Monday, February 4, 2013

ကိုမိုးသီးရဲ့ အပြောအဆို...။


Moethee Zun said

အေဘီအက်စ်ဒီအက်ဖ်ကို လူယုတ်မာတွေ
အစီအစဉ်ရှိရှိနဲ့ တိုက်ခိုက်နေတယ်။

ညီငယ်ညီမငယ်တို့  တော်လှန်ရေးသတိရှိပါ။

တော်လှန်ရေးရဲ့ သဘာဝ ၊ နိင်ငံရေးလှုပ်ရှားမှုရဲ့သဘာဝ ဟာ ပန်းခင်းလမ်းမဟုတ်ဘူး။ လှုပ်ရှားမှုတွေ၊ရုမ်းကန်မှုတွေ ရှိတယ်။
သူယုတ်မာတွေရှိတယ်။ သူတော်ကောင်းတွေရှိတယ်။ သူရဲကောင်းတွေရှိတယ်။
သူရဲဘော်ကြောင်တွေရှိတယ်။ အလားတူပဲ ခွေး အ တွေ လို အူ နေတဲ့ သူတွေလဲရှိတယ်။ လ ဒ တွေ ပဲ သူများရဲ့ အပုတ် မှာ အသက်မွေးဝမ်းကြောင်းနေတဲ့သူတွေရှိတယ်။

ငါ ရှင်တို့  ငါကို ပြောစမ်း။ ဘယ်တော်လှန်ရေး မှာ မကွဲကြတာ၊ မပြဲကြာတရှိသလဲ။ ငါ့ရှင်တို့  ငါကို ပြောစမ်း။

မသိသေးဘူးဆိုရင်တော့ လေ့လာကြဖို့ တိုက်တွန်းလိုတယ်။
ဒါအာဏာလုတာမဟုတ်။ ပေါ်လစီရေးရာကိစတွေမှာ ရပ်တည်ချက်နဲ့နည်းနာတွေမှာ အဆင့်တိုင်းမှာ အခြေအတင်တွေ ငြင်းခုန်တာတွေ သဘောထားကွဲတာတွေရှိနေမှာဖြစ်တယ်

လွတ်လပ်ရေးကြိုးပန်းမှုကာလမှာ ဘယ်နှစ်ဖွဲ့  ဖွဲ့ ခဲ့ရတယ် သင့်တို့ သိပါလား။
ဂျီစီဘီအေ ၊ ၀ိုင်အမ်ဘီအေ၊ ဒို့ ဗမာအစည်းအရုံး၊ ဖဆပလသမိုင်းတွေဟာ
ချောမွေ့ ခဲ့တယ်လို့ သင်တို့ ထင်ပါသလား။

ဒီကနေ သင်တို့ တွေ့ နေရ တဲ့ ကေအင်ယူ ၊ ကေအိုင်အို ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေဟာ ပါတီတွင်းတိုက်ပွဲတွေကို ဘယ်လို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ သင်တို့ သိပါရဲ့ လား ။

စစ်အုပ်စုအတွင်းမှာ ဖြစ်နေတဲ့ အပြောင်းလဲတွေ၊ အတွင်းကျိတ်တိုက်ပွဲတွေဟာ
သူအလိုလိုဖြစ်နေတယ်လို့ သင်ယူဆနေသလား။

ဟုတ်တယ်။ အဖွဲ့ စည်း တခုဖြစ်လာရင် အားပြိုင်မှုရှိကိုရှိရမယ်။
အားပြိုင်မှုမရှိရင် ဒီမိုကရေစီမရှိလို့ ပွင့်လင်းမှု မရှိကြလို့ ပဲ။

အမေရိကန် ရွေးကောက်ပွဲကာလာ အခြေအတင်ဆွေးနွေးမှုတွေကို သင်နားထောင်ဘူးပါသလား။

ဒီနေ့  သူများတွေ တိုက်ပွဲအကြောင်းကို ဟာသ လုပ်တာဟာ တနည်းအားဖြင့်
ဒီမိုကရေစီလှုပ်ရှားမှုကြီးရဲ့  အခက်ခဲဆုံးအကြမ်းတမ်းဆုံး အပိုင်း ကို သင် မပါခဲ့ဘူးဘူးဆိုတာ ကို ၀ံခံလိုက်တာပဲဖြစ်တယ်။

ဒါမှမဟုတ် သင့်ရဲ့  ညဏ်ရည်ညဏ်သွေး ချွတ်ခြုံကျမှုကို သင်ဝံခံနေတာဖြစ်တယ်။

အေး ငါတခုတော့ပြောမယ်။ သမိုင်းမှာအဖွဲ့ တွေကွဲခဲ့ကြတယ်။
ဒါပေမဲ့ ပြန်ပေါင်းလို့ ရခဲ့တာ အေဘီအက်စ်ဒီအက်တခုပဲရှိတယ်။

