Thursday, January 31, 2013

နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၇)



by Tamar Khin on Thursday, January 31, 2013 at 5:41pm ·

“ငါ့ရှေ့ကို ဗဟိုကော်မတီ စာရင်းလစ်ကြီးလာချပေးတယ်။ ငါတော့ သေသာသေလိုက်ချင် တယ်။ ဒါပေမဲ့ ကိုစိုးလင်းက လောလောဆဲ ဒီမှာမရှိတော့ တောင်ပိုင်းမှာ ဒါမျိုးတွေတော့ ရှိမှာမဟုတ်ဘူး တွေးမိပြီး ကိုစိုးလင်းကို ဆွဲထည့်ဖြေလိုက်ရတယ်။ စိတ်တော့ မကောင်းဘူး။”

ဒါကိုတော့ ကျမ လက်ခံနားလည်ပေးနိုင်ပါတယ်။ အရေးကြုံလာရင် လူတိုင်းဉနှောက်ကို ထည့်သုံးရတော့တာပဲ။
ဒါပေမဲ့ ကျမရေးတဲ့စာ အပိုင်း(၂)တင်ပြီးတဲ့ နောက်မှာ ဖုန်းဆက်ခဲ့တယ်။“မင်းရေးချင်ရင်လည်း မင်းမြင်ရတဲ့ အတိုင်းပဲရေး (သူသိပါတယ် အဖမ်းခံကြရတယ်ဆိုတာကလွဲလို့ ကျမမြင်တာ ဘာမှ မရှိဘူးဆိုတာ။) ငါ့ဘက်ကလူတွေက ငါ့နာမည်ပါနေလို့ ဒီကောင်မကြီးကို ဝိုင်းဆော်လိုက် ရ မလား လုပ်နေကြတယ်။”လို့ (ကြောက်မယ်ထင်ပြီး မသိမသာခြိမ်းခြောက်လိုက်ရင်း၊ ရေးချင် ရင်တောင် သူ့နာမည်မပါအောင်ရေးဆိုတဲ့သဘော)။ “မင်းနဲ့ ငါ သွေးသောက်ထားတယ်” ဆိုတာလည်း ငါသူတို့ကို ပြောပြထားတယ်”(ကျမကို သူ့လူဖြစ်ဖို့ သတိပေးလိုက်ရင်း) “ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါ ငါလုပ်ထားတာ ငါသံချောင်းကို ဝတ္ထုတပုဒ်ရေးပေးလိုက် တာ။ ကိုထွန်းအောင်ကျော်၊ ကိုရဲလင်း၊ ကိုညီညီကျော်၊ ကိုစိုးလင်း၊မမညို၊မမနှင်းမေ တို့ကို လည်း ငါပဲဆွဲထည့်ခဲ့တာ ”လို့ ထုတ်ပြောလာပြန်ပါတယ်။

ကျမဆောင်းပါးတွေ တင်တဲ့အချိန်ကြမှ ကျမမမေးပဲ တကူးတက ဖုန်းဆက်ပြီး ဘာကြောင့် ဒါတွေကို သူလာပြောနေရ လာပြီး ဖွင့်ဟဝန်ခံချက်တွေ ပေးနေခဲ့ရတာပါလဲ။

သူနဲ့သွေးသောက်ထားတဲ့သူမို့ (ဒါလည်း သွေးသောက်ပြီး သစ္စာဆိုချင်တယ်လို့ သူပဲစပြော လာလို့ သူ့ဆန္ဒကိုလိုက်လျောခဲ့ပေမဲ့  မှန်တာကိုပြောရမယ်၊ မှန်တာကိုလုပ်ရမယ်၊ တော်လှန်ရေးအပေါ် သစ္စာရှိရမယ်ဆိုတဲ့ ကျမလုပ်နိုင်တာကိုပဲ ကျမသစ္စာဆိုခဲ့တာပါ။ ဒါမျိုးတွေ ကြောင့်လည်း ကျမတို့နှစ်ယောက် သွေးသောက်တဲ့အချိန်တုန်းက “မှန်တဲ့အတိုင်းပြောရမယ်” ဆိုတဲ့အချက်ကို သူလက်မခံပဲ ချန်ထားခိုင်းခဲ့တာ ဖြစ်ရမယ်။)ကျမကို သူ့လူအဖြစ် သတ်မှတ်ပြီး သူ့နဲ့ပတ်သက်တာတွေတော့ ရေးမှာမဟုတ်ဘူးလို့ သူထင်ခဲ့သလား။

ဒါမှမဟုတ် ကိုယ်ချင်းစာနာမှု့နဲ့ အားလုံးရဲ့ဝိုင်းဝန်းထောက်ခံမှု့ရနေတဲ့ ငါ့လိုလူမျိုးကို ဘယ်သူမှ လာထိရဲ ရေးရဲမှာ မဟုတ်ဘူးလို့ ယူဆမိလို့လား။

ဝိုင်းဝန်းထောက်ခံကြတဲ့ အင်းအားတွေအပေါ် ငါ့အနေအထားကတော့ တစုံတရာ ခိုင်မာ သွားပြီလို့ သူ့ကိုယ်သူ ယုံကြည်ယူဆပြီး တခြားလူတွေအပေါ် တခြားအကြောင်းအရာတွေ အပေါ် အတွေးမချဲ့ဖြစ်အောင် လမ်းပိတ်ချင်တာလား။ သတင်းအမှားကို ပေးချင်တာလား။ တစုံတရာကို လမ်းလွဲချင်နေတာလား။
သို့မဟုတ် မျက်မြင်သက်သေအဖြစ် ချန်ထားတဲ့ကျမကို ဒီလိုကြိုအသိပေးထားလိုက်ရင် သူရိုးသားတယ်ဆိုတာကို ယုံကြည်စေဖို့လား။

