Wednesday, February 6, 2013

NDD ခေါင်းဆောင်များသို့အိတ်ဖွင့်ပေးစာ



by UZa Wana on Wednesday, February 6, 2013 at 1:57pm ·



မြောက်ပိုင်းကိစ္စကိုပုဂ္ဂိုလ်ရေးမပါဘဲအမှန်အတိုင်းပေါ်ပေါက်ရေးနှင့် ရက်စက်လူမဆန်စွာ သတ်ဖြတ်ခံရသူများ၏နစ်နာမှု ကိုကုစားပေးရန်နှင့် ထိုကြေကွဲဖွယ်ရာအဖြစ်အပျက်ကို ပြု လုပ်သူအဓိကတာဝန်ရှိသူများကိုဖေါ်ထုတ်ပြီးမြန်မာ့သမိုင်းတွင်ထိုကဲ့သို့ဖြစ်ရပ်မျိုးထပ်မံမပေါ် ပေါက်စေဖို့အတွက်မျိုးဆက်သစ်လူငယ်များသင်ခန်းစာယူနိုင်ရန်ကြိုးစားဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင်ထိုစဉ်ကABSDF မှဖြန့်ချီခဲ့သောဗီဒီယိုတိတ်ခွေများ၊ စပိုင်လုပ်သည့် ကိစ္စအမှုတွဲစစ်ချက်များ၊ မှတ်တမ်းမှတ်ရာများ ကို ဟော်လန်နိုင်ငံ အမ်စတာဒန်မြို့ရှိ International Institute of Social History စာကြည့်တိုက်တွင် အပ်နှံထားကြောင်း သိရှိ သဖြင့်သွားရောက်လေ့လာရန်လိုအပ် လာပါသည်။ ထို့အတွက် ထိုစာကြည့်တိုက်ရှိသက် ဆိုင်ရာပုဂ္ဂိုလ်သို့စာရေးသားတောင်းဆိုခဲ့ရာအောက်ပါ ပြန်ကြားစာကိုရရှိခဲ့ပါသည်။

On Tue, Feb 5, 2013 at 2:54 PM, ----------------- wrote:
Dear ----------------,

I'm sorry to say but I learned today from NDD that they will not give permission to access the ABSDF archives (for this particular ABSDF archive which is listed as a NDD collection permission from both NDD and ABSDF is needed)
I'm still waiting for a formal reply from ABSDF, but since you need permission from both, one negative answer is enough to deny you permission to the documents.

kind regards

Eef Vermeij
Regional Representative for Southeast Asia.

အထက်ပါစာကိုအောက်ပါအတိုင်းဘာသာပြန်ပေးလိုက်ပါသည်။
လုကြီးမင်း။
ကျွန်တော်စိတ်မကောင်းစွာနဲ့ဒီစာကိုပြန်ကြားလိုက်ပါတယ်၊ဒီနေ့မှာNDDကABSDFရဲ့ မှတ်တမ်းများ(Archives) ကို ကြည့်ရှုခွင့်ကိုမပေးနိုင်ကြောင်းအကြောင်းကြားစာကိုလက်ခံရရှိ ခဲ့ပါတယ်။ (အဓိကABSDF မှတ်တမ်းများသည် NDD၏စုဆောင်းထားမှုများဖြစ်ပြီး ထိုအဖွဲ့နှစ် ဖွဲ့လုံးမှသဘောတူခွင့်ပြုချက်ဖြင့်သာကြည့်ရှုခွင့်ရမည်ဖြစ်သည်)
ကျွန်တော်အခုအချိန်အထိ ABSDF ထံမှပြန်ကြားစာကိုမရရှိသေးပါဘူး၊ ဒါပေမဲ့ခင်ဗျားတို့အနေနဲ့ ဒီအဖွဲ့အစည်းနှစ်ခုလုံးရဲ့သဘောတူညီးချက်ရမှသာကြည့်ရှုခွင့်ရ မှာဖြစ်တဲ့အတွက် ဒီNDDရဲ့ငြင်းပယ်ချက်တခုထဲနဲ့ခင်ဗျားတောင်းဆိုတဲ့ကြည့်ရှုခွင့်ကိုငြင်းပယ်လိုက်ရပါတယ်။
ကြင်နာစွာဖြင့်
Elf Vermeij
အရှေ့တောင်အာရှရေးရာဒေသ တာဝန်ခံ

အထက်ပါစာအရ ဒေါက်တာနိုင်အောင်တည်ထောင်ခဲ့ပြီးယခုသူ့ဇနီးခင်ဥမ္မာ ဥက္ကဌ လုပ်နေတဲ့ NDD ဟာအမှန်တရားတွေကိုတူးဖေါ်တွေ့ရှိတော့မှာကိုစိုးရိမ်တဲ့အတွက်ပိတ်ပင်လိုက်တာ ကို အထင်အရှားတွေ့ရမှာဖြစ်ပါတယ်၊ ထို့အတုဘဲABSDF ခေါင်းဆောင်တွေကလဲနှာစေးနေတာ တွေ့ရမှာဘဲ၊ ဘာဖြစ်လို့ဒီလောက်ကြောက်နေကြတာလဲ??။ ကိုယ်မှန်ရင်ဘာမှကြောက်နေစရာပိတ်ပင်နေစရာမလိုဘူးလို့ယုံကြည်တယ်။ ဒီစာရမှ ဒီမှတ် တမ်းတွေကိုABSDF တဖွဲ့ထဲမဟုတ်ဘဲ NDD ကဝင်ပြီး ထိမ်းထားတယ်ဆိုတာထင်ရှားတယ်။  ABSDF ဟာNDD လောင်းရိပ်အောက်ကရုံးမထွက်နိုင်ဘဲဖြစ်နေတယ်ဆိုရင် ABSDF ဟာ အလွန်ဂုဏ်သိက္ခာကျတော့မှာဖြစ်တယ်။  NDD ဟာလက်နက်ကိုင်တော်လှန်ရေးကိုမယုံကြည် တော့ပါဘူးဆိုပြီး ABSDF ကနေဗဟိုကော်မီတီဝင်အများစုထွက်ပြီး ကိုနိုင်အောင် ဦဆောင်မှု့ နဲ့တည်ထောင်ခဲ့တာအများအသိ။  လက်နက်ကိုင်တော်လှန်ရေးကိုသစ္စာဖေါက်သွားခဲ့ပြီးလက် နက်စွန့်မှထောက်ပံ့မယ်၊ငွေပေးမယ်ဆိုတဲ့ NGOsတွေရဲ့ဝယ်မှုကိုငွေနဲ့လက်နက်နဲ့လဲလှယ်ခဲ့ တာအများသိတယ်။ NDD ကိုဦးဆောင်တဲ့ကိုနိုင်အောင် မြောက်ပိုင်းသတ်ဖြတ်မှုမှာသူတာ ဝန်ခံတယ်၊တတ်နိုင်သမျှပူးပေါင်းကူညီပါ့မယ်လို့လူသိရှင်ကြားထုတ်ဖေါ်ပြောဆိုခဲ့ပေမဲ့ အခုသူ့မိန်းမခင်ဥမ္မာကကြည့်ခွင့်မပေးနိုင်ဘူးလို့ငြင်းလိုက်ပြီ။

ခင်ဥမ္မာကကြည့်ခွင့်မပေးနိုင်ဘူးဆိုတာသု့ယောက်ကျားကမကြည့်စေချင်လို့ဘဲလို့ယူဆလို့ရ မယ်ထင်တယ်။  မြောက်ပိုင်းနဲ့ဆိုင်တဲ့စစ်ချက်တွေကိုဒီအဖွဲ့နှစ်ဖွဲ့ရဲ့သဘောတူညီးချက်နဲ့ မှကြည့် လို့ရမယ်ဆိုတော့ ဒီမှန်တမ်းတွေကိုဒီနှစ်ဖွဲ့သဘောတူညီချက်တွေနဲ့မဖျောက်ဖျက် နိုင် ဘူးလားလို့စိုးရိမ်းလာမိတယ်၊ အထောက်အထားတွေကိုဒီလူယုတ်မာတွေမဖျောက်ဖျက်နိုင် အောင်ဘယ်လိုကာကွယ်ကြမလဲ။ 

