Friday, February 15, 2013

ပွေး တစ်ကောင် ချန်ရစ်တဲ့ သမိုင်း


by Kyaw Gyi AB on Friday, February 15, 2013 at 3:57am ·

ကဗျာ...ဟာ
ညာ   မရဘူး

ဒီခရီး  ဒီလမ်း
ခပ်ကြမ်းကြမ်းဖြတ်သန်းသူဟာ
ဒီကဗျာကို ထားခဲ့တယ်...

ဒီမယ်
ဒါ သူတကယ်လုပ်ခဲ့ တဲ့
သူ့ သမိုင်း
ရိုင်းအောင်လုပ်လိုသေး သလား

ခင်ဗျား...ခုဖတ်ကြည့်


         ကိုချိုကြီး   ( ၁၂-၂-၁၉၉၂ ရက်နေ့ ပါဂျောင်တွင် ကြွေလွင့် ကြယ်တပွင့် ) ချန်ရစ်တဲ့ ကဗျာပါ


ပွေး

*  ရန်သူ့ပလ္လင်အောက်
    တွင်းပေါင်း တထောင်ဖေါက်
    ရန်သူ့အမြစ်ကိုရှင်းဖြတ်
    သင်းသတ်နေသူ ။

*  ဂုတ်ပိုးလွှေးမယ့်
    မုဆိုးခွေးတွေရဲ့ မာန်ဖီသံတွေနဲ့
    ငရဲတိုက်သွင်းမယ့် အမဲလိုက်တုရွင်းရဲ့
    အသံတွေကြားမှာ............

*  အနွယ်မပျောက်ကောင်းသမို့
    ဂယ်ပေါက်တသောင်းနဲ့
    ထယ်ဖေါက်အောင်းနေခဲ့သူ ။

*  အစော်ကားခံတွေရဲ့တိုက်ပွဲမှာ
    ကျော်ကြားသံကို မလှိုက်လဲတတ်သူ ။

*  ကံကြမ္မာရဲ့ ရှေ့ တော်မှောက်မှာ
    မရှောင်သာတဲ့ သွေးဖေါ်တစုကို
    အမှောင်ရွာက အလေးတော်ပြုခဲ့သူ ။

*  ထိတ်လန့်နေတဲ့ အပါယ်ကောင်ရဲ့ နောက်ကြောဆီက
    ဆိတ်ညံစွာ ရယ်မောနေတတ်သူ ။

*  တကယ်တော့သူဟာ.......
    အနေမကြောက် အသေမကြောက်တဲ့
    မြေအောက်က ပွေးတကောင်မျှသာ။



ဤကဗျာကို ၁၉၉၀ ဂျူလိုင်လ. ညတည၊
ဦးဇင်း ဦးဝိသုဒ္ဓ ရဲ့ နတ်မောက်ကျောင်းမှာ
ရဲဘော်နှစ်ဦး တညတာခိုနားခိုက် ရဲဘော်ချိုကြီး
ရေးခဲ့သည်။

5Unlike ·  · 
  • You, Maungmaung SkwSoe LynnKyawnaing Oo and 12 others like this.
  • Maungmaung Skw ကိုယ့်ကိုယ် ကို ပွေးလို့သတ်မှတ်ထားတဲ့ တော်လှန်ရေးသမား မြို့ပေါ်နေအကောင်းသား
    တောခိုသွားမှ 
    ထောက်လှမ်းရေးတပ်မှူးဖြစ်ရပြီး
    လူကိုအရှင်လတ်လတ်မီးရှို့
    တပိုင်းစီခုတ်ဖြတ်

    အသတ်ခံခဲ့ရတယ်-
    ကမ္ဘာကြေပေမဲ့ ဥဒါန်းဘယ်လိုကြေနိုင်ပါ့မလဲ။
    9 hours ago via mobile · Unlike · 2

No comments:

Post a Comment