Friday, February 15, 2013

Ko Yannaing Thanpe's status



Follow · 6 hours ago 

ကျွန်တော်တို့ ကျောင်းသားထုရဲ့ ရာဇာဝင်သမိုင်းမှာ သွေးနီတွေ ဖုံးလွှမ်းခဲ့တဲ့ အဖြစ် နှစ်ခု
ရှိခဲ့ပါတယ် ။
တစ်ခုက ၇ ဂျူလိုင် ( တ ၊ က ၊ သ ) အဆောက်ဦးကို ဗုံးဖေါက်ခွဲခံရလို့
ကျောင်းသား အချို့ သေခဲ့ရတဲ့ သွေးနီ သမိုင်း ၊
ဒုတိယ တခုက ၁၂ ၊ ၂ ၊ ၁၉၉၂ ခုနှစ်
မြောက်ပိုင်းဒေသ မှာ သူလျှို အဖြင့် စွပ်စွဲပြီး ရက်စက်စွာ သတ်ဖြတ်ခံရတဲ့ သွေးနီ သမိုင်း ။

အဲဒီ သွေးနီ သမိုင်းတွေကိုတော့ ကျွန်တော်တို့ လွယ်လင့်တကူ မေ့ဖျောက်ပစ်ဖို့ဆိုတာ
အတော့ကို မလွယ်ကူပါဘူး ၊ ဒီသမိုင်း အကြွေးတွေကို ပြန်ဆပ်ဖို့ ထမင်း တစ်နပ်လည်းလျော့စားဖို့ မလိုပါ ၊
လိုအပ်တာကတော့ သက်ရှိထင်ရှား ရှိနေသေးတဲ့ ဒီသွေးနီသမိုင်း
တွေမှာ ပါဝင်ပတ်သက်ခဲ့ သူတွေက အဖြစ်မှန်တွေကို ကျောင်းသားထု တရပ်လုံးနဲ့ ပြည်သူ
တရပ်လုံးကို ဖော်ထုတ်နိုင်ဖို့ လိပ်ပြာသန့်စွာနဲ့ ကူညီပေးဖို့ပဲ လိုပါတယ် ။

No comments:

Post a Comment