Thursday, August 2, 2012

ABSDF (NB)ကျောင်းသားတပ်မတော်ရဲ.နောက်ထပ်လက်ရဲဇတ်ရဲ သတ်ဖြတ်မှု

ABSDF (NB)ကျောင်းသားတပ်မတော်ရဲ.နောက်ထပ်လက်ရဲဇတ်ရဲ သတ်ဖြတ်မှု

by Baydar Lam on Thursday, August 2, 2012 at 5:08am ·

ABSDF (NB)ကျောင်းသားတပ်မတော်ရဲ.နောက်ထပ်လက်ရဲဇတ်ရဲ သတ်ဖြတ်မှု

ကျွန်တော်အခုရေးနေတာတွေကအဖြစ်မှန်တွေပါ။ဒီရာဇဝတ်မှုတွေကိုအများသိအောင်ချပြပြီးတရားခံတွေကိုအမှုဖွင့်နိုင်အောင်ကြိုးစားမှာပါ။မန္တလေးမှာအမှုဖွင့်နိုင်အောင်ကြိုးစားနေပါတယ်။အောင်မြင်ရင်အားလုံးကိုအသိပေးမှာပါ။အားလုံးရဲ.အားပေးကူညီမှုကိုလိုပါတယ်။တရားစစွဲပြီဆိုတာနဲ.အခြားကိစ္စရပ်တွေကိုစီမံကွပ်ကဲဖို.ကျွန်တော်မပါတဲ့ကော်မတီတရပ်ဖွဲ.ပါမယ်။ပြည်တွင်းပြည်ပကလက်ခံတဲ့သူတွေဖြစ်ရပါမယ်။ကျွန်တော်ကတော့တရားစွဲဆိုတဲ့အမှုကိစ္စနဲ.ပက်သက်တဲ့ကိစ္စတွေမှာပဲပါဝင်ပါမယ်။အသေအချာသိပြီးစတင်တိုင်တန်းအမှုဖွင့်လို.ရတဲ့အမှုတွေကတော့

၁။ ၁၅ ယောက် သတ်မှုမှာပါတဲ့ဗဟိုကော်မတီ၊ I ရုံးအဖွဲ.ဝင်များနဲ. လာပြီးကြိုးချည်ကာသတ်ဖို.ခေါ်သွားတဲ့ လုံခြုံရေးတပ်စိတ်

၂။စိုးဝင်းသန်းကိုသတ်တဲ့ သန်းဇော်နဲ.သက်လင်း

၃။ဇော်ဝင်းချစ်ရဲ.ပေါင်သားကိုလှီးစားတဲ့ စံထွန်းနဲ.လက်သီး(လက်သီးကတော့ AIDS နဲ.သေသွားပြီ)

၎။ဦးကျော်မြ(NLD)ကိုသတ်တဲ့အမှုမှာပါတဲ့ ဦးတင်အောင်(NLD-LA) ဒု-ဥက္ကဌ၊ဦးသာညွန်.၊မင်းအောင်၊အောင်မြင့်သန်း၊အောင်သိန်းနဲ.စံငြီမ်း-(ဒီအမှုနဲ.ပက်သက်ပြီး ဝန်ကြီးဦးဝင်းကို အသတ်ခံရတဲ့အမှုမှာ တာတီးတို.လုပ်တာကိုလည်း စစ်ရမယ်)။

ဒါတွေကကျွန်တော်တို.ကိုယ်တိုင်သက်သေထွက်နိုင်တဲ့ကိစ္စတွေပါ။စွဲလို.ရပါပြီ။ဦးကျော်မြ ကိစ္စနဲ.ပက်သက်ပြီးအမှုဖိုင်တွဲနဲ.တကွသက်သေခံပေးမဲ့ပုဂ္ဂုလ် အဆင်သင့်ရှိပါတယ်။ကျန်တာတွေက ကျွန်တော်တို.သိတယ်။ဒါပေမဲ့မြင်လားဆိုတော့အဝတ်စည်းထားလို.မမြင်ရပါဘူး။အဲဒီတော့မြင်တဲ့သူအချင်းချင်းကသက်သေခံနိုင်အောင်သိတဲ့သူကစပြီးစွဲရပါလီမ့်မယ်။

