Sunday, August 12, 2012

ကျနော်လူကက်ဆက်မှ ကွန်မန့်များ(ကိုဝမ်း)


ကျွှန်တော်လူ့ကက်ဆက်(ပန်းချီ ထိန်လင်း )

by Maung Maung Wann on Sunday, December 25, 2011 at 8:43pm ·

· · Share

  • 127 shares
    • Chan Myae အောက်တန်းကျမှုဆိုတာ နေရာတိုင်းမှာ ရှိတယ်ဆိုတာ... ခံစားရပါတယ်...ဗျာ
      မတရားသဖြင့် လုပ်ထားတဲ့ အကုသိုလ်တွေ တန်ပြန် ခံစားရမှာပါဗျာ...
    • Aung Moe Win ကျွန်တော်တို့ မြောက်ပိုင်းပြသနာတွေ ဖြစ်နေချိန်မှာ ပါဂျောင်မှာ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့ အနိဌာရုံ အားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင် တဦးလည်းဖြစ်ပါသဗျ” ကဲ-- လက်ရှိ အေဘီ ဥက္ကဋ္ဌ ကို သံခဲရဲ့ အမျိုးသမီးက အကောင်းဆုံးသက်သေပေါ့ဗျာ
    • Aung Moe Win ‎(ကျွန်တော်တို့အခေါ် ဒေါ်လှိုင် ခေါ် မခင်ဆွေလှိုင်) ဟာ ကျွန်တော်တို့ မြောက်ပိုင်းပြသနာတွေ ဖြစ်နေချိန်မှာ ပါဂျောင်မှာ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ်ပျက်သွားတဲ့ အနိဌာရုံ အားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင် တဦးလည်းဖြစ်ပါသဗျ။
    • Aung Moe Win မခင်ဆွေလှိုင်က ကိုထွန်းအောင်ကျော်ကို အကိုကြီး လို့ ခေါ်တယ်လေ
    • Ni Lynn http://www.irrawaddy.org/article.php?art_id=2669&page=1
      www.irrawaddy.org
      The Irrawaddy provides continuous coverage of events in Burma and Southeast Asia...See More
    • Lu Maw ရင်နာစရာ အဖြစ်အပျက်တွေကို ရင်နာနာနဲ့ဖတ်သွားပါတယ်....အာဏာနဲ့ပတ်သတ်လာရင် လူတွေရူးသွားတယ်ဆိုတဲ့ အဆိုဟာ မှန်တယ်လို့တောင်ထင်လာရပါတယ်.....
    • Zayar Htun အကိုရေဘာပြောရမလဲဗျာ..ဆက်ရေးပါလို့ တိုက်တွန်းပါရစေ...
    • SoulMoore Zar ကျွန်တော်တို့ တွေးကြည့်ရင်တောင် မခံစားနိုင်တဲ့ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေဗျာ ... တစ်ကယ်လေးစားပါတယ် ... ကိုယ့်အသက်ကိုပြန်မွေးပြီး နိုင်ငံအတွက်ဆက်လက် အနစ်နာခံနေတဲ့အတွက် ... နောက် လာမယ့် အပိုင်း၂ လဲ အားနာပါနားနဲ့ပဲ မြန်မြန်တင်ပါလို့ပဲ ပြောပါရစေ ... ။
    • Thone Drae Oo သူရဲကောင်းစိတ်ဓါတ်ဆိုတာ
      ခန္ဒာကိုယ်နဲ့ အသက်ဝိဥာဉ်ကိုစတေးပြီး
      ခံယူချက်ကိုလွတ်လပ်ရေးပေးထားတဲ့သူတွေဆိုတာ
      ( ကိုဘိုဘို့အကြောင်းဖတ်ပြီး ) ကောင်းကောင်းသိလိုက်ရပါတယ်...
      လေးစားလျက်....
    • Nge Naing တော်လှန်ရေးမှာ ဒီလောက်ခါးသီးတဲ့အတွေ့အကြုံတွေကို ခံလာရပြီး သေဘေးက ကံသီလွတ်လွှတ်လာခဲ့တာတောင် လုံးဝစိတ်ပျက် အားလျှော့သွားခြင်း (သို့) စိတ်ကုန်ခမ်းသွားခြင်း မရှိဘဲ အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ကိုပန်းချီထိန်လင်းတို့ ကိုဘိုဘိုတို့လို ပုဂ္ဂိုလ်တွေကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပြီး အလေးပြုလိုက်ပါတယ်။ ဆက်ရေးတာကို စောင့်ဖတ်နေပါတယ်။
