Thursday, February 7, 2013

မမေသင်္ကြန်ဟိန်းအားရေးလေပြီ


  • ကျောင်းသားတပ်မတော်အကြောင်း စိတ်ဝင်စားပါတယ်ဆိုသော (မ) မေသင်္ကြန်ဟိန်းသို့ ......
    ဘယ်အစိုးရကြောင့်ပဲဖြစ်ဖြစ် မြန်မာ့သမိုင်းမှာ ကျောင်းသားသူပုန်ဆိုတာ ခေတ်အဆက်ဆက်ရှိခဲ့ကြတယ်.... ကျောင်းသားတပ်မတော်ဆိုတာကတော့ (၁၉၈၈)ခုနှစ်မှာ ပေါ်ထွန်းလာခဲ့တာဖြစ်တယ်။။။။။ငြင်းချင်တဲ့သူတွေ ငြင်းနိုင်တယ်. မနာလိုတဲ့သူတွေ မနာလိုဖြစ်နိုင်တယ်.. သမိုင်းဆိုတာ လိမ်လို့ မရဘူးဗျာ.. အဲဒီကျောင်းသားတပ်မတော်နဲ့  (၁၉၈၈) လူထုအုံကြွမှုသမိုင်းကြောင့် ...ဒီကနေ့  ဖြစ်ထွန်းပြောင်းလဲမှုတွေ တိုးတက်လာတာပါ....အဲဒီ ကျောင်းသားတပ်မတော်ထဲက လူငယ်တွေ ဘ၀တွေ ရင်းခဲ့တယ်ဆိုတာ မြန်မာနိုင်ငံအရပ်ရပ်က ထွက်လာတဲ့ တက္ကသိုလ်ပေါင်းစုံက ကျောင်းသား။ ကျောင်းသူ အများစုပါဝင်တဲ့ လူငယ်တွေက . ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားတွေအားလုံးကို ရုးသွပ်စွာ ချစ်ခဲ့ကြလို့ ဖြစ်တယ်။ ....တိုင်းပြည်တိုးတက်တာမြင်ချင်လို့  ဖိနှိပ်သူကို တော်လှန်ဖို့  ထွက်ခဲ့သူတွေဖြစ်တယ်....ပြီးတော့ ကမ္ဘာနဲ့  တိုင်းရင်းသားလက်နက်ကိုင်တွေကြား။ မြန်မာပြည်သူတွေနဲ့  တိုင်းရင်းသားလူမျိုးစု သူပုန်တွေကြား ပေါင်းကူးတံတားတွေ ခင်းပေးခဲ့သူတွေဖြစ်တယ်...ပြစ်ချက်လေးတွေရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေဖြစ်ခဲ့ရတဲ့ (အဲဒါလည်း အခြေအနေ အချိန်အခါတွေရဖြစ်ခဲ့ကြတာ) ဒေါက်တာနိုင်အောင်နဲ့  ကိုမိုးသီးဇွန်အပေါ်ကြီးပဲ မည်းပြီး မရေးနေပါနဲ့ ဗျာ....ဖိအားနဲ့  လက်နက်ကိုင်မှု. တောတွင်းမှာ ရှင်သန်နေထိုင်မှုတွေအကြောင်း။။။။ ဒုက္ခသည်ဘ၀ကို မခံယူချင်ပဲ ခံယူလိုက်ရတဲ့ ကျောင်းသားလူငယ်တွေအကြောင်း။ စခန်းတွေ မပေးချင်ပဲ ဆုတ်ခွာပေးလိုက်ရတဲ့  ကျောင်းသားတပ်မတော်အကြောင်း။ ယိုးဒယားထောင်ထဲက လူငယ်ကျောင်းသားတွေအကြောင်း။ ထိုင်း။ မြန်မာစစ်တပ် အကျိုးအတွက် ဘ၀တွေရင်းလဲပေးလိုက်ရတဲ့ လူငယ်တွေအကြောင်း။။ အဲဒီ ဘ၀တွေက လူငယ်တွေကို အိပ်မက်ဆိုးတွေလို တခါ တခါ ပြန်ပြန်မက်ဆဲ....ညီမလေးရေ.. ကျနော်တို့  အဖြစ်တွေက နားထောင်ကောင်းတဲ့ အိပ်ယာဝင်ပုံပြင်တွေ မဟုတ်ဘူးကွာ.....
    ဘာပဲဖြစ်ဖြစ် ညီမရေ....(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော်)ကိုတော့ ဒီလိုပုံစံတွေနဲ့  အဆုံးမသတ်စေချင်ပါ....

    အရိုးသားဆုံးဝန်ခံချက်။။။။။။။ကျနော်ရှေ့ တန်းစစ်မျက်နှာပြင်တွေ တခါမှ မရောက်ပါဘူး... သေနတ်လည်း (စက်ပစ်ကွင်း) ကလွဲလို့  မပစ်ခဲ့ဖူးပါ.. (အခြေခံ စစ်ပညာ အနည်းငယ်သင်ယူခဲ့ရသည့် တပ်ရင်း ၁၀၂ ဟွေးကော့စခန်းထွက် တယောက်သာဖြစ်ပါသည်)

No comments:

Post a Comment