ပြည်တွင်ဂျာနယ်တခုထဲက တိုက်ပွဲနဲ့ အတူ ကျောင်းသားတပ်မတော်ပြန်လည်ပေါ်လာရခြင်းအပေါ် နားမလည်ဟု..နှင့် ပတ်သက်၍..
by Kayin Lay on Friday, January 11, 2013 at 3:59pm ·
ပြည်တွင်ဂျာနယ်တခုထဲက တိုက်ပွဲနဲ့ အတူ ကျောင်းသားတပ်မတော်ပြန်လည်ပေါ်လာရခြင်းအပေါ် နားမလည်ဟု..နှင့် ပတ်သက်၍..
မငယ်တို့ တွေမရှိတဲ့တော့နောက် မြောက်ပိုင်းကျောင်းသားတပ်မတော်က မ၇ှိတော့ဘူးလိုဆိုရင်မှားပါလိမ့်မယ်...၁၉၉၃ခုနစ်ကစလို့ မြောက်ပိုင်ကျောင်းသားတ့ပ်မတော်ဟာ တပ်တည်ဆောက်ရေးလုပ်ငန်းတွေကိုပြုလုပ်ခဲ့တယ်...အဲဒီအချိန်မှာ ကေအိုင်အေက စတင်ပြီးအစိုးရနဲ့ ငြိမ်းချမ်းရေးစကားပြောနေခဲ့ပြီ..။ တိုက်ပွဲသံတွေစရပ်နေပြီ။ ဒါပေမယ့်မြောက်ပိုင်းဟာ ရပ်မသွားဘူး.စစ်မတိုက်တဲ့အချိန်မှာ တပ်တည်ဆောက်ရေးလုပ်ငန်းတွေဖြစ်တဲ့ ဆေးသင်တန်း..ဆက်သွယ်ရေးနဲ့  ရေဒီိယိုကြားဖြတ်သတင်းဖမ်းယူရေးသင်တန်း..နိုင်ငံရေးနဲံ စစ်ရေးလေ့ကျင့်မွမ်းမံသင်တန်းတွေ လုပ်ခဲ့တယ်။ အဲ့ဒီအချိန်တချို့  ပြောရရင် ၁၉၉၆ခုနစ် နောက်ဆုံးအဲ့ဒီနယ်မြေကနေ တပ်ဖျောက်မသွားခင်ထိ တော်လှန်ရေးလုပ်ငန်းကို လုပ်နိုင်သမျှ စုစုစည်းစည်းနဲံထပ်လုပ်ခဲ့ကြတယ်.. တိုက်ပွဲဝင်သင်္ကြန်တခွေနဲ့  တေးစီးရီးတခုကိုထပ်မံထုတ်ခဲ့ကြတယ်။ တပ်တွင်းမွေးမြူရေးနဲ့ စိုက်ပျိုးရေးတွေလုပ်ခဲ့ကြတယ်။ ကေအိုင်အိုက အပစ်အခတ်ရပ်ဆဲရေးကို လုံးဝလက်မှတ်ထိုးပြီးတဲ့အချိန်မှာ မြောက်ပိုင်းကျောင်းသားတပ်မတော်ဟာ သူ့ ၇ဲ့ နဂိုမူလချမှတ်ထားတဲ့လမ်းစဉ်အတိုင်းဆက်လက်တိုက်ပွဲဝင်ရမှာမို့  လက်နက်ကိုင်တိုက်ပွဲမရှိတော့တဲ့ နယ်မြေကိုစွန့် ခွာပြီး တပ်ဖျောက်ခဲ့တယ်။ မြောက်ပိုင်းဟာ နယ်မြေမဲ့တဲ့ အခြေခံစခန်းမရှိတဲ့  လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်လာတယ်။ အဲ့ဒီအခြေအနေ အကြတ်အတည်းကိုကြုံလာတဲ့အခါ အိမ်ထောင်သည်တချို့ နဲ့  ဆန္ဒရှိသူရဲဘော်တချို့ ကို လွတ်လပ်စွာဆန္ဒကောက်ယူပြီး အိပ်ပြန်ခွင့်ပေးခဲ့တယ်။ သူတို့ ပြန်တဲ့အခါလည်း အဖွဲ့ အစည်းက စနစ်တကျစီစဉ်ပို့ ဆောင်ခဲ့တယ်။ နောက်တခုက အဲ့ဒီအချိန်မှာတပ်မှာရှိတဲ့လူနဲ့ လက်နက်တွေကို နေရာချဖျောက်ထားဖို့ အစီအမံတွေလုပ်လာရတယ်.။ အဲ့ဒီအချိန်မှာ လူသတ်မှုမှာပါခဲ့တဲ့ တာဝန်ယူခဲ့တဲ့ ခေါင်းဆောင်တွေကပဲ စီမံကွပ်ကဲခဲ့တာ။ လူနဲ့ လက်နက်တွေကို စနစ်တကျပြောင်းရွှေ့ သယ်ယူနိုင်အောင် စီမံခဲ့တယ်။ ရဲဘော်တွေစားဝတ်နေရေးကို အခိုက်အတန့် ကာလမှာ ပြေလည်စေဖို့ အတွက် စီစဉ်နေရာချခဲ့ရတယ်။ တပ်အသွင်တခုအဖြစ်ပြန်လည်လှုပ်ရှားဖို့ အခြေအနေတခုရောက်တဲ့အထိ ရဲဘော်ရဲမေတွေ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲဖြတ်သန်းခဲ့ကြတယ်။ အဲ့ဒီအခိုက်အတန့် ကာလဟာ သုံးနစ်နီးပါးကြာခဲ့တယ်။ အဲ့ဒီအချိန်မှာ ရဲဘော်တွေဟာကြံခင်း..