    • Udp Myanmar ကိုထိန်လင်း၏ ဆောင်းပါးလေးတွေကို Victim's Account ဓါးစာခံတွေ အနိုင်ကျင့်ခံရသူတွေ၏ ထွက်ချက်တွေအဖြစ် စနစ်တကျ စုဆောင်းထားရင် ကောင်းပါမည်။ တခြားသူတွေလဲ သူတို. ကြုံခဲ့ရတဲ့ ကိုယ်တွေ.တွေ မျက်မြင်သက်သေတွေ၏ ထွက်ဆိုချက်တွေကို စုစောင်းထားသင့်သည်။ ခံရသူတွေက သတ္တိရှိရှိနဲ. ပြန်ပြောရဲနေတဲ့အချိန်မှာ ထောင်တွေ တောတွေ၏ စစ်ကြောရေးစစ်ခန်းတွေမှာ သူရဲကောင်းတွေလို လက်စွမ်းပြခဲ့သည့် မောင်မင်းကြီးသားတွေ ကိုယ် ဘာတွေ လုပ်ခဲ့တယ်ဆိုတာ သတ္တိပြဖို. သင့်ပါသည်။ သူများကို နိပ်စက် အနိုင်ကျင့်ခဲ့တုန်းကတော့ လူစွမ်းကောင်းတွေ လက်ရဲဇက်ရဲ လုပ်ရဲသူတွေအဖြစ် ရက်ရက်စက်စက် လုပ်ခဲ့ပြီး အခုတော့ ဘယ်မှာလဲ ထောင်စစ်ကြောရေးထဲက လူစွမ်းကောင်း စစ်ထောက်လှမ်းရေးတွေ။ တောထဲက စစ်ကြောရေးစခန်းမှာ လက်ဇောင်းထက်တက် ကျောင်းသား စစ်ကြောရေးမှူးတွေ ထောင်မှူးတွေ လုံခြုံရေးအရာရှိတွေ။ မင်းတို.အလှည့်ပဲ လိုတော့တယ်။ ခံခဲ့ရတဲ့သူတွေက ခံရတာတောင် ခရေစေ့တွင်းကျ ပြန်ပြောပြနိုင်သေးရင် မင်းတို.က လုပ်ခဲ့သူ အနိုင်ကျင့်ခဲ့သူတွေပဲ ငါတို. ဘယ်ကောင်ကို ဘယ်လို စော်လိုက်တယ်။ ဘယ်လို ကျောင်းမှန်း ကန်မှန်းပြလိုက်တယ် ဆိုတဲအပိုင်းတွေ လိုနေတယ် Missing parts ဖြစ်နေတယ်။ သူများပြောရင် အပိုတွေ ပါနိုင်တာမို. ကိုယ်တိုင် လုပ်ခဲ့တာကို ကိုယ်တွေ.ပြောပြရဲတဲ့ အမှန်တရားတွေ အခုတော့ ဘယ်မှာလဲ ဘယ်စီမှာလဲ။
    • TeZa Hlaing ကိုစံလွင်လေးကို စစ်ဆေးတဲ့ အချိန်မှာ ဓါးမြောင်ကို မီးဖုတ်ပြီး ခြေသလုံးထဲ ထိုးထည့်တဲ့ ဒဏ်ရာကို တော်တော်ကြာကြာ ခံစားရရှာပါတယ်။ နောက်ပိုင်း စခန်းက ထွက်ပြေးကြတဲ့ထဲမှာ ကျွန်တော်တို့နဲ့ အတူပါလာပြီး။ ၁၉၉၈ ကျွန်တော်တို့ နိုင်ငံရေး ပြန်လည်လှုပ်ရှားတဲ့စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျွန်တော်တို့နဲ့အတူ ပျော်ပျာ်ကြီးပါလာပါတယ်။ ၅ ည နဲ့ ၇နှစ်ပါ။...ဒီလောက်နှိပ်စက်ညှင်းပန်းခံရတာတောင်နိုင်ငံရေးကိုစိတ်မပျက်ခဲ့ တဲ့ လူတွေ..လေးစားပါတယ်..ငါသာဆိုရင်ရောဒီလောက်မာပါ့ မလားလို့ မေးမိတယ်
      ရှက်ရှက်နဲ့ ဝန်ခံရရင်မမာနိုင်ပါဘူးဗျာ..ဒါပေမယ့် တကယ်မာခဲ့ တဲ့ ဒေါင်ဒေါင်မြည်သမားများကိုလေးစားပါတယ်..
      " သောကနဲ့ ဒုက္ခဟာ အမုန်းနဲ့ တွဲဖက်လာရင် စိတ်ဓါတ်ပိုပီးခိုင်မာလာတယ်ဆရာရယ်"လို့ ဒုတိယကမ္ဘာစစ်အတွင်းရုရှားအမျိုးသမီးတယောက်က စာရေးဆရာ အီလျာအာရင်ဘတ်ဆီစာလှမ်းရေးဖူးတယ်..ကျောင်းသားနိုင်ငံရေးသမားတွေ
      စိတ်ဓါတ်ခိုင်မာရတာက ခံစားရတဲ့ သောကနဲ့ ဒုက္ခတွေကိုမတရားမှုကိုရွံ့ မုန်းတဲ့ စိတ်နဲ့ တွဲဖက်ထားလို့ ထင်ပါတယ်..
    • Cheery Myae မင်းတို့ကို ဘယ်ဘက်ပါးကို ရိုက်လိုက်ရင် အဲဒါ ကက်ဆက်ဖွင့်တာပဲ။ မင်းတို့ရတဲ့ သီချင်းကို ဆိုရမယ်။ ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ်လို့ ပြန်ဖြေလိုက်ရတာပေါ့ဗျာ။ အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကို စဖွင့်ရင် ကောင်းမလဲဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြားနေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလဲကြားရသဗျ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြန်းကနဲ ကျွန်တော့်ဘယ်ဘက်ပါး ပူကနဲ ဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ လူပျိုကြီး သီချင်းရဲ့ အင်ထရိုတီးလုံးလေး ပြာပြာသလဲကောက် ပါးစပ်နဲ့ဆိုရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ် ကျရောက်သွားပါတော့တယ်။