လူမှားတယောက်က သူ့ကိုယ်သူ လူမှန်အဖြစ် အများကယုံကြည်လက်ခံလာဖို့ဆိုရင် မေးလာ တဲ့မေးခွန်းမှန်သမျှ ရှောင်လို့မရတော့သလို ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်းနဲ့ အမှန်အတိုင်း ဖြေဖို့ရာကလည်း မရှိမဖြစ် လိုအပ်ချက်ဖြစ်လာပါတယ်။ ကိုယ်က တကယ်လူမှန် မဟုတ်ခဲ့ရင် တော့ အဲဒီမှာပဲ အမှန်တဝက် အမှားတဝက်နဲ့ လုံးခြာလိုက်ပြီ ကိုယ်ချည်နဲ့ပဲ ကိုယ့်ကို ပြန်ရစ် သွားမှာကတော့ မြေကြီးလက်ခတ်မလွဲပါဘူး။

အရင်တုန်းက ကျမရေးထားတဲ့စာထဲမှာ ဉက္ကဌကိုထွန်းအောင်ကျော်ကို နာမည်တပ်ပြီး ရိုက်စစ် မေးခဲ့တဲ့သူတွေက ဘယ်သူတွေလဲ။ ကိုမျိုးဝင်းကိုယ်တိုင် မေးခဲ့တာလား။ ကိုသံချောင်းလား။ ကိုသန်းဇော်လား။ ဇော်ဇော်မင်းလား။ အသားအနာမခံနိုင်လို့ ဆွဲထည့်ခဲ့ရတဲ့ သူတွေက ဘယ်သူတွေလဲဆိုပြီး မေးထားတာရှိပါတယ်။

အဲဒီလူတွေ နာမည်တပ်မမေးခဲ့တာကတော့ သေချာသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ အဲဒီမေးခွန်းတွေအတွက် ဝိနည်းလွတ်အောင် ဖြေထားတဲ့အဖြေက-----။

အခုနောက်ဆုံး နန်းအောင်ထွေးကြည်ပြောတာတွေကို မေသင်္ကြန်ဟိန်းရေးထားတဲ့စာ ထဲမှာတော့ ဒီလိုဆိုထားပြန်တယ်။ “သူတို့ ချပေးထားတဲ့နာမည်တွေ ကျမ လက်မှတ်ထိုးပေး ခဲ့ရပါတယ်။ ခွင့်လွတ်ပါ”လို့ နန်းအောင်ထွေးကြည်ကပြောတော့ ကိုထွန်းအောင်ကျော်က ”မဟုတ်ဘူး၊ မင်းတို့သာ ငါ့ကို ခွင့်လွတ်ကြပါ။ ငါကျောင်းသားတွေ ဒီလောက်ရက်စက်ကြ လိမ့်မယ်လို့ မထင်ခဲ့ဘူး”တဲ့။ အဲဒီတုန်းက အဲဒီစကားရဲ့အနက်ကို ကျမ မသိဘူး။ အခုနောက်ပိုင်း ကိုရဲလင်း၊ ကိုစိုးလင်းတို့နဲ့ စကားပြောဆိုဖြစ်ခဲ့ကြတော့မှ တော်တော်လေး သိလာရတာ ကံကြမ္မာကိုဘဲ လက်ညိုးထိုးရမှာလားတဲ့။

အင်း ကြည့်ရတာ ( ပြန်မဖြေရှင်းနိုင်တော့တဲ့ သေသွားတဲ့နောက်တယောက် ) ဉက္ကဌကိုထွန်းအောင်ကျော်ကိုတောင် ပြန်လက်ညိုး ထိုးပြချင်သလိုလို။ အရိုက်အနှက် မခံရအောင် ဇာတ်လမ်းတွေ အများကြီးရေးခဲ့ရတော့ မမှတ်မိတော့ဘူးပြောလိုက်။ ကျမတို့က တခါဖြေထားပြီးသားပဲ မလွဲအောင် ထပ်ခါထပ်ခါ ပြန်ဖြေရတယ်ဆိုလိုက်။ ရှေ့နောက်မညီတဲ့ ကမောက်ကမတွေရွတ်ဆိုနေတဲ့သူက ရိုက်နှက်မဲ့သူမရှိတော့တာတောင် ဆက်ရန်ဇာတ်လမ်း လေးတွေနဲ့ ဝင်္ကဘာပတ်လာနေပါပြီ။

ကိုမျိုးဝင်း၊ ကိုသံချောင်းတို့ ချရေးထားပြီးသား ကိုထွန်းအောင်ကျော်အပါအဝင် ဗဟိုကော်မတီ ဝင်နာမည်တွေရဲ့အောက်က သူက ဆိုင်းပဲ ထိုးပေးလိုက်ရတာပါ။ ဆိုလိုရင်းက  ကိုထွန်းအောင် ကျော်နဲ့ ဗဟိုကော်တီတချို့ကို သူဆွဲထည့်ခဲ့တာ မှန်ပေမဲ့  သူက ဆွဲထည့်ချင်လို့ထည့်ခဲ့တာမျိုး မဟုတ်တော့ပဲ ကိုမျိုးဝင်း၊ကိုသံချောင်းတို့ကိုယ်တိုင် ဆွဲထည့်ခဲ့ပါတယ်ဆိုတဲ့သဘောမျိုး။

