by Nyein Chan Lin on Thursday, February 7, 2013 at 6:14am ·


(ဘာသာပြန်)

ABSDF (မြောက်ပိုင်းဒေသ) မှ ခိုင်လုံသောသက်သေအထောက်အထားများနှင့်တွဲထားသော အစီရင်ခံစာအရ၊ စစ်အစိုးရ၏သူလျှို (၁၅) ယောက်ကို သတ်ဖြတ်ကွပ်မျက်ပစ်လိုက်ပြီးဖြစ်သည်။

(၁) သတ်ဖြတ်ကွပ်မျက်ပစ်လိုက်သည့် ရန်သူ့သူလျှို (၁၅) ယောက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်သွယ်ခဲသည့် စစ်အစိုးရ၏ထောက်လှမ်းရေး တိုက်ပိတ် (ခ) သန်းထွန်းစိုး၏ အပေါင်းအပါများ ဖြစ်သည်။ သန်းထွန်းစိုးသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်ရင်းနှီးကျွမ်းဝင်အောင် လုပ်ပြီးနောက် ကျောင်းသားတပ်မတော် (မြောက်ပိုင်း) သို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။ နောက်မကြာခင်၌ စစ်အစိုးရ (SLORC) ထံသို့ လက်နက်ချယောင် ဟန်ဆောင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းသားတပ်မတော် (မြောက်ပိုင်း) နှင့်အမြဲမပြတ် ဆက်သွယ်လှုပ်ရှားနေသည်ဟု ထွက်ဆိုခဲ့ပါသည်။
စစ်အစိုးရ၏စစ်ထောက်လှမ်းရေးဗျူရို (MIS) နှင့် အမျိုးသားထောက်လှမ်းရေးဗျူရို (NIB) တို့၏
ညွှန်ကြားချက်အောက်တွင်၊ တိုက်ပိတ်(ခ) သန်းထွန်းစိုးနှင့်အပေါင်းအပါ သူလျှို (၁၅) ယောက်တို့သည်
“ ဒေါ်အောင်ဆန်းစုကြည် သည် လက်နက်ကိုင်သူပုန်များနှင့် ဆက်သွယ်ခဲ့သည်” ဆိုသည့်
ဇာတ်လမ်းအတုတစ်ခုကို ဖမ်းဆင်းခဲ့ပါတယ်။ ဤသို့ဖန်တီးခြင်းအားဖြင့် သူမကို ရာဇဝတ်မှုဥပဒေနှင့် ဆက်နွယ်ဖမ်းဆီးနိုင်မည်ဖြစ်သည်။

(၂) ၁၉၈၈ အရေးတော်ပုံ ကာလအတွင်း စစ်အစိုးရ၏ထောက်လှမ်းရေးများသည် အပြစ်မဲ့ပြည်သူများကို လုယက်စေရန်လှုံဆော်ခြင်း၊ ရာဇဝတ်သားများကို ထောင်မှလွှတ်ပေးပြီး အစားအစာနှင့် သောက်ရေထဲသို့ အဆိပ်ခပ်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများကို ကျူးလွန်စေရန် လှုံဆော်ခဲ့ကြသည်။  
၎င်းတို့ကို ဖမ်းဆီးမိပြီး ပြည်သူ့ခုံရုံးမှာတင်သည့်အခါ ကြားသိခဲ့ရပါသည်။သာမန်ပြည်သူများကဲ့သို့ ဝတ်စားဆင်ယဉ်ထားသည့် စစ်ထောက်လှမ်းရေးများသည် ဒေါသထွက်နေသည့် ပြည်သူလူထုကြီးကို ခေါင်းဖြတ်သတ်သည့်ဖြစ်ရပ်များကို ကျူးလွန်အောင် သွေးထိုးလှုံ့ဆော်ကြပြီး၊
စစ်တပ်မှ အာဏာသိမ်းခွင့်ရေစေရန် နည်းလမ်းတစ်ခုကို ဖန်တီးခဲ့ကြသည်။
စစ်အာဏာသိမ်းပြီးသည့်အခါ၌ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ပြီး ဂုဏ်သိက္ခာပျက်ယွင်းအောင် ပြုလုပ်ခဲ့ကြသည်။ (အမျိုးသားခေါင်းဆောင်တယောက်ဖြစ်သည့် သူ့အနေနှင့် စစ်အာဏာမသိမ်းခင်နှင့် စစ်အာဏာသိမ်းအပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများအတွက် ဘာတစ်ခုမျှလုပ်ပေးနိုင်၍ မရတော့ပါ) ။
ABSDF (မြောက်ပိုင်း) တွင် ကွပ်မျက်သတ်ဖြတ်ခဲ့သည့် ရန်သူ့သူလျှို (၁၅) ယောက်သည်
ထောက်လှမ်းရေးများ၏တစိတ်တပိုင်းဖြစ်သည်။