      ပြောရရင်တော့ အဲဒီညက ကျွန်တော်ကနေ အစပြုပြီး သီချင်းဆိုတတ်တဲ့ အကျဉ်းသားရဲဘော်တော် များများဟာ လူစင်စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ရသဗျ။ ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုးမျိုးပေါ့ဗျာ။ တချို့ကျတော့လည်း ဆိုနေရင်းက ညာဘက်ပါးကို ပြင်းပြင်းရိုက်ပြီး ပိတ်လိုက်တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရမယ်မသိ ဖြစ်နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကို ဘိနပ်နဲ့ ဆောင်ကန်လိုက်တာခံ ရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ဗျာ။
    • Aung Myin Oo သက်ပြင်းတွေသာ အခါခါ ချရင်းးးး
    • Cheery Myae လုပ်ပိုင်ခွင့်အာဏာရလာရင် လူကိုလူလို့မမြင် မိုးမမြင် လေမမြင် ထင်းတိုင်ကြဲချင်ကြတာ သဘာဝလား ?.... လို့တောင် မေးရမလို ဖြစ်နေပြီ.... ဘယ်မှာလဲ မေတ္တာ ဂရုဏာ....
    • Bamar Blood စစ်အစိုးရထောင်တွေမှာ
      နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံဆန္ဒပြပွဲတွေ
      အကြောင်း ကြားဖူးပါတယ် ..

