Monday, February 4, 2013

”ကိုမောင်မောင်ကြွယ် ကျဆုံးခြင်း ၂၁နှစ်ပြည့်နေ့ အခမ်းအနား”


by အိုးဝေအောင် အိုးဘားမား on Monday, February 4, 2013 at 7:58pm ·

”ကိုမောင်မောင်ကြွယ် ကျဆုံးခြင်း ၂၁နှစ်ပြည့်နေ့  အခမ်းအနား ရန်ကုန်မှာ ပြုလုပ်မည့်အကြောင်း စုစည်းမှု ”

ဒီနှစ် ဖေဖဝါရီလ ၁၂ရက်နေ့၊ ပြည်ထောင်စုနေ့ မှာမောင်မောင်ကြွယ်ကျဆုံးခြင်းအထိမ်းအမှတ်အစီအစဉ်တစ်ခုလုပ်ဖို့စီစဉ်ပါမယ်။ လုပ်သင့်လုပ်ထိုက်တဲ့အစီအစဉ်တွေအကြံပြုကျဖို့ နိုးဆော်ပါတယ်။ ရံပုံငွေအနေနဲ့ ၊ကိုကိုလတ်(ဂျပန်) ကတစ်သိန်းကျပ်၊ကျွန်တော် (သီဟ)က ကျပ်တစ်သိန်းခွဲ မ တည်ထားပါကြောင်းBESU များအားအသိပေးအကြောင်းကြားအပ်ပါသည်။

ကိုသီဟသွေး(အကသဟောင်း)
 ------------------
Khaing Minး ကျနော်တို့လည်းဝိုင်းပါမယ်ကိုသီဟ
January 5 at 10:09pm

Tar Tee Boး တို့လည်းလိုက်မယ်ချန်မထားနဲ့
January 5 at 10:10pm

Thiha Thweး Yes., you all are welcome !
January 5 at 10:12pm

Yea Chanး good
January 6 at 10:55am

Yannaing Thanpeး ကောင်း၏ .. နိုင်သလောက် ၊ တတ်သလောက် လုပ်ကြတာပေါ့ဗျာ ..။
January 6 at 8:32pm

Zaw Wann Maungးကိုသီဟကျွန်တော်လည်းပြည်ထောင်စုနေ့ မှာမောင်မောင်ကြွယ်ကျဆုံးခြင်းအထိမ်းအမှတ် ပါခြင်တယ် ဒါပေမဲ့ကျွန်တော်က အခုအဝေးတနေရာရောက်နေတယ် တောင်ဥက္ကလာအ.က.သ ဟောင်းတွေနဲ့ဆက်သွယ်ပြီးအလှူငွေထည့်လိုက်မယ် အောင်မြင်ပါစေ…
January 7 at 4:15am

Thiha Thweး Tks Ko Zaw Wann Maung..I think some one from South Okalar will help us too.
January 7 at 5:24am

အိုးဝေအောင် အိုးဘားမားး ကိုသီဟ အခုလို ဦးဆောင် ပြီး နှိုးဆော်လုပ်ဆောင်တာ အရမ်းဝမ်းသာပီတိဖြစ်ရသလို အားလုံးပါဝင်မှာမို့  ကြိုဆိုပါတယ်။ကျနော်လည်းဒေါ်လာ ၁ရာ တိတိ ကူညီပါမယ်။၂လပိုင်းမှာ ကိုသီဟထံ ထည့်ဝင်ပါမယ်။အမေရိက ကနေ ဆက်သွယ်ပေးပို့ ရမယ့် လိပ်စာ။နံပါတ် ဖော်ပြပေးပါ။
40 minutes ago · Edited

Thiha Thweး Thanks Ko O way Aung. If you are ready to send please let me know.
January 7 at 9:31pm

Zaw Wann Maungး စိုးမိုး(သူကြီး)နှင့်အောင်နိုင်သူ၊ညီညီထွေး၊ရန်မျိုးအောင် တို့နှင့်ဆက်သွယ်လိုက်မယ် သူတို့လဲပါလိမ့်မယ်
January 8 at 4:12am

