Tuesday, August 14, 2012

 အေဘီအက်စ်ဒီအက်ဖ်ကို အမည်းစက်စွန်းအောင် လုပ်ခဲ့သူများရဲ့လုပ်ရပ်ကို ဘယ်လိုဖြေရှင်းကြမလဲ?

Tuesday, January 3, 2012

 အေဘီအက်စ်ဒီအက်ဖ်ကို အမည်းစက်စွန်းအောင် လုပ်ခဲ့သူများရဲ့လုပ်ရပ်ကို ဘယ်လိုဖြေရှင်းကြမလဲ? (ထွန်းအောင်ကျော်)








dec 29,2011

နိဒါန်း။

အေဘီမြောက်ပိုင်းသတ်ဖြတ်မှုကို လက်ရှိအေဘီဗဟိုမှ အဖွဲ့အစည်းအကျိုး ၊ တော်လှန်ရေးအကျိုးအတွက် ဖြေရှင်းသင့်တယ်၊

ဘာကြောင့်လဲဆိုတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေသူတွေရဲ့ ကိုယ်တွေ့ကြေကွဲဘွယ်ရာ ကိုယ်တိုင်ရေး ဖြစ်ရပ်များထွက်ပေါ်လာခဲ့လို့ပဲဖြစ်တယ်။ ယ္ခင်ကတော့ အဲဒီတုံးက အေဘီခေါင်းဆောင်တွေ ရဲ့ပြော ကြားဖြေရှင်းချက်ကိုသာ ကြားသိရပြီး အသတ်ခံရတဲ့ သူတွေဟာ ရန်သူ့ သူလျှိုတွေဖြစ်ကြောင်း၊ တဖက်စကားသာ ကြားသိခဲ့ရတယ်။

အခုအဖြစ်မှန်တွေ ပေါ်လာပြီ။ ဒါကြောင့် Cold Case=တိမ်မြုပ်အေးခဲနေခဲ့တဲ့အမှုကို လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်မတော် လက်ရှိခေါင်းဆောင်တွေက ဖေါ်ထုတ်ပြီး၊လက်နက်ကိုင်တော်လှန်ရေးအတွင်း ကံမကောင်း အကြောင်းမလှစွာနဲ့ ကျဆုံးသွားရှာတဲ့ အပြစ်မဲ့ ကျောင်းသား လူငယ်တွေနဲ့ အသက်မသေ၊ သေတွင်းမှလွတ်လာသူတွေ၊ သူတို့မိဘ၊ ဆွေမျိုး၊ကျန်ရစ်သူများအတွက် စာနာ စိတ်ထားပြီး၊ ဂုဏ်သရေကို ဆယ်ပေးဖို့ အထူးလိုတယ်လို့ ယုံကြည်တဲ့အတွက် ဒီစာကို ရေးလိုက်တယ်။

ဘယ်သူ့မှာ အပြစ်ရှိတယ် ၊ ဘယ်သူမှာဖြင့်မရှိ ...ဆိုတာ အချက်အလက် အထောက်အထား တွေ စုံလာတဲ့ အခါ ဘွားဘွားကြီး ပေါ်လာမှာပါ။

ကျွန်တော့်သဘောထား။

ကျွန်တော်နဲ့နာမည်တူ ကိုထွန်းအောင်ကျော်နဲ့ရဲဘော်၈၀ကျော်ကို သူလှျှိမှုနဲ့ဖမ်းဆီးပြီး လူ ၃၀ လောက် ကို လူမဆန်စွာ လနဲ့ချီ နှိပ်စက်ညှင်းပန်းသူလျှိဖြစ်ပါတယ်..လို့ဝန်မခံ မချင်း နှိပ်စက်ပြီး မှတ်တမ်းရေး၊ ဗီဒီယိုရိုက်၊ အချုပ်ခန်းထဲမှာ ရေချိုးခွင့်မပေးဘဲ..လနဲ့ချီထားခဲ့တာတွေ၊

နောက်ဆုံး”သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်း ဟာ ခေါင်းဖြတ်သတ်မှုတွေကို ကျူးလွန်တဲ့မင်းမဲ့စရိုက်ဖြစ်တယ်”ဆိုပြီး မဆလက အပုတ်ချ..ဝါဒ ဖြန့်ခဲ့တဲ့အတိုင်း၊ တသွေမတိမ်း တူညီစွာ မြောက်ပိုင်းမှာ ကျောင်းသား+ကျောင်းသားချင်း ခေါင်းဖြတ်သတ် တဲ့အထိ ရက်စက်မှုတွေကို ကျူးလွန်ပြတာဟာ ကျောင်းသားကို ကျောင်းသားက သတ်တာထက်၊ ကျောင်းသားကို ထောက်လှမ်းရေးကသတ်တာ ဖြစ်ဖို့ ပိုများတယ်။


(ရက်ရက်စက်စက် အသတ်ခံခဲ့ရသည့် အထက်ဗမာပြည် ဗကသ ခေါင်းဆောင် ကိုထွန်းအောင်ကျော်)

ကိုထွန်းအောင်ကျော်ဟာ အထက်ဗမာပြည် ဗကသ ဥက္ကဌဆိုတာ သိရက်နဲ့ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့တာ ဘာ့ကြောင့်လဲ။

အထက်ဗမာပြည်နဲ့ကျောင်းသားတပ်မတော်ကို သွေးခွဲတဲ့လုပ်ရပ်ကလွဲလို့ အခြားမရှိဘူးလို့ ထင်တယ်၊

အဓိက ပါဝင်နေခဲ့တဲ့ ရော်နယ်အောင်နိုင်ဟာ ကိုထွန်းအောင်ကျော်နဲ့ပြည်တွင်းမှာ တတွဲတွဲနေခဲ့သူပါ ။ သူဘာကြောင့် ဒီလူသတ်မှုကို ဝင်မတားသလဲ?

