲ့ အဓိကပွိုင့်မှာ အမြင်တူတယ်ဆို ကျေနပ်ပါတယ်။ တခြား တစ်ဦးချင်း အမြင်တွေကတော့ တစ်ဦးနဲ့ တစ်ဦး နှစ်ကိုယ့်တစိတ်ဖြစ်စရာမလိုလို့ အမြင်တူတဲ့ထိ မဆွေးနွေးလိုပါဘူးနော်။ ဒီလောက်ဆိုအဆင်ပြေပါတယ်။
    • Nainai Tun
      ခင်ညားတို့အခြေအတင်ကို ဖတ်လိုက်ရတာ ကျနော်တောင် ကြားထဲမှာ အချိန်တော်တော်ကုန်သွားတယ်။ တင်ထားတဲ့နုတ်နဲ့ပတ်သက်တာများ ဖတ်ရမလားဆိုပီး ဖတ်ကြည့်တာ။ အရည်မရ အဖတ်မရနဲ့ ပီးသွားတယ်။ ကျနော်အမြင်ကတော့ ခင်ညားတို့ဆွေးနွေးချင်ယင် ငြင်းချင်ယင် နောက်ပေ့တခု သတ်သ
      တ်ဖွင့်ပီး ခုမြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပီး ပရိတ်သတ်အမြင် ဘာညာဆိုပီး ခေါင်းစဉ်တပ်ပီး ငြင်းကြပေါ့ဗျာ။ တော်တော်မျက်စိနောက်စရာကောင်းတဲ့လူဂျီးတွေပဲ။ ကျနော်လဲ AB ကိုဆို တအားလေးစားခဲ့တယ်။ ခုထိလဲ ကျောင်းသားခေါင်းဆောင်ဆိုတဲ့လူတွေကို လေးစားနေတုန်းပဲ။ အခုကိစ္စကို သိလိုက်ရတော့ ဖတ်ရင်း ကြေကွဲဒေါသဖြစ်ရတယ်။ အဲဒီအတွက် တုံ့ပြန်မှုတွေ ရှိကြမှာပဲ။ ဘာပဲပြောပြော ဒီကစ္စဟာ ABSDF ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖြစ်ခဲ့တဲ့အတွက် ဒီအဖွဲ့အစည်းအနေနဲ့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ဒီနာမည်ကတော့ ခံနေရတော့မှာပဲ။ ကောင်းယင်လဲ AB ဟာ တို့တိုင်းပြည်အတွက် အသက်တွေစတေးပီး ပေးဆပ်ခဲ့တယ်လို့ ပြည်သူတွေဆီမှာ မှတ်ကျောက်တင်ခံရမှာဖြစ်သလို၊ မကောင်းတာရှိယင်လည်း AB ဟာ ဒီလိုယုတ်မာကောက်ကျစ်ပါလား၊ ရက်စက်မိုက်ရိုင်းလှဘီလား၊ လူမဆန်လိုက်တာဆိုတဲ့ ပြည်သူတွေရဲ့ မှတ်ချက်ကို ကြားရဖတ်ရမှာဖြစ်တယ်။ အဲဒါလောကသဘာဝတရားပဲဗျ။ အဲဒါကို ဒီလူတစုလုပ်တာ ဒီလူတစုကိုပဲပြော၊ AB ကိုလာမထိနဲ့လို့ပြောလို့မရလို၊ ဘယ်သူဘယ်ဝါဆိုတာကို သေချာမသိသေးချိန်မှာလဲ ထင်ယောင်ထင်မှားဖြစ်အောင် ပုတ်ခတ်ပြောဆိုလို့လဲ ရမှာမဟုတ်ဘူးလို့ ကျနော်ကတော့မြင်တယ်။ ကျနော်ကိုတော့ ပြန်မဖိုက်ကြနဲ့နော်။ ကျနော်ဘာကောင်မှမဟုတ်ဘူး၊ ခင်ညားတို့ထက်လဲအများကြီးငယ်သေးတယ်။ ဒါတွေကို အချိန်ကုန်ခံပီးဖတ်လိုက်ရတဲ့အတွက် ပြောချင်စိတ်ဖြစ်လာပီး ဒီစာကိုချရေးခဲ့တာဖြစ်တယ်။ ဘာပဲပြောပြော ဒီလောက်နှစ်တွေကြာမှ ဖော်ထုတ်ကြတာကို စိတ်မကောင်းဖြစ်မိတာတော့အမှန်ပဲ။ ဒီစာတွေကိုဖတ်နေရင်း ဒီလူတွေရဲ့ မိသားစုဆွေမျိုးတွေဆိုယင် ဘယ်လိုခံစားပီးဖတ်ကြမလဲတွေးရင်း ကျနော်တော်တော်စိတ်ထိခိုက်မိပါတယ်။ ဆိုလိုတာကဗျာ (ကိုထွန်းအောင်ကျော် ခေါ်င်းဖြတ်သတ်ခံရ)ဆိုတာကို သူ့မိသားစုတွေ ဖတ်ရရင် ဘယ်လိုခံစားနိုင်မလဲဗျာ။ တော်တော်စိတ်မကောင်းဖြစ်စရာတွေပါပဲဗျာ။
    • Lily Htut Right Right~!.... ဘာပဲပြောပြော ဒီကစ္စဟာ ABSDF ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖြစ်ခဲ့တဲ့အတွက် ဒီအဖွဲ့အစည်းအနေနဲ့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ဒီနာမည်ကတော့ ခံနေရတော့မှာပဲ။....အဲဒါကို ဒီလူတစုလုပ်တာ ဒီလူတစုကိုပဲပြော၊ AB ကိုလာမထိနဲ့လို့ပြောလို့မရလို၊ ဘယ်သူဘယ်ဝါဆိုတာကို သေချာမသိသေးချိန်မှာလဲ ထင်ယောင်ထင်မှားဖြစ်အောင် ပုတ်ခတ်ပြောဆိုလို့လဲ ရမှာမဟုတ်ဘူးလို့ ကျနော်ကတော့မြင်တယ်။ ကျနော်ကိုတော့ ပြန်မဖိုက်ကြနဲ့နော်။
    • Lily Htut ကျနော်ကိုတော့ ပြန်မဖိုက်ကြနဲ့နော်။ :D AB ko lant lo... :D
    • Lily Htut ဒီလူတွေရဲ့ မိသားစုဆွေမျိုးတွေဆိုယင် ဘယ်လိုခံစားပီးဖတ်ကြမလဲတွေးရင်း ကျနော်တော်တော်စိတ်ထိခိုက်မိပါတယ်။ ဆိုလိုတာကဗျာ (ကိုထွန်းအောင်ကျော် ခေါ်င်းဖြတ်သတ်ခံရ)ဆိုတာကို သူ့မိသားစုတွေ ဖတ်ရရင် ဘယ်လိုခံစားနိုင်မလဲဗျာ။ တော်တော်စိတ်မကောင်းဖြစ်စရာတွေပါပဲဗျာ။ u r right mglay.... now Ko Cho's sis so yin... khu hti ko,... khan sarr nay ya sel per....
