Saturday, August 25, 2012

တောမခိုခင်က ထွန်းအောင်ကျော်

Photo: တောမခိုခင်က ထွန်းအောင်ကျော်    ပဲ့တင်လှိုင်းတေးဂီတအဖွဲ.နဲ.ဖျော်ဖြေပွဲတခုမှာရိုက်ထားတဲ့ပုံပါ။ သီချင်းဆိုနေတဲ့သူက ဗမော်၊အဲဒီဘေးက လိဒ် ဂစ်တာတီးနေတဲ့သူက ကျော်သက်ခိုင်(ခ) ကိုပေါက်၊ဘေးက ကီးဘုတ်တီးနေတဲ့သူက ABSDF မြောက်ပိုင်းမှာအသတ်ခံခဲ့ရတဲ့ ထွန်းအောင်ကျော်၊ဘေးက ရစ်သမ်တီးနေတဲ့သူက ညွန်.ဝင်း(ကွယ်လွန်) တို.ဖြစ်ပါတယ်။ ဘယ်လိုသီချင်းတွေကိုများ တီးကြဆိုကြတာပါလီမ့်။ကျွန်တော်ဆမားညီညီရေးပြီး ဒရမ်မာ ဝဏ္ဏလှ သံစဉ်ထဲ့ထားတဲ့ သစ္စာပန်းရဲ.ကာရန် ဆိုတဲ့သီချင်းစာသားလေးကို ဝေမျှပေးလိုက်ပါတယ်။  #မျှားထက်ထက်နဲ.လေးချက်ရဲ.စကားတွေ မကြားရဲလို.အဝေးရှောင်ပါလေ၊ အကြင်နာသစ္စာပန်းလေးတခက်နဲ.ချစ်နှလုံးသားအတွက် ငြီမ်းချမ်းပါစေ။ #ငြီမ်.ငြီမ့်နော့တဲ့လေပြည်ငယ် ကြင်နာမှုများသယ်ဆောင်လာ… နု၊လွင်၊ဖျော့တဲ့စပယ်ဖြူရယ် တည်ကြည်မှုများနှင်းဆက်ပါ…… ကာရန်စုံ ပြေလည်နေတဲ့အခိုက်အတန်.မှာ ဓူဝံကြယ်ငြိမ်သက်အားဖြည့်ရှာ……. #ပြေးလွှားဆော့တဲ့ တီမ်ဆိုင်ရယ်ပျော်ရွင်မှုများ အသွင်ဆောင်ကာ… ဝိုင်းဝန်းလှည့်လို.ငွေစန္ဒာကို ဖုံးကွယ်လေအလား မြူးနှော့ကာ ငွေရည်ယို တီမ်ဆိုင်တွေရဲ.အောက်ဖက်မှာ ပျိုမေရယ် လာလို.ဖေးလှည့်ပါ……. # မျှားထက်ထက်နဲ.လေးချက်ရဲ.စကားတွေ မကြားရဲလို.အဝေးရှောင်ပါလေ၊ အကြင်နာသစ္စာပန်းလေးတခက်နဲ.ချစ်နှလုံးသားအတွက် ငြီမ်းချမ်းပါစေ။ #နှလုံးသားအတွက်ကဗျာရှင်ရယ် ရာသီဘွဲ.များ ဖွေသီပါ…. ကောက်ကျစ်မှုရဲ.အဖော်တွေရယ်  နှင်ကာအဝေးပြေး ပြေးထွက်စဉ်…. ကာရန်စုံ ပြေလည်နေတဲ့အခိုက်အတန်မှာ ဂီတာအို ငြင်သာတေးနှော့ပါ….  ၁၉၈၆-၈ရ    တုန်းကရေးဖွဲ.သီဆိုခဲ့ကြတဲ့ သီချင်းလေးတွေထဲကတပုဒ်ဖြစ်ပါတယ်၊အထက်က နာမည်ပါသူတွေကတီးကြပြီး ဘေ့စ် ဂီတာကို ဝင်းဗိုလ် ကတီးတာဖြစ်ပါတယ်။                                                                                ဆမားညီညီ-၂၃-၈-၂၀၁၂

1 · ·

25 · ·
    • Maung Aung ၁၉၈၉ က ကိုထွန်းအောင်ကျော် အိမ်ရောက်တော့ တီးဝိုင်း တခုစာ တူရီယာ တွေ မြင့်ဘူးတယ်။
    • မိုး စဲ ၈၈ဖြစ်တော့ ဆံပင်ရှည်နဲ့ အော်ဂင်တီးတဲ့ အင်ဂျင်နီယာကျောင်းသားလေးဟာ သူပုန်ရင့်မကြီးဖြစ် မသူတော်တွေက စစ်ထောက်လှမ်းရေးဆိုပြီး ဆွဲသတ်တာ မတရားခံရတာ ကျောင်းသားသမိုင်းကိုပါ ဖျက်ခဲ့တာ.

No comments:

Post a Comment