ကဗျာ...ဟာ
ညာ မရဘူး
ဒီခရီး ဒီလမ်း
ခပ်ကြမ်းကြမ်းဖြတ်သန်းသူဟာ
ဒီကဗျာကို ထားခဲ့တယ်...
ဒီမယ်
ဒါ သူတကယ်လုပ်ခဲ့ တဲ့
သူ့ သမိုင်း
ရိုင်းအောင်လုပ်လိုသေး သလား
ခင်ဗျား...ခုဖတ်ကြည့်
ကိုချိုကြီး ( ၁၂-၂-၁၉၉၂ ရက်နေ့ ပါဂျောင်တွင် ကြွေလွင့် ကြယ်တပွင့် ) ချန်ရစ်တဲ့ ကဗျာပါ
ပွေး
* ရန်သူ့ပလ္လင်အောက်
တွင်းပေါင်း တထောင်ဖေါက်
ရန်သူ့အမြစ်ကိုရှင်းဖြတ်
သင်းသတ်နေသူ ။
* ဂုတ်ပိုးလွှေးမယ့်
မုဆိုးခွေးတွေရဲ့ မာန်ဖီသံတွေနဲ့
ငရဲတိုက်သွင်းမယ့် အမဲလိုက်တုရွင်းရဲ့
အသံတွေကြားမှာ............
* အနွယ်မပျောက်ကောင်းသမို့
ဂယ်ပေါက်တသောင်းနဲ့
ထယ်ဖေါက်အောင်းနေခဲ့သူ ။
* အစော်ကားခံတွေရဲ့တိုက်ပွဲမှာ
ကျော်ကြားသံကို မလှိုက်လဲတတ်သူ ။
* ကံကြမ္မာရဲ့ ရှေ့ တော်မှောက်မှာ
မရှောင်သာတဲ့ သွေးဖေါ်တစုကို
အမှောင်ရွာက အလေးတော်ပြုခဲ့သူ ။
* ထိတ်လန့်နေတဲ့ အပါယ်ကောင်ရဲ့ နောက်ကြောဆီက
ဆိတ်ညံစွာ ရယ်မောနေတတ်သူ ။
* တကယ်တော့သူဟာ.......
အနေမကြောက် အသေမကြောက်တဲ့
မြေအောက်က ပွေးတကောင်မျှသာ။
ဤကဗျာကို ၁၉၉၀ ဂျူလိုင်လ. ညတည၊
ဦးဇင်း ဦးဝိသုဒ္ဓ ရဲ့ နတ်မောက်ကျောင်းမှာ
ရဲဘော်နှစ်ဦး တညတာခိုနားခိုက် ရဲဘော်ချိုကြီး
ရေးခဲ့သည်။
No comments:
Post a Comment