Tuesday, February 5, 2013

ABSDF ကို တိုက်ခိုက်နေခြင်း မဟုတ်ပါ




May Thingyan Hein · 8,503 like this
4 hours ago · 
  • --------------------------------------------

    ABSDF ရဲဘော်ဟောင်းတွေနဲ့ တွေ့ပြီး အင်တာဗျူးလုပ်ပြီး သူတို့ ပြောတဲ့ သူတို့အကြောင်းတွေ ရေးနေတာ ကျမ ABSDF ကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။

    ကျမ ရေးသမျှဟာလည်း ကျမရဲ့ ထင်မြင်ယူဆချက်၊ အတွေးအမြင်လုံးဝ မပါဝင်ဘဲ ရဲဘော်တွေ ပြောခဲ့သမျှကိုပဲ ကျမရေးခဲ့တယ်။ ဖြတ်တောက်ခြင်း၊ ဖြည့်စွတ်ခြင်း မရှိခဲ့ပါဘူး။
    ကျမ ရေးတာ မှားရင်လည်း ကာယကံရှင်တွေက ကျမကို မှားကြောင်း ၀င်ပြောလို့ရတာပါပဲ။

    ခုချိန်ထိ ကျမရေးတာ မှားနေတယ်လို့ ဘယ်သူကမှ ပြောမလာသေးဘူး။

    ဒါကို ဘာကြောင့် ကျမကို ABSDF ကို တိုက်ခိုက်နေသူ ဖြစ်အောင် ပြောဆိုတာလည်း ကျမ နားမလည်နိုင်ဘူး။

    ABSDF ကျောင်းသား တပ်မတော်ကို စိတ်ဝင်စားတဲ့အတွက် ကျမ ဆက်မေးနေတာပါ။ရှေ့ဆက်ပြီးတော့လည်း မေးသွား ရေးသွားဖို့ပဲ ရှိပါတယ်။

    ကမ္ဘာကျော် အကြမ်းဖက် အဖွဲ့အစည်းတွေ တောင်မှ သတင်းစာဆရာတွေကို သူတို့အကြောင်းရေးပေးဖို့၊ သူတို့ ရှင်းလင်းချင်တာလေးတွေ ရှင်းလင်းခွင့်ရအောင်ရေးပေးဖို့ လိုက်နေချိန်.. ကြိုးစားနေချိန်မှာ... ဘာကြောင့်များ မီဒီယာကို ကြောက်နေသလဲ ဆိုတာ စဉ်းစားလို့မရပါဘူး။

    မေသင်္ကြန်ဟိန်(မြစ်မခ)
    4Unlike ·  · 
    • You, Kyaw Phyo WaiNay Wynn Htunn and 39 others like this.
    • Song Bird လုပ်သင့်တာကိုလုပ်နေတဲ့ လူတစ်ယောက်ကို လေးစားတာထက်ပိုပါတယ် ။ သူငယ်ချင်းဆက်လုပ်ပါ ။ ခွေးဟောင်တိုင်းထမကြည့်နဲ့ အိပ်ရေးပျက်တယ် ။
      3 hours ago via mobile · Like
    • Zin Htun မဟုတ်တာလုပ်ထားတာကို ကြောက်မှာပေါ့ အစ်မရဲ့
    • Wana Zaw Zaw လိပ်ပြာမလုံလိုဖြစ်မှာပေါ့...ဆက်ရေးပါဗျာ...
      56 minutes ago · Like

      • Hla Soe မေသင်္ကြန်ဟိန်စာရေးတာသတိထားပြီးရေးပါ ငါ့တို့ABSDFဟာအကြမ်းဖက်အဖွဲ့ အစည်းမဟုတ်ဘူးနောက်ကိုဆင်ခြင်ပါ။
      • ဘရာဇီး ငှက်ရိုး သိပ်ကြောက်နေကြတာတွေ ရှိလို့ ဥပမာပေးတာ ဖြစ်မှာပါလေ...

No comments:

Post a Comment