Saturday, August 18, 2012

ရန်သူဘယ်သူလဲ?


by Htun Aung Gyaw on Saturday, August 18, 2012 at 12:51pm ·

ရန်သူဘယ်သူလဲ?
မြောက်ပိုင်းလူသတ်မှုကြီးမှာကိုယ်တိုင်ကိုယ်ကျနှိပ်စက်ညှင်းပန်းခံရပြီုးလွတ်မြောက်လာသူတွေရဲ့ ခါးသည်း တဲ့အတွေ့အကြုံတွေကိုဘေးကနေကိုယ်ချင်းစာပါတယ်ဆိုတဲ့သူတွေအနေနဲ့တကယ်ခံခဲ့ရသူတွေလောက်နက် နက်ရှိုင်းရှိုင်းမခံစားနိုင်ဘူးဆိုတာတော့ကြိမ်းသေပါတယ်။
လောကငရဲကျပြီးရက်ရက် စက်စက်အသတ် ခံရသူတွေအတွက်တရားမျှတမှုရအောင်ကြိုး စား ဆောင်ရွက်
မယ်ဆိုတဲ့ သူတွေထဲမှာလဲ တကယ်လပေါင်းများစွာ နှိပ်စက်ညှင်းပန်းခံရပြီးလွတ်မြောက်လာသူတွေပါသလို၊ မတရားမှုကိုမကြိုက်တဲ့လူလူချင်းကိုယ်ချင်းစာတရားရှိသူများလည်းပါဝင်ပါတယ်။
ကိုယ်တိုင်အနှိပ်စက်ခံရပြီးအသက်ဘေးကလွတ်လာသူတွေထဲမှာလဲသူတို့ခံခဲ့ရတာတွေကိုမေ့လိုက်ပြီးဘဝသစ် ကိုလျှောက်နေသူတွေရှိသလို၊ဒီအဖြစ်ကိုမမေ့နိုင်ဘဲမတရားအသတ်ခံခဲ့ရတဲ့ရဲဘော်ရဲဘက်တွေရဲ့ဂုဏ်သရေကို
ဆယ်ဖို့စိတ်ပိုင်းဖြတ်ထားသူတွေလဲရှိနေပါတယ်။
ဒီလိုအမှန်တရားကိုဖေါ်ထုတ်ဖို့ကာယကံရှင်တွေကကျိုးစားဆောင်ရွက်နေတာကိုကိုယ်ချင်းစာတရားရှိတဲ့လူ
တွေကလဲတတ်နိုင်တဲ့ဖက်ကဝိုင်းဝန်းပံ့ပိုးကူညီကြပါတယ်။ဒါပေမဲ့တချို့ပန့်ပိုးကူညီသူတွေဟာအားမလိုအား
မရ ဖြစ်လို့လားဘာမှန်းမသိမကြာသေးခင်ကာလမှာဒီကိစ္စကိုအခက်အခဲကြားကလုပ်နေတဲ့ကာယကံရှင်တွေ
နဲ့ကိုယ်ထိလက်ရောက်ဝင်ကူနေသူတွေကိုတိုက်ခိုက်လာခဲ့ပါတယ်။
အဲဒီလုပ်ရပ်ဟာ တကယ်တော့ရွှေခဲကတော်တော်မယ်ဘော်ကကဲဆိုသလိုဖြစ်နေတော့တာဘဲ၊လက်တွေ့လုပ်
နေသူတွေကိုအချိန်ဆွဲနေတယ်၊ဟန်ဆောင်နေတာ၊တကယ်လုပ်နေတာမဟုတ်ဘူး၊အမှု့ဖျောက်ဖျက်ဖို့ကြိုး စားနေတယ်၊လက်ဝါးကြီးအုပ်ထားတယ် ဘာတွေလုပ်နေမှန်းလဲမသိဘူး စသည်ဖြင့် ဝေဖန်တိုက် ခိုက်မှု့တွေ ကို ဗြောင်တမျိုးအောက်လမ်းနည်းနဲ့တဖုံ ပြုလုပ်လာတာတွေ့ရတော့ ဒီလူတွေဟာတကယ်ဖြစ်ရပ်မှန်ကိုစေတ
နာမှန် စွာနဲ့အမှန်တကယ်ဖေါ်ထုတ်စေချင်သူတွေလား? ကိုယ့်စိတ်အလိုမကျတိုင်းစိတ်ဓါတ်ကြံခိုင်စွာနဲ့ တစိုက်
မတ် မတ်လုပ်နေသူတွေကိုစိတ်ဓါတ်ကျအောင်လုပ်နေတဲ့ သူ့လူကိုယ့်ဘက်သားများလေလားလို့သံသယဖြစ်မိ
တယ်။ ဒါမှမဟုတ်မိမိကိုယ်ကိုထင်ပေါ်အောင် လုပ်ပြနေတာလားစဉ်းစားစရာဘဲ။
ပြည်တွင်းပြည်ပကအမှန်တရားကိုဖေါ်ထုတ်ဖို့ကြိုးစားနေတဲ့သူတွေကိုယ့်ကိုယ်ကိုပြန်မေးရမှာက မြောက်ပိုင်း ကိစ္စမှာလက်တွေ့ငါဘာကိုလုပ်ပေးနေသလဲဆိုတာဘဲ၊ တရားဥပဒေအရလူသတ်တရားခံတွေကိုအရေးယူဖို့ကိစ္စ မှာ ဥပဒေကြောင်းအရသွားဖို့ကိစ္စမှာဘယ်လိုအခက်အခဲတွေရှိတယ်ဆိုတာသိနိုင်တဲ့အရည်အချင်းရှိဖို့လိုတယ်၊ ဒီအခက်အခဲတွေကိုလေ့လာစမ်းစစ်ဖို့မလုပ်ဘဲလုပ်ကိုင်ဆောင်ရွက်နေသူတွေကိုတိုက်ခိုက်လာတာဟာသဘော