နန်းအောင်ထွေးကြည် ပြောတဲ့အတိုင်းသာ တကယ်မှန်ခဲ့ရင် ကိုမျိုးဝင်း ၊ ကိုသံချောင်းတို့က သူတို့ကိုယ်တိုင် ဆွဲထည့်ထားပြီး ထောက်လှန်းရေးတွေ မဟုတ်မှန်းလည်းသိနေပါလျှက် ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ကိုကျော်ဝေ၊အောင်ဖိုးတို့ကို လက်နက်တွေ၊ ဆက်သွယ်ရေး စက်တွေ၊ အဆိပ်တွေ ထုတ်မပေးမချင်း နန်းအောင်ထွေးကြည်ပြောခဲ့သလိုဆို ရိုးရိုးရိုက်စစ်ခဲ့ ကြတာမျိုးတောင် မဟုတ်ဘူး။ လက်ဝါကပ်တိုင်တင် သံရိုက်စစ်၊  မိုင်းတွေကပ် လက်တွေဖြတ်၊ ခြေထောက်တွေဖြတ် နည်းမျိုးစုံနဲ့ကို သဲကြီးမဲကြီး ရက်ရက်စက်စက်နှိပ်စက် ညှမ်းပမ်းစစ်ဆေး မေးမြန်းခဲ့ကြပါတယ်ဆိုတာမျိုးတွေ လုပ်ခဲ့ကြစရာ လိုအပ်ခဲ့ပါသလား။ လုပ်ဖို့ လိုအပ်နေသေး လို့လား။

နန်းအောင်ထွေးကြည်ပြောခဲ့သလိုဆို အာဏာရူးလို့ အာဏာလုတာများ မိုင်းကပ်လက်ဖြတ်၊ ခြေဖြတ်တွေလုပ်ပြီးမှပဲ လုယူလို့ရနေတာမျိုးလား။ တခြားနည်းလမ်းတွေ မရှိတော့လို့လား။ ကျမတို့နိုင်ငံက ရာစုနှစ်ထက်ဝက်ကျော် စစ်အာဏာရှင်အဆက်ဆက် ကြီးစိုးခဲ့တဲ့နိုင်ငံလေ။

”cs  ,  vs  တို့ လိုချင်တဲ့ပစ္စည်းတွေ ရအောင်လုပ်ပေးပါ့မယ်။ အချိန်ပေးပါပေါ့ “ ကိုထွန်းအောင်ကျော် အပါအဝင် အားလုံးဝိုင်းတောင်းပန်ကြတာ။ အဲဒီမှာ ကျမတို့ချည်းပဲ ဝိုင်းဆွေးနွေးကြဆိုပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးခိုင်းခဲ့ပါတယ်။”ဆိုတာတွေကကော  နှစ်ဘက်စလုံးက  မဟုတ်ကို အဟုတ်လုပ်ပြီး အကယ်ဒမီရဖို့ အပြန်အလှန်သရုပ်ဆောင် လေ့ကျင့်နေခဲ့ကြတာတွေလား။

ကိုမျိုးဝင်းတို့ကိုသံချောင်းတို့ အဲဒီလောက်တောင် ရက်ရက်စက်စက် နှိပ်စက်မေးမြန်းစစ်ဆေး ခဲ့ကြပါတယ်ဆိုတာတွေကိုက ဉက္ကဌကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဉီးစိန်တို့လို လူမျိုးတွေကို သူတို့ကိုယ်တိုင် မဟုတ်မှန်းသိရဲ့နဲ့ ထည့်ထားခဲ့တာမဟုတ်လို့ ထောက်လှမ်းရေးတွေဆိုပြီး အမှန်တကယ်ယုံကြည်ခဲ့လို့ လုပ်ခဲ့ကြတယ်ဆိုတာကိုညွန်ပြနေသလို ခံရသူတွေထဲကပဲ ဆွဲထည့်ခဲ့ကြ၊ လက်ညိုးထိုးပြခဲ့ကြ ၊ အသတ်ခံခဲ့ရအောင်လုပ်ခဲ့ကြပါတယ်ဆိုတာကိုပါ ပြန်လည် လက်ညိုးထိုးပြနေခြင်းပဲ ဖြစ်ပါတယ် ။ ရှင်းရှင်းလေးနဲ့ ရိုးရိုးလေးပါ။

ဒီသဘောအရယူကြည့်ရင် ကိုမျိုးဝင်း၊ကိုသံချောင်းတို့ ချရေးထားပြီးသား ကိုထွန်းအောင်ကျော် အပါအဝင် ဗဟိုကော်မတီတွေကို သူကဆိုင်းပဲ ထိုးပေးလိုက်ရပါတယ်ဆိုတာက ဖြစ်နိုင်သလား။
ဉက္ကဌကိုထွန်းအောင်ကျော်အပါအဝင် ဗဟိုကော်မတီတွေကို နန်းအောင်ထွေးကြည်ကိုယ်တိုင် ဆွဲထည့်ခဲ့တာက  ဖြစ်နိုင်သလား။ စာဖတ်သူတွေပဲ စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။

နန်းအောင်ထွေးကြည်လိုပဲ ဉီးစိန်၊ ဉီးသောင်းမြင့်၊ ဉီးအောင်ကိုး၊ ဉီးဇော်ဝင်းချစ် တို့ကို ဆွဲထည့်ဖြေခဲ့သူ နောက်တယောက် သေချာပေါက် ရှိနေပါအုံးမယ်။ ဘာကြောင့်လဲဆိုရင် ဒီလူတွေက နီးစပ်ရာဆွဲထည့်ရမဲ့ မနူးမနပ် ကျောင်းသားအရွယ် ရဲဘော်အငယ်တွေထဲက မဟုတ်ပါဘူး။ သူတို့ဘာလဲ ဘယ်သူတွေလဲ အတိအကျမသိပေမဲ့ အဖေအရွယ်လောက် ရှိနေကြတဲ့ ဗဟိုကော်မတီဝင် ရဲဘော်ကြီးတွေ။ အစီစဉ်ရှိရှိ ရည်ရွယ်ချက်ရှိရှိကို ဖြစ်သွားခဲ့တဲ့ ကိစ္စတွေပါ။