ကိုနိုင်အောင်ကိုကတိစကားအတိုင်းမှတ်တမ်းတွေကိုကြည့်ခွင့်ပေးဖို့ဒီနေရာကနေတောင်းဆို တယ်။ ပုဂ္ဂိုလ်ရေးတွေမရေးဘူးလို့နေပေမဲ့ဒီလိုညစ်ပတ်မှုတွေလုပ်လာရင်ဖွင့်ရေးလာရလိမ့် မယ်၊ အမှန်တရားကိုသတ္တိရှိရှိရင်ဆိုင်ပါ၊အပြောတမျိုးအလုပ်တမျိုးလုပ်ရမဲ့အချိန်မဟုတ် တော့ဘူး။

ABSDF ကိုလဲမေးရတော့မယ်၊ ဒီမှတ်တမ်းတွေကြည့်ချင်တယ်လို့ကိုမျိုးဝင်းကိုအကြောင်းကြား ခဲ့တယ်၊ သူလဲဘယ်သူတွေအပ်ထားတယ်၊ ဆိုတာမသိဘူးဖြစ်နေတယ်။ အဲဒီတော့အရင်လူတွေ ကိုနိုင်အောင်တို့၊ ဆယ်ပြားကျော်ကျော်တို့ ဒီဗီဘီကခင်မောင်ဝင်း တို့ကိုဘာတွေလုပ်ခဲ့တယ်ဆိုတာပွင့်ပွင့်လင်းလင်းမေးပြီးမြောက်ပိုင်းကိစ္စအဖြစ်မှန်ပေါ်ပေါက် ရေးအတွက်ကော်မီတီဖွဲ့ထားပြီးနယ်သာလန်မှာမှတ်တမ်းတွေကိုဘယ်သူအပ်ထားမှန်းမသိ၊ သွားကြည့်ဖို့လဲမကြိုးစားသွားကြည့်မဲ့သူတွေကိုလဲအားမပေးတော့မဖြစ်စေနဲ့လို့သတိပေးချင် တယ်။  သံခဲမိန်းမကလဲ မြောက်ပိုင်းကိစ္စမှာသူကအကုန်သိနေသလိုပြောဆိုရေးနေပြီးခေါင်း ဆောင်လုပ်သူတွေအာဏာမရူးပါဘူးလို့ပြောနေတာတွေဟာABSDF ကဒီကိစ္စမှာမြောက်ပိုင်း ခေါင်းဆောင်လုပ်ခဲ့သူတွေကိုပင်းပြီးကာကွယ်နေတယ်လို့အထင်ရောက်စေတယ်။ နှစ်ပေါင်း၁၀နှစ်ကျော်ကြာနေရာယူခဲ့ပြီးပြီး၊ ဦစိန်ဝင်းတောင်သဘောပေါက်လို့ရာ သက်ပန် ဝန်ကြီးချုပ်ဘဝကနှုတ်ထွက်သွားပြီ။  အဖြစ်မှန်ပေါ်အောင်လုပ်မှာလား ဖုံးဖိနေကြအုံးမှာလား မိမိကိုယ်ကိုပြန်မေးကြ။

ထွန်းအောင်ကျော်
23Unlike ·  ·  · 
  • Pauline Kyiဒါဆို၃ပါတီတင်လို့ရတာဘဲင်္ဒီ၂ဖွုဲ့လု့းံကသာအထိကတရားခံအျားနဲ့သက်ဆိုင်သူတွေဘဝကိုရောကါနေပါပပြီသူတှိုလညငးTHIRD ပါတီမပါဘဲနဲထိခွင်မရှိလှိုcompromiseပြန်လုပ်ကြပေါ့ အကြံပေးတာပါ nang.
    3 hours ago via mobile · Edited · Like
  • UZa Wana အထောက်အထားတွေကိုဒီလူယုတ်မာတွေမဖျောက်ဖျက်နိုင် အောင်ဘယ်လိုကာကွယ်ကြမလဲ။









  • Pauline Kyi ဒါဆို၃ပါတီတင်လို့ရတာဘဲင်္ဒီ၂ဖွုဲ့လု့းံကသာအထိကတရားခံအျားနဲ့သက်ဆိုင်သူတွေဘဝကိုရောကါနေပါပပြီသူတှိုလညငးTHIRD ပါတီမပါဘဲနဲထိခွင်မရှိလှိုcompromiseပြန်လုပ်ကြပေါ့ အကြံပေးတာပါ nang.
  • UZa Wana အထောက်အထားတွေကိုဒီလူယုတ်မာတွေမဖျောက်ဖျက်နိုင် အောင်ဘယ်လိုကာကွယ်ကြမလဲ။
  • May Thingyan Hein ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
  • Nge Naing လာ tag ပေးထားတဲ့အတွက် ကျေးဇူးပါဘုရား။ ဒါပေမဲ့ ဒီမှတ်တမ်းတွေကို ဒီအဖွဲ့နှစ်ဖွဲ့က ဖျက်ဆီးမှာကို စိုးရိမ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဦးထွန်းအောင်ကျော်ကိုတော့ ပြောစရာ နည်းနည်း ရှိပါတယ်။

    (((((ABSDF မြောက်ပိုင်းသတ်ဖြတ်မှုနဲ့ ဆိုင်တဲ့ စစ်ချက်တွေကို ဒီအဖွဲ့ နှစ်ဖွဲ့ (ABSDF နဲ့ NDD) ရဲ့ သဘောတူညီချက်နဲ့ မှ ကြည့်လို့ရမယ် ဆိုတော့ ဒီမှတ်တမ်းတွေကို ဒီနှစ်ဖွဲ့ သဘောတူညီချက်တွေနဲ့ မဖျောက်ဖျက်နိုင်ဘူးလားလို့ စိုးရိမ်လာမိတယ်။ အထောက်အထားတွေကို မဖျောက်ဖျက်နိုင်အောင် ဘယ်လို ကာကွယ်ကြမလဲ။ - ထွန်းအောင်ကျော်))))