    • Aye Aye Soe Win
      <<<ဒါပေမယ့် ဒီလူသတ်မှုဟာ အင်တာနက်နဲ. အွန်လိုင်းပေါ်မှာပဲ လူထုသဘောထား ကောက်ခံမှု Public Opinion Poll or Signature Petitions. Signature Campaigns တွေလို ထောက်ခံသူတွေ ကန်.ကွက်သူတွေ ဖာထွေးသူတွေအကြား မဲအနည်းအများနဲ. လူထုသဘောထား စစ်တမ်း ကောက်ခံခ
ျက်အရ Online Vertict နဲ. ပြီးသွားမည့် လူသတ်မှု မဟုတ်ပါ။ ABSDF အဖွဲ.၀င်ဟောင်းတွေနဲ. အေဘီ အဖွဲ.အ၀င် မဟုတ်သူတွေအကြား စကားရေလု-Debate လုပ်ပြီး အဖြေရှာတာမျိုးနဲ. အဆုံးသတ်မှာ မဟုတ်ပါ။ နောက်တခုက ABSDF အဖွဲ.က စုံစမ်းရေးကော်မတီဖွဲ.ပြီး တွေ.ရှိချက်ကို လူထုထံ ထုတ်ပြန်ရုံနဲ. ဒီလူသတ်မှုက ရပ်သွားမှာ မဟုတ်-- ABSDF Investigattion Committee's Report ဟာ အခု အရိုးတွန်နေတဲ့ လူသတ်မှုကြီးကို ဆုံးဖြတ်မှာ ရပ်တန်.မှာ မဟုတ်ပဲ ဥပဒေကြောင်းအရ လူသတ်တရားခံတွေ တရားခွင်မှာ ရင်ဆုံးရမှာ ဖြစ်ပါသည်။ ဥပေဒ၏ အဆုံးဖြတ်အချက်နဲ. သေသွားသူတွေ နစ်နာသူတွေအတွက် Justice ရရှိအောင် ဖော်ဆောင်ရမည့် ရာဇ၀တ်မှုဆိုတာ အားလုံးပါ-->>>
    • Aye Aye Soe Win typo correction ...online "Verdict" (:-
    • Lin Htein To honour of Student Leader as well North Burma Chairman, Ko Tun Aung Kyaw who was killed inhumanely in North Burma and for those students from Student Army and the Heroes who lost
      their life while fighting for Burma Democracy Movement.
      http://www.facebook.com/photo.php?v=243192225752328
      Length: ‎4:31
    • Tom Soe အဓိက ကဒီလူသတ်ပွဲမှာပါတဲ့သူတွေလုပ်ဆောင်ခဲ့တဲသူတွေ တာဝန်ရှိသူတွေကိုအမ်ြန်ဆုံးအရေးယူနိုင်မှ သေဆုံးသွားတဲ့ ရဲဘောတွေနဲ့ ကျန်ရစ်သူမိသားစုတွေအတွက်တာဝန်ကျေမှာဖြစ်တယ် အမှန်တရားဘက်ကရပ်တည်လုပ်ဆောင်နေတဲ့ရဲဘော်အားလုံးညီညီညွှတ်ညွှတ်အမြန်ဆုံးရှင်းနိုင်မှတော်လှန်ရေးအပေါ် တိုင်းပြည်အပေါ်ကျန်ရစ်သူမိသားစုတွေအပေါ်တာဝန်ကျေမှာဖြစ်တယ် ဒါဘဲအရေးကြီးဆုံးဖြစ်တယ်တာဝန်သိသိလုပ်ဆောင်နေသူအားလုံးကိုလေးစားပါတယ်...
    • Nge Naing
