Wednesday, February 6, 2013

ကိုမျိုးမင်းနဲ့ ကိုဇာနည် အခုလိုအားပေးတာကိုကျေးဇူးတင်ပါတယ်



by UZa Wana on Wednesday, February 6, 2013 at 9:17pm ·

ကိုမျိုးမင်းနဲ့ ကိုဇာနည်
အခုလိုအားပေးတာကိုကျေးဇူးတင်ပါတယ်။ လူမြင်ရင်တော့မှတ်မိမှာပါ၊ အီသီကာကိုရောက်ခဲ့တယ်ဆိုတော့ ကိုးလေးလုံးညီလာခံမှာလား? ။ ကျွန်တော်ကတော့ကိုယ့်မိခင်အဖွဲ့အစည်း၊ ကိုယ့်ရဲဘော်တွေရဲ့သွေးတွေ၊ချွေးတွေ၊အသက်တွေပေးပြီးတန်ဖိုးထာ
းတည်ဆောက်ခဲ့တဲ့ ကျောင်းသား
တပ်မတော် ကြီးကိုအတတ်နိုင်ဆုံးအမဲစက်စွန်းနေတာကိုဖျက်ဖို့ကြီုးစားနေတာပါ၊ လူတစုအာဏာရူးသွေးစာနေတဲ့သူတွေ၊ဘေးပရောဂတွေ နဲ့ရန်သူရဲ့ထောင်ချောက်ထဲကိုဆိုက်ဆိုက်မြိုက်မြိုက်ဝင်သွားခဲ့ကြသူတွေရဲ့အဓိကတာဝန်ရှိသူတွေ ကိုဖေါ်ထုတ်ပြီးလူ့စည်း ဘီလူးစည်း ခွဲ ပြီး အဖွဲ့ရဲ့မွန်မြတ်တဲ့လမ်းစဉ်ကိုမထိခိုက်စေဘဲရှင်းပေးလိုက်ရင်ပြည်သူတွေအနေနဲ့ ABSDF ဟာကိုယ်ကျိုးစွန့်တော်လှန်ရေး လုပ်နေသူတွေဦးဆောင်တဲ့အဖွဲ့အစည်းဖြစ်တယ်၊ ငါတို့ယုံကြည်ကိုးစားထိုက်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့ပြန်မြင်လာမှာဖြစ်တယ် ၊နောက်ပြီးဒီလိုမတရားပြုကျင့်သူတွေကိုလဲကြောသားရင်သားမခွဲဘဲအပြစ်ရှိရင်ရှိသလိုအရေးယူတယ်ဖြောင့်မတ်တဲ့ခေါင်းဆောင်တွေရှိတယ်ဆိုပြီး ယုံကြည် ကိုးစားလာစေချင်တယ်။ အခုခက်နေတာကလက်ရှိခေါင်းဆောင်တွေကနှာစေးနေကြတယ်၊ ကျွန်တော်တို့ကြည့်ခွင့်တောင်း တာကိုပေးမပေး ဆိတ်ဆိတ်နေနေကြတယ်။ ဘာပြတ်ပြတ်သားသားအဖြေမှအခုထိ မှတ်တမ်းထိမ်းထားသူတွေကိုတရားဝင်၊အကြောင်းမပြန်သေး ဘူး၊ NDD ကတော့ရှင်းတယ် ကြည့်ခွင့်မပေးနိုင်ဘူးလို့ပြောလိုက်တယ်။ အဖြစ်မှန်တွေပေါ်မှာအရမ်းကြောက်ေ
နတယ်။
ဒီနေရာမှာကျွန်တော်မြင်တာက ဦးသိန်းစိန်အစိုးရဟာအရင့်အရင်ကအစိုးရတွေလိုမဟုတ်ဘဲ လွတ်လပ်ခွင့်တွေပေးလာတယ်၊ အကုန်လုံးတော့မဟုတ်သေးဘူး၊ဒါပေမဲ့ပေးလာတယ်၊ဒီနေရာမှာသူတို့က Evolution အနေနဲ့ပြောင်းနေတာ။သူတို့တွင်းမှာလဲမပြောင်းလဲချင်ဘဲ အာဏာထိုင်ခုံကမဆင်းချင်တဲ့ကြံဖွတ် ဌေးဦးတို့လိုဗိုလ်ချုပ်အရေချွတ်တွေလဲရှိနေတယ်၊ တကယ်ပြောင်းချင်သူတွေလဲရှိနေတယ်။ ၂၀၁၅ မှာသူတို့မနိုင်နိုင်အောင်မညစ်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူး၊အမာဂိုဏ်းမရှိပါဘူးလို့ပြောနေပေမဲ့အဖွဲ့တိုင်းမှာတင်းမာသူနဲ့ပျော့ပြောင်းသူတွေဆိုတာရှိ စမြဲဘဲ။ ဒါကြောင့်စစ်တပ်ကသူတို့ရှုံးတာနဲ့အာဏာမသိမ်းဘူးမပြောနိုင်ဘူး၊ အာဏာသိမ်းရင်လူထုအုံကြွမှုဖြစ်လာမယ်သတ်ဖြတ်မှုတွေ၈၈၈၈ ထက်ပိုပြီးပြင်းထန်နိုင်တယ်၊ မနိုင်ရင်လူငယ်ကျောင်းသားတွေတောထပ်ခိုလာကြအုံးမယ်။ အဲဒီအချိန်မှာ ABSDF ဟာအမဲစက်ကိုမဆေးကြောရဲဘဲတွန့် ဆုတ်နေခဲ့ရင် ပြည်သူဟာဘယ်သူ့ဆီသွားရမှန်းမသိဘဲချောင်ပိတ်မိတော့မှာဖြစ်တယ်။ တပြည်လုံးကိုကိုယ်စားပြုတာABSDF ဘဲရှိတယ်။ အဲဒီအဖွဲ့ ကလဲ လူတွေသတ်ထားတယ်၊သတ်တဲ့လူတွေကိုလဲအရေး မယူဘူးဆိုတာသိနေရင် ပြည်သူဟာABSDF ဆီမလာတော့ဘူး၊ ABSDF ဟာအခုအချိန်မှာအားနည်းနေပေ မဲ့ရပ်တည် ချက်မှန်ရင် ပြန်ထောင်လာနိုင်ပြီးအင်အားအကြိးဆုံးလက်နက်ကိုင် အဖွဲ့အစည်းကြီးဖြစ်လာနိုင်တဲ့နောက်ခံအင်အားစုတွေရှိနေတယ် စစ်အာဏာရှင်တွေဟာကျောင်းသားတွေကို အကြောက်ဆုံးဘဲ၊ ၁၉၈၈ ခုနှစ်မှာကျောင်းသားတွေ ဗကပကိုမသွားဘူး ဘာကြောင့်လဲ? ဗကပဟာ လမ်းစဉ်မှားလိုက်ပြီးဖြုတ်ထုတ်သတ်လမ်းစဉ်နဲ့ဇာတ်တူသားစားခဲ့လို့ကျောင်းသားတွေပြည်သူတွေဗကပကိုကြောက်ပြီးမသွားတော့ဘူး။ ABSDFဟာလဲဗကပလိုဖြစ်သွားနိုင်တယ်အဲဒါကိုကာဖို့ဆိုတာ အခုထဲကလူ့စည်းဘီလူးစည်းကွဲအောင်တာဝန်အပြတ်ယူပြီးမြောက်ပိုင်းကိစ္စကိုအမြန် ဆုံးရှင်းရဲ မှဖြစ်မယ်လို့မြင်တယ်။ဒါလောက်ပ
ါဘဲဗျာ။
ထွန်းအောင်ကျော်
Like ·
1Unlike ·  ·  · 