ကိုအောင်နိုင်ကို ဆွဲမထည့်ပဲ တမင်ချန်ထားခဲ့တာလည်း ရှိသမျှအပြစ်အားလုံးကို လွဲချနိုင်ဖို့ ဆင်ထားတဲ့ အကွက်တွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ စကတည်းက နန်းအောင်ထွေးကြည်  ကိုအောင်မိုးဝင်း အကူအညီ နဲ့ ကျယ်ကျယ်လောင်လောင် စအော်ခဲ့တဲ့ နာမည် ထပ်ခါထပ်ခါ အော်နေတဲ့နာမည်က ဒါတွေကို အမှန်တကယ်ဉီးဆောင်လုပ်ခဲ့တဲ့ ကျဆုံးသွားတဲ့ ကိုမျိုးဝင်း၊ ထောင်ကျနေတဲ့ ကိုသံချောင်းမဟုတ်ဘူး။  “ရောနယ်အောင်နိုင်” နာမည်နဲ့ပဲ လိုင်းတင်ထားပြီး စခဲ့တာ။

ကိုထွန်းအောင်ကျော် သေရွာက ထကြည့်နိုင်လို့များ သိခဲ့ရင် “ခံရပုံခံရနည်းပဲ ကွာတာပါ အောင်နိုင်ရာ။ နောက်ဆုံးတော့ မင်းရော ငါရော နှစ်ယောက်စလုံး ခံလိုက်ရတာပါပဲ။ ငါကလူသေ၊ မင်းကနာမည် သေ“လို့များ ပြုံးပြုံးကြီး ပြောနေမလားမသိ။

ကျမ မြောက်ပိုင်း ဆောင်းပါးတွေ မတင်ခင် နန်းအောင်ထွေးကြည်နဲ့ ဖုံးပြောချိန်က “နေစမ်းပါအုံး ။ ကိုအောင်နိုင်က နင်နဲ့လည်း ပါစင်နယ်အရ ပြသနာမဖြစ်ဖူးဘူး။ လုပ်စရာ လူမရှိတော့လို့ ဉက္ကဌတက်လုပ်တာကလွဲရင်  ဘယ်သူ့ကိုမှလည်း ရိုက်နှက်စစ်ဆေးမေးမြန်း ခဲ့တာ မဟုတ်ဘူး။ ခေါင်းဆောင်အနေနဲ့တာဝန်ရှိတာကလွဲရင် ဘယ်သူ့ကိုမှလည်း ကိုယ်ထိလက်ရောက်သတ်ခဲ့တာ မဟုတ်ဘူး။သူတယောက်တည်း လုပ်ခဲ့တဲ့ကိစ္စလည်း မဟုတ်ဘူး။ မြောက်ပိုင်းဗဟိုကော်မတီတခုလုံးမှာ တာဝန်ရှိတာကို  ဘာကြောင့် “ရောနယ်အောင်နိုင်ပဲ” အတင်းအော်နေရတာလဲ။ နင်အော်ချင်ရင် နင့်ကိုရိုက်နှက်မေးမြန်းခဲ့ တဲ့ ကိုသန်းဇော်တို့ ဇော်ဇော်မင်းတို့ကို အော်ပါလား”ဆိုတော့။

“အဲဒါ အထဲက လူတွေရဲ့ကိစ္စ ငါကအပြင်မှာနေတာ အပြင်ကလူက ငါ့ကိစ္စ”တဲ့။ ဒါပေမဲ့ အထဲကလူတွေကလည်း ရောနယ်အောင်နိုင်ပဲ တသံတည်းထွက်နေတာ ထူးဆန်းတယ်။ (အထူးသဖြင့်  ကိုအောင်နိုင်ကို လွဲချအပြစ်ပုံတဲ့နေရာမှာရော ကိုမျိုးဝင်းက ထောက်လှန်းရေး မဖြစ်နိုင်ဘူးလားလို့ လိုင်းတင်ပြီး ကျမကို မေးခဲ့ကြပုံချင်းကအစ နန်းအောင်ထွေးကြည်နဲ့ တလေသံတည်းထွက်နေတဲ့ ကိုညီညီဆမား)

မိဘဆင်ထားတဲ့ ဆွဲကြိုးတွေ ဆိုင်ကယ်တွေရောင်းပြီး တောထဲသွားဖို့ လမ်းစရိတ်မရှိတဲ့သူတွေ ကို ထောက်ပံ့ခဲ့တဲ့ “ရောနယ်အောင်နိုင်”၊ သားမိုက်ရဲ့လုပ်ရပ်ကြောင့် အထူးကုဆရာဝန်ကြီး တွေဖြစ်တဲ့ မိဘ နှစ်ပါး ဆေးရုံဝင်းနေအိမ်က နှင်ထုတ်အလုပ်ဖြုတ်ခံရတဲ့ထိ သားလိမ္မာလုပ်ခဲ့တဲ့ “ရောနယ်အောင်နိုင်”၊ သူ့ယူဂျီတွေ အားလုံး ရက်ရက်စက်စက်ဖမ်းဆီးနှိပ်စက်ညှင်းပမ်းခံရ နှစ်ရှည်ထောင်ဒဏ်တွေကျခဲ့လို့ ယိုတဲ့အပေါက်ကိုရှာရင်း ဝမ်းနည်းကြေကွဲ ယူကြုံးမရ ခံစားခဲ့ ရတဲ့ “ရောနယ်အောင်နိုင်”၊  သူ့ရဲ့ပါစင်နယ်ခံစားမှု့တွေကို ကိုထွန်းအောင်ကျော်ကလွဲရင် ဘယ်သူ့ကိုမှ ဖွင့်ဟမပြောခဲ့တဲ့ထိ ကိုထွန်းအောင်ကျော်ကို အကိုတယောက်ပမာ ခင်တွယ်ခဲ့တဲ့ “ရောနယ်အောင်နိုင်”။ ၈၈ကနေ -ယနေ့ အချိန်ထိ တလျှောက်လုံး စစ်အစိုးရဆန့်ကျင်ရေး ကိုသာ ကိုယ်လုပ်နိုင်တဲ့ဘက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ”ရောနယ်အောင်နိုင် “။