(၃) မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲရန် စစ်အစိုးရသည် ရန်ကုန်ကျောင်းသား၊ မန္တလေးကျောင်းသားများ စသည့် မတူကွဲပြားသည့် နယ်မြေအသီးသီးမှ ကျောင်းသားအုပ်စုများကို အုပ်စုခွဲစေလွှတ်ပြီး “ရေလှိုင်းစစ်ဆင်ရေး” ကို ဆင်နွဲစေခဲ့ပါသည်။ မတူကွဲပြားသည့်အတွေးအခေါ်များနှင့် ABSDF ခေါင်းဆောင်တွေရဲ့ နေထိုင်မှုပုံစံများကို မေးခွန်းထုတ်ဝေဖန်လာခဲ့ကြသည်။

စစ်အစိုးရပြုလုပ်သည့် အမျိုးသားညီလာခံမစတင်ခင်၌ ABSDF နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား အထင်အမြင်လွဲမှားစေရန်ဖန်တီးပြီး၊ ABSDF ၏ ဂုဏ်သိက္ခာကိုနိမ့်ဆင်းစေကာ လက်နက်ချအညံ့ခံစေခြင်းများဖြစ်ပေါ်စေရန် ဖန်တီးခဲ့ကြပါသည်။ စစ်အစိုးရ၏စီမံကိန်းအရ အမျိုးသားညီလာခံကျင်းပနေချိန်အတွင်း၌ လက်နက်ချသည့် ကျောင်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်။ ABSDF ကို ကွဲပြဲအောင်လုပ်မည့် စစ်အစိုးရ၏နိုင်ငံရေး အစီအစဉ်တရပ်ပင် ဖြစ်ပါသည်။


(၄) တခြားတဘက်၌ “ရေလှိုင်းစစ်ဆင်ရေး” အရ၊ ရှစ်လေးလုံးအရေးတော်ပုံ သုံးနှစ်ပြည့်ချိန်တွင် ရန်သူ့သူလျှိုများသည် ကျောင်းသားခေါင်းဆောင်နှင့်မဟာမိတ်တွေကို အဆိပ်ခပ်သတ်ဖို့ ကြိုးစားခဲ့ကြသည်။ တချိန်တည်းမှာပင် ကွန်မန်ဒိုဟုယူဆရသည့် သူတို့ထဲမှ တချို့သည်
ရေလှိုင်းစစ်ဆင်ရေးကို ဆင်နွဲရန်အတွက် အသေးစားလက်နက် (၁၅) လက်နှင့်လက်နက်ခဲယမ်း မီးကျောက်တွေကို သယ်ဆောင်လာခဲ့ကြပါသည်။ ယင်းတို့ကိုလည်း သိမ်းဆည်းရရှိထားပါသည်။

(၅) ဤဖြစ်စဉ်သည် စစ်ပွဲတခုအတွင်း၌ ဖြစ်ပျက်ခဲ့သည့် အခြေအနေဆိုသော်ငြားလည်း စွပ်စွဲခံရသူများသည် ခုခံကာကွယ်ပိုင်ခွင့်ရှိခဲ့သည်။ ရန်သူ့သူလျှိုများ၏အမှုကို တရားရုံး၌ ကြားနာခဲ့ပါသည်။ စွပ်စွဲခံရသူများသည် ၎င်းတို့သည် ရန်သူ့သူလျှိုများဖြစ်ကြောင်း
၎င်းတို့ကို ကွပ်မျက်မသတ်ဖြတ်ခင်၌ ရှင်းလင်းစွာ ဝန်ခံထွက်ဆိုသက်သေခံခဲ့ပါသည်။


အောင်ထူး
အတွင်းရေးမှူး (၁)
ဗဟိုကော်မတီ
ကျောင်းသားတပ်မတော် (ABSDF)
မတ်လ (၁) ရက်၊ ၁၉၉၂ ခုနှစ်။