ဘယ်သူမှ သူ့ထက် ကိုထွန်းအောင်ကျော်အကြောင်းကို မသိနိုင်ဘူး ။ ကိုထွန်းအောင်ကျော်ကို သတ်ပြီး ဥက္ကဌရာထူးက ဘယ်လောက်မက်မောစရာ ကောင်းနေလို့ ယူခဲ့တာလဲ? စဉ်းစားစရာတွေအများကြီးရှိနေတယ်။

တချိန်က ရှစ်လေးလုံးကျောင်းသားတွေ “ ပြည်တွင်းမှာဗကသ၊ နယ်စပ်မှာ မကဒတ” လို့ကြွေးကြော်ခဲ့ကြတယ်၊ ဒီလိုသွေးစည်းညီညွတ်ရေးကို ဒီလိုမသမာတဲ့လုပ်ရပ်က ဖြိုခွဲလိုက်တယ်၊ ဘယ်လောက်ရင်နာစရာကောင်းသလဲ?

ဗကပရဲ့ဖြုတ်ထုတ်သတ်လုပ်ရပ်ကို ပြည်သူတွေ မမေ့သေးဘူး၊ အခုလည်း မကဒတမှာဖြစ်ခဲ့တဲ့သမိုင်း ကိုလည်း မေ့မှာမဟုတ်ပါဘူး။ ရန်သူဟာ စနစ်တကျ စီစဉ်ပြီး ဒီလိုဖြစ်အောင် ဖန်တီးလိုက်တာပဲ လို့မြင်တယ်၊

ကိုယ့်ထဲမှာလဲ အာဏာရူးတွေက ပါနေတော့ မိုးမီးလောင်ခဲ့တာ မဆန်းပါဘူး။၊
၁၄နှစ်၊၁၅နှစ်၊၁၈နှစ်အရွယ် ခလေးငယ်တွေက အစ သူလျှို လို့စွပ်စွဲထားခံရကတည်းက တခုခုမှားနေပြီ ဆိုတာသိဘို့ကောင်းတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်က နအဖရဲ့ ဘိတ်ကျွန်းစုမှာ အစုလိုက်အပြုံလိုက် သတ်မှုကို ဖွင့်ချခဲ့တယ်၊ ”အစိတ်သားတောင် မချန်နဲ့” ဆိုတဲ့ သန်းရွှေအမိန့်ကို ဖေါ်ထုတ်ပေးခဲ့တယ်၊

ငါတို့ ABSDF အဖွဲ့ကြီးဟာ သိက္ခာ သမာဓိ ရှိတဲ့အဖွဲ့ ၊ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ပြတ်ပြတ်သားသားလုပ်ပြီး တရားမျှတတဲ့ လုပ်ရပ် ကို လုပ်ပြနိုင်မှ သမိုင်းကျွေးကိုဆေးနိုင်မှာဖြစ်တယ်။

အဲဒီတုန်းက ခေါင်းဆောင်တွေ ဒီကိစ္စကို ဘယ်လိုကိုင်တွယ် ခဲ့ကြသလဲ၊ ဘယ်လိုဖြေရှင်းခဲ့ကြသလဲ။ စုံစမ်းရေးကော်မီရှင်တခု ဖွဲ့ပြီးစစ်ဆေးဘို့ အချိန်ရောက်ပြီ၊

မတရားခံ ရသူ တွေကလဲ အမှောင်ထဲမှာ မနေဘဲ ရှေ့ထွက်ပြီး အဖြစ်အပျက်တွေကို အသေးစိတ်ရေးသားတင်ပြကြဘို့ လိုတယ်၊

ဒါမှ ဘယ်သူတွေက တရားခံစာရင်းမှာပါပြီး...ဘယ်သူတွေက တရားလိုတွေဖြစ်တယ်ဆိုတာ ကွဲကွဲပြားပြား သိနိုင်..အရေးယူနိုင်မှာဖြစ်တယ်။



ရော်နယ်အောင်နိုင်ဟာလည်း အမှုမစစ်ရသေးတဲ့အတွက် သူကို တရားခံလို မစွပ်စွဲနိုင်ပါဘူး၊ ဒါကြောင့် တရားမျှတစွာ နှစ်ဖက်ကြားနာမှုကို နားထောင်ပြီးမှသာ ဆုံးဖြတ်နိုင်မှာဖြစ်တဲ့အတွက် စိတ်ရှည် သည်းခံနိုင်ကြဘို့တော့ လိုတယ်။ ။


(ထွန်းအောင်ကျော်)

No comments:

Post a Comment