    အော်... ဖြစ်မှဖြစ်ရလေ ဦးထွန်းရယ်၊ ဦးထွန်းအဲလောက်ထိ ဟာသနိုင်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့ဖူးတာ အမှန်ပဲ။ ABSDF မှာ ဥက္ကဌ တနှစ်လာလာဖူးပေမဲ့ ABSDF ဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းမှု ဘ၀ကို လုံးဝနားမလည်တာလည်း ဦးထွန်းပဲ ပြောရတော့မယ်။ ABSDFေ တာတွင်း ဘ၀ကို ဥက္ကဌ လုပ်ဖူးတဲ့ တနှစ်ပဲ ဖြတ်သန်းခဲ့ဖူးတဲ့ ဦးထွန်းတယောက် ဘန်ကောက်နဲ့ တတိယနိုင်ငံတွေမှာ သက်တောင့်သက်သာနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းနေချိန်မှာ တောတွင်းမှာ ကျန်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ အဖွဲ့ဝင်တွေဟာ အခက်အခဲအမျိုးမျိုးကို ဖြတ်သန်းခဲ့ရပါတယ်။ ဒီအခက်အခဲအမျိုးမျိုးကြားက ဒီသမိုင်းအထောက်အထားတွေကို သိမ်းထားခဲ့တာပါ ဦးထွန်း။ ABSDF ဟာ ၁၂ ရာသီ ရန်သူထိုးစစ်ကြောင့် နေရာပေါင်း မရေတွက်နိုင်အောင် ရွှေ့ခဲ့ရတယ်။ ဗဟိုတနေရာမှာ အခြေချဖို့အတွက် အရင်နေရာနဲ့ နေရာသစ်ကြားမှာ တောလမ်းတလျှောက် ယာယီတဲလေးတွေနဲ့ တဆင့်ဆင့် ဖြတ်ရပါတယ်။ ဖြတ်ရင်းနဲ့ ထိုင်းပိုင်နက်ထဲမှာဆို ထိုင်းမောင်းထုတ်ခံရတယ်၊ မြန်မာပိုင်နက်ထဲမှာဆို စစ်တပ်လိုက်တာ ခံရတယ်။ နေရာသစ် ရောက်ပီး စခန်းဆောက်ပြီးရင်လည်း ရန်သူက ထပ်တက်လာရင် ထပ်ရွှေ့ရပြန်တယ်။ (ပြောသာပြောလို့ မကဒတ သက်တမ်း တနှစ်မှာ ဒီလိုအခက်အခဲမျိုးကို ဦးထွန်းမကြုံဖူးခဲ့ဖူး) ဆက်ရန်
  • Nge Naing အဆက်.... ဗဟိုစခန်းချဖို့ နေရာ တခုနဲ့တခုကြား တခါရွှေ့တိုင်းမှာ ပစ္စည်းတွေ အကုန်လုံးမသယ်နိုင်လို့ ဘာကိုလျှော့မလဲဆိုတာ ပထမအဆင့် ဒုတိယအဆင့် တတိယအဆင့် ...... အဆင့် နောက်ဆုံးအဆင့် စသည်ဖြင့် လျှော့ပြီး မီးရှို့ပစ်ခဲ့ရတယ်။ စာကြည့်တိုက်က ကျွန်မကြိုက်တဲ့ စာအုပ်တွေဆိုရင် သယ်လို့လည်းမနိုင်တာနဲ့ အော်.. ဒါတွေ မီးရှို့ပစ်ခဲ့ရတော့မှာပါလားဆိုပြီး နှမြှောတသမိလို့ မဆုံး ဖြစ်ခဲ့ရတယ်။ အဲလို လျှော့ဖို့ ပစ္စည်းတွေကို စနစ်တကျ ခွဲထားပါတယ်။ လုံးဝလျှော့လို့မဖြစ် နောက်ဆုံး စခန်း (သို့) ယာယီစခန်းကို စစ်တပ်က အလစ်ဝင်သုတ်ပြီး အပိုင်စီးလို့ လူတွေအကုန်လုံးသတ်ခံရ၊ ရှိတာအကုန်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရင်တောင်မှ တနေ့တချိန်မှာ ဖြစ်ခဲ့ဖူးတဲ့ သမိုင်းအမဲစက်နဲ့ ပတ်သက်ပြီး တနေ့တချိန်မှာ ပြန်ရှင်းရမည့် ဒီသမိုင်းအထောက်အထားတွေကို ပစ္စည်းပြာကျ လူအကုန်လုံး အသက်ဆုံးရှုံးတာနဲ့ အတူတူ မပါသွားရအောင် ပျက်စီးပျေက်ကွယ်သွားမှာစိုးလို့ ဗဟိုတာဝန်ရှိသူတွေဟာ အမျှော်အမြင် ရှိရှိနဲ့ ဒါတွေကို လုံခြုံစိတ်ချရတဲ့ နိုင်ငံခြားတိုင်းပြည် ဥရောပအထိ ဒုက္ခခံပြီး ပို့ထားတာပါ။ ဘာကိစ္စနဲ့ ဒါကိုထိန်းသိမ်းထားတဲ့သူက ပြန်ဖျက်ဆီးရမလဲ။ အဲလိုဖျက်ဆီးမယ်ဆို ဘာကိစ္စ ဒုက္ခခံပြီး ဒါတွေကို နယ်သာလန်အထိ သွားသိမ်းနေစရာလိုမလဲ။ ရန်သူစစ်ကြောင်း ပထမတကြိမ် ထိုးတုန်းကတောင် ဖျက်ဆီးလိုက်ရော့ပေါ့။ အခုတော့ အဲလိုမဟုတ်ဗဟိုအပြောင်းမှာ တောင်ကြီးတောင်ငယ်ဖြတ် ရေတတန် ကုန်းတတန်ကူးပြီးလည်း သယ်ခဲ့တယ်။ နောက်ဆုံး အဆုံးစွန်ထိတွေးပြီး နိုင်ငံခြားမှာ သိမ်းထားတယ်။ ဖျက်မယ်ဆို အစကတည်းက ဖျောက်ဖျက်ပစ်လိုက်တာ ကြာပြီပေါ့။ ဦးထွန်းဒီလောက်တောင် တွေးဖို့ ဦးနှောက်မမီ ဖြစ်သွားတာ စိတ်မကောင်းစရာပဲ။

