Wednesday, February 13, 2013

ကိုရန်နိုင်သန်းဖေ၏status


  • ABSDF ( NB ) ရဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက် အဖြစ်ဆိုးကို အွန်လိုင်း စာမျက်နှာတွေမှ တဖက်နဲ့ တဖက် အပြန် အလှန် ဖြေရှင်းလိုက် ၊ စွပ်စွဲလိုက် လုပ်နေကြတဲ့ လူပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများကို ကြိုတင် တောင်းပန် ပါတယ် ။
    ကျနော်တို့ ကျောင်းသား ၊ လူငယ်ထုမှာ အားထားယုံကြည်ရတဲ့ အဖွဲ့ အစည်းကြီး နှစ်ခုရှိပါတယ် ပထမ တခုက Student Union ဆိုတဲ့ ကျောင်းသား သမဂ္ဂနဲ့ ၊ ဒုတိယတခုက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ် တပ်ဦးလို့ခေါ်တဲ့ ABSDF ပါ ။ ဒီ Organization နှစ်ခုရဲ့ Image မှေးမှိန် ပျက်ပယ် သွားအောင် ၊ နောင်မျိုးဆက်တွေကြားမှာ ဂုဏ်သိက္ခာမဲ့သွားမည့် လုပ်ရပ်များကို အထူးသတိထားပြီး မလုပ်ဖြစ်အောင် ရှောင်ရှားကြရပါမယ် ။
    အထက်မှာဖော်ပြခဲ့တဲ့ အတိုင်း AB ( NB ) ရဲ့ မမေ့နိုင်စရာ အဖြစ်ဆိုးကြီးကို ကျနော်တို့ သံဝေဂရ ရပါမယ် ၊ ဘာကြောင့်ဖြစ်လာခဲ့ရတာဆိုတာထက် ဘာအကြောင်းကြောင့်ဖြစ်သွားခဲ့ရတာကို ကျနော် နားလည်သလောက် လေ့လာမိသလောက် ရေးရရင်ဖြင့် သံသယ ဆိုတဲ့ ယုံကြည်ကိုးစားမှု ပျက်ပျယ်သွားခဲ့ ရတာလို့ပဲ နားလည်မိပါတယ် ။ နောက်ပြီး အဲဒီပြဿနာတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူတွေကလည်း စနစ်ဆိုး တခုရဲ့ အောက်မှာ ရှင်သန်ခဲ့ရတော့ ပြင်ဖို့ခက်ခဲတဲ့ အကျင့်ဆိုးတွေက အလိုလို ပါလာပြီး မဖြစ်သင့်တဲ့ အဖြစ်ဆိုးတွေ ဖြစ်လာခဲ့ရတာပါ ။
    ကျနော်တို့ နေ့စဉ် ရှင်သန် နေထိုင်နေတဲ့ လူမှုဘ၀တွေထဲမှာလည်း သံသယ ဆိုတဲ့ အမြင်နဲ့ တဦးနဲ့ တဦး ယုံကြည် ကိုးစားမှုတွေ လျော့ပါးလာခဲ့ရင်လည်း အခုလောက် မဆိုးတဲ့ ပြဿနာကြီး တခုတော့ဖြစ်မှာ ဧကန်ပါ ကျနော် ကိုယ်တွေ့ မကြုံရလို့ ကိုယ်ချင်း မစာနာပဲ ပြောနေတာတော့ မဟုတ်ပါဘူး ၊ ကိုယ်တွေ့မကြုံလိုက်ရ ပေမယ့် ဒီအဖြစ်ဆိုးအတွင်းမှာ ပေးဆပ်ခဲ့ရတဲ့ ခင်မင်ခဲ့ရတဲ့ မိတ်ဆွေ သူငယ်ချင်း ရဲဘော်ရဲဘက်တွေပါကြပါ တယ် ၊ အဲဒီတော့ ကျနော်တို့ ပထမဦးဆုံး လုပ်ရမှာက ကျနော်တို့ ကိုယ်တွင်းမှာရှိနေတဲ့ အမြစ်တွယ်နေတဲ့ သံသယ ဆိုတဲ့ အမြင်တွေကို ဦးစွာ ဖယ်ရှားတတ်ဖို့လိုပါတယ် ။ ဒါမှာသာ နေ့စဉ် ရှင်သန်နေထိုင် နေတဲ့ လူမှု ဘ၀တွေနဲ့ လိုက်လျော ညီထွေဖြစ်လာမှာပါ ။
    2Like ·  · 

No comments:

Post a Comment