      အေဘီ( မြောက်ပိုင်း )အကျဉ်းစခန်းမှာ အကျဉ်းသား
      တွေအနေနဲ့  မတရားချုပ်နှောင်ခံနေရတာအတွက် အစာ
      ငတ်ခံဆန္ဒပြတာတို့ ဘာတို့ စသဖြင့် မလုပ်ခဲ့ဘူးလား
      ခင်ဗျ ..
    • Thone Drae Oo ဒီလောက်ကြင်နာစိတ်ကင်းမဲ့တာ..အစာငတ်ခံဆန္ဒပြရင် ပါးစပ်ထဲကို သူတို့ ယိုတဲ့ချီးတောင်ထိုးသွင်းမဲ့သဘောရှိတယ်..Bamar Blood..ရေ...
    • Harry Lwin အလေးပြုပါတယ် ကိုထိန်လင်း ...
    • Soe Tun အမှန်တရားဆိုတာ ဘယ်တော့မှ ဖုံးကွယ်လို့ မရပါဘူး။ လေးစားသလို ရင်နှင့်အမျှ နာကျင်စွာ ဖတ်ရှုသွားပါတယ်။
    • Pandora Herz ကြားသိရတာ တကယ်ပဲစိတ်မကောင်းဘူး၊ ယုံတောင်မယုံနိုင်ဘူး
    • Maung Maung Wann
      ကျနော်အားလုံးကို စိတ်ဒုက္ခပေးတယ်လို့တော့ မထင်လိုက်ပါနဲ့ဗျာ....ထိန်လင်း တင်ပြတာတွေကလည်း တပိုင်းပေါ့...အဲဒီဖြစ်စဉ်ထဲမှာ..ပါဝင်ခဲ့ရသူတဦးက..အင်္ဂလိပ်လိုရေးထားတာကို နိုင်ငံရေးအကျဉ်းသားဟောင်း ( စောမင်းထိုက်ကျော် ) က သူနိုင်သလောက် ဘာသာပြန်ပေးထားတာအခ
ုပေးလိုက်ပါတယ်...တချို့နေရာတွေက သူလည်း ဘာသာမပြန်တတ်လို့တဲ့...သီးခံပြီး...ရသလောက်လေး..လေ့လာကြည့်လိုက်ပါဦးhttp://8-8-88.blogspot.com/search?updated-max=2011-12-24T07%3A18%3A00-08%3A00&max-results=13
    • Tin Aung Hla စက်စုပ်ကြောက်ရွံ့ဖွယ်ဖြစ်ပေမဲ့၊ကိုယ်တိုင်ဖြတ်သန်းခဲ့ရပေမဲ့၊ခင်ဗျားရေးတဲ့အသံနဲ့စိတ်နေစိတ်ထားကိုအကြိုက်ဆုံးပါပဲ။
    • Tawwat Wat ဆစ်ဒနီမှာရောက်နေတဲ့ ကိုသိုက်ထွန်းဦး (၅၀၁) အနေနဲ့  ခံရတဲ့လူတွေက တရားစွဲမယ်ဆိုရင် သူက အသင့်ပဲလို့ ပြောတယ်။ သူ ပြောတာကို ကျနော်ရေးပါအုံးမယ်။ နန်းအောင်ထွေးကြည်က အခုထိ ဗမာဆိုရင် မုန်းနေပြီ။ အပျိုကြီးပဲလုပ်နေတုန်းပဲ။
    • Ye Thu အဖြစ်မှန်တွေကို ပြောပြပေးပါ....ကိုထိန်လင်းကို ကျေးဇူးတင်ပါတယ်
      ဒါမှ နောက်လူတွေ သင်ခန်းစာယူနိုင်ကြမှာပါ......
      နောက်ထပ် အကြောင်းတွေရှိရင်လည်းပြောပေးပါအုံး.....
    • Nang Saw Burma blood ရေ အစာ ငတ် ခံ ဆန္ဒ ပြ တာ ကို ပြော မယ် ဆို ထမင်း စား ရ ပုံ လေး ကို ပြော ပြ မယ် နော် လက် ကို နောက် ပြန် ကြိုး ချည် ထား ပြီးမြေ ကြီး ပေါ် မှာ ပလတ် စတစ်စ ၁ပေ ပတ် လည် ပေါ် ပုံ ထား တဲ့ ထမင်း ကို ပါးစပ် နဲ့ ကုန်း ယပ် ပြီး စား ခဲ့ ၇ ပါ တယ်။ ထမင်း ကို ဆား တောင် ပေး ဖို့ အော်ဟစ် ငေါက် ငန်း ခံ ပြီး တောင်း ခဲ့ ရ ပါ တယ်
    • Ni Lynn မနန်းစော ရေ ခင်ဗျား လုံခြုံတဲ့နေရာမှာဆိုရင် သိတာလေးတွေ ထပ်ဖြည့်ပြောပေးပါ၊ငရဲသားတွေ ဒီတိုင်း လွတ်နေတာ ဆိုးပါတယ်ဗျာ
    • Zaw Lin Htwe အဖြစ်မှန်တွေ သိရတာ တကယ်စိတ်မကောင်းပါဘူး စောင့်ဖတ်နေပါတယ်
    • Phyu Sope အခုလို ကြားသိရတာ တကယ်ပဲ စိတ်မကောင်းဘူး..
    • Wai Hmuu Thwin အဲဒီကိုထိန်မင်္ဂလာဆောင်ပွဲကိုကျနော်သတိရမိတယ်။ကိုထိန်နဲ့မချောအိတို့မိုဘိုင်းမားကက်ဆိုပြီးအထမ်းနဲ့လိုက်ရောင်းတဲ့ပန်းချီကားတွေတောင်ပြန်ထုတ်ကြည့်မိသေးတယ်။တစ်နေ့တော့ပြန်ဆုံမှာပါဗျာ...
    • အတာ လင်း
      ကျနှော်တေို့ကတောင်ပိုင်ABSDFဆိုတော့မသိလိုက်ဘူရှေ့တန်းကခနပြန်တတ်လာတဲ့အခေါက်ကကြားခဲ့တယ်သေသေခြာခြာမသိခဲ့ဘူအခုသိတော့အဲလိုအဖြစ်မျိုးကဒါကျောင်းသားသမိုင်းမှာဒုတိယအကြိမ်ကြားဘူးခြင်းဘဲကျနော်ငယ်ငယ်ကဖေဖေတို့ကျောင်းသားသမဂ္ဂကျောင်းသားဗမာ့တပ်မတော်သားတွေရဲ...See More
    • Ye Ni တဆစ်ဆစ်နဲ့ ကိုက်ခဲစေပေါ့ ဘိုထိန်။ ခင်ဗျားတို့ ကြမ်းရှခဲ့တဲ့ ဆောင်းညထဲက သီချင်းသံကို ကျနော် မကြားရက်ဘူး။ လာမည့် ဖေဖော်ဝါရီ ၁၂ မှာ ကွယ်လွန်သွားသူတွေအတွက် ဒေါင်းအလံတဝက်လွှင့် အလေးပြုပေးစေချင်တယ်။ ရဲဘော်တို့ သွားလိုရာ သွားနိုင်ပြီလို့ ပြောပေးစေ့ချင်တယ်။ http://soundcloud.com/inzali/02-untimely
      soundcloud.com
    • အသောက အသောက အသောက ဒီစာတမ်းတွေဟာ အရမ်းအရေးကြီးပါတယ်။ ကွန်မင့်တွေကိုလဲ တစ်စုတည်းဖြစ်အောင် စုစည်းပေးဖို့ တောင်းဆိုပါရစေဗျာ။.....
      အရိုးတွန်းသံ ကွန်မင့်တွေလဲ စုစည်းတင်ပြပေးရန် မေတ္တာရပ်ခံပါတယ်။
      စကားတွေလဲ ဘာပြောရမှန်းမသိလို့ ပြောစရာစကားလုံးမရှိတော့ပါဘူး။
    • Blind Hackers
      ဒီလိုပဲဖြစ်ရမှာပေါ့
      မင်းတို့ကြောက်တတ်တယ်ဆိုတာ ငါတို့တွေ သိထားပြီးသားပါ
      လောလောဆယ်အခြေအနေကိုလည်း မင်းတို့သိတဲ့အတိုင်းပဲ
      အစိုးရက အမှတ်ကောင်းယူနေလို့ အတိုက်အခံတွေ ရပ်တန့်နေရတယ်
      မင်းတို့က တစ်ဖက်သက် မကောင်းတာတွေ ဖော်ထုတ်တော့ လူထုက ဘယ်လိုထင်ကုန်မလ