Yea Chanး ကျွန်တော်လဲ စုပေါင်းငွေပါဝင်ကူညီပါ့မယ်..နော်ဝေ မှာရှိတဲ့ အကသ ဟောင်းတွေကိုနိုးဆော် လိုက်ပါမယ်...
January 8 at 4:26am ·

Thiha Thweး Thanks Par Ko Yea Chan
January 8 at 9:41am ·

အိုးဝေအောင် အိုးဘားမားး ကိုသီဟရေ..အဲဒီနေ့ မှာ ရန်ကုန်မှာ မြောက်ပိုင်းပြန် ရဲဘော်ရဲမေတွေကရော ပွဲ သတ်သတ်လုပ်မှာလား။ကိုသီဟတို့ နဲ့ အတူတူတွဲလုပ်မှာလား။ကြိုတင် သိပါရစေ။ထူးခြားသတင်းအစီအစဉ်လေးတွေလည်း update လုပ် ဖော်ပြပေးသွားစေချင်ပါတယ်။(လေးစားလျှက်)
January 26 at 3:13pm

Thiha Thweး I am not sure that how other groups are planning with Mg. Mg Kywe Day. But I will let you if I find out other groups have such kind plans.
January 26 at 5:59pm

Zaw Wann Maungး  ကိုသီဟ ရေ မောင်မောင်ကြွယ်ကျဆုံးခြင်းအထိမ်းအမှတ်အစီအစဉ် လုပ်ဖြစ်ရင် ကျွန်တော် အလှူငွေ ပို.လိုက်ပြီ ရန်ုမျိုးအောင် ph 8500301 ကိုဆက်သွယ်ပေးပါ
January 27 at 6:02am ·

Yannaing ThanpeးU သိဟရေ ... ဘာလုပ်ရင် ကောင်းမှာလည်း ဆိုတာထက် ဘာလုပ်လိုက်ရင် ကောင်းမယ်လို့ ကိုယ်က စပြီးရေးမှာ့ ပြောမှာ့ သိမှာပေါ့နော့ ။ ဥပမာ ။ ။ ကျနော် မတ်စေ့ ပို့လိုက်သလို ဘက တကျောင်းမှာ အကျဉ်းရုံးမယ် ၊ မီဒီယာတွေကို ခေါ်မယ် ( ခေါ်ရတဲ့ အကြောင်းရင်းက မောင်မောင်ကြွယ်ဟာ ( အ ၊ က ၊သ ) ကျောင်းသား တယောက်ဖြစ်တယ် ဆိုတာကို ကျနော်တို့က ၇ပ်တည်ပြရမယ် ။ အေဘိ မြောက်ပိုင်းမှာ ကွယ်လွန်တယ်လို့ပဲ ပြောပြော ကျဆုံးတယ်လို့ပဲ ဆိုဆို သူ့ အတွက် ကျနော်တို့ ( အ ၊ က ၊ သ ) လက်ကျန်တွေက လုပ်ပေး သင့်တယ်တာတွေ လုပ်ပေးတယ် ၊ နောက်ပိုင်း အစီအစဉ်ကတော့ အွန်လိုင်းမှာ စုစည်းထားတဲ့ Group of B E S U အနေနဲ့ ဝေဖန်ခြင်း ၊ ကန့်ကွက်ခြင်း မရှိပါလို့ ချပြမယ် ။
January 28 at 10:25am ·

Mg Mg Kyawး သူငယ်ချင်း ဦးရန်နိုင်ရဲ့အဆိုကိုထောက်ခံပါတယ်...ထောက်ခံပါတယ်
January 29 at 8:16pm