ထားမမှန်ဘူး။ တရားခံတွေကိုထိထိရောက်ရောက်အရေးယူနိုင်ဖို့ကိစ္စမှာလက်တွေ့လုပ်နေသူတွေကိုအားပေး
ထောက်ခံဖို့လိုတယ်၊ဝေဖန်တိုက်ခိုက်နေဖို့မဟုတ်ဘူး။
နေရာတကာမှာကိုယ်မသိတာကိုမသိသလိုမနေဘဲတဆင့်စကားတွေကိုအခြေခံပြီးပုဂ္ဂိုလ်ရေးအရတိုက်ခိုက်လာ တာတွေ့လာရတယ်။တကယ်လက်တွေ့ကြကြ ငွေကုန်ကြေးကြခံပြီး လူပင်ပန်း စိတ်ပင်ပန်းခံပြီး ကျန်ရစ်သူမိ
သားစုဝင်တွေနဲ့ လက်တွဲလုပ်ကိုင်နေသူတွေရဲ့ စိတ်ဓါတ်ပျက်ပြားအောင် တဆင့်ခြင်းရိုက်ချိုးနေတာ၊ အပြစ် တင် ဝေဖန်ရှုံ့ချနေတာဟာ စေတနာမှန်ပါတယ်လို့ ယူဆရမှာ ခက်ခဲလှပါတယ်။
တကယ်လက်တွေ့ကျကျ စနစ်တကျနဲ့ ကျန်ရစ်သူမိသားစုရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်နေသူ၊မတရား
သဖြင့်ခံစားခဲ့ရပြီး လွတ်မြောက်လာသူတွေထဲမှ အမှန်တရားအတွက် ရဲဝန့်စွာရင်ဆိုင်နေကြသူတွေကို ဆောင်းပါး
တွေနဲ့တမျိုး ၊ comment တွေနဲ့တဖုံ အပြစ်တင်ဝေဖန်ခြင်း တိုက်ခိုက်ခြင်းများပြုလုပ်တာဟာ တရားခံများဘက်မှ အင်အားသာစေလိုသောပြုမှုမျိုးသာဖြစ်ပါတယ်။
ဒီကိစ္စအတွက်ဘာတွေလုပ်နေပါတယ်ဆိုပြီးအားလုံးကိုဖွင့်ချပြရမဲ့အချိန်မဟုတ်ဘူးဆိုတာသိဖို့လိုတယ်၊ မင်းတို့ဘာတွေလုပ်နေတယ်ဆိုတာငါတို့အားလုံးကိုအသိပေးပါဆိုနေသူတွေကိုတခုတော့မေးလိုက်မယ် ဒီမြောက်ပိုင်းဂရုမှာအမှန်တရားကိုဖေါ်ထုတ်ချင်တဲ့သူတွေဘဲစုထားတယ်ထင်သလား?
အမှန်တရားပေါ်ရင်သူတို့ကျေးဇူးရှင်တွေဒုက္ခရောက်မှာစိုးလို့လာစနည်းနာနေတဲ့သူတွေလဲရှိနေတယ်ဆိုတာဘဲ၊
ညီညွတ်ရေးပျက်ပြားစေမဲ့တိုက်ခိုက်မှုတွေလုပ်ကြံမှုတွေရဲ့အကျိုးဆက်ဟာမြောက်ပိုင်းကိစ္စဖေါ်ထုတ်ရေးမှာ ဘယ်လိုကောင်းကျိုးကိုမှမဖေါ်ဆောင်နိုင်ဘူးဆိုတာရှင်းရှင်းလင်းလူတိုင်းသိနိုင်တဲ့ကိစ္စဖြစ်တယ်၊
ဒါဖြင့်ရင်ဘာကြောင့်ဒီလိုတိုက်ခိုက်မှုတွေဖြစ်လာတာလဲ? တရားခံတွေကိုတရားဥပဒေအရအရေးယူနိုင်မဲ့အခြေအနေလမ်းစပွင့်လာတဲ့အနေအထားမှာဒီလိုတိုက်ခိုက်မှု
တွေဘာကြောင့်ပေါ်လာရတာလဲ ? စဉ်းစားကြည့်ကြပါ ။
မြောက်ပိုင်းကျောင်းသားသတ်ဖြတ်မှု့နဲ့ပက်သက်ပြီး ဝေဖန်တိုက်ခိုက်နေသူများကိုနောက်ဆုံးအနေနဲ့ပြောခြင်
တာကတော့ တကယ်စေတနာအရင်းမှန်နဲ့အမှု့မှန်ပေါ်ပေါက်စေလိုရင် နောက်ထပ်ရှေ့နေတဦး ထပ်ငှားပြီး
တရားလိုများနဲ့ တရားစွဲဆိုနိုင်ရန် တိုင်ကြားချက်ဖွင့်နိုင်သည်အထိ လက်တွေ့ကျကျပြုလုပ်စေလိုပါတယ်။ ဘယ်သူတွေကအပြောအရေးနဲ့တင်မနေဘဲလက်တွေ့အကောင်အထည်ဖေါ်နေတယ်ဆိုတာအားလုံးသိလာတဲ့
တနေ့အောက်တန်းကျကျတိုက်ခိုက်နေသူတွေသူ့အလိုလိုကျဆုံးသွားမယ်လို့လုံးဝယုံကြည်မိတယ်။
တည်ကြည်စွာဖြင့်
ထွန်းအောင်ကျော်
· · Share