      မင်းတို့စဉ်းစားတတ်အောင်ပြောတာပါ
      ငါပြောလိုက်လို့လားတော့ မသိဘူး
      မင်းတို့အရေးအသားတွေ ပြောင်းလဲလာတာ ကောင်းပါတယ်
      ဆက်ပြီးပြောင်းလဲဖို့တော့လိုတယ်
      ကျေနပ်တယ်လို့တော့ မဟုတ်သေးဘူး
    • Min Min Aung
      ပထမဆုံးပြောလိုတာက...စာပုဒ် ၈၊ စာကြောင်း ၂ မှာ ABSDF (NB)-လက်ရှိတောင်ပိုင်းလို့ဆိုထားပါတယ်...နိဒါန်းတွေကောင်းကောင်းပျိုးလာပြီးမှ ဒီစာကြောင်းက အေဘီမှာ မနေဘူးသူတွေအတွက် ရှုပ်ထွေးသွား နိုင်ပါ တယ်..ဒုတိယကတော့..အမှန်တရားအတွက်တော်လှန်ရဲတဲ့စိတ်ဓါတ်
      တွေကို လေးစားဦးညွှတ်ပါတယ်...တတိယချက်ကတော့...တော်လှန်ရေးစိတ်ဓါတ်တွေကိုဘယ်လိုအရာတွေနဲ့မှ သတ်ဖြတ်ရိုက်ချိုးလို့ မရဘူးဆိုတာကို ဘိုဘို ရဲ့နောက်ဆုံးလုပ်ရပ်တွေနဲ့အတူ ကွက်ကွက်ကွင်းကွင်းမြင်သာ အောင်ရေးပေး ခဲ့တဲ့အတွက် ဒီစာကိုဖတ်ရကျိုးနပ်ပြီး ဂုဏ်ယူမိပါတယ်..
    • Zaw Myo Lwin
      အစုလိုက်အပြုံလိုက် သတ်ခံရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုများက တရားလိုပြုပြီး စာရင်းအင်း၊ သတင်းအချက်အလက်များနဲ့ သက်သေ အထောက်အထား၊ လက်လှမ်းမီရာ တရားလိုပြများပါမကျန် တညီတညွတ်တည်း စုစည်းတိုင်ကြား တရားစွဲဆို သင့်လှပါတယ်။