အိုးဝေအောင် အိုးဘားမားး ဘယ်မှာပဲလုပ်လုပ် ပြည်တွင်းပြည်ပ မီဒီယာသိအောင် လုပ်ပေးပါ။
မိမိတို့ ကော်မတီဝင်တွေကလည်း ဓါတ်ပုံ+ဗွီဒီယိုမှတ်တမ်း အစအဆုံး တင်ပေးထားပြီး အမြန်ဆုံး ပြန်ဖြန့် ပေးပါ။မောင်မောင်ကြွယ်ရဲ့ ကိုယ်ရေးအကျဉ်းကို
တယောက်က ဖတ်ပြီး၊နောက်တယောက်က သူ ၈၈၈၈ အရေးတော်ပုံမှာ ပါဝင်လာပုံ..ဘယ်လိုတောခိုခဲ့ပုံ..တောထဲက အဖြစ်အပျက်တွေကို အကျယ်တ၀င့် ဖတ်ပြစေလိုပါတယ်။အခုက စပြီး ကျနော်လည်း လက်လှမ်းမှီသလောက် သူ့ အကြောင်းတွေ စုစည်းနေပါတယ်။အချိန်မှီရင် စုစည်းထားတာတွေကို ပန်းဖလက် သို့ မဟုတ် မီဒီယာများမှ မောင်မောင်ကြွယ်အကြောင်းစုစည်းမှု စာအုပ်လေးလုပ်ပြီး အဲဒီနေ့ မှာ ဖြန့် ဝေစေချင်ပါတယ်။
(ထပ်မံစိတ်ကူးများကို ဆက်လက်ဆွေးနွေးပေးကြပါ)
January 31 at 8:30pm · Edited ·

အိုးဝေအောင် အိုးဘားမားး ကိုသီဟရေ..ကိုမောင်မောင်ကြွယ် အခမ်းအနားအတွက် သုံးဖို့  ကျနော် ဒေါ်လာတရာ ပို့ လိုက်ပြီ။ပါဆင်နယ် မက်ဆေ့ခ်ျ့ မှာ သတင်းပို့ ထားပြီးပြီ။အခုထိ ပြန်ခြင်းမခတ်လို့  ဘယ်ရောက်နေလဲ လို့  ဂရုမေးလ်ကနေ ထပ်ပို့ လိုက်တာပါ။အသေးစိတ်ကို ဖုန်းနဲ့ ဆက်ပြောချင်တယ်။ရောက်တဲ့အရပ်က အမြန်ဆုံး စာပြန်ပါ။ကိုသီဟကို ဆက်လို့ ရမယ့် ဖုန်းနံပါတ်ရှိရင် (ကိုသီဟ ကတော်က ပိုသိမယ် ထင်တယ်)း) ကျနော့ကို စာပြန်ပေးကြပါ။western union ဘဏ်ကို ပို့ တာမို့  ဒီကနေ ပတ်စ၀ပ် ၁၀လုံး ထပ်ပြောမှ ထုတ်လို့ ရမှာမို့ လို့ ပါ
။(လေးစားစွာဖြင့်)(သော်ကြီး) တ-ဥက္ကလာ အကသဟောင်း)
-------------------------------------
”ဂန္ဓီနဲ့တူသောသူငယ်ချင်းတဦး”(ကိုကိုလတ်-အကသဟောင်း)