  • 27 shares

    • Nang Aung Htwe Kyi
      နှစ် ၂၀ မတရားခံခဲ့ရပါတယ်။ အချိန်တွေစောင့်ခဲ့ရပါတယ်။ ကိုအောင်မိုးဝင်း နဲ့ ဆက်သွယ်မှု့ရပြီး အမှန်တရားကိုဖော်ထုတ်ပေးခဲ့ပါတယ်။စေတနာသက် သက်နဲ့ အားပေးကူညီမှု့ ။ စာနာမှု့များ ကို မပပြန်များအားလုံးကိုယ်စားကျေး ဇူးတင်ပါတယ်။ တရာ
းရင်ဆိုင်ရေးရဲ့ လမ်းခုလတ်မှာ အခက်အခဲများစွာကြုံ တွေ့ရပါတယ်။ထင်သလောက်မလွယ်ကူပါဘူး။ အပြစ်တင်ဝေဖန်တာတွေ တိုက်ခိုက်တာတွေ ကြုံရပါတယ်။ လုပ်စရာရှိတာတွေ တိတ်ဆိတ်စွာဘဲလုပ် ဆောင်နေခဲ့ရပါတယ်။ တနေ့ တချိန်မှာအထောက်အထားခိုင်မာစွာနဲ့ ပြည် သူရှေ့ ချပြမှာပါ။ ကိုကြီးကို ကတိပေးခဲ့ပါတယ် ။ ကိုကြီးရဲ့ မိခင်ကိုပါထပ် ဆင့်ကတိပေးခဲ့ပါတယ်။ တကယ်လက်တွေ့လုပ်နေပါတယ်ဆိုတာကလွဲပြီး အသေးစိတ်မပြောပြနိုင်သေးတာ နားလည်မှု့နဲ့ ခွင့်လွှတ်ပေးပါ။
      7 hours ago · · 7