    သိမ်းထားတဲ အချက်အလက်တွေကို ကြည့်ချင် သိချင်တာ သက်သက်ဆိုရင်တော့ ဘာမှ မပြောစရာအကြောင်း မရှိပါဘူး။
  • Htun Aung Gyaw ခင်ဌေးကြူအမည်နဲ့မရေးဘဲငယ်နိုင်အမည်နဲ့ရေးတော့လဲစာပြန်ရတာပေါ့။ စခန်းမှာနေပြီးခေါင်းဆောင်တွေကိုယုံကြည်တော်လှန်ရေးထဲကိုဝင်လာတဲ့မင်းတို့ညီအမ ကိုရိုးသားတယ်ဖြူစင်တယ်ဆိုပြီးသားသမီးလိုချစ်ခင်ခဲ့တယ်ဒါပေမဲ့နိုင်ငံခြားရောက်ပြီးမှငယ်နိုင်ဆိုပြီးငါသိငါ တတ်လုပ်ပြီးစော်ကားလာတာတော့အော်လူတွေဟာပြောင်းလဲတတ် ပါလားလို့သိလာရတယ်။ ABSDF နှစ်ခြမ်းကွဲတော့မင်းတို့ညီအမ ၊မိုးသီးတို့အခြမ်း ကိုပေါင်းပြီးနောက် မိုးသီးတို့အခြမ်းကသူလျှိုလို့ထင်ပြီးထိတ်တုံးခတ် ထားတာ ခံရတယ် ဆိုတာမင်းပြောပြလို့ငါသိရတာ၊ မင်းတို့အတော်တုန်လှုပ်ခဲ့တယ်ဆိုတာလဲမင်းဘဲပြောပြခဲ့ တာဘဲမဟုတ်လား၊ မိုးသီးတို့ကိုမင်းမမုန်းဘဲကျေးဇူးတင်သင့်တယ်၊ မြောက်ပိုင်း မှာဆိုရင်ဒီလိုစွာပုံနဲ့ပါ သွားနိုင်တယ်။ ခဏအဖမ်းခံရတာတောင်မင်းတို့ဘယ်လောက် ခံစားခဲ့ရလဲစဉ်းစားကြည့်စမ်း မြောက်ပိုင်းကအဖမ်းခံရတဲ့သူတွေက မင်းတို့ညီအမ လောက်ကံမကောင်းခဲ့ကြဘူး၊ ရက်ရက်စက်စက်ညှင်းပြီးအသတ်ခံရသူခံရ၊အသတ်မခံရဘဲ ကျန်နေသူတွေကလဲလပေါင်းများစွာနှိပ်စက်ညှင်းပန်းခံရပြီးထွက်ပြေးလို့သာလွတ်လာကြတာ။
    မင်းတို့လဲသူလျှိုလို့တဒင်္ဂစွပ်စွဲခံရတာတောင်အူတုံသဲတုံဖြစ်ခဲ့သေးတာ၊ ကိုယ်ချင်းစာဘို့ကောင်းတယ်။ ဒီလိုမဟုတ်ဘဲဗဟိုကိုကာကွယ်ကြဆိုပြီးဖင်ကုန်းအော်နေလို့က လူရယ်စရာဘဲဖြစ်လိမ့်မယ်။ မင်းနဲ့ခင်ရွှေလှိုင်နဲ့မေးတာသွားတူနေလို့ပြုံးမိတယ်၊ ငါစစ်တိုက်ဖူးလားတဲ့ ဟုတ်လား၊ အေးသိအောင်ပြောပြလိုက်မယ် တိုက်ဖုူးတယ် အတူတိုက်တဲ့သူတွေလဲရှိတယ်။ စုံစမ်းလိုက်အုံး။ နောက်ပြန်မေးချင်တာက မင်းတို့ကိုးကွယ်နေတဲ့ကိုနိုင်အောင်၊ လက်ရှိကိုသံခဲတို့ကိုကောမင်းတို့မေးပြီးပြီလား? အဖြေသိရင်တင်ပေးပါလား? ။ ဥက္ကဌဖြစ်သူတွေစစ်တိုက်မှလေးစားမယ်လို့ဆိုလိုချင်တာလား။ ငါအေဘီရဲ့ဖြစ်စဉ်ကိုရေးနေတယ်မထုတ်သေးဘူးအဖွဲ့အစည်းထိခိုက်မှာစိုးလို့။မင်းသိဖို့က ABSDF ကိုစတင်ဖွဲ့စည်းစဉ်ကတွေ့ရတဲ့အခက်အခဲတွေခရောင်းလမ်းကြမ်းကြီးကိုဖြတ်ပြီး စခမ်းတွေမပြိုကွဲအောင်ဗဟိုကော်မီတီကိုမပျက်အောင်ထိမ်းခဲ့ရတာကငါပါ။ ဒါဟာကြွားစရာမဟုတ်ပေမဲ့ရင်နာစရာအပြည့်ရှိတယ်၊ မဟာမိတ်တွေနဲ့ဆက်ဆံရေး။ စခန်းတွေမတည်မငြိမ်ဖြစ်နေတာတွေ၊ အားလုံးသိသင်တဲ့အချိန်ကျရင်ထွက်လာလိမ့်မယ်။ မကြာတော့ဘူး၊ အခုစော်ကားနေတာတွေကိုရပ်တန်းကရပ်ပြီးစောင့်နေလိုက်။ ငါလက်နက်ကိုင်တော်လှန်ရေးကိုဘယ်တုံးကမှသစ္စာမဖေါက်ခဲ့ဘူး။ငါ့ယုံကြည်ချက်ကိုဘယ် တုံးကမှရောင်းမစားခဲ့ဘူး။
  • Htun Aung Gyaw ဖိုင်တွေသိမ်းဆည်းစဉ်ကမြောက်ပိုင်းပြဿနာမပေါ်သေးဘူးလေ၊ ဘယ်လိုမှလူမသိနိုင်တော့ဘူးလို့ဖြစ်နေချိန်၊ စိုးရိမ်ကြောင့်ကျမရှိနိုင်တဲ့အချိန်လေ၊စဉ်းစားပြီးပြော၊ အခုလိုအောက်ခြေကိုတူးပြီးမေးလာလိမ့်မယ်လို့ဘယ်သူကထင်ထားမလဲ၊ အမှန်တော့ဒီဖိုင်တွေဟာတချိန်ကျရင်ငါတို့လည်ပင်းကိုကြိုးကွင်းစွပ်လာလိမ့်မယ်လို့ထိုတာဝန်ခံကြီးများက လုံးဝတွက်မထားခဲ့တာကြောင့်တချိန်ချိန်မှာကံကောင်းလို့တော်လှန်ရေးသူရဲကောင်းကြီးများအဖြစ်ပြည်တွင်းပြန်ခဲ့ရင်တော့ဒီမှတ်တမ်းတွေဟာငါတို့အတွက်ဂုဏ်ယူစရာတွေအဖြစ်သုံးရမှာဘဲလို့တွေးထင်ထားခဲ့တာပေါ့၊ အခုမင်းတို့စခန်းကပြန်ကြားရေးတာဝန်ခံ လုပ်ခဲ့ပြီးဒီဗီဘီခင်မောင်ဝင်းက ဒုတိယအကြိမ်ညီလာခံမှာပြောခဲ့တာဘဲ " ဒါတွေဟာရွှေတွေဗျ"လို့ အခုNDD က ကြည့်ခွင့်မပေးနိုင်ဘူးဆိုတာကိုမင်းကဘာလို့ကြည့်ခွင့်မပေးတာလဲလို့ မမေးဘဲငါ့ကိုစော်ကားတဲ့စကားပြောပြောလာတာမင်းရိုးသားမှုမရှိတော့ဘူးလို့ ဗြောင်ဖေါ်ပြလို်က်တာဘဲ၊ သြစီရောက်ပြီးဘဝင်မြင့်သွားတာလားတယူသန် မျက်ကန်ုး ဖြစ်ပြီး မိုးသီး မုန်းတာနဲ့နိုင်အောင်နောက်လိုက်ဖြစ်သွားတာလား။ အဖြေတော့မင်းဘာသာထုတ်လိုက်တော့။
  • Min Thit အဲ့ဒီကျက်သရေတုံးမကိုစာပြန်ရေးနေရသေးတယ်ဗျာ မသိချင်ယောင်ဆောင်နေလိုက်ရင်လဲ သူ့ချီးထုပ်နဲ့သူနံနေပြီးသားပါဗျာ
  • Nge Naing ခါတိုင်းဆို မနက်အစောကြီး အလုပ်သွားခါနီး ကွန်ပြူတာ မ၀င်မကြည့်ဖြစ်ပေမဲ့ အခုတော့ ယောက်ျားက ၀င်ကြည့်လိုက်ပါနဲ့  ခဏခဏ ပြောနေတော့ ဘာများလဲဆိုပြီး ၀င်ကြည့်ဖြစ်သွားတယ်။ ဦးထွန်းက လူကြီးတွေအကြောင်း ပြောပြီး ဟာသလုပ်လို့ အားမရတာနဲ့ ကျွန်မအကြောင်း ပြောပြီး ဟာသထပ်လုပ်ထားပြန်ပြီ။ ဒါပေမဲ့ ကျွန်မ အကြောင်းပြန်ဖို့ အချိန်မရသေးဘူး။ ညက ကျွန်မ ညက တော်တော် ညနက်မှ အိပ်ရာဝင်ဖြစ်တယ်။ ဒီမနက်အခု ဆယ်မိနှစ်ကြာရင် အလုပ်သွားရမှာ ဖြစ်ပြီး ညဆယ်နာရီထိုးမှ ပြီးမယ်။ အိမ်ကိုပြန်ရောက်ရင် ရေမိုးချိုးပြီး အိပ်ချိန်ရောက်ပြန်ပြီ နောက်နေ့ စနေနေ့ မနက်အစောကြီး အခုလိုချိန် အလုပ်ပြန်သွားရမယ်။ အားတာဆိုလို့ ဒီပတ်တပတ်လုံးမှာ တနင်္ဂနွေနေ့တနေ့ပဲ ရှိပါတယ်။ တင်္ဂနွေနေ့မှာလည်း သူများ နေမကောင်း ရှိလို့အလုပ်လာမနိုင်သူ ရှိရင် လုပ်ပေးရဦးမယ် ဆိုတော့ ဦးထွန်း ပြောထားတဲ့အချက်တွေကို ကျွန်မ အကြောင်းပြန်နိုင်ဖို့ တနင်္ဂနွေနေ့မှာ တယောက်မှ နေမကောင်း မဖြစ်ပါစေနဲ့လို့ ဆုတောင်းမှ ဖြစ်မယ်။ တနဂီနွေနေ့မှ တွေ့မယ် ဦးထွန်း။ တနင်္ဂနွေနေ့ မအားလို့ အကြေင်းမပြန်ဖြစ်ရင်လည်း ကြောက်ပြီး ပြေးသွားတယ်လို့တော့ ထင်မနေနဲ့ ကျွန်မ တော်တော်အလုပ်များတယ် ဦးထွန်း။ ဒီမှာ အကြောင်းပြန်ဖို့ နေရာမလုံလောက်ရင်လည်း ကျွန်မ ပို့စ်တခုတင်ြ့ပီး အကြောင်းပြန်ပေးမယ် ဦးထွန်းဘာမှ စိတ်မပူနဲ့ ဦးထွန်း အပေါ်မှာ ရေးထားတာတွေကို ကျွန်မ ဖြစ်အောင် အကြောင်းပြန်မယ်။
  • Nge Naing အော် ဒုက္ခ ဘယ်က အုတ်ကြားမြက်ပေါက်မှန်းမသိ သတ္တ၀ါ တကောင်ကလည်း တမျိုး၊ ခင်ဌေးကြူဆိုတာ ဦးထွန်းအပေါအ၀င် မကဒတ ဒုတိယအကြိမ် ညီလာခံလာတက်တဲ့ မကဒတ တပ်ရင်းအားလုံးက ကိုယ်စားလှယ်တွေနဲ့ မကဒတ ဒေါင်းဂွင်နဲ့ သေ့လောထမှာ တာဝန်ထမ်းဆောင်ဖူးသူ အားလုံးသိပြီး အခုချိန်မှာ သဘောထား ကွဲလွဲတာတွေရှိပေမဲ့ မကဒတမှာ ဘယ်လိုတာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတာ အားလုံးသိပါတယ်။ လေသံအရ အဲဒီ မင်းသစ်ဆိုတဲ့ တယောက်က ဦးထွန်းတပည့်ထင်တယ်။ တပည့်ဆိုရင်လည်း စာကိုယဉ်ယဉ်ကျေးကျေး ရေးတတ် ပြောတတ်အောင်လည်း သင်ပေးထားဦးမှပေါ့။ အလုပ်တော့ နောက်ကျတော့မှာပဲ။ သွားလိုက်ဦးမယ်။
  • Nyunt Shwe ဒါကတော့ သူတို့အားလုံး အပြစ်ရှိတယ်၊ အဓိကတာဝန်ရှိတယ်လို့ ဝန်ခံခြင်းတမျိုးကလွဲရင် သူရဲဘောကြောင်တာ၊ ယုတ်မာတာ၊ အဲ ဒီလိုပဲ ပြောစရာရှိတယ်။