      ပြည့်ဦးက
      င်း၊ ပြည့်မျက်စေ့၊ ပြည့်နားလို့ ကိုယ့်ကိုယ်ကို အဆိုရှိသူ အများကလဲ မတရားမှုတွေတိုင်းမှာ လစ်လျှုရှုမနေဖို့ကို တိုက်တွန်းလိုပါတယ်။

      စစ်ရာဇဝတ်ကောင်တွေနဲ့ သူတို့ရဲ့ နိဂုံးများကို နိုင်ငံတကာမှာ ခေတ်အလိုက် သမိုင်းမှတ်တမ်းရှိထားသလို အဲဒီကွက်လပ်ကို ဖြည့်ဆည်းပေးကြတဲ့ သမိုင်းပြုစုသူတွေနဲ့ အမှန်တရားတရား လိုလားသူတွေ အားလုံးကိုလဲ နောင်လာနောက်သားများက စံနမူနာ ယူကျန်ရစ်ကြပါလိမ့်မယ်။

      အမှန်တရားအတွက် ရဲဝံ့စွာ မျက်နှာမထောက်တမ်း ပြုစု ထုတ်ဖေါ်ရေးသားကြတဲ့ ကိုထိန်လင်း၊ ကိုအောင်မိုးဝင်းနဲ့ ကိုမောင်မောင်ဝမ်းတို့ရဲ့ သတ္တိမျိုး မြန်မာနိုင်ငံသားတိုင်းမှာ ရှိလာပြီဆိုရင်...။
    • Mee Ku ‎...စိတ်မကောင်းခြင်းကြီးစွာ ရင်နာနာနဲ့ပဲ ဖတ်သွားပါတယ်. လူအချင်းချင်း ညှင်းပမ်းနှိပ်စက်ခြင်းတွေ ကင်းဝေးကြပါစေ...အပိုင်း(၂)စောင့်ဖတ်ပါမည်...
    • Kyaw Than carry on Bo Htein, you are the divine's messenger for truth and justice it can restore prestige of burmese student movement for people (polity of nation) and its fallen martyr ko Htun Aung Kyaw and other victimised heroes.
    • William Aung ကိုထိန်လင်းရဲ. သမိုင်းဖြတ်သန်းမူ.များက ရာဇ၀င်တွင်မည်. သမိုင်းမှတ်တမ်းများအဖြင်. ကျန်ရှိခဲ.မှာ မလွဲဧကန်ပါ။
    • Ye Tun Oo
      ကျွန်တော်တို့ ကျောင်းသားဘ၀က မြောက်ပိုင်းက ပြန်လာတဲ့ သူတွေရဲ့သတင်းစာရှင်းလင်းပွဲ ကို မှတ်မိလာတယ်။ ရင်ပေါင်ကျန်းဆိုတဲ့ စကားလုံးကိုမှတ်မိတယ်။ အခုလို ကိုယ်တွေ့ကြုံခဲ့သူတွေက ပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲလာတာကို ကြိုဆိုပါတယ်။ ဒါဟာ လူ့ရာဇ၀တ်မှုပါ
      ။ ကိုယ်တွေ့ကြုံခဲ့သူများက ၀ိုင်းဝန်းပြီး မိမိအတွေ့အကြုံများကို သေသေချာချာ မှတ်တမ်းတင်ထားသင့်ပါတယ်။ တကယ်ဘာဖြစ်ခဲ့လဲဆိုတာကို သိချင်ပါတယ်။ စောင့်ဖတ်နေပါ့မယ်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။
    • Than Naing လေးစားပါတယ်။
    • Nge Naing အတာ အဲဒါ ဖြစ်တဲ့အချိန် နင်တို့ တောထဲမှာ မရှိတော့ဘူး၊ ဒုတိယအကြိမ် ညီလာခံသက်တမ်း ကုန်ခါနီး ၉၂ ခုနှစ်မှာဖြစ်တာ ဆိုတော့ နင် US တောင် ရောက်နေပြီထင်တယ်။
    • Aye Aye Soe Win
      သတင်းအချက်အလက်များနဲ့ သက်သေ အထောက်အထား၊ လက်လှမ်းမီရာ တရားလိုပြများပါမကျန် တညီတညွတ်တည်း စုစည်းတိုင်ကြား တရားစွဲဆို သင့်လှပါတယ်။ Hey, For some people who put irrelevant comments about their parents or the other disconnect ABSDF events that
      took place elsewhere, I am REALLY REALLY sick ....No more to say...What else do pro-DNA core members want to say? This is tragedy no one could ever imagine on earth. Have your conscience by not saying irrelevant things.
    • Aye Aye Soe Win By the way, thanks Zaw Myo Win...for your words..This is the time for an action..Not for nostalgic disconnected ABSDF parts...It is not about ABSDF..The student army has goals...But a group of thugs destroyed them..
    • July Myat Tun ကိုထိန်လင်းရယ်ကြားရတာစိတ်တောင်မကောင်းဘူး၊ဒါတောင်မှရီအောင်ရေးနိုင်သေးတယ်ချီးကျူးပါတယ်ဗျာ တစ်ကယ်ပါ လေးစားပါတယ်
      ဂျူလိုင်
    • Aye Aye Soe Win Ko Moe Thee 's foreign minister was really turning a blind eye to the whole plot...He took sides with the murderers..He went to visit the camp...He did not do anything to stop it..He is one of them...
    • Aye Aye Soe Win Bone Bone..အသောက အသောက အသောက My Burmese is very good, as good as my English ((:-, but I have no Burmese font. If you will type my hand-written Burmese, I will appreciate it.
    • Ko Htike
      ကိုမင်းမင်းအောင် .. ၊ အစ်ကို ပြောတဲ့ စာကြောင်းတွေမှာ နည်းနည်း ရှုပ်သွားတာက proof reading လုပ်ပေမယ့် မူရင်းတင်တဲ့ ... http://www.kaungkin.com/index.php?option=com_content&view=article&id=676%3A2011-12-25-22-46-42&catid=37%3A2009-04-17-01-30-2...See More
    • Ko Htike
      အထက်ပါ "ကျွန်တော် လူကက်ဆက်" ရဲ့ စာပိုဒ် ၈ စာကြောင်းရေ ၂ ကို .... အောက်ပါ အတိုင်း ပြင်ဆင်ဖြတ်ရှုပေးပါ ခင်ဗျာ။

      ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လက်ရှိတော
      င်ပိုင်း ABSDF ကနေ အဲဒီ ကိစ္စမှာ ကျဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေဟာ တော်လှန်ရေးသမား ကျောင်းသား ရဲဘော်တွေသာ ဖြစ်တဲ့အကြောင်း ကြေညာချက်ထုတ်ပေးဘို့ သင့်၊ မသင့်ကိစ္စ စကားပြောမိကြပါတယ်။ ဒီတော့ သူက ခပ်ရှင်းရှင်းပဲ ဒီလိုပြောပါတယ်။

      "သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စ ဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ) ဘက်မှာပဲ ရှိသေးတာ၊ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှား ရှိနေပါရက်နဲ့ ဘာသဘောထားမှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဘို့ ဘာမှ မလိုဘူးထင်တယ်လို့ ပြောပါတယ်။"

      သူပြောတာ အမှန်ပါပဲ။ အမှန်ကတော့ ကျွန်တော်တို့ မသေဘဲ ကျန်နေသူတွေ လုပ်ရမယ့် အလုပ်ပါ။ ကျွန်တော်တို့တွေရဲ့ အားနည်းချက်။ ကျွန်တော်တို့တွေရဲ့ တာဝန်ပျက်ကွက်မှု သက်သက်ဖြစ်ပါတယ်။
    • Aung Khaing Myint အမှန်တရားဆိုတာ လူသတ္တ၀ါတွေလို မြျြေမုပ်သဂြိုလ်လို့မရပါဘူး ၊ကျဆုံးခဲ့တဲ့တော်လှမ်ရေး သူရဲကောင်းတွေကို အလေးနီပြုပါတယ်.ရင်နာနာနဲ့ဖတ်ရှုခဲ့ပြီး အားလုံးမျှဝေခံစားဖတ်ရှုဖို့ ဘလော့မှာလင့်ခွင့်ပြုပါခင်ဗျား နောက်ဆက်တွဲအဖြစ်အပျက်များကိုလည်း ကြေကွဲစွာ စောင့်မျှော်ရင်း.....http://8888newgenerations.blogspot.com/2011/12/blog-post_5382.html#links
    • Min Min Aung စာသားပြင်ဆင်ပြီးသွားလို့ ကျမ ရှယ်လိုက်ပါပြီ...
    • Min Min Aung ကျေးဇူးပါပဲ ..ကိုထိုက်ရေ..အမြန်ဆုံးပြင်ပေးနိုင်တဲ့အတွက်ပါ..
    • အတာ လင်း မရောက်သေးဘူးမငယ်...ကြားနေရတာဘာမှန်သေသေခြာခြာတော့မသိဘူ.....
    • Kyawkyaw Kyaw ကိုထိန်ရေ... မတွေ့ကြရတာ ကြာပြီနော်...
    • Ni Lynn https://www.facebook.com/photo.php?fbid=142927169151838&set=a.142927165818505.27159.100003036666936&type=1&theater
      အချိန်မတန်ခင် လွင့်ပျောက်ခဲ့ရတဲ့ ခွပ်ဒေါင်းကြယ်ပွင့်
    • မိုး စဲ
      ကိုထွန်းအောင်ကျော်ရဲ့ ဓါတ်ပုံကို မခင်မင်းဇော်တင်ထားပေးပါတယ် ကျနော်လဲဝင်ရှယ်ထားပါတယ် အပြင်မှာ မတွေ့ဘူးပေမဲ့ ခင်မင်နှစ်လိုဖွယ်ရာ လူငယ်လေးတဦး အထက်ဗမာပြည်ဗကသရဲ့ ခေါင်းဆောင် တဦး ပုံပါ.ခုမြောက်ပိုင်း အေဘီအက်ဒီအက်ဖ် ကို ဟိုတလောက ဦးဆောင်ဖွင့်လှစ
်တဲ့ သူက ကိုထွန်းအောင်ကျော်တို့ သတ်တဲ့ အထဲမှာ ပါတဲ့ လှဆောင်ပါ။ အဲ့ဒီမြောက်ပိုင်း အေဘီဖွင့်ပွဲကို ဗဟိုဒုဥက္ကဌ ကိုမျိုးဝင်းနဲ့ ဗဟိုစစ်ဦးစီးချုပ် ကိုဆန်နီတို့ ၂ ယောက်သွားခဲ့ပါတယ်။ အခြားသိသေးသူတွေ ထပ်ပြီးတင်ပြရင် သိနိုင်ပါတယ်။
    • Nainai Tun
      စိတ်မကောင်းစရာတွေကြီးပါပဲ။ လူမဆန်တဲ့ ဒီခွေးသားကို ဘယ်လိုအရေးယူကြမလဲဗျာ။ ကိုထိန်လင်းတို့ဘဝကလဲ တကယ့်မိအေး ၂ခါနာပါပဲ။ တောထဲမှာ ထောက်လှမ်းရေးဆိုပီး အနှိပ်စက်ခံရတယ်။ မသေတာကံကောင်း၊ အစိုးရကတွေ့တော့လဲ သူပုန်တွေမို့လို့ ထောက်ချလိုက်တယ်၊ ထောင်ထဲမှာ
      နှစ်များစွာ ဒွတ်ခခံပီးနေခဲ့ရတယ်။ အကိုတို့ရဲ့ တိုင်းပြည်အတွက် ပေးဆပ်ရတာတွေက များလွန်းလှပါတယ်ဗျာ။ လူ့မလိုင်တွေပေါတဲ့ ဒီဖက်ခေတ်ကြီးမှာ အကို့တို့ကို တွေ့ရတာ တကယ်လေးစားဂုဏ်ယူပါတယ်။ ဒီလောက်ဒွတ်ခတွေကို ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် ရေးတတ်တဲ့ အကို့အရေးအသားကလဲ ချီးကျူးစရာပါ။
    • Nay Myoo Aung Lan ကိုထိန်တို့ဘ၀ က ဆိုးရွားလိုက်တာဗျာ............
      ...........့ လေးစားဦးညွှတ်မိပါတယ်ဗျာ
    • Sanay Tun လုံးဝမကျေနပ်ဘူးအချိန်တော.နည်းနည်းပေးရမယ်သူတို.အပြစ်ကိုသူတို.ပြန်ခံရတဲ့အထိဝိုင်းကူပေးမှာပါ
    • Sliv Mmc
      Blind hackers... အစိုးရ နာမည်ကောင်းယူယူ မယူယူ ဒီကိစ္စနဲ. ဘာမှ မဆိုင်ဘူး.. လျှောက် အာမနေနဲ.. ဖြစ်ခဲ့တာက ဖြစ်ခဲ့တာပဲ... ဒီကိစ္စ မဖော်ထုတ်ခင်ကတည်းက တီဗီ ရေဒီယို ပေါ်က ကိုအာကျယ်များ မလေကျယ်များ ပေါ်ပင် နိုင်ငံရေးသမားများ ၊ နိုင်ငံရေးရောင်းဝယ်ရေးသမ