လက်တွဲလုပ်ခဲ့သူတယောက်ကို ရန်သူ့သူလျိုအဖြစ် ဘယ်လိုအကြောင်း တရားတွေရဲ့ တွန်းပို့ပေးမှု့နဲ့ လက်ခံယုံကြည်ခဲ့ပါသလဲ။ မှန်ရင်စံစရာမရှိပေမဲ့ မှားရင်ဝိုင်းပြီး ဆွမ်းကြီးလောင်း ခံရဖို့သာရှိတဲ့ ခေါင်းဆောင်တယောက် လုပ်ခဲ့မိတဲ့အရသာလေး ချိုသလား ခါးသလားဆိုတာ လက်တွေ့သာ ပြလိုက်ပေတော့ ရောနယ်အောင်နိုင်”ရေ။

အင်း--ကြည့်ရတာ တော်လှန်ရေးနယ်မြေမှာ လက်ရှိလုပ်ကိုင်နေသူတွေကိုပဲ ဆော်ဖို့ အဓိက ပစ်မှတ်ထား ထားပုံရတယ်။ စစ်အစိုးရ စောင့်ရှောက်ထားတဲ့ အမှန်တကယ်လက်တွေ့ ဆော်ခဲ့ နှက်ခဲ့ကြတဲ့ ကိုသန်းဇော်တို့ ဇော်ဇော်မင်းတို့ အောင်စိုးမြင့်တို့ကိုတော့ လက်ရှိ တော်လှန်ရေး ဘက်မှာ ရှိမနေပဲ ထောက်လှမ်းရေးက ကာကွယ်စောင့်ရှောက်ထားလို့ ထင်ပါရဲ့ အမှန်တရား အတွက်အော်နေသူတွေ တို့တောင် မတို့ရဲကြပဲနဲ့များ ကိုအောင်နိုင်သာမက ကျမကိုပါ ငါနဲ့မတူ ငါ့ရန်သူသဘောနဲ့ မန္တလေး ပြန်ရဲရင် ပြန်ကြည့်လေတဲ့။

နန်းအောင်ထွေးကြည်တို့  ခြိမ်းခြောက်နေလိုက်ပုံက။ ကြောက်နေရပါလား။ ကြည့်ရတာ ပြန်ရင် မင်းတို့လည်း ထောက်လှမ်းရေးတွေရဲ့ အကာအကွယ်ယူဖို့တော့ လိုတယ်လို့ ပြောချင်တာများလား မသိ။

(၁၉၉၆-၉၇)က ကျမပြန်ခဲ့တာ သူမေ့နေပုံရတယ်။ တချို့လူတွေ ဖြစ်နိုင်တယ်ပြောလို့ ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေက လာရောက်လည်ပတ်တဲ့ ရဲဘော်တီးချန်ကိုးနဲ့တောင် အိမ်တိုင်ရာရောက် အဆဲပါးလိုက်သေးတယ်။ အင်း--ပြောတော့ လူ့အခွင့်အရေးအတွက် ကိုယ့်အခွင့်အရေးနဲ့ကိုယ် ကိုယ့်အမြင် ကိုယ့်အယူအဆ တင်ပြတာလေ။

အမှန်တရား တကယ်ရှာမယ်ဆိုရင် “ မကွယ်ဝှက်ကြစတမ်း” မင်းက ဒီလိုမြင်တယ်၊ ငါကတော့ ဒီလိုမြင်တာ ပိုတာထုတ် လိုတာဖြည့် တကယ်ဖြစ်သွားခဲ့တဲ့ အနေအထားတွေအရ ဖြစ်နိုင်ခြေရှိ တဲ့ အနီးစပ်ဆုံးအရာကို လူမှန်ရဲဘော်တွေ အတူတကွလက်တွဲ ဝိုင်းဝန်းဖော်ထုတ်ယူကြရမှာ မဟုတ်လား။
အခုကျ ကိုယ်လုပ်ခဲ့မိတဲ့အမှားတွေကိုတော့ ကိုယ်မဖော်ကြမရေးကြ။ ဖြစ်ပျက်ခဲ့ပုံတွေကို အတွင်းကျကျအသိဆုံး အတိအကျ ပြန်ပြောပြ ရှင်းပြနိုင်တဲ့ စစ်ထောက်လှန်းရေးက ကာကွယ်စောင့်ရှောက်ထားတဲ့ ကျောင်းသားထောက်လှန်းရေးတွေဖြစ်ခဲ့တဲ့ ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ကို  အသံထွက်လာအောင် ဝိုင်းလုပ်နိုင်ခဲ့ရင် အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း အားလုံးသိရှိနားလည်နိုင်ကြပါလျှက်နဲ့----။