    ဘာပဲပြောပြော ခင်ရွှေလှိုင်လား၊ သူလဲ အတော်ထဲထဲဝင်ဝင်ရေးနေတယ်။ မှန်တာမှားတာကတော့ အတွင်းလူတွေ သိမှာပဲ။ ကျနော့်အနေနဲ့ကတော့ သ
ူပြောတဲ့ ခေါင်းဆောင်တွေ အာဏာမရူးဘူးဆိုတာ မယုံဘူး။ ထိပ်ကနေ တဆင့် အောက်ဆင်းပေးရရင် မြန်မာ့သတ္တိတွေ ကလိမ်ကကျစ်တွေ ပါလာတော့တာပဲ။ ကွန်မျူနစ်ပါတီအကွဲအပြဲကြည့်မလား၊ မဆလ အကွဲအပြဲ (ထွန်းလင်း၊ သန်းစိန်၊ ကျော်ဇော ဖြုတ်ထုတ်ရှင်း) ကြည့်မလား၊ နအဖ ဗိုလ်ချုပ်တင်ဦး လုပ်ကြံမှုနဲ့ ခင်ညွန့် အာဏာသိမ်းအကြံအစည် မပိယိလို့ သူပဲခံလိုက်ရတာကို ကြည့်မလား၊ အထက်ရောက်ချင်တဲ့လူ သိပ်များတယ်။

    အေဘီကိစ္စမှာ အထူးသဖြင့် ကိုထွန်းအောင်ကျော်တို့တတွေ ကျဆုံးရတာဟာ ခင်ရွှေလှိုင်ရဲ့အာဘော်က မငယ်ရဲ့ရေလှိုင်းစစ်ဆင်ရေးကြောင့်လို့ အခုနောက်ပိုင်းမှာ စွပ်စွဲလာတာ တွေ့ရတယ်။ ဒါတွေကတော့ ကျနော် မသိနိုင်ဘူး။ နောက်ဆုံးတစ်နေ့ အဖြေပေါ်လိမ့်မယ်။

    ဒါပေမဲ့ ကျနော် လက်မခံနိုင်တာက မျိုးဝင်း သံချောင်း လှဆိုင်းအုပ်စုရဲ့ လူမဆန်တဲ့ ဂျပန်ဖက်ဆစ် ဂျာမာန်ဖက်ဆစ်တွေတောင် ဖျားသွားလောက်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ လူ ၃၈ ယောက်ကို သတ်ခဲ့မှု၊ မသေပဲကျန်တဲ့ ရဲဖော်အမြောက်အများကို ထင်သလိုနှိပ်စက်ညှင်းပန်းခဲ့မှုတွေပဲ ဖြစ်တယ်။ ဒီတာဝန်ရှိသူတွေအားလုံး မြန်မာပြည်က ကြိုးစင်သော်လည်းကောင်း နိုင်ငံတကာက လျှပ်စစ်ကုလားထိုင်ပေါ်သော်လည်းကောင်း ရောက်သွားအောင် ကြိုးပမ်းကြသူတိုင်းကို ကျနော် အားပေးမယ်၊ ထောက်ခံမယ်။ ဒီအထဲမှာ တာဝန်ရှိတဲ့ ရော်နယ်အောင်နိုင်တို့ နိုင်အောင်တို့ အောင်ထူးတို့ စသဖြင့် ဒီကောင်တွေကိုလဲ သေဒဏ်ထိုက်ရင် သေဒဏ်၊ တစ်သက်တစ်ကျွန်းထိုက်ရင် တစ်သက်တစ်ကျွန်း ကျအောင်လုပ်ကြပါလို့ ထပ်ပြီး တိုက်တွန်းပါတယ်။
  • Maung Kyaw ဂျာမနီကဦးနွယ်အောင်ထံမှာ copy တခုရှိခဲ့ပါတယ်။မေးကြည့်ပေါ့ ရှိသေးရင်။
  • Hmone Shwe Yi ဒီလူသတ်မှုမှာပါဝင်ခဲ.တဲ.လူတွေကိုအပြစ်ပေးမယ်ဆိုတာကိုတော.လက်ခံပါတယ်-ဒါပေမဲ.ဒီလိုဖြစ်ခဲ.တာတွေနောက်ကွယ်မှာသူလျှီမပါဘူးဆိုတာတော.လုံးဝလက်မခံနိုင်ဘူး-ခုအဖြစ်မှန်ဖေါနေပါတယ်ဆိုတဲ.မပကလူတွေသူတို.တွေရဲ.အစအဆုံးပါဝင်ပတ်သက်တာကိုမရေးကြတာကိုကမရိုးသားမှု.တွေပါတယ်-ဘယ်လိုပေါလာမလဲတကယ်.အမှု.မှန်ရိုးသားမှုရျိရင်ကိုယ်.ပါဝင်မှု.တွေပါရေးကြပါ-
  • Hmone Shwe Yi မျီုးဝင်းနဲ.သံချေင်းကအာဏာရှုးလို.-အာဏာလိုချင်လို.လူသတ်တာဆိုမှားနေပြီ-သူတို.၂ယောက်လုံးကနောက်တန်းမှာအေးဆေးနေရမဲ.ရာထူးကိုမယူထားဘူးနော်-အသက်နဲ.ရင်းပြီးလုပ်ရတဲ.စစ်တိုက်တဲ.အလုပ်ကိုဘဲသူတို.ပျော်ကြပုံရတယ်