ားများကြောင့် နိုင်ငံရေးသမားဆိုတဲ့ နာမည်က အဖတ်ဆယ်မရတော့တာ.... ကျမ နိုင်ငံသားတယောက် အနေနဲ.ပြောရရင် ဘယ်အဖွဲ.အစည်း မှ ကျမ ဂရုမစိုက်ဘူး.. အဓိကက အားလုံးချစ်ခင်တဲ့ တကယ်လဲ လုပ်လိုစိတ်ရှိတဲ့ နိုင်ငံတကာ ကလည်း အသိအမှတ်ပြုတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ. လက်ရှိ အစိုးရတို. ပူးပေါင်းပြီး နိုင်ငံကောင်းအောင် တိုးတက်အောင် လုပ်နိုင်ရင် တော်ပြီ... အခုရေးတဲ့ ပို.စ်တွေလည်း ဆက်ရေးပါ..အားပေးပါတယ်... ပို.စ်ရေးတဲ့သူက ခံစားချက်နဲ. ရေးမှ ဖတ်တဲ့သူတွေကလည်း ခံစားရတာပါ... ဒါကြောင့် ခံစားမှု.အပြည့်နဲ. အားမနာတမ်း ရေးပါလို. ပြောပါရစေ.. ကျေးဇူးတင်ပါ၏
    • Ko Thaw သမိုင်းကိုအမှန်ရေးပြီးသမိုင်းတရားခံများကိုသမိုင်းထဲမှာပဲသိမ်းမထားကြပါနဲ့ ဖော်ထုတ်ပေးခြင်းဖြင့်အမှန်တရားကိုချစ်မြတ်နိုးတဲ့လူသားတွေတိုးပွါးလာမှာပါ။
    • John Glenn ကိုထိန်လင်းရေ .. ဆက်ရေးပါဗျာ။ အမှန်တရားဟာ အမှန်ကို ရှာဖွေသူတွေထဲမှာ တည်ရှိနေဖို့က အဓိကကျပါတယ်။
    • Zayar Htun ကိုထိန်ရေလူ့ ကတ်ဆက်၂တင်ပါတော့ ဗျာ..ဖတ်ချင်လှ့ပီ.
    • Ko Lynn Khine ဆရာရေ ဒေါက်တာလွမ်းဆွေဘလော့မှာ ဇာတ်သိမ်းဖတ်ပြီးမှ အခုအပိုင်း(၁)ကိုပြန်လာဖတ်ဖြစ်တယ် ကျနော့ဝေါထဲရှဲပါရစေဗျာ။
    • Gauri Zen Myat အဲလူတွေက ဘာလို့ ကျောင်းသားအချင်းချင်းလဲ လိုနိုပ်စက်ကြတာလဲ ရှုးများနေကြလားမသိဘူး
    • မာမီ ထား
      တနေက လက်ရှိABSDFဒုဥကဌမျိုးဝင်းက ဒီမြောက်ပိုင်းကိတ်စကို အဖွဲ တစ်ဖွဲဖွဲ့ပြီးစုံစမ်းမတဲ့..... မျိုးဝင်းကိုနိုက်က အကျဉ်းရုန်းနဲ့ အချင်းချင်းသတ်ဖူးသူ ပြီးတော့ လှဆောင် ဆိုတဲ့ကေါင်ကလည်း ဦးဆောင်သတ်ခဲ့သူ အခုထိအေဘီမှာ အ၇ာေ၇ာက်နေတုံး မိုးသီးဇွန်၊ေ၇ာ်
      နယ်အောင်နိုင်၊ ဒေါက်တာနိုင်အောင်တိုက အသက်ရှင်လျှက် ကလိန်ကကျစ်လိုက်လုပ်လို ကေါင်းနေဆဲပါဘဲ။ဒီလောက်အုတ်အော်သောင်းနင်းနဲ့ မြောက်ပိုင်း အစုပြုံလိုက်သတ်မူဟာ ကျွန်မတိုမြန်မာအသိုင်းဝိုင်းမှာ အကျယ်တဝင့်ဖြစ်နေပြီဆိုတော့ လက်ရှိအစိုး၇က ဂရုမစိုက်ဘဲ နေမှာတော့မဟုတ် အတိုင်းတာတစ်ခုအထိ လေလာစမ်းစစ်ပြီးလောက်ပါပြီ နှောင်းအတိတ်နဲ ဒီနေအေဘီလူပ်ရှားနေမူကို။ မကြာသေတဲ့ တနေ့က ဒေါက်တာနိုင်အောင်ကို အစိုး၇ငြိမ်းချမ်ေ၇ညှိနိုင်ေ၇းအဖွဲက ၇ထားဝန်ကြီး ခ၇ီးသွားဟန်လွဲ တွေကြသတဲ့ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဒေါက်တာနေဝင်းမောင် မိတ်ဆက်ပေလို့.....လိုဆိုပါတယ်။ တဖန် အေဘီက အစိုး၇နဲ့ငြိမ်းချမ်းေ၇းဆွေနွေးဘို စိတ်ဝင်စားတဲ့အကြောင်း အစိုး၇ဘက်ကိုအကြောင်းပြန်လိုက်တာ အေဘီဒုဥကဌမျိုးဝင်းက သတင်းထုတ်လာပါတယ်။ဒီလိုဆို၇င်ဒီဆွေနွေးပွဲးဟာ နိုင်အောင်တိုအေဘီကို ကိုယ်စားပြုပြီး အောက်ကြေးနဲ့ ငြိမ်းချမ်းေ၇းဖလှယ်မှာက ကျိန်သေနေပါတယ်။လက်ရှိအစို၇ရဲ့ လိုချင်တဲ့ပုံကို ဒေါက်တာနိုင်အောင်တို အကေါင်ထည်ဖေါ်ပေးပြီး အစိုး၇၇ဲ့ မက်လုံးတွေပွေပြီး ပြည်တွင်းက မြန်မာ့နိုင်ငံေ၇းမှာ အစိုး၇ကထည့်သုံးမလားဆိုတာ ကျွန်မတိုဝိုင်းစဉ်းစာဘိုလိုလာပါပြီ။ဒေါက်တာနိုင်အောင်တိုအဖွဲ့အတွက်က သေမထူးနေမထူးဘဝဆိုက်တော့မဲ့အတူတူ အစိုး၇မြောက်စားမှာကို လက်ခံပြီးABSDF ရဲ့သမိုင်းစာမျက်နှာကို ဗြောင်ပြန်လှန်မဲ့သူတွေပါ။ဒါကြောင့် ကျွန်မတို့ဒီဖေစ်ဘွတ်ကနေ ကိုလိုင်ဘွား၊ကိုမောင်မောင်ဝမ်း၊ကိုထိန်လင်းနဲ့ အခြား အေဘီအဟောင်းတွေစုပြီး စာမျက်နှာတစ်ခုလုပ်ပြီး ဒီအေ၇းကို ဖေါ်ထုပ်ပြီး ငြိမ်းချမ်းေ၇းဆွေနွေးပွဲးကိတ်စကို အကြံပြု ဝေဖန်မူပြု၇င် ကေါင်းမကေါင်း ကျွန်မတို၇င်နင်အောင်ခံစား၇တဲ့ မြန်မာပြည်သူတွေစုပေါင်းအဖြေရှာဘို့ပါ...ရှင်။ မတ၇ားနာကျင်မူများစွာနဲ့ ဘဝပြောင်းသွားသူများကို စုပေါင်းအမျှဝေ သာဓုခေါ်သဘော်သက်ေ၇ာက် အောင်ကျွန်မ အကြံပြုကြည့်တာပါ ရှင်။
      January 20 at 7:54am · · 2
    • Zar Ni We are deeply sorry about this.. Thank you very much for all of your sacrifices on behalf of us for Democracy.

No comments:

Post a Comment