ဘာမှ ပြန်မပြောနိုင်တော့တဲ့ ရှေ့တန်း တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ကိုမျိုးဝင်းကပဲ ထောက်လှမ်းရေးလိုလို (ကိုမျိုးဝင်းကို “ဒီကောင်က လူရိုး၊ လူအ၊ တောသား၊ အဆောင်မှာ ငါနဲ့ တအိပ်ယာတည်း အတူအိပ်ခဲ့တာ”လို့ ကိုစိုးလင်း(မန္တလေး) ကျမကို ပြောပြဖူးတယ်။ ကိုစိုးလင်းကို မေးကြည့်ပါလား။) အာဏာရူးလိုလို အညှိုးနဲ့ပဲ လုပ်ခဲ့သလိုလို  ရှိသမျှအပြစ် အားလုံးကို မဖြေရှင်းနိုင်တော့တဲ့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့သူအပေါ် အကုန်လွဲချ ။ တရားကျစရာ။

ဘယ်သူ့ကိုမှ မမြင်ဖူးမဆက်ဆံဖူးခဲ့ကြပါပဲ စာနာစိတ်နဲ့ လေ့လာစမ်းစစ်နေတဲ့သူတွေက လေဖမ်းဒန်းစီးပြီး ယုန်ထင်ကြောင်ထင်။
ဂျာအေး သူ့အမေရိုက်တဲ့ ဇာတ်လမ်းမျိုးတွေ တမင်ထပ်ဆင်ပြီး ---------။

ကိုမျိုးဝင်းမရှိတော့ပေမဲ့ စစ်ဆေးမေးမြန်းမှု့တိုင်းကို ဉီးဆောင်တာဝန်ယူရပြီး စစ်ဆေးတွေ့ရှိချက် တွေကို အစီရင်ခံစာရေးသားခဲ့တဲ့ နန်းအောင်ထွေးကြည်၊ ကိုညီညီ၊ ကိုညီညီကျော်တို့အပါ အဝင် အားလုံးကို လက်တွေ့ ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့ကြတဲ့ ကျောင်းသားထောက်လှန်းရေး တာဝန်ခံ ကိုသန်းဇော် (မန္တလေး)၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ ဖြေရှင်းကြဖို့ တာဝန်ရှိ နေသေးတယ်ဆိုတာ အဖွဲ့ကိုတိုက်ခိုက်ဖို့မဟုတ် လုပ်ခဲ့တဲ့သူတွေကို နာမည်တပ်ပြီး အမှန်တရားဖော်ထုတ်ဖို့ဆိုသူတွေ မေ့ချင်ယောင်ဆောင် ရွာလွန်ရွက်တိုက်လုပ်နေကြပေမဲ့  ကိုမျိုးဝင်းပြီးရင် အားလုံးကို အတွင်းကျကျသိနေတဲ့  အဓိကတာဝန်ရှိသူတွေအဖြစ်   အမှန်တရားတကယ်ရှာလိုတဲ့ ကျမကတော့ မေ့ချန်မထားနိုင်ပါ။

သူလျှိုတယောက်မှ မပါဘူး၊ အာဏာရူးပြီး ကျောင်းသားက ကျောင်သားမှန်းသိသိကြီးနဲ့ သတ်ခဲ့တာ။ ငါတို့တင်ထားပြီးသား လိုင်းအတိုင်း လက်ခံရင်လက်ခံ လက်မခံတဲ့သူ ငါတို့ရန်သူ (သို့) ကိုနိုင်အောင်၊ ကိုအောင်နိုင်တို့ “လူ” ဆိုတဲ့ အပေါက်မျိုး။ ခက်ခက်ရချည်း။ မွေးထား ခဲ့ကြတဲ့ မိဘတွေအတွက်တောင် “လူ” မလုပ်ခဲ့ကြတဲ့ သူတွေကိုများ။

ဒီလောက်တောင် အာဏာရူးနေတဲ့ ခေါင်းဆောင်တွေရဲ့အောက်မှာ ကျန်ရဲဘော်တွေကရော အသက်ပေးပြီး ဆက်လက် တိုက်ပွဲဝင်နေကြစရာကော ဘာအကြောင်းများ ရှိနေပါသေးလဲ။ (မြောက်ပိုင်းအေဘီဟာ ကေအိုင်အေအပစ်ရပ်ပြီး (၁၉၉၆-၉၇)အထိ ဆက်လက်တည်ရှိခဲ့သလို အခုချိန်မှာလည်း ကေအိုင်အေနဲ့အတူတွဲပြီး တိုက်ပွဲပြန်ဝင်နေဆဲ။)

တောထဲမှာ လက်တွေ့ဆောင်ရွက်ရမှု့ အနေအထားနဲ့တာဝန်အရ ယူထားရတဲ့ အာဏာတို့ နေရာတို့ဆိုတာ တောထဲမှာတင် အချိန်မရွေးသေသွားနိုင်ကြသလို ကိုယ့်မြို့ကိုယ့်ရွာ ပြန်ရောက်ရင်လည်း “ဇီးရိုး”ပဲဆိုတာ နိုင်ငံရေးကို လုပ်စားဖို့ လုပ်နေတဲ့သူမဟုတ်ရင် လုပ်သင့်လုပ်ထိုက်လို့ လုပ်နေကြတဲ့သူတိုင်း နားလည်နိုင်ပါတယ်။