  • ဘရာဇီး ငှက်ရိုး ရှယ်ပါပြီဘုရား...
  • Nweni Tun ကိုထွန်းအောင်ကျော်၏ အလွဲများလို့ ခေါင်းစဉ်တပ်ပြီး စာတစောင်ရေးရရင်..အတော့်ကိုရှည်လျားတဲ့စာဖြစ်တော့မှာဘဲ.. တချို့ အချက်တွေကိုဘဲပြောတော့မယ်..
    ဗကပ အကြောင်းရေးတာလွဲတယ်။ ဖြုတ်ထုတ်သတ်လမ်းစဉ်ဆိုတာ ဗကပ လမ်းစဉ်မဟုတ်ဘူး စစ်အာဏာရှင်တွေ ၀ါဒဖြန့် တဲ့  စကားလုံးသာဖြစ
    ...See More
  • San Dar မြောက်ပိုင်းကိစ္စ အမှန်တရားဖေါ်ထုတ်ရေးကိုဘဲ စွမ်းစွမ်းမံမံလုပ်ပါ.. တိတိကျကျလုပ်ပါ
  • Hmone Shwe Yi အဲဒီလိုဗကပမုန်းတဲ.အမြင်မျီုးABSDFကိုလဲဖြစ်လာအောင်အစိုးရကလှလှပပလေးဖန်းတီးပေးလိုက်တာလေ-ဒီလူသတ်မှု.ဖြစ်လာရခြင်းရဲ.နောက်ကွယ်ကလူတွေကိုပိုပြီးစိတ်ဝင်စားတယ်---မပကလူတွေအားလုံးရိုးသားဖို.လိုတယ်
  • No comments:

    Post a Comment