အရင်တုန်းကအကြောင်းတွေ စဉ်းစားမိရင်--- ပြည်ထောင်စုနေ့ကြီး နီးလာပြီဆိုရင်--- မင်းအကြောင်းတွေကို ပိုပိုသတိရမိတယ် သူငယ်ချင်း။
လူကသေးသေးမဲမဲ မျက်မှန်အ၀ိုင်းနဲ့ဆိုတော့ ငါကမင်းကို "ဂန္ဓီ" လို့ ခေါ်ခဲ့တယ်။ ခေါ်တိုင်းလည်း စိတ်မဆိုးခဲ့ဘူး။ (ရင်းနှီးမှုမရှိခင်ကတော့ ကိုမောင်မောင်ကြွယ် လို့ ခေါ်ခဲ့တယ်) အမြဲတမ်း စိတ်ရှည်တယ်၊ သီးခံမှုရှိတယ်၊ အဖွဲ့အစည်းပေါ်မှာ အနွံအနာခံတယ်။ တခါတလေ မင်းရဲ့ ဒေါသထွက်၊စိတ်ဆိုးတဲ့ပုံကို မြင်ရရင် ဂန္ဓီကြီးစိတ်ဆိုးတာ မလိုက်ဖက်ဘူးဆိုပြီ ခိုးပြီးရယ်ခဲ့ဘူးတယ်။
ကာလအတန်ကြာ ညီအစ်ကိုတွေထက်တောင် တွဲခဲ့တယ်၊ အတူနေထိုင်ခဲ့တယ်။ ခြံစောင်ထိုင်တဲ့တဲမှာ အတူနေခဲ့ဘူးတယ်။ ကားဂိုထောင်မှာ အတူအိပ်ခဲ့ဘူးတယ်။ ပိုင်ရှင်မသိဘဲ “ဖ၊ဆ၊ပ၊လ” ခေတ်က သတင်းစာတွေ ယူဖတ်လို့ ဆူခံထိဖူးတယ်။ ပိုက်ဆံမရှိလို့ ရွှေဂုံတိုင်ထိပ်က ထမင်းဆိုင်မှာ နေ့တိုင်းနီးပါး ဘဲဥဟင်းနဲ့ စားခဲ့ဘူးတယ်။
နေ့စဉ်နေ့တိုင်း အတူသွား အတူလာရင်း တနေ့တချိန်မှာ ခွဲရလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ မတွေးမိခဲ့ဘူး။ ငါတို့တွေ ခံယူချက်ချင်းတူတယ်၊ ယုံကြည်ချက်ချင်း တူတယ်၊ ပန်းတိုင်ချင်းတူတယ်။ ဒါပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် လုပ်ဆောင်တဲ့ ကဏ္ဍတွေ ကွဲလွဲသွားခဲ့ကြတယ်။ အဒီအချိန်မှာ မင်းနဲ့ကွဲကွာခဲ့ရတယ်။ ခဏတာ (သို့) အချိန်အတိုင်းအတာအထိလို့ ထင်မိခဲ့တယ်။ အခုတော့ ထင်မိတာတွေ လွဲချောခဲ့တယ်။ သူငယ်ချင်း---မင်းဟာ ငါတို့နဲ့ ထာဝရ ခွဲခွါသွားခဲ့ပြီပေါ့။ (သက်ဝင်းအောင်ဟာ စစ်အာဏာရှင်တွေရဲ့ အကျဉ်းစခန်းမှာ ကျဆုံးခဲ့ရတယ်--- မင်းကတော့----မှာ ကျဆုံးခဲ့ရတယ်) မင်းတို့နှစ်ယောက်လုံးဟာ “အ၊က၊သ” ရဲ့ သမိုင်းစာမျက်နှာတွေမှာ မပါမဖြစ် မှတ်တမ်းတင်ရမဲ့ သူတွေပါ။
မင်းရဲ့လုပ်ရပ်--- မင်းရဲ့အနစ်နာခံမှု--- မင်းရဲ့စွန်လွှတ်မှုတွေကို ဂုဏ်ပြုရင်း---

ကိုမောင်မောင်ကြွယ်ကျဆုံးခြင်းအထိမ်းအမှတ်အခမ်းအနား ဦးစီးဆောင်ရွက်သူများခင်ဗျား-အခမ်းအနားနေ့အတွက် ဖိတ်ကြားသူတွေထဲမှာ ဒေါ်ချိုချိုကျော်ငြိမ်းကိုလည်း အဓိကထားပြီး ဖိတ်ကြားသင့်တယ်လို့ထင်ပါတယ်။ ကိုမောင်မောင်ကြွယ်ရော၊ ကျနော်တို့ပါ ဒေါ်ချို့အိမ်မှာ ကာလအတန်ကြာနေခဲ့ကြတယ်။ ဒေါ်ချိုအနေနဲ့ ကိုမောင်မောင်ကြွယ်ကို သားတယောက်လိုဆက်ဆံခဲ့တယ်ဆိုတာ အတူနေခဲ့ဘူးတဲ့ ရဲဘော်များက မှတ်မိကြမယ်လို့ ထင်ပါတယ်။