နောက်ကွယ်က လက်မဲကြီးတွေသာ တကယ်မပါခဲ့ရင် ဒီလောက်ညီညွတ် တက်ကြွနေကြတဲ့ အချိန်မှာ ဒါတွေ ဖြစ်လာစရာ ဘာအကြောင်းမှကို မရှိခဲ့ဘူး။ ဉက္ကဌတယောက်လုံး ထောက်လှန်းရေးအဖြစ် အသတ်ခံလိုက်ရတဲ့ကိစ္စ။ ယူဂျီလမ်းကြောင်းတခုလုံး ဖျက်စီးခံလိုက်ရ တဲ့ကိစ္စ၊ အသားအနာမခံနိုင်လို့ နီးစပ်ရာလူကို ဆွဲထည့်ဖြေလိုက်ရပါတယ်ဆိုတဲ့ ဆင်ခြေမျိုးနဲ့ ဖုံးကာထားဖို့ မလုံလောက်သလို ကိုမျိုးဝင်း၊ကိုသံချောင်းတို့အပေါ် အပြစ်အားလုံးပုံချရုံနဲ့ ပြီးနိုင်တဲ့ကိစ္စမျိုးလည်း မဟုတ်ပါ။

နိုင်ငံခြားမှာ နေထိုင်ခွင့်ပြုတ်ရင် ဘာဖြစ်မလဲဆိုတာ သိတယ်နော်တဲ့။ ခြိမ်းခြောက်စရာလူမရှိ တော့လို့ ထင်ပါရဲ့၊ ရှာကျန်ပြီး ရင်းမှူးသိုက်ထွန်းဉီးလို လူမျိုးကိုမှ ရွေးပြီး ချိန်းခြောက်နေလိုက် ပုံများ။ ရင်းမှူးသိုက်ထွန်းဉီးလောက် ရဲဘော်ရဲမေတွေနဲ့ တန်းတူရည်တူနေထိုင်ခဲ့သူ၊ ရိုးသား ဖြောင့်မတ်သူ၊  ကိုယ်ချင်းစာနာ နားလည်တတ်သူ မရှိဘူး။ အဖမ်းမခံရခင်ရော၊ အဖမ်းခံနေ ရချိန်ကရော အခုချိန်ထိ ဘယ်လိုသံယောဇဉ်မျိုးနဲ့ ရင်းမှူး ဘယ်လိုကောင်းခဲ့ဖူးတယ်ဆိုတာ မင်းအသိဆုံးပဲ ဖြစ်လိမ့်မယ် နန်းအောင်ထွေးကြည်။  အတူထွက်ပြေးဖို့ ရင်းမှူးကို မင်းတောင် ခေါ်ခဲ့သေးတယ် မဟုတ်လား။ “ငါ မိန်းမ တယောက်အတွက်နဲ့ လူမလုပ်ဖူး”လို့ ရင်းမှူး ပြောခဲ့တယ်လေ။

အဖမ်းခံရမှာတွေ သေမှာတွေ တွေးကြောက်နေခဲ့သူတွေတော့ မဟုတ်ပါဘူး။

(၈)
  • Hmone Shwe Yi and 5 others like this.
  • Hmone Shwe Yi 'အခုကြတော.ကိုယ်လုပ်မိတဲ.အမှားတွေကြတော.ကိုယ်တိုင်မဖေါကြမရေးကြ-ဖြစ်ပျက်ခဲ.ပုံတွေကိုအတွင်းကျကျအသိဆုံးအတိအကျပြန်ပြောပြနိုင်တဲ.ရှင်းပြနိုင်တဲ.စစ်ထောက်လှမ်းရေးကကာကွယ်စောင်.ရှောက်ထားတဲ.ကျောင်းသားထောက်လှမ်းရေးတွေဖြစ်ခဲ.တဲ.ကိုသန်းဇော်-ဇော်ဇော်မင်း-အောင်စိုးမြင်.တို.ကိုအသံထွက်လာအောင်ဝိုင်းလုပ်နိုင်ခဲ.ရင်အဖြစ်မှန်ကိုသိနိုင်ပါလှက်နဲ.

ဇာတ်လမ်းကတော့ 1994တုန်းကလို တကျော့ပြန်စလာပါပြီ...။


ဘရာဇီး ငှက်ရိုး shared Myanmar Tharkaung's photo.
5 hours ago
KIA နဲ့ ပူးပေါင်းထားတဲ့ ABFDF အဖွဲ့ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ဖားကန့် ရှိ ကေအိုင်အေ အရာရှိအချို့ သံသယရှိနေ
=============================================


လိုင်ဇာမှာ ရောက်ရှိနေတဲ့ ABFDF တပ်ဖွဲ့ဝင်တွေနှင့် သတင်းထောက်တွေ ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ကေအိုင်အေ အရာရှိ အချို့ကသံသယရှိနေကြပါတယ်။

ဖားကန့်ဒေသရှိ KIA တပ်ရင်း(၆) က အရာရှိတစ်ဦးမှ "စစ်တပ်က ကျွန်တော်တို့ နေရာယူထားပုံ ၊ လူအရေအတွက် နှင့်

လက်နက်အမျိုးအစားတွေ ကို ကြိုသိထားသလိုပဲဗျာ၊ သူတို့ ကျွန်တော်တို့ စခန်းကို လာတိုက်တဲ့ စစ်ဗျူဟာ ကို သုံးသပ်ကြည့်ရင် ကျွန်တော်တို့ရဲ့ လူတွေ မရှိတဲ့ ဘက်ကနေ ၀င် ၀င် တိုက်တာ တွေ့ရတယ်၊ အဲဒီ စခန်းတွေကို ABFDF က ကောင်တွေ ၀င်လိုက် ထွက်လိုက် လုပ်နေတာလေ" ဟု ကချင် ဘာသာ စကားဖြင့် ရှင်းပြသည်။