    • Ko Oo လက်တွေ့ဟာစိတ်ကူးယဉ်မဟုတ်ဘူး၊ အခက်အခဲရှိတယ်။ ကိုယ်တိုင်ကိုယ်ကျလုပ်နေသူနဲ့ဘေးကနေပြီးအားမရသူတွေကြားမှာ မတူညီတဲ့အခြေအနေတွေရှိစမြဲပဲ၊ လက်ရှိပြုပြင်ပြောင်းလည်းရေး လုပ်နေပါတယ်အစိုးရကတောင် ဒီကိစ္စကိုလက်လျှူရှု့ထားတာကိုကြည့်ရင် လက်တွေ့တရားစွဲစိုနိုင်ရေးအခက်အခဲကို စဉ်းစားကြည့်လို့ရနိုင်ပါတယ်၊ အားမရတာတခုတည်းနဲ့ ကိုယ့်အချင်းချင်းပြန်ဆော်မဲ့လမ်းကိုမလိုက်မိကြပါစေနဲ့
      5 hours ago · · 7

    • Aung Khaing Myint ဘယ်သူတွေကအပြောအရေးနဲ့တင်မနေဘဲလက်တွေ့အကောင်အထည်ဖေါ်နေတယ်ဆိုတာအားလုံးသိလာတဲ့
      တနေ့အောက်တန်းကျကျတိုက်ခိုက်နေသူတွေသူ့အလိုလိုကျဆုံးသွားမယ်လို့လုံးဝယုံကြည်မိတယ်။ရှယ်ခွင့်ပြုပါ..ကျေးဇူးတင်ပါတယ်..http://8888newgenerations.blogspot.ca/2012/08/blog-post_7094.html#links


      ‎8888newgenerations.blogspot.com
      5 hours ago · · 1

  • Min Tharr အမှုမှန်ပေါ်ပေါက်ရေးလုပ်ဆောင်နေတဲ့ အချိန်မှာ ရန်သူဆိုတာက မျက်နှာအမျိုးမျိုးပြောင်းပြီး ဟိုဖက်ကူးလိုက် ဒိဖက်ကူးလိုက်နဲ. ကိုယ့်အတွက် ဘာအကျိုးအမြတ်မျာူး ရှိမလဲဆိုပြီး ဆိတ်လစေ့လို. လုပ်နေတဲ့ အရှက်မရှိ ဂုဏ်သိက္ခာမဲ့ သူများသာလျှင် ရန်သူဖြစ်တယ်။ အတွေးအခေါ်ပြတ်သားပြီး ရည်တည်ချက်မပြောင်းလဲတဲ့သူတွေက အကျိုးအမြတ်မကြည့်ဘူး ပုဂိုလ်ရေး အစွဲမထားဘူး။ မှန်တဲ့အတိုင်း ပြောရဲတယ်။ စကားကုလားဖန်မထိုးဘူး။ ဟိုလူကို တမျိုးပြော ဒီလူကိုတမျိုးပြောနဲ. ၇န်တိုက်မပေးဘူး။ ယုံကြည်ချက်နဲ. လုပ်စရာရှိတာကိုပဲ တစိုက်မတ်မတ်လုပ်တယ်။ ဆိတ်လစေ့လို လူမျိုးဆိုတာ ဘယ်သူတွေလဲဆိုတော့ ဒီနေ. မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်နေတဲ့သူနဲ. တွဲပြီးအလုပ်လုပ်တယ်၊ နောက်နေ. မြောက်ပိုင်းကိစ္စကို မပေါ်ချင်တဲ့သူတွေနဲ. အရိုးအရင်းများ ရမလားဆိုတဲ့ ရည်ရွယ်ချက်နဲ. ပေါင်းတယ်။ အဲဒီလို လူမျိုးတွေသာ ရန်သူအစစ်
  • No comments:

    Post a Comment