      ကိုဇေယျာက သူစိတ်ခံစားမှုနဲ့ ပြောလိုက်တယ်ဆိုတာ အမှန်တိုင်း ၀န်ခံထားတာကို တွေ့လို့ ဘာမှရေးစရာမလိုဘူး စဉ်းစားထားပေမဲ့ အခုမှ ပြန်ကြည့်မိတော့ မျိုးဆက်သစ်တွေလည်း မှတ်ချက်လာပေးထားတာကို တွေ့ရတော့ ရှင်းပြဖို့ တာဝန်ရှိတယ် ယူဆလို့ မှတ်ချက်ထပ်ရေးစရာ အြေ
      ကာင်းပေါ်လာပါတယ်။ ဒီမှတ်ချက်က နောက်မှ အသစ်ရောက်လာပြီး လာဆွေးနွေးတဲ့ မျိုးဆက်သစ်နှစ်ယောက်ဖြစ်တဲ့ nainai Tun နဲ့ Lyly Htut တို့ နှစ်ဦးအတွက် ဖြစ်တယ်။ မြောက်ပိုင်းမှာ ဖြစ်သွားတဲ့ကိစ္စကို ဖုံးကွယ်ပြီး လူသတ်သမားတွေကို အကာအကွယ်ပေးတယ် စွပ်စွဲတဲ့သူတွေက စွပ်စွဲတယ်၊ ဒါကို ဖုံးကွယ်ခြင်းလည်း မဟုတ်၊ လူသတ်တရားခံကို ကာကွယ်တာလည်း မဟုတ်ကြောင်း ပြန်ရှင်းတဲ့သူက ပြန်ရှင်းတယ် အဲဒါနဲ့ ရှည်လာတာ ဖြစ်တယ်။ မြောက်ပိုင်းမှာ ဖြစ်သွားတာဟာ ABSDF ရဲ့ ဖုံးကွယ်လို့မရတဲ့ ဖျောက်ဖျက်လို့ မရတဲ့ သမိုင်းအမဲစက်ကြီးတခု ဖြစ်တယ်။ ဒါပေမဲ့ အန်တီဆွေးနွေးတာတွေက ဒီကိစ္စကြောင့် ABSDF တခုလုံး သုံးစားလို့မရအောင် ပြောဆိုရေးသားနေကြသူတွေကို သဘာဝမကျဘူးဆိုတဲ့အကြောင်း ဆွေးနွေးတာသာ ဖြစ်တယ်။ ဥပမာအနေနဲ့ ခန္ဒာကိုယ်တခုမှာ ရောဂါရရင် အဲဒီရောဂါရနေတဲ့ နေရာကို ကုစားဖို့လိုအပ်ပါတယ်။ ရောဂါရနေတဲ့သူကို အသက် ပေးသေစရာ မလိုဘူး။ အခု ABSDF မှာ မြောက်ပိုင်းကိစ္စ ဖြစ်ခဲ့တာဟာ လူတယောက်မှာ ဆီးချိုတို့ သွေးတိုးတို့လို ကုလို့မပျောက်ကင်းနိုင်တော့တဲ့ ရောဂါမျိုးကို ရနေတာနဲ့ အန်တီ ဥပမာာပေးချင်ပါတယ်။ ကုလို့မပျေက်ကင်းနိုင်တော့တဲ့ ဆီးချိုတို့ သွေးတိုးတို့လို ရောဂါတွေကို ရထားသူတွေကလည်း မှန်ကန်တဲ့ ဆေးဝါးနဲ့ အစားအသောက် ဘ၀လူနေမှုပုံစံကို ကောင်းစွာပြုပြင် ပြောင်းလဲပြီး ထိန်းချုပ် သွားရင် သာမာန်ဘာရောဂါမှ မရှိတဲ့သူတယောက်လိုပဲ လူ့သက်တမ်းကို ပုံမှန်အတိုင်း နေသွားနိုင်သလို ABSDF သမိုင်းမှာ ဒီအမဲစက်ကြီးက ဖျောက်ဖျက်လို့ မရအောင် ရှိနေနမှာ ဖြစ်ပေမဲ့ အမှန်တရားကို ဖေါ်ထုတ်အရေးယူတဲ့နည်းနဲ့ ပြန်လည် အဖတ်ဆည်ပြီး သင်ခန်းစာယူသွားရင် သန့်ရှင်းစွာ ရပ်တည်သွားလို့ ရတဲ့အကြောင်း အဓိက ပြောလိုတာ ဖြစ်တယ်။ ဆက်ရန် ....