'"ကျွန်တော် ကတော့သတင်းထောက်တိုင်းကို မယုံဘူးဗျ၊ အစိုးရ သတင်းပေးတွေ ဖြစ်နိုငတယ်လေ။ သူတို့က ရန်ကုန်မှာေ နလာကြတာလေ။ကျွန်တော် တို့ ခေါင်းဆောင်တွေ ကတော့ ဘယ်လို စိတ်ကူးနေလဲ မသိပါဘူ" ဟု တရုတ်ခေါက်ဆွဲခြောက်စားရင်း ထပ်မံ ရှင်းပြသည်။

ပြည်ထောင်စု စစ်တပ် နှင့် KIA တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ဖြစ်ပွားခါစ ယခင်တုန်းက KIA တပ်ဖွဲ့ဝင်များက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို ကြိုပြီး သိနေလို့ အောင်မြင်မှု့ များ ရှိခဲ့ကြောင်းနှင့် ယခု အခါ KIA ရဲ့ လှုပ်ရှားမှုတွေ နဲ့ ရည်မှန်းချက်တွေကို ABFDF နဲ့ မီဒီယာ သတင်းထောက် အယောင်ဆောင် သတင်းပေးတွေ အကူအညီ နဲ့ စစ်တပ်ကကြိုသိနေတယ်လို့ ယူဆနေပါတယ်

သူလျှို တစ်ယောက်ဟာ စစ်သည်ပေါင်း တစ်ထောင် အင်အားနဲ့ ညီမျှတယ်လို့ ဘီစီ ၅ ရာစုခန့်က စစ်ပညာရှင် ဆွန်ဇုက ပြောဖူးပါတယ်။

မြန်မာ့သားကောင်း
Like ·  · Promote · 
  • Naylin AungChan Nyein Moe and Ye Kyaw like this.
  • Chan Nyein Moe ဟုတ်ပ ကိုငှက်ရာ အဲဒီ့အကြောင်းတွေကို သတင်းဖတ်နေတုန်းမှာ ဒိုင်းကနဲ သွားတွေးမိတယ် 

    အခုရက်ပိုင်းမှာ အေဘီကို နာမယ်ဖျက်နေတာတွေလဲ တွေ့တွေ့နေရသေးတယ်
    5 hours ago via mobile · Unlike · 1
  • Paw Lwin သတိ
    5 hours ago via mobile · Unlike · 1
  • ဘရာဇီး ငှက်ရိုး ခဏတော့ စောင့်ကြည့်သင့်ပါသေးတယ်... ဘယ်က သတင်းမှန်းတော့ သေချာ မသိသေးပေမဲ့... ဒီအကွက်တွေက ဟိုး1994 ကေအိုင်အေ အလင်းမဝင်ခင်တုန်းက အတိုင်းပဲလို့ ကျနော်တော့ မြင်တယ်...
    5 hours ago · Like · 2
  • Ko Htike အင်း ... မြောက်ပိုင်းသမိုင်းကလည်း KIA နဲ့ အမြဲတွဲပြီး .. ခံခဲ့ရတာ များပါပေါ့လား။ သမိုင်းဘီးကြီး တပတ်လှိမ့်မလို့ ထင်ပါ့။ ဒေါက်တာနိုင်အောင့်ကို သွားမေးရင်တော့ "ရေလှိုင်း စစ်ဆင်ရေး အပိုင်း (၂)" လို့ ပြောကောင်း ပြောပြီး .. သူလျှိကို ဖေါ်ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။
    4 hours ago · Edited · Like · 6

အသက်၆၉နှစ်ပြည့် ကိုရဲလင်းတို့ အမေကြီး


Monday 

အမေ....၆၉ နှစ်ပြည့် (၂၉.၁.၂၀၁၃ )

  • Khine Khine Saw Lwin ကျမတို့အမေဟာ ကြောက်တတ်တယ်၊ ဘာကိုကြောက်သလဲဆိုရင် သူများနဲ့ရန်ဖြစ်ရမှာ ကြောက်တယ်၊ သူများအတင်းပြောရမှာကြောက်တယ်။ မမှန်တာပြောရမှာကြောက်တယ်။ နောက်တစ်ခုက သရဲဆို အသေကြောက်တယ်။ ဒါပေမယ့် အမေဟာ သတ္တိရှိတယ်။ သူ့သားသမိးတွေအတွက်ဆို အားလုံးကိုရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်။
    15 hours ago · Unlike · 4
  • Wint Wint Chaw အတုယူစရာ အားကျစရာကောင်းပါတယ်ရှင်။ အန်တီကျန်းမာပါစေ။
    15 hours ago · Unlike · 3
  • Maung Than Swe မှတ်တမ်းရေးခဲ့တာကိုက နည်းတဲ့တန်ဘိုးမဟုတ်လားဗျာ ။
    15 hours ago · Unlike · 3
  • Lily Htut · Friends with Ko Lin Wai Aung and 27 others
    i do respect to Anty ( Ar Ga Amay ) _/|\_
  • Khine Khine Saw Lwin ဟုတ်ပါတယ်။ြေ မပုံလေးဆွဲပြပီး ကျမတို့ကို လာကြည့် ငါ့သားလေးက ဒီနေရာမှာ နေရတာ၊ ဒီနေရာက အမေတို့နေရတာ ခနခနခေါ်ခေါ်ပြတယ်။ သုဝဏက အဲဒီခေတ်က မီးမမှန်တဲ့အပြင် လာရင်လဲ ခရမ်းချဉ်သီးလောက်ကလေးရဲနေတာ၊ အဲဒါကို သားကိုလွမ်းပီး တကုပ်ကုပ်နဲ့ရေးလိုက် မျက်ရည်သုတ်လိုက်။
    14 hours ago · Unlike · 2