  • You, Ko Lin Wai AungMaungmaung SkwMoe Aye and 25 others like this.
  • Nyi Nyi Than super like KHAK.
  • UZa Wana အထောက်အထားတွေကိုဒီလူယုတ်မာတွေမဖျောက်ဖျက်နိုင် အောင်ဘယ်လိုကာကွယ်ကြမလဲ။
  • Soe Moe သေချာတာကတော့ ဒီအထောက်အထားတွေကရောဘယ်လောက်ခိုင်မာသလဲဆိုတာကိုဘယ်သူပြောနိုင်မှာလဲ....
  • Tin Maung Tun အေဘီအက်ဒီအက်ဖ်တပ်ဖွဲ့ တစ်ဖွဲ့လုံးနှင့်ပါတ်သက်တဲ့ အထောက်အထားတွေကို မိမိကိုယ်ပိုင်ပစ္စည်းဖြစ်အောင် ခိုးယူသွားခဲ့ခြင်းသည် အလွန်ကြီးမားသော ပြစ်မှုကျူးလွန်ရာ ရောက်ပါသည်။ ထိုသို့တပ်ဖွဲ့တစ်ဖွဲ့လုံးနှင့်ဆိုင်သော အထောက်အထားခိုးယူမှုအတွက် အရေးယူရန် အေဘီအက်ဒီအက်ဖ်တပ်ဖွဲ့ဝင်တိုင်းက ကြိုးစားအကောင်အထည်ဖေါ်ဘို့ လိုအပ်ပါသည်။ ဒေါက်တာနိုင်အောင် ဟာ ခေါင်းဆောင်ကောင်း မဟုတ်မှန်းတော့ အရင်ကတည်းက သိထားခဲ့ပေမဲ့၊ အခုလို တစ်ဖွဲ့လုံးကပိုင်တဲ့ အထောက် အထားတွေကိုတော့ အောက်တန်းကျစွာ မောင်ပိုင်စီးလိမ့်မယ်လို့တော့ မထင်မိခဲ့ပါ။ အပ်ထားတဲ့ အထောက် အထားတွေကို ကြည့်ရှုဘို့ မဆီမဆိုင် ဒေါက်တာနိုင်အောင်၏မိန်းမ ခင်ဥမ္မာက ခွင့်မပြုလို့ မကြည့်ရှု မလေ့လာနိုင်ဘူးဆိုတာက ဘယ်လိုမှမဖြစ် သင့်တဲ့တာပဲ။ ခိုးရာပါပစ္စည်းကို ၀ှက်ထားတာပဲ။ ထိုခိုးရာပါ အထောက်ထားများကို ရရှိဘို့အတွက် အေဘီအက်ဒီအက်ဖ်တပ်ဖွဲ့ဝင်ဖြစ်ခဲ့သူတိုင်းရဲ ကြိုးစားရမဲ့ တော်လှန်ရေးရဲ့တာဝန် တရပ်ဖြစ်ပါတယ်။
    တင်မောင်ထွန်း (ခ) ရွှေဘ (ခ) ဘိုင်ကြီး
    (အေဘီအက်ဒီအက်ဖ် လုပ်ငန်းစစ်ဆေးရေးဖြစ်ခဲ့သူ၊ ဥပဒေရေးဆွဲခဲ့သူ၊ သူလျှိုအဖြစ်စွပ်စွဲခံရသူ၊ ဗဟိုတရားသူကြီးအဖွဲ့ဝင်ဖြစ်ခဲ့သူ)
  • Thiha Kyaw It is reasonable. The authorized persons of solving N.B case should be able to access this files.Should let them to do so.Otherwise , ABSDF will have being attacked of N.B Case (with N.B case stick).It is just my advice.
  • Phome Maung Ko Htun Aung Gyaw, you should forward this letter to as many as organization that provided fund to Naing Aung and its gang members. And also, you must keep record all of mail that you send to this organization. This is only my suggestion.
  • Lynm Aung ABSDF ဟာNDD လောင်းရိပ်အောက်က ရုံးမထွက် နိုင်ဘဲဖြစ်နေတယ်ဆိုရင် ABSDF ဟာ အလွန်ဂုဏ်သိက္ခာကျတော့မှာဖြစ်တယ်။
  • Jutta Pflueg KHIN OHMAR - (BURMA PARTNERSHIP - Women’s League of Burma) - 

    order to close killing of ABSDF file in Holland !!!!!!!!

    On Tue, Feb 5, 2013 at 2:54 PM, —————– wrote:
    Dear —————-,

    I’m sorry to say but I learned today from NDD that they will not give permission to access the ABSDF archives (for this particular ABSDF archive which is listed as a NDD collection permission from both NDD and ABSDF is needed)
    I’m still waiting for a formal reply from ABSDF, but since you need permission from both, one negative answer is enough to deny you permission to the documents.

    kind regards

    Eef Vermeij
    Regional Representative for Southeast Asia.
  • Yebaw Aung မြောက်ပိုင်းမှာ ကြွေလွင့်ခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေ အနေနဲ့ အားလုံးလက်မှတ်ထိုးပြီး ဒီသက်သေအထောက်အထားတွေကို ကြည့်ခွင့်ပေးဖို့ နိုင်ငံတကာဥပဒေကြောင်းတွေနဲ့ အညီတောင်းဆိုသင့်တယ်။ ဒါဟာ CIA တို့ MI 5 တို့ က Top Secret လို့ classified လုပ်ထားတဲ့ file မျိုးမဟုတ်ဘူး။ Freedom of Information နဲ့ အညီ IISH က သက်ဆိုင်သူတွေကို ကြည့်ရှုလေ့လာခွင့် ပေးကိုပေးရလိမ့်မယ်။ မကဒတ ဟာ လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်တယ်။ NDD ကရော တရားဝင် မှတ်ပုံတင်နဲ့ ရပ်တည်နေတဲ့ အဖွဲ့ အစည်းလား။ ဒီနှစ်ဖွဲ့ အနေနဲ့ ဘယ်လို ဥပဒေကြောင်းတွေအရ ဒီပစ္စည်းတွေကို မူပိုင်လုပ်ထားခွင့်ရှိသလဲ။ သမိုင်းအမှန်မပေါ်ရင် မကဒတဟာ သမိုင်းရဲ့ အမှိုက်ပုံးထဲ ရောက်သွားလိမ့်မယ်။
  • Jutta Pflueg Why i see my suggestin,advise,this is not democratic at all,I support Absdf but not these killers and the gang mtz
  • Nweni Tun ဒီစာထဲမှာ မရှင်းတာက... ဘယ်သူကသွားတောင်းကြည့်တာလဲ.. အဲဒါကို ပွင့်ပွင့်လင်းလင်း မရေးထားဘူး.. သွားတောင်းကြည့်တဲ့သူကို NDD ကပဲဖြစ်ဖြစ် ABSDF ကဘဲဖြစ်ဖြစ် permission မပေးခဲ့တာ အဖွဲ့ အစည်းတခုရဲ့ လုပ်ထုံးလုပ်နည်းအရ သဘာဝကျပါတယ်.. ABSDF ရဲ့  အဖွဲ့ ဝင်ဟောင်း တယောက်ဖြစ်ခဲ့တိုင်း ပေးကြည့်ရမယ်ဆိုရင်တော့ အဖွဲ့ ဝင်တွေရော အဖွဲ့ ဝင်ဟောင်းတွေရော ဘယ်သူကြည့်ချင်ကြည့်ချင် ပေးကြည့်ရမလိုဖြစ်နေတယ်… အခုသွားကြည့်ဖို့ စာကြည့်တိုက်ကို စာရေးတဲ့ သူကရော ဘယ်သူ့ ကိုယ်စားပြုမှုပါသလဲ… လေလှိုင်းတွေနဲ့  စစ်ဆင်နေတာ ထက်… အခုအချိန်မှာ ဥပဒေကြောင်းအရပဲပြောရမဲ့ အချိန်ပါ..နိုင်ငံတကာတရားရုံးတခုခုက အဲဒီ documents တွေကို တရားဝင်တောင်းလာရင်တော့ NDD နဲ့  ABSDFက မဖြစ်မနေပေးရမှာပါ..အခုသွားတောင်းကြည့်တဲ့သူက ကိုထွန်းအောင်ကျော် ဖြစ်နေတယ်ဆိုရင်တော့ ကိုထွန်းအောင်ကျော် လမ်းလွဲကိုလိုက်နေတယ်လို့ ဘဲမြင်ပါတယ်၊ NDD နဲ့  ABSDF က permission ပေးတယ်ဘဲထားဦး အဲဒီအရေးကြီးတဲ့ documents တွေကြည့်ဖို့ အတွက် authorize person တယောက်အဖြစ် creditability, responsibility နဲ့  transferability ရှိတဲ့ သူတယောက်အဖြစ် ကိုထွန်းအောင်ကျော်ကို မမြင်ပါ..
  • Thiha Kyaw I think it is Ko Tun Ag Gyaw because Myauk Pie Byan Dway authorized him to do so.I think he should be authorized to access these files because he was a ABSDF FOUNDER & 1st Chairman of ABSDF.
  • Thiha Kyaw He is also responsible for N.B case because he left from ABSDF early.If he was still a chairman of ABSDF in 1992 he could be handle it very wisely.
  • Nweni Tun ကျေးဇူးပါကိုသိုက် (သီဟကျော်) ..ဒီစာထဲမှာရှင်းအောင်မရေးထားလို့ .. ကျနော်တောင်းကြည့်တယ်ဆိုရင်လဲကျနော်ပေါ့..ရေးပြမှတော့ တခါတည်းရှင်းအောင်ရေးလေ.. ကိုထွန်းအောင်ကျော်ကို authorized person ဖြစ်သင့်မသင့် ကျမသဘောထားကတော့ အပေါ်က မှတ်ချက်မှာ ရေးထားပြီးပြီ...။
  • Thiha Kyaw He left from us very early.He left us alone.He left ABSDF.If he didn't , NB case could not be happened.
  • Thiha Kyaw When I joined ABSDF , he was ABSDF chairman.



