အခု ABSDF (မြောက်ပိုင်း ) လူသတ်မှုကြီးကို လက်ရှိ ABSDF ဗဟိုကလည်း တရားဝင် ၀န်ခံ တောင်းပန်လိုက်ပြီဖြစ်ပါတယ် ၊ကိုနိုင်အောင် ၊ကိုအောင်ထူး ၊ လက်မှတ်ထိုး၍ထုတ်ပြန်ထားတဲ့အထောက်အထားတွေ.. တခြားးအထောက်အထားတွေလည်း ကျနော်တို့မှာရှိထားပြီးဖြစ်ပါတယ်၊အထောက်အထားတွေအတွက်အဓိကထားလုပ်ဆောင်စရာမလိုတော့ပါ ။အခုအချိန်မှာအဓိကလုပ်ဆောင်ရန်လိုအပ်သည်မှာ ဤအမှုတွင်အဓိကတာဝန်ရှိတဲ့သူတွေကို ဘယ်လိုဖေါ်ထုတ်အရေးယူဆောင်ရွက်မလဲ..? ဆိုတဲ့လမ်းကြောင်းပေါ်တွင်သာ လုပ်ဆောင်အကောင်အထည်ဖေါ်သင့်တယ်လို့ ကျနော်ထင်ပါတယ် ၊မလိုအပ်တဲ့တခြားအကြောင်းအရာတွေကို အချိန်ကုန်ခံဆွေးနွေးမနေသင့်ပါ ၊အဓိကလုပ်ဆောင်ရမည့်လမ်းကြောင်းကိုမပျောက်ပျက်အောင်ဦးတည်လုပ်ဆောင်သင့်ပါကြောင်း ကျနော်အကြံပေးတင်ပြအပ်ပါတယ် ..။
No comments:
Post a Comment