    • Nge Naing
      လိုရင်းမရောက် ဖြစ်သွားတာကတော့ ဒီပို့စ်အောက်က အပြန်အလှန် ပြောဆိုနေကြတဲ့ အကြောင်းအရာတွေက တခြားနေရာတွေမှာလည်း ပါဝင်ဆွေးနွေးသူတွေ အချင်းချင်း အခြေအတင် ဖြစ်ဖူးထားတော့ ဒါကို ရည်ညွန်းပြီး ပြန်ပြောနေကြလို့ပါ။ အားလုံးနီးပါးက ဒီပို့စ်တခုမှာတင် မှတ်ခ
ျက်ပေးဖူးတာ မဟုတ်ဘဲ အရင်ပို့စ်တွေမှာ ငြင်းထားဖူးသူတွေ ဖြစ်တော့ မြွေမြွေချင်း ခြေမြင်သလို မှတ်ချက်တခုတိုင်းမှာ ဒါက ဘယ်တုန်းက ဘာပြောထားတာကို ရည်ရွယ်ပြီး ပြောတယ်ဆိုတာ အခုမှ လာဖတ်တဲ့ မျိုးဆက်သစ်တွေက မသိပေမဲ့ အရင် ငြင်းလာသူ အချင်းချင်းတွေကတော့ သိကြပါတယ်။ ဒီမှတ်ချက်တွေကို ရုတ်တရက် ၀င်လာဖတ်ရတဲ့ မျိုးဆက်သစ်တွေအနေနဲ့ ဒီလူတွေ ဘာကြောင့် ဒီလိုပြောနေကြပါလိမ့်မလို့ နားမလည်နိုင်တာကို နားလည်သဘောပေါက်ပါတယ်။ ဒီပြဿနာဟာ ABSDF မှာ ဖြစ်သွားလို့ ABSDF မှာ တာဝန်ရှိတယ်ဆိုတာလည်း လက်ခံပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ABSDF ကနေပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ က ဖြစ်သွားတဲ့ ဒီပြဿနာကို အခုချိန်မှာ ခံရတဲ့သူတွေဆီက အသံတွေ အချက်အလက်တွေက အရင်မှတ်တမ်းတင်ထားတာတွေနဲ့ ကွဲလွဲနေတဲ့ အသံတွေထွက်လာတဲ့အပေါ်မှာ အမှန်တိုင်း သိရအောင် စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ဖို့ ထုတ်ပြန်ကြေညာထားပြီး ဖြစ်တယ်။ အဲဒီထုတ်ပြန်ချက်အပေါ် အန်တီတို့ တပ်ဖွဲ့ဝင်ဟောင်းတွေကြား သဘောထားကွဲလွဲတာတွေ ရှိလို့ ငြင်းရာကနေ ဖြစ်လာတဲ့ မှတ်ချက်တွေပါ။ ဒီလောက်ဆိုရင် နောက်မှ ၀င်လာဖတ်မိတဲ့ မျိုးဆက်သစ်တွေအနနဲ့ ဘာကြောင့် ဒီလောက် အခြေအတင် ဖြစ်နေကြတယ် ဆိုတာ ရှင်းလောက်ပြီလို့ ယူဆတယ်။
    • Sonny Chuako thanks Ko Than Win..I'll involve in this mission.
    • Pandora Herz စစ်ကြောရေးအဖွဲ့ဝင်များ
      (၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂ ( အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ဟာ ABSDF ( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်မှာ ပါဝင်နေဆဲဖြစ်သည်ဟု သိရသည်)
      သိပ်နားမလည်ဘူး ဒီလူဟာ အခုလက်ရှိ ABSDF ထဲမှာရှိနေတာလား၊ ရှိနေတယ်ဆိုရင်...
    • Poe Kay အချက်အလက်၊ အကြောင်းအရာ တွေကိုသာဆွေးနွေးရင်ကောင်းမယ်ထင်ပါတယ်။ မလိုလားအပ်တဲ့ စကားလုံး၊ အပြောအဆိုတွေကို ရှောင်နိုင်ကြရင်တော့ ပိုကောင်းမယ်။ တချို့ ဆွေးနွေးမှူတွေက အရမ်း လမ်းဘေးစံတယ်။
    • Zan Tha သခင်သန်းထွန်းလက်ထက်ကထက်တောင်ဆိုးဝါးနေပါလားဗျာ။
    • Myolwinaung Koboon အကြောင်းရာတိုင်းမှာကိုယ်တွေ့မကြုံရင်မရုံသူတွေလဲရှိ....အဓိက တော့သိထား ပြီး သင်ခန်းစာယူရမယ်..အသက်ရှင်တုန်းအကောင်းဆုံးမဟုတ်တောင်မှအဆိုး ဆုံးမလုပ်မိဖို့သာလျင် လူဖြစ်ကြိုးနပ်သူဖြစ်မည်

No comments:

Post a Comment