      • Nyunt Shwe သူလျှိုပါချင်လဲပါမှာပေါ့။ ပါလို့ အတိအကျသိရင် သေဒဏ်ပေးလဲ လက်မခံနိုင်စရာမရှိဘူး။ သေဒဏ်ဆိုတာ တရုတ်တွေလို တပ်သား ၁၀ ယောက် ၁၅ ယောက်ကနေ ဝိုင်းပစ်ပြီး သတ်မလား။ ထုံးစံလိုဖြစ်နေတဲ့ ကြိုးပေးပြီးတော့ပဲ သတ်မလား။ သတ်လေ။ ခုဟာက လက်ခြေတွေကို ဒိုင်းနမိုက်နဲ့တွဲချည်ပြီး ဖောက်ခွဲဖြတ်ပစ်တာ။ လက်ကို ဒါးနဲ့ခုတ် နောက်တစ်ယောက်ကို ဒီလက်ပြတ်ကြီးကိုက်ခိုင်းထား။ ယောက်ျားတန်ဆာကို ငါးမျှားချိပ်နဲ့ ချိပ်ပြီးဆွဲဖြဲ။ မိန်းခလေးကို တုံးလုံးချွတ်။ ဒီလောက် သရဲမရဲစီးနေတာ မှုန်ရွှေရည် နည်းနည်း ခံရတဲ့လူတွေဖက်က ကိုယ်ချင်းစာကြည့်စမ်း။ ဒီအကောင်တွေ ရူးနေသလား။

        ဒီလိုကောင်းမျိုးတွေ အပြန်တစ်ရာကြိုးပေးသတ်လဲ မိဖညီအစ်ကိုမောင်နှစ်မကလွဲရင် ဘယ်သူမှ မသနားဘူး။ တချို့ ဆွေမျိုးသားချင်းက မြန်မြန်သေတာတောင် သဘောကျအုန်းမယ်။ အဲလိုသာဓကတွေ ကမ္ဘာမှာရှိတယ်။ သားက ဆိုးလွန်းလို့ ၊ မအေကိုယ်တိုင်က သားကိုပစ်သတ်ရတာရှိတယ်။ ဘယ်မှာ လုပ်ချင်မှာလဲ။ မချိတင်ကဲ လုပ်လိုက်ကြရတာပဲ။ ဒီကောင်တွေကြောင့် လူကောင်းတွေ အပြစ်မရှိသူတွေ မချိမဆန့် မသက်ပေးသွားရတာ၊ တစ်သက်လုံး စိတ်ဒဏ်ရာတွေနဲ့ ကျီးလန့်စာစားကျန်ခဲ့သူတွေဖက်ကလဲ စဉ်းစား။
      • Htun Aung Gyawနယ်သာလန်မှာအပ်ထားတဲ့စာတွေကိုNDDကကြည့်ခွင့်မပေးဘူးလို့အထောက် အထားနဲ့တင်လိုက်တော့ တချို့ကNDD ကိုဘာလို့ကြည့်ခွင့်မပေးတာလဲလို့မမေးကြဘဲ၊ ငါ့ကိုလာပြီးတိုက်ခိုက်စာတွေရေးလာကြတယ်၊ဒီအချက်ကဘာကိုပြသလဲ ဆိုတော့ သူတို့ပါးစပ်ကအမှန်တရားကိုဖြစ်စေချင်ပါတယ်လို့ပြောနေပြီး ကျူးလွန် သူတွေကိုထိခိုက်မှာစိုးနေတာကိုဖေါ်ပြနေတယ်။အံ့သြစရာတော့ မကောင်းပါဘူး၊ဘယ်လိုခြေလှမ်းတွေလှမ်းနေတယ်ဆိုတာရှင်းနေတာဘဲ။
        6 hours ago · Like · 3
      • Min Thit တချို့လူတွေက သမိုင်းမှာနေရာကောင်းတစ်ခုကိုသာလိုချင်ကြတာဘဲ အဲ့ဒီသမိုင်းကိုဘယ်လိုသန့်ရှင်းအောင်လုပ်ထားရမယ်ဆိုတာကိုနားမလည်ကြဘူးဗျ အဲ့ဒါဘဲ။ ငါတို့တော်လှန်ရေးလုပ်ခဲ့တာဘဲ၊ ငါတို့ဘယ်လိုဖြတ်သမ်းခဲ့ရတာ ဘဲ။ လာမပြောနဲ့ ။ ငပေါက်ဆိုတဲ့ အေဘီကအမူးသမားစကားနဲ့ပြောရရင်။ရှော်ဖီလဲ တော်လှန်ရေးလုပ်ခဲ့ဘူးတယ်။ လူတွေလဲသတ်ခဲ့ဘူးတယ်၊ မယားငယ်လဲယူခဲ့ဘူးတယ်။ မိန်းမ ကိုလဲအချို့ယွင်းချက်ရှာပြီးကွာခဲ့ဘူးတယ်။ တနေ့လုံးလဲအရက်သောက်နေတယ်။ မူးမူးရူးရူးထင်ရာလဲဖေ့ဘွတ်မှာရေးနေသေးတယ်။ အဲ့ဒီလိုမျိုးနဲ့တော့ ယနေ့နိုင်ငံရေးလောကကို ငါဖြတ်သမ်းဘူးတယ်ဆိုပြီးလာအနိုင်မကျင့်ကြနဲ့ ဒီနေ့နိုင်ငံသာတွေဟာ သူတို့ထင်သလောက်ဒုံးမဝေးကြတော့ဘူး
        4 hours ago · Edited · Like · 1
      • Oung K Nai ပြောသင့်မပြောသင့် အတော်စဉ်းစားပါတယ်။ နောက်ဆုံးတော့ ရင်ထဲရှိတာကိုတော့ ပြောပါရစေ။ သိမ်းထားပါတယ် ဆိုမှ တော့ မပျောက်စေချင်လို့ ဆိုတာ တွေးမိတယ်။ ( ဘာ သိမ်းတယ်ဆိုတာ ကိုယ့်ကိစ္စမဟုတ်၍ ကိုယ်တိုင် မသိပါ)။ မပေးဖတ်ချင်တာက ဘာကောင်မှ မဟုတ်လို့ ထင်ပြီ မပေးဖတ်တာထင်ပါတယ်။ ( ပေးဖတ်ချင်မှတော့ စာကြည့်တိုက်မှာ ထားပေးမှာပေါ့ ဟုတ်ဖူးလား။ ) ကိုထွန်းအောင်ကျော် ခင်ဗျာကအမှန် စေတနာရှိတယ် ဆိုရင် မကဒတ အရေးအတွက် ဘေးတိုက်ပြောစရာတောင်မလိုပါ။ ဒဲ့ မေးပါလား။ ကျနော် စဉ်းစားမရပါ... တကယ်ရိုးသားရင် လက်ရှိ အေဘီဥက္ကဌအပါအဝင် ဥက္ကဌအဟောင်းတွေ ခင်ဗျာတို့ လေးဦး ဘာလို့ စကားမပြောကြတာလဲ။ အပင်ပမ်းခံ ဟိုအရှေ့ချပြ ဒီအရှေ့ချပြနဲ့။ ရိုးရိုးလေး ခင်ဗျာတို့ စကားပြောတာကို သိပ်မြင်ချင်တယ်။ ရလာဒ်ကောင်းတခုတော့ ရမယ်လို့ မြင်ပါတယ်။ ( မထူးပါဘူး ) ကြုံတာနဲ့ဆက် ရေးပြီ။ ခင်ဗျာတို့ ပြည်တွင်းတို့ ရည်မှန်းချက်အပြည့်နဲ့ ပြည်တွင်း ပြန်ပြီ ရလာဒ် ကို ရေးချပြပါအုံ လုပ်ဖော်ကိုဖက်တွေဆီ။ မတူညီအကွဲအပြဲနဲ့ ဘာရလာဒ်တွေရခဲ့တယ်ဆိုတာ။ ပြည်တွင်းက ဒီမိုကရေစီရေးလုပ်ဖေါ်ကိုင်ဖက်တွေ အေဘီကိုဆက်ဆံလိုက်တာနဲ့ ခင်ဗျာတို့ ကို တုန့်ပြန်ပုံ သဘောပေါက်။ ထပ်ပြောလိုက်အုံးမယ်.. ခင်ဗျာခေတ်ရဲ့ ရဲဘော်ဟောင်းကြီးတွေက ၄၀ ကျော်တွေဖြစ်ပြီ။ နှစ်၂၀ ကျော်က ခလေးတွေမဟုတ်တော့ပါ။ ဒါလဲ ထည့်တွက်အုံး...
      • Zaw Naing အပြန်အလှန်ရေးကြတာဖတ်ရတော့၊ပျော်တယ်။ကျနော်က ရီးစရာတွေဖတ်ရတာ ကြိုက်တယ်။ကျေးဇူးတင်တယ်၊ဘယ်သူဘက်မှပါဝင် ဆွေးနွေးခြင်းကျနော်မလုပ်ဘူးနော်။NDD ကခင်ဥမ္မာက မပြနိုင်ပါဘူးပြောတယ်၊ကို ထွန်းကြီးက ကြည့်ချင်တယ်၊ဒီကိစ္စကို အချေအတင် အငြင်းပွားနေတာထင်တယ်။ဖြစ်နိုင်ရင်လည်းပြလိုက်ဗျာ၊မဖြစ်နိုင်လို့ မပြ ရင်လည်း ကြည့်ချင်တဲ့လူက စိတ်လျှော့လိုက်ဗျာ။
      • Oung K Nai ကျုပ်လဲ ဘယ်မှ မပါဘူး။