လယ်ကွင်း ဖရဲခင်း တွေထဲမှာ နေခြစ်ခြစ်ပူနေတဲ့အောက်မှာ ပင်ပန်းဆင်းရဲစွာဖြတ်သန်းကြတယ်။ ဒါဟာ မြောက်ပိုင်းကျောင်းသားတပ်မတော် ပျောက်ကွယ်သွားတာမဟုတ်ဘူး..။ တပ်ဖျောက်ထားတာ။ အခြေအနေပေးတဲ့အခါ တပ်ပုံစံ ပြန်လည်စုဖွဲ့ ပြီး လက်နက်ကိုင်တော်လှန်ရေးကိုဆက်လက်ဆင်နွဲဖို့ ရှမ်းပြည်ဖက်ကို ဆက်လက်ထွက်ခွာခဲ့ကြတယ်။ အက်စ်အက်စ်အန်အေ ထဲကိုစရောက်တယ်... သူတို့ လည်း ငြိမ်းအဖွဲ.့ ဖြစ်နေတဲ့အတွက် အက်စ်အက်စ်အေတောင်ပိုင်းအထိ ခရီးဆက်ခဲ့ရတယ်..ရဲဘော်တချို့ လမ်းခုလတ်မှာ တိုက်ပွဲကျတယ်..မြောက်ပိုင်းကနေ အရှေ့ တောင်ပိုင်းအထိ ခရီးပြင်းနင်ခဲ့ကြရတယ်။ ရှမ်းပြည်နယ်ကစခန်းသိမ်းတိုက်ပွဲတွေမှာရှေ့ ကနေတက်တိုက်ခဲ့ကြတယ်။ ယာယီအက်စ်အက်စ်အေတပ်မဟာ ၂၄၁ကိုစုဖွဲ့ ပြီး ဆက်လက်တိုက်ပွဲဝင်တယ်။ ဒါပေမယ့် မူလရည်မှန်းချက်ကိုပြန်လည်အကောင်အထည်ဖော်ဖို့ အထက်မြန်မာပြည်ဖက်ကို ပြန်အတက် အင်အားကြီးတဲ့ ရန်သူရဲ့  ပိတ်ဆို့ မှုကိုခံပြီး အဖမ်းခံရတယ်။ အခုထောင်ထဲမှာ ဖြတ်သန်းနေခဲ့ကြရတယ်. ....ရဲဘော်တချို့ တရုပ်ပြည်နယ်စပ်မှာ ကျန်ရှိနေပြီး ကိုယ်တတ်တဲ့ သက်မွေးဝမ်းကျောင်းနဲ့ ဆက်လက်ရပ်တည်နေတယ်..မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ လုပ်ငန်းစဉ်တချို့ ကို ဆက်လက်လုပ်ကိုင်ခဲ့တယ်.။ ကချင်မြေမှာ အစိုးရတပ်ကစလို့  အပစ်ခတ်ရပ်စဲရေးစည်းဖောက်တဲ့အတွက် သေနတ်သံပြန်ထွက်လာတဲ့အချိန်မှာ အခြေအနေတခုအရ တေပ်ဖျာက်ထားတဲ့ ကျောင်းသားတပ်မတော်ဟာ ကေအိုင်အေနဲ့ ညှိနိုင်းပြီး ပြန်လည်တဖန်တိုက်ပွဲဝင်လာကြတယ်။ ရှင်းရှင်းလေးပါပဲ.. ဘယ်နေရာမှာ ဖိနိပ်တဲ့အစိုးရရှိမလဲ..အဲဒီနေရာမှာ ဖိနိပ်တာကိုဆန့် ကျင်တော်လှန်မဲ့ ကျောင်းသားတပ်မတော်ရှိနေမယ်...
မှတ်ချက်....။ ဒီနေရာမှာ ခေါင်းဆောင်များရဲ့ ဦးဆောင်စီမံမှုကို ဖော်ပြတာဟာ သူတို့ တာဝန်ယူခဲ့တဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ကာကွယ်ပေးခြင်းမဟုတ်... မြောက်ပိုင်းကျောင်းသားတပ်မတော် ဘာလို့  ဘယ်လိုပေါ်ခဲ့သလဲဆိုတာကို သိအောင်ဝေငှခြင်းဖြစ်တယ်။ ဖမ်းဆီးသတ်ဖြတ်မှုများနှင့်ပတ်သက်၍ ခေါင်းဆောင်များက သူတို့ ယူခဲ့တဲ့ တာဝန်အတိုင်း တာဝန်ယူလုပ်ဆောင်ကြမည်ဟု ကျနော်ယုံကြည်သည်..ဘာကြောင့်ပြောနိုင်သလဲဆို သူတို့ နဲ့ အတူ ကျနော် တိုက်ပွဲဝင်ခဲ့ဘူးလို့ဖြစ်တယ်။
No comments:
Post a Comment