အခုတရားခံတယောက်ရဲ.အဖြစ်အပျက်လေးတခုအကြောင်းရေးပါမယ်။

မိုးညင်းမြို.နယ် NLD အဖွဲ.မှာလှုပ်ရှားနေတဲ့ မမီမီထွန်း ဟာနိုင်ငံရေးမှုနဲ.ထောင်ကျသွားပါတယ်။ထောင်ကလွတ်ချိန်မှာမိသားစုစားဝတ်နေရေးအတွက်စီးပွါးရှာဖို.ဆွေမျိုးသားချင်းတွေအလုပ်လုပ်နေတဲ့ ဖားကန်.ကိုတက်သွားခဲ့ပါတယ်။ဖားကန်.မှာစီးပွါးရေးလုပ်ရင်းအလုပ်သဘောအရ မမီမီထွန်း ဟာတပ်မတော်ကအရာရှိများနဲ.တွေ.ထိဆက်ဆံလာရပါတယ်။အဲဒီကိစ္စကို ဖားကန်.မှာရှိတဲ့ ABSDF NB က ရဲဘော်တွေက သံချောင်းကို ဆက်သွယ်ရေးစက်နဲ.လှမ်းပြီးအကြောင်းကြားလိုက်ပါတယ်။သံချောင်းက မမီမီထွန်း ကိုထောက်လှမ်းရေးကလို. စွတ်စွဲပြီးသေဒဏ်ချလိုက်ပြီးသေဒဏ်ပေးတဲ့အမိန်.ကိုသံချောင်းက ဆက်သွယ်ရေးစက်နဲ.ဖားကန်.ကိုလှမ်းအကြောင်းကြားလိုက်ပါတယ်။အဲဒီတော့ ဆိုင်းတောင်(ဖားကန်.)မှာရှိနေတဲ့ မီမီထွန်းကို ကျောင်းသားတပ်က သံချောင်းရဲ.အမာခံရဲဘော် ဗူးသီး ကသေဒဏ်စီရင်ဖို.သွားခဲ့ပါတယ်။ဗူးသီးဟာ မီမီထွန်းရဲ. ဗိုက်ကို ဓါးမြှောင် နဲ.ထိုးပြီးထွက်ပြေးသွားပါတယ်။(အမျိုးသမီးတယောက်ကို အလစ်မှာဓါးနဲ.ထိုးပြီးထွက်ပြေးသွားတာပါ။)မီမီထွန်းဟာ အူတွေပွင့်ထွက်ပြီးနေရာမှာပဲလဲကျသွားပါတယ်။အော်သံကြားလို.ရောက်လာတဲ့သူတွေက ဆေးရုံကိုအချိန်မှီပို.လိုက်နိုင်တဲ့အတွက်အသက်ချမ်းသာရာရသွားခဲ့ပြီးကံကောင်းလို.မသေခဲ့တာပါ။ဆေးရုံကနေကျန်းမာပြီးဆင်းလာတော့ ဖားကန်.မှာရော၊မိုးညင်းမှာပါမနေရဲတော့တဲ့အတွက်သံချောင်တို.အုပ်စုကိုကြောက်ပြီးအနောက်နိုင်ငံတခုမှာဇတ်မြုပ်ပြီးနေနေပါတယ်။ဒီအမှုမှာလည်း ၁။သံချောင်း နဲ. ၂။ဗူးသီး တို.ဟာ တရားခံတွေပါ။တရားစွဲမယ်ဆိုရပါပြီ။

ဆမားညီညီ OS

2-8-2012

နောက်ထပ် ABSDF NB ရဲ.အတွင်းရေးအပုတ်တွေကိုဆက်လက်ဖော်ထုတ်ပါအုံးမယ်။

· · Share

No comments:

Post a Comment