    • Naing Aung လွဲပြန်ပြီ...မြောက်ပိုင်းကိစ်စ ကို ...မကဒတက သိမ်းထားတာ...ဘယ်လို့ လို့  အန်ဒီဒီကို သွားတောင်းကြည့်ရတာလည်း...မကဒတကို မေးပေါ့...ကော်မရှင် ဖွဲ့ ထားတယ်...ဖုံးနံပါတ်တွေလည်း ပေးထားတယ်..ဆက်ကြည့်ပါလား...နေပါအုံး.. တောင်းကြည့်ရအောင်...ဘာကို ကိုယ်စားပြုပြီး တောင်းနေတာလည်း... ခုံရုံးကလား...ဘာအမိန့် နဲ့ လည်း....ဒီကိစ်စကို ဒီလို ရှင်းလို့ မှ မရဘဲ..တောင်းတော့ကော ရပါမလား...စဉ်းစားပြီးမှလည်း လုပ်ပါဗျာ..ကိုယ်စီးတဲ့ မြင်း အထီးလား အမ မှန်းမသိ...လွဲနေရော လွဲပါရော...နေရာတခုရှာလည်း ကိုယ်အရည်ချင်းနဲ့ ကိုယ်လုပ်ကြဗျာ...၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ် ကြီးကို လာပါတ်ပြီး ဖျာခင်းနေတာတော့ တော်တော်အောက်တယ်
      5 hours ago · Like · 1

    • စစ်ဗိုလ်နိုင် ရှစ်လုံးလူစုံတုန်းရန်ကုန်ကတခုကြားခဲ့တာလေးမေးကြည့်ပါမယ်။ကိုထွန်းအောင်ကျော်နဲ့မမီမီမြင့်ဖူးကိစ္စကိုအကြပ်ကိုင်ပြီးကိုနိုင်အောင်တို့ကကိုထွန်းအောင်ကျော်ကိုဥက္ကဌရာထူးကထွက်ခိုင်းလိုက်တယ်ဆိုတာဟုတ်ပါသလား။မမီမီမြင့်ဖူးဟာအခုရန်ကုန်မှာအဆင့်အ မြင့်ဆုံးအနှိပ်ခန်းကြီးကိုဂရန်းမီးရထားဟိုတယ်မှာဖွင့်လှစ်လုပ်ကိုင်နေပါတယ်။ကိုနိုင်အောင်တို့ကိုထွန်းအောင်ကျော်တို့ရန်ကုန် ရောက်ရင်သွားသင့်ပါတယ်။
    • ဘရာဇီး ငှက်ရိုး လွဲပြန်ပြီ...မြောက်ပိုင်းကိစ္စ အတွက် အေဘီမှတ်တမ်းများ ကော်ပီယူထားပါတယ်ဆိုတဲ့ နယ်သာလန် အမ်စတာဒမ်က ပြတိုက်ကို အေဘီဥက္ကဌဟောင်းအနေနဲ့ စာရေးလှမ်းတောင်းတာ... လက်ရှိမကဒတဆီကရော... အန်ဒီဒီဆီကရော တောင်းခြင်းမဟုတ်ပါ... မြောက်ပိုင်းမှာ ကျဆုံးသွားခဲ့သူတွေနဲ့ လွတ်မြောက်လာသူတွေ ကိုယ်စားတောင်းပေးတာပါ(မန်းလေးတွေဆုံပွဲဗီဒီယိုဖိုင်တွင် အပြည့်အစုံပြောထားပြီးသားပါ)... အခုအခြေအနေက တခုခုတော့ လွဲနေဘီ... အေဘီမှတ်တမ်းတွေက အဲ့ ဘာမှန်းမသိတဲ့ (ကျနော်အခုမှ ကြားဖူးတာ) အန်ဒီဒီဆိုလား အဲ့အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတာတော့ စိတ်ပျက်စရာပါ... ဘယ်သူမှ သဘောပေါက်အောင် လာမပြောပြကြလို့ ဝင်ပြောပြရတာပါ...

    No comments:

    Post a Comment