(ကိုကိုလတ်)(အကသဟောင်း)
-------------------------------
အဲဒီအချိန်တုန်းကကိုသီဟရယ်၊ကိုကိုလတ်ရယ်၊မောင်မောင်ကြွယ်ရာယ်ကကျောပိုးအိတ်ကိုယ်စီနဲနေလင်းကတော့ရိုးရိုးလွယ်အိတ်ကလေးလွယ်လို့အနုပညာ သမားတစ်ယောက်လိုပါဘဲ ပြုမူနေထိုင်ခဲ့ကြပြီးစစ်အာဏာရှင်ကိုမကြောက်မရွံ တော်လှန်ခဲ့ကြတာတွေဟာအမြဲအမှတ်ရစရာတွေပါဘဲဗျာ...အခုတော့လဲ အငယ်ဆုံးမဲမဲကျုပ်ကျုပ်လေးမောင်မောင်ကြွယ်ကမရှိတော့ဘဲကိုး...

.(မောင်မောင်ကျော်) (အကသဟောင်း)
------------------------------
1992 feb 12 ပြည်ထောင်စုနေ့  မြန်မာပြည်မြောက်ပိုင်းတနေရာမှာ ကျောင်းသားအချင်းချင်းသတ်လို့  ကျဆုံးသွားခဲ့တဲ့ ကိုမောင်မောင်ကြွယ် (အခြေခံပညာကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးဖြစ်ခဲ့သူ)အတွက် ရန်ကုန်မှာ အထိမ်းအမှတ် တခုလုပ်ဖို့  စီစဉ်နေကြပါတယ်။
ကျနော်လည်း လက်လှမ်းမှီသလောက် သူ့ အကြောင်းတွေ စုစည်းနေပါတယ်။အချိန်မှီရင် စုစည်းထားတာတွေကို ပန်းဖလက် သို့ မဟုတ် မီဒီယာများမှ မောင်မောင်ကြွယ်အကြောင်းစုစည်းမှု စာအုပ်လေးလုပ်ပြီး အဲဒီနေ့ မှာ ဖြန့် ဝေစေချင်ပါတယ်။

အိုးဝေအောင်(ခ) သော်ကြီး-(အကသဟောင်း)
--------------------------------
ဒီနှစ် ၂၀၁၃ခု ဖေဖော်ဝါရီလ ၁၂ရက်နေ့၊ ပြည်ထောင်စုနေ့ မှာ မောင်မောင်ကြွယ် ကျဆုံးခြင်း အထိမ်းအမှတ် အစီအစဉ်တစ်ခုလုပ်ဖို့စီစဉ်ပါမယ်။ ကွယ်လွန် သွားခဲ့သည့် ကိုမောင်မောင်ကြွယ် အတွက် ရည်စူးပြီး အခမ်းအနား တခုပြုလုပ်လို ပါသဖြင့် ( ၆ ၊ ၂ ၊ ၂၀၁၃ ) တွင်
ကိုသက်ဝင်းအောင် အထိမ်း အမှတ်စာကြည့်တိုက်တွင် တွေ့ဆုံ
ဆွေးနွေးကြပါမည် ၊ ရပ်ဝေး ရပ်နီး ( အ ၊ က ၊ သ ) အဟောင်းများ
တက်ရောက်ပေးကြပါရန် ။ အချိန်မှာ ညနေ ၃ နာရီဖြစ်ပါသည် ၊

ကိုသားထူး(ခ)ရန်နိုင်သန်းဖေ (အကသဟောင်း)
-------------------------------------------------



2Unlike ·  ·  · 

No comments:

Post a Comment