အေဘီအက်စ်ဒီအက်ခေါင်းဆောင်တွေဟာ စစ်သွေးကြွတွေ၊ မျက်ကန်းမျိုးချစ်တွေ မဟုတ်ဘူး။ အမြင်ကျယ်တဲ့သူတွေ၊ ပညာတတ်တဲ့သူတွေပါ။ အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင်တွေဟာ
စစ်တိုက်တတ်တဲ့ တပ်မှုးတွေကို ပဲ မွေးထုတ်ပေးနေတာမဟုတ်ဘူး။

လူမှုရေး၊ သံတမန်ရေး နဲ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက်
ပညာတတ်ခေါင်းဆောင်တွေ အများကြီးကို မွေးထုတ်ပေးခဲ့ပါတယ်။

အေဘီအက်စ်ဒီအက်ဖ်ကို စိတ်ဝင်စားရင် အေဘီရှိရာကိုလာပြီး ကိုယ်တိုင်လေ့လာ
နိင်ပါတယ်။

အမိမြေလွတ်မြောက်ရေးပတွက် အေဘီအက်စ်ဒီအက် စစ်ရေး၊ ပြည်တွင်းလှုပ်ရှားမှု၊ သံတမန်ရေး
နိင်ငံရေးကြိုးပန်းဆောင်ရွက်မှု တွေကို နယ်သာလန်နိင်ငံက Social Museum မှာ မှတ်တမ်းတွေ ကိုသိမ်းဆည်းထားပါတယ်။

တိုင်းပြည်လွတ်မြောက်သွားရင် ရန်ကုန်တက္ကသိုလ်ကို တမူ လျူဒန်းမှာပါ။
လေ့လာနိင်ပါတယ်။ ဒီကြားထဲမှာလေ့လာခြင်ရင်လဲ ဆက်သွယ်ပါ လိုက်ပို့ ပေးပါမယ်။

မိုးသီးဇွန်
2Like ·  · Promote · 
  • Oo Thar · Friends with Nang Aung Htwe Kyi and 17 others
    အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကကော ခင်ဗျာ။
    3 hours ago via mobile · Like
  • ဘရာဇီး ငှက်ရိုး အာဏာရှင်က အများကြီး သတ်တယ်လေ... ခင်ညားတို့က သူရို့ကိုကျတော့ ဘာမှ မပြောပဲနဲ့... အဲ့လိုပဲ ပြောမှာပေါ့ဗျာ...
    3 hours ago · Like · 3
  • Oo Thar · Friends with Nang Aung Htwe Kyi and 17 others
    အော့့်
    2 hours ago via mobile · Like
  • Naing John · Friends with Min Htay and 35 others
    အစုလိုက် အပြုံလိုက်သတ်တာကိုပဲ ခင်ဗျားတို့ပြောနေကြတယ်။အစုလိုက် အပြုံလိုက် ဖြိုခွဲခံရတာတော့ခင်ဗျားတို့မပြောကြဘူး။မသိကြဘူး။အေဘီ ကိုရန်သူကနည်းပေါင်းစုံနဲ့ ဖြိုခွဲခဲ့တယ်။အဲ့ဒါကိုခင်ဗျားတို့မြင်လား။မြင်အောင်ကြည့်ကြ လေ့လာကြ။ခင်ဗျားတို့ အေဘီ အကြောင်းပြောခြင်ရင် အရင်ဆုံးတောထဲမှာအေဘီနဲ့နေကြည့်လိုက်အုံး။
  • Hla Soe ဂျွန် ရေချုပ်နေကောင်းရဲ့ လားသူ့ ကလေးကောရနေပီးလား
  • Aye Thu ဘယ်လိုလူကြီးလဲ
  • ဘရာဇီး ငှက်ရိုး ငါ ရှင်တို့  ငါကို ပြောစမ်း။ ဘယ်တော်လှန်ရေး မှာ မကွဲကြတာ၊ မပြဲကြာတရှိသလဲ။ ငါ့ရှင်တို့  ငါကို ပြောစမ်း။
    ငါ ရှင်တို့  ငါကို ပြောစမ်း။ ဘယ်တော်လှန်ရေး မှာ မကွဲကြတာ၊ မပြဲကြာတရှိသလဲ။ ငါ့ရှင်တို့  ငါကို ပြောစမ်း။
    ငါ ရှင်တို့  ငါကို ပြောစမ်း။ ဘယ်တော်လှန်ရေး မှာ မကွဲကြတာ၊ မပြဲကြာတရှိသလဲ။ ငါ့ရှင်တို့  ငါကို ပြောစမ်း။

No comments:

Post a Comment